Impersonator Lover (complete)

By BlackRoseTK93

93.4K 8.3K 823

Jeon Jungkook Kim Taehyung More

1
2
3
4
5
6
7
8
9
10
11
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
Final

12

2.2K 222 19
By BlackRoseTK93

အမေဖြစ်သူတို့လာလည်ပြီးမှပဲ သူတို့နှစ်ယောက်ဆက်ဆံရေးက အရင်ကထက်ပိုတိုးတက်လာတယ်လို့ပဲပြောရတော့မယ်..

မဟုတ်ရင်တယောက်နဲ့တယောက်မပွင့်မလင်းဖြစ်နေသေးတယ်လေ..အဲ့တာက Taehyung ကပိုဆိုးသည်..

ခုဆို တော်ယုံအရေးမလုပ်တဲ့ Taehyung ဟာ ညဆို အတူတူထမင်းစားဖို့အမှီအိမ်သို့ပြန်လာတက်ပြီး Jungkook ကလည်း ပြန်ရောက်တာနဲ့ Taehyung ကြိုက်တက်တာလေးတွေကိုပဲ ရွေးကာ နေ့တိုင်းဖွယ်ဖွယ်ရာရာလေးတွေချက်ပြုတ်ထားတက်သည်..

ပုံမှန် ညနေ 6:30 လောက်ဆိုတာနဲ့ ခက်သုတ် သုတ်လေးပြန်ရောက်လာတက်သည်.ဒီနေ့မှနောက်ကျနေတဲ့ Taehyung ကြောင့် Jungkook အိမ်မှာစောင့်နေရင်းဖုန်းဆက်ကြည့်လိုက်တော့သည်..

" Hello Jungkook "

"Taehyung ခုထိအိမ်ပြန်မလာသေးဘူးလား "

" လာနေပြီ ငါခုကားပေါ်ကဆင်းပြီး လမ်းလျှောက်လာနေပြီ မင်းဗိုက်ဆာနေပြီလား ခဏလေးစောင့်နော် Jungkook ငါပြေးလာခဲ့မယ် "

"မဆာသေးပါဘူး မင်းနောက်ကျနေလို့ ခုဘယ်နားရောက်နေပြီလည်း မပြေးလာနဲ့ချော်လဲမယ် "

Jungkook ကသာ မေးနေပေမယ့် အစကတော့စကားပြန်ပြောနေသေးပေမယ့် နောက်တခွန်းမှာ Taehyung ဘက်ကအဖြေပြန်မရတော့ .

" Taehyung ခုဘယ်ရောက်နေပြီလည်းလို့ မေးနေတယ် လေ Taehyung Taehyung Taehyung "

Jk pov..ဘာလည်း ဖုန်းကလိုင်းမမိတာလား

" Jung Jungkook ငါ့ ငါနောက်ကိုတယောက်ယောက် လိုက်နေသလိုပဲ "

"ဖုန်းမချနဲ့ ဖုန်းမချလိုက်နဲ့ ငါလာခဲ့မယ် Taehyung ပုံမှန်လေးပဲ မသိချင်ယောင်ဆောင်ပြီးလျှောက်လာခဲ့ငါ ခုလာပြီ "

Jungkook ဟာ Taehyung ရဲ့စကားကြားရတာနဲ့တင် အိမ်ထဲကနေပြေးထွက်လာခဲ့တော့သည်..
သူတို့အိမ်ကနေ ကားဂိတ်လမ်းတလျှောက်ပြေးထွက်လာတော့သည် .

Impersonator Lover
...

" ခင် ခင်များက ဘယ် ဘယ်သူလည်း "

" ကောင်လေး မင်းကိုပြစရာရှိတယ် ကြည့်မလား "

ကုတ်အကျီကြယ်သီးတွေကိုဖြုတ်ကာ မေးနေတဲ့ အရှေ့က အရူးလို နှာဘူး ..ပုံစံကစုတ်ပျက်သက်နေကာ ပေပေစုတ်စုတ်ညစ်ညစ်ပက်ပက်နဲ့ ဆံပင်ကလည်းအရှည်ကြီး နှုတ်ခမ်းမွှေးကလည်းအရှည်ကြီးတွေနဲ့ မျက်လုံးပေါက်တောင်သေချာမမြင်ရ..

ဘေးဘီကိုကြည့်ကာ အကူအညီရလိုရညား တယောက်ယောက်များ ရှိနေမလား လို့လျှောက်ကြည့်တော့လည်း မည်သူမှမရှိ ချမ်းသာတဲ့ရပ်ကွက်ဖြစ်တာကြောင့် လူခြေကအရမ်းကိုတိတ်ဆိတ်ပြီး သူအော်ပြီးအကူအညီတောင်းရင်တောင် မည်သူမှ ကြားမည်မထင်..

ပြေးထွက်လာတဲ့ Jungkook မှာလည်း ဖုန်းကိုနားနားကပ်လို့ ဖုန်းထဲက Taehyung ရဲ့အသံကိုနားထောင်နေပြီး ခြေလှမ်းတို့ကလည်းမြန်ဆန်စွာပြေးလို့လာနေသည်..

" ဟင့်အင်း ဟင့်အင်း မကြည့်ဘူး "

" ခဏပဲကြည့် ခဏပဲ မင်းကြည့်ပြီးရင် လွှတ်ပေးမယ် "

"ဟင့်အင်း မကြည့်ချင်ဘူးလို့ "

Taehyung ဟာ ကြောက်ကြောက်နဲ့ ထိုနှာဘူးကိုရှောင်ကာပြေးဖို့ကြိုးစားနေပေမယ့် နှာဘူးကလည်း အကျီကြီးကိုကိုင်ကာ Taehyung သွားမယ့်ဘက်တွေကို လိုက်ကာပြီး အတင်းကြည့်ခိုင်းလို့နေသည်..

" ခ ခဏပဲကြည့်မယ် ပြီးရင် ပြီးရင်လွှတ်ပေးမှာလား "

" အင်း မင်းကြည့်ရင်ရပြီ ငါလွှတ်ပေးမယ် "

Taehyung ဟာ ထိုနှာဘူးနဲ့ မလှမ်းမကမ်းမှာ မျက်လုံးလေးမှိတ်ကာ ရပ်လို့နေပြီး ထိုနှာဘူးဟာ Taehyung ရဲ့ရှေ့တည့်တည့်ကနေပြီး သူအကျီကိုကိုင်ကာ တိုင်ပင်ခေါ်လို့နေသည်..

1.2.3 လို့ခေါ်လို့အပြီးမှာ Taehyung ဟာ မျက်လုံးဖွင့်အကြည့် သို့သော် သူမျက်စိရှေ့ကကွယ်လိုက်တဲ့ လက်တဖက် ချက်ချင်းပဲ ခန္တာကိုယ်လေးကိုဆွဲလှည့်ကာ ကျောပြင်လေးကို ဖတ်လိုက်ပြီး ရင်ခွင်ထဲထည့်လို့ထားသည့် Jungkook. .ရင်ခွင်ထဲကနေမော့ကြည့်လာတဲ့ Taehyung ကို Jungkook ငုံ့ကြည့်ကာပြုံးလိုက်သည်..

" ခင်များသွားတော့ "

Jungkook ကိုလည်းမြင်ရော နှာဘူးဟာ တချိုးထဲပြေးထွက်သွားတော့သည်..နှာဘူးပြေးထွက်သွားတော့မှ jungkook ဟာ Taehyung ရဲ့ပခုံးလေးကိုကိုင်လို့ ခါးအနည်းငယ်ကုန်းကာ Taehyung နဲ့မျက်နှာခြင်းဆိုင်ကာကြည့်ပြီး

" အဆင်ပြေရဲ့လား Taehyung"

" ပြေ ပြေပါတယ် jungkook "

အဆင်ပြေပါတယ်ပြောနေပေမယ့် ဝမ်းနည်းရိပ်သမ်းနေတဲ့ Taehyung.. Jungkook ဟာ Taehyung ကို ကျောပေးကာ ဆောင့်ကြောင့်ထိုင်လိုက်ပြီး သူ့ရဲ့ကျောပေါ်တက်စေသည်..

" တက် "

" ဟင့်အင်း ရ ရတယ် Jungkook "

" တက်ဆိုတက်လိုက် ငါထိုင်ရတာညောင်းနေပြီ "

Taehyung ဟာ Jungkook ရဲ့ ကျောပေါ်သို့တက်လိုက်တော့ Jungkook က Taehyung ရဲ့ ခြေထောက်လေးကိုထိန်းမက ထလိုက်သည်..
Taehyung က Jungkook ကို သိုင်းဖတ်ထားကာ ပခုံးပေါ် ခေါင်းလေးတင်လို့လိုက်လာသည်..

တလမ်းလုံးငြိမ်နေတဲ့ Taehyung က ခန္တာကိုယ်လေးတချက်တုန်သွားသလို ရိုက်သံလေးတချက်ကြားလိုက်ရတာကြောင့် Jungkook ဟာ Taehyung ကို ခေါင်းလေးစောင်းကာ လှည့်ကြည့်လိုက်ပြီး

" ငိုနေတာလား Taehyung "

" ဟင့်အင်း မငိုပါဘူး ဟင့် appa ကို သတိရလို့ အီးဟီးဟီး ဟင့် appa ကိုသတိရတယ်လို့ "

မငိုပါဘူးဆိုတဲ့ ကောင်လေးက သူပေါ်မှာ ကလေးတယောက်လို အော်ဟစ်ကာ မငိုယုံံတမယ် ..အိမ်ရှေ့ရောက်တော့ ကိုယ်ပေါ်ကချပေးလိုက်ကာ ငိုနေတဲ့ Taehyung ရဲ့ပါးပြင်က မျက်ရည်လေးတွေကိုသုတ်လို့ပေးပြီး ဖတ်ကာ ကျောပြင်လေးကိုပွတ်လို့နှစ်သိမ့်ပေးနေတဲ့ Jungkook..ရင်ခွင်ထဲက Taehyung က သူ့အကြောင်းကိုတစွန်းတစလေးပြောပြလာသည်..

" ငါငယ်ငယ်က အမြဲအနိုင်ကျင့်ခံရတိုင်း appa က ငါ့ကိုကာကွယ်ပေးနေကျ အနိုင်ကျင့်ခံရလို့ ငိုပြီးပြန်လာရတိုင်း appa က အမြဲဖတ်ထားပေးနေကျ ဟင့် "

" ငါ မင်းကို ကာကွယ်ပေးမယ် Taehyung မင်းဝမ်းနည်းတိုင်း ငါဖတ်ထားပေးမယ် "

" တကယ်လား "

" တကယ်ပေါ့ "

" ကျေးဇူးပါ Jungkook "

" လာအိမ်ထဲဝင်ရအောင် "

Jungkook ဟာ Taehyung ရဲ့လက်ကလေးကိုဆွဲလို့ အိမ်ထဲဝင်လာကြသည်..Taehyung ကို အိမ်ရှေ့မှာ ထိုင်စေပြီး သူကနောက်ဖေးကိုသွားကာ ရေသွားခက်ပြီး Taehyung ကိုပေးလိုက်သည်..

" ရော့ ရေသောက်လိုက်အုံး မင်းလန့်သွားတယ်မဟုတ်လား "

" အင်း ငါ့အရမ်းလန့်သွားတာ ပြီးတော့ကြောက်လည်းကြောက်နေခဲ့တဲ့တာ "

" နောက်နေ့က စပြီး အသွားအပြန်ငါနဲ့ပဲသွားရတော့မယ် Taehyung ငါမင်းကိုစိတ်မချတော့ဘူး "

" ငါက မင်းအလုပ်ရှုပ်မှာဆိုးလို့ပါ Jungkook "

" မလိုဘူး Taehyung ငါနဲ့မင်းကြားမှာ အဲ့လိုအားနာတာတွေမရှိစေချင်ဘူး "

" Jungkook "

" ရေအရင်ချိုးလိုက်လေ Taehyung ပြီးမှ ထမင်းစားကြတာပေါ့ "


Impersonator Lover

...
ရေမိုးချိုးပြီး မြန်မြန်လေးပြန်ဆင်းလာတဲ့ Taehyung..Jungkook စောင့်နေရတာကြာနေပြီဖြစ်တာကြောင့် သူအားနာလာပြီလေ..

သူအောက်ရောက်တော့ ထမင်းဝိုင်းမှာစောင့်လို့နေတဲ့ Jungkook သူလည်းပြုံးပြကာ စားပွဲမှာဝင်ထိုင်လိုက်သည်..သူရောက်လာမှ ထမင်းပေါင်းအိုးထဲက ထမင်းကိုခူးပေးနေတဲ့ Jungkook..

" အစောကြီးခူးထားရင်အေးသွားမှာဆိုးလို့ "

" ရပါတယ် Jungkook ငါကဘာဖြစ်ဖြစ်အဆင်ပြေပါတယ် "

" ငါအဆင်မပြေဘူးလေ ငါကမင်းကို ကောင်းတာလေးပဲစားစေချင်တာ "

" ကျေးဇူးပါ Jungkook ကောင်းကောင်းစားပါ့မယ် "

Impersonator Lover

ထမင်းစားသောက်ပြီးတော့ နှစ်ယောက်သား အတူတူအနားယူကြသည်. အိမ်ရှေ့ဆိုဖာမှာ Jungkook က အာလူးကြော်စားရင်း Tv ကြည့်နေသလို.ဘေးက Taehyung က game ဆော့နေသည်..

" တခုလောက် ကျွေးပါလား Jungkook "

Taehyung မှာ Tv Game ဆော့ရင်း Jungkook စီကတောင်းစားလိုက်တော့ Jungkook ကလည်း Tv ကြည့်ရင်း လူကိုမကြည့်ပဲ ဘူးလေးသာTaehyung ရှေ့ တိုးပေးလိုက်ပေမယ့် တော်တော်နဲ့ယူမစားတာကြောင့် ဘေးကိုလှည့်ကြည့်လိုက်တော့ သူပေးတာကိုတောင်မကြည့်နိုင် game ကနေမျက်လုံးမခွာပဲ ပါးစပ်လေးဟပေးထားတဲ့ Taehyung ကြောင့် Jungkook မှာ ပြုံးမိသွားပြီး ဘူးထဲက အာလူးကြော်တခုယူကာ ခွံကျွေးဖို့ ပါးစပ်နားလေးတိုးသွားပေးရင်း စချင်လာတာနဲ့ အားလူးကြော်ကိုင်ထားတဲ့လက်ကို မသိမသာ ဖြေးဖြေးခြင်းနောက်ကိုဆုတ်ဆုတ်လိုက်တယ်..

ဒါကို game အကြည့်မပျက်ပဲ အားလူးကြော်နောက်ပါးစပ်လေးကလိုက်သလို မျက်လုံးစောင်းကာ game ကိုလည်းကြည့်နေသည်..

တော်တော်နဲ့ ပါးစပ်ထဲရောက်မလာတဲ့ အားလူးကြော် နောက်ဆုံး နှုတ်ခမ်းဖျားလေးနဲ့ လှမ်းမိလိုက်တဲ့ချိန်မှာတော့ Taehyung တယောက်သတိထားမိကာ အာလူးကြော်စီအကြည့်ရောက်လိုက်တော့ သူ့ဘေးက Jungkook ရဲ့ ရင်ခွင်ထဲရောက်လုဆဲဆဲ ခန္တာကိုယ်လေးကစောင်းနေသလို jungkook ခုထိကိုင်ထားဆဲဖြစ်တဲ့ သူနှုတ်ခမ်းပေါ်က အာလူးကြော် နဲ့ နှစ်ယောက်သားအကြည့်တို့က စုံမိပြန်သည်..

အကြည့်ခြင်းစုံရင်း Jungkook ဘက်ကစကာ ရှေ့တိုးလာမိတဲ့အချိန်မှာမှ ဆော့နေတဲ့ Game ကရှုံးလို့သွားတဲ့အသံကြောင့် သတိပြန်ဝင်သွားကာ နှစ်ယောက်သား အကြည့်တို့လွဲလို့ Jungkook ကလည်း အားလူးကြော်ဘူးကို Taehyung စီထိုးပေးလို့ Tv remove ကိုင်ကာ လိုင်းပြောင်းလို့နေပြီး Taehyung ကလည်း ဘေးသို့ပြန်တိုးသွားကာ Jungkook ပေးထားတဲ့ အားလူးကြော်ဘူးကို လက်ထဲမှာ ကိုင်လို့ ချရမလို ကိုင်ထားရမလို နဲ့ နောက်ဆုံး စားပွဲပေါ် အားလူးကြော်ဘူးကိုတင်လိုက်ပြီး ထိုင်နေရာကနေထကာ Jungkookကို နှုတ်ဆက်လို့ အိမ်ပေါ်သို့တက်လာခဲ့တော့သည်.

" Jungkook Good Night နော် ငါ အိပ်တော့မယ် "

" အင်း Taehyung good night "

BlackroseTK93
Taekookforever 🐰🐯

Jeon Jungkook ကို စိတ်မရှည်တော့ဘူး...😒

zawgyi





" Hello Jungkook "










Impersonator Lover
...














" ခင်များသွားတော့ "



" ပြေ ပြေပါတယ် jungkook "


" တက် "





" ငိုနေတာလား Taehyung "


မငိုပါဘူးဆိုတဲ့ ကောင်လေးက သူပေါ်မှာ ကလေးတယောက်လို အော်ဟစ်ကာ မငိုယုံတမယ် ..အိမ်ရှေ့ရောက်တော့ ကိုယ်ပေါ်ကချပေးလိုက်ကာ ငိုနေတဲ့ Taehyung ရဲ့ပါးပြင်က မျက်ရည်လေးတွေကိုသုတ်လို့ပေးပြီး ဖတ်ကာ ကျောပြင်လေးကိုပွတ်လို့နှစ်သိမ့်ပေးနေတဲ့ Jungkook..ရင်ခွင်ထဲက Taehyung က သူ့အကြောင်းကိုတစွန်းတစလေးပြောပြလာသည်..



" တကယ်လား "

" တကယ်ပေါ့ "

" ကျေးဇူးပါ Jungkook "

" လာအိမ်ထဲဝင်ရအောင် "







" Jungkook "


Impersonator Lover

...






Impersonator Lover









BlackroseTK93
Taekookforever 🐰🐯


Continue Reading

You'll Also Like

603K 14.7K 34
Diana Featherington is the only child of the younger brother of the Baron Featherington. With the passing of both parents Diana has lived with the Ba...
154K 7.2K 52
Four siblings, two elder brothers and two younger sisters living with their rich parents!! Get ready to enter the life of these siblings and their fa...
Fake love By :)

Fanfiction

110K 2.6K 41
When your PR team tells you that we have to date a girl on the UCONN women basketball team and you can't say no to it... At first you don't think too...
241K 6K 52
⎯⎯⎯⎯⎯⎯⎯ જ⁀➴ 𝐅𝐄𝐄𝐋𝐒 𝐋𝐈𝐊𝐄 .ᐟ ❛ & i need you sometimes, we'll be alright. ❜ IN WHICH; kate martin's crush on the basketball photographer is...