ကွင်းပြင်ကျယ်ကြီးထဲကကြီးမားပြီးနွေးထွေးတဲ့အဆောက်အဦးပေါ်မှာအစားအသောက်တွေကိုဝဝလင်လင်သုံးဆောင်နေရတဲ့ကလေးတွေကသူ့တို့ကိုသူတို့အိမ်မက်,မက်နေတယ်ထင်ပြီးစစ်သည်ရဲမက်တွေကိုအိမ်မက်လားအမှန်လားဆိုပြီးခန,ခနမေးနေခဲ့ကြတယ်။ရဲမက်တွေကစိတ်မရှည်တော့ပဲ
"အိမ်ရှေ့စံရဲ့အမိန့်ကွ,အမိန့်ဘာအိမ်မက်မှမဟုတ်ဘူးသူကမင်းတို့ကိုစောင့်ရှောက်ပေးမယ်ဆိုပြီးတာဝန်ယူထားတာဟုတ်ပြီလား"
ရဲမက်တွေကစိတ်မရှည်စွာအော်ဟစ်ပြီးထွက်သွားပေမယ့်ကလေးတွေရဲ့နှလုံးသားကတော့အိမ်ရှေ့စံဆိုတဲ့စကားလေးကနေရုန်းမထွက်နိုင်ကြတော့။နတ်သားလေးဆိုတာတကယ်ရှိမှန်းသူတို့လက်ခံလိုက်ကြပြီဖြစ်သည်။
ပါးဖောင်းဖောင်းနှင့်၅နှစ်အရွယ်ကလေးလေးကသူ့ရဲ့အမကြီးကိုကြည့်ပြီး
"မမအိမ်ရှေ့စံကသားတို့ရဲ့ဖေဖေလား"
အကြီးမလေးကသူ့မောင်လေးစကားကိုကြားပြီးအထိန့်တလန့်ဖြစ်သွားကာပါးစပ်ကိုအတင်းပိတ်လိုက်သည်။ထိုစဥ်နူးညံ့ပြီးချိုသာတဲ့အသံလေးကကြားဖြတ်ဝင်လာခဲ့သည်။
"အိမ်ရှေ့စံကိုဘာလို့သားရဲ့ဖေဖေလို့ထင်ရတာလဲ"
"မမပြောပြတာအိမ်နဲ့စားစရာကိုပေးတဲ့လူကဖေဖေတဲ့"
ဇာမဏီမျက်ဝန်းတွေညိုးမှိုင်းသွားသည်။အရင်ဘဝတုန်းကသူ့ဖခင်မဆုံးခင်အထိ,သူ့ကိုသိပ်ချစ်ပေးခဲ့တာ။
အကြီးမလေးကတော့အနည်းငယ်သိတတ်စပြုနေပြီဖြစ်တဲ့အတွက်ကြမ်းပြင်ပေါ်ဒူးထောက်ရင်းတစ်ကိုယ်လုံးတုန်ယင်နေရှာသည်။သူမရဲ့မောင်လေးကအိမ်ရှေ့စံကိုစော်ကားမိလိုက်သည်မလား။သူမကမောင်လေးအစားပြစ်ဒဏ်ခံပေးချင်ပေမယ့်ဘယ်လိုစပြောရမှန်းမသိတာကြောင့်ခေါင်းငုံ့ထားရင်းမျက်ရည်တွေစီးကျလာခဲ့သည်။အဆုံးမှာတော့သူမက,ကလေးတစ်ယောက်သာဖြစ်သည်။
"ဟုတ်တာပေါ့ဒီနေ့ကစပြီးကိုကိုကမင်းရဲ့ဖေဖေလုပ်ပေးမယ်"
"ဖေဖေ!!!"
ကလေး,လေးကအကြိမ်ပေါင်းမျာစွားဖေဖေလို့ခေါ်ခဲ့ပြီးပန်ဒိုရာကိုဖက်ထားခဲ့သည်။ငေးကြောင်နေတဲ့ကလေးမလေးကိုပါဆွဲယူပြီးသူ့ရင်ခွင်ထဲထည့်လိုက်တော့သူမကရှိုက်ကြီးတစ်ငင်ငိုချလာခဲ့တော့သည်။
ထို့နောက်မျှော်လင့်တကြီးစောင့်စားနေတဲ့ကလေးပေါင်းများစွာကိုတစ်လှည့်စီပွေ့ဖက်ပေးခဲ့သည်။
တစ်နေ့ထဲမှာပဲပန်ဒိုရာကကလေးသုံးရာကျော်ရဲ့ဖခင်ဖြစ်လာခဲ့တော့သည်။
ကုန်းကုန်းကမိဘမဲ့ကလေးတွေကိုစောင့်ရှောက်ရာမှာတာဝန်ယူပြီးအိမ်ရှေ့စံကသိုင်းပညာနဲ့စာပေပညာကိုဦးဆောင်သင်ကြားပေးခဲ့သည်။ငယ်ရွယ်တဲ့ကလေးတွေကလူကြီးတွေထက်အဆများစွာပိုမိုသင်ယူနိုင်စွမ်းရှိပြီးကလေးငယ်တွေကအားကိုးမရသေးပေမယ့်လူကြီးပေါက်စတွေကတော့ကြောက်စရာကောင်အောင်းထူးချွန်ကြသည်။
ပန်ဒိုရာ,လေပူတစ်ချက်မှုတ်ထုတ်လိုက်ပြီးစိတ်တွေလျှော့ချလိုက်သည်။အားလုံးနီးပါအခြေတကျဖြစ်လာနေပြီ။
"အရှင့်သား"
ပန်ဒိုရာလှည့်ကြည့်လိုက်တော့အနောက်အရပ်စစ်သူကြီးရဲ့သား,မင်းဆက်ဝဏ္ဏဖြစ်နေသည်။ပန်ဒိုရာစိတ်အနည်းငယ်လှုပ်ရှားသွားသည်။ဒီလူသူ့အကြံတွေကိုများသတိထားမိသွားပြီလား။
"မင်းဆက်ဝဏ!ဒီမိန်းမလိုမိန်းမရကောင်ကိုဘာပြောစရာများရှိလို့လဲ"
မင်းဆက်ဝဏ္ဏမျက်နှာနီရဲသွားပြီးသူပါးသူပြန်ရိုက်ချင်မိသွားသည်။
'အိမ်ရှေ့စံကသူ့အသက်ကိုကာကွယ်ဖို့ရုပ်ဖျက်နေခဲ့တာကိုသူကအထင်မှားခဲ့မိတယ်'
"အရှင့်သားဒီငယ်သားရိုင်းပြခဲ့မိတာတွေအတွက်အသက်ထက်ဆုံးအမှုတော်ထမ်းပြီးပေးဆပ်ပါ့မယ်"
ပန်ဒိုရာအန်မိတော့မလိုပင်။မူရင်းလူ,ရဲ့လည်ပင်းကိုဓါးနဲ့လှီးဖြတ်ခံလိုက်ရတဲ့မြင်ကွင်းကိုသူမြင်ဖူးထားပြီးသားဖြစ်ကြောင်းပြောပြချင်လိုက်တာ။
"အဲ့လိုဆိုကျေးဇူးတင်မိမှာပဲဒီနေ့ဘာကိစ္စကြောင့်ငါ့ကိုလာတွေ့တာလဲ"
မင်းဆက်ဝဏ္ဏအိမ်ရှေ့စံမျက်နှာကိုမရဲတရဲကြည့်ကာ
"အရှင့်သားမိဘမဲ့လေးတွေပြုစုပျိုးထောင်တဲ့နေရာမှာဝင်ကူပေးချင်ပါတယ်ကျွန်တော်မျိုးသူတို့ကိုအရမ်းသဘောကျတယ်"
ပန်ဒိုရာရဲ့မျက်ခုံးတွေတွန့်ချိုးသွားသည်။မင်းဆက်ဝဏ္ဏက,ကလေးတွေကိုချစ်တဲ့နေရာမှာတော့နာမည်ကြီးသည်။ဒါပေမယ့်ဒါကသူ့ကိုထောက်လှမ်းချင်လို့များလား။
မင်းဆက်ဝဏ္ဏရဲ့မျက်ဝန်းတွေကမျှော်လင့်ခြင်းတွေနဲ့ပြည့်နက်နေတာမို့ဝါရင့်gayလေးပန်ဒိုရာမှာတစ်ကိုယ်လုံးပင်ယားကျိကျိဖြစ်လာသည်။
"ကောင်းပြီ!မင်းတာဝန်ယူနိုင်တယ်"
ပန်ဒိုရာကရုပ်ရှင်နှင့်တအားကွဲပြာလာတဲ့အခြေအနေကိုနည်းနည်းတော့ထူးဆန်းသလိုထင်မိသည်။ဒါကသူ့ကြောင့်များလား။
နေ့ရက်တွေကပုံမှန်အတိုင်းလည်ပတ်နေသည်။
ပန်ဒိုရာရဲ့သီအိုသီတစ်ချို့ကြောင့်စာပေရေးရာအမတ်ကြီးတွေကပန်ဒိုရာရဲ့ခြေထောက်ကိုပင်အနမ်းပေးတော့မတတ်ရိုသေလေးစားလာကျသည်။
'နေကြအုန်းဒီသီအိုသီတွေကငါ့ဟာမဟုတ်ဘူးသူများထွင်ထားတဲ့ဟာတွေငါကဒီတိုင်းသူများဦးနှောက်ဖောက်စားထားတာလို့'
သင်္ချာကိုအလွယ်တကူတွက်ချက်နိုင်မည့်နည်းလမ်းအတွက်ပညာရေးရောအမတ်ကြီးတွေဟာပန်ဒိုရာကိုသစ္စာခံလာကြသည်။ပုံသေနည်းတွေမဆိုထားနှင့်အမြှောက်အလီဇယားတွေကပင်လူအိုကြီးတွေရဲ့ဒူးခေါင်းတွေကိုပျော့ညွှတ်ကျသွားစေသည်။
နောက်ဆုံးတော့ထိုလူအိုကြီးတွေနှင့်ပန်ဒိုရာအပေးအယူလုပ်ဖို့ဆုံးဖြတ်လိုက်သည်။
"အရှင့်သားစဥ်းစားပါအုန်းနိမ့်ကျတဲ့လူတွေကစာပေပညာရပ်ကိုသင်ကြားဖို့မသင့်တော်ပါဘူးဘုရား"
"စာပေပညာကနိမ့်ကျတဲ့အတင့်အတန်းနဲ့အတွေးအခေါ်တွေကိုမြင့်မားအောင်ပြုလုပ်ပေးနိုင်တယ်အဲ့ဒီအခါကျရင်တိုင်းပြည်အဆင့်အတန်းကလည်းမြင့်မားလာလိမ့်မယ်ဘယ်သူကတိုင်းပြည်ကောင်းစားရေးကိုသဘောမတူချင်တာလဲ"
လူအိုကြီးတွေဟာချိန်းခြောက်ခံလိုက်ရပြီးနောက်သဘောတူဖို့ဆုံးဖြတ်လိုက်ကြတော့သည်။
တိုင်းပြည့်အနှံ့ကြော်ငြာစာတွေပျံ့နှံ့နေပြီးလူတွေကအုံအုံကြွပ်ကြွပ်နှင့်ကြည့်နေကြပေမယ့်ဘယ်သူမှာဖတ်နိုင်စွမ်းမရှိကြ။
သတ္တိအနည်းငယ်ရှိသည့်အဖိုးအိုတစ်ယောက်ကတုန်တုန်ယင်ယင်ဖြင့်ရဲမက်တစ်ဦးဆီသွားလိုက်ပြီး
"သားလေးတို့ဒီတစ်ခါအမိန့်စာကဘာရေးထားတာလဲကွဲ့"
"အိမ်ရှေ့စံကအမိန့်ချလိုက်တယ်တိုင်ပြည်ထဲက,ကလေးငယ်တိုင်းကျား/မ,မရွေးစာပေပညာသင်ကြားရမယ်တဲ့အသက်အရွယ်ကြီးရင့်သွားတဲ့လူတွေကသင်ယူချင်ရင်လည်းသင်ယူနိုင်ပြီးမသင်ယူချင်လဲရပါတယ်တဲ့"
အဖိုးအိုဟာအချိန်အကြာကြီးတိတ်ဆိတ်သွားပြီးမှသတိဝင်လာကာအော်ဟစ်ငိုကြွေးတော့သည်။သူကစာပေပညာကိုရူးမတတ်သင်ကြားချင်ပေမယ့်ငွေကြေးနှင့်အဆင့်အတန်းကြောင့်ငယ်စဥ်အခါမှာပညာသင်ခွင့်ဆုံးရှုံးခဲ့ရသည်။ယခုအချိန်မှာတော့သူပညာသင်ကြားခွင့်ရတော့မည်။
ဘယ်သူကစတင်လိုက်လဲမသိပေမယ့်'အရှင့်သားသက်တော်ရာကျော်ရှည်ပါစေ'ဟူသောပြည်သူတွေရဲ့ကောင်းချီးပေးသံကညနက်သန်ခေါန်အထိပင်ဆူညံနေသည်။
ဘုရင်ကြီးကသူ့ရဲ့အောက်မှာဖိခံထားရတဲ့ကုန်းကုန်းရဲ့နဖူးလေးကိုငြင်သာစွာနမ်းရှိုက်လိုက်ပြီး
"သားတော်လေးကို,ကိုယ်တော်နဲ့တစ်ပုံစံထဲတူအောင်မွေးပေးထားတာပဲ,သူကထက်မြတ်လိုက်တာ"
ကုန်းကုန်းဘုရင်ကြီးကိုတွန်းထုတ်လိုက်ကာ
"အရှင်မင်းကြီးဖယ်တော့ကျွန်တော်မျိုးအရှင့်သားနန်းဆောင်ပြန်တော့မယ်"
"မပြန်ပါနဲ့အုန်းအချစ်ရယ်ဒီလိုတွေ့ရဖို့ဘယ်လောက်တောင်ခက်ခဲလဲသိလျှက်နဲ့"
"အရှင့်ရဲ့သားကမနက်မိုးလင်းလို့ကျွန်တော်မျိုးကိုမတွေ့ရရင်ဒေါသတအားထွက်တာဒီကုန်းကုန်းကအင်အားမရှိတော့ဘာတတ်နိုင်မှာလဲ"
"ကိုယ်တော်သူ့ကိုဆုံးမပေးမယ်"
"ဟွန့်!သူကဒေါသကြီးတာကအစ,အရှင်နဲ့တစ်ပုံစံထဲ"
ဆူပုတ်ပုတ်လေးဖြစ်နေတဲ့လူကိုမင်းကြီးကအနမ်းတွေပေးရင်းအဝတ်ပါဝတ်ဆင်ပေးရင်း
"တစ်နေ့တော့ကိုယ်တော်တို့မိသားစုအတူတူနေခွင့်ရမှာပါ"
ထွက်ခွာသွားတဲ့ကျောပြင်လေးကိုကြည့်ပြီးမင်းကြီးမျက်ရည်တွေဝဲလာခဲ့သည်။
'ဘယ်တော့မှများမင်းနဲ့အတူနေ့စဥ်နိုးထနိုင်ပါ့မလဲကွာ'
______________________________________
614❤️
______________________________________