Impersonator Lover (complete)

Oleh BlackRoseTK93

93.4K 8.3K 823

Jeon Jungkook Kim Taehyung Lebih Banyak

1
2
3
4
5
6
7
8
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
Final

9

2.3K 238 10
Oleh BlackRoseTK93

မနက်ခင်းလေးဟာ အခြားသူတွေအတွက်တော့ ပုံမှန်တိုင်းလည်ပက်နေတယ်ဆိုပေမယ့် သူတို့နှစ်ယောက်အတွက်တော့ခုထိ အဆင်မပြေသေး..

ခုလည်းအိမ်ပေါ်ကနေ ဝုန်းဒိုင်းပြေးဆင်းလာတဲ့ Taehyung..အနောက်ခန်းမှာ မနက်စာပြင်နေတဲ့ Jungkook ဟာ Taehyung ပြေးဆင်းလာတာကို
ကြည့်လိုက်တော့ သူ့စီတန်းတန်းမက်မက်က်ိုလာနေတာ သေချာတာကတော့မနက်စာ လာစားတာပဲ ဖြစ်သည်..

" Taehyung ဗိုက်ဆာလို့လား "

" မဟုတ်ဘူး သွားစရာရှိလို့ အဲ့တာ ငါသွားတော့မယ် "

" မနက်စာရော "

"ဒါငါ့အတွက်လား "

ပန်းကန်ထဲမှာထည့်လို့ထားတဲ့ ပေါင်မုန့်အသားညှပ် ကိုလက်ညိုးထိုးပြကာ သူအတွက်လားမေးတော့ Jungkook က ခေါင်းလေးညိတ်ပြလိုက်တာနဲ့ ပန်းကန်ထဲက မုန့်ကိုကောက်ယူကာ တကိုက်ကိုက်ပြီးပြေးထွက်သွားတော့သည်..

ပလုပ်ပလောင်းစားရင် Jungkook ကို လှမ်းအော်ကာပြောသွားသေးတာက မသိရင် အမေဖြစ်သူကို အပြင်သွားခါနီး နှုတ်ဆက်သွားတဲ့ သားကျနေတော့တာပဲ

" Jungkook ရေ မနက်စာအတွက်ကျေးဇူးပါနော် ညနေကျမှတွေ့မယ်နော် "

Bus ကားဂိတ်ကို ရေးကြီးသုတ်ဖြာပြေးထွက်လာတဲ့ Taehyung..Jungkook ကရော Jungkook မိဘတွေကပါ ကားဝယ်ပေးကြပေမယ့် သူ့တို့နှစ်ယောက်ရဲ့ ပက်သက်မှုကြောင့် Taehyung ဟာ Jungkook စီကနေ ဘာပစ္စည်းမှ လက်မခံပဲနေသည်..

မနက်ခင်းပိုင်းက အလုပ်သွားသူကျောင်းသွားသူတွေကြောင့် ကားက မနည်းတိုးစီရတဲ့ အခြေအနေ..

ပိတ်စ စက်ရုံကိုသွားပြီးနောက်ထွက်မယ် ဒီဇိုင်းအတွက် ပိတ်စအကျန်လေးတွေကို သူများထက်ဦးအောင်လုရမှာကြောင့် အစောကြီးအသဲအသန်ဖြစ်နေခြင်းဖြစ်သည်..

ပိတ်စအကျန်ဆိုတာကလည်း Jungkook တို့လိုနာမည်ကြီး Brand ကုမ္မဏီကြီးတွေရဲ့ ဒီဇိုင်းအသစ်ပေါ်ပြီးတိုင်း မသုံးတော့တဲ့ ပိတ်စအကျန်တွေကို သူတို့လို Brand သေးသေးလေးတွေက အပြိုင်အဆိုင်လုကြရတာဖြစ်သည်..

ဒါမှလည်း အသားလည်းကောင်းပြီး ဒီဇိုင်းလည်းမိုက်ရင် ရောင်းအားကသူများတွေထက်ပိုကောင်းပြီး နာမည်ပိုရတာကြောင့်ဖြစ်သည်..

" ဟူးး ကားကလည်းကြပ်လိုက်တာ ဒီနေ့မှကွာ ညက အတွေးလွန်သွားတာ အိပ်ယာထနောက်ကျရတယ်လို့ ချီးပဲ "

တယောက်ထဲ ကိုယ့်အဖြစ်ကိုယ်ရေရွတ်ရင်း ဆင်းရမယ့်ကားမှတ်တိုင်ရောက်တော့လည်း အသဲအသန်တိုးကြိတ်ကာ ဆင်းရပြန်တယ်..

စက်ရုံရောက်တော့ အရှေ့မှာ သူ့လို ပိတ်စလုဖို့စောင့်နေတဲ့ အခြား Brand က​သူတွေ.သူလာပြီဆိုတာနဲ့ သူ့ကိုသာ ဝိုင်းကြည့်ကြပြီး စက်ရုံဝင်ပေါက်ကိုအရိုရိုပိတ်ရပ်လိုက်ကြသည်..

ရပ်လည်းရပ်ချင်စရာလေ Kim Taehyung ဆိုတာ အကောင်သေးသလိုသွက်လည်းသွက်တာကြောင့် ဘယ်တော့ဖြစ်ဖြစ် သူတို့ထက်လျင်သည်..ဒါထက် သူတို့လို Brand ပိစိလေးတွေမှာ Kim Taehyung ကိုယှဥ်နိုင်တဲ့ Brand မရှိသေးတာကြောင့်လည်းပါသည်..

စက်ရုံတံခါးဖွင်လိုက်သည်နှင့် အပြေးဝင်သွားကြတဲ့ လူအုပ်ကြီးထဲ Kim Taehyung က ရှေ့ဆုံးက.. စိတ်ကြိုက်ဒီဇိုင်းကလည်းဆွဲထားပြီးတာကြောင့် ဘယ်ပိတ်စကိုဘယ်လိုယူရမလည်းဆိုတာက အိမ်မှာထဲက ပလန်ချပြီးသား စက်ရုံထဲရောက်တာနဲ့ ပိတ်စလိပ်တွေတင်တဲ့ ​လက်တွန်းလှည့်ကိုတွန်းကာ သူလိုချင်တဲ့ အမျိုးအစားပိတ်စတွေကို တခုပြီးတခု လှည်းပေါ် တင်လို့နေသည်..

လိုချင်တာပြည့်စုံသွားချိန်မှာတော့ အောင်နိုင်သူအပြုံးဖြင့် အဆင့်သင့်ခေါ်ထားတဲ့ အငှားကားပေါ်တင်ကာ သူတို့ရဲ့ စက်ရုံလေးစီသို့ပြန်လာခဲ့သည်..

Driver " Taehyung ဘယ်လိုလည်း လိုချင်တာရလာပြန်ပြီထင်တယ် "

" ဒါပေါ့ Hyung ကလည်း Kim Taehyung ပါ လိုချင်တာမရရင် စက်ရုံပါမီးရှို့လိုက်မှာ "

" ဒါနဲ့ ငါသီတင်းကြားတာက မင်းအိမ်ထောင်ပြုလိုက်ပြီဆို "

" Hyung တိုးတိုး ဘယ်သူပြောတာလည်း "

" မင်းဦးလေးပေါ့ ပြီးတော့ Brand ဘုရင် JK က CEO ဆို တကယ်ကြီးလား မိုက်တယ်ကွာ ဒါများကွာ မင်းအဲ့မှာ အလုပ်ဝင်လုပ်လိုက်ပြီးပြီ "

" အမေလုပ်မှ လူသိတယ်ဆိုတဲ့ စကားပုံအတိုင်းပါပဲလား ဦးလေးလုပ်မှလူသိတော့တယ် Hyung ဘယ်သူမှ မသိစေနဲ့နော် "

" အေး ဘယ်သူမှ မသိပါဘူး ငါရယ် ဒုံဒယ်မွန်းစျေးက အဒေါ်ကြီးတွေရယ် ဒါပဲသိတာ "

Taehyung တယောက် ကားပေါ်မှာတင်သေချင်စိတ်ပေါက်သွားတော့သည်..စက်ရုံရောက်တော့ ဒေါနဲ့မောနဲ့ဆင်းလို့သွားတဲ့ Taehyung ..ဦးလေးဖြစ်သူကို ရန်တွေ့ရန်တံခါးကိုစောင့်ဖွင့်လိုက်တော့ အထဲမှာ မြင်လိုက်ရတဲ့အရာကြောင့် အာရုံကထိုဘက်သို့ပြောင်းသွားသည်..

" ဝါးးး ဦးလေး မိုက်လိုက်တာ ဘယ်တုန်းကချုပ်လိုက်တာလည်း ဒီအရောင်လည်းမဆိုးဘူးနော် ဒီတခါတော့ ရှယ်ပေါ့ "

သူဆွဲထားတဲ့ ဒီဇိုင်းကို ဦးလေးက အစမ်းချုပ်ကာအရုပ်မ မဝတ်ပေးထားတာကိုမြင်ပြီး Taehyung သူ့ဦးလေးကိုပြောဖို့မေ့လို့သွားတော့သည်..

ချက်ချင်းအကောင်အထည်ဖော်ချင်စိတ်တွေဖြစ်လာကာ ကားပေါ်က ပိတ်စလိပ်တွေကို ချကာ ဒီဇိုင်းအသစ်ထုတ်ရန် စတင်လိုက်တော့သည်..

တနေ့ကုန်စက်ရုံထဲ ဒီဇိုင်းအသစ်ကို စတင်ချုပ်လုပ်နေတာနဲ့လုံးပန်းနေပြီး နေ့လည်စာကိုလည်း စက်ရုံကအလုပ်သမားအဒေါ်ကြီးတွေနဲ့အတူတူ ပဲခေါက်ဆွဲသာ မှာစားလိုက်ကြသည်.

အလုပ်နဲ့ပက်သက်လာရင်လောဘကြီးတဲ့ Taehyung ဟာ ခုလည်း အချိန်ကုန်လို့ကုန်မှန်းအသိ နာရီကိုကြည့်လိုက်တော့ မှ 5:30 နေပြီဖြစ်တာကြောင့် လွယ်အိပ်ကိုကောက်လွယ်ကာ ဦးလေးကိုနှုတ်ဆက်ပြီးပြန်လာခဲ့တော့သည်..

အိမ်ရောက်တော့ သူကသာအရင်ရောက်လို့နေပြီး Jungkook ကတော့ပြန်မလာသေး.. ရေမိုးချိုးခေါင်းလျှော်လို့ပြီးကာ Tshirt နဲ့ ဘောင်းဘီတိုလေးသာဝတ်လို့ အိမ်ရှေ့မှာ TV ကြည့်ရင်း Dryer မှုတ်နေတဲ့ Taehyung..

TV က သူအရမ်းကြိုက်တဲ့ Big Bang ရဲ့ သီချင်း လာချိန်မှာ ခေါင်းမှုတ်ရင်း သီချင်းကိုအော်ဆိုကာ အပြီအပြင်ဒွန့်နေသည်..

အလုပ်ကနေပြန်လို့လာတဲ့ Jungkook.. အသံအကျယ်ကြီးဖွင့်ကာ အပြီအပြင်လိုက်ဆိုရင်းကနေတဲ့ Taehyung ဟာ အနောက်က Jungkook ဝင်လာတာတောင်မကြား..

ကနေရင်း တဖက်လှည့်လိုက်တဲ့ချိန်မှာတော့ သူ့ရှေ့တည့်တည့်မှာ ရပ်ကာသူ့ကိုပြုံးပြီး ကြည့်နေတဲ့ Jungkook ကိုလည်းမြင်ရော Taehyung မှာ မျက်လုံးအဝိုင်းသား..

ချက်ချင်းပဲ Dryer ကိုဖြုတ်ကာ အိမ်ပေါ်ထပ်ပြေးတက်ဖို့လုပ်တဲ့ Taehyung သူ့ဘေးကဖြတ်ပြေးချိန် ခါးလေးကနေလှမ်းတားလိုက်ကာ သူရှေ့တည့်တည့်ကိုဆွဲလိုက်တော့ သူ့ကိုမျက်လုံးအဝိုင်းသားနဲ့မော့ကြည့်နေတဲ့ Taehyung..

" ဘာလို့ဝင်ပြေးတာလည်း ကပါ မင်းကတာ ချစ်ဖို့ကောင်းတယ် "

" ဟင် ရှက်စရာကြီးကို ထပ်မပြောနဲ့တော့ "

" တကယ်ချစ်ဖို့ကောင်းတယ် ငါတို့တူတူကကြမလား "

" ဖယ်ဖယ်မကပါဘူး ခဏနေပြန်ထွက်ခဲ့မယ် ရေသွားချိုးတော့ ညစာစားဖို့စောင့်နေတာ "

" ဟုတ်လား ဗိုက်ဆာနေပြီလား."

" အင်း "

Jungkook ဟင်းချက်တာကိုထိုင်ခုံမှာ ထိုင်စောင့်နေတဲ့ Taehyung..ဟင်းတွေတမျိုးပြီးတမျိုးခုံပေါ်ရောက်လာတော့ မျက်လုံးလေးက အရောင်လဲ့လို့.မျက်နှာလေးကလည်းပြုံးရွှင်လို့နေသည်..

" ရော့ "

" ကောင်းကောင်းစားပါ့မယ် "

Jungkook ဟာ ထမင်းစားတိုင်းသူရဲ့ရှေ့မှာသူချက်ကျွေးတာကို ပလုပ်ပလောင်းနဲ့စားတက်တဲ့ ကောင်လေးကိုမကြည့်ရမနေနိုင် အမြဲ တစိမ့်စိမ့်ကြည့်နေချင်သလို..

" Taehyung "

" အင်း "

" omma တို့ကလေ "

" အင်း "

" အိမ်လာလည်ဖို့ပြောနေတယ် ငါတို့နှစ်ယောက်ကို "

" ဟင် "

ဟန်ဆောင်လက်ထပ်ခဲ့ကြတာကြောင့် Taehyung ဟာ Jungkook မိဘတွေစီ သွားလည်ဖို့ သိပ်ပြီးစိတ်မပါ.

ဒါကိုသိတဲ့ Jungkook ကလည်း အမေဖြစ်သူခဏခဏပြောနေပေမယ့် သူ့မအားလို့ မလာတာပါဆိုပြီး သူ့ကိုယ်သူသာ အပြစ်ပြောပြီး Taehyung ကိုတော့သူဖွင့်မပြောခဲ့.. ခုတော့ရလိုရငြားဖွင့်ပြောကြည့်လိုက်တဲ့ Jungkook.

" ဟိုလေ Jungkook ငါ ဒီရက်ပိုင်း ဒီဇိုင်းအသစ်အတွက် လုပ်နေရလို့လေ အဲ့တာ နောက် နောက်ရက်မှသွားလို့ရမလား "

" ရပါတယ် Taehyung စိတ်ထဲမထားပါနဲ့ ငါ omma ကို ငါမအားလို့လို့ပြောထားတယ် "

" ကျေးဇူးပါ Jungkook "

ထမင်းစားသောက်ပြီးတော့ ပန်းကန်တွေကိုလည်း Jungkook က သိမ်းနေကာ Taehyung က သူသိမ်းမယ်ပြောတာလည်းမရ..

" Jungkook အဲ့တာ ငါလုပ်ရမှာလေ ဖယ် ငါလုပ်လိုက်မယ် "

" ရတယ် မင်းနားတော့လေ မင်းကြည့်ရတာပင်ပန်းနေသလိုပဲ "

" အင်းပင်ပန်းတယ်ဆိုပေမယ့် ငါလုပ်နေကြအလုပ်ပါပဲ အထူးတလည် ပိုပင်ပန်းသွားတယ်လို့မရှိပါဘူး မင်းဆေးမယ်ဆိုလည်းဆေးလေ မင်းပြောသလို ငါမင်းကိုအဖော်လုပ်ပေးမယ် "

Jungkook က ပန်းကန်ဆေးနေကာ Taehyung က ဘေးမှာရပ်လို့ နှစ်ယောက်သားစကားပြောဖြစ်ကြသည်.ပန်းကန်ဆေးကြောပြီး အိမ်ရှေ့သို့အတူတူထွက်လာကာ

" Taehyung နားတော့မလား TV ကြည့်အုံးမလား "

" မင်းကရော "

" ငါလား အလုပ်လေးလုပ်စရာရှိသေးလို့ "

" အင်းလုပ်လေ ငါမင်းဘေးမှာထိုင်နေမယ် ဂိမ်းဆော့ရင်း "

Taehyung က သူ့ဘေးမှာ ရှိနေမယ်လို့ပြောလိုက်တော့ Jungkook စိတ်ထဲပျော်သွားသည်. ဆိုဖာမှာ ဘေးခြင်းကပ်လျက်ထိုင်လို့ Jungkook က Laptop နဲ့ ဒီဇိုင်းတွေကြည့်နေသလို Taehyung ကတော့ ဂိမ်းဆော့လို့နေသည်.

ဂိမ်းဆော့နေရင်း Taehyung ရဲ့ အကြည့်တို့က Jungkook ရဲ့ Laptop စီ သို့ရောက်လို့သွားကာ ဒီဇိုင်းတွေလည်း မြင်ရော လက်ထဲက ဖုန်းကို ဘေးသို့ပြစ်ချလိုက်ပြီ Jungkook ရဲ့ Laptop ထဲသို့ ခေါင်းမဝင်ယုံတမယ် စပ်စုလို့နေသည်..

" ဝါးးး မိုက်လိုက်တာ ဒါကြောင့်လည်း ဘုရင်ဖြစ်နေတာကို ဒါက ဒီတခေါက်ထုတ်မယ့် ဒီဇိုင်းလား တော်တော်မိုက်တယ် "

" မင်းသဘောကျလား အဲ့နှစ်ပုံကို ငါရွေးရခက်နေလို့ မင်းရွေးပေးမလား "

Jungkook ပြောလိုက်တော့ Taehyung ဟာ Jungkook ကိုလှည့်ကြည့်လိုက်ပြီး သူ့အပြောကြောင့် Jungkook မှာ ရီမိသွားတော့သည်..

" မင်းလိုလူကို ငါကအကြံပေးလို့ရလား."

" ဟားဟား Taehyung ရာ ငါကဘာမို့လို့လည်း "

" မင်းက ဒီ Brand တခုလုံးရဲ့ CEO လေ ငါက ဘာမှမဟုတ်တဲ့သူတယောက် "

Taehyung ဟာ Laptop ထဲက ပုံနှစ်ပုံကို သေချာကြည့်လို့နေပြီး ပြောလိုက်တော့ ဒါကို ဘေးမှာထိုင်နေတဲ့ Jungkook က သူကိုမကြည့်ပဲ Laptop ကိုသာ သဲကြီးမဲကြီး ကြည့်နေတဲ့ ကောင်လေးကို သေချာကြည့်ကာ

" ငါအတွက်ကတော့ မင်းက အရေးပါတဲ့သူတယောက်ပါ Taehyung "

Jungkook ရဲ့ စကားကြောင့် Taehyung ဟာ Laptop  ကိုကြည့်နေရာကနေ ဘေးကိုလှည့်
ကြည့်လိုက်တော့ သူ့ကိုကြည့်လို့နေတဲ့ Jungkook.

သူလည်း Jungkook ကို ပြန်ကြည့်နေမိကာ နှစ်ဦးသား အကြည့်တို့စကားပြောနေချိန် ဖုန်းမြည်သံကြောင့် အကြည့်တို့လွှဲလိုက်ကြပြီး Taehyung ဟာ လာနေတဲ့ ဖုန်းကိုကောက်ကိုင်လိုက်ကာ Jungkook ကို လက်ကလေးပြကာ နှုတ်ဆက်လို့ အိမ်ပေါ်ထပ်သူ့အခန်းစီသို့ ထွက်လာခဲ့တော့သည်..

ကျန်ခဲ့တဲ့ Jungkook မှာလည်း ဘာကိုအလိုမကျမှန်းမသိ ဆိုဖာပေါ် ခေါင်းလေးမှီချကာ လေပူတချက်မှုတ်ထုတ်လိုက်မိတော့သည််..

" ဟူးးး"


BlackroseTK 93
Taekookforever 🐰🐯



zawgyi


ကြည့်လိုက်တော့ သူ့စီတနျးတနျးမကျမကျကျိုလာနတော သေချာတာကတော့မနက်စာ လာစားတာပဲ ဖြစ်သည်..



" မနက်စာရော "

"ဒါငါ့အတွက်လား "





















" အေး ဘယ်သူမှ မသိပါဘူး ငါရယ် ဒုံဒယ်မွန်းဈေးက အဒေါ်ကြီးတွေရယ် ဒါပဲသိတာ "

















" အင်း "


" ရော့ "



" Taehyung "

" အင်း "

" omma တို့ကလေ "

" အင်း "


" ဟင် "





" ကျေးဇူးပါ Jungkook "







" မင်းကရော "
















" ဟူးးး"


BlackroseTK 93
Taekookforever 🐰🐯

Lanjutkan Membaca

Kamu Akan Menyukai Ini

866K 40.2K 61
Taehyung is appointed as a personal slave of Jungkook the true blood alpha prince of blue moon kingdom. Taehyung is an omega and the former prince...
1.1M 49.1K 95
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
951K 36K 86
๐—Ÿ๐—ผ๐˜ƒ๐—ถ๐—ป๐—ด ๐—ต๐—ฒ๐—ฟ ๐˜„๐—ฎ๐˜€ ๐—น๐—ถ๐—ธ๐—ฒ ๐—ฝ๐—น๐—ฎ๐˜†๐—ถ๐—ป๐—ด ๐˜„๐—ถ๐˜๐—ต ๐—ณ๐—ถ๐—ฟ๐—ฒ, ๐—น๐˜‚๐—ฐ๐—ธ๐—ถ๐—น๐˜† ๐—ณ๐—ผ๐—ฟ ๐—ต๐—ฒ๐—ฟ, ๐—”๐—ป๐˜๐—ฎ๐—ฟ๐—ฒ๐˜€ ๐—น๐—ผ๐˜ƒ๐—ฒ ๐—ฝ๐—น๐—ฎ๐˜†๐—ถ๐—ป๐—ด ๐˜„๐—ถ๐˜๐—ต ๏ฟฝ...
328K 19K 72
Y/N L/N is an enigma. Winner of the Ascension Project, a secret project designed by the JFU to forge the best forwards in the world. Someone who is...