ပုဂံမြေကိုတိုင်တည်၍

By Yeolmae3133

61.1K 776 44

ဘယ်သူထင်မိမှာလဲကိုယ်အရမ်းရွံရတဲ့မိထွေးရဲ့သားကိုဒီလောက်တမ်းတမ်းစွဲချစ်မိသွားလိမ့်မယ်လို့ ကွန်းအသခ... More

Intro Part
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
တောင်းပန်လွှာ
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
View
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
Request
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
အပိုင်း ၄၁
အပိုင်း ၄၂
အပိုင်း ၄၃
အပိုင်း ၄၄
အပိုင်း ၄၅
အပိုင်း ၄၆
အပိုင်း ၄၇
အပိုင်း ၄၈
အပိုင်း ၄၉
အပိုင်း ၅၀
အပိုင်း ၅၁
အပိုင်း ၅၂
အပိုင်း ၅၃
အပိုင်း ၅၄
အပိုင်း ၅၅
အပိုင်း ၅၆
အပိုင်း ၅၇
အပိုင်း ၅၈
အပိုင်း ၅၉
အပိုင်း ၆၀
အပိုင်း ၆၁
အပိုင်း ၆၂
အပိုင်း ၆၃
EXTRA
view
Extra 2

အပိုင်း ၂၉

676 8 0
By Yeolmae3133

နောက်တစ်နေ့နံနက်
"ဟိန်းမြတ်အထုပ်ပိုးတွေသေချာစစ်ပြီးပြီလား"

"အေးစစ်ပြီးပြီရတု"
:ချလပ်
"ညီလေးတို့"

"ဪကိုသူခန့်တို့ လာပါဗျထိုင်ပါ"

"ပြင်ပြီးပြီလားဗျအထုပ်အပိုးတွေ"

"ဟုတ်ပြင်ပြီးပြီကိုသွေးသစ်"

"မနက်စာရောစားပြီးကြပြီလား"

"ဟုတ်ပြီးပြီကိုသူခန့် ကိုသူခန့်တို့ရောစားပြီကြပြီလား"

"အင်းပြီးပြီရတုရဲ့"

"ကွန်းရောမတွေ့မိပါဘူးအပြင်သွားနေတာလားညီလေး"

"ရေချိုးနေတာကိုသွေးသစ်ဒီနေ့ဒီကောင်အိပ်ယာထတာနည်းနည်းနောက်ကျနေတာ"

"ဪ"

"ဟိုရောက်ရင်ကျွန်တော်ဖုန်းဆက်လိုက်မယ်နော်ကိုသူခန့်"

"အင်းပါ ဆက်‌လေ"

"ကျွန်တော်လဲဆက်မယ်နော်ကိုသူခန့်"

"ဆက်ပါဗျာ"

"ဟေ့ကောင်မင်းကဘာလုပ်ဖို့ကိုသူခန့်ကိုဆက်မှာလဲ"

"ဪသာကြောင်းမာကြောင်းမေးဖို့လေလူမှုရေးကွသူများတွေလိုတဏှာရေးမဟုတ်ဘူး"

"ကြပ်ကြပ်သတိထားနေကိုသူခန့်ရှေ့မလို့မင်းသက်သာသွားတယ်မှတ်"ဟိန်းမြတ်ကအံကြိတ်သံနဲ့ခပ်တိုးတိူးခြိမ်းခြောက်လေသည်။

"အမလေးဗျာ အချစ်ရဲ့စွမ်းအားတွေများတကယ်ကြီးပါ့"

"ဪပယင်းတို့ရောက်နေတာလား"ရေချိူးခန်းထဲကနေbathrobeနဲ့ထွက်လာတဲ့ကွန်းကမေးလေသည်။

"အင်းဟုတ်တယ်ကွန်း"

"တကယ်လာသားပဲကျွန်တော်ကပါမလာလောက်ဘူးထင်နေတာ"

"ကတိပေးထားတယ်လေလာရမှာပေါ့"

"ဟုတ်ကဲ့ပါဗျာ"

"ကိုသွေးသစ်တို့ရန်ကုန်လဲလာလည်ကြဦးနော်ရန်ကုန်ကိုလာရင်ကျွန်တော်တို့အိမ်‌မှာလာတည်းကြသိလား"

"ဟုတ်ကဲ့ပါရတုရယ်လာပါ့မယ်"

"ကျွန်တော်တို့လဲပုဂံကိုကြုံရင်ကြုံသလိုလာဦးမှာပါဗျအဲ့ကြကိုသွေးသစ်တို့ပဲဧည့်ခံရမှာနော်"

"ဟုတ်ပါပြီဗျာစိတ်ချရှယ်ဧည့်ခံမယ်"

"ဟီးးဟုတ်"

"သွားကြတော့မလားဟိုရောက်ရင်အရမ်းနောက်ကျနေမှာစိုးလို့"
ကွန်းကလောဆော်လိုက်သည်။

"ဟုတ်တယ်ညီလေးတို့ပုဂံနဲ့ရန်ကုန်ကလေယာဉ်နဲ့သာမြန်တာကားနဲ့ကြဝေးတယ်ရယ်"သွေးသစ်ကလဲပြောလိုက်သည်။

"သွားကြမယ်လေ မင်းစောင့်နေတာငါတို့ကအကုန်ပြီးပြီ"

"ငါညကအိပ်တာနည်းနည်းနောက်ကျသွားလို့ပါကွာ"

"အေးလေအဲတာကြောင့် သွားရအောင်ထရတု"

ကွန်းတို့ကားပေါ်အသီးသီးတက်လိုက်ကြပြီးတော့

"ညီလေးတို့ဂရုစိုက်ပြန်ကြနော်နေကောင်းအောင်လဲနေကြဦးကျန်းမာရေးလေးဂရုစိုက်ကြနော်"

"ဟုတ်ကိုသွေးသစ် အကိုတို့လဲဂရုစိုက်ပါဗျကျွန်တော်တို့သတိရနေမှာပါအကိုတို့ကို"

"အကိုတို့လဲသတိရနေမှာပါ"

"ပယင်းကျွန်တော်သွားပြီ"

"အင်းကျန်းမာရေးဂရုစိုက်နော်ကွန်း"

"အင်း"

"ကိုသူခန့်ကျွန်တော်လွမ်းနေမယ်နော်ဖုန်းလဲနေ့တိုင်းဆက်မယ်နော်"

"ဟုတ်ပါပြီအကိုလဲသတိရနေမှာပါ"

"Bye"

" Bye"
ဆိုပြီးကားလေးကတစ်ဖြည်းဖြည်းနဲ့ရွေ့သွားလေသည်။သွေးသစ်တို့နှစ်ယောက်လဲထွက်သွားတဲ့ကားလေးကိုကြည့်ပြီးကျန်နေခဲ့သည်။

"ဟာတာတာကြီးကွာ"သူခန့်ကပြောလေသည်။

"ငါရောပဲ"ဆိုပြီးပယင်းမျက်လုံးထဲမှာမျက်ရည်တွေအဝိုင်းသားနဲ့ပြန်ဖြေလေသည်။

"ဟေ့ကောင်ငိုနေတာလားသွေးသစ်"

"မဟုတ်ပါဘူးမျက်လုံးထဲအမှိုက်ဝင်သွားလို့ပါ"

"လူလိမ်"

"ကဲပါသူတို့လဲပြန်ပြီငါတို့လဲခါတိုင်းလိုပဲနေ့တဒူဝကိစ္စတွေသွားလုပ်ကြရအောင်"

ညပိုင်းရောက်သော်
:တီ
:တီ
:တီ
"ဟလို"

"ကိုင်တာကြာလိုက်တာခင်ဗျားဘာတွေလုပ်နေတာလဲ‌ပယင်း"

"အကိုရေချိုးနေလို့ပါကွန်းရဲ့ခုမှပြီးတာ ပြန်ရောက်ပြီလားဟင်အိမ်ကို"

"အင်းရောက်ပြီကျွန်တော်လဲအဲတာပြောဖို့ဆက်လိုက်တာပဲ"

"ဪဟုတ် ညစာရောစားပြီးပြီလား"

"မစားရသေးဘူးခင်ဗျားရောစားပြီးပြီလား"

"အကိုလဲမစားရသေးဘူး"

"ဪ"

"......"

"ဒါဆိုဒါပဲလေညစာစားလိုက်ဦးမယ်ခင်ဗျားလဲစားတော့"

"အင်း တာ့တာ"

"Bye"

"ဪအဖေဘယ်တုန်းကရောက်နေတာလဲ"

"ခုလေးတင်ရောက်တာငါ့သား ဘယ်သူနဲ့ပြောနေတာလဲ"

"ပယင်းနဲ့ပြောနေတာပါguideလေ"

"ဪ လာလေသားထမင်းမစားရသေးဘူးမလားလာခေါ်တာ"

"ဟုတ်အဖေ"
သားအဖနှစ်ယောက်အတူတူထမင်းစားခန်းထဲဝင်လိုက်ကြလေသည်။ထမင်းစားခန်းရောက်တော့

"တောက်!"မတွေ့ချင်တဲ့ဟိုဘွားတော်မျက်နှာကိုမြင်လိုက်ရလေသည်။ပြန်ထွက်ဖို့လှည့်တော့အဖေကလက်ကိုဆွဲထားလေသည်။

"သားအဖေတို့တွေမျက်နှာချင်းဆိုင်ဆုံပြီးထမင်းမစားရတာဘယ်လောက်ကြာနေပြီလဲ စားရအောင်ပါကွာ"

"ကျစ်!အဖေရာအဖေ့မျက်နှာကြောင့်နော်"

"ကျေးဇူးပါသားရယ်"

"ဟင်းတွေအေးကုန်တော့မယ်နော်ကို လာလေစားရအောင် ကွန်းမင်းလဲလာလေ"

"ခင်ဗျားကျုပ်နာမည်ခေါ်စရာမလိုဘူး"

"သား"

"ဟုတ်ပြီဗျာ သွားသွား စားရအောင်အဖေမြန်မြန်ပြီးအေးတာပဲ"

"ရော့ဒီမှာကို့အတွက် ကွန်းကပုစွန်ကြိုက်တာမလားအန်တီချက်ပေးထားတယ်ရော့"

"ကျုပ်ငါးဟင်းနဲ့ပဲစားမယ်ထည့်ပေးစရာမလိုဘူး"

"သား သားပုစွန်အရမ်းကြိုက်တာလေဘာလို့မစားတာလဲဒီမှာပုလဲကသားအတွက်ချက်ပေးထားတာကို"

"သူချက်ပေးလို့ကိုမစားတာဗျာ"

"ကွန်း မင်း!"

"အဲတာတွေကြောင့်အခုလိုထိုင်မစားချင်တာဗျသိလား သူသားတို့သားအဖကြားထဲဝင်လာတိုင်းသားတို့အမြဲစကားများရတယ်ဘာတစ်ခုမှကောင်းကျိုးကိုမပေးတာ"

"ကွန်း တော်တော့သား အဖေဆန္ဒကိုဒါလေးတောင်မဖြည့်ပေးချင်ဘူးလား"

"ဒီတစ်ခါတော့ထားလိုက်တော့နောင်တစ်ခါဒီလိုစားချင်ရင်သားတို့သားအဖနှစ်ယောက်ထဲစားကြမယ်"

"....."
ညစာစားပြီးသွားကြတော့အသီးသီးကိုယ်စီကိုယ်စီအခန်းတွေဆီဝင်သွားကြလေသည်။ပုလဲလဲသူတို့အခန်းထဲဝင်သွားလေသည်။ဦးကွန်းစံလဲနောက်ကလိုက်သွားလိုက်သည်။

"ပုလဲ"

"ရှင် ကိုပြောလေ"

"ကိုယ်တောင်းပန်ပါတယ်ခုနကကိစ္စကို"

"ရပါတယ်ဒါတွေကအခုမှစဖြစ်တာမှမဟုတ်တာပုလဲဒီအိမ်ကိုစရောက်ထဲကကြုံနေရတာဘာမှမဖြစ်ပါဘူး"

"နားလည်ပေးလို့ကျေးဇူးပါပုလဲရယ်"

"အိုမလိုတာ ကိုလဲပုလဲဆိုးခဲ့တာတွေကိုနားလည်ပေးခဲ့တယ်မလားဒီလောက်ကဘာမှမဟုတ်ပါဘူး"

"ချစ်လိုက်တာပုလဲရယ်"

"ပုလဲလဲကို့ကိုချစ်တယ်"
_____________________________
"သူခန့်ရေ သူခန့်"

"ဟေ လာလေအိမ်ထဲ"

"ငါတို့ပြခန်းသွားကြည့်ရအောင်လေဒီနေ့စပြီကွ"

"ဟင်ဒီနေ့လား"

"အေးလေလာသွားရအောင်"

"အေးအေးငါအင်္ကျီလဲလိုက်ဦးမယ်ခန"

"အင်း အင်း"

"ပြီးပြီသွားရအောင်"

"လာ"

ပြခန်းသို့ရောက်သော်

"ငါ့ကောင်ရေဒီတစ်ခေါက်ကတော့မင်းပွဲပဲဟေ့မင်းနိုင်မှာသေချာတယ်"

"ဟီး ငါလဲအဲလိုပဲထင်နေတယ်"

"Resultကဘယ်နေ့ထွက်မှာလဲ"

"သန်ဘက်ခါ"

"ဪအဲ့နေ့ကြငါ့ကိုပုစွန်ကြော်အဝကျွေးဖို့သာပြင်ထားပေတော့"

"သေချာရင်ဘယ်လောက်စားချင်လဲသာပြောလိုက်"

"အိုကေပါစဉ်းစားထားလိုက်မယ်"

"ဒါနဲ့မင်းဆီဟိန်းမြတ်ဖုန်းဆက်လား"

"အေးဆက်တယ်ဘာလို့"

"သိချင်လို့ပေါ့ကွ"

"အေးပါကွာ"

"မင်းရောဖုန်းဆက်ဖြစ်လားသူ့ဆီ"

"သူဆက်တာငါလဲတစ်ခါတလေဆက်တယ်"

"ဪအေးအေး အရင်လိုမျက်နှာချင်းဆိုင်တော့မတွေ့ရပေမယ့်ဖုန်းလေးနဲ့ပြောရတော့တော်သေးတာပေါ့"

"ဟုတ်တယ် ဘာလဲမင်းကအဖြေတွေပါပေးချင်နေပြီလား"

"မဟုတ်ပါဘူးကွမင်းကလဲ"

"ရှက်ရမ်းရမ်းမနေပါနဲ့ကွာအချင်းချင်းကို"

"မင်း!"

"ဟားဟား လူပျိုကြီးရှက်သွားပြီ"

"အေးမင်းသေဖို့သာပြင်ပေတော့"

"မိအောင်သာဖမ်းစမ်းပါ"

Continue Reading

You'll Also Like

205K 2.3K 18
I have found an ideal life. I have a loving husband, no work and no danger. This is exactly what I wanted when I ran away and changed my identity. Bu...
262K 18.2K 56
ABHIMANYU RATHORE :- Rude , workaholic CEO of Rathore Empire .Devilesing hot , every girls drools over him .But loves his family to dearest . . SAKS...
978K 30.3K 61
Dans un monde où le chaos et la violence étaient maitre, ne laissant place à ne serrait ce qu'un soupçon d'humanité. Plume était l'exception. Elle...
696K 100K 38
Yaduvanshi Series #3 it is a book under yaduvanshi series. But it could be read as standalone too. Nitya Raghavendra is a telugu businesswoman earnin...