ဒီနေ့ဟာ ပင်ပန်းနေတဲ့စိတ်တွေ ပေါ့ပါးသွားတဲ့နေ့တစ်နေ့ပါပဲ။
ဘာကြောင့်လဲဆိုတော့ သူသိပ်ကြိုက်ရပီး နှစ်ချီကာ စိတ်နှစ်ရေးခြစ်ထားသော ''Jeon''ဆိုတဲ့ ပန်းချီကားတစ်ချပ် ရောင်းထွက်သွားခဲ့သည်။
''Jeon''မှာ ငယ်ရွယ်ခြင်းအတိတ်တွေပါဝင်သည်။
''Jeon''မှာ လွမ်းဆွေးခြင်းအငွေ့အသက်တစ်ချို့ပါသည်။
''Jeon''မှာ ချစ်ခြင်းတရားလှလှလေးတွေပါသည်။
''Jeon''ဆိုတဲ့အမျိူးသားအပေါ် စိတ်ရောက်ခဲ့သလိုမျိူး "Jeon"ဆိုတဲ့ ပန်းချီကားငယ်အားလည်း သူလုံးဝနစ်မျောက ရေးခြစ်ခဲ့သည်။
အနှစ်နှစ်အလလ ငေးကြည့်ခဲ့ရတဲ့ မျက်ဝန်းတစ်စုံအား အနှစ်နှစ်အလလ သိပ်ကြိုက်ခဲ့တဲ့ ကော်ဖီလေးတစ်ခွက်နဲ့ရိုးရိုးလေးရေးဆွဲခဲ့ခြင်းတွေမှာ အတ္တမဆန်တော့သော မေတ္တာလှလှလေးသာပါဝင်နေခဲ့သည်။
သူ့ပယောဂမကင်းစွာ"Jeon''ဟာ အကျဥ်းကျနေချိန် သူလည်း အခန်းကျဥ်းလေးထဲမှ မထွက်ခဲ့တဲ့ရက်တွေ။မက်မောရပါသော မျက်ဝန်းတွေအား ပြန်မြင်ချင်ရုံလေးသာ ပိတ်ကားထပ် ထင်ဟပ်စေခဲ့ရုံ။
ကော်ဖီတွေသောက်ရင်း "Jeon''ကိုဆေးခြယ်ရင်းဖြင့် Taeဘဝဟာ အမှောင်ထဲမှာ နေသားကျနေခဲ့တာပါ။
သိပ်လွမ်းမိတယ်ကောင်ငယ်လေးရယ်။
ငယ်ငယ်လေးထဲက ကြိတ်ချစ် ကြိတ်လွမ်းခဲ့ရတဲ့ကောင်လေးကို အဆိုးဝါးဆုံးမြင်ခဲ့ရတဲ့နေ့က ''သြော် ငါ့အတ္တတွေက ငါ့အချစ်အပေါ်ပဲ သက်ရောက်စေပါလား''ဆိူတဲ့ အတွေးလေးဝင်ကာ စိတ်မလုံခဲ့ရတဲ့နေ့တွေ။
စိတ်နာခဲ့လို့မဟုတ်ရပါပဲ တလောကလုံးနှင့်ရင်မဆိုင်ရဲ၍ ကမ္ဘာအပြင်ဘက်ခြမ်းထိထွက်သွားရအောင်လည်းသတ္တိကမရှိနေသောကြောင့် New York ဆိုတဲ့ မြို့ကြီးပြကြီးကို ပိုင်ဆိုင်သမျှအကုန်ပုံအောကာရောက်လာခဲ့သည်။
ကံကောင်းခဲ့တာလား ကံဆိုးခဲ့တာလား မကွဲပြားသော အခြေနေမှာ သူဟာ သန်းခေါင်ယံကြီး နှင်းဖွဲဖွဲရွာကျနေတဲ့ လူသွားလမ်းမကြီးပေါ်တစ်ယောက်ထဲ။
အရင်ကဆို ဘယ်နေရာရောက်ရောက် "Jeon''ရေလို့လှမ်းခေါ်ရုံနဲ့ အပြေးရောက်လာတတ်သူအား မေ့ပစ်တော့မည့်ဆဲဆဲမှ သတိကရနေမိသေးသည်။
အေးစက်တဲ့ရာသီရယ် မရင်းနှီးတဲ့ပတ်ဝန်းကျင်ဝယ် တစ်ယောက်ထဲ အသဲကွဲနေချိန် အညိုရောင်ပေါက်စလေးတစ်ကောင်က ဘဝထဲဝင်ရောက်လာခဲ့သည်။
''ဒီလောက်အေးရတဲ့အထဲ မင်းက ဘာလို့ ဒီမှာလဲ''
Taeက အသံတိုးတိုးလေးဖြင့်သာ ပြောလိုက်ပေမယ့် ထိုအညိုလုံးလေးကတော့ ကျယ်လောင်သောအသံဖြင့်တစ်စုံတစ်ယောက်အား အသံလှမ်းပြုလေသည်။Taeလန့်သွားခဲ့တာတော့အမှန်ပါ။
ဟော...ရောက်လာပါပီ။
အဖြူရောင်ခေါင်းစွပ်လုံးလုံးလေးဖြင့် အထုပ်လေးတစ်ခုဆွဲကာ အညိုရောင်လေးအား ငုံ့ကာကြည့်လျက် လျှောက်လာသောသူ။
''ရား....Min Holly... မင်းအသံက ကျယ်နေရော လာ...ပြန်ကြမယ် ဒီလောက်လမ်းလျှောက်ပြီးရင်တော်ရောပေါ့ကွ''
ထုံးစံအတိုင်း Min Hollyတို့က သန်းခေါင်ယံဆို သိပ်လမ်းလျှောက်ချင်တာ။သူလည်းအိမ်ထဲကအိမ်ပြင်မထွက်ရတော့ လူတွေများလို ညောင်းညာနေမှာ။သို့ပေမယ့် အလိုက်သိတတ်တဲ့ အလိမ္မာလေးကတော့ သူအားသည့်အချိန် အင်း...ညသန်းခေါင်ယံအချိန်ပေါ့ ဒီအချိန်ဆို ပေါက်စအား အလိုလိုက်ရသည်။မဟူတ်ရင်တစ်ညလုံး နားညီးလွန်း၍အိပ်ရမယ်မဟုတ်။
Min Hollyရဲ့ စကားများရာကို လှမ်းကြည့်မိတော့
မီးရောင်ဝါဝါများအောက်ကအညိုရောင်လူသားလေး။Coatအညိုရောင်ရှည်ကြီးကိုဝတ်ဆင်ထားပြီး ခရီးသွားတစ်ယောက်နဲ့တူနေသည်။ကောက်ကွေးနေသောဆံပင်တွန့်လေးများကို စုစည်းထားသူက နှုတ်ခမ်းမွေးခပ်ရေးရေးလေးဖြင့်။
မျက်ဝန်းများက အံ့သြသလိုကြည့်နေပေမယ့် ဝမ်းနည်းအထီးကျန်မှုတွေပါသည်။တစ်ခုခုကိုပြောချင်နေပေမယ့်ပွင့်ဟမလာသော ပိပိရိရိနှုတ်ခမ်းလေးတွေ။
''မင်း....လမ်းပျောက်နေတာလား''
''ဟင့်အင်း....ပျောက်စရာလမ်းကို ကျွန်တော့်မှာမရှိတာ''
သူကသာEnglishလိုပြောလိုက်ပေမယ့် ကိုရီးယားလိုပြန်တုန့်ပြန်လာသော အဖြေမှာ ထပ်မံအံ့သြရပြန်ပါသည်။ဒီမျက်လုံးစိမ်းတွေနဲ့ကောင်လေးကိုဘယ်လိုလုပ် ကိုယ့်လူမျိုးလို့ထင်မိမှာလဲ။
နဂိုထဲက ကြင်နာတတ်တဲ့ စိတ်ရင်းအခံရှိသူသည် အထီးကျန်ဆန်သောကောင်ငယ်လေးအားအနွေးထွေးဆုံးပြုံးပြလိုက်သည်။
''စိတ်မပူပါနဲ့ ကိုယ်က မင်းကို လမ်းရှာပေးမယ့်သူ ဒါမှမဟုတ် လမ်းအသစ်ဖောက်ပေးမယ့်သူ မင်း ယုံကြည်လို့ရပါတယ်''
''ကျွန်တော် ဘယ်လိုလူမျိူးလဲ လို့ရော မမေးတော့ဘူးလား ဟင်''
''ဒီလမ်းလယ်ခေါင်မှာ ဘယ်လိုလူမျိူးလဲ လို့မမေးသင့်ဘူးထင်တယ် အရင်ဆုံး ကိုယ့်အိမ်ကိုသွားရအောင်ကောင်လေး''
''အိမ်ရောက်ခါမှ ကျွန်တော်က လုပ်ကြံတဲ့သူဆိုရင်ရော''
''ဟား ဟား.... မင်းကိုယ့်ကိုမယုံပေမယ့် ကိုယ်မင်းကိုယုံပါတယ်''
''ကျွန်တော်ပြောချင်တာက ခင်များကို မယုံလို့မဟုတ်ဘူးလေ''
''လူတွေက ထပ်တူညီတဲ့ အတွေးတွေပဲ ပြောတတ်တာမလား''
''ဟာ....ဒီလူတော့ဗျာ''
လူကသာငြင်းဆန်နေပေမယ့် စိတ်ကတော့ အရှေ့မှ လူနောက်သို့ ကောက်ကောက်ပါအောင်လိုက်သွားတော့သည်။
စားသောက်ဆိုင်ရှေ့တစ်နေရာမှာရပ်ထားသော ကားလေးဆီသို့ သူ့အားလက်ဆွဲခေါ်လာကာ ရပ်စေသည်။
''မင်းကဒီမှာHollyနဲ့တူတူခဏရပ်နေဦး ကိုယ်အထုပ်တွေသယ်ခဲ့မယ်''
''နေပါစေ ကျွန်တော် သယ်ပါ့မယ်''
''Hollyနဲ့သာနေပါ''
အဖြူရောင်ခေါင်းစွပ်လုံးလုံးလေးသည် အထုပ်တွေကို တစ်ယောက်ထဲ ခေါက်တုံ့ခေါက်ပြန်သယ်လေတော့သည်။
နောက်ဆုံးလက်ကျန်အထုပ်လေးဆွဲကာ လာနေသော လူသားအားငေးကြည့်မိရင်း တစ်ခါက လွယ်အိတ်လေးဆွဲခဲ့ပေးပါသော လူသားအား သတိရမိပါသည်။သို့သော်....သူကJeonနဲ့မတန်သည်မို့ Jeonကို သတိရဖို့ကိုပင်...မထိုက်တန်သည်မို့...ခေါင်းကို အသာခါမိသည်။အခုဆိုရင်ရော...Jeonတစ်ယောက် အေးများနေမလားဟင်...။
''ကဲ...သွားကြစို့ တက်ကြပါ နှစ်ယောက်လုံး''
နှစ်ယောက်လုံးဆိုသည့်အတိုင်းMin Hollyကတော့ အမြှီးခါယမ်းယမ်းဖြင့်ရှေ့ဆုံးမှတက်သွားတော့သည်။
သူလည်းနောက်မှလိုက်တက်ပြီးသည်နှင့်အညီ ကားလေးသည် မြို့လယ်ခေါင်မှတရွေ့ရွေ့ မောင်းနှင်သွားတော့သည်။
ဘေးပတ်ဝန်းကျင်မှာ လမ်းမီးတိုင်က လွဲ၍ ဗလာနတ္ထိ ဘာမျှမရှိပေ။ညဘက်မို့ လမ်းနံဘေး ဘာရှိသည်ကိုတော့ သူ သဲသဲကွဲကွဲ မမြင်ခဲ့ရ။
မိနစ်အနည်းငယ်မောင်းနှင်လိုက်တော့...မီးမှိန်မှိန် ခြံဝင်းထဲသို့ ရောက်လာခဲ့သည်။
အိမ်မှာနေတုန်းကလိုမျိုး ခြံစောင့်ဦးလေးကြီးတို့ အန်တီကြီးတို့ရှိမနေ။သော့ခပ်မထားသော တံခါးတစ်ချပ်သာ အထီးကျန်ဆန်စွာ။
''ဒါ ကိုယ့်ရဲ့အိမ် ဆင်းတော့...ဒီတစ်ညတော့ တည်းခိုခွင့်ပြုမယ်''
တစ်ညလေးပေးနားတယ်ဆိုရင်ပဲကျေးဇူးတင်နေသည်မို့ သူဘာမှမတုန့်ပြန်ပဲ ဆိတ်ဆိတ်နေလိုက်သည်။
''ရား....Holly တံခါးဖွင့်...''
Min Hollyဆိုတဲ့အကောင်ပေါက်လေးသည် ကားပေါ် မှပြေးဆင်းသွားကာ တံခါးအောက်က မီးအပြာရောင်လေးကို သူ့လက်လေးဖြင့် တို့လိုက်သည်ဆိုရင်ပဲ တံခါးသည် အလိုလိုပွင့်သွားခဲ့သည်။
''မီးတွေပါဖွင့်...သွား''
သခင်ကစေခိုင်းတော့ အိမ်ထဲအပြေးဝင်သွားတော့သည်။ ခဏကြာတော့ အိမ်တစ်ခုလုံးမီးထိန်ထိန်လင်းကာ သပ်ရပ်သော ဧည့်ခန်းတစ်ခုက သူ့အားကြိုဆိုလျက်။.
''အိတ်တွေက ကိုယ်သယ်ခဲ့မှာမို့မင်းအရင်ဝင်နှင့် Min Holly ဧည့်သည်ကိုရေပေး...မင်းကွာ ဧည့်ဝတ်မကျေလိုက်တာ''
အပေါက်ဝမှာအမြှီးကလေးတလှုပ်လှုပ်ဖြင့်ရပ်နေသော အကောင်လေးသည် ထိုလူကြီးစကားဆူံးသည်နှင့် အိမ်ထဲ ထပ်ပြေးဝင်သွားတော့သည်။
ဘယ်လောက်ထိသံယောဇဥ်ရှိပြီးကျင့်သားရနေသည်က အထင်အရှားပေ။ရေသန့်ဘူးလေးတစ်ခုကိုက်ချီကာ သူ့ခြေထောက်အောက်အပြေးလေးလာချပေးရှာသည်။ ပြီးတော့ သူ့အိမ်ဖြစ်ဟန်တူသော အညိုရောင် အိပ်ရာခင်းလေးထဲသို့ ခေါင်းတိုးကာသွားလှဲနေတော့သည်။တကယ့်လိမ္မာတဲ့ကလေးလေးပင်။
''ထိုင်ဦးလေ မင်းကြည့်ရတာ အင်း....တစ်ခုခုရှိဟန်တူတယ်''
ဆိုဖာပေါ် အထုပ်တစ်ချို့ချရင်း ထိုလူကြီးကစကားစဆိုသည်။
''ကျွန်တော် သူစိမ်းတစ်ယောက်ကိုရင်ဖွင့်လို့ကောင်းပါ့မလား''
''ဒီတိုင်းတော့ ဘယ်ကောင်းမလဲ...''
ထိုလူကြီးသည် ထသွားကာ အခန်းတစ်ခုအတွင်းသိူ့ဝင်သွားသည်။ပြီးတော့ လက်ထဲမှာ ဘီယာဘူးတစ်ချို့ ယူကာပြန်ထွက်လာသည်။
''ခရီးပန်းလာတယ်ဆိုပေမယ့် သောက်သင့်တယ် ရော့...ပြီးရင် ဘာဖြစ်ခဲ့လဲ ပြော...ကိုယ်က မတတ်နိုင်ဆုံး နားထောင်ပေးမယ် ကိုယ့်ဘဝကအထီးကျန်တယ်ဆိုပေမယ့် တဖက်သူရဲ့ခံစားချက်တွေကိုတော့ မျှဝေခံစားတတ်ပါတယ်''
ပြုံးပြသည်။ သူရှိနေပါတယ်ဆိုတဲ့အပြုံးလေး။
သူလည်း တစ်ယောက်ထဲ အထိီးကျန်သည်မို့ဖြစ်ချင်ရာဖြစ်ဟုဆုံးဖြတ်ချက်ချကာ ဘီယာဘူးအားဖောက်မော့လိုက်သည်။
အရှေ့မှလးကလည်းအမြည်းအစုံပြင်ပေးကာ သူ့ရင်ဖွင့်သံကိုနားဆင်ရန်အသင့်ပင်။
အရည်ကလေးဝင်လာတော့Taeတို့ ဝမ်းနည်းမှုက စတင်တော့သည်။
''ခင်များ ချစ်တဲ့သူကို ဆုံးရှုံးဖူးလားဟင်''
''အင်း...ဆုံးရှုံးဖူးတာပေါ့ အများကြီး ကိုယ့်ပါးပါး မားမားနဲ့ ပီးတော့ သိပ်ချစ်ရတဲ့ကလေး အများကြီးပဲ''
တဖက်မှသူလည်းအရှိန်လေးရလာတော့ ခံစားချက်များဖွင့်ဟလာသည်။
''ကျွန်တော်ကလေ သူ့ကိုသိပ်ချစ်ခဲ့တာ အချစ်ကိုစသိထဲက သူပဲ ဗျာ အရာရာသူပဲ ဒါပေမယ့်လေ သူ သူက ကျွန်တော့်ကို တစက်လေးရယ်တောင် မမြင်ခဲ့ဘူး''
''ဒီလိုပါပဲ တစ်ချို့တစ်ချို့သော သူတွေက မေတ္တာတရားနဲ့မထိုက်တန်ဘူးလေ''
''ဘယ်ထိုက်တန်ပါ့မလဲ ကျွန်တော် က အရမ်းကိုမှ စိတ်ဓာတ်ညံ့ဖျင်းပီး..... အရမ်း ကိုအောက်တန်းကျခဲ့တာ.....Jeon သနားပါတယ် ကျွန်တော့်ကြောင့် သူ့အချစ်နဲ့လွဲခဲ့တယ် ပီးတော့ သူ့အနာဂါတ်တွေကို ကျွန်တော်က ရိုက်ချိုးခဲ့တာ''
''ကိုယ်သိပ်နားမလည်လို့....''
မျက်ဝန်းလေးမှေးကာ နားမလည်ဟန်တူသော အရှေ့မှ လူကြီးကြောင့် ဟိုးအတိတ်ကိုပြန်ကာ သွားခဲ့ရသည်။
Jeon ကိုစတင်ချစ်ခဲ့ခြင်းအတိတ်
Jeonကို တမ်းတမက်မောမိခဲ့သောနေ့ရက်တွေ
Jeonမျက်နှာသာ တစ်ကမ္ဘာတည်ကာ ရှေ့ဆက်မရတော့တဲ့အနာဂါတ်တွေ
Jeonကြောင့် ဖြစ်ခဲ့ရတဲ့ နာကျင်မှုတွေ စိတ်ဒဏ်ရာတွေ
ပီးတော့ Jeonသိပ်ချစ်ရတဲ့ကောင်လေးကို မုန်းမိတဲ့ နေ့ရက်တွေ
နောက်ဆုံး.....နောက်ဆုံး...အနာကျင်ရဆုံး စာမျက်နှာတွေ အထိ သူဟာ ပြိုလဲစွာ ရင်ဖွင့်နေသည်က သူစိမ်းတစ်ယောက်အရှေ့ဝယ်။
သူဖွင့်ပြတဲ့စာမျက်နှာတစ်ရွက်ချင်းစီကို သေချာနားလည်ပေးကာ နောက်ဆုံးစာမျက်နှာမှာတော့ ထိုလူကြီးဟာ မျက်ရည်စတစ်ချို့ကျလေတော့သည်။
''မင်း....သိပ်ရက်စက်လွန်းတယ် ကောင်လေးရယ်''......တဲ့။
2.10.2023💭
ကြိုက်ကြရဲ့လားတော့မသိပါဘူး
တစ်ခုခုမန့်ခဲ့ပေးပါ
မန့်တစ်ခုတိုင်းက နောက်တစ်ပိုင်းဆက်မယ့်ခွန်အားတွေပါ