မိုးရေစက်တွေမေးသောပဟေဠိ(Compl...

By NwayAriven12400

31.5K 763 15

မိုးရေစက်လေးတွေရယ် ခပ်ဆိုးဆိုးကောင်လေးတစ်ယောက်ရယ် ရင့်ကျက်တည်ငြိမ်လွန်းတဲ့ မမတစ်ယောက်ရယ် IQမြင့်လွန်းတဲ့ ကလေး... More

Part(1)
Part(2)
Part(3)
Part(4)
Part(5)
Part(6)
Part(7)
Part(8)
Part(9)
Part(10)
Part(11)
Part(12)
Part(13)
Part(14)
Part(16)
Part(17)
Part(18)
Part(19)
Part(20)
Final Part

Part(15)

1.1K 34 0
By NwayAriven12400

"မိုးရေစက်တွေမေးသော ပဟေဠိ"

Part (15)
----------
----------

"ကလေးက ဘာစကားပြောတာလဲ!!"

မဟေ ကိုကိုနဲ့ဟိုမိန်းမကိုကြည့်ကာ လေသံမာမာနဲ့မေးချလိုက်သည်။
သိုလ်ကိုယ်တိုင်ကလဲ ရေစက်လေးပြောတဲ့စကားကိုနားမလည်သည်မို့ အံ့ဩနေမိဆဲ.။

"တောင်းပန်ပါတယ်...သားသားက သူ့ဖေဖေကိုစိတ်စွဲနေတာမို့လို့မှားနေတာပါ!!"

တန်ခူး ထိုမိန်းကလေးရဲ့လေဝင်လေထွက်ကိုသဘောပေါက်လိုက်သည်မို့ စကားကို အဆင်ပြေအောင်ပြန်ပြောလိုက်မိသည်.။ ဓီရာဇ်သိုလ်ကတော့ အံ့ဩနေတဲ့ပုံစံနဲ့ ဘာစကားမှ ထွက်မလာသေး..။

"သားသား မေမေနောက်နေ့မှ bearဝယ်ပေးမယ်နော်!!အခု အိမ်ပြန်ကြရအောင်!!"

တန်ခူးစကားကိုအလိုက်သိစွာ သားသားကခေါင်းငြိမ့်ပြလေသည်။
တန်ခူး ဘာစကားမှရှည်ရှည်ဝေးဝေး ထပ်မပြောချင်တော့တာကတော့ အမှန်...။
နောက်ပြီးတော့
သားသားဆေးရုံမှာပြောနေတဲ့ သူ့အဖေနဲ့ပတ်သတ်တဲ့စကားတွေကို တန်ခူးနားလည်သွားလိုက်သည်။
သားသားက သူ့ကိုဆေးရုံလိုက်ပို့ပေးတဲ့ ဓီရာဇ်သိုလ်ကို သူ့ဖေဖေလို့ထင်သွားပုံပင်...။
သွေးကစကားပြောတယ် ဆိုတဲ့အချက်ကို တန်ခူး အခုတော့ လက်ခံမိလာရသည်။
ဒါပေမဲ့ သူကသားသားအတွက်အဖေမဖြစ်ထိုက်သူလေ.။
တန်ခူး သားသားကိုချီလျက်နဲ့ပင် ထိုစုံတွဲကိုကျောခိုင်းပစ်လိုက်သည်။
သူ့တို့ကိုကျောပေးလိုက်သည်နှင့် တန်ခူးရင်ထဲ ခပ်စူးစူးခံစားချက်က နင့်ခနဲတိုးဝင်လာနေခဲ့လေသည်.။
ဒါဟာ တန်ခူး ဓီရာဇ်သိုလ်အပေါ်မှာ ခံစားမိတဲ့ခံစားချက်မျိုးမဟုတ်ပဲ
သားသားရဲ့အဖေအနေနဲ့ ထိုကဲ့သို့ သားသားအရှေ့မှာ သူ့ကိုမိန်းမတစ်ယောက်နဲ့မြင်တွေ့လိုက်ရတဲ့မြင်ကွင်းက တန်ခူးရင်ထဲဆိုးရွားစေသည်ကအမှန်ပင်.။

🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

"ကိုကို!!"

မဟေရဲ့ဆူအောင့်အောင့်အသံကြောင့် ဒီရပ်ဝန်းမှာ မဟေဒေါသလွှမ်းတော့မယ်မှန်း သိုလ်သိလိုက်သည်.။
ရေစက်လေးတို့သားအမိနဲ့ဆုံပြီးထဲကနေ ကားပေါ်ရောက်သည်အထိ တစ်လမ်းလုံးမဟေက ဆူဆောင့်အောင့်လျက်.။
အရင်ကလို မဟေ လူကြားမရှောင် သူကြားမရှောင် သောင်းကျန်းတတ်တဲ့အကျင့်ကို ထုတ်မပြခဲ့တာတော်သေးသည်ပြောရမည် ။

"အွန်း ပြောလေ babe!!"

"အဲ့မိန်းမနဲ့ကိုကိုကဘာလဲ!!မဟေ ကိုကို့ကို အရင်တစ်ခါမိတ်ဆက်ပေးလိုက်ထဲက ကိုကိုဇာတ်လမ်းဆင်နေတာလား!!"

သိုလ်ကအေးဆေးပြောနေပေမဲ့ မဟေရဲ့အောင့်လာတဲ့ဒေါသကတော့စလာလေပြီ.။

"ဘာမှမဟုတ်ပါဘူးကွာ babeရာ!!ကိုကိုက အဲ့မိန်းမနဲ့ ဘာဖြစ်ရမှာလဲ!!သူကနိုင်းမာန်ဆရာမ ဆိုပြီး babeမိတ်ဆက်ပေးတာတောင် ကိုကိုကသိခဲ့တာမဟုတ်ဘူး!!အခုက သူ့ကိုရေစက်လေးအမေအနေနဲ့ပဲကိုကိုသိတာ...စကားတောင်ရေရေလည်လည်မပြောဖူးဘူး!!"

"အဲ့ကလေးကို ကိုကိုကဘယ်လိုသိတာလဲ!!"

မဟေရဲ့မဆုံးနိုင်တော့တဲ့ စကားတွေကြား သိုလ်ဖြေရှင်းချက်တွေပေးနေမိသည် ။

"ရေစက်လေးက Zorenမှာကျောင်းတက်နေတာ!!အရင်က ကိုကိုတာဝန်ခံအိမ်ကိုသွားတော့ ရေစက်လေးကိုတွေ့လိုက်တာ အဲ့လောက်ပဲ!!"

"အဲ့ကလေးက Zorenမှာ ကျောင်းတက်နိုင်တဲ့အခြေအနေမျိုးမဟုတ်ဘူးနော် ကိုကို!! ဆေးရုံဆိုတာကရော ဘာလဲ !!ဖေဖေဆိုတာတွေရော ကိုကိုဘာတွေမလည်ရှုပ်လုပ်ထားတာလဲ!!"

မဟေရဲ့အသံက ကားထဲ တစတစ ကျယ်လာလေသည်.။

"ကိုကိုရှင်းပြမယ်  ဆေးရုံဆိုတာက ကလေးကအရင်အပတ်က Zorenမှာသလိလစ်သွားတယ်...ကိုကိုကလဲကျောင်းကိုသွားစစ်တော့ ကလေးသတိလစ်တဲ့အချိန်နဲ့တိုးလို့ ကိုကိုက ကလေးကိုဆေးရုံပို့ပေးခဲ့ရတာ...ကျန်တာတော့ကိုကိုလဲမသိဘူး!!"

"ကလေးက ဖေဖေဆိုတာကရော!!"

"အဲ့ဒါက ကိုကိုဘယ်သိမလဲ ဘေဘီရယ်!!ကလေးက fatherless childလေ....ကိုကိုက ဘယ်လိုလုပ်သူ့အဖေကိုသိရမှာလဲ!!"

"ကိုကိုက အဲ့ကလေး fatherless childမှန်းဘယ်လိုသိလဲ!!"

အကြောင်းမရှိ အကြောင်းရှာ အစရှာရစ်နေတဲ့ မဟေ ကြောင့်သိုလ်စိတ်ညစ်လာသလိုဖြစ်လာရသည်.။
သိုလ် မဟေကိုချစ်သည်။
ဒါပေမဲ့ ပြဿနာသေးသေးမွှားမွှားတစ်ခုကို အခုလို ချည်ငင်သလို ရစ်နေတဲ့ အရစ်မျိုးကတော့ သူ့နဲ့တကယ်အဆင်မပြေ.။
ချစ်သူသက်တမ်း၂နှစ်ဆိုတဲ့ ကာလတာတစ်ခုကြောင့် သိုလ် ဒီလောက်သည်းခံနေခြင်းပင်.။

"မင်းသိလား မဟေ!! ဓီရာဇ်သိုလ် ဆိုတဲ့ ငါ့ဘဝမှာ ဘယ်မိန်းမကိုမှ စိတ်ရှည်ခဲ့တာမဟုတ်ဘူးနော်!!"

"ကိုကို!!"

သိုလ့်စကားကြောင့်မဟေ ဒေါသထွက်လာရကာ သိုလ့်နမည်ကို  ဆောင့်ကြီးအောင့်ကြီးခေါ်လိုက်မိသည်.။

"တောက်!!"

"ဒုန်း!!"

"Taxi!!"

မဟေ ကားပေါ်ကနေ ချက်ချင်းဆင်းကာ ကားတံခါးကိုဆောင့်ကြီးအောင့်ကြီးပိတ်လိုက်ပြီး တက္ကစီ တားကာ ထိုနေရာမှထွက်ချလာလိုက်သည်.။
မဟေတက္ကစီပေါ်မှာ ဒေါသတွေက တနုံ့နုံ့နဲ့ပင်ထွက်လာရသည်.။
ပိုဆိုးစေသည်က ကိုကိုက မဟေ ကိုလိုက်မခေါ်တဲ့အပြင် ကားကိုအနောက်ကိုပြန်ကွေ့ကာ ထွက်သွားခြင်းကြောင့်ပင်.။

"တောက် !!စိတ်တိုလိုက်တာ!!"

"မဟေ နေမကောင်းဘူးလား!!"

အိမ်ထဲဒေါကြီး မောကြီးဝင်လာတဲ့ မဟေကိုကြည့်ပြီး အိမ်အကူဒေါ်အိ မေးလိုက်ခြင်းပင်။

"အဒေါ်ကြီး ကျွန်မကိုလေမရှည်လို့မရဘူးလား...စိတ်တိုနေရတဲ့ကြားထဲ တကယ်ပါပဲ!!မေမေရော!!"

"မမ အပြင်ထွက်သွားတယ် မဟေ!!"

"အာ့ဆိုလဲ ကျွန်မအတွက် ရေအေးအေးလေးတစ်ခွက်သွားယူပြီး အခန်းထဲလာပို့ပေး!!"

ထိုမျှသာပြောပြီး မဟေ အပေါ်ထပ်တက်လာခဲ့သည်။
ဒေါ်အိက မဟေအမေ အပျိုထဲဒီအိမ်ရဲ့အိမ်အကူဖြစ်သလို အသက်ကလဲ မဟေ အမေထက်၅နှစ်ကြီးသည့် အပျိုကြီးဖြစ်သည်.။
မဟေက စိတ်ကောင်းဝင်နေရင် အပြောချိုသလောက် ဒေါသဖြစ်နေတဲ့အချိန်ဆိုရင် သူ့ကိုယ်သူ  "ကျွန်မ"လို့သုံးတတ်သလို အသက်ကြီးတာငယ်တာကိုလဲသိပ်ဂရုမစိုက်တတ်သူဖြစ်သည်.။

"ကြည့်ရတာ သားသိုလ်နဲ့ပြဿနာဖြစ်လာပြန်ပြီနဲ့တူတယ်!!"

ချမ်းသာကြတာချင်းအတူတူ သိုလ်က တကယ်လူမှုရေးပြည့်ဝပေမဲ့ မဟေရဲ့လူမှုဆက်ဆံရေးကတော့ တကယ်ကွာခြားလွန်းသည်။
"အသွင်တူမှ အိမ်သူဖြစ်တာ" ဆိုတဲ့စကားက မှားနေသလိုပဲ.။

ဒေါ်အိ အပေါ်ထပ်တက်သွားတဲ့မဟေရဲ့ကျောပြင်ကိုကြည့်ပြီး သက်ပြင်းသာချလိုက်မိသည်။

🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

သိုလ် တစ်ယောက် အဲ့လိုတွေရစ်တတ်တဲ့မဟေနဲ့ ပြဿနာဖြစ်နေကျမို့ ဒီတစ်ခါတော့ သွားစချော့ဖို့အစီအစဉ်မရှိ။
သူ့ကို ချစ်လို့ သဝန်တိုတာသိပေမဲ့
အခုဟာက ကလေးတစ်ယောက်အမေနဲ့တောင် သူ့ကိုအလွတ်မပေးပဲ သဝန်တိုတာက လွန်လွန်းသည်။

"မင်းကို နားလည်ပြီးသည်းခံဖို့ ငါတော်တော်ကြိုးစားရဦးမှာပဲ မဟေ!!"

🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

ဒီနေ့ ရေစက်လေးကျောင်းတက်တဲ့နေ့ပင်

"ဟျောင့်!! ရေစက်သဏ္ဋာန်!!"

နေ့လည်မုန့်စားဆင်းချိန် မေမေထည့်ပေးလိုက်တဲ့ မုန့်ထုပ်ကိုကိုင်ကာ ကစားကွင်းဆီသို့လာစဉ်
ရေစက်လေး သူ့ပခုံးကို အနောက်ကနေလာထိတဲ့အထိအတွေ့ကြောင့် လှည့်ကြည့်မိတော့ အရှေ့ဆုံးခုံက ကျောင်းသားနဲ့ သူ့သူငယ်ချင်းတွေ.။

"ဘာပြောမို့လဲ!!"

"မင်းကအဖေမရှိဘူးဆို!!"

တဖက်ကောင်လေးရဲ့ စကားကြောင့် ရေစက်လေးအံ့ဩသွားရသည်.။သူ့မှာ အဖေမရှိတာ သူတို့ဘယ်လိုသိသွားလဲ သူမသိ။

"ငါ့မှာ ဖေဖေ မရှိဘူးလို့မင်းကိုဘယ်သူပြောလဲ!!ငါ့ဖေဖေက အလုပ်တွေရှိနေလို့ အလုပ်သွားလုပ်တာ...ငါနေမကောင်းတုန်းက ဖေဖေ ငါ့ဆီပြန်လာတယ်!!"

သူ့မေမေပြောထားတဲ့စကားတွေကိုမှတ်ထားကာ တစ်ဖက်ကလေးတွေကိုပြန်ချေပလိုက်သူက ရေစက်သဏ္ဋာန် ပင်.။

"အပိုတွေပါကွာ...မင်းမှာဖေဖေရှိတယ်ဆို ဘယ်မှာလဲပြလေ...မင်းကလိမ်နေတာ မင်းမှာ ဖေဖေမရှိပါဘူးကွာ!!"

"ငါ့မှာ ဖေဖေရှိပါတယ်ဆို...မေမေလဲပြောတယ် ငါ့မှာဖေဖေရှိတယ်တဲ့!!"

"မရှိပါဘူးကွာ...မင်းမှာ ဖေဖေမရှိတာ ငါတို့အားလုံးသိပြီးသွားပြီ!!"

"ဟုတ်တယ် ရေစက်သဏ္ဋာန်ဆီမှာ ငါတို့လို ဖေဖေမရှိဘူး!!"

"ရေစက်သဏ္ဋာန်မှာ ဖေဖေမရှိဘူး!!"

"ရေစက်သဏ္ဋာန်မှာ ဖေဖေမရှိဘူး!!"

"ရေစက်သဏ္ဋာန်မှာ ဖေဖေမရှိဘူး!!"

ကလေးတွေပီပီ ဝိုင်းစနောက်နေကြပေမဲ့ ထိုအသံတွေကိုကြားလာတာများတော့ ရေစက်လေး မခံနိုင်တော့။

"မဟုတ်ဘူးလို့ ငါ့မှာဖေဖေရှိတယ်လို့!!"

ငိုသံဝဲဝဲလေးနဲ့ သူပြောနေပေမဲ့ တခြားကလေးတွေက သူ့စကားကိုဂရုပင်မစိုက်ကြချေ.။

"ရေစက်သဏ္ဋာန်မှာ ငါတို့လိုဖေဖေမရှိဘူး!!"

"ရေစက်သဏ္ဋာန်မှာ ဖေဖေမရှိဘူး!!"

"ရေစက်သဏ္ဋာန်မှာ ဖေဖေမရှိဘူး!!"

"အား!!!!"

ကလေးတွေရဲ့အသံတွေက သူ့ကိုဝိုင်းပတ်ထားသည်မို့ ရေစက်လေး အသားကုန်အော်ပစ်လိုက်ကာ ထိုနေရာမှ ပြေးထွက်လာလေတော့သည်။

🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

"ဆရာမ ကျွန်မအခန်းထဲက သူငယ်တန်းကလေးတစ်ယောက်ပျောက်နေလို့ပါ ဆရာမ!!"

သူငယ်တန်း (A)ခန်းရဲ့ အတန်းပိုင်ဆရာမ က အတန်းမှူးကိုအရေးကြီးသုတ်ပြာလာပြောသည်မို့ အတန်းမှူးလဲ လန့်သွားရသည်..။
မုန့်စားဆင်းချိန်က  ပြန်တက်လာပေမဲ့ ကလေးတွေထဲက တစ်ယောက်ကတော့ပျောက်နေဆဲ..။

"ဟယ် ဒုက္ခပါပဲ!!ဘယ်ကလေးပျောက်သွားတာလဲ!!"

"ဟိုအပတ်က မူးလဲသွားတဲ့ကလေးပါ ..."

"ရေစက်သဏ္ဋာန် လား!!"

■■■■■■■■■■■■■■■■■

"အီး ဟီး ဟီး!!"

"ငါ့မှာ ဖေဖေရှိပါတယ်ဆို!!ဖေဖေကတကယ်ရှိပါတယ်ဆို..သူတို့ပြောသလို မဟုတ်ပါဘူးဆို အီး ဟီး ဟီး!!"

ကျောင်းရဲ့ သူငယ်တန်းအဆောင်က ပွင့်နေတဲ့စတိုခန်း နံရံကြားမှာ ငုတ်တုတ်ထိုင်ရင်းဒူးနှစ်ဖက်ပိုက်ကာ ငိုနေတဲ့ သူငယ်တန်းကလေးတစ်ယောက်...။
မျက်နှာရော မျက်လုံးတွေပါ ဖောင်းတက်လာကာ  မနက်က ပါးပြင်မှာလိမ်းလာတဲ့သနပ်ခါးတွေကလဲ မျက်ရည်တွေကြား ပျက်လုနီးနီးဖြစ်လာလေသည်။

"အီး  ဟီး ဟီး"

နှာခေါင်းကနေ ထွက်လာတဲ့နှပ်တွေကို ဝတ်ထားတဲ့ ကျောင်းအင်္ကျီနဲ့သုတ်ကာထိုနရံတွေကြားမှာ ရေစက်လေး ငိုနေဆဲ။

■သားသားက နေကောင်းသွားပြီဆိုတော့ ဖေဖေက လုပ်စရာရှိတဲ့အလုပ်တွေသွားပြန်လုပ်နေတာလေ!!!

သူ့နားထဲပြန်ကြားလာရသည်က သူဆေးရုံမှာတုန်းက မေမေပြောတဲ့စကားတချို့။

■ဒါဆို ဖေဖေက သားသားနေကောင်းရင်မရှိတော့ပဲ
သားသားနေမကောင်းမှရောက်လာတာလားဟင်...

ရေစက်လေး အတွေးတွေနဲ့ စိတ်တွေက မေမေပြောတဲ့စကားတွေနဲ့ ခုနက သူ့ကိုလှောင်ပြောင်ခဲ့တဲ့ကလေးတွေရဲ့ စကားသံတွေကြား လွင့်မြောနေခဲ့သည် ။
IQမြင့်တဲ့ ကလေးတစ်ယောက်ရဲ့ဦးနှောက်ထဲ ဝင်လာတဲ့ အတွေးတချို့က မှားယွင်းနေခဲ့မယ်ဆိုရင်....

■■■■■■■■■■■■■■■■

"ဆရာမ !!ဆရာမ!!"

ကလေးပျောက်လို့ အသဲအသန်လိုက်ရှာနေတဲ့ ဆရာမတွေကြားကို ဝင်လာတဲ့ စိုးရိမ်တကြီး အော်သံကြောင့် ဆရာမတွေ ကြည့်မိတော့
ကျောင်းရဲ့သန့်ရှင်းရေး ကောင်လေးတစ်ယောက်

"ဆရာမ အပေါ်ထပ် စတိုခန်းနားကနေ ကလေးတစ်ယောက် အောက်ပြုတ်ကျလာလို့!!"

"ဘာ!!!"

ကျောင်းသန့်ရှင်းရေး ကောင်လေးရဲ့စကားအဆုံးမှာတော့ ဆရာမတွေရဲ့အာမေဍိတ်အသံတစ်ခန်းက ဖုံးလွှမ်းသွားလေတော့သည်။
ထို့နောက်...
ထို့နောက်မှာတော့....

ကျောင်းရဲ့ကစားကွင်းမြက်ခင်းပြင်ပေါ်က သွေးအိုင်ကြားမှာ သွေးတွေနဲ့အတူ မေ့မြောနေတဲ့ Zorenကျောင်းဝတ်စုံနဲ့ကလေးတစ်ယောက် ။
ထိုကလေးကတော့

"ရေစက်သဏ္ဋာန်!!"

ဆရာမတွေရဲ့အော်ဟစ်ကြားထဲမှာ ထိုသူငယ်တန်းကလေးလေးကတော့...

#Author-နွေ

Continue Reading

You'll Also Like

246K 6.1K 48
''လည်တယ်နော်..အချစ်ရေး အချစ်ရာမှာတော့ မင်းက ဆရာမကြီးပဲ..'' #သူရိန်နေမင်း ''အကိုလေး ဆိုးတယ်..ဒါပေမယ့် ပိုပိုကချစ်တယ်..ဘယ်တော့မှ မငြိုငြင်ပါဘူးလို့လဲ ဂ...
798K 25.8K 58
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
608K 5.1K 23
လိင်နှစ်မျိုးပါတဲ့ဒွိလိင်ကောင်လေးကို မွေးစားထားသည့်အဖေနှင့်အစ်ကိုကြီးက စားသည့်ဇာတ်လမ်း သုံးကြိမ်မြောက်ပြန်တင်ချင်း အသက်မပြည့်သေးရင်မဖတ်ပါနဲ့ရှင် crd...
54.4K 1.4K 24
ကိုကြီးနဲ့ ကျွန်တော် ဇာတ်လမ်းလေး🖤