"မိုးရေစက်တွေမေးသာ ပဟေဠိ"
Part (9)
-----------
-----------"ဟာ....အမတန်ခူး!"
မိုရ် သူ့ရဲ့storeလေးကိုပိတ်ပြီးထွက်လာတုန်းမှာပဲ ဆိုင်ရှေ့မှာ လက်လေးတွေပွတ်ကာရပ်နေတဲ့သူက အမတန်ခူး။
"အင်း...မောင်လေး...အမ မင်းကိုပြောစရာလေးရှိလို့ စောင့်နေတာ!!"
"ပြောစရာရှိတာများ အမရယ်..ဆိုင်ထဲဝင်လာခဲ့ရောပေါ့...ဘာလို့ဒီမှာရပ်စောင့်နေရတာလဲ !!"
"ရပါတယ်...အမကမောင်လေးအလုပ်ရှုပ်နေတယ်ထင်လို့ပါ!!"
"မဟုတ်တာ အမရယ်...လာပါ ကျွန်တော့်ဆိုင်ကပိတ်ပြီးသွားပြီဆိုတော့ ဟိုကော်ဖီဆိုင်မှာသွားပြောရအောင်!!"
"အော်...အင်းပါမောင်လေး!!"
တန်ခူး မိုရ်ပြတဲ့ ကော်ဖီဆိုင်လေးကို မိုရ်နဲ့အတူတူထွက်လာလိုက်သည်...။
တန်ခူး မိုရ်ကိုပြောစရာတွေမေးစရာတွေကဒုနဲ့ဒေးပင်...။
ဘာတွေဘယ်လိုစပြီးပြောရမလဲဆိုတာ တန်ခူးမသိပေမဲ့ မဖြစ်မနေပြောရမည်ဖြစ်သည်...။~~~At Star Coffee Shop~~~
"အမ ဘာသောက်မလဲ!!"
"ရပါတယ် မောင်လေးအဆင်ပြေတာမှာပါ!!"
မိုရ် ကာပချီနို ၂ခွက်မှာလိုက်ကာ
အမတန်ခူးကိုကြည့်မိတော့ ပိန်ကျသွားလိုက်တဲ့အမ တော်တော်လေးသိသာလွန်းသည်။
အရင်ကလို မြန်မာဝတ်စုံလေးတွေဝတ်ပြီး ဆံပင်အရှည်ကြီးမှာ ပန်းလေးတွေကလစ်လှလှလေးတွေပန်တတ်တဲ့ အမတန်ခူးအခုတော့ ခေါင်းစည်းကြိုး မျှင်မျှင်လေးတစ်ခုနဲ့သာ ဖွဖွလေးစည်းနှောင်ထားသေးသည်...။
အရင်ကမျက်နှာပြည့်ပြည့်လေးက အခုတော့ မျက်ကွင်းတွေပါညိုနေသယောင်ယောင်"ဦးလေးအတွက်ကျွန်တော်တကယ်စိတ်မကောင်းပါဘူးအမ!!"
"ဘယ်တတ်နိုင်မလဲကွယ်...အမတို့သားအဖကံပဲပေါ့!!"
"အမ ကျွန်တော့်ကိုပြောစရာရှိတာကဘာများလဲဟင်!!"
မိုရ်ရဲ့အမေးကြောင့် တန်ခူး ဘာတွေစပြောရမယ်မှန်းမသိသေး...။
ဒါပေမဲ့ တန်ခူး ဟိုကောင်လေးကိုစောင့်နေတာ ၂လတောင်ကျော်နေပြီလေ...။
YOU ARE READING
မိုးရေစက်တွေမေးသောပဟေဠိ(Completed)(Unicode)
Romanceမိုးရေစက်လေးတွေရယ် ခပ်ဆိုးဆိုးကောင်လေးတစ်ယောက်ရယ် ရင့်ကျက်တည်ငြိမ်လွန်းတဲ့ မမတစ်ယောက်ရယ် IQမြင့်လွန်းတဲ့ ကလေးလေးတစ်ယောက်ရယ် သူတို့နှစ်ယောက်ကြားက ပဟေဠိတွေရယ်.... အချို အရို အငိုလေးတွေနဲ့ ၁၅၀၀အချစ်ရော၅၂၈ရောကိုပါတွေ့မြင်နိုင်မှာပါ.... သမီးက အဖေအပေါ် အမ...