"မိုးရေစက်တွေမေးသော ပဟေဠိ🍀"
🍀Part (5)🍀
---------------------
---------------------"ဂျောက်!!!"
အခန်းတံခါးဖွင့်သံနဲ့အတူ အခန်းထဲဝင်လာသည်က 'မိုရ်'....
သိုလ်တည်းနေတဲ့ဟိုတယ်ရဲ့ဒီအခန်းကို သိုလ်နဲ့မိုရ်သာဖွင့်နိုင်သည်မဟုတ်လား..."သိုလ် ချတော့မှာလား!!"
ဆေးရှုဖို့အတွက် ခဲပြားကိုသေသေချာချာ လုပ်နေတဲ့ သိုလ်ကိုကြည့်ပြီး မိုရ်မေးလိုက်ခြင်းပင်...
"အွန်း!!မင်းရော တစ်ခါထဲဝင်လုပ်မှာလား!!"
"ဟင့်အင်း!!ငါ ထိုးပဲထိုးတော့မယ်!!"
"Ok!!"
ICEဆိုတဲ့ ဆေးကိုထည့်ကာ လက်ထဲကမီးခြစ်ကို ကစားရင်း အငွေ့ကိုတရှိုက်မတ်မတ်ရှုနေသည့် သိုလ်က ထိုအရာကိုကျွမ်းကျင်စွာ...
ICEကိုတခြားလူတွေရှုရင် အငွေ့မွှန်တာတွေ ကြပ်တာတွေဘာတွေရှိပေမဲ့ သိုလ်ကတော့ ဘယ်တုန်းကမှ ICEနဲ့မီးခိုးမွှန်တယ် ကြပ်တယ်ဆိုတာမရှိ...
မိုရ်တောင်WYတောင် တနေ့ကို၁၀ပြားပဲရှုနိုင်ပေမဲ့ သိုလ်ကတော့ WYဆို တနေ့ကို ၃၅ပြားထိအသာလေးရှုနိုင်သည်...ဘေးနားက ဆေးထိုးအပ်ကိုယူကာ ဆေးလုပ်ဖို့ပြင်နေစဉ်
"ညနေကျရင်မင်း အမတန်ခူးကိုသွားကြိုမှာလား!!"
"အင်း..မနက်ကတောင် မမကို သွားစောင့်နေသေးတယ်!!"
ဆေးရှုတာကို ရပ်ကာ နှာခေါင်းကိုလက်ညိုးနဲ့ပွတ်ရင်း မိုရ်ရဲ့အမေးကို သိုလ်ပြန်ဖြေလိုက်သည်။
"မင်း အမတန်ခူးကို တကယ်ကြွေနေတာလား!!"
"ထင်တာပဲ!!ငါ့ကိုစကားဆက်မပြောလို့ရမလား!!"
နောက်ထပ် ထပ်ရှုဖို့ ICEကိုပြင်နေသည့်သိုလ်က တည်ငြိမ်စွာ...
သိုလ် စကားကြောင့် မိုရ်ဘာမှဆက်မပြောတော့ပေ...
မိုရ်ဒါသုံးတာ ၇လလောက်သာရှိသေးပေမဲ့ သိုလ် သုံးနေတာကတော့ ၂နှစ်လောက်ရှိနေပြီဖြစ်သည်။သိုလ် အငွေ့တွေကိုသာ ရှိုက်သွင်းရင်း လူက လန်းဆန်းလာခဲ့သည်။
ထို့နောက် ဘေးကဆေးလိပ်ဘူးကနေ စီးကရက်တစ်လိပ်ကို ထုတ်ကာ ဖွာလိုက်သည်...။
မိုရ်ကိုကြည့်မိတော့ မိုရ်ကလဲ လက်ထဲဆေးသွင်းမို့ အကြောရှာနေလေရဲ့...
ထို့နောက်မှာတော့...။
ICEအခဲတွေက အထုတ်ထဲမှာတရစ်တရစ်နဲ့လျော့နည်းလာလေတော့သည်...။
YOU ARE READING
မိုးရေစက်တွေမေးသောပဟေဠိ(Completed)(Unicode)
Romanceမိုးရေစက်လေးတွေရယ် ခပ်ဆိုးဆိုးကောင်လေးတစ်ယောက်ရယ် ရင့်ကျက်တည်ငြိမ်လွန်းတဲ့ မမတစ်ယောက်ရယ် IQမြင့်လွန်းတဲ့ ကလေးလေးတစ်ယောက်ရယ် သူတို့နှစ်ယောက်ကြားက ပဟေဠိတွေရယ်.... အချို အရို အငိုလေးတွေနဲ့ ၁၅၀၀အချစ်ရော၅၂၈ရောကိုပါတွေ့မြင်နိုင်မှာပါ.... သမီးက အဖေအပေါ် အမ...