Part(6)

1.1K 29 0
                                    

"မိုးရေစက်တွေမေးသော ပဟေဠိ🍀"

🍀Part (6)🍀
----------------------
----------------------

"တန်ခူး ကို့ကိုစဉ်းစားပေးနိုင်မလား!!"

ဒီနေ့က ကလေးတွေကိုစာမသင်ရတဲ့ရက်မို့ တန်ခူး ကိုသီဟနဲ့စကားပြောနေခြင်းဖြစ်သည်....
တမင်တကာချိန်းဆိုထားတာမျိုးမဟုတ်ပဲ တန်ခူးနဲ့ကိုသီဟစျေးမှာလာဆုံမိသွားကြခြင်းပင်....
ကိုသီဟ က အအေးဆိုင်ထိုင်ကြရအောင်ဆို၍ တန်ခူးငြင်းလို့မကောင်းသည်မို့ ဆိုင်ကိုလိုက်လာခဲ့သည်...

ွအခုတော့ ကိုသီဟက တန်ခူးကိုချစ်ခွင့်ပန်လေတော့သည်

"တန်ခူး ကိုယ့်ကိုစိတ်မခုဘူးမှတ်လား!!ကိုယ်က တန်ခူးနဲ့ကိုယ်ရဲ့ရင်းနှီးမှုကိုအခွင့်အရေးယူပြီး ဒီလိုအဆင့်ကျော်တာမဟုတ်ပါဘူး!!ကိုယ့်ဘက်က တန်ခူးကို တကယ့်မေတ္တာအစစ်နဲ့ တကယ်ချစ်မိတာပါ!!"

ကိုသီဟစကားတွေကိုသာ တန်ခူးနားထောင်နေမိသည်
ကိုသီဟ ဆိုတာကလဲ ပြစ်ချက်မရှိတဲ့ လူကောင်းတစ်ယောက်ပါ...
တန်ခူးရွေးမယ်ဆို ရွေးသင့်တဲ့လူတစ်ယောက်မဟုတ်လား...
ဒါပေမဲ့ တန်ခူးဘက်က ကိုသီဟကို ပြန်ပြီးမချစ်ပါ...
ကိုသီဟ မှမဟုတ် ဘယ်ယောက်ျားလေးကိုမှတန်ခူးမချစ်ခြင်းပါ...

"တန်ခူးစဉ်းစားပေးပါ့မယ် အကို!!အခုတော့ တန်ခူးတို့ပြန်ကြရအောင်!!အဖေ စိတ်ပူနေမှာဆိုးလို့!!"

"ကိုယ့်ကိုစဉ်းစားပေးမယ်ဆိုရင်ပဲ ကျေးဇူးတင်နေပါပြီ တန်ခူးရယ်!!တန်ခူးပြန်ချင်ပြီဆို ကိုယ်တို့ပြန်ကြရအောင်လေ!!"

"ဟုတ်ကဲ့ အကို!!"

"ပေးလေ !! အထုတ်တွေအကိုဝိုင်းသယ်ပေးမယ်!!"

"ရတယ် အကို!!သယ်စရာတွေကနည်းတော့တန်ခူးဘာသာပဲသယ်လိုက်ပါ့မယ်!!"

တန်ခူးနဲ့ အကို  စကားပြောရင်းဆိုင်ထဲကနေ ထွက်လာစဉ်

"မမ!!"

ခေါ်သံကြောင့်တန်ခူးကြည့်မိတော့ ဓီရာဇ်သိုလ်....

"မင်း!!"

သူ့ကိုဒီနေရာမှာတွေ့လိုက်ရလို့ ဖြစ်ပေါ်လာတဲ့မမရဲ့အံ့ဩမှုကိုသူဂရုမစိုက်အား...
မမ ဒီနေ့ စာသွားမသင်ရတာသိလို့ သူစိတ်ချစွာနေနေရမှ
Hotelကိုအပြန်မှာ ဟိုလူနဲ့ယှဉ်ကာစကားပြောနေတဲ့ မမကြောင့် သိုလ် ဒေါသထွက်လာရသည်....

မိုးရေစက်တွေမေးသောပဟေဠိ(Completed)(Unicode) Wo Geschichten leben. Entdecke jetzt