Fallin'Harder

By blue_berryke

14.1K 1.4K 388

• Ricky fell first but Ji fell harder • Kim Ji Woong+Ricky Shen //WoongRi// written by blue_berryke More

01
02
03
04
05
06
07
08
09
10
11
12
14
15
16
17
18
19

13

810 86 33
By blue_berryke

!UNICODE!

မိမိခေါင်းမှာ အကောင်ငယ်များစွာ တွတ်ထိုးနေသလို တဆစ်ဆစ်ဖြင့် အုံခဲနေပြီး ခေါင်းထူနိုင်ဖို့ရာ အချိန်ခဏလောက်ပင် ယူလိုက်ရသည်။

ကိုက်ခဲနေသော ခေါင်းအား အုပ်ကိုင်လိုက်ရင်း...သာမာန်အသိစိတ်ရရှိရန်အတွက် Ji Woong အသက်ကိုခဏအောင့်လိုက်ရ၏။

"Fuck!!! တစ်ကယ်ပဲ...မနေ့ညက Ricky Shen နဲ့အိပ်မိသွားတာလား???"

ထိုအသိစိတ်ကြောင့် မိမိအိပ်ရာဘေးက နေရာအားကြည့်လိုက်မိပြီး ဖြူဖြူဖွေးဖွေးကျောပြင်ငယ်လေးတစ်ခုကြောင့် Ji Woong ကြက်သေသေသွားတော့သည်။

ကျောက်စိမ်းကဲ့သို့ သွယ်လျ လှ‌ပသော ကျောပြင်ငယ်ကလေးဟာ ကိုက်ရာမျိုးစုံဖြင့် ပြည့်နှက်နေ၏။မိမိကိုကျောပေးထားပြီး လျော့တိလျော့ရဲ ဂွမ်းစောင်ကြောင့် ခါးတစ်ဝက်ထိ လျှောကျနေသည်။

ဖက်ထုပ်လုံးလေးကဲ့သို့ ကွေးကွေးလေးအိပ်ပျော်နေသော ကောင်လေးငယ်ဟာ ဆွဲဆောင်မှုရှိနေသေးပြန်သည်။တစ်ခုခုက ဆွဲငင်ထားသကဲ့သို့...Ji Woong အကြည့်များ မလွှဲပစ်နိုင်ခဲ့....

"အွန့်...အွန်းး...ကျွတ်!"

ကိုယ်အားဆန့်လိုက်သည်ကြောင့် နာကျင်သွား၍ မကျေမနပ် ငြီးတွားသံလေးပေါ်ထွက်လာခဲ့သည်။ခဏကြာတော့ အနည်းငယ်ဖောင်းအစ် နီရဲနေသော Shen Quan Rui မျက်ဝန်းကလေးများ ပွင့်လာချေပြီ....

Ji Woong ချက်ချင်းပင် မျက်နှာလွှဲပစ်လိုက်၏။

"အ့..နာလိုက်တာ....မျက်မှန်ရော?"

သေးသေးကွေးကွေးပုံရိပ်လေးမှာ စောင်ပုံ ကြားထဲမှ ထလာပြီး လှုပ်လီလှုပ်လဲ့ဖြင့် မျက်မှန်အား စမ်းတဝါးဝါးလိုက်ရှာနေတော့သည်။

Ricky Shen ဘေးမှာရှိနေနှင့်သော သူ့ကို သတိမထားမိသေးပေ...

"အဟမ်း! မင်းမျက်မှန်က မင်းခေါင်းအုံးဘေးမှာ"

"အာ...ကျေးဇူးပဲ...ဟမ်!!!!"

ယခုမှ ရွှေဉာဏ်တော်လေး အလင်းပွင့်လာတော့သည်။မနေ့ညက...သူတို့နှစ်ယောက် တစ်ကယ်အိပ်ခဲ့ကြတာလား! အိပ်မက်မဟုတ်ဘူးပေါ့လေ!!

မျက်မှန်အား ကောက်တပ်လိုက်ပြီးနောက် Ricky Shen က သူ့ကို ပြူးကြောင်ကြောင်လေးဖြင့် တစ်ဖန်ပြန်ကြည့်လာခဲ့ပြန်ပြီ။

"...မနေ့ညက...."

"အဟွတ်!"

Ricky ချောင်းဆိုးလိုက်တဲ့အခါ Ji Woong ချက်ချင်းရပ်သွားသည်။

"ဟို...မင်းအပြင် ခဏထွက်ပေးလို့ရမလား.."

"ဘာ??"

သူတို့နှစ်ယောက်စလုံးဘာမှဝတ်ထားတာမဟုတ်ဘူးလေ...အဲ့တာကိုJi Woong က ကိုယ်တုံးလုံးနဲ့ အခန်းပြင်ကို ထွက်သွားရမှာလား?

"ဒါဆို မင်းအရင် အဝတ်ဝတ်လိုက်.."

Ricky Shen အကြည့်များ ဗလာကျင်းနေသော သူ့ရင်အုပ်ကြွက်သားတွေဆီရောက်လာပြီးနောက် ရှက်ရှက်ဖြင့် မျက်နှာလွှဲသွားခဲ့သည်။နီရဲနေသော နားရွက်ဖျားနှင့် ပွယောင်းယောင်းဆံပင်ကျို့တို့ကျဲတဲ‌လေးများမှာ ‌အမွှေးပွကြောင်ကလေးမကျေမနပ်ဖြင့် ငုတ်တုပ်ထိုင်နေသကဲ့သို့ပင်...

Ji Woong လည်းခပ်မြန်မြန်ပင် တွန့်ကြေနေသောအင်္ကျီဖြူကို ကြယ်သီးတပ်လိုက်ပြီးနောက် Ricky ကို ကြည့်လိုက်သော်လည်းထိုကောင်လေးက ခေါင်းကိုသာ တစ်ချိန်လုံးငုံ့လို့ထားသည်။

အဝတ်အစားများအကုန်ဝတ်လို့ပြီးသွားတော့မှ Ricky က မော့ကြည့်လာ၏။ပြီးနောက် သူ့ကိုထွက်သွားဖို့ပြောသည်။

Ji Woong လည်း ကျစ်ခနဲ မကျေမနပ်စုပ်သပ်လိုက်ပြီး အပြင်သို့ထွက်သွားကာ တံခါးကို ဘန်းခနဲ မြည်အောင်ပိတ်ခဲ့လိုက်သည်။

"ဆေးခတ်ခံရတာ Ji Woong လေ! ဘာလို့များ သူက ဦးနှောက်မရှိတဲ့လူတစ်ယောက်လို ခွင့်ပြုလိုက်ရတာလဲ!!! "

Ricky Shen သူ့ကိုယ်သူမကျေမနပ်ရေရွတ်လိုက်ရင်း နာကျင်နေသော အောက်ပိုင်းကို လျစ်လျူရှူလိုက်ပြီးနောက် အိပ်ရာဘေးကျနေသော အင်္ကျီအား ကောက်လိုက်သည်။

"ချီးပဲ! ကြယ်သီးတွေမရှိတော့ဘူး"

အဖြူရောင် ရှပ်အင်္ကျီလက်ရှည်မှာ ကြယ်သီးသုံးလုံးသာရှိတော့သည်။သူဝတ်လိုက်တဲ့အခါ အတွင်း၌ မာကင်ရာများက မြင်မကောင်းလောက်အောင် ထင်းနေတော့၏။

ဘောင်းဘီကိုလည်း မျက်နှာရှုံ့မဲ့ပြီး ဝတ်လိုက်ရသည်။အောက်ပိုင်းမှာ ခွေးကိုက်ခံရသလိုပင် နာကျင်လွန်းသောကြောင့်ပင်...

သူအနက်ရောင်ကုတ်အပေါ်ထပ်ကို ဝတ်မည်အပြု Ji Woong ကပြန်ဝင်လာခဲ့သည်။သူ့လက်ထဲ၌လည်း ဆန်ပြုတ်ဗန်းကိုင်ကာ ပူလောင်နေသော ဆန်ပြုတ်အိုးကို ဂရုတစိုက် ထိန်းသယ်လာ၏။

"မင်း...တစ်ခုခု အရင်စားအုန်း...နောက်ပြီးတော့ မနေ့ညက ကိစ္စ ငါ တာဝန်"

"ရတယ်။ဘာမှမဖြစ်ခဲ့ဘူးလို့ပဲ ငါသဘောထားလိုက်မယ်"

ရုပ်တရက် အခန်းတစ်ခုလုံး တိတ်ဆိတ်သွားသည်။

ငါ တာဝန်ယူပါ့မယ် ဆိုတဲ့စကားလုံးလေးက ထွက်မလာတော့သလို...ထိုကိစ္စကြီးတစ်ခုကို ဘာမှမဖြစ်သလိုနေဖို့ပြောခဲ့သည့် ကောင်လေးမှာလည်း အတိုင်းသား ငေးကြည့်‌နေရှာသည်။

တစ်ကယ်တော့ Ji Woong ဒီအရာကြီးအတွက် ကိုယ့်ကိုယ်ကိုယ်အပြစ်တင်နေမှာစိုးလို့ Ricky ကထိုသို့ပြောလိုက်ခြင်းဖြစ်သည်။

ပြီးတော့သူအရှက်လွန်သွား၍ ဘာမှမစဉ်းစားမိတော့ပဲ ထိုသို့ပြောလိုက်ခြင်း။
Ji Woong ဝင်လာတဲ့အချိန် သူကအဝတ်စားဝတ်နေတုန်းတန်းလန်းကြီးမှတ်လား...ပြီးတော့ သူ့ကိုယ်ပေါ်မှာစုပ်ရာကိုက်ရာတွေကလည်း အထင်းသားနဲ့လေ.....

"ငါ..အဲ့လိုသဘော မဟုတ်"

"Fuckပဲ!! Shen Quan Rui မင်းစောက်လုပ်ပဲ! မင်းလုပ်ချင်တာသာလုပ်တော့!!"

'ဘန်း!!!'

ဆန်ပြုတ်အိုးလေးမှာ ကြမ်းပြင်ပေါ်သို့ ပစ်ချခံလိုက်ရသည်။ပူ‌လောင်လှသော ဆန်ပြုတ်များ လွင့်စင်ကုန်၏။

Ricky အတွက် သယ်လာခဲ့သော ဆန်ပြုတ်ဗန်းအား အားဖြင့် ပစ်ချလိုက်ပြီးနောက် Kim Ji Woong ဒေါသထွက်စွာဖြင့် အခန်းထဲမှ ထွက်သွားတော့သည်။

ကျကွဲသွားသော ဆန်ပြုတ်အိုးနှင့်အတူ ဘေး၌ ပြန့်ကျဲနေသော ဆေးကဒ်တစ်ချို့လည်းရှိနေသေးသည်။ထိုအရာက အကိုက်ခဲပျောက်ဆေးလိုမျိုး ဆေးများဖြစ်ပြီး ရောင်ရမ်းခြင်းနှင့် ကိုက်ခဲမှုကိုပျောက်ကင်းစေသည်။အထူးသဖြင့် သူသောက်ရန်လိုအပ်သည့်ဆေးများပင်...
Kim Ji Woong က Ricky Shen အတွက်....ဆေးများကို ကိုယ်တိုင်ယူလာဟန်တူ၏။

"ငါ့ဂရုစိုက်မှုကို သူမလိုအပ်ဘူးလေ...Kim Ji Woong မင်းကစောက်ရူးပဲ! သူက မင်းကို ဘယ်တုန်းကမှ မလိုအပ်ခဲ့ဘူး!!!"

ထို့နောက် ဟော်တယ်ရှိ ကားပါကင်မှ အနက်ရောင် sport ကားလေးဟာ ကြောက်စရာအရှိန်ဖြင့် ခပ်ကြမ်းကြမ်းမောင်းထွက်သွားတော့သည်။

.....

ကြမ်းပြင်ပေါ်မှ ပြန့်ကျဲနေသော ဆန်ပြုတ်များနှင့် ရှုပ်ပွနေသော အခန်းအား Ricky ဒီအတိုင်းလေးသာ ကြောင်ကြည့်နေမိတော့သည်။

သူဒီလိုငေးနေမိတုန်း တံခါးခေါက်သံကြားရတာကြောင့် တစ်ခဏတော့ Ji Woong များဖြစ်မလားလို့မျှော်လင့်ကြည့်မိသေးသည်။သို့သော်...ထိုလူက ထိုကဲ့သို့ ယဉ်ကျေးစွာ တံခါးခေါက်ပြီးမှ ဝင်လာမည့်သူမဟုတ်ပေ...

"အကိုလေး နိုးပြီလားခင်ဗျ...ကျွန်တော်က ဟော်တယ် မန်နေဂျာပါ။အကိုလေးအတွက် ဝတ်စုံလာပို့ပေးတာပါ...နောက်ပြီးတော့ အကိုလေးဖုန်းကိုခေါ်မရလို့ ဘော့စ်က ကျွန်တော့်ဆီ ဖုန်းဆက်လာပါတယ်။ကုမ္ပဏီကိုလာခဲ့ဖို့လည်း ပြောပါတယ်ဗျ"

"အင်း သိပြီ။ ကျေးဇူးတင်ပါတယ်"

တံခါးအားခေါင်းတစ်လုံးစာပဲ 'ဟ'ထာပြီး လက်ထုတ်ကာ အင်္ကျီအားယူပြီးနောက် မလုံမလဲဖြင့် ချက်ချင်းပြန်ပိတ်လိုက်ရပါသည်။

"ဒါနဲ့ မင်းကို ဘယ်သူက ငါ့ဖို့အဝတ်စားတွေယူလာခိုင်းတာလဲ?"

"Kimမိသားစုက အကိုလေးသူငယ်ချင်း Kim Ji Woongပါ"

Ricky Shen ရဲ့ဝမ်းနည်းနေတဲ့စိတ်ကလေးမှာ တစ်ခဏတာမျှသာဖြစ်ပြီး ပေါ့ပါးသောအဝတ်စားများလဲလှယ်ကာ ဟော်တယ်ထဲက ထွက်လာလိုက်တော့သည်။ငြှိုးငယ်နာကျင်နေသော သူ့စိတ်ကလေးမှာလည်း အနည်းငယ်သက်သာသွား၏။

ဒီဟော်တယ်က Shenမိသားစုရဲ့ လက်အောက်က ပိုင်ဆိုင်မှုဖြစ်တာကြောင့် မနေ့ညက ဧည့်သည်တော်များကလည်း တော်တော်နှင့်ပြန်ကြအုန်းမည်မထင်။‌သို့သော်လည်း သူ့တွင်လုပ်စရာကိစ္စများပုံနေ၏။နောက်ပြီးတော့...ဟိုကို ပြန်သွားရနိုးနိုး မသွားရနိုးနိုး သူစဉ်းစားရကျပ်နေရ၏။

ထိုအမျိုးသမီးနှင့် Kim Ji Woong ၏ ဆက်ဆံရေးကို သူအင်မတန်မှသိချင်လှသည်။

သူတစ်ကယ့်ကိုပင်...Ji Woong ကိုလက်မလွှတ်နိုင်ပေ....။

တစ်ချိန်က သူ့ထံတွင် မရှိခဲ့သော သတ္တိများနှင့်ယုံကြည့်မှုများ၊ရင့်ကျက်တည်ငြိမ်မှုများ ကြောင့် နှလုံးသားတစ်စုံအား သူဆုံးရှုံးခဲ့ရပေသည်။

နည်းပါးလှသော ပိုင်ဆိုင်မှုလေးတွေထဲမှ သူ့ထဲတွင် လွှတ်ချခဲ့ဖို့ရာ..Kim Ji Woong သာရှိခဲ့သည်။

'ပိုင်ဆိုင်ပြီးမှ စွန့်လွှတ်ရမှာထက်ဆိုင်ရင်....မပိုင်ဆိုင်ရခင်ကတည်းက အဝေးဆုံးကိုထွက်သွားလိုက်တာ ပိုကောင်းပါတယ်'

သူငယ်ငယ်ကတည်းက အမြဲတမ်းသင်ယူခဲ့ရသော စကားဖြစ်၏။ထို့ကြောင့်ပင် ရင်ဆိုင်ရန်အတွက် သူ့မှာ သတ္တိမရှိခဲ့...

ယခုမူ KIm Ji Woong အား သူမည်မျှချစ်ခဲ့ပါကြောင်း၊ချစ်နေသေးပါကြောင်း ဖော်ထုတ်ဖို့ရာ သတ္တိတွေရှိနေပြီဖြစ်သည်။သူလွှတ်ချခဲ့ပါသော သူ့ နှလုံးသားငယ်အား..ပြန်ပိုင်ဆိုင်ရဖို့ ကြိုးစားချင်ပါသည်။

သို့သော်..မိန်းမတစ်ယောက်ရင်ခွင်ထဲ‌ရှိနေနှင့်ပြီးသားလူတစ်ယောက်ကိုတော့ Ricky Shen ပြိုင်မလုချင်ပေ......

-----------------------

နှစ်ရက်လောက်ကြာပြီးတဲ့နောက်မှာ... Ricky Shen တို့ကုမ္ပဏီအား လူတစ်ယောက် ရောက်လာခဲ့သည်။ထိုသူမှာ Ye Chanပင်ဖြစ်၏။

"တော်သေးတာပေါ့.. ငါထွက်မသွားခင် မင်းနဲ့တွေ့လို့ရသေးလို့"

"မင်း ငါ့ကို တစ်ခုခုပြောစရာရှိလို့လား?"

"အင်း....အရာအားလုံးနောက်မကျသေးခင် ငါမင်းကို သိစေချင်တယ်"

"......"

"မင်း ဒီလိုမျိုး သူ့ကိုထားပြီးထွက်သွားခဲ့တာတောင်အဲ့ကောင် Ji Woong ကစိတ်နာရက်ခဲ့တာမဟုတ်ပါဘူး...မင်းသူ့ကို သဘောမကျရင်တောင် အရင်လိုပဲ ပြန်နေပေးလို့ရမလား?"

ဒီငါးနှစ်အတွင်း သူမသိနိုင်တဲ့ကိစ္စမည်မျှဖြစ်သွားသလဲဆိုတာ Ricky မစဉ်းစားတတ်တော့ပေ။

သာမာန်သူငယ်ချင်းဆက်ဆံရေးဆိုရင်တောင် ကိုယ့်ဘက်က ချစ်ခင်ခဲ့ရပင်မဲ့ တစ်ဖက်လူက ကိုယ့်ကို မလိုအပ်တဲ့အချိန်ကျ ပစ်ချထားခဲ့တဲ့အခါ...နာကြည်းမုန်းတီးမိမှာအမှန်ပင်.....

တစ်ကယ်ပဲ...အဲ့ဒီ့အချိန်ကာလတုန်းက Ji Woong ကို သူထွက်သွားတော့မဲ့အကြောင်း အသိပေးခဲ့ဖို့ ကောင်းပါရဲ့။

"အရင်လိုဆိုတာမျိုးက...သူနဲ့ငါ့ကြားမှာ ရှိမှာမဟုတ်တော့ဘူး"

ထိုစကားက သာမာန်လိုထင်ရပင်မဲ့ အဓိပ္ပာယ်နှစ်မျိုးပါနေ၏။ကိုယ့်နားလည်မှုစွမ်းရည်ပေါ်တွင်သာမူတည်နေသည်။

"အဲ့ဒီ့နေ့တုန်းက...မင်းကြောင့်နဲ့ သူသေမလိုဖြစ်ခဲ့တာကွ! Shen Quan Rui...မင်းထွက်သွားပြီးနောက်ပိုင်း သူက အရူးတစ်ယောက်လိုမျိုး..မင်းကိုပဲစောင့်နေခဲ့တာ မင်းသိရဲ့လား!!!"

Ye Chanနာနာကျင်ကျင်ဖြင့် တစ်ချက်ရှိုက်လိုက်ပြီး စကားဆက်ပြော၏။

"အမHae Mi ကဆရာဝန်တစ်ယောက်လေ...Ji Woong မင်းထွက်သွားတဲ့နှစ်က ကားတိုက်မှုဖြစ်ပြီး Lee Teak ကိုယ်တိုင် သူ့အမနဲ့ မိတ်ဆက်ပေးခဲ့တာ"

သူတို့နှစ်ယောက် စားပွဲတစ်ခုထဲမှာ မျက်နှာချင်းဆိုင်စကားပြောနေကြပင်မဲ့....လွန်စွာဝေးကွာသော ခြေလှမ်းတွေ လှမ်းနေကြသလိုပင်။

"...Ye Chan မင်းသိလား...ငါသူ့ဆီ တစ်နှစ်ကြာတော့ ပြန်လာခဲ့သေးတယ်။သူများတွေထင်နေသလိုမျိုး ငါက ငွေ‌မက်လို့ နိုင်ငံခြားကိုထွက်သွားတာမျိုး မဟုတ်ရပါဘူး.....ငါသူ့ကို ရှင်းပြချင်ခဲ့တာ...ဒါပင်မဲ့ ငါသူနဲ့မတွေ့ခဲ့ရဘူးလေ။ဖြစ်ချင်တော့ Lee Teak နဲ့ Ji Woong ကုမ္ပဏီမှာ လာဆုံတယ်...သူကပြောတာ သူ့အမနဲ့ Ji Woong နဲ့က စေ့စပ်တော့မှာတဲ့ ပြီးတော့ ငါက Ji Woong အတွက် အနှောင့်အယှက်ဖြစ်စေလိမ့်မယ်ဆိုပြီး....အဲ့အချိန် အင်တာနက်ပေါ်မှာပါ အဲ့ဒီ့ သတင်းတွေက ပြန့်ကျဲနေခဲ့တာပဲလေ"

"ချီးပဲကွာ!! စာမေးပွဲတွေဖြေပြီးတော့ ငါသူတို့နဲ့အဆက်သွယ်ပျက်သွားခဲ့သေးတယ်။မင်းထွက်သွားပြီးတော့လေ...အဲ့ဒီ့ကောင်က အရင်လိုမဟုတ်တော့ဘူး...စိတ်လွတ်နေတဲ့လူတစ်ယောက်လိုမျိုး..ဘာကိုမှလည်းအာရုံမစိုက်တော့ဘူး...ပြီးတော့ သူaccidentဖြစ်တယ်"

"ဘာဖြစ်တယ်!! သူ...."

"အေး! ဆေးရုံမှာ တော်တော်ကြာသွားတယ်...အဲ့တုန်းက  Ji Woong မောင်းနေတဲ့ဆိုင်ကယ်နဲ့ တစ်ဖက်က ကားနဲ့တိုက်မိတာ အမာရွတ်တွေတောင်ပျောက်အုန်းမှာမဟုတ်ဘူး။အဲ့ကတည်းက အမ Hae Mi က Ji Woong အနားမှာကပ်နေတော့တာပဲ....ငါ ခန့်မှန်းရရင် မင်း ပြန်လာပြီး Ji Woong ကို ကုမ္ပဏီမှာလာရှာတဲ့အချိန်..သူကဆေးရုံမှာပဲရှိနေနှင့်လောက်အုန်းမှာ....."

"...Ye Chanမင်းငါ့ကို အကုန်ပြောပြစမ်းပါ....စေ့စပ်‌ပွဲကရော? မဟုတ်ဘူးလား..."

Ricky ရဲ့ မက်မွန်ပွင့်သဏ္ဌာန် ခပ်မှိုင်းမှိုင်းမျက်ဝန်း‌ကလေးများ မသိမသာလက်သွားသည်။စိတ်လှုပ်ရှားမှုအား မသိမသာ ပြန်ထိန်းလိုက်ပြီး...မျှော်လင့်ချက်အနည်းငယ်တော့ သူထားချင်မိပါသည်။

"စေ့စပ်ပွဲကတော့ အစစ်...ဒါပင်မဲ့ အဲ့တာက လွန်ခဲ့တဲ့နှစ်နှစ်ကမှ..ဒါပင်မဲ့ စေ့စပ်ပွဲတောင် မဖြစ်လိုက်ရပါဘူး။နှစ်ဖက်မိဘတွေ့ဆုံပွဲမှာလေ...အဲ့ကောင် Ji Woong ဘာပြောခဲ့လဲ မင်းသိလား!!"

"........"

"....ကျွန်တော် Shen Quan Rui ကလွဲပြီး ဘယ်သူ့ကိုမှချစ်လို့မရလို့ တခြားသူနဲ့ လက်မထပ်ချင်ဘူးတဲ့..."

"......."

Ricky မျက်နှာ ချက်ချင်းပင် ပြာနှမ်းသွားသည်။
ဆူးအောင့်လာတဲ့ နာကျင်မှုက နှလုံးသားဟိုးအောက်ခြေမှ လာ၏။

"နှစ်ဖက်မိဘတွေအကုန်လုံးလည်း မျက်နှာတွေပျက်ကုန်ကြတယ်။ဒါပင်မဲ့ အဲ့ဒီ့ကောင်Ji Woong ကလေ...တစ်ကယ်တစ်ဇွတ်ထိုးကောင်!! မင်းကလွဲရင် ဘာမှကြည့်တဲ့ကောင်မဟုတ်ဘူး"

နောက်ဆုံးတော့ သူတို့တစ်ယောက်ကိုတစ်ယောက်အထင်လွဲခဲ့ကြတာပဲ....နှစ်တွေမည်မျှကြာခဲ့သနည်း။ငါးနှစ်လား.....ဒါမှမဟုတ် ဆယ့်ငါးနှစ်လား...အတိအကျဆိုရင်.. Ricky အတွက် ဆယ့်ငါးနှစ်လုံးလုံး ထိုလူ့ကိုသာ ချစ်ခဲ့ရပြီး..ငါးနှစ်မျှ သူတို့နှစ်ယောက် အထင်လွဲနေကြတာဖြစ်သည်။

"...ငါ ဒီတစ်လျှောက်လုံးအထင်လွဲနေခဲ့တာ....Ji Woong ကလည်း ငါ့ကိုမုန်းနေခဲ့မယ်ထင်မိလို့"

"Ji Woong က မင်းကိုချစ်နေတာ မင်းကလွဲပြီး လူတိုင်းသိတယ်..Shen Quan Rui....မင်းတို့နှစ်ယောက်ကတော့ တစ်ကယ်ပါပဲ!"

Ricky နာကျင်စွာပြုံးလိုက်မိပြီး...နွေဦးရဲ့အဝါရောင် လိပ်ပြာလေးတစ်ကောင် နေရောင်အောက် သွက်လက်စွာ ပျံသန်းလာသည့်အတိုင်း သူ့ခေါင်းကို မော့လိုက်၏။

"အခုလို ပြောပြပေးတဲ့အတွက် ငါမင်းကိုကျေးဇူးတင်ပါတယ် Ye Chan "

"ရတယ်...မင်း Lee Teak တို့မောင်နှမ နှစ်ယောက်ကိုသာ သတိထားနော်"

"ငါ ဂရုစိုက်ပါ့မယ်"

"ကောင်းပြီ....တစ်ခုခုလိုအပ်ရင် ငါ့ကိုဆက်သွယ်..ငါသွားပြီ"

ရက်အနည်းငယ်လောက်ကြာရင် တခြားနိုင်ငံတစ်ခုသို့အပြီးပိုင် ထွက်ခွာ‌သွားတော့မည့်လူတစ်ယောက်က မည်မျှအကူညီပေးနိုင်လိမ့်မည်နည်း ဆိုတာကို Ye Chan မသိပေ....

သို့သော် သူတို့နှစ်ယောက် အဆင်ပြေသွားဖို့ပဲ မျှော်လင့်မိတော့သည်။

-----------------

အချိန်ငါးရက် ထပ်မံကုန်လွန်ခဲ့ပြန်သည်။

သူ Ji Woong နဲ့မတွေ့ဖြစ်တာ တစ်ပတ်ကျော်ပြီ။

ထိုလူက သူ့လိုတော့ အလုပ်မများလောက်ပင်မဲ့ Kimလုပ်ငန်းစုကိုဦးဆောင်ဖို့အတွက် လုပ်ငန်းခွင်ထဲသို့ဝင်နေရပြီဖြစ်သည်။

ပြတင်းပေါက်အနားမှာထိုင်ကာ ထုံးစံအတိုင်း Ricky သူ့လက်က နာရီကိုသာ အကြာကြီး‌ငေးကြည့်နေပြန်၏။အဲ့ဒီ့နေ့‌တုန်းက Ricky နာရီမဝတ်သွားမိခဲ့ဘူးလေ.....

တစ်ကယ်လို့သူ့ဝတ်သွားခဲ့မိရင်ရော...Ji Woong က မှတ်မိမှာမို့လို့လား....တစ်ကယ်ပါပဲ။Kim Ji Woong က တစ်ကယ်ကြီးသူ့ကို သဘောကျ‌နေခဲ့တာတဲ့လား?....အခုရော သဘောကျသေးလား?...

Ricky Shen တစ်ကယ် ရူးတော့မယ်ထင်တယ်။

ထိုစဉ် သူ့ထံသို့ phone call တစ်ခုဝင်လာခဲ့ပြန်သည်။ခေါ်ဆိုသူမှာတော့ သူ့ဖခင်ပင်....

"ဟဲလို?"

"Quan Rui... Star Hotelက အစည်းအဝေးခန်းမထဲဖေဖေကျန်ခဲ့တဲ့ စာရွတ်အိတ် ယူလာခဲ့ပေး"

"ကျွန်တော်ကလား?...ခင်ဗျား အတွင်းရေးမှူးကိုဘာလို့မခိုင်းတာလဲ?"

"သူနေမကောင်းလို့ ခွင့်ယူထားတယ်...အခုငါ့ဘေးမှာ ဘာမှမတတ်တဲ့ သူ့ညီမပဲရှိတယ်...မင်းပဲယူလာပေးပါအုန်းကွာ"

Ricky Shen မျက်မှောင်ကျုံ့လိုက်သည်။

"အင်း..."

ထို့နောက်ဖုန်းကိုချလိုက်၏။ဒီရက်ပိုင်း ဥက္ကဌShen က သူ့အပေါ်ပိုပြီးတော့ စိတ်ထားဖြူစင်ပြနေသလိုပဲ....

သူ့သားYu Jinနဲ့မခြားစွာ သူ့အပေါ်ကောင်းကောင်းမွန်မွန်ဆက်ဆံနေသည်။အခုYu Jinလည်းအသက်ပြည့်ပြီ...ဘာလို့များ သူ့ကိုမရှင်းပစ်သေးပဲဆက်ထားနေသေးတာလဲ?

မသိရင် Yu Jin နဲ့ ကုမ္ပဏီက မအပ်ဆက်တော့ သလိုမျိုးဖြင့်...ထိုလူမှာ လျစ်လျူရှူ့ထား‌လေ၏။

အစည်းဝေးခန်းမထဲ၌ လူဆယ်ယောက်ကျော်လောက်ရှိသည်။Ricky တံခါးခေါက်ကာဝင်လာပြီးနောက် ပစ္စည်းထားကာ ချက်ချင်းပြန်ထွက်မည်ပြုသော်လည်း....

"ဒါကျွန်တော့်သား Shen Quan Rui လေ...အခုလကမှ နိုင်ငံခြားကနေပြန်ရောက်တာ။ဟိုမှာ လုပ်ငန်းတွေကိုဦးစီးနေတယ်ဆိုပါတော့ဗျာ..ဟား..ဟား..အိမ်း..နောက်ပိုင်း Shen ကုမ္ပဏီကြီးကို ကျုပ်အစား သူ့ကိုပဲအားကိုးရမယ်ထင်ပါတယ်.."

"...ဒါ ဘာသဘောလဲ?"

သူ့အဖေ မြေခွေးအိုကြီးက ဘာတွေများ ကစားဖို့ကျန်နေတာလဲ?။အရင်တုန်းက သူ့အစီစဉ်တွေက Yu Jin အသက်ပြည့်ပြီးတာနဲ့ သူ့ကိုမောင်းထုတ်ဖို့မဟုတ်ဘူးလား?

အခု စီးပွားတူပါတနာလုပ်ငန်းရှင်ကြီးတွေရှေ့မှာ..သူ့ကိုတရားဝင်အသိမှတ်ပြုလိုက်တာ ဘာသဘောလဲ??

သူ့အဖေက ဘာတွေများ ကြံစည်ချင်နေတာပါလိမ့်?

"ဘာ‌သဘောလဲဆိုတော့...နောက်အစည်းဝေးကြီးတွေမှာ ဖေဖေ့အစား မင်းတက်ရလိမ့်မယ် Ricky Shen..."

Ricky မည်သို့မျှမဆိုလေဘဲ အစည်းဝေးခန်းမထဲမှ ထွက်လာခဲ့တော့သည်။သူ့အနောက်၌ သူ့အဖေအတွင်းရေးမှူးရဲ့ညီမက ကပ်ပါလာ၏။

ထိုမိန်းကလေးမှာ ဟိုတစ်ခါသူ့အတွက် အဝတ်အစားလာပို့သည့် Annaပင်...

"ဟိုင်း!! ရှင်ကျွန်မကို မှတ်မိတယ် ဟုတ်?"

"Sorry..ကိုယ်မင်းကို မမှတ်မိတော့ဘူး"

"အာ..ခစ်ခစ် ကိစ္စမရှိပါဘူး။ကျွန်မက ရှင့်အဖေအတွင်းရေးမှုးရဲ့ ညီမလေ..."

"အင်း...အဲ့တော့?"

"ဂုဏ်ယူပါတယ်ရှင်...ရှင်က ရှင့်အဖေအစား Shenမိသားစုကြီးရဲ့လုပ်ငန်းတွေကိုဦးစီးရတော့မှာပဲ .."

" မင်းက ဘာကိုပြောချင်တာလဲ?"

"ခစ်..ခစ်!"

သူမက လက်ဖဝါးတစ်ဖက်ဖြင့် သိမ်မွေ့စွာအုပ်လိုက်ရင်း ရယ်သွေး‌သမ်းနေသည်။တစ်စုံတစ်ခုတော့ရှိရမည်။အဓိပ္ပာယ်ပါသော အကြည့်တစ်ချို့ဖြင့် သူ့အားကြည့်ပြီးနောက်...Hotel အနီးနားမှ စီချွမ်းစားသောက်ဆိုင်သို့ သူတို့ရောက်ရှိလာကြသည်။

"မင်းပြောချင်တာ ဘာလဲ?"

"ရှင့်အဖေနဲ့ ကျွန်မအမတို့ မကြာခင် လက်ထပ်ကြလိမ့်မယ်..."

"ကိုယ် အဲ့တာ စိတ်မဝင်စားဘူး"

"အင်းဟုတ်ပါပြီ...ပြီးတော့ ကျွန်မက ရှင်နဲ့လက်ထပ်မယ်"

"ကိုယ့်မှာ ချစ်ရမဲ့လူရှိပြီးသား"

"Ohh..ဟုတ်ပါပြီ...နောက်ပြီးတော့...Han Yu Jin က ရှင့်အဖေ ရဲ့ သားအရင်းမဟုတ်ဘူး"

သူမက ယခုနကအတိုင်းပင် ရွှင်မြူးအသက်ဝင်နေသော မျက်လုံးများဖြင့် ရယ်နေ၏။

ဟင်းပွဲများရောက်မလာခင်ထိ Ricky ကိုသာ ရွှန်းရွှန်းစားစားစိုက်ကြည့်နေခဲ့သည်။

"သက်သေ?"

"အဟား!! ရှင်ကလည်းလေ...Han Yu Jin ရဲ့အဖေရင်းက အရင်က ကျွန်မအမရဲ့သူဌေးလေ...သူမကအဲ့ဒီ့လျှို့ဝှက်ချက်ကြီးကိုသိထားတယ်။ပြီးတော့ ဥက္ကဌShenကလည်း ဒီကိစ္စကို DNA‌စစ်ကြည့်ပြီးပြီလေ! ရလဒ်ကတော့...ကျွန်မအမပြောသလိုပဲပေါ့....."

ထို့ကြောင့်ပင် သူ့အဖေရဲ့ မျှားဦးက သူ့ဆီလှည့်လာတာလား?

အဲ့ဒီ့လိုသာဆို...Han Yu Jin က Shenမိသားစုနှင့်လုံးဝမသက်ဆိုင်တော့ချေ။ဥက္ကဌShenက ဆက်လက်ထိန်းချုပ်ဖို့ရာ..မျိုးဆက်ဟူ၍ Ricky သာ ကျန်ရှိတော့၏။

"မင်းပြောသလိုသာဆို...."

"ဟော..ဒီနေရာမှာလည်း ဆွေမျိုးအရင်းချာတွေလာတွေ့နိုင်တာပဲ...တိုက်ဆိုင်လိုက်တာ"

သူတို့စားပွဲဝိုင်းသို့တဖြေးဖြေးလျှောက်လာသူမှာ Shen Min Jeonဖြစ်၏။Rickyချက်ချင်း မျက်မှောင်ကြုံ့လိုက်သည်။သို့သော် သူ့နောက်မှပါလာသော တစ်စုံတစ်ယောက်ကြောင့်...သူ့မျက်ဝန်းအိမ်များ လက်ခနဲဖြစ်သွားပြန်သည်။

ဘယ်လိုလုပ် ဒီနေရာမှာ...Shen Min Jeonနဲ့အတူတူ Ji Woong ကိုပါ မြင်ရတာလဲ?

"အာ..အကို Quan Ruiက အဲ့လိုကြောက်ဖို့ကောင်းအောင်မကြည့်ပါနဲ့ဗျာ..ကျွန်တော်တို့ကထွက်သွားပေးမှာပါ။သူများအချိန်ကောင်းလေးတွေကိုမနှောင့်ယှက်ပါဘူး နော် ဟုတ်တယ်မှတ်လား..Ji Woong"

ထိုလူကတော့ သူ့နာမည်ခေါ်တာကိုတောင်မကြားနိုင်တော့ဘဲ...ဝါးစားမတတ် ရှေ့က လူနှစ်ယောက်ကိုပဲ ကြည့်လို့နေတယ်...

"မင်းပြောသလိုမဟုတ်ပါဘူး...ငါတို့က မိတ်ဆွေတွေပါ...ဒါနဲ့....မင်းတို့ကရော?"

"အဟင်း... Hyung လိုပါပဲ...ဒါဆိုကျွန်တော်တို့ကိုခွင့်ပြုအုန်းနော် သွားလိုက်ပါအုန်းမယ်"

Ji Woong ကနောက်ဆုံး အချိန်ထိသူ့ကိုသာ စူးစူးဝါးဝါး ကြည့်သွားခဲ့သည်။တမင်ပဲလုပ်သွားသာ်လားမသိ Shen Min Jeonက သူ့ရှေ့မှာပဲ Ji Woong လက်မောင်းတို့ကို ချိတ်ကာထွက်သွား၏။

တ‌ဖြည်းဖြည်းဝေးကွာသွားသော ကျောပြင်နှစ်ခု ပျောက်ကွယ်သွားသည်အထိ Ricky ငေးကြည့်နေမိတော့သည်။

ထိုအချိန်မှာပဲ ရုတ်တရပ်မိုးက သည်းထန်စွာ ရွာသွန်းလာခဲ့သည်။စားသောက်ဆိုင်ထဲ၌ လူများကလည်း ပိုမိုများပြားလာပြီးနောက် စားသုံးရန်ထက် မိုးခိုနေသောသူများဖြင့် ရှုပ်ယှက်ခပ်လာချေ၏။

"အို...မိုးကလည်း တော်တော်သည်းလာပြီပဲ...ဒီလိုဆို ကျွန်မလည်းပြန်တော့မယ်။ရှင့်အဖေလည်း ပြန်သွားလောက်ပြီထင်တယ်"

"အင်း..."

"ရှင့်မှာ ကားပါလား?"

Ricky ခေါင်းခါလိုက်၏။ကုမ္ပဏီက driverကိုသာ မောင်းပို့ခိုင်းခဲ့တာဖြစ်ပြီး...သူပြန်ဖို့အတွက် ထိုလူကိုပြန်ဖုန်းဆက်ခေါ်ရမည်ဖြစ်သည်။

"ကျွန်မနဲ့လိုက်ခဲ့မလား? ကျွန်မရှင့်အိမ်ကို ပြန်လိုက်ပို့ပေးမယ်လေ...."

"မလိုဘူး..ကိုယ် driverကို ဖုန်းဆက်လိုက်မယ်"

"အို့ ...ကောင်းပါပြီ။ဒီလိုဆို ကျွန်မကိုခွင့်ပြုပါအုန်း"

ဘယ်အခြေနေပဲဖြစ်ဖြစ် မိန်းကလေးတစ်ယောက်မောင်းသော ‌ကားပေါ် Ricky စီးလိမ့်မည်မဟုတ်ပေ။

ထိုမိန်းကလေးထွက်သွားပြီးတော့ Ricky billရှင်းလိုက်ပြီးနောက် မိုးစဲသွားမလားဟူ၍ခဏလောက်တော့ထိုင်စောင့်နေလိုက်သေးသည်။

သို့သော် မစဲသည့်အပြင် ပိုမိုသည်းထန်စွာရွာသွန်းလာသော မိုးကြောင့် Ricky တိတ်တိတ်ကလေး လက်လျှော့လိုက်ရပြီး ဒရိုင်ဘာကိုသာ ဖုန်းခေါ်ရန်စဉ်းစားမိလိုက်တော့၏။

သို့သော်လည်း အိမ်ကို သူ့ဘာသာပဲ Taxiငှားပြီးပြန်ရန်သာ ရွေးချယ်ခဲ့ပါသည်။

................

စီချွမ်း‌ရိုးရာစားသောက်ဆိုင်ရဲ့ တစ်ဖက်တွင် ကားမှတ်တိုင်ရှိ၏။မိုးရွာနေသောကြောင့်လူပင်ရှင်းနေသည်။မိုးခိုနေကြသူများက ထိုသေးငယ်သော ကားမှတ်တိုင်တွေအစား မျက်နှာချင်းဆိုင်မှ စားသောက်ဆိုင်ကိုသာ ရွေးချယ်ကြ၏။

Ricky ကားစောင့်ရန်..ကားမှတ်တိုင်ဆီသို့ မိုးရေတွေကြားထဲမှ ပြေးသွားလိုက်ရသည်။စိုရွှဲသွားသော အပေါ်ကုတ်အင်္ကျီမှ တင်ကျန်နေသော မိုးရေစက်များကို လက်ဖြင့်ခါလိုက်ပြိး...ရေငွေ့ပျံသွားသောမျက်မှန်ကိုပါ ဆွဲချွတ်လိုက်၏။

Ricky စိတ်ရှည်စွာကားစောင့်နေခဲ့သော်လည်း..မည်သည့်ကားမှ သူ့ဆီရပ်ချင်ပုံမရပေ....။သူပဲကံဆိုးနေတာလားမသိ...မိုးမိပါတယ်ဆို ကားပါ ငှားလို့မရဘူးတဲ့!

လက်ကနာရီမှာ ည7နာရီ45မိနစ်သို့ညွှန်ပြနေ၏။

ထိုစဉ် သေးငယ်သောကားမှတ်တိုင်ရှေ့ အနက်ရောင်ကားတစ်စီး ရပ်လာတော့သည်။ရုတ်တရပ်ဘရိတ်အုပ်လိုက်မှုကြောင့်...လမ်းမပေါ်၌ ရေအိုင်ငယ်လေးမှာ Ricky ခြေဖမိုးပေါ်သို့ ရေစက်များအဖြစ် လွင့်စင်ကျလာ၏။ကားပေါ်မှ ဆင်းလာသူမှာတော့...ယခုနက သူတွေ့ခဲ့တဲ့အတိုင်း...အနက်ရောင်အနောက်တိုင်းဝတ်စုံကိုသာ ဝတ်ဆင်ထားခဲ့သည်။

"ကားပေါ်တက်!!"

"ငါ...ကားစောင့်နေတာ..လာတော့မှာ.."

"ဘယ်အရူးက မိုးရွာကြီးထဲ ကားမှတ်တိုင်မှာ မရှိတဲ့ကားကိုထိုင်စောင့်နေမှာလဲ!!!"

ထိုလူ့အသံမှာ မိုးခြိမ်းသံအလား ကျယ်လောင်နေပြီး ဒေါသသံလည်းစွတ်နေခဲ့သည်။ချမ်းလွန်းသည်ကြောင့်လော၊ထိုလူ၏လွှမ်းမိုးမှုကြောင့်လော.. Ricky ကိုယ်လေး တုန်သွားမိ၏။

"...မင်းကရော..ဒီမှာ..ဘာလုပ်နေတာလဲ?..."

"ငါလား...?...မင်းလိုအရူးကို အိမ်ပြန်ဖို့ လာခေါ်တာလေ!"

Ji Woong က ယခုနကအတိုင်းပင် သူ့ကို စူးစူးရဲရဲကြည့်နေခဲ့ပြန်သည်။အမျိုးသမီးတစ်ယောက်နှင့်အတူတူတွဲမြင်လိုက်ရသည်ကြောင့် မကျေနပ်သည့်ဟန်...

Ricky မျက်ဝန်းကလေးများ ပြူးကျယ်သွားရသည်။နုံနုံအအ ကလေးလေးတစ်ယောက်လိုမျိုး..

"...ငါ့ကို....??"

"မင်း တက်မှာလားမတက်ဘူးလား?? ငါ့ဆီက ပွေ့ချီခံချင်လို့ တမင်လုပ်နေတာလား?? အခုချက်ချင်း မတက်ရင်...ငါမင်းသမီးလေးလို မင်းကို ပွေ့ချီပြီး ခေါ်သွားတော့မှာနော်!!"

"ငါ့ကိုယ်ကရေတွေစိုနေတယ်..."

"Shen..Quan...Rui..."

"အာ....တက်ပါ့မယ်!!"

Ricky လျှင်မြန်စွာ ကားပေါ်တက်လိုက်ပြီးနောက် အနက်ရောင်ကားမှာ လေအလျင်တိုင်း ရွေ့လျားသွားတော့သည်။

ကားပေါ်မှာနှစ်ယောက်စလုံးတိတ်ဆိတ်နေကြပြီးနောက် အနေရခက်စွာပင် မည်သူမျှ စကားစမပြောကျချေ။

Ricky မျက်လုံးများက ကားမောင်းနေသော Ji Woong လက်ဆီအကြည့်ရောက်သွားခဲ့သည်။ညာဘက်လက်ပေါ်၌ ရှင်းလင်းနေပြီး သူမျှော်လင့်ထားသလို...ဆင်တူနာရီလေးမရှိတော့ပေ။

"မင်း..အိမ်..ပြော?"

"...Ji Woong...ဟို...လွန်ခဲ့တဲ့ ငါးနှစ်လောက်က မင်းစကား အကျုံးဝင်သေးလား ဟင်?"

"ဘာ?"

"ဟို..ငါ့ကို မင်းအိမ်ဆီခေါ်ခဲ့တာလေ..။အခုရော....။ဟို...ငါမင်းအိမ်ဆီ လိုက်လို့ရမလား?"

Ji Woong က ဘာစကားမျှမပြောပဲ ချက်ချင်း ကားအား ဘရိတ်နင်းကာ ကွေ့ချလိုက်တော့သည်။Rickyကိုယ်လေးပါ ယိုင်သွား‌တော့၏။

"....!!!.."

TBC

ကိုကို့အိမ်ကိုလိုက်သွားတော့မယ် အဟိ။

!ZAWGYI!

မိမိေခါင္းမွာ အေကာင္ငယ္မ်ားစြာ တြတ္ထိုးေနသလို တဆစ္ဆစ္ျဖင့္ အုံခဲေနၿပီး ေခါင္းထူနိုင္ဖို႔ရာ အခ်ိန္ခဏေလာက္ပင္ ယူလိုက္ရသည္။

ကိုက္ခဲေနေသာ ေခါင္းအား အုပ္ကိုင္လိုက္ရင္း...သာမာန္အသိစိတ္ရရွိရန္အတြက္ Ji Woong အသက္ကိုခဏေအာင့္လိုက္ရ၏။

"Fuck!!! တစ္ကယ္ပဲ...မေန႕ညက Ricky Shen နဲ႕အိပ္မိသြားတာလား???"

ထိုအသိစိတ္ေၾကာင့္ မိမိအိပ္ရာေဘးက ေနရာအားၾကည့္လိုက္မိၿပီး ျဖဴျဖဴေဖြးေဖြးေက်ာျပင္ငယ္ေလးတစ္ခုေၾကာင့္ Ji Woong ၾကက္ေသေသသြားေတာ့သည္။

ေက်ာက္စိမ္းကဲ့သို႔ သြယ္လ် လွပေသာ ေက်ာျပင္ငယ္ကေလးဟာ ကိုက္ရာမ်ိဳးစုံျဖင့္ ျပည့္ႏွက္ေန၏။မိမိကိုေက်ာေပးထားၿပီး ေလ်ာ့တိေလ်ာ့ရဲ ဂြမ္းေစာင္ေၾကာင့္ ခါးတစ္ဝက္ထိ ေလွ်ာက်ေနသည္။

ဖက္ထုပ္လုံးေလးကဲ့သို႔ ေကြးေကြးေလးအိပ္ေပ်ာ္ေနေသာ ေကာင္ေလးငယ္ဟာ ဆြဲေဆာင္မႈရွိေနေသးျပန္သည္။တစ္ခုခုက ဆြဲငင္ထားသကဲ့သို႔...Ji Woong အၾကည့္မ်ား မလႊဲပစ္နိုင္ခဲ့....

"အြန႔္...အြန္းး...ကြၽတ္!"

ကိုယ္အားဆန႔္လိုက္သည္ေၾကာင့္ နာက်င္သြား၍ မေက်မနပ္ ၿငီးတြားသံေလးေပၚထြက္လာခဲ့သည္။ခဏၾကာေတာ့ အနည္းငယ္ေဖာင္းအစ္ နီရဲေနေသာ Shen Quan Rui မ်က္ဝန္းကေလးမ်ား ပြင့္လာေခ်ၿပီ....

Ji Woong ခ်က္ခ်င္းပင္ မ်က္ႏွာလႊဲပစ္လိုက္၏။

"အ့..နာလိုက္တာ....မ်က္မွန္ေရာ?"

ေသးေသးေကြးေကြးပုံရိပ္ေလးမွာ ေစာင္ပုံ ၾကားထဲမွ ထလာၿပီး လႈပ္လီလႈပ္လဲ့ျဖင့္ မ်က္မွန္အား စမ္းတဝါးဝါးလိုက္ရွာေနေတာ့သည္။

Ricky Shen ေဘးမွာရွိေနႏွင့္ေသာ သူ႕ကို သတိမထားမိေသးေပ...

"အဟမ္း! မင္းမ်က္မွန္က မင္းေခါင္းအုံးေဘးမွာ"

"အာ...ေက်းဇူးပဲ...ဟမ္!!!!"

ယခုမွ ေ႐ႊဉာဏ္ေတာ္ေလး အလင္းပြင့္လာေတာ့သည္။မေန႕ညက...သူတို႔ႏွစ္ေယာက္ တစ္ကယ္အိပ္ခဲ့ၾကတာလား! အိပ္မက္မဟုတ္ဘူးေပါ့ေလ!!

မ်က္မွန္အား ေကာက္တပ္လိုက္ၿပီးေနာက္ Ricky Shen က သူ႕ကို ျပဴးေၾကာင္ေၾကာင္ေလးျဖင့္ တစ္ဖန္ျပန္ၾကည့္လာခဲ့ျပန္ၿပီ။

"...မေန႕ညက...."

"အဟြတ္!"

Ricky ေခ်ာင္းဆိုးလိုက္တဲ့အခါ Ji Woong ခ်က္ခ်င္းရပ္သြားသည္။

"ဟို...မင္းအျပင္ ခဏထြက္ေပးလို႔ရမလား.."

"ဘာ??"

သူတို႔ႏွစ္ေယာက္စလုံးဘာမွဝတ္ထားတာမဟုတ္ဘူးေလ...အဲ့တာကိုJi Woong က ကိုယ္တုံးလုံးနဲ႕ အခန္းျပင္ကို ထြက္သြားရမွာလား?

"ဒါဆို မင္းအရင္ အဝတ္ဝတ္လိုက္.."

Ricky Shen အၾကည့္မ်ား ဗလာက်င္းေနေသာ သူ႕ရင္အုပ္ႂကြက္သားေတြဆီေရာက္လာၿပီးေနာက္ ရွက္ရွက္ျဖင့္ မ်က္ႏွာလႊဲသြားခဲ့သည္။နီရဲေနေသာ နား႐ြက္ဖ်ားႏွင့္ ပြေယာင္းေယာင္းဆံပင္က်ိဳ႕တို႔က်ဲတဲေလးမ်ားမွာ အေမႊးပြေၾကာင္ကေလးမေက်မနပ္ျဖင့္ ငုတ္တုပ္ထိုင္ေနသကဲ့သို႔ပင္...

Ji Woong လည္းခပ္ျမန္ျမန္ပင္ တြန႔္ေၾကေနေသာအကၤ်ီျဖဴကို ၾကယ္သီးတပ္လိုက္ၿပီးေနာက္ Ricky ကို ၾကည့္လိုက္ေသာ္လည္းထိုေကာင္ေလးက ေခါင္းကိုသာ တစ္ခ်ိန္လုံးငုံ႕လို႔ထားသည္။

အဝတ္အစားမ်ားအကုန္ဝတ္လို႔ၿပီးသြားေတာ့မွ Ricky က ေမာ့ၾကည့္လာ၏။ၿပီးေနာက္ သူ႕ကိုထြက္သြားဖို႔ေျပာသည္။

Ji Woong လည္း က်စ္ခနဲ မေက်မနပ္စုပ္သပ္လိုက္ၿပီး အျပင္သို႔ထြက္သြားကာ တံခါးကို ဘန္းခနဲ ျမည္ေအာင္ပိတ္ခဲ့လိုက္သည္။

"ေဆးခတ္ခံရတာ Ji Woong ေလ! ဘာလို႔မ်ား သူက ဦးႏွောက္မရွိတဲ့လူတစ္ေယာက္လို ခြင့္ျပဳလိုက္ရတာလဲ!!! "

Ricky Shen သူ႕ကိုယ္သူမေက်မနပ္ေရ႐ြတ္လိုက္ရင္း နာက်င္ေနေသာ ေအာက္ပိုင္းကို လ်စ္လ်ဴရႉလိုက္ၿပီးေနာက္ အိပ္ရာေဘးက်ေနေသာ အကၤ်ီအား ေကာက္လိုက္သည္။

"ခ်ီးပဲ! ၾကယ္သီးေတြမရွိေတာ့ဘူး"

အျဖဴေရာင္ ရွပ္အကၤ်ီလက္ရွည္မွာ ၾကယ္သီးသုံးလုံးသာရွိေတာ့သည္။သူဝတ္လိုက္တဲ့အခါ အတြင္း၌ မာကင္ရာမ်ားက ျမင္မေကာင္းေလာက္ေအာင္ ထင္းေနေတာ့၏။

ေဘာင္းဘီကိုလည္း မ်က္ႏွာရႈံ႕မဲ့ၿပီး ဝတ္လိုက္ရသည္။ေအာက္ပိုင္းမွာ ေခြးကိုက္ခံရသလိုပင္ နာက်င္လြန္းေသာေၾကာင့္ပင္...

သူအနက္ေရာင္ကုတ္အေပၚထပ္ကို ဝတ္မည္အျပဳ Ji Woong ကျပန္ဝင္လာခဲ့သည္။သူ႕လက္ထဲ၌လည္း ဆန္ျပဳတ္ဗန္းကိုင္ကာ ပူေလာင္ေနေသာ ဆန္ျပဳတ္အိုးကို ဂ႐ုတစိုက္ ထိန္းသယ္လာ၏။

"မင္း...တစ္ခုခု အရင္စားအုန္း...ေနာက္ၿပီးေတာ့ မေန႕ညက ကိစၥ ငါ တာဝန္"

"ရတယ္။ဘာမွမျဖစ္ခဲ့ဘူးလို႔ပဲ ငါသေဘာထားလိုက္မယ္"

႐ုပ္တရက္ အခန္းတစ္ခုလုံး တိတ္ဆိတ္သြားသည္။

ငါ တာဝန္ယူပါ့မယ္ ဆိုတဲ့စကားလုံးေလးက ထြက္မလာေတာ့သလို...ထိုကိစၥႀကီးတစ္ခုကို ဘာမွမျဖစ္သလိုေနဖို႔ေျပာခဲ့သည့္ ေကာင္ေလးမွာလည္း အတိုင္းသား ေငးၾကည့္ေနရွာသည္။

တစ္ကယ္ေတာ့ Ji Woong ဒီအရာႀကီးအတြက္ ကိုယ့္ကိုယ္ကိုယ္အျပစ္တင္ေနမွာစိုးလို႔ Ricky ကထိုသို႔ေျပာလိုက္ျခင္းျဖစ္သည္။

ၿပီးေတာ့သူအရွက္လြန္သြား၍ ဘာမွမစဥ္းစားမိေတာ့ပဲ ထိုသို႔ေျပာလိုက္ျခင္း။
Ji Woong ဝင္လာတဲ့အခ်ိန္ သူကအဝတ္စားဝတ္ေနတုန္းတန္းလန္းႀကီးမွတ္လား...ၿပီးေတာ့ သူ႕ကိုယ္ေပၚမွာစုပ္ရာကိုက္ရာေတြကလည္း အထင္းသားနဲ႕ေလ.....

"ငါ..အဲ့လိုသေဘာ မဟုတ္"

"Fuckပဲ!! Shen Quan Rui မင္းေစာက္လုပ္ပဲ! မင္းလုပ္ခ်င္တာသာလုပ္ေတာ့!!"

'ဘန္း!!!'

ဆန္ျပဳတ္အိုးေလးမွာ ၾကမ္းျပင္ေပၚသို႔ ပစ္ခ်ခံလိုက္ရသည္။ပူေလာင္လွေသာ ဆန္ျပဳတ္မ်ား လြင့္စင္ကုန္၏။

Ricky အတြက္ သယ္လာခဲ့ေသာ ဆန္ျပဳတ္ဗန္းအား အားျဖင့္ ပစ္ခ်လိဳက္ၿပီးေနာက္ Kim Ji Woong ေဒါသထြက္စြာျဖင့္ အခန္းထဲမွ ထြက္သြားေတာ့သည္။

က်ကြဲသြားေသာ ဆန္ျပဳတ္အိုးႏွင့္အတူ ေဘး၌ ျပန႔္က်ဲေနေသာ ေဆးကဒ္တစ္ခ်ိဳ႕လည္းရွိေနေသးသည္။ထိုအရာက အကိုက္ခဲေပ်ာက္ေဆးလိုမ်ိဳး ေဆးမ်ားျဖစ္ၿပီး ေရာင္ရမ္းျခင္းႏွင့္ ကိုက္ခဲမႈကိုေပ်ာက္ကင္းေစသည္။အထူးသျဖင့္ သူေသာက္ရန္လိုအပ္သည့္ေဆးမ်ားပင္...
Kim Ji Woong က Ricky Shen အတြက္....ေဆးမ်ားကို ကိုယ္တိုင္ယူလာဟန္တူ၏။

"ငါ့ဂ႐ုစိုက္မႈကို သူမလိုအပ္ဘူးေလ...Kim Ji Woong မင္းကေစာက္႐ူးပဲ! သူက မင္းကို ဘယ္တုန္းကမွ မလိုအပ္ခဲ့ဘူး!!!"

ထို႔ေနာက္ ေဟာ္တယ္ရွိ ကားပါကင္မွ အနက္ေရာင္ sport ကားေလးဟာ ေၾကာက္စရာအရွိန္ျဖင့္ ခပ္ၾကမ္းၾကမ္းေမာင္းထြက္သြားေတာ့သည္။

.....

ၾကမ္းျပင္ေပၚမွ ျပန႔္က်ဲေနေသာ ဆန္ျပဳတ္မ်ားႏွင့္ ရႈပ္ပြေနေသာ အခန္းအား Ricky ဒီအတိုင္းေလးသာ ေၾကာင္ၾကည့္ေနမိေတာ့သည္။

သူဒီလိုေငးေနမိတုန္း တံခါးေခါက္သံၾကားရတာေၾကာင့္ တစ္ခဏေတာ့ Ji Woong မ်ားျဖစ္မလားလို႔ေမွ်ာ္လင့္ၾကည့္မိေသးသည္။သို႔ေသာ္...ထိုလူက ထိုကဲ့သို႔ ယဥ္ေက်းစြာ တံခါးေခါက္ၿပီးမွ ဝင္လာမည့္သူမဟုတ္ေပ...

"အကိုေလး နိုးၿပီလားခင္ဗ်...ကြၽန္ေတာ္က ေဟာ္တယ္ မန္ေနဂ်ာပါ။အကိုေလးအတြက္ ဝတ္စုံလာပို႔ေပးတာပါ...ေနာက္ၿပီးေတာ့ အကိုေလးဖုန္းကိုေခၚမရလို႔ ေဘာ့စ္က ကြၽန္ေတာ့္ဆီ ဖုန္းဆက္လာပါတယ္။ကုမၸဏီကိုလာခဲ့ဖို႔လည္း ေျပာပါတယ္ဗ်"

"အင္း သိၿပီ။ ေက်းဇူးတင္ပါတယ္"

တံခါးအားေခါင္းတစ္လုံးစာပဲ 'ဟ'ထာၿပီး လက္ထုတ္ကာ အကၤ်ီအားယူၿပီးေနာက္ မလုံမလဲျဖင့္ ခ်က္ခ်င္းျပန္ပိတ္လိုက္ရပါသည္။

"ဒါနဲ႕ မင္းကို ဘယ္သူက ငါ့ဖို႔အဝတ္စားေတြယူလာခိုင္းတာလဲ?"

"Kimမိသားစုက အကိုေလးသူငယ္ခ်င္း Kim Ji Woongပါ"

Ricky Shen ရဲ႕ဝမ္းနည္းေနတဲ့စိတ္ကေလးမွာ တစ္ခဏတာမွ်သာျဖစ္ၿပီး ေပါ့ပါးေသာအဝတ္စားမ်ားလဲလွယ္ကာ ေဟာ္တယ္ထဲက ထြက္လာလိုက္ေတာ့သည္။ျငႇိုးငယ္နာက်င္ေနေသာ သူ႕စိတ္ကေလးမွာလည္း အနည္းငယ္သက္သာသြား၏။

ဒီေဟာ္တယ္က Shenမိသားစုရဲ႕ လက္ေအာက္က ပိုင္ဆိုင္မႈျဖစ္တာေၾကာင့္ မေန႕ညက ဧည့္သည္ေတာ္မ်ားကလည္း ေတာ္ေတာ္ႏွင့္ျပန္ၾကအုန္းမည္မထင္။သို႔ေသာ္လည္း သူ႕တြင္လုပ္စရာကိစၥမ်ားပုံေန၏။ေနာက္ၿပီးေတာ့...ဟိုကို ျပန္သြားရနိုးနိုး မသြားရနိုးနိုး သူစဥ္းစားရက်ပ္ေနရ၏။

ထိုအမ်ိဳးသမီးႏွင့္ Kim Ji Woong ၏ ဆက္ဆံေရးကို သူအင္မတန္မွသိခ်င္လွသည္။

သူတစ္ကယ့္ကိုပင္...Ji Woong ကိုလက္မလႊတ္နိုင္ေပ....။

တစ္ခ်ိန္က သူ႕ထံတြင္ မရွိခဲ့ေသာ သတၱိမ်ားႏွင့္ယုံၾကည့္မႈမ်ား၊ရင့္က်က္တည္ၿငိမ္မႈမ်ား ေၾကာင့္ ႏွလုံးသားတစ္စုံအား သူဆုံးရႈံးခဲ့ရေပသည္။

နည္းပါးလွေသာ ပိုင္ဆိုင္မႈေလးေတြထဲမွ သူ႕ထဲတြင္ လႊတ္ခ်ခဲ့ဖို႔ရာ..Kim Ji Woong သာရွိခဲ့သည္။

'ပိုင္ဆိုင္ၿပီးမွ စြန႔္လႊတ္ရမွာထက္ဆိုင္ရင္....မပိုင္ဆိုင္ရခင္ကတည္းက အေဝးဆုံးကိုထြက္သြားလိုက္တာ ပိုေကာင္းပါတယ္'

သူငယ္ငယ္ကတည္းက အၿမဲတမ္းသင္ယူခဲ့ရေသာ စကားျဖစ္၏။ထို႔ေၾကာင့္ပင္ ရင္ဆိုင္ရန္အတြက္ သူ႕မွာ သတၱိမရွိခဲ့...

ယခုမူ KIm Ji Woong အား သူမည္မွ်ခ်စ္ခဲ့ပါေၾကာင္း၊ခ်စ္ေနေသးပါေၾကာင္း ေဖာ္ထုတ္ဖို႔ရာ သတၱိေတြရွိေနၿပီျဖစ္သည္။သူလႊတ္ခ်ခဲ့ပါေသာ သူ႕ ႏွလုံးသားငယ္အား..ျပန္ပိုင္ဆိုင္ရဖို႔ ႀကိဳးစားခ်င္ပါသည္။

သို႔ေသာ္..မိန္းမတစ္ေယာက္ရင္ခြင္ထဲရွိေနႏွင့္ၿပီးသားလူတစ္ေယာက္ကိုေတာ့ Ricky Shen ၿပိဳင္မလုခ်င္ေပ......

-----------------------

ႏွစ္ရက္ေလာက္ၾကာၿပီးတဲ့ေနာက္မွာ... Ricky Shen တို႔ကုမၸဏီအား လူတစ္ေယာက္ ေရာက္လာခဲ့သည္။ထိုသူမွာ Ye Chanပင္ျဖစ္၏။

"ေတာ္ေသးတာေပါ့.. ငါထြက္မသြားခင္ မင္းနဲ႕ေတြ႕လို႔ရေသးလို႔"

"မင္း ငါ့ကို တစ္ခုခုေျပာစရာရွိလို႔လား?"

"အင္း....အရာအားလုံးေနာက္မက်ေသးခင္ ငါမင္းကို သိေစခ်င္တယ္"

"......"

"မင္း ဒီလိုမ်ိဳး သူ႕ကိုထားၿပီးထြက္သြားခဲ့တာေတာင္အဲ့ေကာင္ Ji Woong ကစိတ္နာရက္ခဲ့တာမဟုတ္ပါဘူး...မင္းသူ႕ကို သေဘာမက်ရင္ေတာင္ အရင္လိုပဲ ျပန္ေနေပးလို႔ရမလား?"

ဒီငါးႏွစ္အတြင္း သူမသိနိုင္တဲ့ကိစၥမည္မွ်ျဖစ္သြားသလဲဆိုတာ Ricky မစဥ္းစားတတ္ေတာ့ေပ။

သာမာန္သူငယ္ခ်င္းဆက္ဆံေရးဆိုရင္ေတာင္ ကိုယ့္ဘက္က ခ်စ္ခင္ခဲ့ရပင္မဲ့ တစ္ဖက္လူက ကိုယ့္ကို မလိုအပ္တဲ့အခ်ိန္က် ပစ္ခ်ထားခဲ့တဲ့အခါ...နာၾကည္းမုန္းတီးမိမွာအမွန္ပင္.....

တစ္ကယ္ပဲ...အဲ့ဒီ့အခ်ိန္ကာလတုန္းက Ji Woong ကို သူထြက္သြားေတာ့မဲ့အေၾကာင္း အသိေပးခဲ့ဖို႔ ေကာင္းပါရဲ႕။

"အရင္လိုဆိုတာမ်ိဳးက...သူနဲ႕ငါ့ၾကားမွာ ရွိမွာမဟုတ္ေတာ့ဘူး"

ထိုစကားက သာမာန္လိုထင္ရပင္မဲ့ အဓိပၸာယ္ႏွစ္မ်ိဳးပါေန၏။ကိုယ့္နားလည္မႈစြမ္းရည္ေပၚတြင္သာမူတည္ေနသည္။

"အဲ့ဒီ့ေန႕တုန္းက...မင္းေၾကာင့္နဲ႕ သူေသမလိုျဖစ္ခဲ့တာကြ! Shen Quan Rui...မင္းထြက္သြားၿပီးေနာက္ပိုင္း သူက အ႐ူးတစ္ေယာက္လိုမ်ိဳး..မင္းကိုပဲေစာင့္ေနခဲ့တာ မင္းသိရဲ႕လား!!!"

Ye Chanနာနာက်င္က်င္ျဖင့္ တစ္ခ်က္ရွိုက္လိုက္ၿပီး စကားဆက္ေျပာ၏။

"အမHae Mi ကဆရာဝန္တစ္ေယာက္ေလ...Ji Woong မင္းထြက္သြားတဲ့ႏွစ္က ကားတိုက္မႈျဖစ္ၿပီး Lee Teak ကိုယ္တိုင္ သူ႕အမနဲ႕ မိတ္ဆက္ေပးခဲ့တာ"

သူတို႔ႏွစ္ေယာက္ စားပြဲတစ္ခုထဲမွာ မ်က္ႏွာခ်င္းဆိုင္စကားေျပာေနၾကပင္မဲ့....လြန္စြာေဝးကြာေသာ ေျခလွမ္းေတြ လွမ္းေနၾကသလိုပင္။

"...Ye Chan မင္းသိလား...ငါသူ႕ဆီ တစ္ႏွစ္ၾကာေတာ့ ျပန္လာခဲ့ေသးတယ္။သူမ်ားေတြထင္ေနသလိုမ်ိဳး ငါက ေငြမက္လို႔ နိုင္ငံျခားကိုထြက္သြားတာမ်ိဳး မဟုတ္ရပါဘူး.....ငါသူ႕ကို ရွင္းျပခ်င္ခဲ့တာ...ဒါပင္မဲ့ ငါသူနဲ႕မေတြ႕ခဲ့ရဘူးေလ။ျဖစ္ခ်င္ေတာ့ Lee Teak နဲ႕ Ji Woong ကုမၸဏီမွာ လာဆုံတယ္...သူကေျပာတာ သူ႕အမနဲ႕ Ji Woong နဲ႕က ေစ့စပ္ေတာ့မွာတဲ့ ၿပီးေတာ့ ငါက Ji Woong အတြက္ အႏွောင့္အယွက္ျဖစ္ေစလိမ့္မယ္ဆိုၿပီး....အဲ့အခ်ိန္ အင္တာနက္ေပၚမွာပါ အဲ့ဒီ့ သတင္းေတြက ျပန႔္က်ဲေနခဲ့တာပဲေလ"

"ခ်ီးပဲကြာ!! စာေမးပြဲေတြေျဖၿပီးေတာ့ ငါသူတို႔နဲ႕အဆက္သြယ္ပ်က္သြားခဲ့ေသးတယ္။မင္းထြက္သြားၿပီးေတာ့ေလ...အဲ့ဒီ့ေကာင္က အရင္လိုမဟုတ္ေတာ့ဘူး...စိတ္လြတ္ေနတဲ့လူတစ္ေယာက္လိုမ်ိဳး..ဘာကိုမွလည္းအာ႐ုံမစိုက္ေတာ့ဘူး...ၿပီးေတာ့ သူaccidentျဖစ္တယ္"

"ဘာျဖစ္တယ္!! သူ...."

"ေအး! ေဆး႐ုံမွာ ေတာ္ေတာ္ၾကာသြားတယ္...အဲ့တုန္းက  Ji Woong ေမာင္းေနတဲ့ဆိုင္ကယ္နဲ႕ တစ္ဖက္က ကားနဲ႕တိုက္မိတာ အမာ႐ြတ္ေတြေတာင္ေပ်ာက္အုန္းမွာမဟုတ္ဘူး။အဲ့ကတည္းက အမ Hae Mi က Ji Woong အနားမွာကပ္ေနေတာ့တာပဲ....ငါ ခန႔္မွန္းရရင္ မင္း ျပန္လာၿပီး Ji Woong ကို ကုမၸဏီမွာလာရွာတဲ့အခ်ိန္..သူကေဆး႐ုံမွာပဲရွိေနႏွင့္ေလာက္အုန္းမွာ....."

"...Ye Chanမင္းငါ့ကို အကုန္ေျပာျပစမ္းပါ....ေစ့စပ္ပြဲကေရာ? မဟုတ္ဘူးလား..."

Ricky ရဲ႕ မက္မြန္ပြင့္သဏၭာန္ ခပ္မွိုင္းမွိုင္းမ်က္ဝန္းကေလးမ်ား မသိမသာလက္သြားသည္။စိတ္လႈပ္ရွားမႈအား မသိမသာ ျပန္ထိန္းလိုက္ၿပီး...ေမွ်ာ္လင့္ခ်က္အနည္းငယ္ေတာ့ သူထားခ်င္မိပါသည္။

"ေစ့စပ္ပြဲကေတာ့ အစစ္...ဒါပင္မဲ့ အဲ့တာက လြန္ခဲ့တဲ့ႏွစ္ႏွစ္ကမွ..ဒါပင္မဲ့ ေစ့စပ္ပြဲေတာင္ မျဖစ္လိုက္ရပါဘူး။ႏွစ္ဖက္မိဘေတြ႕ဆုံပြဲမွာေလ...အဲ့ေကာင္ Ji Woong ဘာေျပာခဲ့လဲ မင္းသိလား!!"

"........"

"....ကြၽန္ေတာ္ Shen Quan Rui ကလြဲၿပီး ဘယ္သူ႕ကိုမွခ်စ္လို႔မရလို႔ တျခားသူနဲ႕ လက္မထပ္ခ်င္ဘူးတဲ့..."

"......."

Ricky မ်က္ႏွာ ခ်က္ခ်င္းပင္ ျပာႏွမ္းသြားသည္။
ဆူးေအာင့္လာတဲ့ နာက်င္မႈက ႏွလုံးသားဟိုးေအာက္ေျခမွ လာ၏။

"ႏွစ္ဖက္မိဘေတြအကုန္လုံးလည္း မ်က္ႏွာေတြပ်က္ကုန္ၾကတယ္။ဒါပင္မဲ့ အဲ့ဒီ့ေကာင္Ji Woong ကေလ...တစ္ကယ္တစ္ဇြတ္ထိုးေကာင္!! မင္းကလြဲရင္ ဘာမွၾကည့္တဲ့ေကာင္မဟုတ္ဘူး"

ေနာက္ဆုံးေတာ့ သူတို႔တစ္ေယာက္ကိုတစ္ေယာက္အထင္လြဲခဲ့ၾကတာပဲ....ႏွစ္ေတြမည္မွ်ၾကာခဲ့သနည္း။ငါးႏွစ္လား.....ဒါမွမဟုတ္ ဆယ့္ငါးႏွစ္လား...အတိအက်ဆိဳရင္.. Ricky အတြက္ ဆယ့္ငါးႏွစ္လုံးလုံး ထိုလူ႕ကိုသာ ခ်စ္ခဲ့ရၿပီး..ငါးႏွစ္မွ် သူတို႔ႏွစ္ေယာက္ အထင္လြဲေနၾကတာျဖစ္သည္။

"...ငါ ဒီတစ္ေလွ်ာက္လုံးအထင္လြဲေနခဲ့တာ....Ji Woong ကလည္း ငါ့ကိုမုန္းေနခဲ့မယ္ထင္မိလို႔"

"Ji Woong က မင္းကိုခ်စ္ေနတာ မင္းကလြဲၿပီး လူတိုင္းသိတယ္..Shen Quan Rui....မင္းတို႔ႏွစ္ေယာက္ကေတာ့ တစ္ကယ္ပါပဲ!"

Ricky နာက်င္စြာၿပဳံးလိုက္မိၿပီး...ႏြေဦးရဲ႕အဝါေရာင္ လိပ္ျပာေလးတစ္ေကာင္ ေနေရာင္ေအာက္ သြက္လက္စြာ ပ်ံသန္းလာသည့္အတိုင္း သူ႕ေခါင္းကို ေမာ့လိုက္၏။

"အခုလို ေျပာျပေပးတဲ့အတြက္ ငါမင္းကိုေက်းဇူးတင္ပါတယ္ Ye Chan "

"ရတယ္...မင္း Lee Teak တို႔ေမာင္ႏွမ ႏွစ္ေယာက္ကိုသာ သတိထားေနာ္"

"ငါ ဂ႐ုစိုက္ပါ့မယ္"

"ေကာင္းၿပီ....တစ္ခုခုလိုအပ္ရင္ ငါ့ကိုဆက္သြယ္..ငါသြားၿပီ"

ရက္အနည္းငယ္ေလာက္ၾကာရင္ တျခားနိုင္ငံတစ္ခုသို႔အၿပီးပိုင္ ထြက္ခြာသြားေတာ့မည့္လူတစ္ေယာက္က မည္မွ်အကူညီေပးနိုင္လိမ့္မည္နည္း ဆိုတာကို Ye Chan မသိေပ....

သို႔ေသာ္ သူတို႔ႏွစ္ေယာက္ အဆင္ေျပသြားဖို႔ပဲ ေမွ်ာ္လင့္မိေတာ့သည္။

-----------------

အခ်ိန္ငါးရက္ ထပ္မံကုန္လြန္ခဲ့ျပန္သည္။

သူ Ji Woong နဲ႕မေတြ႕ျဖစ္တာ တစ္ပတ္ေက်ာ္ၿပီ။

ထိုလူက သူ႕လိုေတာ့ အလုပ္မမ်ားေလာက္ပင္မဲ့ Kimလုပ္ငန္းစုကိုဦးေဆာင္ဖို႔အတြက္ လုပ္ငန္းခြင္ထဲသို႔ဝင္ေနရၿပီျဖစ္သည္။

ျပတင္းေပါက္အနားမွာထိုင္ကာ ထုံးစံအတိုင္း Ricky သူ႕လက္က နာရီကိုသာ အၾကာႀကီးေငးၾကည့္ေနျပန္၏။အဲ့ဒီ့ေန႕တုန္းက Ricky နာရီမဝတ္သြားမိခဲ့ဘူးေလ.....

တစ္ကယ္လို႔သူ႕ဝတ္သြားခဲ့မိရင္ေရာ...Ji Woong က မွတ္မိမွာမို႔လို႔လား....တစ္ကယ္ပါပဲ။Kim Ji Woong က တစ္ကယ္ႀကီးသူ႕ကို သေဘာက်ေနခဲ့တာတဲ့လား?....အခုေရာ သေဘာက်ေသးလား?...

Ricky Shen တစ္ကယ္ ႐ူးေတာ့မယ္ထင္တယ္။

ထိုစဥ္ သူ႕ထံသို႔ phone call တစ္ခုဝင္လာခဲ့ျပန္သည္။ေခၚဆိုသူမွာေတာ့ သူ႕ဖခင္ပင္....

"ဟဲလို?"

"Quan Rui... Star Hotelက အစည္းအေဝးခန္းမထဲေဖေဖက်န္ခဲ့တဲ့ စာ႐ြတ္အိတ္ ယူလာခဲ့ေပး"

"ကြၽန္ေတာ္ကလား?...ခင္ဗ်ား အတြင္းေရးမႉးကိုဘာလို႔မခိုင္းတာလဲ?"

"သူေနမေကာင္းလို႔ ခြင့္ယူထားတယ္...အခုငါ့ေဘးမွာ ဘာမွမတတ္တဲ့ သူ႕ညီမပဲရွိတယ္...မင္းပဲယူလာေပးပါအုန္းကြာ"

Ricky Shen မ်က္ေမွာင္က်ဳံ႕လိုက္သည္။

"အင္း..."

ထို႔ေနာက္ဖုန္းကိုခ်လိဳက္၏။ဒီရက္ပိုင္း ဥကၠဌShen က သူ႕အေပၚပိုၿပီးေတာ့ စိတ္ထားျဖဴစင္ျပေနသလိုပဲ....

သူ႕သားYu Jinနဲ႕မျခားစြာ သူ႕အေပၚေကာင္းေကာင္းမြန္မြန္ဆက္ဆံေနသည္။အခုYu Jinလည္းအသက္ျပည့္ၿပီ...ဘာလို႔မ်ား သူ႕ကိုမရွင္းပစ္ေသးပဲဆက္ထားေနေသးတာလဲ?

မသိရင္ Yu Jin နဲ႕ ကုမၸဏီက မအပ္ဆက္ေတာ့ သလိုမ်ိဳးျဖင့္...ထိုလူမွာ လ်စ္လ်ဴရႉ႕ထားေလ၏။

အစည္းေဝးခန္းမထဲ၌ လူဆယ္ေယာက္ေက်ာ္ေလာက္ရွိသည္။Ricky တံခါးေခါက္ကာဝင္လာၿပီးေနာက္ ပစၥည္းထားကာ ခ်က္ခ်င္းျပန္ထြက္မည္ျပဳေသာ္လည္း....

"ဒါကြၽန္ေတာ့္သား Shen Quan Rui ေလ...အခုလကမွ နိုင္ငံျခားကေနျပန္ေရာက္တာ။ဟိုမွာ လုပ္ငန္းေတြကိုဦးစီးေနတယ္ဆိုပါေတာ့ဗ်ာ..ဟား..ဟား..အိမ္း..ေနာက္ပိုင္း Shen ကုမၸဏီႀကီးကို က်ဳပ္အစား သူ႕ကိုပဲအားကိုးရမယ္ထင္ပါတယ္.."

"...ဒါ ဘာသေဘာလဲ?"

သူ႕အေဖ ေျမေခြးအိုႀကီးက ဘာေတြမ်ား ကစားဖို႔က်န္ေနတာလဲ?။အရင္တုန္းက သူ႕အစီစဥ္ေတြက Yu Jin အသက္ျပည့္ၿပီးတာနဲ႕ သူ႕ကိုေမာင္းထုတ္ဖို႔မဟုတ္ဘူးလား?

အခု စီးပြားတူပါတနာလုပ္ငန္းရွင္ႀကီးေတြေရွ႕မွာ..သူ႕ကိုတရားဝင္အသိမွတ္ျပဳလိုက္တာ ဘာသေဘာလဲ??

သူ႕အေဖက ဘာေတြမ်ား ႀကံစည္ခ်င္ေနတာပါလိမ့္?

"ဘာသေဘာလဲဆိုေတာ့...ေနာက္အစည္းေဝးႀကီးေတြမွာ ေဖေဖ့အစား မင္းတက္ရလိမ့္မယ္ Ricky Shen..."

Ricky မည္သို႔မွ်မဆိုေလဘဲ အစည္းေဝးခန္းမထဲမွ ထြက္လာခဲ့ေတာ့သည္။သူ႕အေနာက္၌ သူ႕အေဖအတြင္းေရးမႉးရဲ႕ညီမက ကပ္ပါလာ၏။

ထိုမိန္းကေလးမွာ ဟိုတစ္ခါသူ႕အတြက္ အဝတ္အစားလာပို႔သည့္ Annaပင္...

"ဟိုင္း!! ရွင္ကြၽန္မကို မွတ္မိတယ္ ဟုတ္?"

"Sorry..ကိုယ္မင္းကို မမွတ္မိေတာ့ဘူး"

"အာ..ခစ္ခစ္ ကိစၥမရွိပါဘူး။ကြၽန္မက ရွင့္အေဖအတြင္းေရးမႈးရဲ႕ ညီမေလ..."

"အင္း...အဲ့ေတာ့?"

"ဂုဏ္ယူပါတယ္ရွင္...ရွင္က ရွင့္အေဖအစား Shenမိသားစုႀကီးရဲ႕လုပ္ငန္းေတြကိုဦးစီးရေတာ့မွာပဲ .."

" မင္းက ဘာကိုေျပာခ်င္တာလဲ?"

"ခစ္..ခစ္!"

သူမက လက္ဖဝါးတစ္ဖက္ျဖင့္ သိမ္ေမြ႕စြာအုပ္လိုက္ရင္း ရယ္ေသြးသမ္းေနသည္။တစ္စုံတစ္ခုေတာ့ရွိရမည္။အဓိပၸာယ္ပါေသာ အၾကည့္တစ္ခ်ိဳ႕ျဖင့္ သူ႕အားၾကည့္ၿပီးေနာက္...Hotel အနီးနားမွ စီခြၽမ္းစားေသာက္ဆိုင္သို႔ သူတို႔ေရာက္ရွိလာၾကသည္။

"မင္းေျပာခ်င္တာ ဘာလဲ?"

"ရွင့္အေဖနဲ႕ ကြၽန္မအမတို႔ မၾကာခင္ လက္ထပ္ၾကလိမ့္မယ္..."

"ကိုယ္ အဲ့တာ စိတ္မဝင္စားဘူး"

"အင္းဟုတ္ပါၿပီ...ၿပီးေတာ့ ကြၽန္မက ရွင္နဲ႕လက္ထပ္မယ္"

"ကိုယ့္မွာ ခ်စ္ရမဲ့လူရွိၿပီးသား"

"Ohh..ဟုတ္ပါၿပီ...ေနာက္ၿပီးေတာ့...Han Yu Jin က ရွင့္အေဖ ရဲ႕ သားအရင္းမဟုတ္ဘူး"

သူမက ယခုနကအတိုင္းပင္ ႐ႊင္ျမဴးအသက္ဝင္ေနေသာ မ်က္လုံးမ်ားျဖင့္ ရယ္ေန၏။

ဟင္းပြဲမ်ားေရာက္မလာခင္ထိ Ricky ကိုသာ ႐ႊန္း႐ႊန္းစားစားစိုက္ၾကည့္ေနခဲ့သည္။

"သက္ေသ?"

"အဟား!! ရွင္ကလည္းေလ...Han Yu Jin ရဲ႕အေဖရင္းက အရင္က ကြၽန္မအမရဲ႕သူေဌးေလ...သူမကအဲ့ဒီ့လွ်ို႔ဝွက္ခ်က္ႀကီးကိုသိထားတယ္။ၿပီးေတာ့ ဥကၠဌShenကလည္း ဒီကိစၥကို DNAစစ္ၾကည့္ၿပီးၿပီေလ! ရလဒ္ကေတာ့...ကြၽန္မအမေျပာသလိုပဲေပါ့....."

ထို႔ေၾကာင့္ပင္ သူ႕အေဖရဲ႕ မွ်ားဦးက သူ႕ဆီလွည့္လာတာလား?

အဲ့ဒီ့လိုသာဆို...Han Yu Jin က Shenမိသားစုႏွင့္လုံးဝမသက္ဆိုင္ေတာ့ေခ်။ဥကၠဌShenက ဆက္လက္ထိန္းခ်ဳပ္ဖို႔ရာ..မ်ိဳးဆက္ဟူ၍ Ricky သာ က်န္ရွိေတာ့၏။

"မင္းေျပာသလိုသာဆို...."

"ေဟာ..ဒီေနရာမွာလည္း ေဆြမ်ိဳးအရင္းခ်ာေတြလာေတြ႕နိုင္တာပဲ...တိုက္ဆိုင္လိုက္တာ"

သူတို႔စားပြဲဝိုင္းသို႔တေျဖးေျဖးေလွ်ာက္လာသူမွာ Shen Min Jeonျဖစ္၏။Rickyခ်က္ခ်င္း မ်က္ေမွာင္ႀကဳံ႕လိုက္သည္။သို႔ေသာ္ သူ႕ေနာက္မွပါလာေသာ တစ္စုံတစ္ေယာက္ေၾကာင့္...သူ႕မ်က္ဝန္းအိမ္မ်ား လက္ခနဲျဖစ္သြားျပန္သည္။

ဘယ္လိုလုပ္ ဒီေနရာမွာ...Shen Min Jeonနဲ႕အတူတူ Ji Woong ကိုပါ ျမင္ရတာလဲ?

"အာ..အကို Quan Ruiက အဲ့လိုေၾကာက္ဖို႔ေကာင္းေအာင္မၾကည့္ပါနဲ႕ဗ်ာ..ကြၽန္ေတာ္တို႔ကထြက္သြားေပးမွာပါ။သူမ်ားအခ်ိန္ေကာင္းေလးေတြကိုမႏွောင့္ယွက္ပါဘူး ေနာ္ ဟုတ္တယ္မွတ္လား..Ji Woong"

ထိုလူကေတာ့ သူ႕နာမည္ေခၚတာကိုေတာင္မၾကားနိုင္ေတာ့ဘဲ...ဝါးစားမတတ္ ေရွ႕က လူႏွစ္ေယာက္ကိုပဲ ၾကည့္လို႔ေနတယ္...

"မင္းေျပာသလိုမဟုတ္ပါဘူး...ငါတို႔က မိတ္ေဆြေတြပါ...ဒါနဲ႕....မင္းတို႔ကေရာ?"

"အဟင္း... Hyung လိုပါပဲ...ဒါဆိုကြၽန္ေတာ္တို႔ကိုခြင့္ျပဳအုန္းေနာ္ သြားလိုက္ပါအုန္းမယ္"

Ji Woong ကေနာက္ဆုံး အခ်ိန္ထိသူ႕ကိုသာ စူးစူးဝါးဝါး ၾကည့္သြားခဲ့သည္။တမင္ပဲလုပ္သြားသာ္လားမသိ Shen Min Jeonက သူ႕ေရွ႕မွာပဲ Ji Woong လက္ေမာင္းတို႔ကို ခ်ိတ္ကာထြက္သြား၏။

တျဖည္းျဖည္းေဝးကြာသြားေသာ ေက်ာျပင္ႏွစ္ခု ေပ်ာက္ကြယ္သြားသည္အထိ Ricky ေငးၾကည့္ေနမိေတာ့သည္။

ထိုအခ်ိန္မွာပဲ ႐ုတ္တရပ္မိုးက သည္းထန္စြာ ႐ြာသြန္းလာခဲ့သည္။စားေသာက္ဆိုင္ထဲ၌ လူမ်ားကလည္း ပိုမိုမ်ားျပားလာၿပီးေနာက္ စားသုံးရန္ထက္ မိုးခိုေနေသာသူမ်ားျဖင့္ ရႈပ္ယွက္ခပ္လာေခ်၏။

"အို...မိုးကလည္း ေတာ္ေတာ္သည္းလာၿပီပဲ...ဒီလိုဆို ကြၽန္မလည္းျပန္ေတာ့မယ္။ရွင့္အေဖလည္း ျပန္သြားေလာက္ၿပီထင္တယ္"

"အင္း..."

"ရွင့္မွာ ကားပါလား?"

Ricky ေခါင္းခါလိုက္၏။ကုမၸဏီက driverကိုသာ ေမာင္းပို႔ခိုင္းခဲ့တာျဖစ္ၿပီး...သူျပန္ဖို႔အတြက္ ထိုလူကိုျပန္ဖုန္းဆက္ေခၚရမည္ျဖစ္သည္။

"ကြၽန္မနဲ႕လိုက္ခဲ့မလား? ကြၽန္မရွင့္အိမ္ကို ျပန္လိုက္ပို႔ေပးမယ္ေလ...."

"မလိုဘူး..ကိုယ္ driverကို ဖုန္းဆက္လိုက္မယ္"

"အို႔ ...ေကာင္းပါၿပီ။ဒီလိုဆို ကြၽန္မကိုခြင့္ျပဳပါအုန္း"

ဘယ္အေျခေနပဲျဖစ္ျဖစ္ မိန္းကေလးတစ္ေယာက္ေမာင္းေသာ ကားေပၚ Ricky စီးလိမ့္မည္မဟုတ္ေပ။

ထိုမိန္းကေလးထြက္သြားၿပီးေတာ့ Ricky billရွင္းလိုက္ၿပီးေနာက္ မိုးစဲသြားမလားဟူ၍ခဏေလာက္ေတာ့ထိုင္ေစာင့္ေနလိုက္ေသးသည္။

သို႔ေသာ္ မစဲသည့္အျပင္ ပိုမိုသည္းထန္စြာ႐ြာသြန္းလာေသာ မိုးေၾကာင့္ Ricky တိတ္တိတ္ကေလး လက္ေလွ်ာ့လိုက္ရၿပီး ဒရိုင္ဘာကိုသာ ဖုန္းေခၚရန္စဥ္းစားမိလိုက္ေတာ့၏။

သို႔ေသာ္လည္း အိမ္ကို သူ႕ဘာသာပဲ Taxiငွားၿပီးျပန္ရန္သာ ေ႐ြးခ်ယ္ခဲ့ပါသည္။

................

စီခြၽမ္းရိုးရာစားေသာက္ဆိုင္ရဲ႕ တစ္ဖက္တြင္ ကားမွတ္တိုင္ရွိ၏။မိုး႐ြာေနေသာေၾကာင့္လူပင္ရွင္းေနသည္။မိုးခိုေနၾကသူမ်ားက ထိုေသးငယ္ေသာ ကားမွတ္တိုင္ေတြအစား မ်က္ႏွာခ်င္းဆိုင္မွ စားေသာက္ဆိုင္ကိုသာ ေ႐ြးခ်ယ္ၾက၏။

Ricky ကားေစာင့္ရန္..ကားမွတ္တိုင္ဆီသို႔ မိုးေရေတြၾကားထဲမွ ေျပးသြားလိုက္ရသည္။စို႐ႊဲသြားေသာ အေပၚကုတ္အကၤ်ီမွ တင္က်န္ေနေသာ မိုးေရစက္မ်ားကို လက္ျဖင့္ခါလိုက္ၿပိး...ေရေငြ႕ပ်ံသြားေသာမ်က္မွန္ကိုပါ ဆြဲခြၽတ္လိုက္၏။

Ricky စိတ္ရွည္စြာကားေစာင့္ေနခဲ့ေသာ္လည္း..မည္သည့္ကားမွ သူ႕ဆီရပ္ခ်င္ပုံမရေပ....။သူပဲကံဆိုးေနတာလားမသိ...မိုးမိပါတယ္ဆို ကားပါ ငွားလို႔မရဘူးတဲ့!

လက္ကနာရီမွာ ည7နာရီ45မိနစ္သို႔ၫႊန္ျပေန၏။

ထိုစဥ္ ေသးငယ္ေသာကားမွတ္တိုင္ေရွ႕ အနက္ေရာင္ကားတစ္စီး ရပ္လာေတာ့သည္။႐ုတ္တရပ္ဘရိတ္အုပ္လိုက္မႈေၾကာင့္...လမ္းမေပၚ၌ ေရအိုင္ငယ္ေလးမွာ Ricky ေျခဖမိုးေပၚသို႔ ေရစက္မ်ားအျဖစ္ လြင့္စင္က်လာ၏။ကားေပၚမွ ဆင္းလာသူမွာေတာ့...ယခုနက သူေတြ႕ခဲ့တဲ့အတိုင္း...အနက္ေရာင္အေနာက္တိုင္းဝတ္စုံကိုသာ ဝတ္ဆင္ထားခဲ့သည္။

"ကားေပၚတက္!!"

"ငါ...ကားေစာင့္ေနတာ..လာေတာ့မွာ.."

"ဘယ္အ႐ူးက မိုး႐ြာႀကီးထဲ ကားမွတ္တိုင္မွာ မရွိတဲ့ကားကိုထိုင္ေစာင့္ေနမွာလဲ!!!"

ထိုလူ႕အသံမွာ မိုးၿခိမ္းသံအလား က်ယ္ေလာင္ေနၿပီး ေဒါသသံလည္းစြတ္ေနခဲ့သည္။ခ်မ္းလြန္းသည္ေၾကာင့္ေလာ၊ထိုလူ၏လႊမ္းမိုးမႈေၾကာင့္ေလာ.. Ricky ကိုယ္ေလး တုန္သြားမိ၏။

"...မင္းကေရာ..ဒီမွာ..ဘာလုပ္ေနတာလဲ?..."

"ငါလား...?...မင္းလိုအ႐ူးကို အိမ္ျပန္ဖို႔ လာေခၚတာေလ!"

Ji Woong က ယခုနကအတိုင္းပင္ သူ႕ကို စူးစူးရဲရဲၾကည့္ေနခဲ့ျပန္သည္။အမ်ိဳးသမီးတစ္ေယာက္ႏွင့္အတူတူတြဲျမင္လိုက္ရသည္ေၾကာင့္ မေက်နပ္သည့္ဟန္...

Ricky မ်က္ဝန္းကေလးမ်ား ျပဴးက်ယ္သြားရသည္။ႏုံႏုံအအ ကေလးေလးတစ္ေယာက္လိုမ်ိဳး..

"...ငါ့ကို....??"

"မင္း တက္မွာလားမတက္ဘူးလား?? ငါ့ဆီက ေပြ႕ခ်ီခံခ်င္လို႔ တမင္လုပ္ေနတာလား?? အခုခ်က္ခ်င္း မတက္ရင္...ငါမင္းသမီးေလးလို မင္းကို ေပြ႕ခ်ီၿပီး ေခၚသြားေတာ့မွာေနာ္!!"

"ငါ့ကိုယ္ကေရေတြစိုေနတယ္..."

"Shen..Quan...Rui..."

"အာ....တက္ပါ့မယ္!!"

Ricky လွ်င္ျမန္စြာ ကားေပၚတက္လိုက္ၿပီးေနာက္ အနက္ေရာင္ကားမွာ ေလအလ်င္တိုင္း ေ႐ြ႕လ်ားသြားေတာ့သည္။

ကားေပၚမွာႏွစ္ေယာက္စလုံးတိတ္ဆိတ္ေနၾကၿပီးေနာက္ အေနရခက္စြာပင္ မည္သူမွ် စကားစမေျပာက်ေခ်။

Ricky မ်က္လုံးမ်ားက ကားေမာင္းေနေသာ Ji Woong လက္ဆီအၾကည့္ေရာက္သြားခဲ့သည္။ညာဘက္လက္ေပၚ၌ ရွင္းလင္းေနၿပီး သူေမွ်ာ္လင့္ထားသလို...ဆင္တူနာရီေလးမရွိေတာ့ေပ။

"မင္း..အိမ္..ေျပာ?"

"...Ji Woong...ဟို...လြန္ခဲ့တဲ့ ငါးႏွစ္ေလာက္က မင္းစကား အက်ဳံးဝင္ေသးလား ဟင္?"

"ဘာ?"

"ဟို..ငါ့ကို မင္းအိမ္ဆီေခၚခဲ့တာေလ..။အခုေရာ....။ဟို...ငါမင္းအိမ္ဆီ လိုက္လို႔ရမလား?"

Ji Woong က ဘာစကားမွ်မေျပာပဲ ခ်က္ခ်င္း ကားအား ဘရိတ္နင္းကာ ေကြ႕ခ်လိဳက္ေတာ့သည္။Rickyကိုယ္ေလးပါ ယိုင္သြားေတာ့၏။

"....!!!.."

TBC

ကိုကို႔အိမ္ကိုလိုက္သြားေတာ့မယ္ အဟိ။

Continue Reading

You'll Also Like

19.3K 2.3K 19
Sung Han Bin & Zhang Hao Side Couple - Minamz [ Love between in 2 era ]
852K 39.7K 61
Taehyung is appointed as a personal slave of Jungkook the true blood alpha prince of blue moon kingdom. Taehyung is an omega and the former prince...
620 69 5
Asakura Jo's adventure of surviving high school and tantalizing romance.
171K 3.5K 88
Epistolary Gian Enoch Arenas QUANTUM LEAP SERIES "I know I'm young but if I had to choose her or the sun I'd be one nocturnal son of a gun."