"မိုးရေစက်တွေမေးသော ပဟေဠိ"
Part (13)
----------
----------
"Doctor!!Doctor!!"
သတိလစ်နေတဲ့ကလေးလေးတစ်ယောက်ရဲ့ခန္ဓာကိုယ်သေးသေးလေးကိုပွေ့ချီကာ ဆေးရုံထဲ ပြေးဝင်လာတဲ့ အမျိုးသားတစ်ဦး....။
ထိုအမျိုးသားရဲ့ မျက်နှာမှာ စိုးရိမ်မှု ထိတ်လန့်မှု တွေက အခန့်သားနေရာယူလျက်...။
"လူနာကို ဒီကိုတင်ပေးပါရှင့်!!"
သူနာပြုရဲ့စကားသံကိုကြားမှ သိုလ် ဘေးကကုတင်တစ်ခုပေါ်ကလေးကိုတင်လိုက်မိသည်...။
"သားသား...သားသား....ရေစက်လေး!!"
သိုလ် စိုးရိမ်တကြီး ခေါ်နေပေမဲ့ ရေစက်သဏ္ဋာန်ဆိုတဲ့ကလေးလေးကတော့ တစ်ကိုယ်လုံးအေးစက်ကာ ဖြူဖျော့ဖျော့ မျက်နှာပေါ်မှာ ပြာနှမ်းနေတဲ့နှုတ်ခမ်းတစ်စုံက ကလေးရဲ့အားနည်းမှုကိုပြသနေဆဲ...။
သိုလ် ခေါင်းတစ်လုံးပူထူတက်လာကာ
"Doctor ကလေးကိုအပ်ပါတယ် Doctor...သေချာလေးကြည့်ပေးပါဦး!!"
"ဟုတ်ကဲ့ခင်မျ!!လူနာရှင်ခနလောက်ဖယ်ပေးပါနော်!!"
အောက်ဆီဂျင်တပ်ကာ အသက်ရှုပြန်ကောင်းဖို့ ကြိုးစားနေတဲ့ ဆရာဝန်နဲ့ သူနာပြုများ...။
လက်ကိုလဲ အပ်တွေဖောက်ကာ dripချိတ်ဖို့ကိုလုပ်နေကြသည်မို့ သိုလ်ဘေးကနေ ဂဏာမငြိမ်တော့....။
"ကလေးက ဆီးချိုရောဂါရှိနေတာ...ဆီးချိုဆောင့်တက်သွားလို့ သတိလစ်သွားတာ!!"
■ရေစက်လေးက သူ့လို ဆီးချိုရောဂါရှိနေတာတဲ့လား....
ဆရာဝန်တွေပြောနေကြပေမဲ့ သိုလ် ကလေးနဲ့ပတ်သတ်လို့ဘာမှမသိ...။
အစတုန်းက လူလည်အတတ်လေးမို့သဘောကျတယ်ဆိုပေမဲ့ အခုလို ကိုယ့်လိုမျိုး ဆီးချိုရောဂါသည်လေးဆိုတာသိလိုက်ရတော့ သိုလ် ပိုစိတ်မကောင်းဖြစ်သွားရသည်။
အဖေမရှိတဲ့ကလေး
Single motherအမေနဲ့နေတဲ့ကလေး
ဆီးချိုရောဂါသည်ကလေး။
ဒီကလေးက တော်တော်သနားစရာကောင်းတာပဲ!!!
■■■■■■■■■■■■■■■■■■■■■■■■■■■
"အမလေး ငါ့သားလေး!!"
တန်ခူးကြားလိုက်ရတဲ့စကားကြောင့် သွေးပျက်မတတ်ပင်...။
သားသားကျောင်းမှာ သတိလစ်လဲကျသွားခဲ့သည်တဲ့လေ...။
တန်ခူး ဝိုင်းမှာ စာသင်လက်စကိုတခြားဆရာနဲ့လွှဲပေးခဲ့ရပြီး တန်ခူး Taxiငှားကာ သားသားနောက်လိုက်လာခဲ့သည်
ကျောင်းကိုphထပ်ဆက်ကြည့်တော့ သားသားကို ဆေးရုံပို့လိုက်ကြတယ် ဆိုတဲ့ စကားကြောင့် တန်ခူး ဆေးရုံကိုလိုက်ချလာလိုက်သည်။
တန်ခူး စိတ်တွေကဆောက်တည်ရာမရဖြစ်လာကာ ပါးပေါ်ကိုမျက်ရည်တွေကလဲ အထိန်းအကွပ်မဲ့စွာကျလာခဲ့လေသည်။
"အဟင့်...အဟင့်...
သားသားလေး ဘာလို့သတိလစ်သွားရတာလဲ...
ငါ့သားလေး တစ်ခုခုဖြစ်ပြီလားမသိဘူး"
"အကို....ကားလေးမြန်မြန်မောင်းပေးပါလားဟင်!!ကျွန်မသားလေး ဆေးရုံရောက်နေလို့ပါရှင်!!"
တန်ခူး တစ်လမ်းလုံးလဲဘုရားစာတွေရွတ်နေမိသလို စီးလာတဲ့ Taxiကိုတောင်နှေးနေသလို ခံစားနေရသည်....။
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
VIPအခန်းထဲက ကလေးရဲ့လက်လေးကိုကိုင်ကာ သိုလ်တကယ်စိတ်မကောင်းနိုင်...။
ကိုယ်နဲ့သွေးသားမတော်စပ်ပေမဲ့ ဒီကလေးလေးက ထူးခြားစွာ ကိုယ်နဲ့ရင်းနှီးခဲ့သည်မဟုတ်လား....။
■ကလေးနဲ့ရောဂါနဲ့မလိုက်ဖက်လိုက်တာ...
"ကျွန်တော် doctorနဲ့သွားတွေ့လိုက်ဦးမယ်!!ကလေးကိုတချက်ကြည့်ထားပေးပါ ကိုသော်!!"
"ဟုတ်ကဲ့!!အကိုလေး !!"
သိုလ် ကလေးကို စောင်လေးရင်ဘတ်ပေါ်လွှားပေးလိုက်ကာ
အခန်းထဲကနေ ထွက်လာလိုက်သည်...။
ထို့နောက်မှာတော့....
"ဟာ...သိုလ် လာလေ!!ထိုင်!!"
နှိုင်း အရှေ့ကခုံမှာသိုလ်နေရာဝင်ယူလိုက်သည်နှင့်
"ကလေးအခြေအနေလာမေးတာလား သိုလ်!!"
"ဟုတ်တယ်...ကလေးကဘာဖြစ်တာလဲ နှိုင်း!!"
"ကလေးက ဆီးချို တက်သွားတာ...ကလေးကအရမ်းငယ်တော့ ဆီးချိုဒဏ်ကိုမခံနိုင်ပဲ သတိလစ်သွားခဲ့တာပဲ!!"
"ဆီးချိုက မျိုးရိုးလိုက်တာမဟုတ်ဘူးလား!!"
"ဟုတ်တယ်!!ကလေးရဲ့မိဘဒါမှမဟုတ် အဖိုးအဖွားတစ်ယောက်ယောက်ဆီကနေ မျိုးရိုးလိုက်တဲ့ဆီးချိုရောဂါကို ရထားလို့ ဒီကလေးဒီအသက်အရွယ်နဲ့ ဒီလိုရောဂါဆိုးကျိုးကိုပြင်းပြင်းထန်ထန်ခံစားလိုက်ရတာပဲ!!"
သိုလ့်အမေးကိုနှိုင်းက အသေးစိတ်သေချာရှင်းပြနေလေသည်...။
သိုလ် ကိုယ်တိုင်ကလဲ မျိုးရိုးလိုက်တဲ့ဆီးချိုရောဂါသည်မို့ ကလေးအတွက် တကယ်စိတ်မကောင်း...။
"ဒါနဲ့ ဒီကလေးနဲ့မင်းနဲ့ကဘယ်လိုသိတာလဲ!!"
"ငါ့ကျောင်းက ကလေး!!ပြီးတော့ အဲ့ကလေးကငါနဲ့ရင်းနှီးတယ်ပြောရမယ်!!"
"မင်းအရင်က ကလေးမချစ်တတ်ပါဘူး!!"
"ဟုတ်တယ်...အရင်ကတော့ ငါကလေးမချစ်တတ်ပါဘူး...ဒါပေမဲ့ အခုဒီကလေးကအရမ်းချစ်ဖို့ကောင်းတာ...ဒီကလေးနိုးလာရင် ဘယ်လောက်ချစ်ဖို့ကောင်းလဲ မင်းတွေ့သွားလိမ့်မယ်!!"
"ဟာ...ညွှန်းလိုက်ချည်လား!!ကလေးမချစ်တတ်တဲ့ ငါ့သူငယ်ချင်းတောင် ချစ်တယ်ဆိုတော့ ဒီကလေးကိုငါတကယ်စိတ်ဝင်စားသွားပြီ!!ကလေးနမည်ကလဲ အဆန်းနော် ရေစက်သဏ္ဋာန်ဆိုပဲ!!ဒါနဲ့ ကလေးမိဘတွေရော!!"
"ကလေးက fatherless childတစ်ယောက်ပဲ!!သူ့အမေက single motherတဲ့လေ...ကျောင်းကနေ သူ့အမေကိုဆက်သွယ်ထားတယ်!! ရောက်တော့မယ်ထင်တာပဲ!!"
သိုလ် ထိုင်ခုံနောက်ကျောကိုမှီလိုက်ကာ အတွေးတွေက ခုနက ဆရာမလက်ထဲ လဲကျနေတဲ့ ကလေးရဲ့ပုံစံဆီရောက်သွားလေသည်။
ဒီကလေး လဲကျနေတာ မြင်လိုက်ရခြင်းမှာပဲ
သူတစ်ကိုယ်လုံးထူပူစွာ နဲ့ အသိလွတ်စွာကလေးဆီပြေးသွားခဲ့မိသည်။
ဆေးရုံရောက်ရောက်ချင်းတုန်းကဆို ဆရာဝန်တွေက သူ့ကိုကလေးအဖေထင်ပြီး ကိုယ့်ကလေးကို သေချာမစောင့်ရှောက်ရလားဆိုပြီး ဆူခဲ့ကြသေးသည်။
သူခုနကအဲ့လောက်ထိကိုကလေးအဖေနဲ့တော်တော်တူသွားပုံပဲ...။
သူနဲ့ကလေးရဲ့တွေ့ဆုံမှု ရေစက်က တော်ရုံတော့မဟုတ်နိုင်...။
သူနဲ့သားသားရဲ့တွေ့ဆုံမှုက ရေစက်ကြောင့်လား
ဒါမှမဟုတ် သားသားနမည်လို သူနဲ့သားသားတို့၂ယောက်ရဲ့တွေ့ဆုံမှုက ရေစက်သဏ္ဋာန်လား....
■■■■■■■■■■■■■■■■■■■■■■■■■
"သားသား!!"
သိုလ် ကလေးအနားထိုင်နေတုန်း တံခါးဖွင့်သံနဲ့အတူ တံခါးဝကနေကြားလိုက်ရတဲ့ အသံကြောင့် ကြည့်လိုက်မိစဉ်...
ဆံနွယ်ရှည်တွေကို ကြိုးတစ်ချောင်းထဲနဲ့စုစည်းကာ မြန်မာရင်ဖုံးလက်တိုလေးကို ချည်ထဘီလေးနဲ့တွဲဝတ်ထားတဲ့ မိန်းမတစ်ယောက်...။
သူမရဲ့မျက်နှာပေါ်မှာ ကလေးအတွက် မိခင်တစ်ယောက်ရဲ့သောကတွေနဲ့အတူ မျက်ရည်စတွေကိုလဲသူတွေ့လိုက်ရသည်...။
ဆေးရုံရဲ့၃ထပ်ဆောင်ပေါ်ကို အမောသကောတက်လာရသည်မို့ထင်ရဲ့
မျက်နှာပေါ်မှာလဲ ချွေးတွေစို့ကာ လူကလဲ မောနေပုံရသည်...။
"သားသား....သားသား....!!"
ကုတင်ပေါ်မှာ ဆေးပိုက်တွေ အောက်ဆီဂျင်ပိုက်တွေနဲ့ သတိလစ်နေတဲ့ သားသားဆီကို တန်ခူးပြေးသွားမိသည်...။
"အဟင့်!!အဟင့်!!မေမေ့သားလေ...အဟင့်!!"
ဖြူစုတ်စုတ်အသားအရည်နဲ့ မနက်တန်ခူး လိမ်းပေးလိုက်တဲ့ သနပ်ခါးလေးတောင် သားသားပါးမှာမပျက်သေးပဲ သားသားကုတင်ပေါ်က ဆေးပိုက်တွေကြားလဲလျောင်းနေဆဲပင်...။
တန်ခူး သားသားမျက်နှာလေးကိုလက်နဲ့ထိတွေ့ရင်း မျက်ရည်တွေကျနေတာကလဲ မရပ်တော့...
■■■■■■■■■■■■■■■
သိုလ် မိမိအရှေ့မှာ ငိုနေတဲ့ အမျိုးသမီးကိုကြည့်ပြီး
တိတ်ဆိတ်နေလိုက်မိသည်။
ရေစက်လေး အမေက ရေစက်လေးကိုတော်တော်ချစ်ပုံပဲ...။
အခုတောင် ငိုနေလိုက်တာများတကယ် စိတ်မချမ်းမြေ့နိုင်...။
တံခါးနားမှာ ထိုင်နေတဲ့အတွင်းရေးမှူးကိုကြည့်မိတော့လဲ ရေစက်လေးအမေကိုကြည့်ပြီး သူ့လိုစိတ်မကောင်းဖြစ်နေတဲ့ပုံပင်...။
■■■■■■■■■■■■■■■■
တန်ခူး ငိုနေရာမှ အသိဝင်လာသည်က တန်ခူးလေးကိုဆေးရုံပို့ပေးခဲ့တယ်ဆိုတဲ့လူကိုပင်....။
တန်ခူး အသိဝင်လာသည်မို့ ဘေးကိုကြည့်မိတော့...
"ဟင်!!!"
တန်ခူးမြင်လိုက်ရတဲ့ လူကြောင့် အံ့ဩမှုတွေ ဖြစ်လာရသည်။
"ဓီရာဇ်သိုလ်!!"
သူ့နမည်ကို ထခေါ်လိုက်တဲ့ ရေစက်လေးအမေကြောင့် သိုလ် ပြန်ကြည့်မိလိုက်သည်။
"အမ ကျွန်တော့်ကို သိလို့လား!!"
တန်ခူးကို လုံးဝမသိတဲ့ပုံစံနဲ့မေးခွန်းပြန်မေးနေတဲ့ ဓီရာဇ်သိုလ်ပုံစံက တကယ့်သူစိမ်းတစ်ယောက်လို...။
"ဟင်...."
"အမ ကျွန်တော့်ကိုသိလို့လား!!"
သိုလ်ထပ်မေးမိလိုက်သည်က ထိုအမျိုးသမီးက သူ့ကိုသိနေတဲ့ပုံစံကြောင့်ပင်...။
သေချာတာတစ်ခုကတော့
သူ ထိုအမျိုးသမီးကို သိဖို့နေနေသာသာ မြင်တောင်မမြင်ဖူးပါ...။
"ဟင့်အင်း!!မသိပါဘူး!!"
သူက တန်ခူးကိုလုံးဝမသိတဲ့ပုံစံမို့ တန်ခူးကလဲ သူ့ကိုသိတာထပ်ပိုကြောင်း မဏ္ဋိုပ်တိုင် တပ်မပြချင်တော့.....။
"ဒါနဲ့ မင်းက သားသားကိုဆေးရုံပို့ပေးခဲ့တာလား!!"
"ဟုတ်ပါတယ် အမ...ရေစက်လေးကို ကျွန်တော်ဆေးရုံပို့ပေးခဲ့တာပါ...ကျောင်းကစားကွင်းမှာ လဲကျသွားတာရယ် ပြီးတော့ကလေးကတအားဖြူစုတ်စုတ်ဖြစ်နေတာနဲ့ ကျွန်တော်ဆေးရုံပို့လိုက်တာပါ...Doctorပြောတာတော့ ကလေးကဆီးချိုတက်ပြီးသတိလစ်သွားတာတဲ့!!ကလေးက မွေးရာပါဆီးချိုရောဂါခံစားနေရတာလား!!"
"အင်း!!ဟုတ်တယ်...ရေစက်လေးက မျိုးရိုးလိုက်တဲ့ဆီးချိုရောဂါရှိတယ်...မင်းကိုကျေးဇူးတင်ပါတယ်...တို့သားလေးကိုဆေးရုံပို့ပေးခဲ့လို့!!"
"ရပါတယ် အမ!!ရေစက်လေးကကျွန်တော်တို့Zorenကျောင်းသားဖြစ်နေတာရော...ပြီးတော့ ကျွန်တော်ကိုယ်တိုင်က ရေစက်လေးနဲ့ရင်းနှီးတာရောကြောင့်ပါ...ကလေး ဆေးကုသစရိတ်ကို ကျွန်တော်တို့ Zorenကနေပေးပါ့မယ်!!"
"ဟို....အဲ့ဒါက ရ...ရပါတယ်!!"
တန်ခူး ကိုယ့်ကလေးဆေးဖိုးမို့လို့ တဖက်လူကရှင်းပေးတာကို မလိုချင်ပါ...။
သူကသားအဖေဖြစ်နေတယ်ဆိုရင်တောင်မှပေါ့...ါ
အခုဆို သူက သားအဖေဆိုတာတောင် သားကိုရော တန်ခူးကိုရောပါ မသိတော့တဲ့ သားအဖေဖြစ်တဲ့ သူစိမ်းတစ်ယောက်သာသာလူတစ်ယောက်။
"လက်ခံပေးပါ အမ!!ကျွန်တော် ပေးတဲ့ဆေးရုံစရိတ်ဆိုတာကလဲ ကျောင်းက ကျောင်းသားတွေအပေါ်လုပ်ပေးတဲ့လုပ်ရိုးလုပ်စဉ် သဘောဖြစ်တာရော ပြီးတော့ ကျွန်တော် ရေစက်လေးကို သဘောကျမိတာကိုရောပေါ...ကျွန်တော်အလုပ်တွေရှိသေးလို့ ကျွန်တော့်ကိုခွင့်ပြုပါဦးအမ!!"
"ဟင်...အော်...အင်းပါ!!"
"ဒါက ကျွန်တော့်ရဲ့ကင်္ဒပါအမ...ကလေးနဲ့ပတ်သတ်လို့လိုတာရှိရင်ကျွန်တော့်ကိုဆက်သွယ်လို့ရပါတယ်အမ...ကျွန်တော့်ကိုခွင့်ပြုပါဦး!!"
သူပေးသွားတဲ့ ကဒ်လေးကိုကိုင်ကာ တန်ခူးကိုကျောပေးပြီး လှည့်ထွက်သွားတဲ့ သူ့ကျောပြင်ကို တန်ခူးတွေဝေစွာ ကြည့်နေမိသည်။
ထွက်သွားတဲ့သူ့ကိုအကြည့်လွှဲကာ တန်ခူး လက်ထဲက ကဒ်လေးကိုပြန်ကြည့်မိတော့
■ ဓီရာဇ်သိုလ်(CEO Of Zoren Group) တဲ့လား
ထို့နောက် ကဒ်လေးရဲ့အောက်ဆုံးမှာသူ့ရဲ့ph no
"အော်...သူက Zoren Groupရဲ့ CEOတဲ့လား"
တန်ခူး သူ့ကဒ်လေးကိုတစ်လှည့် ကုတင်ပေါ်က ဆေးပိုက်တွေကြားမေ့မြောနေတဲ့ သားသာယကိုတစ်လှည့်ကြည့်ရင်း
"သားသားဖေဖေက မေမေတွေ့ခဲ့တဲ့ အပေအတေ ဆေးသမားမဟုတ်ပဲ
ကောင်းမွန်တဲ့နေရာတစ်ခုကိုရောက်နေခဲ့တာပဲ!!
တစ်ခုပဲ သားသားနဲ့မေမေရဲ့ အနားမှာမရှိတော့တာနဲ့ သူကိုယ်တိုင်ဖျက်ဆီးခဲ့တဲ့ မေမေ့ကိုတောင် သူမသိတော့တာတစ်ခုပဲ...
မသိတာတော့မဖြစ်နိုင်ပါဘူး!!!
မသိချင်ယောင်ဆောင်နေတာလေ...
အိပ်ချင်ယောင်ဆောင်သူက နှိုးရသိပ်ခက်တာပဲ!!"
#Author-နွေ