"Hello'.... best Friend
"ပွဲလန့်တုန်း ဖျာဝင်ခင်းပါရစေ Rose"
"ဦးမင်းနိုင်ကျေးဇူးကြောင့် တို့
သီးသန့်အပင်ပန်းမခံရတော့ဘူး"
"ဟက်....လူစုံတက်စုံနဲ့... ဟား...ဟား ပျော်စရာကြီး""
--------------
""မင်းကိုတော့ အားနာပေမယ့်.....
ဖြန်း.....
"ငါ ရိုက်မှရမယ်"
""ယွန်း.....ငါ...ငါ...တောင်းပန်ပါတယ်""
""ခင့်...ခင့်..ကိုမလုပ်ပါနဲ့"
ယွန်းတို့ လူများ အောင်ခန့်တို့ အုပ်စုကိုဝင်စီးလိုက်ကြပြီး နှင်းတို့ကို ချုပ်ထားသည်မှာ နာရီဝက်ခန့်ရှိလေပြီး...ခင့်ကိုပါးရိုက်နေသည်မှာလည်း အကြိမ် ကြိမ် အခါခါပင် ရှိလေပြီ။ခင့် မျက်နှာများ နီရဲတောက်နေပြီး ပါးစပ်မှာလည်း သွေးစများပင် ထွက်နေပြီ။ နှင်း နှင့်မြ အတင်းတောင်းပန်သော်လည်း မရပေ။
"ဘယ်လိုလဲ...rose"
"ရင်ထဲ တစ်ဆစ်ဆစ်မှ နာရဲ့လား"
"ခင့်ကိုတော့ ချမ်းသာပေးပါ...နင်လုပ်ချင်တာ ငါကိုမလား....ငါကိုပဲ လာလုပ်ပါ ယွန်း....သူ...သူနဲ့ ဘာမှမဆိုင်ဘူး"
"ဒီမှာကြည့် မင်းပေးထားပဲ နာကျင်မှုတွေလေ"
"ငါ့မှာတော့ နင့်ကို ချစ်ခဲ့လိုက်ရတာ...
နင်ကတော့ မနေ့တစ်နေ့ကမှတွေ့တဲ့ဖာသည်မကို ငွေကုန်ခံဝယ်ပြီး ချစ်ခဲ့တယ်...ဟုတ်လား"
"ငါ့ ရင်ဘက်ပေါက်ကွဲမတက်နာကျင်ခဲ့ရတယ် သိလား"
""အဲဒီတော့ မင်းကိုလည်း နာကျင်အောင်ပြန်လုပ်ရမှ ငါကျေနပ်မယ်"
ယွန်း ချုပ်ထားခံရသော နှင်းအနားသို့လျှောက်လာကာ နှင်း လက်ချောင်းများကို ပွတ်သပ်လိုက်ပြီး ခါးကြားထဲမှ ဓားချွန်တစ်ချောင်းကို ထုတ်လိုက်သည်။
""ဟေ့....ဟိုမိန်းမ နှင်းကို မထိနဲ့...
"နှင်းကို လုပ်ရဲရင်လုပ်ကြည့်လိုက် ရှင့်ကို ကျမ အရှင်မထားဘူး""
"အိုး...ကျွတ်....ကျွတ်...ကျွတ်...ရှင်တို့က အပြန်အလှန်တောင် ချစ်နေကြပြီလား....ဟား...ဟား...ပိုပြီးအားရချင်စရာကောင်းလာပြီ"
ဖြန်းးးးး
"အပေါက်ပိတ်ထား... ငါအလုပ်လုပ်နေတယ်"
ထို စိတ်မနှံ့ကျပ်မပြည့်သော မိန်းမသည် မစုံလင်တော့သည့်လက်ချောင်း များ နှင့် ခင့်ကို ပါးရိုက်လိုက်ပြန်သည်။
""ယွန်းး"!!!!
"သူ့ကို မထိနဲ့လို့ ငါပြောနေတယ်နော်"
""မဆိုင်တဲ့လူကို မလုပ်နဲ့""
""မဆိုင်ဘူးဆိုတာ ရှိသလား သူငယ်ချင်း....နှလုံးသားအတွက်
နှလုံးသား၊ နာကျင်မှုအတွက် တူသော နာကျင်မှု။ ငါ့ရဲ့ နစ်နာမှု
တွေအကုန် ငါပြန်ယူမှာ..."
""ဟား..ဟား...ဟား..ဟား...
"ဟင်း...ဟင်း...ဟင်း"
"ဒီမှာ ကြည့်စမ်း ....ဟား..ဟား.."
ယွန်း ခင့်အနားသို့ သွားလိုက်ကာ ခင့်လက်ချောင်းကို ဆွဲပြီး ဓားဖြင့်ရွယ်ပြလိုက်သည်။
"ယွန်း....ယွန်း....မလုပ်ပါနဲ့"
"ငါ...ငါ..တောင်းပန်တယ်ဟာ"
"ငါ မှားခဲ့တယ်...ယွန်းရယ်...နင်လုပ်ချင်ရင် ငါ့ကိုပဲ လုပ်ပါ"
""ဟဲ့...ဟို မသာမ ခင့်ကို ထိလို့ကတော့ နင့်ကိုငါ အစိမ်းလိုက် အရေခွံဆုပ်ပစ်မယ်""
"လုပ်ရဲ့ရင် လုပ်ကြည့်လိုက်စမ်း"
""ဟယ်...သူလေးလည်း အစွာလေးပဲ"
....ဖြန်း...
"စွာတာလည်း အခြေအနေနဲ့ အချိန် အခါကိုကြည့်ပြီး ရွေးစွာ....ငါ့သေနတ်က လူမရွေးဘူးနော်"
မြကို သေနတ်နှင့် ပါးရိုက်လိုက်ပြန်သည်။
"စောက်ကောင်မ နင်ငါ့ကို လုပ်ချင်တာ မလား....လာလုပ်လေ...ငါ့ကိုပဲလာလုပ်စမ်း""
"စောက်ရေးမပါတာတွေကို စောက်ပိုလုပ်ပြီး အာကျယ်မနေနဲ့.."
"နင့်လက်ချောင်းကို ဖြတ်တာ ငါ"
"နင်လုပ်ချင်တာ ငါ့ကိုပဲမလား...လာလုပ်လို့ ပြောနေတယ်လေ!!!!!!!!!!
နှင်း အာခေါင်ခြစ်ကာ ဒေါသသံများ နှင့်အတူ စိုးရိမ်တစ်ကြီးလေသံဖြင့် အော်လိုက်သည်။
"""No...No...သူ့ကိုပဲ လုပ်မှာ"
"ညီမျှပါတယ်...မင်းငါ့ကိုပေးတဲ့ နာကျင်မှုနဲ့ အခုမင်းခံစားရတဲ့ နာကျင်မှုက အတူတူပဲ.."
""ဟင့်အင်း...လိုတောင်လိုအုံးမှာ"
"အပြန်အလှန်ပေါ့....ဟား...ဟားး""
"မ...မ..မလုပ်ပါနဲ့...ခင့်...ခင့်ကို နာကျင်အောင် မလုပ်ပါနဲ့".
""တောင်းပန်ပါတယ် ယွန်းရယ်"
"ငါ...ငါ...ငါတောင်းပန်ပါတယ်နော်"
"မ...မလုပ်ပါနဲ့"
""ကိုယ်ချင်းစာတရားဆိုတာ အဲဒါပဲ rose"
"ဒါပေမယ့် နောက်ကျသွားပြီ...သိလား"
"ငါ့ရင်ဘက်ထဲက နာကျင်မှုကို မင်း မမြင်နိုင်ရင်တောင် ငါ့ လက်ကို ကြည့်လိုက်စမ်း"
"အဲလိုပြောတမ်းဆိုရင် ဘယ်သူက ဘယ်သူ့ကို အရင် ဘောင်ကျော်တာလဲ""
"သူငယ်ချင်းဆက်ဆံရေးကို နင်ပဲ အရင်ဖျက်ဆီးခဲ့တာ မဟုတ်ဘူးလား"
"မင်းကိုငါ အဲဒီနေ့ကတည်းက သတ်လိုက်ရမှာ....သူငယ်ချင်းသံယောဇဥ်ကိုငဲ့ပြီး လွတ်ပေးလိုက်မိတဲ့ ငါကိုယ်က မှားခဲ့တာပဲ""
"အသေသတ်ပစ်ခဲ့ရမှာ"
"ငါလည်း မင်းငါ့ကို အသေသတ်လိုက်ပါစေလို့ ဆုတောင်းခဲ့တာ"
""အခုတော့ စိတ်မကောင်းဘူး....ဟား ဟား...ဟားး"
""ဟေ့ကောင်တွေ ရှင်းလိုက်လို့ရပြီ""
ယွန်းအမိန့်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် သေနတ်သံများထွက်ပေါ်လာသည်။ မြှောက်များစွာသောသွေးစီးသွားသည့် လူသေအလောင်းများမှာ နှင်း၏ လူများဖြစ်သည်။
ဒိုင်း..........ဒိုင်း..............ဒိုင်း......
""ဟိုတစ်ယောက်ကို ခေါ်သွားလိုက်စမ်း""
"ရှင်...ရှင်တို့ ဘာလုပ်တာလဲ...ကျမကိုလွှတ်ကြစမ်း...ဖယ်စမ်း...ငါ့အသားကို လာမထိကြနဲ့"
ယွန်း ခင့်ကို လက်ညိုးထိုးကာ ပြလိုက်တော့ ဆွဲခေါ်ပြီးထွက်သွားကြသည်။
""ယွန်း"""နင် ဒါဘာလုပ်တာလဲ...
ခင့်ကို ဘယ်ခေါ်သွားမလို့လဲ..."
"ငါတောင်းပန်ပါတယ်ဟာ...ခင့်ကို မခေါ်သွားပါနဲ့""
"သူတောင်းစားမ ခင့်ကို ဘယ်ခေါ်သွားတာလဲ...အခုချက်ချင်းလွတ်ပေးစမ်း"...နင်...နင်...မဆိုင်တဲ့လူကို မယုတ်မာနဲ့....သတ္တိရှိရင် ငါနဲ့တစ်ယောက်ချင်းချမယ်"
နှင်း နှင့်မြ ခင့်ကို ခေါ်မသွားရန်ပြောနေပေမယ့် ယွန်းကတော့ လူယုတ်မာအပြုံးနှင့်သာ ကြည့်နေလိုက်ပြီး နှင်းဆီသို့ လမ်းလျှောက်သွားကာ......
"အလျော်အစားက ပြင်းတယ် rose"
"တန်ရာတန်ကြေးပြန်ယူတဲ့ သဘောပါပဲ"...
"နှလုံးသားအတွက် နှလုံးသားပဲ..
နင့်နှလုံးသားကိုလည်း တစ်စစီ
စုတ်ပြတ်သတ်သွားအောင် လုပ်ရမှ ငါကျေနပ်မယ်...."
"အဲဒီတော့ ...နင်နဲ့ငါ ကျေပြီနော်" ဟင်း...ဟင်း..ဟင်း...ဟင်း"
ယွန်းပြောပြီး ထွက်သွားရန်ခြေလှမ်းစလိုက်သည်နှင့်တစ်ပြိုင်နက် နှင်း အော်သံထွက်လာသည်။
!!!!!ယွန်း....နင်မယုတ်မာနဲ့နော်...ငါနင့်ကို မြေလှန်ရှာပြီးသတ်ပစ်မှာ!!!
!!!!ခင့်ကို ထိခိုက်အောင်လုပ်လို့ကတော့ နင်နဲ့ငါ ဒီတစ်သက် ကမ္ဘာမကြေပဲ!!!!
နှင်း အော်ပြောလိုက်တော့ ယွန်းပြန်လှည့်လာပြီး....
""ကမ္ဘာမကြေဆိုတော့လည်း ဒီမှာပဲ အဆုံးသတ်လိုက်ကြတာပေါ့"
ဒိုင်းး.........
နှင်း နှလုံးတည့်တည့်သို့ ပစ်ထည့်လိုက်တော့သည်။
!!Rose!!
"နင်ယုတ်မာလှချည်လား...လူယုတ်မာမ"
"နင့်ကိုတော့ ငါ့အစီအစဥ်ထဲမှာ မပါတာဖြစ်တဲ့အတွက် လွှတ်ပေးလိုက်မယ်""...good luck"
"Bye.......ဟား...ဟား...ဟား...ဟား"
စုန်းမရယ်သံနှင့်အတူ ယွန်းတစ်ယောက်ထွက်သွားတော့သည်။
မသွားခင် မြလက်ထဲ ဓားတစ်ချောင်းထည့်သွားပေးခဲ့သည်။ မြ ဓားနှင့်ချည်ထားခံရသော လက်မှကြိုးကို ခက်ခက်ခဲခဲ လှီးဖြတ်ကာ သွေးများနှင့် လှဲကျနေသော roseကို ဆွဲထူလိုက်ပြီး နှလုံးခုန်သံစမ်းလိုက်သည်။
""rose..... rose...သတိထားစမ်း"
"နင်.... နင်...နင်သေလို့မဖြစ်ဘူး...
"ငါ..ငါပြောတာကြားလား...နင်သေလို့ မဖြစ်ဘူးလို့"
""နင်သေရင် ခင့်ကို ဘယ်လိုလုပ်ရမလဲ...ခင့်ကို ရှာလို့တွေ့မှာမဟုတ်ဘူး"
!!!!!Rose!!!!