ကမ္ဘာဆယ်ခုကိုဖြတ်သန်းပြီးတဲ့န...

Oleh Hannah_is_beautiful

29.9K 3.7K 119

This is not my work. This is a fan translation. All credit to original author and English translator. Lebih Banyak

Synopsis
Ch1- နင်းနင်း ကိုယ်မင်းကိုနောက်ဆုံးတော့ရှာတွေ့ပြီ (1)
Ch1- နင္းနင္း ကိုယ္မင္းကိုေနာက္ဆုံးေတာ့ရွာေတြ႕ၿပီ (1)
Ch 1- နင်းနင်းကိုယ်မင်းကိုနောက်ဆုံးတော့ရှာတွေ့ခဲ့ပြီ (2)
Ch 2 - မင်းကိုယ့်ကိုထားခဲ့တယ်
Ch3 - "......ကျိနင်း"
Ch 4 - အထင်လွဲနေခဲ့တာလား
Ch 5- ကိုယ်မင်းကိုလာခေါ်ဖို့ရောက်လာပြီ
Ch 6 - ဘယ်သူ့နှလုံးကိုလိုချင်လဲ?
Ch 7 - နောက်ဆုံးတော့မင်းကိုပိုင်ဆိုင်နိုင်ပြီ
Ch 8 - မူရင်းဇာတ်လမ်းထဲမှာနမ်းတဲ့အခန်းမပါဘူးလေ!
Ch 9- နှလုံးခုန်သံ
Ch 10 - ငါသူ့သူငယ်ချင်းမဖြစ်ချင်ဘူး
Ch 11- ဇနီးလောင်း
Ch 12 - သူ့ကိုနာကျင်အောင်မလုပ်ပါနဲ့
Ch 13 - ကိုယ်မင်းကိုဖျက်ဆီးပစ်မယ်
Ch 14- သူ့ရင်ခွင်ထဲခုန်ဝင်မိသွားတယ်
Ch 15- ဘယ်သူမှကိုယ့်မျက်လုံးထဲမဝင်ဘူး 1
Ch 15 ဘယ်သူမှကိုယ့်မျက်လုံးထဲမဝင်ဘူး 2
Ch 16 တစ်နေ့ထက်တစ်နေ့ပိုချစ်နေမယ် 1
Ch 16 တစ်နေ့ထက်တစ်နေ့ပိုချစ်နေမယ် 2
Ch 17 အနမ်းကစိတ်အားထက်သန်မှုလုံလုံလောက်လောက်မရှိပါ ကျေးဇူးပြု၍ထပ်နမ်းပါ
Ch 18 - ဒီတစ်ခါကိုယ်တို့ကိုဘယ်သူမှမခွဲနိုင်တော့ဘူး
Ch 19- ဆရာ
Ch 20 (2)
Ch 21 - ငါ့ကိုလာသတ်မှာကိုစောင့်နေမယ်
Ch 22 -သူပဲ
Ch 23- ဒီဂိမ်းကမဟုတ်သေးဘူး
Ch 24 - ကံမကောင်းစွာနဲ့ မင်းတို့ကသူမဟုတ်ဘူး
Ch 25 - Stockholm Syndrome
Ch 26 - သူ၏အမှောင်မိုက်ဆုံးလျှို့ဝှက်ချက်
Ch-27 သူ့ကိုနောက်တစ်ကြိမ်ထွက်သွားခွင့်ပေးမှာမဟုတ်ဘူး
Ch 28 - သဝန်တိုခြင်း
Chapter 29 - ရေအောက်ထဲမှအနမ်း
Ch-30 ငါသူ့ကိုလိုချင်တယ်
Ch 31 - မင်းရဲ့နှလုံးသားကို ငါ့အတွက်နာကျင်ပေးဖို့ မျှော်လင့်တယ်

Ch 20 (1)

463 96 1
Oleh Hannah_is_beautiful

လူသတ်ချင်စိတ်မွှန်နေတဲ့အလောင်းကကျိနင်းရှေ့မှာဒူးထောက်နေတာကိုတွေ့ရတဲ့အခါအားလုံးမှင်သက်သွားကြသည်။မိသားစု၁၂စုကကလေးတွေဟာလည်ချောင်းနင်သွားကြပြီးမေ့လဲတော့မလိုခံစားနေရတာကြောင့်မျက်နှာကဖြူတလှည့်နီတလှည့်ဖြစ်နေသည်။

ထိုရက်စက်တဲ့အလောင်းကသူ့ဆရာကိုအသိအမှတ်ပြုသွားပြီ...အဲ့ဒီ့လူကိုသူ့ဆရာအဖြစ်တကယ်အသိအမှတ်ပြုလိုက်ပြီ...

လူငယ်လေးတွေအကုန်သွေးအန်မတတ်ဖြစ်သွားကြသည်။

သူတို့ကရှောင်းမိသားစုကမဟုတ်ပေမဲ့ပြုပြင်ထားတဲ့အလောင်းကသူတို့ရဲ့ဆရာကိုပဲအမိန့်ပေးသူအဖြစ်လက်ခံကြတာကိုသိထားသည်။သူတို့ကမွေးဖွားလာလာချင်းမှာဥာဏ်ပညာမရှိကြသေးပေ။သူတို့ရဲ့အသိဥာဏ်ကိုနေ့စဥ်ပြန်လည်ပြုပြင်ခြင်းဖြင့်ဖြေးဖြေးချင်းတိုးမြှင့်ပေးရမှာဖြစ်သည်။

ချီရုဝမ်လူသတ်ချင်စိတ်မွှန်နေသည့်အလောင်းကောင်အဖြစ်သို့ပြောင်းလဲသွားချိန်မှာသူ့ကိုပြန်လည်ထိန်းချုပ်ဖို့မျှော်လင့်ချက်မရှိတော့ဘူးဟုထင်ခဲ့ကြသည်။လူသတ်စိတ်မွှန်နေတဲ့အလောင်းတစ်‌ကောင်ဟာသွေးဆာနေသည့်တိရစ္ဆာန်တစ်ကောင်ထက်မပိုဘဲအမိန့်တွေကိုလည်းလျစ်လျူရှုကာလူသတ်ချင်တာတစ်ခုပဲသိကြသည်။သူတို့ကဖျက်ဆီးပစ်ရမည့်မကောင်းဆိုးဝါးများသာဖြစ်သည်။သို့သော်လူနည်းနည်းလေးနှင့်နှစ်နှစ်ထောင်သက်တမ်းရှိအလောင်းကိုဘယ်လိုယဥ်ပါးအောင်ပြုလုပ်နိုင်ပါမည်နည်း။အခုချိန်ထိလွတ်မြောက်နေနိုင်တာပင်အံ့ဩစရာကောင်းနေပြီ။သတ်ဖို့ကိုဘယ်လိုများတွေးနိုင်ပါမည်နည်း။

သူတို့ကကြီးမားတဲ့ဆုံးရှုံးမှုတွေကိုခံစားခဲ့ရသည်။သူတို့ရဲ့တန်ဖိုးကြီးရတနာတွေလည်းအကုန်ကုန်သွားပြီးကြောက်စရာကောင်းတဲ့အခြေအနေကြီးထဲရောက်ရှိနေကြသည်။သို့သော်ထူးဆန်းတဲ့လူငယ်တစ်ယောက်ပေါ်လာပြီးအလောင်းကသူ့ကိုဆရာအဖြစ်အသိအမှတ်ပြုလိုက်သည်။သူ့ကိုစကားတောင်ပြောနေပြီးမမျှော်လင့်ထားတဲ့အသိဥာဏ်လည်းရှိနေသည်။

အကြောင်းပြချက်ကဘာလဲ?

ဆယ်ကျော်သက်လေးတွေဟာအံ့ဩစိတ်ကြောင့်နေရာမှာတင်တောင့်ခဲနေကြသည်။အနက်ရောင်ဝတ်ရုံရှည်နှင့်ဧကရာဇ်ကကျောမတ်လိုက်ပြီးသူတို့ဘက်ကိုလှည့်ကြည့်လာမှသာစိတ်ကူးနေတဲ့အခြေအနေကနေလွတ်မြောက်လာကာနောက်ပြန်ဆုတ်ရန်ဝရုန်းသုန်းကားဖြစ်ကုန်သည်။

ထိုလူကထူးခြားတဲ့သူပဲဖြစ်ရမည်ဆိုတာကိုမြန်မြန်သဘောပေါက်လိုက်ကြသည်။ထိုလူကအရမ်းစွမ်းအားကြီးတာဒါမှမဟုတ်အရမ်းအသက်ကြီးနေတာပဲဖြစ်ရမည်။နောက်ပြီးလူလဲမဟုတ်နိုင်ပေ။အဲ့လိုမှမဟုတ်ရင်သူတောင်ဘာမှမလုပ်ရသေးခင်မှာအလောင်းကတန်းပြီးဦးညွှတ်မှာလဲ?

လူသတ်စိတ်မွှန်တဲ့အလောင်းနဲ့လျို့ဝှက်ထားတဲ့ဆရာ။ဘယ်သူ့ကိုမှမကိုင်တွယ်နိုင်ဘူး။နှစ်ယောက်ဆိုပြောမနေနဲ့တော့။ထွက်ပြေးဖို့အခွင့်အရေးမယူရင်ဒီနေရာမှာပဲသေသွားလိမ့်မည်။

သူတို့ထဲကတစ်ယောက်ကချီစွမ်းအင်မြုပ်နှံထားသည့်လော့ကတ်ကိုမြေပြင်ပေါ်ပစ်ခွဲလိုက်သည်။ထိုသို့ပြုလုပ်တာကသူ့ရဲ့ကျင့်ကြံရေးကိုပျက်စီးစေလိမ့်မည်ဆိုတာသိထားပေမဲ့ကျင့်ကြံရေးကိုသာအဆုံးရှုံးခံလိုက်မည်အုတ်ဂူထဲတော့မနေချင်ပါ။

ဆယ်ကျော်သက်တွေရဲ့ ပတ်ပတ်လည်မှာအနက်ရောင်အငွေ့တွေပေါ်လာပြီးသူတို့ကိုမြေအောက်နန်းတော်မှတောင်အပြင်ဘက်ကိုခေါ်ထုတ်သွားသည်။

နန်းတော်ထဲမှာတိတ်ဆိတ်နေပြီးကျိနင်း၊ချီရုဝမ်နှင့်သတိလစ်နေတဲ့ယွင်သောင့်ပဲကျန်နေခဲ့သည်။

ငယ်ရွယ်တဲ့ဧကရာဇ်ကသူ့ရှေ့မှာရပ်နေတာကိုကြည့်ရင်းကျိနင်းမပျော်နိုင်ပေ။ထိုအစားနှလုံးသားထဲမှာခါးသက်လာပြီးနောင်တနှင့်ကိုယ့်ကိုကိုမုန်းတီးနေမိသည်။

နောက်ဆုံးမှာတော့နောက်ကျသွားခဲ့ပြီးချီရုဝမ်ရဲ့အလောင်းပြန်လည်ပြုပြင်ခံရမှာကိုမတားလိုက်နိုင်ခဲ့ပေ။အနားယူနေမဲ့အစားဒီကိုတန်းလာလိုက်ရင်ဒီလိုတွေဖြစ်လာမှာကိုတားနိုင်လောက်သည်။

(ဒါကမင်းအပြစ်မဟုတ်ပါဘူး)

အနာဂတ်ရဲ့အသံပဲ့တင်ထပ်လာသည်။သူ့ဘက်ကစပြီးအရင်စကားပြောလေ့မရှိပေမဲ့ကျိနင်းကိုနှစ်သိမ့်ဖို့ကြိုးစားနေသည်။

(မင်းရဲ့ဝိဥာဥ်ကိုအနားမယူဘဲကူးပြောင်းခိုင်းဖို့ငါခွင့်ပြုမှာမဟုတ်ဘူး။အနားမယူရင်ဝိဥာဥ်ကဆိုးရွားစွာထိခိုက်မိပြီးအကျိုးဆက်တွေကဆိုးရွားလိမ့်မည်)

(ဝိဥာဥ်မတည်မငြိမ်ဖြစ်နေတာကြောင့်မင်းအခုသောက်လိုက်တဲ့ဆေးကချက်ချင်းသေစေလိမ့်မည်။ပြန်လည်ရှင်သန်အောင်လုပ်နိုင်ပေမဲ့မင်းရဲ့အသက်ကိုတော့အတတ်နိုင်ဆုံးတန်ဖိုးထားသင့်သည်။)

(ကိုယ့်ကိုဂရုမစိုက်ရင်တခြားသူတွေကိုဘယ်လိုကယ်မလဲ?ဒါကိုမှတ်မိအောင်ကြိုးစားပါကျိနင်း)

ကျိနင်းနှလုံးသားထဲနွေးထွေးသွားပြီးအနာဂတ်ကိုအမှန်တကယ်ကျေးဇူးတင်လိုက်သည်,။

ဒါကဖြစ်နှင့်ပြီးပြီ။နောင်တရပြီးအချိန်တွေကိုဖြုန်းနေတာကအသုံးမဝင်ပေ။ထိုအစားကြိုးစားပြီးဖြေရှင်းသင့်သည်။ထို့အပြင်အကူအညီမဲ့နေတာမျိုးမဟုတ်ပေ။

အရင်ကကျင့်ကြံရေးကမ္ဘာတစ်ခုကိုကြုံတွေ့ဖူးသည်။လူတွေဖန်တီးထားသည့်အသုံးအဆောင်တွေနှင့်မှော်လက်နက်တွေဟာစွမ်းအင်အဆင့်အလိုက်များပြားပြီးထူးဆန်းလှသည်။အခုကမ္ဘာတွေကပေါင်းစပ်နေသည်ဆိုတော့ကျင့်ကြံရေးကမ္ဘာ၏ဇာတ်လိုက်နှင့်တွေ့ဆုံနိုင်သည်။အဲ့ဒီ့ကနေချီရုဝမ်ကိုသေချာလေးပြန်လည်ရှင်သန်အောင်လုပ်ဖို့အခွင့်အရေးရလောက်မည်။

(ရပါတယ်) အနာဂတ်ကခဏရပ်သွားပြီးဆက်ပြောသည် (ငါတို့ကပါတနာတွေပဲ မင်းကိုကူညီနိုင်ဖို့အကောင်းဆုံးကြိုးစားမှာပါ)

(မင်းကလည်းငါ့သူငယ်ချင်းပါ) ကျိနင်းပြုံးရင်းပြန်ဖြေလိုက်သည်။

(အားလုံးအဆင်ပြေဖို့ဆုတောင်းပေးပါတယ်)

အနာဂတ်ကပြောပြီးဆက်သွယ်မှုကိုဖြတ်တောက်လိုက်သည်။

ကျိနင်းသူ့မျက်နှာကိုပုတ်ကာခံစားချက်တွေကိုရှင်းထုတ်လိုက်သည်။

ဒီထက်ဆိုးရွားတဲ့အခြေအနေထဲတောင်ရောက်ခဲ့ပြီးဖြေရှင်းနိုင်ခဲ့သည်။ဒီတစ်ခါလည်းပြဿနာမရှိလောက်ပါဘူး။သူ့ကိုယ်သူယုံသည်။

ပထမဆုံးလုပ်ရမှာကချီရုဝမ်ရဲ့အခြေအနေကိုလေ့လာရမည်။

အလောင်းပြန်လည်ပြုပြင်ခြင်းအကြောင်းကိုနားမလည်သလိုပြုပြင်ပြီးနောက်မှာအလောင်းကသူ့ရဲ့ဝိဥာဥ်နှင့်မှတ်ဥာဏ်တွေကိုထိန်းသိမ်းထားသေးလားဆိုတာကိုလည်းမသိပေ။ဒါပေမဲ့မထိန်းသိမ်းထားလောက်ဟုထင်သည်။မဟုတ်ရင်ဘာကြောင့်ချီရုဝမ်ကသူ့ကိုဆရာလို့ခေါ်မှာလဲ။အရင်ကအဲ့လိုဆက်ဆံရေးမျိုးမှမဟုတ်ခဲ့တာ။

ကျိနင်းချိရုဝမ်ကိုတပတ်ပတ်ပြီးမေးလိုက်သည် "ငါကဘယ်သူလဲ?"

"မင်းကငါ့ရဲ့ဆရာ" ချီရုဝမ်ကဓားကိုဓားအိမ်ထဲပြန်ထည့်ရင်းပြန်ဖြေသည်။

ဆရာဆိုတာဘာကိုဆိုလိုတာပါလိမ့်?

ကျိနင်းသီအိုရီတွေကိုတိတ်ဆိတ်စွာပြုလုပ်နေပြီးမေးလိုက်သည်"ငါဘာပဲပြောပြောအကုန်လုပ်မှာလား?"

"ဟုတ်တယ်"

ကျိနင်းမိသားစု၁၂စုကကလေးတွေလိုပဲတွေဝေနေသည်။ချီရုဝမ်ကသူ့ကိုဘာလို့ဆရာအဖြစ်ရွေးချယ်လိုက်တာလဲ။ ဒီမှာရပ်နေရုံသာဖြစ်ပြီးသူ့အာရုံကိုဖမ်းစားစေမည့်ဘယ်အရာကိုမှမလုပ်ခဲ့ပေ။

သူတို့ရဲ့အတိတ်ကမှတ်ဥာဏ်တွေ‌ေကြာင့်ရင်းနှီးတယ်လို့ခံစားရပြီးရွေးလိုက်တာများလား?

ထိုသို့တွေးမိသည့်အခါကျိနင်းထပ်မေးလိုက်သည် "ငါ့နာမည်ကိုမှတ်မိလား?"

တိတ်ဆိတ်နေတာကိုပဲကြားရသည်။ချီရုဝမ်ကဘာမှတ်ဥာဏ်မှမရှိတော့ပုံရသည်။ဒါကြောင့်သူ့ကိုဘာကြောင့်ဆရာအဖြစ်ရွေးချယ်လိုက်ရတဲ့အကြောင်းကိုမဆုံးဖြတ်နိုင်ဖြစ်နေသည်။

ဒါကတစ်နည်းနည်းနဲ့တော့ကောင်းပါသည်...အကြောင်းအရင်းကတော့ယွင်ချွမ်းချုံနှင့်တူတူပင်။အနာဂတ်မှာနာကျင်စရာတွေကိုရှောင်ရှားရန်ဖြစ်သည်။

"ချီရုဝမ်" ဧကရာဇ်ရဲ့ပုခုံးကိုပုတ်လိုက်ပြီးပြောသည် "ဒါကမင်းရဲ့နာမည် သေချာမှတ်ထားပါ"

ချီရုဝမ်ကခေါင်းညိတ်လိုက်သည်။သူ့လှုပ်ရှားမှုတွေကတောင့်တောင့်ကြီးဖြစ်နေသေးသည်။

"အားနင်း...အားနင်း"

အုတ်ဂူအတွင်းမှာခပ်တိုးတိုးရေရွတ်သံကိုကြားလိုက်ရသည်။မေ့မျောနေသောကောင်မလေးရဲ့ဒဏ်ရာတွေကသက်သာလာပြီဖြစ်ကာဖြေးဖြေးချင်းသတိရလာပြီဖြစ်သည်။ယွင်သောင့်ရဲ့မျက်ခုံးတွေကတွန့်နေကာကျိနင်းရဲ့နာမည်ကိုအသံအက်အက်ဖြင့်ခေါ်နေသည်။

ယွင်သောင့်နိုးလာတော့မယ် သူမကိုမမှတ်မိစေချင်ပါ။

ကျိနင်းသူမရဲ့မျက်နှာကိုပွတ်ပေးရင်းဟွားရှင်းဆေးရဲ့အရှိန်ပျောက်သွားသည်အထိစောင့်‌နေသင့်လားဆိုတာတွေးနေမိသည်။ရုတ်တရက်သူ့ရဲ့အမြင်အာရုံစောင်းသွားကာတစ်ကိုယ်လုံးမှာဆူးဆူးသလိုခံစားလိုက်ရသည်။ငုံ့ကြည့်လိုက်ချိန်မှာတော့ခြေထောက်ဖြူဖြူလေးနှစ်ခုကို‌ေတွ့လိုက်ရသည်။

သူပြန်ပြောင်းသွားပြီ...အချိန်ကတကယ်ကိုကွက်တိပဲ။သို့သော်လူပုံစံမဟုတ်ရင်ချီရုဝမ်ကသူ့ဆရာပျောက်သွားပြီဒါမှမဟုတ်လှည့်စားခံလိုက်ရပြီဟုတွေးနေမလား?

ကျိနင်းသားပေါက်လေးပုံစံဖြစ်နေပြီးချီရုဝမ်ကိုမသက်မသာမော့ကြည့်လိုက်သည်။‌ဧကရာဇ်ကသူ့ကိုငုံ့ကြည့်နေပေမဲ့တခြားအမူအရာမပြဘဲတည်တည်ငြိမ်ငြိမ်ဘဲပြုမူနေသည်။

"ငါ့ကိုစိတ်မပူပါနဲ့ ဒီပုံစံအတိုင်းနေနေမှာ"

ကျိနင်းချီရုဝမ်ကိုထိုစကားတွေပြောချင်နေမိသည်။သို့သော်သားပေါက်လေးပုံစံဖြစ်နေတာကိုမေ့သွားသည်။ထို့ကြောင့်ပြောလိုက်ပေမဲ့ကလေးလေးလိုနူးညံ့တဲ့အသံလေးပဲထွက်လာသည်။

ဟွားရှင်းဆေးရဲ့လက်ကျန်အကျိုးသက်ရောက်မှုကြောင့်ဖြစ်မည်။

"အားနင်း!"

ယွင်သောင့်ရုတ်တရက်နိုးလာသည်။အိပ်မက်ဆိုးမက်သလိုမျက်နှာကဖြူဖျော့နေကာချွေးတွေထွက်နေသည်။

သူမလှည့်ကြည့်မိတော့ချီရုဝမ်ကိုတွေ့သွားသည့်အခါမျက်နှာကပိုလို့တောင်ဖြူလျော်သွားသည်။သူမနားရွက်လေးတွေကစိတ်ပူပန်စွာအောက်သို့ငိုက်ကျသွားသည်။

ရတာနာအိတ်လေးကိုလိုက်စမ်းကြည့်ပေမဲ့အိတ်ထဲကဟာတွေအကုန်မွစာကြဲနေတာကိုတွေ့လိုက်ရသည်။မေ့မလဲသွားခင်မှာရင်ချွမ်းချုံပေးထားတဲ့အသက်ကယ်ဆေးကိုသုံးဖို့လုပ်ပေမဲ့ထိတောင်မထိရသေးခင်မှာပဲမေ့လဲသွားခဲ့ရသည်။

"မမ, အဆင်ပြေပါတယ်, သူမမကိုထိခိုက်အောင်မလုပ်ပါဘူး..."

ချစ်စရာကောင်းတဲ့ကလေးသံလေးကသူမနားထဲဝင်လာသည်။နှင်းသားပေါက်လေးသူမပေါ်ကို ခုန်တက်လာချိန်မှာလန့်သွားမိသည်။သူမရဲ့လက်မောင်းတွေထဲတိုးဝင်လာပြီး "မကြောက်ပါနဲ့ ကျွန်တော်တို့လုံခြုံနေပါတယ်"

"... ?" ရွှယ်ထွမ်း ကစကားပြောနိုင်တယ်?"

အံ့ဩသွားတဲ့ယွင်သောင့်ကသားပေါက်လေးကိုမေးထားတဲ့နာမည်ပြောင်ကိုခေါ်လိုက်သည်။ ရင်ချွမ်းချုံကသားပေါက်လေးကိုရင်းရွှယ်ဟုပေးထားပေမဲ့ချစ်စရာသိပ်မကောင်းဘူးဟုထင်တာကြောင့်တိတ်တိတ်လေးပဲရွှယ်ထွမ်းဟုပြောင်းလိုက်သည်။

...

ထိုသို့ခေါ်တာကိုကြားလိုက်ရတဲ့အခါကျိနင်းပြဿနာရှိသလိုခံစားလိုက်ရသည်။ဒီကောင်မလေးကသူနဲ့တကယ်တူတာပဲ။သူလည်းနာမည်ပေးမတော်ပေ။သူမကိုတိမ်သားရဲလေးဖြစ်တာကြောင့်ယွင်သောင့်ဟုနာမည်ပေးခဲ့သည်။သူမကတော့သူ့ကိုနှင်းသားရဲပေါက်လေးဖြစ်တာကြောင့် "နှင်းလုံးလေး" ဟုခေါ်သည်။

ယွင်သောင့်အံ့အားသင့်နေမိသည်။စကားပြောနိုင်ရုံတင်မကစိတ်မပူပါနဲ့လို့တောင်ပြောလိုက်သေးသည်။ဘာလို့ပါလိမ့်?သူမသတိမေ့နေတုန်းဘာတွေဖြစ်ကုန်တာလဲ?

"ငါအလုံးလေးတစ်လုံးကိုစားလိုက်တာအခုစကားပြောနိုင်တယ်"

ကျိနင်းလိမ်လိုက်သည်။မစားရသေးတဲ့ဟွားရှင်းဆေးကိုဖျက်ဆီးလိုက်ပြီဖြစ်သည်။သက်သေကိုဖျကဆီးတာအပြင်ယွင်သောင့်သူ့ကိုကျန်တာ‌ေတွကျွေးနေမှာကိုတားမြစ်ရန်ဖြစ်သည်။

သူကစကားပြောတာကိုအခုမှသင်ထားသလိုဟန်ဆောင်ပြီးဘာဖြစ်ခဲ့တယ်ဆိုတာရှင်းပြနေချိန်မှာအမှန်တဝက်အလိမ်တဝက်ပြောလိုက်သည်။ဥပမာဆိုရင်သူမအားသက်သာ‌ေစမည့်ဆေးကိုတိုက်ခဲ့တဲ့သူကချီရုဝမ်ဖြစ်ပြီးကျိနင်းကခိုင်းခဲ့တာဖြစ်ကြောင်း၊စကားတော့ပြောနိုင်ပေမဲ့လူသားအသွင်တော့မပြောင်းနိုင်ကြောင်းစတာ‌ေတွဖြစ်သည်။

"တကယ်လား?"

ထိုအလောင်းကသားပေါက်လေးကိုဆရာအဖြစ်အသိအမှတ်ပြုလိုက်တာကိုဝမ်းသာမိပေမဲ့တခုခုကိုမြင်လိုက်မိတာကြောင့်သံသယဝင်နေမိသေးသည်။အားနင်းမျက်နှာကိုမြင်လိုက်တာသေချာပါသည်။တကယ်ပဲချီရုဝမ်ကိုအားနင်းနဲ့မှားနေတာလား?

ဒါကြီးက...

သူမတိတ်ဆိတ်နေတဲ့ဧကရာဇ်ကိုကြည့်လိုက်မိတဲ့အခါဒဏ်ရာရထားတဲ့ဗိုက်ကပြန်လာနာသလိုခံစားလိုက်ရပြီးနောက်ကိုနည်းနည်းလေးဆုတ်လိုက်မိသည်။

မြေအောက်နန်းတော်ထဲမှာအလင်းရောင်ကမှိန်နေသည်။ချီရုဝမ်ကမင်းသားဝတ်စုံကိုဝတ်ထားပြီးမျက်နှာကတွဲလောင်းကျနေသည့်ကျောက်စိမ်းပုတီးတွေနဲ့ဖုံးနေသည်။ယွင်သောင့်သူ့မျက်နှာကိုသေချာမမြင်ရပေမဲ့ရက်စက်ကြမ်းကြုတ်တဲ့မျက်နှာမျိုးရှိမည်ဆိုတာခန့်မှန်းနိုင်သည်။အားနင်းနဲ့ဘယ်လိုမှားနိုင်မှာလည်း?

"ဒါဆိုမိသားစု၁၂စုကကောင်တွေအကုန်ထွက်ပြေးသွားတယ်ပေါ့?"

ကောင်မလေးကခွန်အားတွေပြန်ရလာပြီးသူမပစ္စည်းတွေကိုမပျက်စီးသေးတဲ့သားရဲအိတ်လေးထဲပြန်ကောက်ထည့်နေသည်။လှပတဲ့မျက်လုံးနှင့်စိတ်ဆိုးနေသည့်မျက်နှာဖြင့်ပြောလာသည် 'ဟမ့် သူတို့တွေဒီမှာမသေသွားတာစိတ်ပျက်စရာပဲ"

ကျိနင်းနည်းနည်းလေး‌ေတာ့ရှက်မိသွားသည်။သူမပြောတာနားထောင်ကြည့်သည့်အခါဇာတ်လမ်းတစ်ခုလုံးကိုနားလည်သွားသည်။သူမကအရင်စပြီးတိုက်ခိုက်ခဲ့သူဖြစ်ပြီးအကုန်လုံးအဖြစ်ဆိုးထဲရောက်ကုန်တာဖြစ်သည်။

သို့သော်သူမမှားတယ်လို့မထင်ပါ။ရင်ချွမ်းချုံနှင့်မိသားစု၁၂စုကရန်သူတွေဖြစ်ပြီးသူမပြဿနာရှာတာမဆန်းပေ။သူမကြောင့်ပဲချိရုဝမ်ကိုသူတို့မခေါ်သွားနိုင်တော့ပဲကျိနင်းသူနှင့်နောက်တစ်ခေါက်ထပ်တွေ့နိုင်တာဖြစ်သည်။

"ပြန်ရအောင် ပြန်ရအောင်"

ဆယ်ကျော်သက်တွေကိုဆဲဆိုပြီးတဲ့နောက်မှာတော့ယွင်သောင့်တည်ငြိမ်သွားသည်။ ရွှယ်ထွမ်း ကသူတို့ရဲ့စွမ်းအားကြီးအလောင်းကောင်ကြီးကိုယူနိုင်ခဲ့တာကြောင့်ကြီးမားတဲ့အမြတ်ရလိုက်တာဖြစ်သည်။ သူ့ကိုပြန်ရောက်တဲ့အခါဆုချရမည်။

"ပြန်ရအောင်ရုဝမ်"

ကျိနင်းချီရုဝမ်စီလျှောက်သွားပြီးခြေထောက်ကိုခေါင်းလေးဖြင့်ပွတ်သပ်လိုက်သည်။ချီရုဝမ်ကိုလမ်းပြပေးမယ်ထင်ထားပေမဲ့မမျှော်လင့်ထားပဲသူကကိုယ်ကိုကိုင်းလိုက်ကာလက်နှစ်ဖက်ဖြင့်သူ့ကိုကောက်ယူလိုက်ပြီးရင်ဘတ်ထဲမှာပွေ့ဖက်ထားသည်။

သို့သော်သူကအလောင်းဖြစ်နေတာကြောင့်သူ့ပွေ့ဖက်မှုကအေးစက်နေသည်။ကျိနင်းသူ့ကိုယ်သေးသေးလေးဖြင့်တောင့်မခံနိုင်တော့ဘဲတစ်ကိုယ်လုံးတုန်ရင်လာသည်။ 

ချီရုဝမ်ကလမ်းလျှောက်နေရင်းတုန်ရင်နေတာကိုသတိထားမိသည့်အခါသူ့ခေါင်းကအဆောင်အယောင်အဝတ်ကိုဆွဲလိုက်ပြီးမြေပြင်ပေါ်ပစ်ချလိုက်သည်။ကျောက်စိမ်းပုတီးစေ့လေးတွေကမြေပြင်ပေါ်ပြန့်ကျဲသွားပြီးသူ့ရဲ့နက်မှောင်ရှည်လျားတဲ့ဆံပင်တွေကပုခုံးပေါ်ပြေကျလာသည်။

သူမနောက်ကအသံကြားတာကြောင့်ယွင်သောင့်လှည့်ကြည့်လိုက်သည့်အခါသူမမျက်လုံးတွေပြူးကျယ်သွားသည်။

သူမမျှော်လင့်ထားတဲ့ပုံစံနှင့်တခြားစီပင်။ချီရုဝမ်ကချောမေပြီးကျက်သရေရှိသည့်မျက်နှာနှင့်မွေးဖွားလာသည်။သူသေဆုံးသွားပြီဖြစ်ပြီးဘေးပတ်လည်မှာသေဆုံးခြင်းအငွေ့အသက်တွေရှိနေတာကြောင့်သာမဟုတ်ရင်သူကမြင့်မြတ်ပြီးရိုမန့်တစ်ဆန်နေမှာပင်။

ထိုလူကသူမသေဆုံးခင်မှာတစ်လောကလုံးကိုဘယ်လိုအုပ်စိုးခဲ့လဲဆိုတာသိချင်နေမိသည်။နောက်တစ်စက္ကန့်မှာပဲရယ်ချင်လာ‌တာကြောင့်နင်သွားသလိုတောင်ဖြစ်လာပြီးပုခုံးတွေပါတုန်လာသည်။

ချီရုဝမ်ကသားပေါက်လေးကိုသူ့ဆံပင်ပေါ်မှာတင်လိုက်သည်။သူမအေးစေရန်တင်လိုက်တာပေမဲ့သူ့ပုံစံကရယ်စရာကောင်းနေတာကြောင့်ယွင်သောင့်မရယ်ပဲမနေနိုင်ပေ။သူမနံရံကိုကိုင်ထားပြီးသူမကိုသူမတည်ငြိမ်အောင်အချိန်အများကြီးယူလိုက်ရသည်။

ကျိနင်းကတော့အမြီးလေးကိုဖက်ကာလုံးဝရှက်မနေဘဲဘောလုံးလေးလိုကွေးနေလိုက်သည်။သူဒီမှာနေရတာကြိုက်သည်။ချီရုဝမ်ကသူပြုတ်မကျသွားအောင်ဖြေးဖြေးချင်းလျှောက်နေသည်။

Tbc🐣

အားတွေလည်းအကုန်ကုန်နေပြီ။တဝက်ပဲတင်နိုင်တော့တယ်ရှင် 😓။ စနေ တနင်္ဂနွေခွင့်ယူမယ်နော်😚။ကျိနင်းနာမည်ပြောင်လေးကိုလေသူငယ်ချင်းကိုမေးထားတာသူလည်းအားမရှိလို့လားမသိဘူး စာမပြန်သေးဘူး နောက်သူစာပြန်မှပဲပြန်ပြင်လိုက်ပါ့မယ်။

Zawgyi

လူသတ္ခ်င္စိတ္မႊန္ေနတဲ့အေလာင္းကက်ိနင္းေရွ႕မွာဒူးေထာက္ေနတာကိုေတြ႕ရတဲ့အခါအားလုံးမွင္သက္သြားၾကသည္။မိသားစု၁၂စုကကေလးေတြဟာလည္ေခ်ာင္းနင္သြားၾကၿပီးေမ့လဲေတာ့မလိုခံစားေနရတာေၾကာင့္မ်က္ႏွာကျဖဴတလွည့္နီတလွည့္ျဖစ္ေနသည္။

ထိုရက္စက္တဲ့အေလာင္းကသူ႔ဆရာကိုအသိအမွတ္ျပဳသြားၿပီ...အဲ့ဒီ့လူကိုသူ႔ဆရာအျဖစ္တကယ္အသိအမွတ္ျပဳလိုက္ၿပီ...

လူငယ္ေလးေတြအကုန္ေသြးအန္မတတ္ျဖစ္သြားၾကသည္။

သူတို႔ကေရွာင္းမိသားစုကမဟုတ္ေပမဲ့ျပဳျပင္ထားတဲ့အေလာင္းကသူတို႔ရဲ႕ဆရာကိုပဲအမိန႔္ေပးသူအျဖစ္လက္ခံၾကတာကိုသိထားသည္။သူတို႔ကေမြးဖြားလာလာခ်င္းမွာဥာဏ္ပညာမရွိၾကေသးေပ။သူတို႔ရဲ႕အသိဥာဏ္ကိုေန႔စဥ္ျပန္လည္ျပဳျပင္ျခင္းျဖင့္ေျဖးေျဖးခ်င္းတိုးျမႇင့္ေပးရမွာျဖစ္သည္။

ခ်ီ႐ုဝမ္လူသတ္ခ်င္စိတ္မႊန္ေနသည့္အေလာင္းေကာင္အျဖစ္သို႔ေျပာင္းလဲသြားခ်ိန္မွာသူ႔ကိုျပန္လည္ထိန္းခ်ဳပ္ဖို႔ေမွ်ာ္လင့္ခ်က္မရွိေတာ့ဘူးဟုထင္ခဲ့ၾကသည္။လူသတ္စိတ္မႊန္ေနတဲ့အေလာင္းတစ္‌ေကာင္ဟာေသြးဆာေနသည့္တိရစာၦန္တစ္ေကာင္ထက္မပိုဘဲအမိန႔္ေတြကိုလည္းလ်စ္လ်ဴရႈကာလူသတ္ခ်င္တာတစ္ခုပဲသိၾကသည္။သူတို႔ကဖ်က္ဆီးပစ္ရမည့္မေကာင္းဆိုးဝါးမ်ားသာျဖစ္သည္။သို႔ေသာ္လူနည္းနည္းေလးႏွင့္ႏွစ္ႏွစ္ေထာင္သက္တမ္းရွိအေလာင္းကိုဘယ္လိုယဥ္ပါးေအာင္ျပဳလုပ္ႏိုင္ပါမည္နည္း။အခုခ်ိန္ထိလြတ္ေျမာက္ေနႏိုင္တာပင္အံ့ဩစရာေကာင္းေနၿပီ။သတ္ဖို႔ကိုဘယ္လိုမ်ားေတြးႏိုင္ပါမည္နည္း။

သူတို႔ကႀကီးမားတဲ့ဆုံးရႈံးမႈေတြကိုခံစားခဲ့ရသည္။သူတို႔ရဲ႕တန္ဖိုးႀကီးရတနာေတြလည္းအကုန္ကုန္သြားၿပီးေၾကာက္စရာေကာင္းတဲ့အေျခအေနႀကီးထဲေရာက္ရွိေနၾကသည္။သို႔ေသာ္ထူးဆန္းတဲ့လူငယ္တစ္ေယာက္ေပၚလာၿပီးအေလာင္းကသူ႔ကိုဆရာအျဖစ္အသိအမွတ္ျပဳလိုက္သည္။သူ႔ကိုစကားေတာင္ေျပာေနၿပီးမေမွ်ာ္လင့္ထားတဲ့အသိဥာဏ္လည္းရွိေနသည္။

အေၾကာင္းျပခ်က္ကဘာလဲ?

ဆယ္ေက်ာ္သက္ေလးေတြဟာအံ့ဩစိတ္ေၾကာင့္ေနရာမွာတင္ေတာင့္ခဲေနၾကသည္။အနက္ေရာင္ဝတ္႐ုံရွည္ႏွင့္ဧကရာဇ္ကေက်ာမတ္လိုက္ၿပီးသူတို႔ဘက္ကိုလွည့္ၾကည့္လာမွသာစိတ္ကူးေနတဲ့အေျခအေနကေနလြတ္ေျမာက္လာကာေနာက္ျပန္ဆုတ္ရန္ဝ႐ုန္းသုန္းကားျဖစ္ကုန္သည္။

ထိုလူကထူးျခားတဲ့သူပဲျဖစ္ရမည္ဆိုတာကိုျမန္ျမန္သေဘာေပါက္လိုက္ၾကသည္။ထိုလူကအရမ္းစြမ္းအားႀကီးတာဒါမွမဟုတ္အရမ္းအသက္ႀကီးေနတာပဲျဖစ္ရမည္။ေနာက္ၿပီးလူလဲမဟုတ္ႏိုင္ေပ။အဲ့လိုမွမဟုတ္ရင္သူေတာင္ဘာမွမလုပ္ရေသးခင္မွာအေလာင္းကတန္းၿပီးဦးၫႊတ္မွာလဲ?

လူသတ္စိတ္မႊန္တဲ့အေလာင္းနဲ႔လ်ိဳ႕ဝွက္ထားတဲ့ဆရာ။ဘယ္သူ႔ကိုမွမကိုင္တြယ္ႏိုင္ဘူး။ႏွစ္ေယာက္ဆိုေျပာမေနနဲ႔ေတာ့။ထြက္ေျပးဖို႔အခြင့္အေရးမယူရင္ဒီေနရာမွာပဲေသသြားလိမ့္မည္။

သူတို႔ထဲကတစ္ေယာက္ကခ်ီစြမ္းအင္ျမဳပ္ႏွံထားသည့္ေလာ့ကတ္ကိုေျမျပင္ေပၚပစ္ခြဲလိုက္သည္။ထိုသို႔ျပဳလုပ္တာကသူ႔ရဲ႕က်င့္ႀကံေရးကိုပ်က္စီးေစလိမ့္မည္ဆိုတာသိထားေပမဲ့က်င့္ႀကံေရးကိုသာအဆုံးရႈံးခံလိုက္မည္အုတ္ဂူထဲေတာ့မေနခ်င္ပါ။

ဆယ္ေက်ာ္သက္ေတြရဲ႕ ပတ္ပတ္လည္မွာအနက္ေရာင္အေငြ႕ေတြေပၚလာၿပီးသူတို႔ကိုေျမေအာက္နန္းေတာ္မွေတာင္အျပင္ဘက္ကိုေခၚထုတ္သြားသည္။

နန္းေတာ္ထဲမွာတိတ္ဆိတ္ေနၿပီးက်ိနင္း၊ခ်ီ႐ုဝမ္ႏွင့္သတိလစ္ေနတဲ့ယြင္ေသာင့္ပဲက်န္ေနခဲ့သည္။

ငယ္႐ြယ္တဲ့ဧကရာဇ္ကသူ႔ေရွ႕မွာရပ္ေနတာကိုၾကည့္ရင္းက်ိနင္းမေပ်ာ္ႏိုင္ေပ။ထိုအစားႏွလုံးသားထဲမွာခါးသက္လာၿပီးေနာင္တႏွင့္ကိုယ့္ကိုကိုမုန္းတီးေနမိသည္။

ေနာက္ဆုံးမွာေတာ့ေနာက္က်သြားခဲ့ၿပီးခ်ီ႐ုဝမ္ရဲ႕အေလာင္းျပန္လည္ျပဳျပင္ခံရမွာကိုမတားလိုက္ႏိုင္ခဲ့ေပ။အနားယူေနမဲ့အစားဒီကိုတန္းလာလိုက္ရင္ဒီလိုေတြျဖစ္လာမွာကိုတားႏိုင္ေလာက္သည္။

(ဒါကမင္းအျပစ္မဟုတ္ပါဘူး)

အနာဂတ္ရဲ႕အသံပဲ့တင္ထပ္လာသည္။သူ႔ဘက္ကစၿပီးအရင္စကားေျပာေလ့မရွိေပမဲ့က်ိနင္းကိုႏွစ္သိမ့္ဖို႔ႀကိဳးစားေနသည္။

(မင္းရဲ႕ဝိဥာဥ္ကိုအနားမယူဘဲကူးေျပာင္းခိုင္းဖို႔ငါခြင့္ျပဳမွာမဟုတ္ဘူး။အနားမယူရင္ဝိဥာဥ္ကဆိုး႐ြားစြာထိခိုက္မိၿပီးအက်ိဳးဆက္ေတြကဆိုး႐ြားလိမ့္မည္)

(ဝိဥာဥ္မတည္မၿငိမ္ျဖစ္ေနတာေၾကာင့္မင္းအခုေသာက္လိုက္တဲ့ေဆးကခ်က္ခ်င္းေသေစလိမ့္မည္။ျပန္လည္ရွင္သန္ေအာင္လုပ္ႏိုင္ေပမဲ့မင္းရဲ႕အသက္ကိုေတာ့အတတ္ႏိုင္ဆုံးတန္ဖိုးထားသင့္သည္။)

(ကိုယ့္ကိုဂ႐ုမစိုက္ရင္တျခားသူေတြကိုဘယ္လိုကယ္မလဲ?ဒါကိုမွတ္မိေအာင္ႀကိဳးစားပါက်ိနင္း)

က်ိနင္းႏွလုံးသားထဲေႏြးေထြးသြားၿပီးအနာဂတ္ကိုအမွန္တကယ္ေက်းဇူးတင္လိုက္သည္,။

ဒါကျဖစ္ႏွင့္ၿပီးၿပီ။ေနာင္တရၿပီးအခ်ိန္ေတြကိုျဖဳန္းေနတာကအသုံးမဝင္ေပ။ထိုအစားႀကိဳးစားၿပီးေျဖရွင္းသင့္သည္။ထို႔အျပင္အကူအညီမဲ့ေနတာမ်ိဳးမဟုတ္ေပ။

အရင္ကက်င့္ႀကံေရးကမာၻတစ္ခုကိုႀကဳံေတြ႕ဖူးသည္။လူေတြဖန္တီးထားသည့္အသုံးအေဆာင္ေတြႏွင့္ေမွာ္လက္နက္ေတြဟာစြမ္းအင္အဆင့္အလိုက္မ်ားျပားၿပီးထူးဆန္းလွသည္။အခုကမာၻေတြကေပါင္းစပ္ေနသည္ဆိုေတာ့က်င့္ႀကံေရးကမာၻ၏ဇာတ္လိုက္ႏွင့္ေတြ႕ဆုံႏိုင္သည္။အဲ့ဒီ့ကေနခ်ီ႐ုဝမ္ကိုေသခ်ာေလးျပန္လည္ရွင္သန္ေအာင္လုပ္ဖို႔အခြင့္အေရးရေလာက္မည္။

(ရပါတယ္) အနာဂတ္ကခဏရပ္သြားၿပီးဆက္ေျပာသည္ (ငါတို႔ကပါတနာေတြပဲ မင္းကိုကူညီႏိုင္ဖို႔အေကာင္းဆုံးႀကိဳးစားမွာပါ)

(မင္းကလည္းငါ့သူငယ္ခ်င္းပါ) က်ိနင္းၿပဳံးရင္းျပန္ေျဖလိုက္သည္။

(အားလုံးအဆင္ေျပဖို႔ဆုေတာင္းေပးပါတယ္)

အနာဂတ္ကေျပာၿပီးဆက္သြယ္မႈကိုျဖတ္ေတာက္လိုက္သည္။

က်ိနင္းသူ႔မ်က္ႏွာကိုပုတ္ကာခံစားခ်က္ေတြကိုရွင္းထုတ္လိုက္သည္။

ဒီထက္ဆိုး႐ြားတဲ့အေျခအေနထဲေတာင္ေရာက္ခဲ့ၿပီးေျဖရွင္းႏိုင္ခဲ့သည္။ဒီတစ္ခါလည္းျပႆနာမရွိေလာက္ပါဘူး။သူ႔ကိုယ္သူယုံသည္။

ပထမဆုံးလုပ္ရမွာကခ်ီ႐ုဝမ္ရဲ႕အေျခအေနကိုေလ့လာရမည္။

အေလာင္းျပန္လည္ျပဳျပင္ျခင္းအေၾကာင္းကိုနားမလည္သလိုျပဳျပင္ၿပီးေနာက္မွာအေလာင္းကသူ႔ရဲ႕ဝိဥာဥ္ႏွင့္မွတ္ဥာဏ္ေတြကိုထိန္းသိမ္းထားေသးလားဆိုတာကိုလည္းမသိေပ။ဒါေပမဲ့မထိန္းသိမ္းထားေလာက္ဟုထင္သည္။မဟုတ္ရင္ဘာေၾကာင့္ခ်ီ႐ုဝမ္ကသူ႔ကိုဆရာလို႔ေခၚမွာလဲ။အရင္ကအဲ့လိုဆက္ဆံေရးမ်ိဳးမွမဟုတ္ခဲ့တာ။

က်ိနင္းခ်ိ႐ုဝမ္ကိုတပတ္ပတ္ၿပီးေမးလိုက္သည္ "ငါကဘယ္သူလဲ?"

"မင္းကငါ့ရဲ႕ဆရာ" ခ်ီ႐ုဝမ္ကဓားကိုဓားအိမ္ထဲျပန္ထည့္ရင္းျပန္ေျဖသည္။

ဆရာဆိုတာဘာကိုဆိုလိုတာပါလိမ့္?

က်ိနင္းသီအိုရီေတြကိုတိတ္ဆိတ္စြာျပဳလုပ္ေနၿပီးေမးလိုက္သည္"ငါဘာပဲေျပာေျပာအကုန္လုပ္မွာလား?"

"ဟုတ္တယ္"

က်ိနင္းမိသားစု၁၂စုကကေလးေတြလိုပဲေတြေဝေနသည္။ခ်ီ႐ုဝမ္ကသူ႔ကိုဘာလို႔ဆရာအျဖစ္ေ႐ြးခ်ယ္လိုက္တာလဲ။ ဒီမွာရပ္ေန႐ုံသာျဖစ္ၿပီးသူ႔အာ႐ုံကိုဖမ္းစားေစမည့္ဘယ္အရာကိုမွမလုပ္ခဲ့ေပ။

သူတို႔ရဲ႕အတိတ္ကမွတ္ဥာဏ္ေတြ‌ေၾကာင့္ရင္းႏွီးတယ္လို႔ခံစားရၿပီးေ႐ြးလိုက္တာမ်ားလား?

ထိုသို႔ေတြးမိသည့္အခါက်ိနင္းထပ္ေမးလိုက္သည္ "ငါ့နာမည္ကိုမွတ္မိလား?"

တိတ္ဆိတ္ေနတာကိုပဲၾကားရသည္။ခ်ီ႐ုဝမ္ကဘာမွတ္ဥာဏ္မွမရွိေတာ့ပုံရသည္။ဒါေၾကာင့္သူ႔ကိုဘာေၾကာင့္ဆရာအျဖစ္ေ႐ြးခ်ယ္လိုက္ရတဲ့အေၾကာင္းကိုမဆုံးျဖတ္ႏိုင္ျဖစ္ေနသည္။

ဒါကတစ္နည္းနည္းနဲ႔ေတာ့ေကာင္းပါသည္...အေၾကာင္းအရင္းကေတာ့ယြင္ခြၽမ္းခ်ဳံႏွင့္တူတူပင္။အနာဂတ္မွာနာက်င္စရာေတြကိုေရွာင္ရွားရန္ျဖစ္သည္။

"ခ်ီ႐ုဝမ္" ဧကရာဇ္ရဲ႕ပုခုံးကိုပုတ္လိုက္ၿပီးေျပာသည္ "ဒါကမင္းရဲ႕နာမည္ ေသခ်ာမွတ္ထားပါ"

ခ်ီ႐ုဝမ္ကေခါင္းညိတ္လိုက္သည္။သူ႔လႈပ္ရွားမႈေတြကေတာင့္ေတာင့္ႀကီးျဖစ္ေနေသးသည္။

"အားနင္း...အားနင္း"

အုတ္ဂူအတြင္းမွာခပ္တိုးတိုးေရ႐ြတ္သံကိုၾကားလိုက္ရသည္။ေမ့ေမ်ာေနေသာေကာင္မေလးရဲ႕ဒဏ္ရာေတြကသက္သာလာၿပီျဖစ္ကာေျဖးေျဖးခ်င္းသတိရလာၿပီျဖစ္သည္။ယြင္ေသာင့္ရဲ႕မ်က္ခုံးေတြကတြန႔္ေနကာက်ိနင္းရဲ႕နာမည္ကိုအသံအက္အက္ျဖင့္ေခၚေနသည္။

ယြင္ေသာင့္ႏိုးလာေတာ့မယ္ သူမကိုမမွတ္မိေစခ်င္ပါ။

က်ိနင္းသူမရဲ႕မ်က္ႏွာကိုပြတ္ေပးရင္းဟြားရွင္းေဆးရဲ႕အရွိန္ေပ်ာက္သြားသည္အထိေစာင့္‌ေနသင့္လားဆိုတာေတြးေနမိသည္။႐ုတ္တရက္သူ႔ရဲ႕အျမင္အာ႐ုံေစာင္းသြားကာတစ္ကိုယ္လုံးမွာဆူးဆူးသလိုခံစားလိုက္ရသည္။ငုံ႔ၾကည့္လိုက္ခ်ိန္မွာေတာ့ေျခေထာက္ျဖဴျဖဴေလးႏွစ္ခုကို‌ေတြ႕လိုက္ရသည္။

သူျပန္ေျပာင္းသြားၿပီ...အခ်ိန္ကတကယ္ကိုကြက္တိပဲ။သို႔ေသာ္လူပုံစံမဟုတ္ရင္ခ်ီ႐ုဝမ္ကသူ႔ဆရာေပ်ာက္သြားၿပီဒါမွမဟုတ္လွည့္စားခံလိုက္ရၿပီဟုေတြးေနမလား?

က်ိနင္းသားေပါက္ေလးပုံစံျဖစ္ေနၿပီးခ်ီ႐ုဝမ္ကိုမသက္မသာေမာ့ၾကည့္လိုက္သည္။‌ဧကရာဇ္ကသူ႔ကိုငုံ႔ၾကည့္ေနေပမဲ့တျခားအမူအရာမျပဘဲတည္တည္ၿငိမ္ၿငိမ္ဘဲျပဳမူေနသည္။

"ငါ့ကိုစိတ္မပူပါနဲ႔ ဒီပုံစံအတိုင္းေနေနမွာ"

က်ိနင္းခ်ီ႐ုဝမ္ကိုထိုစကားေတြေျပာခ်င္ေနမိသည္။သို႔ေသာ္သားေပါက္ေလးပုံစံျဖစ္ေနတာကိုေမ့သြားသည္။ထို႔ေၾကာင့္ေျပာလိုက္ေပမဲ့ကေလးေလးလိုႏူးညံ့တဲ့အသံေလးပဲထြက္လာသည္။

ဟြားရွင္းေဆးရဲ႕လက္က်န္အက်ိဳးသက္ေရာက္မႈေၾကာင့္ျဖစ္မည္။

"အားနင္း!"

ယြင္ေသာင့္႐ုတ္တရက္ႏိုးလာသည္။အိပ္မက္ဆိုးမက္သလိုမ်က္ႏွာကျဖဴေဖ်ာ့ေနကာေခြၽးေတြထြက္ေနသည္။

သူမလွည့္ၾကည့္မိေတာ့ခ်ီ႐ုဝမ္ကိုေတြ႕သြားသည့္အခါမ်က္ႏွာကပိုလို႔ေတာင္ျဖဴေလ်ာ္သြားသည္။သူမနား႐ြက္ေလးေတြကစိတ္ပူပန္စြာေအာက္သို႔ငိုက္က်သြားသည္။

ရတာနာအိတ္ေလးကိုလိုက္စမ္းၾကည့္ေပမဲ့အိတ္ထဲကဟာေတြအကုန္မြစာႀကဲေနတာကိုေတြ႕လိုက္ရသည္။ေမ့မလဲသြားခင္မွာရင္ခြၽမ္းခ်ဳံေပးထားတဲ့အသက္ကယ္ေဆးကိုသုံးဖို႔လုပ္ေပမဲ့ထိေတာင္မထိရေသးခင္မွာပဲေမ့လဲသြားခဲ့ရသည္။

"မမ, အဆင္ေျပပါတယ္, သူမမကိုထိခိုက္ေအာင္မလုပ္ပါဘူး..."

ခ်စ္စရာေကာင္းတဲ့ကေလးသံေလးကသူမနားထဲဝင္လာသည္။ႏွင္းသားေပါက္ေလးသူမေပၚကို ခုန္တက္လာခ်ိန္မွာလန႔္သြားမိသည္။သူမရဲ႕လက္ေမာင္းေတြထဲတိုးဝင္လာၿပီး "မေၾကာက္ပါနဲ႔ ကြၽန္ေတာ္တို႔လုံၿခဳံေနပါတယ္"

"... ?" Xue Tuanကစကားေျပာႏိုင္တယ္?"

အံ့ဩသြားတဲ့ယြင္ေသာင့္ကသားေပါက္ေလးကိုေမးထားတဲ့နာမည္ေျပာင္ကိုေခၚလိုက္သည္။ ရင္ခြၽမ္းခ်ဳံကသားေပါက္ေလးကိုရင္း႐ႊယ္ဟုေပးထားေပမဲ့ခ်စ္စရာသိပ္မေကာင္းဘူးဟုထင္တာေၾကာင့္တိတ္တိတ္ေလးပဲXue Tuanဟုေျပာင္းလိုက္သည္။

...

ထိုသို႔ေခၚတာကိုၾကားလိုက္ရတဲ့အခါက်ိနင္းျပႆနာရွိသလိုခံစားလိုက္ရသည္။ဒီေကာင္မေလးကသူနဲ႔တကယ္တူတာပဲ။သူလည္းနာမည္ေပးမေတာ္ေပ။သူမကိုတိမ္သားရဲေလးျဖစ္တာေၾကာင့္ယြင္ေသာင့္ဟုနာမည္ေပးခဲ့သည္။သူမကေတာ့သူ႔ကိုႏွင္းသားရဲေပါက္ေလးျဖစ္တာေၾကာင့္ "ႏွင္းလုံးေလး" ဟုေခၚသည္။

ယြင္ေသာင့္အံ့အားသင့္ေနမိသည္။စကားေျပာႏိုင္႐ုံတင္မကစိတ္မပူပါနဲ႔လို႔ေတာင္ေျပာလိုက္ေသးသည္။ဘာလို႔ပါလိမ့္?သူမသတိေမ့ေနတုန္းဘာေတြျဖစ္ကုန္တာလဲ?

"ငါအလုံးေလးတစ္လုံးကိုစားလိုက္တာအခုစကားေျပာႏိုင္တယ္"

က်ိနင္းလိမ္လိုက္သည္။မစားရေသးတဲ့ဟြားရွင္းေဆးကိုဖ်က္ဆီးလိုက္ၿပီျဖစ္သည္။သက္ေသကိုဖ်ကဆီးတာအျပင္ယြင္ေသာင့္သူ႔ကိုက်န္တာ‌ေတြေကြၽးေနမွာကိုတားျမစ္ရန္ျဖစ္သည္။

သူကစကားေျပာတာကိုအခုမွသင္ထားသလိုဟန္ေဆာင္ၿပီးဘာျဖစ္ခဲ့တယ္ဆိုတာရွင္းျပေနခ်ိန္မွာအမွန္တဝက္အလိမ္တဝက္ေျပာလိုက္သည္။ဥပမာဆိုရင္သူမအားသက္သာ‌ေစမည့္ေဆးကိုတိုက္ခဲ့တဲ့သူကခ်ီ႐ုဝမ္ျဖစ္ၿပီးက်ိနင္းကခိုင္းခဲ့တာျဖစ္ေၾကာင္း၊စကားေတာ့ေျပာႏိုင္ေပမဲ့လူသားအသြင္ေတာ့မေျပာင္းႏိုင္ေၾကာင္းစတာ‌ေတြျဖစ္သည္။

"တကယ္လား?"

ထိုအေလာင္းကသားေပါက္ေလးကိုဆရာအျဖစ္အသိအမွတ္ျပဳလိုက္တာကိုဝမ္းသာမိေပမဲ့တခုခုကိုျမင္လိုက္မိတာေၾကာင့္သံသယဝင္ေနမိေသးသည္။အားနင္းမ်က္ႏွာကိုျမင္လိုက္တာေသခ်ာပါသည္။တကယ္ပဲခ်ီ႐ုဝမ္ကိုအားနင္းနဲ႔မွားေနတာလား?

ဒါႀကီးက...

သူမတိတ္ဆိတ္ေနတဲ့ဧကရာဇ္ကိုၾကည့္လိုက္မိတဲ့အခါဒဏ္ရာရထားတဲ့ဗိုက္ကျပန္လာနာသလိုခံစားလိုက္ရၿပီးေနာက္ကိုနည္းနည္းေလးဆုတ္လိုက္မိသည္။

ေျမေအာက္နန္းေတာ္ထဲမွာအလင္းေရာင္ကမွိန္ေနသည္။ခ်ီ႐ုဝမ္ကမင္းသားဝတ္စုံကိုဝတ္ထားၿပီးမ်က္ႏွာကတြဲေလာင္းက်ေနသည့္ေက်ာက္စိမ္းပုတီးေတြနဲ႔ဖုံးေနသည္။ယြင္ေသာင့္သူ႔မ်က္ႏွာကိုေသခ်ာမျမင္ရေပမဲ့ရက္စက္ၾကမ္းၾကဳတ္တဲ့မ်က္ႏွာမ်ိဳးရွိမည္ဆိုတာခန႔္မွန္းႏိုင္သည္။အားနင္းနဲ႔ဘယ္လိုမွားႏိုင္မွာလည္း?

"ဒါဆိုမိသားစု၁၂စုကေကာင္ေတြအကုန္ထြက္ေျပးသြားတယ္ေပါ့?"

ေကာင္မေလးကခြန္အားေတြျပန္ရလာၿပီးသူမပစၥည္းေတြကိုမပ်က္စီးေသးတဲ့သားရဲအိတ္ေလးထဲျပန္ေကာက္ထည့္ေနသည္။လွပတဲ့မ်က္လုံးႏွင့္စိတ္ဆိုးေနသည့္မ်က္ႏွာျဖင့္ေျပာလာသည္ 'ဟမ့္ သူတို႔ေတြဒီမွာမေသသြားတာစိတ္ပ်က္စရာပဲ"

က်ိနင္းနည္းနည္းေလး‌ေတာ့ရွက္မိသြားသည္။သူမေျပာတာနားေထာင္ၾကည့္သည့္အခါဇာတ္လမ္းတစ္ခုလုံးကိုနားလည္သြားသည္။သူမကအရင္စၿပီးတိုက္ခိုက္ခဲ့သူျဖစ္ၿပီးအကုန္လုံးအျဖစ္ဆိုးထဲေရာက္ကုန္တာျဖစ္သည္။

သို႔ေသာ္သူမမွားတယ္လို႔မထင္ပါ။ရင္ခြၽမ္းခ်ဳံႏွင့္မိသားစု၁၂စုကရန္သူေတြျဖစ္ၿပီးသူမျပႆနာရွာတာမဆန္းေပ။သူမေၾကာင့္ပဲခ်ိ႐ုဝမ္ကိုသူတို႔မေခၚသြားႏိုင္ေတာ့ပဲက်ိနင္းသူႏွင့္ေနာက္တစ္ေခါက္ထပ္ေတြ႕ႏိုင္တာျဖစ္သည္။

"ျပန္ရေအာင္ ျပန္ရေအာင္"

ဆယ္ေက်ာ္သက္ေတြကိုဆဲဆိုၿပီးတဲ့ေနာက္မွာေတာ့ယြင္ေသာင့္တည္ၿငိမ္သြားသည္။ Xue Tuanကသူတို႔ရဲ႕စြမ္းအားႀကီးအေလာင္းေကာင္ႀကီးကိုယူႏိုင္ခဲ့တာေၾကာင့္ႀကီးမားတဲ့အျမတ္ရလိုက္တာျဖစ္သည္။ သူ႔ကိုျပန္ေရာက္တဲ့အခါဆုခ်ရမည္။

"ျပန္ရေအာင္႐ုဝမ္"

က်ိနင္းခ်ီ႐ုဝမ္စီေလွ်ာက္သြားၿပီးေျခေထာက္ကိုေခါင္းေလးျဖင့္ပြတ္သပ္လိုက္သည္။ခ်ီ႐ုဝမ္ကိုလမ္းျပေပးမယ္ထင္ထားေပမဲ့မေမွ်ာ္လင့္ထားပဲသူကကိုယ္ကိုကိုင္းလိုက္ကာလက္ႏွစ္ဖက္ျဖင့္သူ႔ကိုေကာက္ယူလိုက္ၿပီးရင္ဘတ္ထဲမွာေပြ႕ဖက္ထားသည္။

သို႔ေသာ္သူကအေလာင္းျဖစ္ေနတာေၾကာင့္သူ႔ေပြ႕ဖက္မႈကေအးစက္ေနသည္။က်ိနင္းသူ႔ကိုယ္ေသးေသးေလးျဖင့္ေတာင့္မခံႏိုင္ေတာ့ဘဲတစ္ကိုယ္လုံးတုန္ရင္လာသည္။

ခ်ီ႐ုဝမ္ကလမ္းေလွ်ာက္ေနရင္းတုန္ရင္ေနတာကိုသတိထားမိသည့္အခါသူ႔ေခါင္းကအေဆာင္အေယာင္အဝတ္ကိုဆြဲလိုက္ၿပီးေျမျပင္ေပၚပစ္ခ်လိုက္သည္။ေက်ာက္စိမ္းပုတီးေစ့ေလးေတြကေျမျပင္ေပၚျပန႔္က်ဲသြားၿပီးသူ႔ရဲ႕နက္ေမွာင္ရွည္လ်ားတဲ့ဆံပင္ေတြကပုခုံးေပၚေျပက်လာသည္။

သူမေနာက္ကအသံၾကားတာေၾကာင့္ယြင္ေသာင့္လွည့္ၾကည့္လိုက္သည့္အခါသူမမ်က္လုံးေတြျပဴးက်ယ္သြားသည္။

သူမေမွ်ာ္လင့္ထားတဲ့ပုံစံႏွင့္တျခားစီပင္။ခ်ီ႐ုဝမ္ကေခ်ာေမၿပီးက်က္သေရရွိသည့္မ်က္ႏွာႏွင့္ေမြးဖြားလာသည္။သူေသဆုံးသြားၿပီျဖစ္ၿပီးေဘးပတ္လည္မွာေသဆုံးျခင္းအေငြ႕အသက္ေတြရွိေနတာေၾကာင့္သာမဟုတ္ရင္သူကျမင့္ျမတ္ၿပီး႐ိုမန႔္တစ္ဆန္ေနမွာပင္။

ထိုလူကသူမေသဆုံးခင္မွာတစ္ေလာကလုံးကိုဘယ္လိုအုပ္စိုးခဲ့လဲဆိုတာသိခ်င္ေနမိသည္။ေနာက္တစ္စကၠန႔္မွာပဲရယ္ခ်င္လာ‌တာေၾကာင့္နင္သြားသလိုေတာင္ျဖစ္လာၿပီးပုခုံးေတြပါတုန္လာသည္။

ခ်ီ႐ုဝမ္ကသားေပါက္ေလးကိုသူ႔ဆံပင္ေပၚမွာတင္လိုက္သည္။သူမေအးေစရန္တင္လိုက္တာေပမဲ့သူ႔ပုံစံကရယ္စရာေကာင္းေနတာေၾကာင့္ယြင္ေသာင့္မရယ္ပဲမေနႏိုင္ေပ။သူမနံရံကိုကိုင္ထားၿပီးသူမကိုသူမတည္ၿငိမ္ေအာင္အခ်ိန္အမ်ားႀကီးယူလိုက္ရသည္။

က်ိနင္းကေတာ့အၿမီးေလးကိုဖက္ကာလုံးဝရွက္မေနဘဲေဘာလုံးေလးလိုေကြးေနလိုက္သည္။သူဒီမွာေနရတာႀကိဳက္သည္။ခ်ီ႐ုဝမ္ကသူျပဳတ္မက်သြားေအာင္ေျဖးေျဖးခ်င္းေလွ်ာက္ေနသည္။

Tbc🐣

အားေတြလည္းအကုန္ကုန္ေနၿပီ။တဝက္ပဲတင္ႏိုင္ေတာ့တယ္ရွင္ 😓။ စေန တနဂၤေႏြခြင့္ယူမယ္ေနာ္😚။က်ိနင္းနာမည္ေျပာင္ေလးကိုေလသူငယ္ခ်င္းကိုေမးထားတာသူလည္းအားမရွိလို႔လားမသိဘူး စာမျပန္ေသးဘူး ေနာက္သူစာျပန္မွပဲျပန္ျပင္လိုက္ပါ့မယ္။

Lanjutkan Membaca

Kamu Akan Menyukai Ini

138K 5.8K 64
အချစ်က အဆိပ်တစ်ခွက်ဖြစ်နေခဲ့ရင်တောင် ပျားရည်အမှတ်နဲ့ကျွန်တော်ကတော့ သောက်သုံးနေမိအုံးမှာဘဲ။
90.8K 15.6K 53
Original Author -狩心( ShòuXīn) Status -Completed Total episodes -51+Extra5 Start Date -31.8.2022 End Date - Update- Three episodes per week This nov...
296K 23.1K 55
What's going on with savage male empress Ru Ru from heaven ? MAHARVERSE SEASON 2|| START DATE - June 26 2023 END DATE - May 9 2024
15.8K 1.6K 15
The demon venerable's wishful desire Author - Mo Xi Ke 112 chapters+ 3 extras Start date- 27.2.2022 I don't own this novel.Just fun translation. Full...