မေကုန်းချင်

By phyolay1991

122K 10.1K 76

New Normal တစ်ပတ် သုံးရက် update ပါရှင် ... Paid gp က နောက်အပတ်လောက်မှစပါမယ်ရှင် ... Title- Mei Gongchin သူမ... More

မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းရှင်
မေကုန်းရှင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
မေကုန်းချင်
chapter 132
chapter 133
chapter 134
chapter 135
chapter 136
chapter 137
chapter 138
chapter 139
chapter 140
chapter 141
chapter 142
chapter 143
chapter 144
chapter 145
chapter 146
chapter 147
chapter 148
chapter 149
chapter 150
chapter 151
chapter 152
chapter 153
chapter 154
chapter 155
chapter 156
chapter 157
chapter 158
chapter 159
chapter 160
chapter 161
chapter 162

မေကုန်းချင်

748 50 0
By phyolay1991

Chapter 62

လွတ်မြောက်ခြင်း

အပြင်မှ ဝမ်ဟုန်၏ ဩရှရှရယ်သံက မင်းသား၏မေးခွန်းကိုဖြေလိုက်သည်။

"ကျွန်ုပ် ဒီကို ပြန်ရောက်ရောက်ချင်းမှာပဲ အရှင်မင်းသားရဲ့အိမ်တော်မှာ အလှလေးတွေများစွာ ဖူးပွင့်နေတယ်လို့ သတင်းကြားခဲ့ရပါတယ်...ကျွန်ုပ်ကိုယ်တိုင်လည်း လှပတဲ့ မိန်းမပျိုလေးတွေ အနည်းငယ်ကို ခေါ်လာခဲ့ပါသေးတယ်..."

ပြောရင်းဖြင့် ဝမ်ဟုန်သည် ခန်းမဆောင်၏ တံခါးပေါက်နားသို့ရောက်ရှိလာသည်။ ဝမ်ဟုန်က တံခါးမှနေ၍ အတွင်းမှ မိန်းမပျို‌များကို လှမ်းကြည့်လိုက်ရာ မိန်းမပျိုလေးများကလည်း ဝမ်ဟုန်၏ စိတ်ဝင်စားမှုကို ရရှိသောကြောင့် ခပ်ညုညုလေး ပြန်ပြုံးပြနေကြသည်။ ဝမ်ဟုန်ကပြုံးလိုက်သည့်အခါ ကြယ်ရောင်အောက်တွင် ဝမ်ဟုန်၏မျက်လုံးများက သလင်းကျောက်ကဲ့သို့ တောက်ပနေလေသည်။

ချန်ရုံသည် ခေါင်းကိုမော့၍ ဝမ်ဟုန်အား ကူကယ်ရာမဲ့သော အကြည့်ဖြင့် လှမ်းကြည့်လိုက်မိသည်။

ဂီတပညာရှင်များကြား၌ ရပ်နေသော ချန်ရုံသည် ထင်ထင်ရှားရှားဖြစ်နေသောကြောင့် တစ်ချက်လှမ်းကြည့်လိုက်ရုံဖြင့် ဝမ်ဟုန်သည် ချန်ရုံ့အား သတိထားမိသွားသည်။

ချန်ရုံသည် ဝမ်ဟုန်နှင့် မျက်နှာချင်းဆိုင်၍ ရပ်နေရင်းဖြင့် မျက်ရည်များဝဲလာမိသည်။

ဝမ်ဟုန်သည် ချန်ရုံ့အား ကြာမြင့်စွာ စိုက်ကြည့်နေပြီးမှ တစ်ဖက်သို့လှည့်၍ နန်ယန်မင်းသားနှင့် မျက်နှာချင်းဆိုင်လိုက်သည်။

ထိုအချိန်၌ မင်းသားကလည်း သူ၏ မှုန်မှိုင်း၍ ဖောင်းအစ်သောမျက်လုံးများဖြင့် ဝမ်ဟုန်အား အကဲခတ်နေလေသည်။ ကြည့်ရင်းဖြင့် မင်းသား၏မျက်နှာက အနည်းငယ်မဲ့သွားသည်။

"ဝမ်ချီလန်က ဒီများပြားလှတဲ့ မိန်းမပျိုလေးတွေကြားထဲက တစ်ယောက်သောမိန်းကလေးအတွက်ပဲ လာခဲ့တယ်လို့ ကိုယ်တော်ထင်မိတယ်..."

မင်းသားက တမင်ရည်ရွယ်ထားသောစကားများကို ပြောလိုက်သည်။

ဝမ်ဟုန်က ရယ်လိုက်သည်။ ထို့နောက် မင်းသား၏အမေးကို ပြန်မဖြေပဲ အေးဆေးစွာပင် အနောက်သို့လက်ကိုဝှေ့ယမ်းကာ အမိန့်ပေးလိုက်သည်။

"မင်းတို့အားလုံး ဆင်းခဲ့လို့ရပြီ..."

ဝမ်ဟုန်ပြောလိုက်မှပင် ဝမ်ဟုန်၏အနောက်၌ ရထားလုံးအနည်းငယ် ရပ်ထားသည်ကို လူတိုင်းသတိထားမိလိုက်ကြတော့သည်။ ဝမ်ဟုန်၏အမိန့်နှင့်အတူ ရထားလုံးမှ လိုက်ကာများက ပွင့်ဟသွားကြ၍ အမွှေးရနံ့များ ထွက်ပေါ်လာသည်။ လူတိုင်းသည် ထိုရထားလုံးများဆီသို့ လှမ်းကြည့်နေမိကာ အထူးသဖြင့် အမျိုးသားများကတော့ တောက်ပသောမျက်လုံးများဖြင့် စူးစိုက်ကြည့်နေလေသည်။ ထိုရထားလုံးငါးစီး၌ ထိုင်နေကြသူများမှာ အလွန်ကောင်းမွန်သောအဝတ်အစားများကို ဝတ်ဆင်ထားသည့် ချောမောလှပသော မိန်းမပျိုလေးများဖြစ်နေကြသည်။

မင်းသား၏မျက်လုံးများက တလက်လက်တောက်ပသွားကြသည်။ ထို့နောက် အံ့ဩမှုအပြည့်ဖြင့် ရယ်မောလိုက်သည်။

"အိုး ဘုရားရေ မင်းကလည်း ဒီလိုမျိုးတွေကို စိတ်ဝင်စားတာလား ချီလန်..."

ဝမ်ဟုန်က အေးအေးဆေးဆေးပင် ပြန်ဖြေလိုက်သည်။

"လှပတဲ့မိန်းမပျိုလေးတွေက နှလုံးသားနဲ့ မျက်လုံးကို အားဖြည့်ပေးတဲ့ အာဟာရတွေဖြစ်ပြီး စိတ်ပူပန်မှုတွေကိုလည်း ဖြေလျှော့ပေးနိုင်ပါတယ်...ကျွန်ုပ်ကလည်း ယောင်္ကျားတစ်ဦးပဲမို့လို့ ဒီလို လှပတဲ့ မိန်းမပျိုလေးတွေကို ဘယ်လိုများ မနှစ်သက်ပဲ နေနိုင်ပါမလဲ..."

ဝမ်ဟုန်သည် တောက်ပလွန်းသည့် အပြုံးကိုပြုံးလိုက်၍ အင်္ကျီဝတ်ရုံလက်များကို လှုပ်ခတ်ကာ ပြောလိုက်သည်။

"အောက်ကိုဆင်းခဲ့ကြပြီး အရှင်မင်းသားကို  လန်ယာရဲ့ဝမ်အိမ်တော်က အချောအလှလေးတွေနဲ့ တွေ့ခွင့်ပေးလိုက်ကြပါ..."

"ဟုတ်ကဲ့..."

အမျိုးသမီး ၅ဦးက ပြိုင်တူဖြေလိုက်ကြ၍ ရထားလုံးများပေါ်မှ ဆင်းလာလိုက်ကြသည်။

မင်းသားသည် မိန်းမပျိုလေး ငါးဦးလုံးအား မျက်တောင်မခတ်တမ်း ငေးကြည့်နေလေသည်။ ခန်းမဆောင်ထဲမှ အလင်းရောင်က မှိန်နေသောကြောင့် မင်းသားသည် အလျင်အမြန်ပင် လက်ခုပ်တီး၍ အော်လိုက်သည်။

"မြန်မြန်...မီးအိမ်တွေကို အလင်းတင်လိုက်ကြစမ်း..."

"ဟုတ်ကဲ့..."

အမြန်ပြေးသွားသော ခြေသံများနှင့်အတူ ခန်းမဆောင်နှင့် ခြံဝန်းတစ်ခုလုံး မီးအလင်းရောင်များဖြာသွားသည်။

ချောမောလှပသော သဏ္ဍာန်ငါးခုသည်လည်း လူအုပ်ရှေ့၌ ထင်ရှားစွာ ပေါ်လာသည်။

မီးများလင်းသွားသောအခါ နန်ယန်မင်းသားသည် မျက်လုံးများကိုမှေးစင်း၍ လျှာကို စုတ်သပ်ကာ အရှေ့မှ လှပသောမြင်ကွင်းကို သေချာကြည့်နေရင်း ပြောလိုက်သည်။

"ထူးကဲလှပေတယ်...တကယ်ကို ထူးကဲလှပေပါတယ်...တကယ်တော့လည်း နန်ယန်က ကျန့်ခန်းကို မယှဉ်နိုင်ဘူးပဲ..." ‌

ထိုမြင်ကွင်း၏ဖမ်းစားခြင်းကိုခံနေရသည်မှာ နန်ယန်မင်းသားတစ်ဦးတည်းမဟုတ်ချေ။ မင်းသား၏နောက်လိုက်တပည့်များသည်လည်း မိန်းမပျိုလေး ငါးဦးကို မျက်စိမလွှဲတမ်းကြည့်၍ ထိုမိန်းမပျိုလေးများ၏ အလှတရား၌ မူး‌ယစ်ကာ ရုန်းမထွက်နိုင်ဖြစ်နေကြလေသည်။

ဝမ်ဟုန်က လက်ကိုဝှေ့ယမ်းလိုက်သောအခါ မိန်းမပျိုလေးငါးဦးသည် သူတို့၏ တင်ပါးများကို အိန္ဒြေရှိစွာ လှုပ်ခါ၍ ခန်းမဆောင်ထဲသို့ ဝင်လာကြသည်။

ချန်ရုံသည်လည်း မျက်လုံးများကို ရွှေ့လျားကာ ထိုအမျိုးသမီးများအား လိုက်ကြည့်နေမိသည်။

ထိုမိန်းမပျိုများသည် တစ်ယောက်မှ ချန်ရုံလောက်မချောမောကြသော်လည်း သူတို့ အတူတူရပ်နေကြသောအခါ ထိုမိန်းမပျိုငါးဦးသည် နွေဦးရာသီမှ သစ်ခွပန်း၊ ဆောင်းရာသီမှာ ဇီးပန်း၊ နွေရာသီမှ ကြာပန်းနှင့် ဆောင်းဦးရာသီမှ ဂန္ဓာမာပန်းများကဲ့သို့ အိပ်မက်ဆန်သောအလှအပများနှင့် လူများ၏ မျက်လုံးကို ညှို့ယူလျက်ရှိပေသည်။

အမျိုးသားများက ထိုမိန်းမပျိုများအား မျက်လုံးကျွတ်ကျမတတ်စိုက်ကြည့်နေကြချိန်တွင် ဖြူဖွေးသောဝတ်ရုံနှင့် ဝမ်ဟုန်ကတော့ ချန်ရုံရှိရာနေရာသို့သာ တန်းမတ်စွာရောက်ရှိလာသည်။

ဝမ်ဟုန်၏ ပြုံးနေသောမျက်နှာကိုကြည့်၍ ချန်ရုံသည် ခေါင်းကိုအနည်းငယ်ငုံ့လိုက်ကာ အရိုအသေပေးလိုက်သည်။ ထို့နောက် အနည်းငယ် နာကျင်နေသောအသံဖြင့်ပြောလိုက်သည်။

"မင်္ဂလာပါ ချီလန်..."

ဝမ်ဟုန်က ပြုံးလိုက်၍ ချန်ရုံ့အား နူးညံ့စွာစိုက်ကြည့်ကာ ပြောလိုက်သည်။

"ရှန်းပေမျိုးနွယ်စုတွေက တောင်ပိုင်းဒေသတွေကို တိုက်ခိုက်ဖို့ပြင်ဆင်နေတယ်လို့ ငါကြားမိတယ်...မင်းက လျင်မြန်သွက်လက်တဲ့ ဖြတ်ထိုးဉာဏ်ကြွယ်ဝပြီး တကယ်ကို ထက်မြက်တဲ့မိန်းကလေးမဟုတ်လား...ဒါကြောင့် ငါ ပြန်ရောက်ရောက်ချင်း မင်းရဲ့ ထင်မြင်ချက်ကို မေးမြန်းဖို့ ချန်အိမ်တော်ကို သွားဖို့ ပြင်ဆင်နေခဲ့တာ...အရှင်မင်းသားက ငါ့ထက်အရင်ဦးသွားမယ်လို့ မမျှော်လင့်ထားမိခဲ့ဘူး..."

ဝမ်ဟုန်သည် စကားကိုတိုးတိတ်စွာပြောနေခြင်းမဟုတ်ပေ။ ထို့အပြင် ဝမ်ဟုန်ကဲ့သို့သောလူမျိုးသည် မည်သည့်နေရာသို့သွားသည်ဖြစ်စေ လူအများ၏အာရုံစိုက်ခြင်းကို ခံနေရမည့်လူမျိုးဖြစ်သည်။ ထို့ကြောင့် ဝမ်ဟုန်က ထိုစကားများကိုပြောလိုက်သည့်အခါ နန်ယန်မင်းသားနှင့် အကြံပေးရှုတို့အပါအဝင် ခန်းမဆောင်ထဲမှ လူများအားလုံးသည် ဝမ်ဟုန်၏စကားများကို ရှင်းလင်းပြတ်သားစွာ ကြားလိုက်ကြရသည်။ တဖြည်းဖြည်းနှင့် မင်းသား၏ အာရုံသည် မိန်းမချောလေး ငါးယောက်ဆီမှ ခွာ၍ ချန်ရုံနှင့် ဝမ်ဟုန်ထံသို့ ရောက်သွားသည်။

ဝမ်ဟုန်သည် တစ်ဖက်သို့ လှည့်လိုက်၍ မင်းသား၏ မည်းမှောင်နေသောမျက်လုံးများကို ရင်ဆိုင်လိုက်ကာ ပြုံး၍ ဘာမှမဖြစ်သကဲ့သို့ပင် ခန်းမဆောင်၏အလယ်သို့လျှောက်သွားကာ မင်းသား၏ ဘယ်ဘက်၌ ထိုင်လိုက်သည်။ ထိုင်ပြီးသောအခါ ဝမ်ဟုန်သည် သူ၏ကိုယ်ပိုင်ဝိုင်အရက်ကို ငှဲ့ထည့်လိုက်၍ အရက်ခွက်ကို ချန်ရုံရှိရာသို့ မြှောက်ပြ၍ ပြုံးကာပြောလိုက်သည်။

"အားရုံ မင်းဘာဖြစ်လို့ အဲ့ဒီနားမှာရပ်နေရတာလဲ...ဒီမှာ လာထိုင်ပါ..."

ဝမ်ဟုန်က ထိုစကားများ ပြောလိုက်သောအခါ ချန်ရုံသည် အထူးဧည့်သည်တော်တစ်ဦးပုံပေါက်သွားတော့သည်။

ခန်းမဆောင်ထဲမှ လူများအားလုံးသည်လည်း နန်ယန်မင်းသားဘက်သို့ လှည့်ကြည့်လိုက်ကြသည်။

ထိုအချိန်၌ မင်းသား၏ပြည့်ဖောင်း‌သော မျက်နှာသည် မည်းမှောင်နေသောကြောင့် မင်းသား‌‌ဒေါသထွက်နေသည်လား ပျော်နေသည်လား မသိနိုင်ချေ။ အစောင့်တစ်ဦး၏အကူအညီနှင့်အတူ မင်းသားသည် ညောင်စောင်းပေါ်သို့ ပြန်ထိုင်လိုက်သည်။

ချန်ရုံသည် ကြေင်အ၍ ရပ်နေမိရာမှ ရှည်လျားသော အင်္ကျီဝတ်ရုံလက်များကို လှုပ်ခတ်၍ ဝမ်ဟုန်နားသို့သွားကာ ထိုင်လိုက်သည်။ ချန်ရုံသည် ခုံကိုကိုင်လိုက်ချင်းမှာပင် ခြေထောက်များက ခွေယိုင်သွားကြ၍ ခုံပေါ်သို့ လဲကျတော့မတတ်ဖြစ်သွားသည်။ ချန်ရုံက လက်ကို အမြန်ဆန့်၍ အားပြုလိုက်နိုင်သောကြောင့်သာ ‌ကံကောင်းသွားသည်။

ခန်းမဆောင်တစ်ခုလုံးက တိတ်ဆိတ်နေကာ လူတိုင်းက နန်ယန်မင်းသား၊ ဝမ်ဟုန်နှင့် ချန်ရုံတို့အား မျက်လုံးထောင့်မှ ခိုးခိုး၍ ကြည့်နေကြသည်။

ဝမ်ဟုန်က ဝိုင်ခွက်ထဲမှအရက်ကို ကုန်အောင်သောက်ပြီးသွားသောအထါ ခွက်ကိုအောက်သို့ချ၍ ပြောလိုက်သည်။

"ငါ့ရဲ့ ဗျပ်စောင်း ယူလာပေးပါ..."

ဝမ်ချီလန်၏ဗျပ်စောင်းတီးခတ်မှုက ကမ္ဘာကျော်သောကြောင့် ဝမ်ဟုန်က ထိုသို့ပြောလိုက်သောအခါ လူတိုင်းက လှုပ်လှုပ်ရှားရှားဖြစ်သွားကြသည်။

ဂီတပညာရှင်တစ်ဦးက ဗျပ်စောင်းကိုကောက်ယူ၍ ဝမ်ဟုန်ရှိရာသို့လျှောက်သွားလိုက်သည်။ ထို့နောက် ဝမ်ဟုန်ကို အရိုအသေပေးပြီးသောအခါ အလွန်ပင် ရိုကျိုးသည့်ဟန်ဖြင့် ဗျပ်စောင်းကို ကမ်းပေးလိုက်သည်။

ဝမ်ဟုန်က ဗျပ်စောင်းကိုလှမ်းယူ၍ နူးညံ့သွယ်ပျောင်းသောလက်ချောင်းများဖြင့် ကြိုးများကို တီးခတ်လိုက်သည်။ သာယာသောဂီတသံအနည်းငယ်ကို တီးခတ်ပြီးသောအခါ ဝမ်ဟုန်သည် မင်းသားဘက်သို့ လှည့်၍ပြောလိုက်သည်။

"အရှင်မင်းသား အခုတလော ကျန့်ခန်းမှာ နာမည်ကြီးနေတဲ့ 'ကျောက်စိမ်းအလှတရား၏ဝေ့ဝဲသော‌ခြေလှမ်းများ' ဆိုတဲ့ ကကွက်ကို ကြားဖူးပါသလား...အဲ့ဒီကကွက်က မတူညီတဲ့ အက ငါးမျိုးနဲ့ပေါင်းစပ်ထားပြီး မိန်းမပျိုလေးငါးဦးက အစိမ်းရောင်ပိုးချည်ထည်တွေကို ဝတ်ဆင်ပြီး ခြေဗလာနဲ့ ကပြဖျော်ဖြေတဲ့ပုံစံဖြစ်ပါတယ်...ဒီလိုနေ့မျိုးမှာ အရှင်မင်းသား အဲ့ဒီကကွက်ကို ကြည့်ချင်ပါသလား..."

ခန်းမဆောင်ထဲသို့ ဝမ်ဟုန် စတင်၍ ဝင်ရောက်လာချိန်တည်းကပင် ဝမ်ဟုန်ကိုကြည့်နေသော မင်းသား၏မျက်လုံးများ၌ မဖော်ပြနိုင်သည့် အရိပ်အယောင်တစ်ခုကိုမြင်နေရသည်။ ဝမ်ဟုန်က ထိုသို့ပြောလိုက်သောအခါ မင်းသားသည် သူ၏ မုတ်ဆိတ်တိုတိုကိုပွတ်၍ ခေါင်းငြှိမ့်ကာပြောလိုက်သည်။

"ချီလန်ရဲ့ဗျပ်စောင်းတီးခတ်မှုတစ်ခုတည်းဆိုရင်တောင်မှပဲ ကမ္ဘာပေါ်မှာ ယှဉ်ပြိုင်နိုင်တဲ့ ဂီတမရှိပါဘူး...အခု မိန်းမချောလေးတွေကပါ ကပြဖျော်ဖြေမယ်ဆိုတော့ ပိုကောင်းသွားတာပေါ့...ကြည့်ကြစို့ ကြည့်ကြပါစို့..."

ဝမ်ဟုန်သည် လက်များကို မသိမသာမြှောက်၍ လက်ချောင်းများသည် ဗျပ်စောင်း၏ကြိုးများကို ပွတ်ဆွဲလိုက်သည်။ ချက်ချင်းပင် သာယာ၍ထင်ရှားသော ဂီတသံများက လေထဲသို့ ပျံ့လွင့်လာတော့သည်။

ဝမ်ဟုန်၏ဂီတသံထွက်ပေါ်လာသည့်အချိန်မှာပင် မိန်းမပျိုလေးငါးဦးသည် ခန်းမဆောင်အလယ်သို့ ထွက်လာ၍ ခြေဖျားထောက်ကာ ခန္ဓာကိုယ်ကို တစ်ပတ်လှည့်လိုက်ကြသည်။

Xxxx

Continue Reading

You'll Also Like

6.7K 742 22
ဆယ်လာသည် တစ်နေ့သူမဖတ်နေသည် နိုဗယ်ထဲသို့ကူးပြောင်းရောက်ရှိသွားသည်။ ထိုနိုဗယ်ထဲမှာ ပျက်ကပ်ကြီးကိုဇာတ်အိမ်တည်ထားသောကြောင့် သူမအလွန်ကြောက်နေမိသည်။ အရေးကြ...
1.8M 275K 82
Type - Web Novel (CN) Title - Tyrant Pampering Wife Diary (暴君宠婚日常) Author - To Know One Thousand In A Day /Yī rì zhī qiān/ (一日知千) Genre - Comedy, Rom...
52.9K 5.2K 50
ဘာသာပြန်သူ စွဲညို့အသင်း
10.8K 1.2K 21
MM Translation... Chapter.81 to...