ပြန်လည်မွေးဖွားလာသော ယောက္ခမဆ...

由 Miracle_Phyu97

40.6K 4.8K 30

199 မှ စတင်သည်။ 更多

Ch-199
Ch-200
Ch-201
Ch-202
Ch-203
Ch-204
Ch-205
Ch-206
Ch-207
Ch-208
Ch-209
Ch-210
Ch-211
Ch-212
Ch-213
Ch-214
Ch-215
Ch-217
Ch-218
Ch-219
Ch-220
Ch-221
Ch-222
Ch-223
Ch-224
Ch-225
Ch-226
Ch-227
Ch-228
Ch-229
Ch-230
Ch-231
Ch-232
Ch-233
Ch-234
Ch-235
Ch-236
Ch-237
Ch-238
Ch-239
Ch-240
Ch-241
Ch-242
Ch-243
Ch-244
Ch-245
Ch-246
Ch-247
Ch-248
Ch-249
Ch-250

Ch-216

759 103 0
由 Miracle_Phyu97

အခန်း (၂၁၆) – "ရုပ်ရှင်ဧကရာဇ်ဖန့်ကြွယ်မင်က မင်းအဒေါ်အဖြစ် ဘယ်တုန်းစပြီး ဖြစ်သွားခဲ့ရတာလဲ" (၂)

စာရေးသူ - Zhái Miāo (宅喵)

ဘာသာပြန်သူ - No Noe ( Miracle_Phyu97)

ဒီနှစ်သစ်မှာ လီဝမ့်ကျင်း သို့မဟုတ် လီရှစ်ကျီတို့ မရှိကြဘူး၊ အမျိုးသမီးအနည်းငယ်ဟာ အတူစုရုံးပြီး ငြိမ်းချမ်းသာယာတဲ့အချိန်ကို ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ကြသည်။

ဖန့်ကျွင်းရုံက နှစ်သစ်ကူးအကြိုနေ့မှာ ကောင်မလေးနှစ်ယောက် ဟုန်ပေါင်းအိတ်အနီတွေကိုတောင် ပေးလိုက်သေးသည်။

လီရှင်းယွင် ဟုန်ပေါင်းအိတ်ကိုယူပြီး ဖျစ်ကြည့်လိုက်သောအခါတွင် ကျောက်မျက် အပိုင်းအစတစ်ခုကို ကိုယ်တွယ်မိသကဲ့သို့ ခံစားလိုက်ရသည်။

သူမက ဟုန်ပေါင်းအိတ်ကို ဖွင့်ကြည့်ပြီး အိတ်အတွင်းကို ကြည့်လိုက်သည်။ ကျောက်စိမ်းအပိုင်းအစတစ်ခုဖြစ်ပြီး အဖြူရောင်ရောစွက်ပါဝင်သည့် ကျောက်စိမ်းမျိုးပင်။ အဖြူရောင်ကျောက်စိမ်းဟာ ချောမွတ်ပြီးတော့ သူ့ကို ဆုပ်ကိုင်ထားလျှင် နွေးထွေးမှုကို ခံစားရနိုင်သည်။ ကျောက်စိမ်းကို နှင်းဆီပန်းအသွင် ထွင်းထုထားပြီး နှင်းဆီပန်းပေါ်မှ ရေစက်တစ်စက်ကပင် ကျလုနီးပါး လက်ရာမြောက်လှသည်။ လီရှင်းယွင်ရဲ့ မျက်လုံးတွေက ပြူးကျယ်သွားခဲ့သည်။ သူမသည် ဒါလေးကို အရမ်းကြိုက်သွားပြီး ဆွဲသီးအနေဖြင့် အသုံးပြုမယ်လို့ ဆုံးဖြတ်ချက်ချလိုက်သည်။

ကျုံးရီအတွက် ကျောက်စိမ်းဆွဲသီးဟာ ပျိုနီပန်းပုံဖြစ်ပြီး အလွန်ချောမွတ်ကာ သူမနှင့် လုံးဝ လိုက်ဖက်ညီသည်။

ဒီကျောက်စိမ်းအပိုင်းအစနှစ်ခုစလုံးသည် ဖန့်ကျွင်းရုံ၏ နယ်မြေထဲ၌ ခဏတာမျှ ထားရှိခဲ့ပြီး သူတို့ကို အမြဲဆွဲထားလျှင် သူတို့ရဲ့ ကျန်းမာရေးအတွက် ကောင်းမွန်ပေမည်။ ကျုံးရီအဖွားဖြစ်သူအတွက်မူ ဖန့်ကျွင်းရုံက သူမကို အစကတည်းကပင် တစ်ခု ပေးထားခဲ့ပြီးဖြစ်သည်။ ဖန့်ကျွင်းရုံသည် သူမ အရင်ဘဝတုန်းက ဇာတ်သိမ်းမကောင်းခဲ့သော အဖွားအိုအတွက် အခုအချိန်တွင် ငြိမ်းချမ်းသာယာသော ဘဝကို ရရှိစေလိုသည်။

ဖန့်ကျွင်းရုံတို့ အိမ်တော်၌ လေထုဟာ အလွန်အေးချမ်းနေသော်လည်း လီရှစ်ကျီနှင့် ကျန်းယာ့ကောတို့ရဲ့ အဆုံးသတ်ကတော့ ဒီလေထုနှင့် ထပ်တူညီခြင်း မရှိခဲ့ပေ။

လီရှစ်ကျီရဲ့ မျက်နှာဟာ အေးစက်နေပြီး ကျန်းယာကောနှင့် သိပ်မဝေးသည့်‌နေရာမှာ ထိုင်နေခဲ့သည်။ ကျန်းယာ့ကောရဲ့ မျက်လုံးများတွင် မျက်ရည်များ ကျဆင်းနေပြီး သူမကိုကြည့်ရတာ အလွန်သနားစရာကောင်းပုံရသည်။ လွန်ခဲ့သောခြောက်လခန့်က သူမ ဒီလိုမျိုးငိုကြွေးနေတာကိုမြင်ရင် လီရှစ်ကျီရဲ့ စိတ်နှလုံးကို နာကျင်သွားစေလိမ့်မည်။ သူမမျက်နှာပေါ်မှာ အပြုံးပန်းတွေ ပြန်ပွင့်လန်းဖို့ သူ ဘာမဆို လုပ်မိလိမ့်မည်။ သူမမျက်နှာပေါ်သို့ မျက်ရည်တစ်စက်ပင် မကျဆင်းစေရဘူး။ မည်သို့ပင်ဆိုစေကာမူ ယခု သူသည် ကျန်းယာ့ကောနှင့် တစ်မိုးအောက် အတူနေထိုင်ပြီး လအနည်းငယ်ခန့်မှာ သူမက အသေးအဖွဲကိစ္စများကိုပင် မျက်ရည်ခံထိုးတတ်တာကို မြင်တွေ့ခဲ့ရသည်၊ သူမရဲ့မျက်ရည်များသည် သူ့အား အသနားမပိုစေရုံသာမက စိတ်တိုလာစေပါသည်။

ပြဿနာဖြစ်သည့်အခါတိုင်းမှာ သူမဟာ ဤအတိုင်းပြုမူ၍ သူမကို သူက အနိုင်ကျင့်သည့်ဟန် ဖြစ်ပေါ်စေသည်။ သူမသည် သူမအား မှားယွင်းစွပ်စွဲခဲ့သလိုမျိုး သူ့အပြုအမူအတွက် ပြစ်တင်ရှုတ်ချဟန်ဖြင့် ကြည့်ရှုခဲ့သည်။

လီရှစ်ကျီက အသက်ပြင်းပြင်းရှုပြီး မေးလိုက်သည်။ "ကျောက်စိမ်းဖြူဆေးခရင်မ် ဘယ်မှာလဲ။"

ကျန်းယာကော့သည် အလွန်မှားယွင်းစွပ်စွဲခံရသလို ခံစားလိုက်ရသည်။ "ရှင်ပဲ အဲ့ဆေးကို တစ်ချိန်လုံး အသုံးပြုနေတာ မဟုတ်ဘူးလား။"

သူ့လက်မှ ဒဏ်ရာက ပျောက်ကင်းလုနီးပါးဖြစ်သော်လည်း ပုလင်းက ကုန်သွားခဲ့ပြီ။ သူက ဒါကို အသုံးပြုချင်ရင်တောင် ဒါကို ဆက်မသုံးနိုင်တော့ဘူး။ ဒါက သူ့ကို ဘယ်လိုလုပ်ပြီး စိတ်မပူစေရမှာလဲ။ ဒီဆေးကို လွယ်လွယ်ကူကူ မရနိုင်ဘူး ဆိုတာကို သူ သိသည်၊ ဒီအခွင့်အရေးကို လွဲချော်ခဲ့ရင် နောက်တစ်ခါ ထပ်မရနိုင်တော့ဘူး။ ဒါကိုတွေးရင်း သူ စိတ်မရှည်တော့ပဲ ကျန်းယာ့ကောရဲ့ မျက်လုံးတွေကို စူးစူးရဲရဲ စိုက်ကြည့်နေခဲ့သည်။

ကျန်းယာ့ကောသည်လည်း ဗျာများနေခဲ့သည်။ သူမက လီရှစ်ကျီ ပြန်လည် သက်သာစပြုလာပြီ ဆိုတာကို မြင်တော့ ဒီဆေးကို သိပ်မလိုအပ်တော့ဘူးဟု ထင်မြင်ခဲ့သည်။ ထို့အပြင် သူမတို့မှာ ပိုက်ဆံ ပိုလိုအပ်သည်။ လီရှစ်ကျီက ဒီအကြောင်းကို မရိပ်မိစေရန် သူမသည် နေ့စဥ် ဆေးအနည်းငယ်မျှယူ၍ ဖန့်ကြွယ်မင်ကို ပေးခဲ့သည်။

သူမနှင့် ဖန့်ကြွယ်မင်တို့ရဲ့ ဆက်ဆံရေးသည် နေ့ရက်တွေ ကုန်လွန်လာသည်နှင့်အမျှ ပိုမိုကောင်းမွန်လာခဲ့ပြီး သူ့ထံမှ ယွမ် ၁မီလီယံကို ရရှိခဲ့သည့်အပြင် အစမ်းသရုပ်‌ဆောင်ရန် လူတွေ့ဖြေဆိုမှုအချို့ကိုပါ မိတ်ဆက်ပေးခဲ့သည်။ ထိုနေရာများမှာ အဓိကနေရာများမဟုတ်ပဲ အမြောက်စာဇာတ်ကောင်နေရာများ ဖြစ်ပေမယ့် ဖျော်ဖြေရေးအသိုင်းအဝိုင်းထဲသို့ ဝင်ရောက်နိုင်ခဲ့သည့်အတွက် သူမ ပျော်ရွှင်မိခဲ့သည်။

သူမသည် ဒီသတင်းအချက်အလက်တွေကို လီရှစ်ကျီအား မပြောပြနိုင်ခဲ့ဘူး။ သူမရဲ့ ဒီချစ်သူကောင်လေးဟာ ဖိုဝါဒီကိုလက်ကိုင်ထားသောလူမျိုးဖြစ်ပြီး သူမကို အခြားအမျိုးသားတွေနှင့် ရင်းနှီးတာမျိုးကို လက်မခံနိုင်ဘူး။ သူတို့နှင့် သူမဟာ ရင်းနှီးသောသူငယ်ချင်းများသာ ဖြစ်သည်ဆိုတာ သိသာထင်ရှားပေမယ့် သူက ဒါကို လက်မခံနိုင်ဘူး။

သူမတို့ရဲ့ဆက်ဆံရေး ယိုယွင်းပျက်စီးလာမှာကို သူမ မလိုချင်ဘူး။

ကျန်းယာ့ကောဟာ ဆင်ခြေဆင်လက်ကောင်းကောင်းကို အလျင်အမြန် ပေးခဲ့သည်။ သူမက နှာရှုံ့ကာ ပြောသည်။ "ကျွန်မဒေါ်လေးအတွက် တချို့တဝက်လောက် အသုံးပြုခဲ့တာပါ။ သူမမျက်နှာက ဘယ်တော့မှ ပြန်မသက်သာနိုင်ဘူး ဆိုတာ ရှင်သိပါတယ်၊ သူမရဲ့ ဒီလိုပုံစံမျိုးနဲ့ဆို အလုပ်ရဖို့ နည်းလမ်းမရှိတာ ရှင်သိသားပဲ။ သူမကို ဒဏ်ရာရစေခဲ့တာ ကျွန်မ အမှားပါပဲ၊ သူမအတွက် ကျွန်မမှာ တာဝန်ရှိတယ်။"

"ကျွန်မတို့ ဒီလိုဖြစ်သွားလိမ့်မယ်လို့ ကျွန်မ တကယ်မထင်ခဲ့ဘူး။"

"ရှင် စိတ်မဆိုးပါနဲ့။ ကျွန်မ သူ့ဆီသွားပြီး နည်းနည်းလောက် ပြန်‌‌တောင်းခဲ့မယ်။ သူက လူကောင်းတစ်ယောက်ပါ။ သူက ကျွန်မတို့ကို သေချာပေါက် ကူညီပေးလိမ့်မယ်။"

သူမရဲ့လေသံဟာ အလွန်ဖြောင့်မတ်မှန်ကန်ဟန်ရှိသည်။ ကျန်းပိက သူမအပေါ် အမြဲကောင်းမွန်စွာ ဆက်ဆံသည့်အတွက် သူမမှာ ယုံကြည်မှု အပြည့်အဝရှိသည်။

"သူလား။ ပြီးတော့ သူက အတိအကျ ဘယ်သူလား။ ကျန်းပိလား။ မင်းတို့နှစ်ယောက်က အရမ်းရင်းနှီးနေတာပဲ။"

**********************************

Zawgyi

အခန္း (၂၁၆) – "႐ုပ္႐ွင္ဧကရာဇ္ဖန္႔ႂကြယ္မင္က မင္းအေဒၚအျဖစ္ ဘယ္တုန္းစၿပီး ျဖစ္သြားခဲ့ရတာလဲ" (၂)

စာေရးသူ - Zhái Miāo (宅喵)

ဘာသာျပန္သူ - No Noe ( Miracle_Phyu97)

ဒီႏွစ္သစ္မွာ လီဝမ့္က်င္း သို႔မဟုတ္ လီ႐ွစ္က်ီတို႔ မ႐ွိၾကဘူး၊ အမ်ိဳးသမီးအနည္းငယ္ဟာ အတူစု႐ုံးၿပီး ၿငိမ္းခ်မ္းသာယာတဲ့အခ်ိန္ကို ေပ်ာ္႐ႊင္စြာ ျဖတ္သန္းခဲ့ၾကသည္။

ဖန္႔ကြၽင္း႐ုံက ႏွစ္သစ္ကူးအႀကိဳေန႔မွာ ေကာင္မေလးႏွစ္ေယာက္ ဟုန္ေပါင္းအိတ္အနီေတြကိုေတာင္ ေပးလိုက္ေသးသည္။

လီ႐ွင္းယြင္ ဟုန္ေပါင္းအိတ္ကိုယူၿပီး ဖ်စ္ၾကည့္လိုက္ေသာအခါတြင္ ေက်ာက္မ်က္ အပိုင္းအစတစ္ခုကို ကိုယ္တြယ္မိသကဲ့သို႔ ခံစားလိုက္ရသည္။

သူမက ဟုန္ေပါင္းအိတ္ကို ဖြင့္ၾကည့္ၿပီး အိတ္အတြင္းကို ၾကည့္လိုက္သည္။ ေက်ာက္စိမ္းအပိုင္းအစတစ္ခုျဖစ္ၿပီး အျဖဴေရာင္ေရာစြက္ပါဝင္သည့္ ေက်ာက္စိမ္းမ်ိဳးပင္။ အျဖဴေရာင္ေက်ာက္စိမ္းဟာ ေခ်ာမြတ္ၿပီးေတာ့ သူ႕ကို ဆုပ္ကိုင္ထားလွ်င္ ေႏြးေထြးမႈကို ခံစားရႏိုင္သည္။ ေက်ာက္စိမ္းကို ႏွင္းဆီပန္းအသြင္ ထြင္းထုထားၿပီး ႏွင္းဆီပန္းေပၚမွ ေရစက္တစ္စက္ကပင္ က်လုနီးပါး လက္ရာေျမာက္လွသည္။ လီ႐ွင္းယြင္ရဲ႕ မ်က္လုံးေတြက ျပဴးက်ယ္သြားခဲ့သည္။ သူမသည္ ဒါေလးကို အရမ္းႀကိဳက္သြားၿပီး ဆြဲသီးအေနျဖင့္ အသုံးျပဳမယ္လို႔ ဆုံးျဖတ္ခ်က္ခ်လိုက္သည္။

က်ံဳးရီအတြက္ ေက်ာက္စိမ္းဆြဲသီးဟာ ပ်ိဳနီပန္းပုံျဖစ္ၿပီး အလြန္ေခ်ာမြတ္ကာ သူမႏွင့္ လုံးဝ လိုက္ဖက္ညီသည္။

ဒီေက်ာက္စိမ္းအပိုင္းအစႏွစ္ခုစလုံးသည္ ဖန္႔ကြၽင္း႐ုံ၏ နယ္ေျမထဲ၌ ခဏတာမွ် ထား႐ွိခဲ့ၿပီး သူတို႔ကို အၿမဲဆြဲထားလွ်င္ သူတို႔ရဲ႕ က်န္းမာေရးအတြက္ ေကာင္းမြန္ေပမည္။ က်ံဳးရီအဖြားျဖစ္သူအတြက္မူ ဖန္႔ကြၽင္း႐ုံက သူမကို အစကတည္းကပင္ တစ္ခု ေပးထားခဲ့ၿပီးျဖစ္သည္။ ဖန္႔ကြၽင္း႐ုံသည္ သူမ အရင္ဘဝတုန္းက ဇာတ္သိမ္းမေကာင္းခဲ့ေသာ အဖြားအိုအတြက္ အခုအခ်ိန္တြင္ ၿငိမ္းခ်မ္းသာယာေသာ ဘဝကို ရ႐ွိေစလိုသည္။

ဖန္႔ကြၽင္း႐ုံတို႔ အိမ္ေတာ္၌ ေလထုဟာ အလြန္ေအးခ်မ္းေနေသာ္လည္း လီ႐ွစ္က်ီႏွင့္ က်န္းယာ့ေကာတို႔ရဲ႕ အဆုံးသတ္ကေတာ့ ဒီေလထုႏွင့္ ထပ္တူညီျခင္း မ႐ွိခဲ့ေပ။

လီ႐ွစ္က်ီရဲ႕ မ်က္ႏွာဟာ ေအးစက္ေနၿပီး က်န္းယာေကာႏွင့္ သိပ္မေဝးသည့္‌ေနရာမွာ ထိုင္ေနခဲ့သည္။ က်န္းယာ့ေကာရဲ႕ မ်က္လုံးမ်ားတြင္ မ်က္ရည္မ်ား က်ဆင္းေနၿပီး သူမကိုၾကည့္ရတာ အလြန္သနားစရာေကာင္းပုံရသည္။ လြန္ခဲ့ေသာေျခာက္လခန္႔က သူမ ဒီလိုမ်ိဳးငိုေႂကြးေနတာကိုျမင္ရင္ လီ႐ွစ္က်ီရဲ႕ စိတ္ႏွလုံးကို နာက်င္သြားေစလိမ့္မည္။ သူမမ်က္ႏွာေပၚမွာ အျပဳံးပန္းေတြ ျပန္ပြင့္လန္းဖို႔ သူ ဘာမဆို လုပ္မိလိမ့္မည္။ သူမမ်က္ႏွာေပၚသို႔ မ်က္ရည္တစ္စက္ပင္ မက်ဆင္းေစရဘူး။ မည္သို႔ပင္ဆိုေစကာမူ ယခု သူသည္ က်န္းယာ့ေကာႏွင့္ တစ္မိုးေအာက္ အတူေနထိုင္ၿပီး လအနည္းငယ္ခန္႔မွာ သူမက အေသးအဖြဲကိစၥမ်ားကိုပင္ မ်က္ရည္ခံထိုးတတ္တာကို ျမင္ေတြ႕ခဲ့ရသည္၊ သူမရဲ႕မ်က္ရည္မ်ားသည္ သူ႕အား အသနားမပိုေစ႐ုံသာမက စိတ္တိုလာေစပါသည္။

ျပႆနာျဖစ္သည့္အခါတိုင္းမွာ သူမဟာ ဤအတိုင္းျပဳမူ၍ သူမကို သူက အႏိုင္က်င့္သည့္ဟန္ ျဖစ္ေပၚေစသည္။ သူမသည္ သူမအား မွားယြင္းစြပ္စြဲခဲ့သလိုမ်ိဳး သူ႕အျပဳအမူအတြက္ ျပစ္တင္႐ႈတ္ခ်ဟန္ျဖင့္ ၾကည့္႐ႈခဲ့သည္။

လီ႐ွစ္က်ီက အသက္ျပင္းျပင္း႐ႈၿပီး ေမးလိုက္သည္။ "ေက်ာက္စိမ္းျဖဴေဆးခရင္မ္ ဘယ္မွာလဲ။"

က်န္းယာေကာ့သည္ အလြန္မွားယြင္းစြပ္စြဲခံရသလို ခံစားလိုက္ရသည္။ "႐ွင္ပဲ အဲ့ေဆးကို တစ္ခ်ိန္လုံး အသုံးျပဳေနတာ မဟုတ္ဘူးလား။"

သူ႕လက္မွ ဒဏ္ရာက ေပ်ာက္ကင္းလုနီးပါးျဖစ္ေသာ္လည္း ပုလင္းက ကုန္သြားခဲ့ၿပီ။ သူက ဒါကို အသုံးျပဳခ်င္ရင္ေတာင္ ဒါကို ဆက္မသုံးႏိုင္ေတာ့ဘူး။ ဒါက သူ႕ကို ဘယ္လိုလုပ္ၿပီး စိတ္မပူေစရမွာလဲ။ ဒီေဆးကို လြယ္လြယ္ကူကူ မရႏိုင္ဘူး ဆိုတာကို သူ သိသည္၊ ဒီအခြင့္အေရးကို လြဲေခ်ာ္ခဲ့ရင္ ေနာက္တစ္ခါ ထပ္မရႏိုင္ေတာ့ဘူး။ ဒါကိုေတြးရင္း သူ စိတ္မ႐ွည္ေတာ့ပဲ က်န္းယာ့ေကာရဲ႕ မ်က္လုံးေတြကို စူးစူးရဲရဲ စိုက္ၾကည့္ေနခဲ့သည္။

က်န္းယာ့ေကာသည္လည္း ဗ်ာမ်ားေနခဲ့သည္။ သူမက လီ႐ွစ္က်ီ ျပန္လည္ သက္သာစျပဳလာၿပီ ဆိုတာကို ျမင္ေတာ့ ဒီေဆးကို သိပ္မလိုအပ္ေတာ့ဘူးဟု ထင္ျမင္ခဲ့သည္။ ထို႔အျပင္ သူမတို႔မွာ ပိုက္ဆံ ပိုလိုအပ္သည္။ လီ႐ွစ္က်ီက ဒီအေၾကာင္းကို မရိပ္မိေစရန္ သူမသည္ ေန႔စဥ္ ေဆးအနည္းငယ္မွ်ယူ၍ ဖန္႔ႂကြယ္မင္ကို ေပးခဲ့သည္။

သူမႏွင့္ ဖန္႔ႂကြယ္မင္တို႔ရဲ႕ ဆက္ဆံေရးသည္ ေန႔ရက္ေတြ ကုန္လြန္လာသည္ႏွင့္အမွ် ပိုမိုေကာင္းမြန္လာခဲ့ၿပီး သူ႕ထံမွ ယြမ္ ၁မီလီယံကို ရ႐ွိခဲ့သည့္အျပင္ အစမ္းသ႐ုပ္‌ေဆာင္ရန္ လူေတြ႕ေျဖဆိုမႈအခ်ိဳ႕ကိုပါ မိတ္ဆက္ေပးခဲ့သည္။ ထိုေနရာမ်ားမွာ အဓိကေနရာမ်ားမဟုတ္ပဲ အေျမာက္စာဇာတ္ေကာင္ေနရာမ်ား ျဖစ္ေပမယ့္ ေဖ်ာ္ေျဖေရးအသိုင္းအဝိုင္းထဲသို႔ ဝင္ေရာက္ႏိုင္ခဲ့သည့္အတြက္ သူမ ေပ်ာ္႐ႊင္မိခဲ့သည္။

သူမသည္ ဒီသတင္းအခ်က္အလက္ေတြကို လီ႐ွစ္က်ီအား မေျပာျပႏိုင္ခဲ့ဘူး။ သူမရဲ႕ ဒီခ်စ္သူေကာင္ေလးဟာ ဖိုဝါဒီကိုလက္ကိုင္ထားေသာလူမ်ိဳးျဖစ္ၿပီး သူမကို အျခားအမ်ိဳးသားေတြႏွင့္ ရင္းႏွီးတာမ်ိဳးကို လက္မခံႏိုင္ဘူး။ သူတို႔ႏွင့္ သူမဟာ ရင္းႏွီးေသာသူငယ္ခ်င္းမ်ားသာ ျဖစ္သည္ဆိုတာ သိသာထင္႐ွားေပမယ့္ သူက ဒါကို လက္မခံႏိုင္ဘူး။

သူမတို႔ရဲ႕ဆက္ဆံေရး ယိုယြင္းပ်က္စီးလာမွာကို သူမ မလိုခ်င္ဘူး။

က်န္းယာ့ေကာဟာ ဆင္ေျခဆင္လက္ေကာင္းေကာင္းကို အလ်င္အျမန္ ေပးခဲ့သည္။ သူမက ႏွာ႐ႈံ႕ကာ ေျပာသည္။ "ကြၽန္မေဒၚေလးအတြက္ တခ်ိဳ႕တဝက္ေလာက္ အသုံးျပဳခဲ့တာပါ။ သူမမ်က္ႏွာက ဘယ္ေတာ့မွ ျပန္မသက္သာႏိုင္ဘူး ဆိုတာ ႐ွင္သိပါတယ္၊ သူမရဲ႕ ဒီလိုပုံစံမ်ိဳးနဲ႔ဆို အလုပ္ရဖို႔ နည္းလမ္းမ႐ွိတာ ႐ွင္သိသားပဲ။ သူမကို ဒဏ္ရာရေစခဲ့တာ ကြၽန္မ အမွားပါပဲ၊ သူမအတြက္ ကြၽန္မမွာ တာဝန္႐ွိတယ္။"

"ကြၽန္မတို႔ ဒီလိုျဖစ္သြားလိမ့္မယ္လို႔ ကြၽန္မ တကယ္မထင္ခဲ့ဘူး။"

"႐ွင္ စိတ္မဆိုးပါနဲ႔။ ကြၽန္မ သူ႕ဆီသြားၿပီး နည္းနည္းေလာက္ ျပန္‌‌ေတာင္းခဲ့မယ္။ သူက လူေကာင္းတစ္ေယာက္ပါ။ သူက ကြၽန္မတို႔ကို ေသခ်ာေပါက္ ကူညီေပးလိမ့္မယ္။"

သူမရဲ႕ေလသံဟာ အလြန္ေျဖာင့္မတ္မွန္ကန္ဟန္႐ွိသည္။ က်န္းပိက သူမအေပၚ အၿမဲေကာင္းမြန္စြာ ဆက္ဆံသည့္အတြက္ သူမမွာ ယုံၾကည္မႈ အျပည့္အဝ႐ွိသည္။

"သူလား။ ၿပီးေတာ့ သူက အတိအက် ဘယ္သူလား။ က်န္းပိလား။ မင္းတို႔ႏွစ္ေယာက္က အရမ္းရင္းႏွီးေနတာပဲ။"

繼續閱讀

You'll Also Like

55.1K 5.8K 61
Name - Transmigrating Into The Male Lead's Villainess Older Sister Type - Web novel (CN) Genre - Comedy Romance Slice of Life Supernatural Tags - Aba...
27.2K 2.5K 99
EP-153 Author - 喵了个汪 (Miao Le Ge Wang) Translated by;gchan7127 Novel name; Supernatural girlfriend လင်းယိရှင်းသည်ယာဉ်မတော်တဆမှုဖြစ်ပြီးကတည်းမှသရဲတ...
7K 377 9
Quick Transmigration Type မျိုးပါရှင့်။ ဒီnovelလေးရဲ့ ထူးခြားချက်က တခြားစာစဥ်တွေလို ဗီလိန်မနေရာတို့၊ အရံဇာတ်ကောင်လေး ၊အမြောက်စာလေး စတဲ့နေရာတွေမှာ ပြ...
78K 7.5K 99
Name - Interstellar Chef Raising a Baby Type - Web nobel (CN) Author(s)- Salted Lobster 盐焗大龙虾...