သာယာသော မနက်ခင်းကလေး၌
အေးချမ်းလှသောအိမ်ကလေး၏ ဧည့်ခန်းအတွင်း၌ဖြစ်သည်။
ဆိုဖာ၏မျက်နှာချင်းဆိုင်တဖက်တချက်ဆီတွင်ထိုင်နေသော အမျိုးသမီးကြီးတစ်ယောက်နှင့် ကောင်လေးတစ်ယောက်၏အခြေအနေမှာ အနည်းငယ်ကတိကအောက်နိုင်စရာ။
"အဲ့တော့ မင်းက မင်းခန့်ရဲ့ကောင်လေးပေါ့လေ"
ဂုတ်ပေါ်မှာခပ်ဝဲဝဲဆံပင်ကေနဲ့ အမျိုးသမီးက သက်ပိုင်အားအထက်အောက် စုန်ဆန်ကြည့်ရင်း မေးလာသည်။
သူမမွာ အသက်60အရွယ်ရှိနေပြီဖြစ်သော်ငှား အရွယ်တင်နေဆဲ ဖြစ်ကာသွက်သွက်လက်လက်နဲ့ရှိဆဲပင်။
သူမသည် လေးလေးငယ်နှင့်အလွန်တူသည်။
ရင့်ကျက်သည့်သွင်ပြင်ကိုဆောင်သည့် မျက်ဝန်းတစ်စုံက မည်းနက်စွာပင်။
ခပ်တည်တည်ထားထားသော ရုပ်အသွင်အပြင်မှာလည်း လေးလေးငယ်အာရုံစိုက်သည့်အခါဖြစ်သည့်ရုပ်နှင့်တထပ်တည်း။
လေးလေးငယ်မှာ
တကယ့်ကို မအေတူသားပင်ဖြစ်ပေသည်။
မနေ့ညက လက်ထပ်တော့မည်အကြောင်းကို လေးလေးငယ်ကသူမအားဖုန်းဆက်ပြောခဲ့သည်ကြောင့်ထင်၏၊ယနေ့မနက် ဆိုင်းမဆင့်
ဘုံမဆင့် သူတို့အိမ်သို့ရောက်ချလာလေသည်။
ယနေ့မနက်ခင်းအစောပိုင်း၌
လေးလေးငယ်အတွက် မနက်စာချက်ပေးနေချိန်
ဘဲလ်တီးကြား၍ ထွက်ကြည့်သောအခါ ယောက္ခမဖြစ်သူအား ရုတ်ချည်းဆန်စွာမြင်တွေ့လိုက်ရသော သက်ပိုင်ပါတကား။
ထို့အပြင်
လေးလေးငယ်မှာလည်း အိပ်ရာမထသေး၍ သူတစ်ယောက်တည်းသာ ယောက္ခမကြီးအားဧည့်ခံဖို့ဖြစ်လာလေသည်။
သူ၏ယောက္ခမဖြစ်သူအား
သက်ပိုင်ယဉ်ကျေးစွာ ပြုံးပြလိုက်ရင်း
"ဟုတ်ပါတယ်ခင်ဗျ"
"မင်းက စာရေးဆရာဆို"
"ဟုတ်ပါတယ်"
"အသက္က 27?
သိပ်ငယ်လွန်းနေတယ်မဟုတ်ဘူးလား"
"အချစ်မှာ အသက်ကအဲ့လောက်အရေးမကြီးပါဘူး"
"ထားပါ....မင်းတို့တွဲတာဘယ်လောက်ကြာပြီလဲ"
သက်ပိုင် အနည်းငယ်အင်တင်တင်ဖြစ်လို့သွားသည်။သူနှင့်လေးလေးငယ်တွဲတာသိပ်မကြာသေးသည်မှာတော့အမှန်ပင်။
"တစ်လကျော်ကျော်လောက်ရှိပါပြီ"
"ဘာ!တစ်လကျော်ကျော်ဟုတ်လား၊
ဒီခွေးကောင်လေးစိုင်းအောင်မင်းခန့်ကတော့!"
သူမက အံ့သြတကြီးနှင့် စိတ်ရှုပ်စွာထအော်သောကြောင့်
သက်ပိုင်ပင်အနည်းငယ်တွန့်သွားရသည်။
ဒါလည်းလေးလေးငယ်နဲ့အကျင့်တူတယ်။
"ဒီမယ်ကောင်လေး
အန်တီအခုလိုမေးတာက နည်းနည်းအဆင်မပြေဖြစ်စေနိုင်ပေမဲ့
မင်းခန့်အကြောင်းမင်းဘယ်လောက်သိလဲ....."
"သိသင့်တာထက်ကိုပိုသိထားပါတယ်"
အန်တီ မျက်ခုံးစပ်နှစ်ခုကြားအား နှိပ်လိုက်ရင်း
"သူ့အရင်အလုပ်ကဘာအလုပ်လဲကောမင်းသိလား"
သက်ပိုင်တွန့်ဆုတ်ခြင်းအလျဉ်းမရှိပဲလေးနက်စွာပြန်လည်ဖြေကြားလိုက်၏။
"သိပါတယ်"
အောင်သက်ပိုင်ဆိုသော ကလေး၏အဖြေကြောင့်
ဒေါ်သူဇာအောင်အနည်းငယ်အံ့သြမိသွားသည်။
သူ မင်းခန့်ရဲ့အလုပ်ကိုသိတာလား။
"ဒါတောင် မင်းကသူ့ကိုလက်ထပ်ဖို့စိတ်ရှိသေးတယ်ပေါ့"
"အန္တီသိလား...လေးလေးငယ်လည်းကျွန်တော့်ကိုအဲ့လိုမေးဖူးတယ်၊
ဘယ္သူက ဘယ်အချိန်မေးမေး ကျွန်တော့်အဖြေက စိတ်ရှိတာထက်ကိုပိုပါတယ်အန်တီ။
ကျွန်တော် လေးလေးငယ်ကို ဘဝတစ်ခုလုံးနဲ့ရင်းပြီးလက်ထပ်ချင်ပါတယ်"
ဒေါ်သူဇာ သူမ၏အရှေ့မှကောင်လေးအား မယုံနိုင်စွာပင်စိုက်ကြည့်မိသည်။
သူမသည် လိင်တူလက်ထပ်ခြင်းကိုလက်မခံနိုင်သည့်မိဘများထဲတွင် မပါဝင်ပေ။
သို့သော်လည်း သူမ၏သမက်သည်ဘယ်လိုလူမျိုးဖြစ်သည်လည်းဆိုတာတော့သိပိုင်ခွင့်ရှိ၍
ထိုသူသည်လည်း မင်းခန့်၏ပုံစံအမှန်ကိုလက်ခံနိုင်ပါ့မလားဟူ၍ စိတ်ပူပန်နေခြင်းပင်။
သူမတို့နှစ်ယောက်စကားပြောနေချိန်မှာပဲ လှေကားရင်းမှ မင်းခန့်၏အံ့သြတကြီး ခေါ်သံကအိမ်တအိမ်လုံး၌ပျံ့နှံ့သွားလေတော့သည်။
"မေမေ?!"
****
"မင်းခန့်"
မာမီက သူ့အားစူးစိုက်ကြည့်ရင်းဖြင့် လေးနက်စွာ သူ၏နာမည်အားခေါ်လာသည်။
"ဗျာ မေမေ"
"မင်းတကယ်ပဲ သူ့ကိုလက်ထပ်ဖို့ဆုံးဖြတ်လိုက်ပြီပေါ့"
"ဟုတ်ပါတယ်"
"သူက မင်းထက်10နှစ်ကျော်ငယ်တာနော်...ပြီးတော့ သူပြောတာက မင်းနဲ့သူနဲ့တွဲတာ တစ်လကျော်ကျော်ပဲ ရှိသေးတယ်တဲ့၊
အရမ်းမြန်လွန်းနေတယ်လို့ မင်းမထင်ဘူးလား"
"မေမေကတော့ မြန်တယ်လို့ထင်ကောင်းထင်နိုင်မှာပေါ့...
ဒါပေမဲ့လေ မေမေသိလား...
အဲ့ကောင်လေးကလေ ကျွန်တော့်ကို 14နှစ်နီးပါးစောင့်နေခဲ့တယ်ဆိုတာ"
သူ၏ စကားကိုကြားတော့ မေမေက အနည်းငယ်အံ့သြသွားဟန်။
သူစကားကိုထပ်မံ၍ဆက်လိုက်သည်။
"ကျွန်တော်က သူ့ကိုအမြဲစောင့်ခိုင်းစေခဲ့မိတာ
စောင့်ခိုင်းလိုက်တဲ့ အချိန်တိုင်းလည်း သူကကျွန်တော့်ကိုအမြဲစောင့်နေခဲ့တာ။
တကယ့်ကိုဆုံးဖြတ်ချက်ခိုင်ခိုင်မာမာနဲ့၊
အခြားသူအတွက် လက်ထပ်ဖို့ကိစ္စက မြန်တယ်လို့ထင်ရပေမဲ့
10နှစ်ကျော်အောင်စောင့်ခဲ့ရတဲ့ သူ့အတွက်တော့ကြာတာထက်ကိုပိုနေပါပြီ....ကျွန်တော်က နောက်ကျတယ်လို့တောင်ခံစားမိသေးတယ်ရယ်"
ဒေါ်သူဇာအောင် သူမ၏သားဖြစ်သူ၏မျက်နှာရိပ်မျက်နှာထားကို အကဲခတ်နေမိသည်။
တကယ့်ကိုနူးနူးညံညံနဲ့အချစ်မှာနစ်ဝင်နေတဲ့ပုံ။
"ကျွန်တော့်လိုလူကို သူတစ်ယောက်တည်းကသာထိန်းချုပ်နိုင်တာပါ၊ဒဏ်ရာတွေကိုလည်းသူကပဲ ကုစားပေးခဲ့တာ"
စိုင်း မီးဖိုချောင်ထဲ၌ မနက်စာဆက်လက်ချက်ပြုတ်နေသော
ကောင်လေးငယ်အား လှမ်းကြည့်လိုက်ရင်း ကြည်နူးစွာပြုံးလိုက်မိသည်။
"မေမေ ကျွန်တော်သူ့ကိုတဘဝလုံးစာအတွက်လက်ထပ်ချင်တယ်၊
အဲ့ကောင်လေးကို ကျွန်တော့်အပိုင်အဖြစ်လိုချင်တယ်"
သက်ပိုင်ဆိုသော ကောင်လေးက သူမသား၏နှလုံးသားကို အရည်ပျော်အောင်တကယ်ပဲလုပ်နိုင်ခဲ့သည်ထင်ပါ၏။
"ကျွန်တော့်ရဲ့ တစ်ခုတည်းသောဆန္ဒက နောက်ဆုံးထွက်သက်အထိ သက်ပိုင်ဘေးနားမှာနေသွားရဖို့ပါပဲ"
"အဲ့တာက မင်းရဲ့ဆန္ဒဆိုရင် အမေ
မတားပါဘူး မင်းခန့်"
စိုင်း သူ၏အမေ အားကျေးဇူးတင်စွာဖြင့်ကြည့်လိုက်သည်။
မေမေလက်ခံပေးမယ်မှန်း စိုင်းအစောကြီးကတည်းကသိခဲ့သည်။
ဒီလိုယုံကြည်ချက်ရှိနေရခြင်းကလည်း သူ၏ပေါက်စက သိပ်ကိုပြည့်စုံလွန်းနေသောကြောင့်ပင်ဖြစ်ပါလိမ့်မည်။
ဒီလိုကောင်လေးကို ဘယ်သူကများငြင်းချင်မတဲ့တုန်း။
"သူကမင်းကို တကယ်ချစ်တဲ့ပုံပဲ မနက်စာကအစ အသေးစိတ်ပြင်ဆင်ပေးနေပုံထောက်ရင်...
ငါ့သားကောင်းစားနေတာမြင်ရတော့လည်း ခံစားချက်ကမဆိုးလှပါဘူးလေ"
စိုင်း မေမေ့၏စကားကြောင့် ရယ်လိုက်ရင်း
"ဖေဖေကရော မေမေ့ကိုမနက်တိုင်းမနက်စာမချက်ပေးလို့လား"
"ချက်ပေးတယ်လေ ဒါကြောင့် ငါကောင်းစားသလို ငါ့သားလည်းကောင်းစားလို့ ပျော်တယ်လို့ပြောတာပေါ့၊မင်းက
အမေတူသားလေ မင်းခန့်ရဲ့"
"ဒါဆို လင်းသန့်က အဖေတူသားထင်တယ်"
"ဘာလို့လဲ"
"သူက မနက်စာပြင်ပေးရတဲ့ဖက်ကလေ"
ထိုအခါ မေမေက သဘောတကျရယ်လျက်နှင့်
"ငါကိုက သားမက်ရဖို့ကံပါလာတာနေမှာပါအေ...တော်သေးတာပေါ့
သားမက်နှစ်ယောက်လုံးကချောပေလို့ပဲ"
အမေ့စကားကြောင့် စိုင်းပါမေမေနှင့်တူတူလိုက်ရယ်လိုက်မိပါတော့သည်။
သက်ပိုင်၏ ဂရုစိုက်မှုနှင့်မေတ္တာတို့နှင့်ပတ်သတ်လျှင် ဘယ်နေရာဘယ်အချိန်၌ဖြစ်ဖြစ် စိုင်းအတွက် မျက်နှာငယ်ရသည်ဟူ၍မရှိ။သူ့ကောင်လေးမှာသူ့အားသိပ်ကိုချစ်သည်လေ။
အတုမရှိတဲ့မေတ္တာတွေက နှလုံးသားမှာ ဟာကွက်သေးသေးလေးပင်
မရှိအောင် အချစ်တို့ဖြင့် ဖြည့်ထားခဲ့သည်ထင်ပါ၏။
နှလုံးသား အမြဲလိုလိုအေးချမ်းမှုတို့နှင့်ပြည့်နှက်လျက်။
*****
"ဒါဆို အမေပြန်ပြီနော်...နောက်ကျမှ မင်းအဖေနဲ့အတူ ပြန်လာခဲ့တော့မယ်"
"ဟုတ်ပြီမေမေ"
မေမေအား နှုတ်ဆက်စကားဆိုနေခိုက်မှာပဲ မီးဖိုချောင်ထဲကနေကမန်းကတန်းပြေးလာသည့် သက်ပိုင်။
"ခဏ..ခဏလေး"
စိုင်းကော မေမေပါ အနည်းငယ်ကြောင်သွား၍ သက်ပိုင်အားကြည့်လိုက်တော့ ပေါက်စက ထမင်းဘူးအကြီးကြီးအား ရင်၌ပိုက်ထားသည်ကိုတွေ့လိုက်ရ၏။
"ဒါလေ အန်တီ...အရမ်းကြီး မကြီးပေမဲ့ စေတနာနဲ့သေချာလေးချက်ပြုတ်ပေးထားပါတယ်ခင်ဗျ"
"အိုး...ကျေးဇူးပါ သားရယ်၊
လိမ္မာလိုက်တာများ"
မေမေက သဘောတကျပြုံးရင်း သက်ပိုင်၏ခေါင်းလေးအားပုတ်ပေးလာသည်။
"မင်းခန့်ကို မင်းကပဲဂရုစိုက်ပေးပါဦး ပိုင်လေးရေ....သူက တစ်ခါတစ်လေကျအရမ်းဆိုးတတ်တယ်ရယ်"
"ဟုတ်ကဲ့ပါ ကိုယ်ဖိရင်ဖိကို စောင့်ရှောက်ပေးမှာပါခင်ဗျ"
"ဟားဟား....ဒါမှ ငါ့သားမက်၊
ကဲကဲ သွားပြီနော်၊နောက်မှ မင်းတို့အဖေကိုပါ ခေါ်လာခဲ့မယ်"
"ဟုတ်ကဲ့ ဂရုစိုက်သွားပါခင်ဗျ"
အန်တီ ပြန်သွားပြီးချင်းမှာပဲ လေးလေးငယ်က သူ့အားခုန်အုပ်လာသည်။
"လေးလေးငယ်?"
"အရမ်းတွေ ယဥ်ကျေးနေတယ်ပေါ့လေ"
"ယောက္ခမကြီးဆိုတော့ မျက်နှာချိုသွေးရမယ်လေဗျာ...တော်ကြာ လေးလေးငယ်ကို ကျွန်တော့်ကိုမပေးရင်ဘယ်နှယ့်လုပ်မတုန်း"
"သူမပေးတာနဲဲ့ပဲ ငါကမင်းနောက်မလိုက်ရတော့ဘူးလား"
"အဲ့လိုဆိုလိုတာမဟုတ်ဘူးလေ
လေးလေးငယ်ရဲ့"
"သူက မပေးရင် မင်းငါ့ကိုလာခိုးလေ၊မင်းမခိုးရဲဘူးလား...အသက်ကလေးရဲ့"
ထိုအခါ သူ့ကလေးလေးက ခေါင်းလေးကိုငုံ့သွား၍ အသံတိုးတိုးလေးဖြင့်ပြောလာသည်က
"ကျွန်တော်လည်း လေးလေးငယ်ရဲ့မိဘတွေအသိအမှတ်ပြုတာကိုခံချင်တာပေါ့"
စိုင်း နှုတ်ခမ်းထောင့်စွန်းလေးများကွေးတက်သွားအောင်ပြုံးလိုက်မိသည်။
ဘာလို့အဲ့လောက်တောင်ချစ်ဖို့ကောင်းရတာလဲ။
"သူတို့ကမင်းကိုအသိအမှတ်ပြုပြီးသားပါ ပေါက်စရဲ့.....
မင်းက ငါ့ရဲ့ယောက်ျားလေ သူတို့သေချာပေါက်အသိအမှတ်ပြုရမှာပေါ့"
"ဆိုလိုတာက လေးလေးငယ်က ကျွန်တော်က လေးလေးငယ်ရဲ့ယောက်ျားဆိုတာကိုလက်ခံတယ်ပေါ့"
"အင်း လက်ခံတာပေါ့ အရူးကောင်လေးရဲ့"
စိုင်း သက်ပိုင်၏လည်ပင်း၌ သူ၏လက်များကိုချိတ်လိုက်ရင်း ချစ်စနိုးဖြင့် သက်ပိုင်၏နှာခေါင်းလေးထိပ်ကလေးနှင့်သူ၏နှာခေါင်းထိပ်ကလေးကို အသာထိလိုက်သည်။
"မင်းဆန္ဒတိုင်းကို လေးလေးငယ်ကလက်ခံပြီးသား"
သူဒီကောင်လေးကို ဘယ်လောက်တောင်ချစ်ရသလဲဆိုရင် မြတ်မြတ်နိုးနိုး၊တမ်းတမ်းတတ၊စွဲစွဲလမ်းလမ်းနဲ့
တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာလေးတစ်ပါးလို ပိုးလိုဥထားချင်တဲ့အထိ။
သူ့နှလုံးသားထဲပဲ အမြဲသိမ်းထားပြီး
သူ့ရဲ့မျက်စိအောက်မှာပဲ ဒီကောင်လေးကိုရှိနေစေချင်တယ်။
ပယင်းမျက်ဝန်းတစ်စုံကလည်း သူတစ်ယောက်တည်းကိုပဲစိုက်ကြည့်နေစေချင်တယ်။
ကုန်ကုန်ပြောရရင် သက်ပိုင်၏ကိုယ်စိတ်နှစ်ပါးလုံးကို စိုင်းတစ်ယောက်တည်းသာပိုင်ဆိုင်လိုတယ်။
"မင်းရဲ့ လေးလေးငယ်က အရမ်းအတ္တကြီးတာပဲ သက်ပိုင်ရေ"
"လေးလေးငယ်ရဲ့ သက်ပိုင်ကလည်းအရမ်းလောဘကြီးပဲ လေးလေးငယ်ရေ"
လေးလေးငယ်ပြောသည့်အတိုင်းပြန်လည်ပြောလိုက်တော့ လေးလေးငယ်က ရယ်သည်။
အတ္တကြီးမယ်ဆိုရင်လည်း ကျွန်တော့်အပေါ်ကိုပဲ အတ္တကြီးပေးပါ။
လောဘကြီးမယ်ဆိုရင်လည်း အဲ့ဒီလိုအင်ဆန္ဒတွေက ကျွန်တော့်ကြောင့်ပဲ ဖြစ်တည်လာပေးပါ။
မေတ္တာတွေကိုလည်း ကျွန်တော်တစ်ယောက်ထဲကိုပဲ စွန့်ကြဲပြီး
ဒေါသတွေပေးမယ်ဆိုရင်တောင် ကျွန်တော်ကကျေကျေနပ်နပ်ခံယူမှာပါလေ။
ဥပက္ခာတရားကလွဲလို့ပေါ့။
"လက်ထပ်ပွဲကို မြန်သထက်မြန်အောင်လုပ်သင့်ပြီထင်တယ်....
ကျွန်တော်လေးလေးငယ်ကို အခုချက်ချင်းကိုလိုချင်နေပြီ"
"ငါကရော မပေးလို့လား"
"အခုမှ အိပ်ရာထ ထားတာကိုဗျာ"
သက်ပိုင်က ထိုသို့ပြောရင် စိုင်းအားပွေ့ချီလိုက်၏။
အသက်ကြီးတဲ့လူတွေက ကိုယ်ခံအားသိပ်မကောင်းတာကြောင့်
အားသိပ်မသုံးရန်သတိပေးရပေဦးမည်ပင်။
*******
Alexander_AN(Ah Nyo)
Sep.27.2023
*******
သာယာေသာ မနက္ခင္းကေလး၌
ေအးခ်မ္းလွေသာအိမ္ကေလး၏ ဧည့္ခန္းအတြင္း၌ျဖစ္သည္။
ဆိုဖာ၏မ်က္ႏွာခ်င္းဆိုင္တဖက္တခ်က္ဆီတြင္ထိုင္ေနေသာ အမ်ိဳးသမီးႀကီးတစ္ေယာက္ႏွင့္ ေကာင္ေလးတစ္ေယာက္၏အေျခအေနမွာ အနည္းငယ္ကတိကေအာက္ႏိုင္စရာ။
"အဲ့ေတာ့ မင္းက မင္းခန္႔ရဲ႕ေကာင္ေလးေပါ့ေလ"
ဂုတ္ေပၚမွာခပ္ဝဲဝဲဆံပင္ေကနဲ႔ အမ်ိဳးသမီးက သက္ပိုင္အားအထက္ေအာက္ စုန္ဆန္ၾကည့္ရင္း ေမးလာသည္။
သူမမြာ အသက္60အ႐ြယ္႐ွိေနၿပီျဖစ္ေသာ္ငွား အ႐ြယ္တင္ေနဆဲ ျဖစ္ကာသြက္သြက္လက္လက္နဲ႔႐ွိဆဲပင္။
သူမသည္ ေလးေလးငယ္ႏွင့္အလြန္တူသည္။
ရင့္က်က္သည့္သြင္ျပင္ကိုေဆာင္သည့္ မ်က္ဝန္းတစ္စုံက မည္းနက္စြာပင္။
ခပ္တည္တည္ထားထားေသာ ႐ုပ္အသြင္အျပင္မွာလည္း ေလးေလးငယ္အာ႐ုံစိုက္သည့္အခါျဖစ္သည့္႐ုပ္ႏွင့္တထပ္တည္း။
ေလးေလးငယ္မွာ
တကယ့္ကို မေအတူသားပင္ျဖစ္ေပသည္။
မေန႔ညက လက္ထပ္ေတာ့မည္အေၾကာင္းကို ေလးေလးငယ္ကသူမအားဖုန္းဆက္ေျပာခဲ့သည္ေၾကာင့္ထင္၏၊ယေန႔မနက္ ဆိုင္းမဆင့္
ဘုံမဆင့္ သူတို႔အိမ္သို႔ေရာက္ခ်လာေလသည္။
ယေန႔မနက္ခင္းအေစာပိုင္း၌
ေလးေလးငယ္အတြက္ မနက္စာခ်က္ေပးေနခ်ိန္
ဘဲလ္တီးၾကား၍ ထြက္ၾကည့္ေသာအခါ ေယာကၡမျဖစ္သူအား ႐ုတ္ခ်ည္းဆန္စြာျမင္ေတြ႕လိုက္ရေသာ သက္ပိုင္ပါတကား။
ထို႔အျပင္
ေလးေလးငယ္မွာလည္း အိပ္ရာမထေသး၍ သူတစ္ေယာက္တည္းသာ ေယာကၡမႀကီးအားဧည့္ခံဖို႔ျဖစ္လာေလသည္။
သူ၏ေယာကၡမျဖစ္သူအား
သက္ပိုင္ယဥ္ေက်းစြာ ျပဳံးျပလိုက္ရင္း
"ဟုတ္ပါတယ္ခင္ဗ်"
"မင္းက စာေရးဆရာဆို"
"ဟုတ္ပါတယ္"
"အသကၠ 27?
သိပ္ငယ္လြန္းေနတယ္မဟုတ္ဘူးလား"
"အခ်စ္မွာ အသက္ကအဲ့ေလာက္အေရးမႀကီးပါဘူး"
"ထားပါ....မင္းတို႔တြဲတာဘယ္ေလာက္ၾကာၿပီလဲ"
သက္ပိုင္ အနည္းငယ္အင္တင္တင္ျဖစ္လို႔သြားသည္။သူႏွင့္ေလးေလးငယ္တြဲတာသိပ္မၾကာေသးသည္မွာေတာ့အမွန္ပင္။
"တစ္လေက်ာ္ေက်ာ္ေလာက္႐ွိပါၿပီ"
"ဘာ!တစ္လေက်ာ္ေက်ာ္ဟုတ္လား၊
ဒီေခြးေကာင္ေလးစိုင္းေအာင္မင္းခန္႔ကေတာ့!"
သူမက အံ့ၾသတႀကီးႏွင့္ စိတ္႐ႈပ္စြာထေအာ္ေသာေၾကာင့္
သက္ပိုင္ပင္အနည္းငယ္တြန္႔သြားရသည္။
ဒါလည္းေလးေလးငယ္နဲ႔အက်င့္တူတယ္။
"ဒီမယ္ေကာင္ေလး
အန္တီအခုလိုေမးတာက နည္းနည္းအဆင္မေျပျဖစ္ေစႏိုင္ေပမဲ့
မင္းခန္႔အေၾကာင္းမင္းဘယ္ေလာက္သိလဲ....."
"သိသင့္တာထက္ကိုပိုသိထားပါတယ္"
အန္တီ မ်က္ခုံးစပ္ႏွစ္ခုၾကားအား ႏွိပ္လိုက္ရင္း
"သူ႕အရင္အလုပ္ကဘာအလုပ္လဲေကာမင္းသိလား"
သက္ပိုင္တြန္႔ဆုတ္ျခင္းအလ်ဥ္းမ႐ွိပဲေလးနက္စြာျပန္လည္ေျဖၾကားလိုက္၏။
"သိပါတယ္"
ေအာင္သက္ပိုင္ဆိုေသာ ကေလး၏အေျဖေၾကာင့္
ေဒၚသူဇာေအာင္အနည္းငယ္အံ့ၾသမိသြားသည္။
သူ မင္းခန္႔ရဲ႕အလုပ္ကိုသိတာလား။
"ဒါေတာင္ မင္းကသူ႕ကိုလက္ထပ္ဖို႔စိတ္႐ွိေသးတယ္ေပါ့"
"အႏၲီသိလား...ေလးေလးငယ္လည္းကြၽန္ေတာ့္ကိုအဲ့လိုေမးဖူးတယ္၊
ဘယ္သူက ဘယ္အခ်ိန္ေမးေမး ကြၽန္ေတာ့္အေျဖက စိတ္႐ွိတာထက္ကိုပိုပါတယ္အန္တီ။
ကြၽန္ေတာ္ ေလးေလးငယ္ကို ဘဝတစ္ခုလုံးနဲ႔ရင္းၿပီးလက္ထပ္ခ်င္ပါတယ္"
ေဒၚသူဇာ သူမ၏အေ႐ွ႕မွေကာင္ေလးအား မယုံႏိုင္စြာပင္စိုက္ၾကည့္မိသည္။
သူမသည္ လိင္တူလက္ထပ္ျခင္းကိုလက္မခံႏိုင္သည့္မိဘမ်ားထဲတြင္ မပါဝင္ေပ။
သို႔ေသာ္လည္း သူမ၏သမက္သည္ဘယ္လိုလူမ်ိဳးျဖစ္သည္လည္းဆိုတာေတာ့သိပိုင္ခြင့္႐ွိ၍
ထိုသူသည္လည္း မင္းခန္႔၏ပုံစံအမွန္ကိုလက္ခံႏိုင္ပါ့မလားဟူ၍ စိတ္ပူပန္ေနျခင္းပင္။
သူမတို႔ႏွစ္ေယာက္စကားေျပာေနခ်ိန္မွာပဲ ေလွကားရင္းမွ မင္းခန္႔၏အံ့ၾသတႀကီး ေခၚသံကအိမ္တအိမ္လုံး၌ပ်ံ႕ႏွံ႔သြားေလေတာ့သည္။
"ေမေမ?!"
****
"မင္းခန္႔"
မာမီက သူ႕အားစူးစိုက္ၾကည့္ရင္းျဖင့္ ေလးနက္စြာ သူ၏နာမည္အားေခၚလာသည္။
"ဗ်ာ ေမေမ"
"မင္းတကယ္ပဲ သူ႕ကိုလက္ထပ္ဖို႔ဆုံးျဖတ္လိုက္ၿပီေပါ့"
"ဟုတ္ပါတယ္"
"သူက မင္းထက္10ႏွစ္ေက်ာ္ငယ္တာေနာ္...ၿပီးေတာ့ သူေျပာတာက မင္းနဲ႔သူနဲ႔တြဲတာ တစ္လေက်ာ္ေက်ာ္ပဲ ႐ွိေသးတယ္တဲ့၊
အရမ္းျမန္လြန္းေနတယ္လို႔ မင္းမထင္ဘူးလား"
"ေမေမကေတာ့ ျမန္တယ္လို႔ထင္ေကာင္းထင္ႏိုင္မွာေပါ့...
ဒါေပမဲ့ေလ ေမေမသိလား...
အဲ့ေကာင္ေလးကေလ ကြၽန္ေတာ္႕ကို 14ႏွစ္နီးပါးေစာင့္ေနခဲ့တယ္ဆိုတာ"
သူ၏ စကားကိုၾကားေတာ့ ေမေမက အနည္းငယ္အံ့ၾသသြားဟန္။
သူစကားကိုထပ္မံ၍ဆက္လိုက္သည္။
"ကြၽန္ေတာ္က သူ႕ကိုအၿမဲေစာင့္ခိုင္းေစခဲ့မိတာ
ေစာင့္ခိုင္းလိုက္တဲ့ အခ်ိန္တိုင္းလည္း သူကကြၽန္ေတာ္႕ကိုအၿမဲေစာင့္ေနခဲ့တာ။
တကယ့္ကိုဆုံးျဖတ္ခ်က္ခိုင္ခိုင္မာမာနဲ႔၊
အျခားသူအတြက္ လက္ထပ္ဖို႔ကိစၥက ျမန္တယ္လို႔ထင္ရေပမဲ့
10ႏွစ္ေက်ာ္ေအာင္ေစာင့္ခဲ့ရတဲ့ သူ႕အတြက္ေတာ့ၾကာတာထက္ကိုပိုေနပါၿပီ....ကြၽန္ေတာ္က ေနာက္က်တယ္လို႔ေတာင္ခံစားမိေသးတယ္ရယ္"
ေဒၚသူဇာေအာင္ သူမ၏သားျဖစ္သူ၏မ်က္ႏွာရိပ္မ်က္ႏွာထားကို အကဲခတ္ေနမိသည္။
တကယ့္ကိုႏူးႏူးညံညံနဲ႔အခ်စ္မွာနစ္ဝင္ေနတဲ့ပုံ။
"ကြၽန္ေတာ္႕လိုလူကို သူတစ္ေယာက္တည္းကသာထိန္းခ်ဳပ္ႏိုင္တာပါ၊ဒဏ္ရာေတြကိုလည္းသူကပဲ ကုစားေပးခဲ့တာ"
စိုင္း မီးဖိုေခ်ာင္ထဲ၌ မနက္စာဆက္လက္ခ်က္ျပဳတ္ေနေသာ
ေကာင္ေလးငယ္အား လွမ္းၾကည့္လိုက္ရင္း ၾကည္ႏူးစြာျပဳံးလိုက္မိသည္။
"ေမေမ ကြၽန္ေတာ္သူ႕ကိုတဘဝလုံးစာအတြက္လက္ထပ္ခ်င္တယ္၊
အဲ့ေကာင္ေလးကို ကြၽန္ေတာ္႕အပိုင္အျဖစ္လိုခ်င္တယ္"
သက္ပိုင္ဆိုေသာ ေကာင္ေလးက သူမသား၏ႏွလုံးသားကို အရည္ေပ်ာ္ေအာင္တကယ္ပဲလုပ္ႏိုင္ခဲ့သည္ထင္ပါ၏။
"ကြၽန္ေတာ္႕ရဲ႕ တစ္ခုတည္းေသာဆႏၵက ေနာက္ဆုံးထြက္သက္အထိ သက္ပိုင္ေဘးနားမွာေနသြားရဖို႔ပါပဲ"
"အဲ့တာက မင္းရဲ႕ဆႏၵဆိုရင္ အေမ
မတားပါဘူး မင္းခန္႔"
စိုင္း သူ၏အေမ အားေက်းဇူးတင္စြာျဖင့္ၾကည့္လိုက္သည္။
ေမေမလက္ခံေပးမယ္မွန္း စိုင္းအေစာႀကီးကတည္းကသိခဲ့သည္။
ဒီလိုယုံၾကည္ခ်က္႐ွိေနရျခင္းကလည္း သူ၏ေပါက္စက သိပ္ကိုျပည့္စုံလြန္းေနေသာေၾကာင့္ပင္ျဖစ္ပါလိမ့္မည္။
ဒီလိုေကာင္ေလးကို ဘယ္သူကမ်ားျငင္းခ်င္မတဲ့တုန္း။
"သူကမင္းကို တကယ္ခ်စ္တဲ့ပုံပဲ မနက္စာကအစ အေသးစိတ္ျပင္ဆင္ေပးေနပုံေထာက္ရင္...
ငါ့သားေကာင္းစားေနတာျမင္ရေတာ့လည္း ခံစားခ်က္ကမဆိုးလွပါဘူးေလ"
စိုင္း ေမေမ့၏စကားေၾကာင့္ ရယ္လိုက္ရင္း
"ေဖေဖကေရာ ေမေမ့ကိုမနက္တိုင္းမနက္စာမခ်က္ေပးလို႔လား"
"ခ်က္ေပးတယ္ေလ ဒါေၾကာင့္ ငါေကာင္းစားသလို ငါ့သားလည္းေကာင္းစားလို႔ ေပ်ာ္တယ္လို႔ေျပာတာေပါ့၊မင္းက
အေမတူသားေလ မင္းခန္႔ရဲ႕"
"ဒါဆို လင္းသန္႔က အေဖတူသားထင္တယ္"
"ဘာလို႔လဲ"
"သူက မနက္စာျပင္ေပးရတဲ့ဖက္ကေလ"
ထိုအခါ ေမေမက သေဘာတက်ရယ္လ်က္ႏွင့္
"ငါကိုက သားမက္ရဖို႔ကံပါလာတာေနမွာပါေအ...ေတာ္ေသးတာေပါ့
သားမက္ႏွစ္ေယာက္လုံးကေခ်ာေပလို႔ပဲ"
အေမ့စကားေၾကာင့္ စိုင္းပါေမေမႏွင့္တူတူလိုက္ရယ္လိုက္မိပါေတာ့သည္။
သက္ပိုင္၏ ဂ႐ုစိုက္မႈႏွင့္ေမတၱာတို႔ႏွင့္ပတ္သတ္လွ်င္ ဘယ္ေနရာဘယ္အခ်ိန္၌ျဖစ္ျဖစ္ စိုင္းအတြက္ မ်က္ႏွာငယ္ရသည္ဟူ၍မ႐ွိ။သူ႕ေကာင္ေလးမွာသူ႕အားသိပ္ကိုခ်စ္သည္ေလ။
အတုမ႐ွိတဲ့ေမတၱာေတြက ႏွလုံးသားမွာ ဟာကြက္ေသးေသးေလးပင္
မ႐ွိေအာင္ အခ်စ္တို႔ျဖင့္ ျဖည့္ထားခဲ့သည္ထင္ပါ၏။
ႏွလုံးသား အၿမဲလိုလိုေအးခ်မ္းမႈတို႔ႏွင့္ျပည့္ႏွက္လ်က္။
*****
"ဒါဆို အေမျပန္ၿပီေနာ္...ေနာက္က်မွ မင္းအေဖနဲ႔အတူ ျပန္လာခဲ့ေတာ့မယ္"
"ဟုတ္ၿပီေမေမ"
ေမေမအား ႏႈတ္ဆက္စကားဆိုေနခိုက္မွာပဲ မီးဖိုေခ်ာင္ထဲကေနကမန္းကတန္းေျပးလာသည့္ သက္ပိုင္။
"ခဏ..ခဏေလး"
စိုင္းေကာ ေမေမပါ အနည္းငယ္ေၾကာင္သြား၍ သက္ပိုင္အားၾကည့္လိုက္ေတာ့ ေပါက္စက ထမင္းဘူးအႀကီးႀကီးအား ရင္၌ပိုက္ထားသည္ကိုေတြ႕လိုက္ရ၏။
"ဒါေလ အန္တီ...အရမ္းႀကီး မႀကီးေပမဲ့ ေစတနာနဲ႔ေသခ်ာေလးခ်က္ျပဳတ္ေပးထားပါတယ္ခင္ဗ်"
"အိုး...ေက်းဇူးပါ သားရယ္၊
လိမၼာလိုက္တာမ်ား"
ေမေမက သေဘာတက်ျပဳံးရင္း သက္ပိုင္၏ေခါင္းေလးအားပုတ္ေပးလာသည္။
"မင္းခန္႔ကို မင္းကပဲဂ႐ုစိုက္ေပးပါဦး ပိုင္ေလးေရ....သူက တစ္ခါတစ္ေလက်အရမ္းဆိုးတတ္တယ္ရယ္"
"ဟုတ္ကဲ့ပါ ကိုယ္ဖိရင္ဖိကို ေစာင့္ေ႐ွာက္ေပးမွာပါခင္ဗ်"
"ဟားဟား....ဒါမွ ငါ့သားမက္၊
ကဲကဲ သြားၿပီေနာ္၊ေနာက္မွ မင္းတို႔အေဖကိုပါ ေခၚလာခဲ့မယ္"
"ဟုတ္ကဲ့ ဂ႐ုစိုက္သြားပါခင္ဗ်"
အန္တီ ျပန္သြားၿပီးခ်င္းမွာပဲ ေလးေလးငယ္က သူ႕အားခုန္အုပ္လာသည္။
"ေလးေလးငယ္?"
"အရမ္းေတြ ယဥ္ေက်းေနတယ္ေပါ့ေလ"
"ေယာကၡမႀကီးဆိုေတာ့ မ်က္ႏွာခ်ိဳေသြးရမယ္ေလဗ်ာ...ေတာ္ၾကာ ေလးေလးငယ္ကို ကြၽန္ေတာ္႕ကိုမေပးရင္ဘယ္ႏွယ့္လုပ္မတုန္း"
"သူမေပးတာနဲဲ႕ပဲ ငါကမင္းေနာက္မလိုက္ရေတာ့ဘူးလား"
"အဲ့လိုဆိုလိုတာမဟုတ္ဘူးေလ
ေလးေလးငယ္ရဲ႕"
"သူက မေပးရင္ မင္းငါ့ကိုလာခိုးေလ၊မင္းမခိုးရဲဘူးလား...အသက္ကေလးရဲ႕"
ထိုအခါ သူ႕ကေလးေလးက ေခါင္းေလးကိုငုံ႔သြား၍ အသံတိုးတိုးေလးျဖင့္ေျပာလာသည္က
"ကြၽန္ေတာ္လည္း ေလးေလးငယ္ရဲ႕မိဘေတြအသိအမွတ္ျပဳတာကိုခံခ်င္တာေပါ့"
စိုင္း ႏႈတ္ခမ္းေထာင့္စြန္းေလးမ်ားေကြးတက္သြားေအာင္ျပဳံးလိုက္မိသည္။
ဘာလို႔အဲ့ေလာက္ေတာင္ခ်စ္ဖို႔ေကာင္းရတာလဲ။
"သူတို႔ကမင္းကိုအသိအမွတ္ျပဳၿပီးသားပါ ေပါက္စရဲ႕.....
မင္းက ငါ့ရဲ႕ေယာက်္ားေလ သူတို႔ေသခ်ာေပါက္အသိအမွတ္ျပဳရမွာေပါ့"
"ဆိုလိုတာက ေလးေလးငယ္က ကြၽန္ေတာ္က ေလးေလးငယ္ရဲ႕ေယာက်္ားဆိုတာကိုလက္ခံတယ္ေပါ့"
"အင္း လက္ခံတာေပါ့ အ႐ူးေကာင္ေလးရဲ႕"
စိုင္း သက္ပိုင္၏လည္ပင္း၌ သူ၏လက္မ်ားကိုခ်ိတ္လိုက္ရင္း ခ်စ္စႏိုးျဖင့္ သက္ပိုင္၏ႏွာေခါင္းေလးထိပ္ကေလးႏွင့္သူ၏ႏွာေခါင္းထိပ္ကေလးကို အသာထိလိုက္သည္။
"မင္းဆႏၵတိုင္းကို ေလးေလးငယ္ကလက္ခံၿပီးသား"
သူဒီေကာင္ေလးကို ဘယ္ေလာက္ေတာင္ခ်စ္ရသလဲဆိုရင္ ျမတ္ျမတ္ႏိုးႏိုး၊တမ္းတမ္းတတ၊စြဲစြဲလမ္းလမ္းနဲ႔
တန္ဖိုးမျဖတ္ႏိုင္တဲ့ ရတနာေလးတစ္ပါးလို ပိုးလိုဥထားခ်င္တဲ့အထိ။
သူ႕ႏွလုံးသားထဲပဲ အၿမဲသိမ္းထားၿပီး
သူ႕ရဲ႕မ်က္စိေအာက္မွာပဲ ဒီေကာင္ေလးကို႐ွိေနေစခ်င္တယ္။
ပယင္းမ်က္ဝန္းတစ္စုံကလည္း သူတစ္ေယာက္တည္းကိုပဲစိုက္ၾကည့္ေနေစခ်င္တယ္။
ကုန္ကုန္ေျပာရရင္ သက္ပိုင္၏ကိုယ္စိတ္ႏွစ္ပါးလုံးကို စိုင္းတစ္ေယာက္တည္းသာပိုင္ဆိုင္လိုတယ္။
"မင္းရဲ႕ ေလးေလးငယ္က အရမ္းအတၱႀကီးတာပဲ သက္ပိုင္ေရ"
"ေလးေလးငယ္ရဲ႕ သက္ပိုင္ကလည္းအရမ္းေလာဘႀကီးပဲ ေလးေလးငယ္ေရ"
ေလးေလးငယ္ေျပာသည့္အတိုင္းျပန္လည္ေျပာလိုက္ေတာ့ ေလးေလးငယ္က ရယ္သည္။
အတၱႀကီးမယ္ဆိုရင္လည္း ကြၽန္ေတာ္႕အေပၚကိုပဲ အတၱႀကီးေပးပါ။
ေလာဘႀကီးမယ္ဆိုရင္လည္း အဲ့ဒီလိုအင္ဆႏၵေတြက ကြၽန္ေတာ္႕ေၾကာင့္ပဲ ျဖစ္တည္လာေပးပါ။
ေမတၱာေတြကိုလည္း ကြၽန္ေတာ္တစ္ေယာက္ထဲကိုပဲ စြန္႔ႀကဲၿပီး
ေဒါသေတြေပးမယ္ဆိုရင္ေတာင္ ကြၽန္ေတာ္ကေက်ေက်နပ္နပ္ခံယူမွာပါေလ။
ဥပကၡာတရားကလြဲလို႔ေပါ့။
"လက္ထပ္ပြဲကို ျမန္သထက္ျမန္ေအာင္လုပ္သင့္ၿပီထင္တယ္....
ကြၽန္ေတာ္ေလးေလးငယ္ကို အခုခ်က္ခ်င္းကိုလိုခ်င္ေနၿပီ"
"ငါကေရာ မေပးလို႔လား"
"အခုမွ အိပ္ရာထ ထားတာကိုဗ်ာ"
သက္ပိုင္က ထိုသို႔ေျပာရင္ စိုင္းအားေပြ႕ခ်ီလိုက္၏။
အသက္ႀကီးတဲ့လူေတြက ကိုယ္ခံအားသိပ္မေကာင္းတာေၾကာင့္
အားသိပ္မသုံးရန္သတိေပးရေပဦးမည္ပင္။
*******
Alexander_AN(Ah Nyo)
Sep.27.2023
*******