""""ခင်""""!!!!
တစ်ရေးနိုးဖုန်းလာသဖြင့် ကြားလိုက်ရသော သတင်းစကားနှင့်အတူ ကုတင်ပေါ်တွင် မရှိတော့သော ခင့်ကို ငယ်သံပါအောင် အော်ခေါ်တော့သည်။
ကမန်းကတန်း အောက်သို့ပြေးဆင်းကာ သူမချစ်သောအမျိုးသမီး၏ နာမည်ကို ဟိန်းနေအောင်အော်ခေါ်ပေမယ့် ထွက်မလာပေ။ခင်နှင့်တူသော အရိပ်အယောင်ကိုပင် မတွေ့ရတော့ပေ။
နှင်းအော်သံကြောင့် ကြီးတင်ကမန်းကတန်းပြေးထွက်လာပြီး...
"ဟို....ဟို...ဟိုလေ...ကြီးတင်တောင်းပန်ပါတယ်"
"""ကြီးတင်က သိနေတာလား"""
""ခင်က အတင်းတောင်းဆိုလို့ပါကွယ်""
""ကြီးတင်ရာ...ကျမကို ပြောရောပေါ့...ခင်...ခင်..မရှိရင် ကျမ... ကျမသေလိမ့်မယ်"
"ကြီးတင် သိလား...ကျမ သေလိမ့်မယ်...ခင်မရှိရင် ကျမ မနေတတ်ဘူး"
နှင်း ကြီးတင်ကို လူကြီးတစ်ယောက်လိုပင် မမြင်နိုင်တော့ပဲ အော်နေသည်။
မျက်ရည်များလည်း စီးကျနေသည်မှာအရုပ်ပျောက်သွား၍ အော်ငိုနေသောကလေးနှင့် တူသည်။
နှင်းကြားလိုက်သော သတင်းမှာ VIPclub မီးလောင်သည်ဟူသော သတင်းပင်။ နှင်း တပည့်တစ်ယောက်က ဖုန်းဆက်ပြီးလှမ်းအကြောင်းကြားသောကြောင့် သိရခြင်းဖြစ်သည်။
နှင်း စိတ်အေးအေးထားကာ စိတ်ကိုတည်ငြိမ်အောင်ပြင်ဆင်ပြီးမှ ဖုန်းတစ်လုံးနှင့်စတင်အလုပ်ရှုပ်တော့သည်။ ဆုကြေးသတ်မှတ်ကာမိန်းမ ရှာပုံတော်စခန်း စတော့သည်။
ထိုနောက် ခင် ဖုန်းပါသွားသည်ကိုသတိရကာ အရေးပေါ်အတွက်လိုလိုမယ်မယ်ဖွင့်ထားပေးသော GPS location ကို သတိရသွားကာ ချက်ချင်း တည်နေရာကို ခြေရာခံရန်အလုပ်ရှုပ်တော့သည်။
ထိုစဥ် ဖုန်းနံပါတ်အစိမ်းနှင့် ဖုန်းဝင်လာသည်။ နှင်း တွေဝေစဥ်းစားမနေတော့ပဲ ဖုန်းကို ကိုင်လိုက်သည်။
"Hey!....lady rose"
"ညသန်းခေါင် ဖုန်းခေါ်လို့ စိတ်မရှိပါနဲ့".....ခဗျားရဲ့ ကျားရိုင်းမလေးက ကျုပ်ဆီမှာရောက်နေတယ်"
"ခင့်ကို အနာတရလုပ်ဖို့ မကြိုးစားနဲ့"
"သတ်ပြစ်မယ်"
"အိုး....နိုးနိုး...ကျုပ်ကဘာမှမလုပ်ဘူး" ..ခဗျား လူက အရင်လာထိတာ"
"အိုခေလေ.....လိုရင်းကိုပြော...
ဘာဖြစ်ချင်လဲ"
"တစ်ခုခုလိုချင်တယ်မလား"
"ဒီလိုကျပြန်တော့လည်း The roseက ပါးနပ်သားပဲ"""
"ဒါပေမယ့်ဗျာ...ကျုပ် လိုချင်တာဘာမှ မရှိတော့ စိတ်မကောင်းဘူးဗျာ"
""ရှင်...ရှင်...ကျမ လူကို ထိဖို့မကြိုးစားနဲ့...
"မင်းလည်း ငါ့လူကို လာထိတာပဲလေ"
"Jo Joကိစ္စ မင်းစနက်ဆိုတာ ငါမသိဘူးထင်လား"
""ခင့် ဆံတစ်မျှင်တောင် ထိဖို့မကြိုးစားနဲ့ "....မြေလှန်ပြီးတော့ အရေခွံစုတ်ပစ်မယ်"
နှင်း အံကြိတ်ပြောပြီး ဖုန်းချလိုက်သည်။ ပြီးနောက် အောင်ခန့်ဆီသို့ ဖုန်းခေါ်လိုက်သည်။
"အောင်ခန့် "
"ရှိသမျှလူတွေ အကုန်စုလိုက်"
"ငါးမိနစ်အတွင်း"
========
"စောက်ကောင်မတွေ....နင်တို့ကများငါ့ကို လာထိဖို့ကြိုးစားရဲတယ် ဟုတ်လား"
"ဖြန်း".....
"မြ!!!!!!
"ခွေးသူတောင်းစား....မြကို လက်ပါစရာမလိုဘူး"
"မင်းလည်း တော်တော်အတင့်ရဲတာပဲ"....
"ဖြန်း".....
ယောင်္ကျားအားနှင့် ရိုက်ခံလိုက်ရသောကြောင့် ခင့်ခေါင်း ချာချာလည်သွားခဲ့သည်။
"ဟမ်း...ငါ့ကိုများ လုပ်ကြံဖို့တွေးရဲတယ် ဟုတ်လား...နင်တို့ ဘဝကိုစုတ်ပြတ်သတ်အောင်တစ်စစီလုပ်ပြီးမှ ငါသတ်မှာ"
"ထွီး"" သေချင်းဆိုး""
ခင် ဦးမင်းနိုင်မျက်နှာကို တံတွေးနှင့် ထွေးချလိုက်သည်။
ဦးမင်းနိုင်ဒေါသထွက်သွားကာ ခင့်ဆံပင်ကို ဆောင့်ဆွဲပြီး ခင့်ပါးကို ရိုက်လိုက်ပြန်သည်။
"ကိုယ့်ကိုကိုယ် အထင်ဇွတ်ကြီးမနေနဲ့"
"ဟိုကောင်မ နင့်ကို လာကယ်နိုင်မယ်လို့ ထင်နေလား"
"အလောင်းပဲ လာကောက်ရအောင် လုပ်ပြမယ်"
"ခင့်ကို ထိဖို့မကြိုးစားနဲ့ ...ဒါငါတစ်ယောက်တည်းလုပ်တာ...လုပ်ချင်ရင် ငါ့ကိုပဲလာလုပ်"
"မင်းစောက်ပေါက်ပိတ်ထား...မင်းတို့လုပ်လို့ ငါ့ပစ္စည်းတွေအားလုံးဆုံးရှုံးလိုက်ရပြီ"
ခင်တို့ အုပ်စုအဆောက်အဦးကိုမီးရှို့ရန်အတွက် မီးအချက်ပြခလုတ်ကိုနှိပ်လိုက်သည်။ ထိုသို့လုပ်ကြခြင်းသည် မည်သူ့ကိုမျှ မထိခိုက်စေချင်သောကြောင့်ဖြစ်သည်။ အထဲမှ လောက် ကောင် များ ပြာပြာသလဲပြေးထွက်လာကြသည်ကို စောင့်ကြည့်နေကြပြီး လူကုန်သည်နှင့် စတင်ကာ အရင်ကတည်းက မြ ကြိုတင်ပြင်ဆင်ထားခဲ့သော ဓာတ်ဆီပုံးကို မီးညှိလိုက်သည်။ မီးညှိလိုက်သည်နှင့်တစ်ပြိုင်နက် အခန်းတိုင်းတွင်ချထားသော ဓာတ်ဆီပုံးများ စတင်ကာ မီးစွဲတော့သည်။ သိပ်မကြာလိုက်ပါ လူချမ်းသာများ ကျက်စားသော ထိုနေရာသည် ပြာကျသွားတော့လေသည်။
ပြီးနောက် ခင်တို့အုပ်စု လူစုခွဲကြတော့သည်။ ကောင်မလေးများကိုအချိန်ရှိတုန်း ထွက်ပြေးခိုင်းလိုက်ပြီး ခင်ကတော့ မြဆီသို့ လိုက်လာသည်။
ဦးမင်းနိုင်အိမ်ရောက်တော့ တိတ်ဆိတ်နေသဖြင့် ခင် တစ်ခုခုမူမမှန်တာကို ခံစားသွားရပြီး မြကို အော်ခေါ်လိုက်တော့ အနောက်မှ ခင့်ခေါင်းကို သေနတ်ဖြင့်ချိန်ထားသည်ကို ခံစားလိုက်ရသည်။
မြနှင့် ခင့်ကို မျက်လုံးမှိတ်ကာ ဘယ်ဆီ ဘယ်သို့ခေါ်သွားကြသည်ကိုတော့မသိလိုက်ကြတော့ပါ။
"Rose သိရင် ရှင်တို့လွှတ်မယ်ထင်လား"
"ဟား....လောလောဆယ် ဘယ်သူက မသာအရင်ပေါ်မလဲ ကြည့်ကြတာပေါ့"
"ရှင်အရင်ပေါ်မှာလေ.....ဒီနေ့ကျမ အသုဘဆိုရင် မနက်ဖြန် ရှင်မသာပေါ့"
"ရှူး.....အထင်သိပ်ကြီးမနေနဲ့ ဘေဘီ"
"မင်းတို့ မျှော်နေတဲ့လူ အခုချိန်လောက်ဆိုရင် ရူးနေလောက်ပြီ"
"ဟျောင့်တွေ.... နုနုထွဋ်ထွဋ်လေးတွေကို မမြည်းချင်ကြဘူးလား"
""ဟား....ဟား...ဆရာကြီးကလည်း မေးရက်တယ်""
""စားချင်စရာလေးတွေဗျာ""ဟဲဟဲ"
"သူလား....ဒါမှမဟုတ် သူလား"
"ဟီးဟီး... အားတော့နာပေမယ့် နှစ်ယောက်လုံးကို စားချင်တာဗျာ"
"ရှင်တို့တွေ မယုတ်မာကြနဲ့"
"မင်းနိုင် ခင့်ကိုတော့ လွတ်ပေးလိုက်ပါ...ကျမတောင်းပန်ပါတယ်"
"ကျမကိုပဲ ကြိုက်သလိုလုပ်ပါရှင်"
"ခင့်ကိုတော့ မလုပ်ကြပါနဲ့...လွတ်ပေးလိုက်ပါ"
"ကျမကပဲ စခဲ့တာပါ....ခင်နဲ့မဆိုင်ပါဘူး"
မြ ငိုယိုကာတောင်းပန်နေပေမယ့် လူယုတ်မာများကတော့ ယုတ်မာသည့်အပြုံးများဖြင့် ကြည့်နေကြသည်။
""မြ""တိတ်စမ်း"
"တောင်းပန်စရာမလိုဘူး"
"လူယုတ်မာတွေ"
"ဟာ...စကားသိပ်များတဲ့ကောင်မတွေ ကဲဟယ်....အင်းဟယ်...စောက်စကားများချင်ကြအုံး"
ခါးပတ်ချွတ်ကာ ခင်နှင့် မြကိုတစ်လှည့်စီ ရိုက်နေသည်။
"ဟျောင့်တွေ....လုပ်ငန်းစလိုက်ကြတော့....မြန်မြန် အပြီးသတ်ရမယ်"
"ဘယ်သူပဲ အရင်လုပ်လုပ် စကြတော့ကွာ"
"အား....
...သွားကြစမ်း လာမထိကြနဲ့"
"ဟျောင့်တွေ လေးယောက်တစ်ယောက်ပေါ့ကွာ...မင်းတို့လေးယောက်က ဟိုတစ်ယောက်ကို လုပ်....ငါတို့လေးယောက်က ဒီတစ်ယောက်ကို ကြိတ်မယ်..."
ခင့်အသားကို စတင်ကာ ထိလိုက်တော့ ခင် ငယ်သံပါအောင်အော်သည်။
မြကတော့ ခင့်ထက်ပိုပြီး နှိပ်စက်ခံထားရသည်ကြောင့်သိပ်မရုန်းနိုင် ။အသံထွက်ဖို့အားပင်ရှိတော့မယ် မထင်။ပြုသမျှ ခံရမည်ကြောင့် မထူးတော့ဘူးဆိုသည့် မျက်နှာနှင့် လက်လျှော့လိုက်ပေမယ့် ခင်ကတော့ ဆက်ဆက်ထိမခံ အော်နေသည်။
"အား....ငါ့ကိုကိုက်တယ်ဟုတ်လား ခွေးမ ....ဖြန်း...
ပုခုံးကို လာကိုင်သော အကောင်တစ်ကောင်၏ လက်ကို အသားဒစ်လှန်အောင် ကိုက်လိုက်သောခင်။
မြေပေါ်တွင် ဆွဲလှဲချခြင်းခံလိုက်ရသဖြင့် ခြေထောက်နှစ်ဖက်ကို အတင်းရုန်းကာ ခင့်ကိုလာထိသော သူတို့ကိုဆောင့်ဆောင့်ကန်သည်။
မြသည်လည်း ရုန်းနေပေမယ့် ခင့်ဆီသို့သာ အာရုံရောက်နေသည်။
"ခင့်ကို မလုပ်ပါနဲ့....တောင်းပန်ပါတယ်ရှင်"
"ဦးမင်းနိုင် ခင့်ကိုတော့ လွတ်ပေးပါ...ကျမကို သတ်ချင်သတ်...လုပ်ချင်သလိုလုပ်...ခင့်ကိုတော့ လွတ်ပေးပါရှင်"
မြ ငိုယိုကာတောင်းပန်နေပေမယ့် မရတော့ပါ။ ခင့်အဝတ်များကို ဆွဲချွတ်နေကြလေပြီ။
ထိုစဥ်....
""ဒိုင်း""
"တစ်ယောက်မှ မလွတ်စေနဲ့"
သေနတ်သံနှင့်အတူ ထွက်ပေါ်လာသောအသံကြောင့် ခင်နှင့်မြ စိတ်သက်သာရာရသွားကြသည်။
"ခင်"!!!!!
""အဆင်ပြေရဲ့လား"
"ခင့်ကို ခွင့်လွတ်ပါ မရယ်"
"ခင်တောင်းပန်ပါတယ်"
နှင်းကိုမြင်သည်နှင့် ခင်ငိုကာ တောင်းပန်လေတော့သည်။
"တို့ ရောက်လာပြီ....နောက်ကျသွားလို့တောင်းပန်ပါတယ်""
ခင့်ကို ပွေ့ဖက်သော လက်တစ်စုံကို ခင်အားကိုးတစ်ကြီးနှင့် ပြန်ပြီးဖက်ထားလိုက်သည်။
"ခဏနေအုံး ဘေဘီ....မ အပြီးသတ်လိုက်အုံးမယ်"
နှင်းထသွားကာ ဦးမင်းနိုင်ရင်ဝကို ဆောင့်ကန်လိုက်သည်။
"ပြောစမ်း....ဘယ်လက်နဲ့ ရိုက်တာလဲ"
နှင်း၏ ကန်ချက်ကြောင့် လဲကျသွားသော ဦးမင်းနိုင် ကမန်း ကတန်းပြန်ကုန်းထကာ ဒူးထောက် လက်အုပ်ချီပြီး......
"ကျ...ကျ...ကျွန်တော်...တောင်း...တောင်း...တောင်းပန်ပါတယ် Lady rose"
"ဒီတစ်ကြိမ်လေးပဲ ခွင့်လွတ်ပေးပါ"
"အသက်ချမ်းသာပေးပါဗျာ"
!!!!!ဘယ်လက်နဲ့ ရိုက်တာလဲလို့ မေးနေတယ်လေ""""!!!!!
အော်လိုက်သည့် နှင်းအသံကြောင့်ရှိသမျှလူများ ထိတ်လန့်တုန်လှုပ်သွားခဲ့ရသည်။ အင်မတန်သြဇာအာဏာညှောင်းသည့် အသံပိုင်ရှင်မဟုတ်ပါလား။
"တောင်းပန်ပါတယ်.....ဘေ...ဘေဘီမြရယ် ပြောကူပါအုံး ကို့ကို"
"Lady khin...ကျွန်တော့်ကို ခွင့်လွတ်ပါဗျာ...တောင်းပန်ပါတယ်"
"ကျွန်တော် တွေးခေါ်နိုင်စွမ်းမဲ့သွားပါတယ်"
"သေ...လိုက်....တော့"
"ဒိုင်း""
နှင်း ဦးမင်းနိုင်၏ ပါးစပ်ထဲသို့ သေနတ်ထိုးထည့်ကာ ပစ်ထည့်လိုက်သည်။
""အောင်ခန့်....သူတို့ကို တာဝန်ယူပြီး မင်းပဲ ရှင်းလိုက်တော့ ""
တစ်ကယ်တော့ နှင်းတစ်ယောက် ခင့်ကိုလက်ရွယ်သည့် လူတိုင်းကို သူမကိုယ်တိုင် မှတ်လောက်သားလောက်အောင် တစ်ဇိမ့်ဇိမ့်နှင့် ဆွဲဖြဲချင်ပေမဲ့ ခင့် ရှေ့မှာ သူမ၏ ရက်စက်သော အသွင်အပြင်ကို မမြင်စေလိုပေ။
ယယချစ်ရသောအမျိုးသမီးက သူ့ကိုကြောက်ရွံ့သွားမှာကို မလိုလား။
"""ဒိုင်း....ဒိုင်း....ဒိုင်း...ဒိုင်း"""
ဦးမင်းနိုင်လူများအားလုံးကို အောင်ခန့်တို့ ပစ်သတ်လိုက်ကြပြီး အလောင်းများကို သယ်ဖို့ ပြင်ဆင်နေကြသည်။
""မြအဆင်ပြေရဲ့လား....
"တောင်းပန်ပါတယ်...မြကြောင့် ခင်အခုလိုအဖြစ်ဆိုးနဲ့ ကြုံတွေ့ရတာ"
"တောင်းပန်စရာမလိုပါဘူး မြရယ်...အခု မြ လွတ်လပ်သွားပြီ"
""ပြန်ကြရအောင်ကွယ်"
အိမ်ရောက်မှပဲ ဆက်ပြောကြတော့"
နှင်းပြောကာ ခင့်ကိုတွဲပြီး အဆောက်အဦးထဲက ထွက်လာကြစဥ်....
""ဒိုင်း""
"Hello!! .....best friend "
((အစက နောက်တစ်ပိုင်းနှစ်ပိုင်းနေရင် ဇာတ်သိမ်းဖို့ တွေးထားတာ...ဒီတိုင်းဇာတ်သိမ်းလိုက်ရင်
သိပ်အရသာမရှိလောက်ဘူးထင်လို့ စိတ်ကူးရတဲ့အတိုင်း ဆက်ရေးဖြစ်ပါမယ်))
အပိုင်းကတော့ ၁၀၀ထိလည်းရောက်ချင်ရောက်နိုင်တာမို့လို့
ဇာတ်လမ်းရှည်တာမကြိုက်တဲ့
လူတွေအတွက်ကတော့ ပျင်းစရာကောင်းနေနိုင်ပါတယ်။