အခန်း ၁၇၄ အန္တရာယ်များသော တည်ရှိမှု (၁)
ထွက်သွားရမည့်အစား လုဝူရွှမ်းက နေရာတွင်သာ မြဲမြံစွာရပ်လျှက် မော့ရုန်ကျန်းကို အလွန်ခံစားနေရသော အမူအရာမျိုးဖြင့်ကြည့်သည်။ သူမ၏ တွန့်ဆုတ်မှုက မော့ရုန်ကျန်းကို သူမအား မော့ကြည့်လာမိစေသည်။
"ဝမ်ဖေး ကိစ္စများ ရှိသေးလို့လား"
"အရှင်မင်းကြီးက ဒီဝမ်ဖေးကို ဒေါသထွက်နေသေးတာပါလား"
လုဝူရွှမ်းက သူ၏အနားသို့ လျှောက်လာသည်။ သူမက ဒီအတိုင်း ထွက်မသွားနိုင်ချေ။ သူကသူမအား အေးစက်စွာ ဆက်ဆံနေခြင်းကိုလည်း လက်သင့်မခံနိုင်တော့ချေ။
လုဝူရွှမ်းဟာ နယ်စပ်တွင် နေခဲ့ရချိန်ကတည်းက သူမ၏ တစ်မိသားစုလုံးက ကုန်သည်များအဆင့်တွင် ရှိနေခဲ့ချိန်က ဧကရာဇ်က အနက်ရောင်သံချပ်ကာဝတ်လျှက် မြင်းစီးကာ ဖြတ်သန်းသွားခြင်းကို မြင်ခဲ့ရသည်။ သူ၏သဘာဝအလျောက် ဖြစ်ပေါ်နေသော လွှမ်းမိုးနိုင်စွမ်းပြင်းထန်သည့် အရှိန်အဝါ၊ နက်ရှိုင်းစူးရှသော မျက်ဝန်းများဟာ သူမကို ပြင်းထန်စွာ ဆွဲဆောင်သွားခဲ့သည်။ သူမသည်လည်း သတိလက်လွတ် ကျရှုံးသွားခဲ့၏။ သို့သော် သူမ၏အစ်ကိုကြီးဟာ ထိုအချိန်ကသူ၏ လက်ထောက်ဖြစ်ခဲ့သည့်တိုင်အောင် သူမအပေါ် ထူးထူးခြားခြား ကောင်းမွန်စွာ ဆက်ဆံခဲ့ခြင်းမျိုး မရှိခဲ့ပေ။ သူမအားလည်း အသိအမှတ် မပြုခဲ့ချေ။
နောက်ပိုင်းတွင် လုလင်ကျစ်ထံမှတဆင့် ယဲ့ကျန်းဟာ ကလေးဘဝက သူ့အားကယ်ခဲ့ဖူးကြောင်း သိခဲ့ရသည်။ ထိုအကြောင်းကို ဧကရာဇ်က မသိသေးချေ။ ထိုအတွက်ကြောင့် ဒါကအခွင့်အရေးဟု သတ်မှတ်လိုက်ပြီး သူမက သူ့အားကယ်ခဲ့သူအဖြစ် ပြောခဲ့သည်။
မော့ရုန်ကျန်းက ချက်ချင်းယုံသည်။ သူမကိုလည်း အသိအမှတ် စပြုလာ၏။ သူမတစ်ကြိမ်သော်မျှ မမြင်ဖူးသော ကြင်နာခြင်းမျိုးဖြင့်ပင် ကြည့်လာတော့သည်။ သူမက ထိုသို့အထူးတလည် ခံစားရခြင်းကို စွဲလမ်းမိသွားပြီး သူမ၏အစ်ကိုကြီးကို မေးကာ ယဲ့ကျန်းက ဧကရာဇ်ကို ကယ်ခဲ့သည့် အသေးစိတ် အချက်အလက်များ အားလုံးကို မေးမြန်းခဲ့သည်။
ထိုအချိန်က သူမအမုန်းဆုံးက ယဲ့ကျန်းဖြစ်ခဲ့သည်။ မော့ရုန်ကျန်းကသာ ယဲ့ကျန်းက သူ့အား ကယ်ခဲ့ကြောင်း သိသွားလျှင် သူဟာလည်း သေချာပေါက် ယဲ့ကျန်းကို ကြင်နာပြီး လုဝူရွှမ်းအပေါ် ပေးထားခဲ့သည့် အာရုံတိုင်းကို ပြန်ရုတ်သိမ်း သွားပေလိမ့်မည်။
ကျေးဇူးတင်စရာ ကောင်းသည်မှာ မော့ရုန်ကျန်းက ယဲ့ကျန်းကိုမုန်းသည်။ ထိုအတွက်ကြောင့် ယဲ့ကျန်းအနေဖြင့် သူမ၏နောက်ခံ အစစ်အမှန်ကိုပြောရန် အခွင့်အရေးပင် မရှိခဲ့ချေ။
လုဝူရွှမ်းဟာ မနာလိုမှု မုန်းတီးမှုများနှင့် ယဲ့ကျန်းကို စောစောသေစေလိုခဲ့သည်။ ကံကောင်းစွာဖြင့် သူမတွင် သူမ၏ ပျော်ရွှင်မှုအတွက် ဘာမဆိုလိုက်လုပ်ပေးမည့် အစ်ကိုဖြစ်သူ ရှိနေခဲ့သည်။ လုလင်ကျစ်က သူဟာအရင်းနှီးဆုံး မိတ်ဆွေတစ်ယောက်အဖြစ် သတ်မှတ်ခဲ့သော ယဲ့ကျန်းကို သတ်ပေးခဲ့သည်။
ထိုအချိန်က ဖြစ်ခဲ့သော အကြောင်းအရာများကို မသိသေးသော မော့ရုန်ကျန်းက ကြောင်နေသည့် လုဝူရွှမ်းကို ကြည့်လိုက်ပြီးပြောသည်။
"ကျန်းက ဒေါသမထွက်ပါဘူး"
သူကတစ်ကြိမ် ထပ်ပြောသည်။
သူမ၏ သဘောကျနေသော စိတ်ကူးယဉ်အိမ်မက်များမှ နိုးလာသည့် လုဝူရွှမ်းက ဧကရာဇ်၏ ခန့်ညားချောမောသော ဘေးတိုက်မျက်နှာထားကိုကြည့်ပြီး ရင်နာလာသည်။
"ဧကရာဇ် ဒီဝမ်ဖေးက အဲ့ဒီလို ထပ်မလုပ်ရဲတော့ပါဘူး"
သို့တိုင်အောင် သူမ၏လေသံထဲတွင် ဆုံးဖြတ်ချက် ပြတ်သားမှုက ရှိနေသေးသည်။ မော့ရုန်ကျန်း၏မျက်နှာက ကျောက်တုံးကဲ့သို့ မာကြောသွားသည်။
"ကောင်းပြီ မင်းကဝမ်ဖေးပဲ ဒါကြောင့် ဝမ်ဖေးတစ်ယောက်လိုပဲ ပြုမူသင့်တယ်"
"ဒီဝမ်ဖေးက အရှင်မင်းကြီးက နောက်ထပ် ကိုယ်လုပ်တော်တစ်ယောက် တင်မြှောက်တော့မယ်လို့ ကြားပါတယ်။ ဒါကြောင့် ဒီဝမ်ဖေးက အရမ်းကို ခံစားသွားရတာပါ။ တော်ဝင်မင်းသမီးကလည်း အဲ့ဒီအချိန်မှာ ဒီဝမ်ဖေးကို ရန်လာစခဲ့ပြီး နောက်ဆုံး ထိန်းချုပ်မှု လွတ်ကင်းသွားခဲ့တာပါပဲ"
လုဝူရွှမ်းက ရှင်းပြသည်။ သို့သော် ထိုသို့လိမ်ညာနေချိန်တွင် သူ၏မျက်နှာကို စူးစိုက်ကြည့်လိုက်ချိန်တွင် သူကသူမအပေါ်ထားသော ချစ်ခြင်းများကို တွေ့လိုငြား အသည်းအသန် ရှာလိုက်မိသည်။ သို့သော် ဘာကိုမှ မတွေ့ခဲ့ရချေ။
"မင်းကဒီလို ခံစားရတယ်ဆိုရင် အနာဂတ်မှာပိုပြီး ကျိုးကြောင်းဆင်ခြင်နိုင်အောင် သုံးသပ်သင့်တယ်"
မော့ရုန်ကျန်းအနေဖြင့် လုဝူရွှမ်းဟာ ယခင်ကသူတွေ့ခဲ့သော ကလေးမ မဟုတ်တော့ကြောင်း သေချာသွားကတည်းက သူမကိုမြင်ချိန်တိုင်း သူ၏အမှားကို ထပ်ခါတလဲလဲ သတိပေးနေကြောင်း ခံစားနေရသည်။
ဘာလို့သူက လုဝူရွှမ်းပြောသမျှကို ယုံကြည်ခဲ့မိတာလဲ။
ထိုရက်က ထိုကလေးမလေးဟာ အလွန်ကြော့ရှင်းကြည့်ကောင်းပြီး နူးညံ့ညင်သာကာ ချစ်စဖွယ်ကောင်းသည်။ သူကသူမအား မျက်လုံးဖြင့် မမြင်ခဲ့ရသည့်တိုင်အောင် သူမ၏လေသံအရ လုဝူရွှမ်းမဖြစ်နိုင်ကြောင်း သေချာနေခဲ့သည်။
"အရှင်မင်းကြီး..."
လုဝူရွှမ်းဟာ မော့ရုန်ကျန်း၏ မျက်လုံးထဲမှ ဒေါသများကို သတိမထားမိသေးပေ။ သို့သော် သူ၏စကားလုံးများကြောင့် တုန်လှုပ်သွားသည်။
သူကဘာကို ဆိုလိုတာလဲ။ သူကထပ်ပြီး ဇနီးမယားတွေ လက်ခံနေအုံးမှာလား။ သူငါ့ကို မချစ်တော့ဘူးလား။
မော့ရုန်ကျန်းက မျက်မှောင်ကျုံ့လိုက်သည်။ သူ၏အနက်ရောင် မျက်ဝန်းထဲတွင် ခါးသီးမှုများကသာ ထင်ရှားနေတော့သည်။
"ကျန်းကပြောပြီးသားကို ထပ်မပြောချင်ဘူး။ မင်းပြန်လိုက်ပါတော့"
သူ၏အရှိန်အဝါအပြည့်က လုဝူရွှမ်းအပေါ် လွှမ်းခြုံကာ ဖိချလာသည်။ သူမအနေဖြင့်သူ့အား မေးခွန်းထပ်ထုတ်လိုသည့်တိုင်အောင် မထုတ်ရဲတော့ချေ။ သူမက ဂါရဝပြုလိုက်ပြီး ပြောသည်။
"အရှင်မင်းကြီး ဒီဝမ်ဖေးက ထွက်သွားပါတော့မယ်"
လုဝူရွှမ်း၏မျက်ဝန်းက မျက်ရည်များကြောင့် တလက်လက် တောက်ပနေသည်။ သူမက သူမ၏ အဆောင်တော်သို့ ပြန်ပြေးသွားသည်။ သူမ၏ရင်ထဲတွင် ခါးသီးမှုနှင့် နာကျင်မှုများကသာ ပြည့်နှက်နေတော့သည်။
"ဒီအမျိုးယုတ်တွေ"
သူမ၏အဆောင်ထဲသို့ ရောက်သည်နှင့် လုဝူရွှမ်းက ဒေါသများကိုဖောက်ခွဲရန် ကုတင်ပေါ်မှ အိပ်ယာနှင့် စောင်များကို အောက်သို့ပစ်ချသည်။
အဲ့ဒီအရှက်မရှိတဲ့ မိန်းမတွေအားလုံးက ဧကရာဇ်ကို ဆွဲဆောင်ချင်နေကြတာ။ အထူးသဖြင့် အဲ့ဒီကိုယ်လုပ်တော်ဖြစ်ဖို့ မစောင့်နိုင်တော့တဲ့ လျိုဟွားပဲ။
နံရံနှင့်ဈေးကြီးသော ကြွေထည်များ ရိုက်မိရာမှ ကွဲအက်သံက ထွက်ပေါ်လာသည်။
ဒီမိန်းမတွေကြောင့်သာမဟုတ်ရင် ဧကရာဇ်ကဘာလို့ နောက်ထပ်ကိုယ်လုပ်တော် ထပ်ယူနေရမှာလဲ။
"ဝမ်ဖေး ကျေးဇူးပြုပြီး ဒေါသကိုထိန်းပါ။ ကိုယ့်ကိုယ်ကို အရမ်းကြီး အပင်ပန်းမခံပါနဲ့"
သူမ၏အနီးကပ် အခစားဝင်သော အစေခံသိုင့်ပင်းက အခြားသော အစေခံများအားလုံးကို ဆုတ်ခွာသွားစေပြီး လုဝူရွှမ်းဖွထားသော အရှုပ်အရှင်းများကို ရှင်းလင်းသွားစေသည်။ ထို့နောက် ထိုစကားကို ပြောလာသည်။ လုဝူရွှမ်းက နှာခေါင်းရှုံ့သည်။
"ဒီဝမ်ဖေးအတွက် ဒီနန်းတော်မှာ နေရာမရှိတော့မှာကိုတောင် စိုးရိမ်မိတယ်"
"ဘယ်လိုဖြစ်နိုင်မှာပါလဲ။ ဧကရာဇ်က ဝမ်ဖေးကို အချစ်ဆုံးပါ။ အခြားအမျိုးသမီးတွေ နန်းတော်ထဲကို ဝင်လာမယ်ဆိုရင်တောင်မှ ဝမ်ဖေးကပဲ မျက်နှာသာအပေးခံရဆုံး ဖြစ်မှာပါ"
သိုင့်ပင်းက လုမိသားစုတွင် ရှိစဉ်ကတည်းက လုဝူရွှမ်းကို ခစားလာခဲ့သူ ဖြစ်သည့်အလျောက် သူမ၏ စိတ်သဘောထားကို အသိဆုံးဖြစ်သည်။ ထို့ကြောင့် မည်သို့နှစ်သိမ့်သင့်ကြောင်းကိုလည်း နားလည်သည်။
လုဝူရွှမ်းက ခေါင်းကိုညင်သာစွာခါပြီး ရေရွတ်သည်။
"မဟုတ်ဘူး ဧကရာဇ်က ငါ့ကိုအရင်လို မဆက်ဆံတော့ဘူး"
"ဘာလို့လဲ ဧကရာဇ်က နန်းတော်ထဲမှာ ဝမ်ဖေးကလွဲပြီး အခြားကိုယ်လုပ်တော်တွေကို လက်ခံခဲ့ဖူးတာမှ မဟုတ်တာ။ ဒါက ဝမ်ဖေးကို အထူးတလည် ဆက်ဆံတာမျိုး မဟုတ်တာပါလား"
သိုင့်ပင်းကလည်း အလျင်စလိုပြောသည်။
လုဝူရွှမ်းက ဒီနေ့နန်းတော်ထဲသို့ ဝင်လာခဲ့သော လုယောင်ယောင်ကို သတိရသွားသည်။ ထိုအချိန်က လုယောင်ယောင်နှင့် တော်ဝင်ဥယျာဉ်တွင် နှစ်ယောက်ထဲ ရှိနေခဲ့စဉ်က မော့ရုန်ကျန်း၏အပြုံးကို သတိရသွားပြီး ထိုအပြုံးက သူမ၏စိတ်ထဲတွင် ထွင်းထုထားသလို စွဲမြဲလွန်းနေခဲ့သည်။ သူမကရုတ်တရက် ထထိုင်သည်။
"နင်လုမိသားစုကိုပြန်ပြီး ငါပြောတဲ့သတင်းစကား ပေးပို့ပြီးပြီလား။ ငါ ငါ့ရဲ့အမေကို တွေ့ချင်တယ်"
"သခင်မကြီးက ဒီနေ့ပဲ နန်းတော်ကို အခစားဝင်ခဲ့တာဖြစ်လို့ ဒီအစေခံအနေနဲ့ မနက်ဖြန်မနက်မှာ လုမိသားစုစံအိမ်ကို အရင်ဆုံးသွားပြီး အကြီးဆုံးသခင်မကို ဝမ်ဖေးထံလာရောက်ဖို့ ဆင့်ခေါ်လိုက်ပါ့မယ်"
"တို့နန်းတော်ရဲ့ စည်းတံဆိပ်ကိုယူပြီး မင်းထွက်သွားတာကောင်းမယ်။ အဲ့ဒီနောက် တို့က အကြီးဆုံး သခင်မ အခြေအနေ ဘယ်လိုရှိလဲဆိုတာကိုသိရဖို့ ဆင့်ခေါ်တယ်ဆိုတာကိုပဲ မင်းပြောရမယ်"
လုဝူရွှမ်းက ညွှန်ကြားသည်။
"ဟုတ်ကဲ့ဝမ်ဖေး"
သိုင့်ပင်းကလည်း အလျင်စလို သဘောတူလိုက်သည်။
လုဝူရွှမ်းက ပြတင်းပေါက် အပြင်ဘက်သို့ မည်းမှောင်သော မျက်နှာထားဖြင့်ကြည့်သည်။ သူမ သတိထားရမည်။ မည်သို့ပင်ဖြစ်စေကာမူ လုယောင်ယောင်ဟာ ဧကရာဇ်နှင့် တိုက်ဆိုင်ခြင်း ရှိရှိမရှိရှိ ထိုဝမ်းကွဲကို ကိုယ်လုပ်တော်ရာထူးနှင့် နန်းတော်ထဲဝင်လာမည့်အရေးကို ခွင့်ပြု၍မရချေ။
သူမက အတွေးလွန်နေသည်လား မသိပေ။ သို့သော် လုယောင်ယောင်ကို မြင်ချိန်တိုင်း အလွန်အန္တရာယ်များသည့် တည်ရှိမှုကြီးတစ်ခုလို ခံစားနေရသည်။
...
လုစံအိမ်တွင်...
ယဲ့ကျန်းက နိုးလာသည့်အခါ ဒီနေ့ဟာ မည်သို့သော အခြေအနေကို ကြုံတွေ့ရမည်ဖြစ်ကြောင်း တွေးမိပြီး အလွန်စိတ်လှုပ်ရှားသွားသည်။ သူမက ငြိမ်းချမ်းစွာဖြင့် အိပ်စက်ခဲ့ရပြီး တက်ကြွမှုအပြည့်ဖြင့် နိုးထလာခဲ့သည်။ သူမက သူမ၏မျက်နှာရှိ အနီစက်များဟာ ပျောက်ကွယ်သွားပြီဖြစ်ကြောင်း တွေ့လိုက်ရသည့်အတွက် စိတ်အခြေအနေက ပိုကောင်းသွားတော့သည်။
ဒီနေ့သူမက အမျိုးသမီး အကယ်ဒမီသို့ တရားဝင်တက်ရောက်ရမည်ဖြစ်သည်။ သူမစောစောထခြင်းက နောက်ကျမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။ သူမက သခင်မကြီးလုကို ဦးစွာသွား၍ နှုတ်ဆက်သည်။ သူမငါးရက်၊ ခြောက်ရက်ခန့်နေမှ ပြန်လာရမည်ဖြစ်သည်။ ထို့နောက် လုရှီမင်နှင့် ဖေးရှီတို့ကိုလည်း သွားရောက်ကာ နှုတ်ဆက်စကားပြောပြီး ထိုအချိန်တွင် လုရှန်းကျစ်နှင့်ဆုံသည်။
"ယောင်ယောင် ဒီနေ့ အစ်ကိုကြီးကမင်းကို အကယ်ဒမီကို လိုက်ပို့ပေးချင်ပေမဲ့ ဆရာရွှီဆီ သွားရမယ်။ ဒါပေမဲ့ မစိုးရိမ်ပါနဲ့ အကြီးဆုံးအစ်ကိုက ညီမလေးကို လိုက်ပို့ပေးဖို့ ပြောထားတယ်"
လုရှန်းကျစ်က ယဲ့ကျန်းကို အပြစ်မကင်းသော အမူအရာမျိုးဖြင့်ပြောသည်။
သူ၏ခံစားချက်ကို ကောင်းမွန်သွားစေရန်အလို့ငှာ ယဲ့ကျန်းဟာ ခေါင်းညိတ်လိုက်သည်။
"ကိစ္စမရှိပါဘူး အကယ်ဒမီက ဝေးတာမှမဟုတ်တာ။ အစ်ကိုကြီးအနေနဲ့ ဆရာရွှီနဲ့ပဲ ကောင်းကောင်း လေ့လာသင့်တယ်"
လုရှန်းကျစ်က ညီမဖြစ်သူ၏ ပုခုံးကိုပုတ်သည်။
"ငါ့ရဲ့ယောင်ယောင်လေးက ပိုပိုပြီး နားလည်မှုရှိလာတာပဲ"
"ညီမက အမြဲတမ်း နားလည်မှုရှိပြီးသားပါ"
ယဲ့ကျန်းကသူ့အား ဒေါသတကြီးကြည့်သည်။ သို့သော် သူမ၏စိတ်ထဲတွင်မူ လုလင်ကျစ်ကသူမကို လိုက်ပို့မည့် ကိစ္စအတွက် အံ့သြနေမိသည်။
သူကစစ်ပွဲကို သွားဖို့အတွက် ပြင်ဆင်နေသင့်တာ မဟုတ်ဘူးလား။
အပြင်ဘက်တွင် လုလင်ကျစ်က အသင့်စောင့်နှင့်နေပြီဖြစ်သည်။ သူ၏ခြေထောက် ဒဏ်ရာဟာ အပြည့်အဝ မသက်သာသေးသော်လည်း မြင်းစီး၍မရသည့်တိုင် ရထားလုံးစီးရန်က ပြဿနာမရှိချေ။
"ယောင်ယောင် လာ အစ်ကိုကြီးတို့ သွားကြစို့"
ထိုစကားဟာသူ သူမကိုမြင်ချိန်တွင် ပထမဦးဆုံး ပြောလိုက်ခြင်းဖြစ်သည်။
လုလင်ကျစ်က ယဲ့ကျန်း၏မျက်နှာရှိ ယောင်ကိုင်းမှုက လျော့ကျသွားပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။
ရထားလုံးထဲသို့မဝင်ခင် ယဲ့ကျန်းဟာ သူ့ကိုပြုံးပြသည်။ ထို့နောက် ထုံးတမ်းအစဉ်လာအတိုင်း ဂါရဝပြုလာသည်။
"အကြီးဆုံးအစ်ကို"
.....
Telegram မှာ အပိုင်း ၄၆၈အထိ ရောက်ပါပြီနော်။
Zawgyi
အခန္း ၁၇၄ အႏၲရာယ္မ်ားေသာ တည္ရွိမႈ (၁)
ထြက္သြားရမည့္အစား လုဝူ႐ႊမ္းက ေနရာတြင္သာ ၿမဲၿမံစြာရပ္လွ်က္ ေမာ့႐ုန္က်န္းကို အလြန္ခံစားေနရေသာ အမူအရာမ်ိဳးျဖင့္ၾကည့္သည္။ သူမ၏ တြန႔္ဆုတ္မႈက ေမာ့႐ုန္က်န္းကို သူမအား ေမာ့ၾကည့္လာမိေစသည္။
"ဝမ္ေဖး ကိစၥမ်ား ရွိေသးလို႔လား"
"အရွင္မင္းႀကီးက ဒီဝမ္ေဖးကို ေဒါသထြက္ေနေသးတာပါလား"
လုဝူ႐ႊမ္းက သူ၏အနားသို႔ ေလွ်ာက္လာသည္။ သူမက ဒီအတိုင္း ထြက္မသြားႏိုင္ေခ်။ သူကသူမအား ေအးစက္စြာ ဆက္ဆံေနျခင္းကိုလည္း လက္သင့္မခံႏိုင္ေတာ့ေခ်။
လုဝူ႐ႊမ္းဟာ နယ္စပ္တြင္ ေနခဲ့ရခ်ိန္ကတည္းက သူမ၏ တစ္မိသားစုလုံးက ကုန္သည္မ်ားအဆင့္တြင္ ရွိေနခဲ့ခ်ိန္က ဧကရာဇ္က အနက္ေရာင္သံခ်ပ္ကာဝတ္လွ်က္ ျမင္းစီးကာ ျဖတ္သန္းသြားျခင္းကို ျမင္ခဲ့ရသည္။ သူ၏သဘာဝအေလ်ာက္ ျဖစ္ေပၚေနေသာ လႊမ္းမိုးႏိုင္စြမ္းျပင္းထန္သည့္ အရွိန္အဝါ၊ နက္ရႈိင္းစူးရွေသာ မ်က္ဝန္းမ်ားဟာ သူမကို ျပင္းထန္စြာ ဆြဲေဆာင္သြားခဲ့သည္။ သူမသည္လည္း သတိလက္လြတ္ က်ရႈံးသြားခဲ့၏။ သို႔ေသာ္ သူမ၏အစ္ကိုႀကီးဟာ ထိုအခ်ိန္ကသူ၏ လက္ေထာက္ျဖစ္ခဲ့သည့္တိုင္ေအာင္ သူမအေပၚ ထူးထူးျခားျခား ေကာင္းမြန္စြာ ဆက္ဆံခဲ့ျခင္းမ်ိဳး မရွိခဲ့ေပ။ သူမအားလည္း အသိအမွတ္ မျပဳခဲ့ေခ်။
ေနာက္ပိုင္းတြင္ လုလင္က်စ္ထံမွတဆင့္ ယဲ့က်န္းဟာ ကေလးဘဝက သူ႔အားကယ္ခဲ့ဖူးေၾကာင္း သိခဲ့ရသည္။ ထိုအေၾကာင္းကို ဧကရာဇ္က မသိေသးေခ်။ ထိုအတြက္ေၾကာင့္ ဒါကအခြင့္အေရးဟု သတ္မွတ္လိုက္ၿပီး သူမက သူ႔အားကယ္ခဲ့သူအျဖစ္ ေျပာခဲ့သည္။
ေမာ့႐ုန္က်န္းက ခ်က္ခ်င္းယုံသည္။ သူမကိုလည္း အသိအမွတ္ စျပဳလာ၏။ သူမတစ္ႀကိမ္ေသာ္မွ် မျမင္ဖူးေသာ ၾကင္နာျခင္းမ်ိဳးျဖင့္ပင္ ၾကည့္လာေတာ့သည္။ သူမက ထိုသို႔အထူးတလည္ ခံစားရျခင္းကို စြဲလမ္းမိသြားၿပီး သူမ၏အစ္ကိုႀကီးကို ေမးကာ ယဲ့က်န္းက ဧကရာဇ္ကို ကယ္ခဲ့သည့္ အေသးစိတ္ အခ်က္အလက္မ်ား အားလုံးကို ေမးျမန္းခဲ့သည္။
ထိုအခ်ိန္က သူမအမုန္းဆုံးက ယဲ့က်န္းျဖစ္ခဲ့သည္။ ေမာ့႐ုန္က်န္းကသာ ယဲ့က်န္းက သူ႔အား ကယ္ခဲ့ေၾကာင္း သိသြားလွ်င္ သူဟာလည္း ေသခ်ာေပါက္ ယဲ့က်န္းကို ၾကင္နာၿပီး လုဝူ႐ႊမ္းအေပၚ ေပးထားခဲ့သည့္ အာ႐ုံတိုင္းကို ျပန္႐ုတ္သိမ္း သြားေပလိမ့္မည္။
ေက်းဇူးတင္စရာ ေကာင္းသည္မွာ ေမာ့႐ုန္က်န္းက ယဲ့က်န္းကိုမုန္းသည္။ ထိုအတြက္ေၾကာင့္ ယဲ့က်န္းအေနျဖင့္ သူမ၏ေနာက္ခံ အစစ္အမွန္ကိုေျပာရန္ အခြင့္အေရးပင္ မရွိခဲ့ေခ်။
လုဝူ႐ႊမ္းဟာ မနာလိုမႈ မုန္းတီးမႈမ်ားႏွင့္ ယဲ့က်န္းကို ေစာေစာေသေစလိုခဲ့သည္။ ကံေကာင္းစြာျဖင့္ သူမတြင္ သူမ၏ ေပ်ာ္႐ႊင္မႈအတြက္ ဘာမဆိုလိုက္လုပ္ေပးမည့္ အစ္ကိုျဖစ္သူ ရွိေနခဲ့သည္။ လုလင္က်စ္က သူဟာအရင္းႏွီးဆုံး မိတ္ေဆြတစ္ေယာက္အျဖစ္ သတ္မွတ္ခဲ့ေသာ ယဲ့က်န္းကို သတ္ေပးခဲ့သည္။
ထိုအခ်ိန္က ျဖစ္ခဲ့ေသာ အေၾကာင္းအရာမ်ားကို မသိေသးေသာ ေမာ့႐ုန္က်န္းက ေၾကာင္ေနသည့္ လုဝူ႐ႊမ္းကို ၾကည့္လိုက္ၿပီးေျပာသည္။
"က်န္းက ေဒါသမထြက္ပါဘူး"
သူကတစ္ႀကိမ္ ထပ္ေျပာသည္။
သူမ၏ သေဘာက်ေနေသာ စိတ္ကူးယဥ္အိမ္မက္မ်ားမွ ႏိုးလာသည့္ လုဝူ႐ႊမ္းက ဧကရာဇ္၏ ခန႔္ညားေခ်ာေမာေသာ ေဘးတိုက္မ်က္ႏွာထားကိုၾကည့္ၿပီး ရင္နာလာသည္။
"ဧကရာဇ္ ဒီဝမ္ေဖးက အဲ့ဒီလို ထပ္မလုပ္ရဲေတာ့ပါဘူး"
သို႔တိုင္ေအာင္ သူမ၏ေလသံထဲတြင္ ဆုံးျဖတ္ခ်က္ ျပတ္သားမႈက ရွိေနေသးသည္။ ေမာ့႐ုန္က်န္း၏မ်က္ႏွာက ေက်ာက္တုံးကဲ့သို႔ မာေၾကာသြားသည္။
"ေကာင္းၿပီ မင္းကဝမ္ေဖးပဲ ဒါေၾကာင့္ ဝမ္ေဖးတစ္ေယာက္လိုပဲ ျပဳမူသင့္တယ္"
"ဒီဝမ္ေဖးက အရွင္မင္းႀကီးက ေနာက္ထပ္ ကိုယ္လုပ္ေတာ္တစ္ေယာက္ တင္ေျမႇာက္ေတာ့မယ္လို႔ ၾကားပါတယ္။ ဒါေၾကာင့္ ဒီဝမ္ေဖးက အရမ္းကို ခံစားသြားရတာပါ။ ေတာ္ဝင္မင္းသမီးကလည္း အဲ့ဒီအခ်ိန္မွာ ဒီဝမ္ေဖးကို ရန္လာစခဲ့ၿပီး ေနာက္ဆုံး ထိန္းခ်ဳပ္မႈ လြတ္ကင္းသြားခဲ့တာပါပဲ"
လုဝူ႐ႊမ္းက ရွင္းျပသည္။ သို႔ေသာ္ ထိုသို႔လိမ္ညာေနခ်ိန္တြင္ သူ၏မ်က္ႏွာကို စူးစိုက္ၾကည့္လိုက္ခ်ိန္တြင္ သူကသူမအေပၚထားေသာ ခ်စ္ျခင္းမ်ားကို ေတြ႕လိုျငား အသည္းအသန္ ရွာလိုက္မိသည္။ သို႔ေသာ္ ဘာကိုမွ မေတြ႕ခဲ့ရေခ်။
"မင္းကဒီလို ခံစားရတယ္ဆိုရင္ အနာဂတ္မွာပိုၿပီး က်ိဳးေၾကာင္းဆင္ျခင္ႏိုင္ေအာင္ သုံးသပ္သင့္တယ္"
ေမာ့႐ုန္က်န္းအေနျဖင့္ လုဝူ႐ႊမ္းဟာ ယခင္ကသူေတြ႕ခဲ့ေသာ ကေလးမ မဟုတ္ေတာ့ေၾကာင္း ေသခ်ာသြားကတည္းက သူမကိုျမင္ခ်ိန္တိုင္း သူ၏အမွားကို ထပ္ခါတလဲလဲ သတိေပးေနေၾကာင္း ခံစားေနရသည္။
ဘာလို႔သူက လုဝူ႐ႊမ္းေျပာသမွ်ကို ယုံၾကည္ခဲ့မိတာလဲ။
ထိုရက္က ထိုကေလးမေလးဟာ အလြန္ေၾကာ့ရွင္းၾကည့္ေကာင္းၿပီး ႏူးညံ့ညင္သာကာ ခ်စ္စဖြယ္ေကာင္းသည္။ သူကသူမအား မ်က္လုံးျဖင့္ မျမင္ခဲ့ရသည့္တိုင္ေအာင္ သူမ၏ေလသံအရ လုဝူ႐ႊမ္းမျဖစ္ႏိုင္ေၾကာင္း ေသခ်ာေနခဲ့သည္။
"အရွင္မင္းႀကီး..."
လုဝူ႐ႊမ္းဟာ ေမာ့႐ုန္က်န္း၏ မ်က္လုံးထဲမွ ေဒါသမ်ားကို သတိမထားမိေသးေပ။ သို႔ေသာ္ သူ၏စကားလုံးမ်ားေၾကာင့္ တုန္လႈပ္သြားသည္။
သူကဘာကို ဆိုလိုတာလဲ။ သူကထပ္ၿပီး ဇနီးမယားေတြ လက္ခံေနအုံးမွာလား။ သူငါ့ကို မခ်စ္ေတာ့ဘူးလား။
ေမာ့႐ုန္က်န္းက မ်က္ေမွာင္က်ဳံ႕လိုက္သည္။ သူ၏အနက္ေရာင္ မ်က္ဝန္းထဲတြင္ ခါးသီးမႈမ်ားကသာ ထင္ရွားေနေတာ့သည္။
"က်န္းကေျပာၿပီးသားကို ထပ္မေျပာခ်င္ဘူး။ မင္းျပန္လိုက္ပါေတာ့"
သူ၏အရွိန္အဝါအျပည့္က လုဝူ႐ႊမ္းအေပၚ လႊမ္းၿခဳံကာ ဖိခ်လာသည္။ သူမအေနျဖင့္သူ႔အား ေမးခြန္းထပ္ထုတ္လိုသည့္တိုင္ေအာင္ မထုတ္ရဲေတာ့ေခ်။ သူမက ဂါရဝျပဳလိုက္ၿပီး ေျပာသည္။
"အရွင္မင္းႀကီး ဒီဝမ္ေဖးက ထြက္သြားပါေတာ့မယ္"
လုဝူ႐ႊမ္း၏မ်က္ဝန္းက မ်က္ရည္မ်ားေၾကာင့္ တလက္လက္ ေတာက္ပေနသည္။ သူမက သူမ၏ အေဆာင္ေတာ္သို႔ ျပန္ေျပးသြားသည္။ သူမ၏ရင္ထဲတြင္ ခါးသီးမႈႏွင့္ နာက်င္မႈမ်ားကသာ ျပည့္ႏွက္ေနေတာ့သည္။
"ဒီအမ်ိဳးယုတ္ေတြ"
သူမ၏အေဆာင္ထဲသို႔ ေရာက္သည္ႏွင့္ လုဝူ႐ႊမ္းက ေဒါသမ်ားကိုေဖာက္ခြဲရန္ ကုတင္ေပၚမွ အိပ္ယာႏွင့္ ေစာင္မ်ားကို ေအာက္သို႔ပစ္ခ်သည္။
အဲ့ဒီအရွက္မရွိတဲ့ မိန္းမေတြအားလုံးက ဧကရာဇ္ကို ဆြဲေဆာင္ခ်င္ေနၾကတာ။ အထူးသျဖင့္ အဲ့ဒီကိုယ္လုပ္ေတာ္ျဖစ္ဖို႔ မေစာင့္ႏိုင္ေတာ့တဲ့ လ်ိဳဟြားပဲ။
နံရံႏွင့္ေဈးႀကီးေသာ ေႂကြထည္မ်ား ႐ိုက္မိရာမွ ကြဲအက္သံက ထြက္ေပၚလာသည္။
ဒီမိန္းမေတြေၾကာင့္သာမဟုတ္ရင္ ဧကရာဇ္ကဘာလို႔ ေနာက္ထပ္ကိုယ္လုပ္ေတာ္ ထပ္ယူေနရမွာလဲ။
"ဝမ္ေဖး ေက်းဇူးျပဳၿပီး ေဒါသကိုထိန္းပါ။ ကိုယ့္ကိုယ္ကို အရမ္းႀကီး အပင္ပန္းမခံပါနဲ႔"
သူမ၏အနီးကပ္ အခစားဝင္ေသာ အေစခံသိုင့္ပင္းက အျခားေသာ အေစခံမ်ားအားလုံးကို ဆုတ္ခြာသြားေစၿပီး လုဝူ႐ႊမ္းဖြထားေသာ အရႈပ္အရွင္းမ်ားကို ရွင္းလင္းသြားေစသည္။ ထို႔ေနာက္ ထိုစကားကို ေျပာလာသည္။ လုဝူ႐ႊမ္းက ႏွာေခါင္းရႈံ႕သည္။
"ဒီဝမ္ေဖးအတြက္ ဒီနန္းေတာ္မွာ ေနရာမရွိေတာ့မွာကိုေတာင္ စိုးရိမ္မိတယ္"
"ဘယ္လိုျဖစ္ႏိုင္မွာပါလဲ။ ဧကရာဇ္က ဝမ္ေဖးကို အခ်စ္ဆုံးပါ။ အျခားအမ်ိဳးသမီးေတြ နန္းေတာ္ထဲကို ဝင္လာမယ္ဆိုရင္ေတာင္မွ ဝမ္ေဖးကပဲ မ်က္ႏွာသာအေပးခံရဆုံး ျဖစ္မွာပါ"
သိုင့္ပင္းက လုမိသားစုတြင္ ရွိစဥ္ကတည္းက လုဝူ႐ႊမ္းကို ခစားလာခဲ့သူ ျဖစ္သည့္အေလ်ာက္ သူမ၏ စိတ္သေဘာထားကို အသိဆုံးျဖစ္သည္။ ထို႔ေၾကာင့္ မည္သို႔ႏွစ္သိမ့္သင့္ေၾကာင္းကိုလည္း နားလည္သည္။
လုဝူ႐ႊမ္းက ေခါင္းကိုညင္သာစြာခါၿပီး ေရ႐ြတ္သည္။
"မဟုတ္ဘူး ဧကရာဇ္က ငါ့ကိုအရင္လို မဆက္ဆံေတာ့ဘူး"
"ဘာလို႔လဲ ဧကရာဇ္က နန္းေတာ္ထဲမွာ ဝမ္ေဖးကလြဲၿပီး အျခားကိုယ္လုပ္ေတာ္ေတြကို လက္ခံခဲ့ဖူးတာမွ မဟုတ္တာ။ ဒါက ဝမ္ေဖးကို အထူးတလည္ ဆက္ဆံတာမ်ိဳး မဟုတ္တာပါလား"
သိုင့္ပင္းကလည္း အလ်င္စလိုေျပာသည္။
လုဝူ႐ႊမ္းက ဒီေန႔နန္းေတာ္ထဲသို႔ ဝင္လာခဲ့ေသာ လုေယာင္ေယာင္ကို သတိရသြားသည္။ ထိုအခ်ိန္က လုေယာင္ေယာင္ႏွင့္ ေတာ္ဝင္ဥယ်ာဥ္တြင္ ႏွစ္ေယာက္ထဲ ရွိေနခဲ့စဥ္က ေမာ့႐ုန္က်န္း၏အၿပဳံးကို သတိရသြားၿပီး ထိုအၿပဳံးက သူမ၏စိတ္ထဲတြင္ ထြင္းထုထားသလို စြဲၿမဲလြန္းေနခဲ့သည္။ သူမက႐ုတ္တရက္ ထထိုင္သည္။
"နင္လုမိသားစုကိုျပန္ၿပီး ငါေျပာတဲ့သတင္းစကား ေပးပို႔ၿပီးၿပီလား။ ငါ ငါ့ရဲ႕အေမကို ေတြ႕ခ်င္တယ္"
"သခင္မႀကီးက ဒီေန႔ပဲ နန္းေတာ္ကို အခစားဝင္ခဲ့တာျဖစ္လို႔ ဒီအေစခံအေနနဲ႔ မနက္ျဖန္မနက္မွာ လုမိသားစုစံအိမ္ကို အရင္ဆုံးသြားၿပီး အႀကီးဆုံးသခင္မကို ဝမ္ေဖးထံလာေရာက္ဖို႔ ဆင့္ေခၚလိုက္ပါ့မယ္"
"တို႔နန္းေတာ္ရဲ႕ စည္းတံဆိပ္ကိုယူၿပီး မင္းထြက္သြားတာေကာင္းမယ္။ အဲ့ဒီေနာက္ တို႔က အႀကီးဆုံး သခင္မ အေျခအေန ဘယ္လိုရွိလဲဆိုတာကိုသိရဖို႔ ဆင့္ေခၚတယ္ဆိုတာကိုပဲ မင္းေျပာရမယ္"
လုဝူ႐ႊမ္းက ၫႊန္ၾကားသည္။
"ဟုတ္ကဲ့ဝမ္ေဖး"
သိုင့္ပင္းကလည္း အလ်င္စလို သေဘာတူလိုက္သည္။
လုဝူ႐ႊမ္းက ျပတင္းေပါက္ အျပင္ဘက္သို႔ မည္းေမွာင္ေသာ မ်က္ႏွာထားျဖင့္ၾကည့္သည္။ သူမ သတိထားရမည္။ မည္သို႔ပင္ျဖစ္ေစကာမူ လုေယာင္ေယာင္ဟာ ဧကရာဇ္ႏွင့္ တိုက္ဆိုင္ျခင္း ရွိရွိမရွိရွိ ထိုဝမ္းကြဲကို ကိုယ္လုပ္ေတာ္ရာထူးႏွင့္ နန္းေတာ္ထဲဝင္လာမည့္အေရးကို ခြင့္ျပဳ၍မရေခ်။
သူမက အေတြးလြန္ေနသည္လား မသိေပ။ သို႔ေသာ္ လုေယာင္ေယာင္ကို ျမင္ခ်ိန္တိုင္း အလြန္အႏၲရာယ္မ်ားသည့္ တည္ရွိမႈႀကီးတစ္ခုလို ခံစားေနရသည္။
...
လုစံအိမ္တြင္...
ယဲ့က်န္းက ႏိုးလာသည့္အခါ ဒီေန႔ဟာ မည္သို႔ေသာ အေျခအေနကို ႀကဳံေတြ႕ရမည္ျဖစ္ေၾကာင္း ေတြးမိၿပီး အလြန္စိတ္လႈပ္ရွားသြားသည္။ သူမက ၿငိမ္းခ်မ္းစြာျဖင့္ အိပ္စက္ခဲ့ရၿပီး တက္ႂကြမႈအျပည့္ျဖင့္ ႏိုးထလာခဲ့သည္။ သူမက သူမ၏မ်က္ႏွာရွိ အနီစက္မ်ားဟာ ေပ်ာက္ကြယ္သြားၿပီျဖစ္ေၾကာင္း ေတြ႕လိုက္ရသည့္အတြက္ စိတ္အေျခအေနက ပိုေကာင္းသြားေတာ့သည္။
ဒီေန႔သူမက အမ်ိဳးသမီး အကယ္ဒမီသို႔ တရားဝင္တက္ေရာက္ရမည္ျဖစ္သည္။ သူမေစာေစာထျခင္းက ေနာက္က်မည္ကို စိုးရိမ္ေသာေၾကာင့္ျဖစ္သည္။ သူမက သခင္မႀကီးလုကို ဦးစြာသြား၍ ႏႈတ္ဆက္သည္။ သူမငါးရက္၊ ေျခာက္ရက္ခန႔္ေနမွ ျပန္လာရမည္ျဖစ္သည္။ ထို႔ေနာက္ လုရွီမင္ႏွင့္ ေဖးရွီတို႔ကိုလည္း သြားေရာက္ကာ ႏႈတ္ဆက္စကားေျပာၿပီး ထိုအခ်ိန္တြင္ လုရွန္းက်စ္ႏွင့္ဆုံသည္။
"ေယာင္ေယာင္ ဒီေန႔ အစ္ကိုႀကီးကမင္းကို အကယ္ဒမီကို လိုက္ပို႔ေပးခ်င္ေပမဲ့ ဆရာ႐ႊီဆီ သြားရမယ္။ ဒါေပမဲ့ မစိုးရိမ္ပါနဲ႔ အႀကီးဆုံးအစ္ကိုက ညီမေလးကို လိုက္ပို႔ေပးဖို႔ ေျပာထားတယ္"
လုရွန္းက်စ္က ယဲ့က်န္းကို အျပစ္မကင္းေသာ အမူအရာမ်ိဳးျဖင့္ေျပာသည္။
သူ၏ခံစားခ်က္ကို ေကာင္းမြန္သြားေစရန္အလို႔ငွာ ယဲ့က်န္းဟာ ေခါင္းညိတ္လိုက္သည္။
"ကိစၥမရွိပါဘူး အကယ္ဒမီက ေဝးတာမွမဟုတ္တာ။ အစ္ကိုႀကီးအေနနဲ႔ ဆရာ႐ႊီနဲ႔ပဲ ေကာင္းေကာင္း ေလ့လာသင့္တယ္"
လုရွန္းက်စ္က ညီမျဖစ္သူ၏ ပုခုံးကိုပုတ္သည္။
"ငါ့ရဲ႕ေယာင္ေယာင္ေလးက ပိုပိုၿပီး နားလည္မႈရွိလာတာပဲ"
"ညီမက အၿမဲတမ္း နားလည္မႈရွိၿပီးသားပါ"
ယဲ့က်န္းကသူ႔အား ေဒါသတႀကီးၾကည့္သည္။ သို႔ေသာ္ သူမ၏စိတ္ထဲတြင္မူ လုလင္က်စ္ကသူမကို လိုက္ပို႔မည့္ ကိစၥအတြက္ အံ့ၾသေနမိသည္။
သူကစစ္ပြဲကို သြားဖို႔အတြက္ ျပင္ဆင္ေနသင့္တာ မဟုတ္ဘူးလား။
အျပင္ဘက္တြင္ လုလင္က်စ္က အသင့္ေစာင့္ႏွင့္ေနၿပီျဖစ္သည္။ သူ၏ေျခေထာက္ ဒဏ္ရာဟာ အျပည့္အဝ မသက္သာေသးေသာ္လည္း ျမင္းစီး၍မရသည့္တိုင္ ရထားလုံးစီးရန္က ျပႆနာမရွိေခ်။
"ေယာင္ေယာင္ လာ အစ္ကိုႀကီးတို႔ သြားၾကစို႔"
ထိုစကားဟာသူ သူမကိုျမင္ခ်ိန္တြင္ ပထမဦးဆုံး ေျပာလိုက္ျခင္းျဖစ္သည္။
လုလင္က်စ္က ယဲ့က်န္း၏မ်က္ႏွာရွိ ေယာင္ကိုင္းမႈက ေလ်ာ့က်သြားၿပီျဖစ္ေၾကာင္း ေတြ႕လိုက္ရသည္။
ရထားလုံးထဲသို႔မဝင္ခင္ ယဲ့က်န္းဟာ သူ႔ကိုၿပဳံးျပသည္။ ထို႔ေနာက္ ထုံးတမ္းအစဥ္လာအတိုင္း ဂါရဝျပဳလာသည္။
"အႀကီးဆုံးအစ္ကို"
.....
Telegram မွာ အပိုင္း ၄၆၈အထိ ေရာက္ပါၿပီေနာ္။