ကျိနင်းလိုင်ကိုတပည့်အဖြစ်လက်ခံလိုက်ပြီးပေမဲ့ chapterကမပြီးသေးပဲဂိမ်းဆက်သွားနေသည်။
မသေဆုံးသေးတဲ့မိန်းကလေးလှလှလေးတွေကိုလိုင်ရဲ့အဖော်တွေအားစက်ဝိုင်းထဲကနေထုတ်ပေးပြီးမြေအောက်အကျဥ်းထောင်ထဲထည့်ထားရန်အမိန်.ပေးလိုက်သည်။သူတို့ကဓားစာခံတွေသာဖြစ်ပြီးလိုင်ဟာမှော်နက်ပညာရှင်ဖြစ်မလာသေးခင်ထိလွှတ်ပေးမှာမဟုတ်ပေ။
"ဆရာ,တခြားညွှန်ကြားချက်များရှိသေးလား?"
ငွေရောင်ဆံပင်နဲ့ကောင်လေးကသူ့ဘေားမှာရပ်ပြီးနူးညံ့တဲ့လေသံနဲ့ပြောသည်။သူတပည့်ဖြစ်လာတဲ့အပေါ်မှာမကျေမနပ်ဖြစ်နေတဲ့အရိပ်အယောင်မျိုးမရှိပေ။
ကျိနင်းသူ့ကိုကြည့်လိုက်ပြီးလက်ကိုဝှေ့ရမ်းလိုက်သည်, "ဘုရားကျောင်းကအဝတ်တွေမဝတ်နဲ့တော့ လဲလိုက်"
"ဟုတ်ကဲ့"
လိုင်ကသဘောတူလိုက်ပြီးကျန်ရှိနေသေးတဲ့မသေဆုံးသေးသောမိန်းကလေးများနှင့်အခြားအခန်းသို့လိုက်သွားသည်။ကျိနင်းသူထွက်ပြေးသွားမှာကိုစိတ်မပူပေ။သူ့အဖော်တွေကမြေအောက်အခန်းထဲမှာပိတ်မိနေဆဲဖြစ်ပြီးမှော်နက်ပညာရှင်၏အစွမ်းနှင့်သာဖွင့်နိုင်သည်။
ကျိနင်းအခန်းထဲမှာတစ်ယောက်တည်းရပ်နေသည်။သူရပ်နေပြီးတအောင့်လောက်အလေးအနက်တွေးနေသည်။စဥ်းစားလေဒီဂိမ်းကထူးဆန်းသလိုခံစားရလေဖြစ်နေသည်။
ဒီဂိမ်းရဲ့စတင်ဖြစ်ပေါ်လာပုံကသံသယဝင်စရာကောင်းတာကိုသိပြီးသားပေမဲ့သူတွေးထားတာထက်ကိုထူးဆန်းလွန်းနေသည်။ကျိုးကြောင်းမဆီလျော်တဲ့ရွေးချယ်စရာတွေနဲ့လိုင်ရဲ့ပုံမှန်မဟုတ်တဲ့နာခံမှုကသူ့ကိုမသက်မသာဖြစ်စေသည်။
ဒါကလိုင်ကိုယ်တိုင်လုပ်ထားတဲ့ဂိမ်းတော့မဟုတ်ဘူးမလား?
ဇာတ်လိုက်တွေတစ်ယောက်ပြီးတစ်ယောက်ပေါ်လာတာကိုတွေ့ကြုံပြီးတဲ့နောက်မှာကျိနင်းသံသယမဖြစ်ပဲမနေနိုင်ပေ။သို့သော်ဒီဂိမ်းရဲ့ရည်ရွယ်ချက်ကိုနားမလည်နိုင်။လိုင်ရဲ့နတ်ဘုရားလိုအစွမ်းနဲ့သာဆိုကျိနင်းကို တိုက်ရိုက်ရှာတွေ့နိင်သည်။
ဒီကမ္ဘာကသူ့ရဲ့"ဂိမ်းဆက်တင်"နဲ့ကန့်သတ်ခံထားရတာလား?လိုင်ကကုချန်ကမ္ဘာထဲကကျိနင်းစီရောက်လာဖို့ဂိမ်းကိုပြီးမြောက်မှာဖြစ်မှာလား?
ကျိနင်းသီအိုရီတွေကိုသုံးသပ်နေစဥ်မှာပဲမျက်စိရှေ့မှာစာကြောင်းတစ်ကြောင်းပေါ်လာသည်။
(ကစားသူမှာဂိမ်းနှင့်ပတ်သတ်ပြီးမေးခွန်းများရှိ FAQs sectionမှာအကူအညီကိုရှာဖွေနိုင်ပါသည်)
စာလုံးတွေပြောင်းသွားပြီးကျိနင်းဘေးပတ်ပတ်လည်မှာရွေးချယ်စရာတွေပေါ်လာသည်။လိုက်ကြည့်လိုက်ပြီး "ဒါဘာဂိမ်းအမျိုးအစားလဲ?" ဆိုတဲ့မေးခွန်းကိုတွေ့တဲ့အခါမှာရွေးချယ်လိုက်သည်။
(Dark Kingdom of Heavenဟာအနောက်တိုင်းအပြင်အဆင်အတိုင်းရေးဆွဲထားသည့်အချစ်ရိုမန့်ဂိမ်းသက်သက်ဖြစ်ပါသည်။မှော်နက်ပညာရှင်အိုင်ဒိုလန်အဖြစ်ကစားသူဟာသူ့ရဲ့တပည့်ဖြစ်သည့်လိုင်ဆန်ဂါနှင့်အတူတားမြစ်ထားသည့်စိတ်ကူးယဥ်အချစ်ကိစ္စတွေကိုကြုံတွေ့ရမှာဖြစ်သည်။ဤဂိမ်း၏အခြေခံဂိုးလ်ဟာထာဝရတည်ရှိနေမည့်အဆုံးသတ်ကိုရရှိရန်ဖြစ်ပါသည်...)
ကျိနင်းစာကိုပိတ်လိုက်သည်။
အချစ်သီးသန့်ဂိမ်းဆိုမှတော့ရွေးချယ်စရာတွေကတုန်လှုပ်ဖွယ်ကောင်းနေတာအံ့ဩစရာမရှိတော့ပေ။အချစ်သက်သက်ဂိမ်းတွေအကုန်လုံးကဒီလိုပုံမှန်မဟုတ်တဲ့ပွတ်သီးပွတ်သပ်လုပ်တာတွေရှိတာလား?
ကျိနင်းဇာတ်လိုက်တော်တော်များများကိုဆွဲဆောင်ဖူးပေမဲ့ဒီလိုအချစ်သီးသန့်ပုံစံမျိုးနဲ့တော့မဟုတ်သလိုစိတ်လည်းမဝင်စားခဲ့ပေ။ဒီအချိန်မှာတော့ဂိမ်းရဲ့နိဒါန်းကိုနားမလည်သောကြောင့်သူ့ရဲ့အဓိပ္ပာယ်ကိုခပ်ရေးရေးသာမှန်းဆနိုင်သည်။
ထို့နောက် "ခေါင်းစဥ်ဖော်ပြချက်" ကိုရွေးချယ်လိုက်သည်။
ဖော်ပြချက်ထဲမှာchapterတစ်ခုချင်းစီရဲ့ကြာချိန်ဟာနာရီအနည်းငယ်,ရက်ဒါမှမဟုတ်လနဲ့အလိုက်ကွဲပြားနိုင်ကြောင်းနှင့်ဂိမ်းအတွင်းအချိန်ကုန်ဆုံးမှုကပြင်ပကမ္ဘာနှင့်ကွဲပြားသည့်အတွက်ကစားသူများကတကယ့်ဘဝမှာအချိန်အများကြီးကုန်မှာစိတ်ပူစရာမလိုကြောင်းရှင်းပြထားသည်။
အခြားမေးခွန်းများကိုဖတ်ပြီးသည့်နောက်မှာကျိနင်းဂိမ်းရဲ့အခြေခံလောက်ကိုနားလည်သွားပြီးFAQကိုပိတ်လြိက်သည်။
လိုင်ဟာဒီဂိမ်းနဲ့ပတ်သတ်နေလိမ့်မယ်လို့သံသယရှိနေဆဲဖြစ်ပြီးလောလောဆယ်တော့သက်သေမရှိသေးပေ။နောက်ထပ်လေ့လာရဦးမည်ဖြစ်သည်။
လိုင်ကဒီဂိမ်းနဲ့ဆက်သွယ်နေရင်တောင်မှသူလုပ်နိုင်တာဘာမှမရှိပေ။ဇာတ်လိုက်အသစ်တိုးလာတာဖြစ်ဖြစ်လျော့သွားတာဖြစ်ဖြစ်အခုချိန်မှာတော့မထူးခြားတော့ပေ။
တံခါးခေါက်သံကြားလိုက်ရသည်။ဝင်လာဖို့ခွင့်ပြုချက်ရပြီးတဲ့နောက်မှာအဝတ်အစားလဲပြီးတဲ့လိုင်ကအခန်းထဲဝင်လာသည်။လိုင်ကဦးညွှတ်ပြီး"ဆရာ"ဟုခေါ်သည်။
ကျိနင်းနှင့်အတူနေသည့်ကောင်မလေးနှစ်ယောက်ကအလွန်ထည်ဝါလွန်းသောအဝတ်အစားတွေကိုနှစ်သက်ကြသည်။သူတို့လိုင်အတွက်ရှာလာပေးသည့်အဝတ်အစားတွေကခန့်ညားသည်။အပြာရင့်ရောင့်ဝတ်ရုံရှည်ကသူ့ကိုယ်ပေါ်မှာအံကိုက်ဖြစ်နေပြီးသူ့ရဲ့အရပ်ရှည်ပြီးအင်အားတောင့်တင်းသည့်ခန္ဓာကိုယ်ကိုပေါ်လွင်စေသည်။ကျောက်ဖြင့်ပြုလုပ်ထားသည့်လက်ကြယ်သီးများကလည်းကြယ်တွေလိုတောက်ပနေကြသည်။
ထိုဝတ်စုံကသူ့ရဲ့သန်စင်ပြီးဂုဏ်ယူစရာကောင်းသည့်သူရဲကောင်းဝတ်စုံရဲ့အရှိန်အဝါကိုပျောက်သွားစေပြီးအဆင့်အတန်းမြင့်သခင်လေးတစ်ယောက်ဟန်ပေါ်စေသည်။ကျိနင်းသူနဲ့လိုက်တယ်လို့ထင်မိသည်။ကြည့်ကောင်းတဲ့သူတွေကတော့ဘာနဲ့ဖြစ်ဖြစ်ကြည့်ကောင်းနေတာပင်။
သို့သော်ကျိနင်းရဲ့မူလရည်ရွယ်ချက်ကလိုင်ကိုအဝတ်အစားလဲခိုင်းဖို့မဟုတ်ပေ။ညနက်နေပြိဖြစ်ပြီးလိုင်ကိုအိပ်စေချင်ပြီ။
လိုင်ကိုအိပ်ဖို့အမိန့်ပေးတော့မည့်အချိန်မှာပင်အရှေ့မှာစာကြောင်းတစ်ခုပေါ်လာပြန်သည်။
(လိုင်ကသင့်ရဲ့တပည့်ဖြစ်သွားပါပြီ။ညဘက်အနားမယူခင်မှာလိုင်စီကနေအလင်းဒြပ်စင်တွေကိုထုတ်ပစ်ပြီးအမှောင်ဒြပ်စင်တွေကိုသွင်းပေးရမည်)
အလင်းဘုရားကျောင်း၏တပည့်ဖြစ်ခဲ့သည့်အတွက်လိုင်ကအလင်းမှော်ပညာကိုပဲသုံးခဲ့သည်။သူသာမသေဆုံးနိုင်မဲ့မှော်ပညာကိုအသုံးပြုနိုင်ချင်ရင်အလင်းဒြပ်စင်တွေအားလုံးဖယ်ရှားပစ်ကာအမှောင်ဒြပ်စင်တွေကိုစုပ်ယူရမည်။
ဒြပ်စင်တွေလဲလှယ်တာကမသေပေမဲ့အလွန်နာကျင်စေလိမ့်မည်။လိုင်ဆန်ဂါမူရင်းဝတ္ထု "ရဲ့လင်း" ထဲမှာခံစားခဲ့ရသည့်ကူးပြောင်းခြင်းနည်းလမ်းကပိုပြီးကြမ်းတမ်းကာရက်စက်သည်။ကူးပြောင်းခြင်းဖြစ်စဥ်ပြီးဆုံးချိန်မှာသူ့ရဲ့အသက်စွမ်းအင်တဝက်လောက်လောင်ကျွမ်းသွားခဲ့သည်။
(ဒြပ်စင်တစ်ခုကိုဖယ်ရှားရတာဟာနာကျင်ပါသည်။သို့သော်လိုင်ကိုသင်သာကူးပြောင်းပေးဖို့ကူညီမယ်ဆိုရင်နာကျင်မှုကိုသက်သာစေနိုင်ပါသည်။နည်းလမ်းနှစ်ခုရှိပါသည်။ဆုံးဖြတ်ပါ။)
(တစ် လိုင်ကိုသင့်ရဲ့အိပ်ခန်းထဲခေါ်သွားပြီးကုတင်ပေါ်မှာထိုင်ကာရင်းနှီးသောထိတွေ့မှုဖြင့်ဒြပ်စင်တွေကိုဖယ်ရှားပေးပါ)
(နှစ် လိုင်ကိုသင့်အိပ်ခန်းထဲခေါ်သွားပြီးကုတင်ပေါ်မှာလှဲကာအလွန်ရင်းနှီးလွန်းသောအထိအတွေ့ဖြင့်ဒြပ်စင်ကိုဖယ်ရှားပေးပါ)
...
ဒီနှစ်ခုကဘာကွာလို့လဲ?
(ပထမနည်းလမ်းကဒြပ်စင်ပြောင်းလဲမှုကိုအနမ်းဖြင့်ပြီးမြောက်အောင်ပြုလုပ်မှာဖြစ်ပြီးနာကျင်မှုကိုသုံးပုံတစ်ပုံလျှော့ချပေးပါသည်)
(ဒုတိယနည်းလမ်းကဒြပ်စင်ကို.....နည်းလမ်းဖြင့်ဖယ်ရှားမှာဖြစ်ပြီးနာကျင်မှုအားလုံးကိုကာကွယ်ပေးနိုင်ပါသည်) *ဟန်နာချန်တာမဟုတ်ပါဘူးနော် သူကကိုအဲ့လိုပဲရေးထားတာပါ ဘာလဲဆိုတာသိမှာပါ🫥 *
(ဒုတိယတစ်ခုကိုရွေးချယ်ဖို့အကြံပြုပါသည်)
ကျိနင်းအကြံပေးမှုကိုလျစ်လျူရှုကာနမ်းတဲ့ဟာကိုရွေးလိုက်သည်။ဒုတိယတစ်ခုကကြောက်စရာကြီးဘယ်လိုလုပ်ဆင်ဆာဖြတ်ထားတဲ့အတုံးတွေအများကြီးရှိနေတာလဲ?
"ငါနဲ့လိုက်ခဲ့"
ကျိနင်းကောင်လေးကိုလက်ဟန်ပြကာအိပ်ခန်းထဲဦးဆောင်ခေါ်သွားသည် "မင်းကိုကိုယ်အတွင်းကဒြပ်စင်တွေကိုကူပြီးပြောင်းပေးမယ်။ဒါကမှော်နက်ပညာရှင်တစ်ယောက်ဖြစ်လာဖို့အခြေခံပဲ။ အသင့်ပြင်ထား နာလိမ့်မယ်"
ပြောနေရင်းမှအပေါ်ဝတ်ကိုချွတ်လိုက်သည်။ရှပ်အင်္ကျီပါးပါးပဲဝတ်ထားပြီးကုတင်ပေါ်ထိုင်ကာကောင်လေးဘက်ကိုလှည့်လိုက်သည်။
"...ဟုတ်ကဲ့ ဆရာ"
လိုင်လှုပ်ရှားမှုတွေရပ်သွားပြီးအမူအရာကနည်းနည်းပြောင်းသွားသည်။သို့သော်အဝတ်အစားတွေကိုမြန်မြန်ပဲချွတ်လိုက်သည်။ အပေါ်ဝတ်ကိုချွတ်ပြီးချိန်မှာကျန်တာတွေပါဆက်ချွတ်မည့်ဟန်ပြင်နေသည်။
"ရပြီ" ကျိနင်းလိုင်ကရှပ်အင်္ကျီကြယ်သီးတွေကိုစချွတ်နေတာမြင်တော့အလျင်အမြန်ပဲတားလိုက်ရသည်။ "ငါ့ရဲ့အဝတ်အစားတွေမညစ်ပတ်စေချင်ဘူး ဒီကိုလာပြီးထိုင်"
လိုင်ကခေါင်းညိတ်လိုက်ပြီးကြယ်သီးပြန်တပ်ကာကျိနင်းဘေးလာထိုင်သည်။
"ဘာလုပ်ပေးရမလဲ"
"မျက်လူံးမှိတ်ထား"
ကျိနင်းတိုတိုပဲညွှန်ကြားလိုက်သည်။လိုင်ကနာခံစွာပင်မျက်လုံးမှိတ်သွားသည်။ကျိနင်းရှေ့တိုးသွားပြီးသူ့နှုတ်ခမ်းတွေကိုနမ်းလိုက်သည်။လိုင်ရဲ့အထဲကိုအမှောင်ဒြပ်စင်တွေကိုဖြေးဖြေးချင်းထည့်ပေးနေပြီးအလင်းဒြပ်စင်တွေကိုကြိတ်ချေပစ်သည်။
ပြင်းထန်သောအမှောင်ဒြပ်စင်တွေဟာသူ့ကိုယ်ထဲကိုအလုံးအရင်းဝင်ရောက်လာပြိးအလင်းဒြပ်စင်တွေကိုဖျက်ဆီးပစ်သည်။လိုင်ရဲ့မျက်နှာကဖြူဖျော့သွားပြီးနဖူးမှချွေးတွေစီးကျလာသည်။အသက်ရှုသံတွေပြင်းထန်လာပေမဲ့နာကျင်မှုအကြောင်းတစ်ခွန်းမဟဘဲအမှောင်ဒြပ်စင်ကသယ်ဆောင်လာသည့်ပြောင်းလဲမှုတွေကိုလက်ခံနေသည်။
ကျိနင်းအရှိန်ကိုတမင်နှေးလိုက်သည်။သို့မှသာနာကျင်မှုမပြင်းထန်မှာဖြစ်သည်။တဝက်မှာရပ်လိုက်ပြီးလိုင်ကိုတအောင့်လောက်နားဖို့ပြောလိုက်သည်။သို့သော်လိုင်ကသူ့ရဲ့အကြံပေးချက်ကိုငြင်းပယ်လိုက်သည်။
"အဆင်ပြေပါတယ် ဆရာ ကျွန်တော်လက်ခံနိုင်ပါတယ်"
လိုင်ရဲ့အသက်ရှုနှုန်းတွေကနည်းနည်းမြန်နေပြီးကျိနင်းကိုပြုံးပြကာခါးကနေအနားကိုဆွဲလိုက်သည်။သူ့ကိုလက်မောင်းတွေကြားပိတ်လှောင်ကာအနမ်းအတွက်စိတ်အားထက်သန်စွာတောင်းဆိုသည်။
ဘာလို့အရမ်းပျော်နေပုံပေါက်နေတာလဲ...
အလင်းဒြပ်စင်ကနေအမှောင်ဒြပ်စင်ကိုကူးပြောင်းတဲ့ဖြစ်စဥ်ကိုအာရုံစိုက်ထားနေစဥ်မှာပဲထိုအတွေးကဝင်လာသည်။ပြောင်းလဲမှုပြီးတဲ့အခါမှာကျိနင်းချွေးေတွထွက်နေပြီးသူ့အဆုတ်တွေပျက်စီးသွားတော့မလိုခံစားနေရသည်။
"ကျေးဇူးအများကြီးတင်ပါတယ်ဆရာ"
ငွေရောင်ဆံနွယ်တွေနှင့်ကောင်လေးကအိပ်ရာပေါ်ပြိုကျသွားပြီးချောမောတဲ့မျက်နှာမှာသွေးဆုတ်နေသည်။သူ့ရဲ့ရင်ဘတ်ကပြင်းထန်စွာတက်လိုက်ကျလိုက်ဖြစ်နေပြီးကျိနင်းကိုပြုံးပြဖို့ကြိုးစားနေသည်။သို့သော်ပြောင်းလဲမှုမှာကုန်သွားတဲ့စွမ်းအင်တွေအတွက်တအောင့်လောက်တော့အနားယူရမယ်ဆိုတာသိသာနေပါသည်။
ကျိနင်းရေချိုးချင်ပေမဲ့ဒါကသုံးဖက်မြင်ဖြစ်တာကိုသတိရသွားတာကြာင့်အင်္ကျီတွေကိုချွတ်ပစ်တာအကြံကောင်းမဟုတ်ပေ။သူသာရေကန်နားရောက်သွားရင် "လိုင်နဲ့အတူရေချိုးပါ" ဆိုတာလိုမျိုးကြောက်စရာရွေးချယ်စရာတွေပေါ်လာနိုင်သည်။ထို့ကြောင့်သန့်ရှင်းရေးဂါထာကိုရွတ်လိုက်ပြီးသူနဲ့လိုင်ရဲ့ကိုယ်တွေကိုချက်ချင်းဆေးကြောသန့်စင်လိုက်သည်။
အရောင်မျိုးစုံရှိတဲ့ပုလင်းေတွထဲကနေဆေးရည်တစ်ပုလင်းကိုလိုင့်စီပစ်ပေးလိုက်ပြီး "သောက်လိုက် ပြီးရင်သွားလို့ရပြီ ငါ့အစေခံတွေမင်းကိုအခန်းစီပို့ပေးလိမ့်မယ်"
ထိုဆေးရည်ကခွန်အားကိုပြန်လည်ထိန်းသိမ်းပေးသည့်ဆေးရည်ဖြစ်သည်။လိုင်တစ်ခါသောက်လိုက်သည်နှင့်သူ့ရဲ့အသားအရည်ကသိသိသာသာတိုးတက်လာသည်။
သူကကုတင်ပေါ်ကထလိုက်ပြီးလှပသည့်မှော်နက်သုံးစွဲသူကိုစိုက်ကြည့်နေပြီးမထွက်သွားပေ။သူကမှော်နက်ပညာရှင်၏ရှပ်အင်္ကျီအနားစကိုဆွဲလိုက်ပြီးနူးညံ့စွာပြောလာသည် "ဆရာ ကျွန်တော်ဖက်လို့ရမလား?"
ကျိနင်းသီးသွားပြီးသူ့မျက်လုံးေတွကအံ့ဩမှုကြောင့်ပြူးကျယ်သွားသည်။ဒီကလေးနည်းနည်းကျူးကျော်လာပြီ။သူ့ရှေ့မှာရှိနေတာကအလွန်အန္တရယ်ရှိတဲ့မှော်နက်ပညာရှင်ဆိုတာနားမလည်ဘူးလား?
"ဆရာကတကယ်တော့အလွန်နူးညံ့တဲ့သူတစ်ယောက်ဆိုတာသိပါတယ်"
သူရဲ့ဆရာကဘယ်လောက်ထိရက်စက်တတ်လဲဆိုတာနားမလည်သယောင်ပြုံးပြီးသူကပြောသည်။
"ဆရာကကျွန်တော့သူငယ်ချင်းတွေကိုသုံးပြီးခြိမ်းခြောက်ပေမဲ့တကယ်တော့သူတို့ကိုနာကျင်အောင်မလုပ်ခဲ့ဖူး။အဲ့ဒီ့ရွာမှာပြဿနာတွေပြုလုပ်ခဲ့ပေမဲ့ဘယ်သူမှဒဏ်ရာမရသလိုသေဆုံးသူလည်းမရှိခဲ့ဘူးကျွန်တော့အပေါ်မှာလည်းကြင်နာတယ်။အခုလေးတင်ပဲသက်သာစေတဲ့ဆေးရည်ပေးလိုက်တယ်လေ"
"..." ကျိနင်းပြောလိုက်သည် "ငါကအကျိုးမရှိတာတွေမလုပ်ဖူး"
"ဒါပေမဲ့ကိုယ့်တပည့်ကိုဖက်တာကလည်းအကျိုးရှိတဲ့ဟာပဲမဟုတ်ဖူးလား?" လိုင်ကမေးသည်။
(လိုင်ကဖက်ရန် ေတာင်းဆိုပါသည် ရွေးချယ်ပါ)
(တစ် သူ့ကိုငြင်သာစွာကိုင်ထားပြီးခေါင်းလေးကိုသပ်ပေးပါ)
(နှစ် သူ့ကိုမင်းရဲ့ကိုယ်နဲ့သက်သောင့်သက်သာဖြစ်အောင်လုပ်ပေးပါ)
...
တအောင့်လောက်တိတ်သွားပြီးတဲ့နောက်မှာငွေရောင်ဆံနွယ်နှင့်ကောင်လေးကညင်သာစွာအဖက်ခံလိုက်ရသည်။အေးစက်တဲ့လက်တစ်စုံကသူ့ဆံပင်တွေကိုပွတ်သပ်ပေးပြီးနားထဲကိုနူးညံ့သည့်အသံေလးဝင်လာသည်။
"သွားအိပ်တော့လိုင်"
"ကောင်းပါပြီဆရာ ကောင်းသောညပါ"
ကောင်မ ေလးတွေရဲ့ဦးဆောင်မှုနဲ့အတူကောင်လေးကမှော်နက်ပညာရှင်ရဲအခန်းထဲကနေထွက်သွားသည်။
လှပတဲ့ကောင်မလေးနှစ်ယောက်ကမျှော်စင်ရဲ့အပေါ်ကိုတက်သွားပေမဲ့ကောင်လေးကတော့ဆန့်ကျင်ဘက်ကိုထွက်သွားသည်။မျှော်စင်ရဲ့အောက်ခြေပိုင်းကိုဖြေးဖြေးချင်းဆင်းသွားပြီးမှော်နက်ပညာရှင်တွေသာဝင်နိုင်ခွင့်ရှိသည့်မြေအောက်အကျဥ်းခန်းထဲကိုဝင်သွားသည်။
ဗလာဖြစ်နေတဲ့မြေအောက်အကျဥ်းခန်းထဲမှာဆူညံ့မှုသေးသေးလေးတွေကအစကျောက်တုံးနရံကနေတုန်ခါနေသည်။အကျဥ်းချခံထားရတဲ့ဆယ်ကျော်သက်လေးသုံးယောက်ကကောင်လေးလာနေတာကိုကြားလိုက်ရသည်။
"လိုင် မြန်မြန် ဒီယုတ်မာတဲ့မှော်နက်ပညာရှင်စီကနေထွက်ပြေးရအောင်"
"ဘယ်လိုများမင်းကိုသူ့တပည့်လုပ်အောင်ဖိအားပေးရတာလဲ"
လိုင်နံရံကိုမှီလိုက်ပြီးအခန်းထဲကသုံးယောက်ကိုကြည့်နေလိုက်သည်။လက်ချောင်းနဲ့ဆက်ကနဲတောက်လိုက်တဲ့အချိန်မှာသုံးယောက်လုံးအငွေ့ပျံသွားကြပြီးအခန်းထဲမှာတိတ်ဆိတ်သွားသည်။
မျက်လုံးတွေကိုမှိတ်ထားပြီးနံရံကိုအကြာကြီးခေါင်းမှီထားသည်။ချိုသာတဲ့တစ်ခုခုကိုမှတ်မိသွားသလိုမျိုးသူ့မျက်နှာမှာအပြုံးရေးရေးပေါ်လာပြီးတိုးတိုးလေးေရရွတ်လိုက်သည်။
"ဒီတစ်ခါကိုယ်တို့ကိုဘယ်သူမှမခွဲနိုင်တော့ဘူး ဆရာ"
Tbc🐣
ဇာတ်လိုက်တွေကတစ်ယောက်တစ်မျိုးကိုမရိုးရဘူး ရွေးချယ်စရာတွေကလည်းပြန်ရင်းနဲ့တောင်အူတက်နေရတယ် ဖတ်ပေးကြတဲ့အတွက်ကျေးဇူးပါနော် အားလုံးပဲ
Zawgyi
က်ိနင္းလိုင္ကိုတပည့္အျဖစ္လက္ခံလိုက္ၿပီးေပမဲ့ chapterကမၿပီးေသးပဲဂိမ္းဆက္သြားေနသည္။
မေသဆုံးေသးတဲ့မိန္းကေလးလွလွေလးေတြကိုလိုင္ရဲ႕အေဖာ္ေတြအားစက္ဝိုင္းထဲကေနထုတ္ေပးၿပီးေျမေအာက္အက်ဥ္းေထာင္ထဲထည့္ထားရန္အမိန္.ေပးလိုက္သည္။သူတို႔ကဓားစာခံေတြသာျဖစ္ၿပီးလိုင္ဟာေမွာ္နက္ပညာရွင္ျဖစ္မလာေသးခင္ထိလႊတ္ေပးမွာမဟုတ္ေပ။
"ဆရာ,တျခားၫႊန္ၾကားခ်က္မ်ားရွိေသးလား?"
ေငြေရာင္ဆံပင္နဲ႔ေကာင္ေလးကသူ႔ေဘားမွာရပ္ၿပီးႏူးညံ့တဲ့ေလသံနဲ႔ေျပာသည္။သူတပည့္ျဖစ္လာတဲ့အေပၚမွာမေက်မနပ္ျဖစ္ေနတဲ့အရိပ္အေယာင္မ်ိဳးမရွိေပ။
က်ိနင္းသူ႔ကိုၾကည့္လိုက္ၿပီးလက္ကိုေဝွ႔ရမ္းလိုက္သည္, "ဘုရားေက်ာင္းကအဝတ္ေတြမဝတ္နဲ႔ေတာ့ လဲလိုက္"
"ဟုတ္ကဲ့"
လိုင္ကသေဘာတူလိုက္ၿပီးက်န္ရွိေနေသးတဲ့မေသဆုံးေသးေသာမိန္းကေလးမ်ားႏွင့္အျခားအခန္းသို႔လိုက္သြားသည္။က်ိနင္းသူထြက္ေျပးသြားမွာကိုစိတ္မပူေပ။သူ႔အေဖာ္ေတြကေျမေအာက္အခန္းထဲမွာပိတ္မိေနဆဲျဖစ္ၿပီးေမွာ္နက္ပညာရွင္၏အစြမ္းႏွင့္သာဖြင့္ႏိုင္သည္။
က်ိနင္းအခန္းထဲမွာတစ္ေယာက္တည္းရပ္ေနသည္။သူရပ္ေနၿပီးတေအာင့္ေလာက္အေလးအနက္ေတြးေနသည္။စဥ္းစားေလဒီဂိမ္းကထူးဆန္းသလိုခံစားရေလျဖစ္ေနသည္။
ဒီဂိမ္းရဲ႕စတင္ျဖစ္ေပၚလာပုံကသံသယဝင္စရာေကာင္းတာကိုသိၿပီးသားေပမဲ့သူေတြးထားတာထက္ကိုထူးဆန္းလြန္းေနသည္။က်ိဳးေၾကာင္းမဆီေလ်ာ္တဲ့ေ႐ြးခ်ယ္စရာေတြနဲ႔လိုင္ရဲ႕ပုံမွန္မဟုတ္တဲ့နာခံမႈကသူ႔ကိုမသက္မသာျဖစ္ေစသည္။
ဒါကလိုင္ကိုယ္တိုင္လုပ္ထားတဲ့ဂိမ္းေတာ့မဟုတ္ဘူးမလား?
ဇာတ္လိုက္ေတြတစ္ေယာက္ၿပီးတစ္ေယာက္ေပၚလာတာကိုေတြ႕ႀကဳံၿပီးတဲ့ေနာက္မွာက်ိနင္းသံသယမျဖစ္ပဲမေနႏိုင္ေပ။သို႔ေသာ္ဒီဂိမ္းရဲ႕ရည္႐ြယ္ခ်က္ကိုနားမလည္ႏိုင္။လိုင္ရဲ႕နတ္ဘုရားလိုအစြမ္းနဲ႔သာဆိုက်ိနင္းကို တိုက္႐ိုက္ရွာေတြ႕နိင္သည္။
ဒီကမာၻကသူ႔ရဲ႕"ဂိမ္းဆက္တင္"နဲ႔ကန႔္သတ္ခံထားရတာလား?လိုင္ကကုခ်န္ကမာၻထဲကက်ိနင္းစီေရာက္လာဖို႔ဂိမ္းကိုၿပီးေျမာက္မွာျဖစ္မွာလား?
က်ိနင္းသီအိုရီေတြကိုသုံးသပ္ေနစဥ္မွာပဲမ်က္စိေရွ႕မွာစာေၾကာင္းတစ္ေၾကာင္းေပၚလာသည္။
(ကစားသူမွာဂိမ္းႏွင့္ပတ္သတ္ၿပီးေမးခြန္းမ်ားရွိ FAQs sectionမွာအကူအညီကိုရွာေဖြႏိုင္ပါသည္)
စာလုံးေတြေျပာင္းသြားၿပီးက်ိနင္းေဘးပတ္ပတ္လည္မွာေ႐ြးခ်ယ္စရာေတြေပၚလာသည္။လိုက္ၾကည့္လိုက္ၿပီး "ဒါဘာဂိမ္းအမ်ိဳးအစားလဲ?" ဆိုတဲ့ေမးခြန္းကိုေတြ႕တဲ့အခါမွာေ႐ြးခ်ယ္လိုက္သည္။
(Dark Kingdom of Heavenဟာအေနာက္တိုင္းအျပင္အဆင္အတိုင္းေရးဆြဲထားသည့္အခ်စ္႐ိုမန႔္ဂိမ္းသက္သက္ျဖစ္ပါသည္။ေမွာ္နက္ပညာရွင္အိုင္ဒိုလန္အျဖစ္ကစားသူဟာသူ႔ရဲ႕တပည့္ျဖစ္သည့္လိုင္ဆန္ဂါႏွင့္အတူတားျမစ္ထားသည့္စိတ္ကူးယဥ္အခ်စ္ကိစၥေတြကိုႀကဳံေတြ႕ရမွာျဖစ္သည္။ဤဂိမ္း၏အေျခခံဂိုးလ္ဟာထာဝရတည္ရွိေနမည့္အဆုံးသတ္ကိုရရွိရန္ျဖစ္ပါသည္...)
က်ိနင္းစာကိုပိတ္လိုက္သည္။
အခ်စ္သီးသန႔္ဂိမ္းဆိုမွေတာ့ေ႐ြးခ်ယ္စရာေတြကတုန္လႈပ္ဖြယ္ေကာင္းေနတာအံ့ဩစရာမရွိေတာ့ေပ။အခ်စ္သက္သက္ဂိမ္းေတြအကုန္လုံးကဒီလိုပုံမွန္မဟုတ္တဲ့ပြတ္သီးပြတ္သပ္လုပ္တာေတြရွိတာလား?
က်ိနင္းဇာတ္လိုက္ေတာ္ေတာ္မ်ားမ်ားကိုဆြဲေဆာင္ဖူးေပမဲ့ဒီလိုအခ်စ္သီးသန႔္ပုံစံမ်ိဳးနဲ႔ေတာ့မဟုတ္သလိုစိတ္လည္းမဝင္စားခဲ့ေပ။ဒီအခ်ိန္မွာေတာ့ဂိမ္းရဲ႕နိဒါန္းကိုနားမလည္ေသာေၾကာင့္သူ႔ရဲ႕အဓိပၸာယ္ကိုခပ္ေရးေရးသာမွန္းဆႏိုင္သည္။
ထို႔ေနာက္ "ေခါင္းစဥ္ေဖာ္ျပခ်က္" ကိုေ႐ြးခ်ယ္လိုက္သည္။
ေဖာ္ျပခ်က္ထဲမွာchapterတစ္ခုခ်င္းစီရဲ႕ၾကာခ်ိန္ဟာနာရီအနည္းငယ္,ရက္ဒါမွမဟုတ္လနဲ႔အလိုက္ကြဲျပားႏိုင္ေၾကာင္းႏွင့္ဂိမ္းအတြင္းအခ်ိန္ကုန္ဆုံးမႈကျပင္ပကမာၻႏွင့္ကြဲျပားသည့္အတြက္ကစားသူမ်ားကတကယ့္ဘဝမွာအခ်ိန္အမ်ားႀကီးကုန္မွာစိတ္ပူစရာမလိုေၾကာင္းရွင္းျပထားသည္။
အျခားေမးခြန္းမ်ားကိုဖတ္ၿပီးသည့္ေနာက္မွာက်ိနင္းဂိမ္းရဲ႕အေျခခံေလာက္ကိုနားလည္သြားၿပီးFAQကိုပိတ္ႀလိက္သည္။
လိုင္ဟာဒီဂိမ္းနဲ႔ပတ္သတ္ေနလိမ့္မယ္လို႔သံသယရွိေနဆဲျဖစ္ၿပီးေလာေလာဆယ္ေတာ့သက္ေသမရွိေသးေပ။ေနာက္ထပ္ေလ့လာရဦးမည္ျဖစ္သည္။
လိုင္ကဒီဂိမ္းနဲ႔ဆက္သြယ္ေနရင္ေတာင္မွသူလုပ္ႏိုင္တာဘာမွမရွိေပ။ဇာတ္လိုက္အသစ္တိုးလာတာျဖစ္ျဖစ္ေလ်ာ့သြားတာျဖစ္ျဖစ္အခုခ်ိန္မွာေတာ့မထူးျခားေတာ့ေပ။
တံခါးေခါက္သံၾကားလိုက္ရသည္။ဝင္လာဖို႔ခြင့္ျပဳခ်က္ရၿပီးတဲ့ေနာက္မွာအဝတ္အစားလဲၿပီးတဲ့လိုင္ကအခန္းထဲဝင္လာသည္။လိုင္ကဦးၫႊတ္ၿပီး"ဆရာ"ဟုေခၚသည္။
က်ိနင္းႏွင့္အတူေနသည့္ေကာင္မေလးႏွစ္ေယာက္ကအလြန္ထည္ဝါလြန္းေသာအဝတ္အစားေတြကိုႏွစ္သက္ၾကသည္။သူတို႔လိုင္အတြက္ရွာလာေပးသည့္အဝတ္အစားေတြကခန႔္ညားသည္။အျပာရင့္ေရာင့္ဝတ္႐ုံရွည္ကသူ႔ကိုယ္ေပၚမွာအံကိုက္ျဖစ္ေနၿပီးသူ႔ရဲ႕အရပ္ရွည္ၿပီးအင္အားေတာင့္တင္းသည့္ခႏၶာကိုယ္ကိုေပၚလြင္ေစသည္။ေက်ာက္ျဖင့္ျပဳလုပ္ထားသည့္လက္ၾကယ္သီးမ်ားကလည္းၾကယ္ေတြလိုေတာက္ပေနၾကသည္။
ထိုဝတ္စုံကသူ႔ရဲ႕သန္စင္ၿပီးဂုဏ္ယူစရာေကာင္းသည့္သူရဲေကာင္းဝတ္စုံရဲ႕အရွိန္အဝါကိုေပ်ာက္သြားေစၿပီးအဆင့္အတန္းျမင့္သခင္ေလးတစ္ေယာက္ဟန္ေပၚေစသည္။က်ိနင္းသူနဲ႔လိုက္တယ္လို႔ထင္မိသည္။ၾကည့္ေကာင္းတဲ့သူေတြကေတာ့ဘာနဲ႔ျဖစ္ျဖစ္ၾကည့္ေကာင္းေနတာပင္။
သို႔ေသာ္က်ိနင္းရဲ႕မူလရည္႐ြယ္ခ်က္ကလိုင္ကိုအဝတ္အစားလဲခိုင္းဖို႔မဟုတ္ေပ။ညနက္ေနၿပိျဖစ္ၿပီးလိုင္ကိုအိပ္ေစခ်င္ၿပီ။
လိုင္ကိုအိပ္ဖို႔အမိန႔္ေပးေတာ့မည့္အခ်ိန္မွာပင္အေရွ႕မွာစာေၾကာင္းတစ္ခုေပၚလာျပန္သည္။
(လိုင္ကသင့္ရဲ႕တပည့္ျဖစ္သြားပါၿပီ။ညဘက္အနားမယူခင္မွာလိုင္စီကေနအလင္းျဒပ္စင္ေတြကိုထုတ္ပစ္ၿပီးအေမွာင္ျဒပ္စင္ေတြကိုသြင္းေပးရမည္)
အလင္းဘုရားေက်ာင္း၏တပည့္ျဖစ္ခဲ့သည့္အတြက္လိုင္ကအလင္းေမွာ္ပညာကိုပဲသုံးခဲ့သည္။သူသာမေသဆုံးႏိုင္မဲ့ေမွာ္ပညာကိုအသုံးျပဳႏိုင္ခ်င္ရင္အလင္းျဒပ္စင္ေတြအားလုံးဖယ္ရွားပစ္ကာအေမွာင္ျဒပ္စင္ေတြကိုစုပ္ယူရမည္။
ျဒပ္စင္ေတြလဲလွယ္တာကမေသေပမဲ့အလြန္နာက်င္ေစလိမ့္မည္။လိုင္ဆန္ဂါမူရင္းဝတၳဳ "ရဲ႕လင္း" ထဲမွာခံစားခဲ့ရသည့္ကူးေျပာင္းျခင္းနည္းလမ္းကပိုၿပီးၾကမ္းတမ္းကာရက္စက္သည္။ကူးေျပာင္းျခင္းျဖစ္စဥ္ၿပီးဆုံးခ်ိန္မွာသူ႔ရဲ႕အသက္စြမ္းအင္တဝက္ေလာက္ေလာင္ကြၽမ္းသြားခဲ့သည္။
(ျဒပ္စင္တစ္ခုကိုဖယ္ရွားရတာဟာနာက်င္ပါသည္။သို႔ေသာ္လိုင္ကိုသင္သာကူးေျပာင္းေပးဖို႔ကူညီမယ္ဆိုရင္နာက်င္မႈကိုသက္သာေစႏိုင္ပါသည္။နည္းလမ္းႏွစ္ခုရွိပါသည္။ဆုံးျဖတ္ပါ။)
(တစ္ လိုင္ကိုသင့္ရဲ႕အိပ္ခန္းထဲေခၚသြားၿပီးကုတင္ေပၚမွာထိုင္ကာရင္းႏွီးေသာထိေတြ႕မႈျဖင့္ျဒပ္စင္ေတြကိုဖယ္ရွားေပးပါ)
(ႏွစ္ လိုင္ကိုသင့္အိပ္ခန္းထဲေခၚသြားၿပီးကုတင္ေပၚမွာလွဲကာအလြန္ရင္းႏွီးလြန္းေသာအထိအေတြ႕ျဖင့္ျဒပ္စင္ကိုဖယ္ရွားေပးပါ)
...
ဒီႏွစ္ခုကဘာကြာလို႔လဲ?
(ပထမနည္းလမ္းကျဒပ္စင္ေျပာင္းလဲမႈကိုအနမ္းျဖင့္ၿပီးေျမာက္ေအာင္ျပဳလုပ္မွာျဖစ္ၿပီးနာက်င္မႈကိုသုံးပုံတစ္ပုံေလွ်ာ့ခ်ေပးပါသည္)
(ဒုတိယနည္းလမ္းကျဒပ္စင္ကို.....နည္းလမ္းျဖင့္ဖယ္ရွားမွာျဖစ္ၿပီးနာက်င္မႈအားလုံးကိုကာကြယ္ေပးႏိုင္ပါသည္) *ဟန္နာခ်န္တာမဟုတ္ပါဘူးေနာ္ သူကကိုအဲ့လိုပဲေရးထားတာပါ ဘာလဲဆိုတာသိမွာပါ🫥 *
(ဒုတိယတစ္ခုကိုေ႐ြးခ်ယ္ဖို႔အႀကံျပဳပါသည္)
က်ိနင္းအႀကံေပးမႈကိုလ်စ္လ်ဴရႈကာနမ္းတဲ့ဟာကိုေ႐ြးလိုက္သည္။ဒုတိယတစ္ခုကေၾကာက္စရာႀကီးဘယ္လိုလုပ္ဆင္ဆာျဖတ္ထားတဲ့အတုံးေတြအမ်ားႀကီးရွိေနတာလဲ?
"ငါနဲ႔လိုက္ခဲ့"
က်ိနင္းေကာင္ေလးကိုလက္ဟန္ျပကာအိပ္ခန္းထဲဦးေဆာင္ေခၚသြားသည္ "မင္းကိုကိုယ္အတြင္းကျဒပ္စင္ေတြကိုကူၿပီးေျပာင္းေပးမယ္။ဒါကေမွာ္နက္ပညာရွင္တစ္ေယာက္ျဖစ္လာဖို႔အေျခခံပဲ။ အသင့္ျပင္ထား နာလိမ့္မယ္"
ေျပာေနရင္းမွအေပၚဝတ္ကိုခြၽတ္လိုက္သည္။ရွပ္အက်ႌပါးပါးပဲဝတ္ထားၿပီးကုတင္ေပၚထိုင္ကာေကာင္ေလးဘက္ကိုလွည့္လိုက္သည္။
"...ဟုတ္ကဲ့ ဆရာ"
လိုင္လႈပ္ရွားမႈေတြရပ္သြားၿပီးအမူအရာကနည္းနည္းေျပာင္းသြားသည္။သို႔ေသာ္အဝတ္အစားေတြကိုျမန္ျမန္ပဲခြၽတ္လိုက္သည္။ အေပၚဝတ္ကိုခြၽတ္ၿပီးခ်ိန္မွာက်န္တာေတြပါဆက္ခြၽတ္မည့္ဟန္ျပင္ေနသည္။
"ရၿပီ" က်ိနင္းလိုင္ကရွပ္အက်ႌၾကယ္သီးေတြကိုစခြၽတ္ေနတာျမင္ေတာ့အလ်င္အျမန္ပဲတားလိုက္ရသည္။ "ငါ့ရဲ႕အဝတ္အစားေတြမညစ္ပတ္ေစခ်င္ဘူး ဒီကိုလာၿပီးထိုင္"
လိုင္ကေခါင္းညိတ္လိုက္ၿပီးၾကယ္သီးျပန္တပ္ကာက်ိနင္းေဘးလာထိုင္သည္။
"ဘာလုပ္ေပးရမလဲ"
"မ်က္လူံးမွိတ္ထား"
က်ိနင္းတိုတိုပဲၫႊန္ၾကားလိုက္သည္။လိုင္ကနာခံစြာပင္မ်က္လုံးမွိတ္သြားသည္။က်ိနင္းေရွ႕တိုးသြားၿပီးသူ႔ႏႈတ္ခမ္းေတြကိုနမ္းလိုက္သည္။လိုင္ရဲ႕အထဲကိုအေမွာင္ျဒပ္စင္ေတြကိုေျဖးေျဖးခ်င္းထည့္ေပးေနၿပီးအလင္းျဒပ္စင္ေတြကိုႀကိတ္ေခ်ပစ္သည္။
ျပင္းထန္ေသာအေမွာင္ျဒပ္စင္ေတြဟာသူ႔ကိုယ္ထဲကိုအလုံးအရင္းဝင္ေရာက္လာၿပိးအလင္းျဒပ္စင္ေတြကိုဖ်က္ဆီးပစ္သည္။လိုင္ရဲ႕မ်က္ႏွာကျဖဴေဖ်ာ့သြားၿပီးနဖူးမွေခြၽးေတြစီးက်လာသည္။အသက္ရႈသံေတြျပင္းထန္လာေပမဲ့နာက်င္မႈအေၾကာင္းတစ္ခြန္းမဟဘဲအေမွာင္ျဒပ္စင္ကသယ္ေဆာင္လာသည့္ေျပာင္းလဲမႈေတြကိုလက္ခံေနသည္။
က်ိနင္းအရွိန္ကိုတမင္ေႏွးလိုက္သည္။သို႔မွသာနာက်င္မႈမျပင္းထန္မွာျဖစ္သည္။တဝက္မွာရပ္လိုက္ၿပီးလိုင္ကိုတေအာင့္ေလာက္နားဖို႔ေျပာလိုက္သည္။သို႔ေသာ္လိုင္ကသူ႔ရဲ႕အႀကံေပးခ်က္ကိုျငင္းပယ္လိုက္သည္။
"အဆင္ေျပပါတယ္ ဆရာ ကြၽန္ေတာ္လက္ခံႏိုင္ပါတယ္"
လိုင္ရဲ႕အသက္ရႈႏႈန္းေတြကနည္းနည္းျမန္ေနၿပီးက်ိနင္းကိုၿပဳံးျပကာခါးကေနအနားကိုဆြဲလိုက္သည္။သူ႔ကိုလက္ေမာင္းေတြၾကားပိတ္ေလွာင္ကာအနမ္းအတြက္စိတ္အားထက္သန္စြာေတာင္းဆိုသည္။
ဘာလို႔အရမ္းေပ်ာ္ေနပုံေပါက္ေနတာလဲ...
အလင္းျဒပ္စင္ကေနအေမွာင္ျဒပ္စင္ကိုကူးေျပာင္းတဲ့ျဖစ္စဥ္ကိုအာ႐ုံစိုက္ထားေနစဥ္မွာပဲထိုအေတြးကဝင္လာသည္။ေျပာင္းလဲမႈၿပီးတဲ့အခါမွာက်ိနင္းေခြၽးေတြထြက္ေနၿပီးသူ႔အဆုတ္ေတြပ်က္စီးသြားေတာ့မလိုခံစားေနရသည္။
"ေက်းဇူးအမ်ားႀကီးတင္ပါတယ္ဆရာ"
ေငြေရာင္ဆံႏြယ္ေတြႏွင့္ေကာင္ေလးကအိပ္ရာေပၚၿပိဳက်သြားၿပီးေခ်ာေမာတဲ့မ်က္ႏွာမွာေသြးဆုတ္ေနသည္။သူ႔ရဲ႕ရင္ဘတ္ကျပင္းထန္စြာတက္လိုက္က်လိုက္ျဖစ္ေနၿပီးက်ိနင္းကိုၿပဳံးျပဖို႔ႀကိဳးစားေနသည္။သို႔ေသာ္ေျပာင္းလဲမႈမွာကုန္သြားတဲ့စြမ္းအင္ေတြအတြက္တေအာင့္ေလာက္ေတာ့အနားယူရမယ္ဆိုတာသိသာေနပါသည္။
က်ိနင္းေရခ်ိဳးခ်င္ေပမဲ့ဒါကသုံးဖက္ျမင္ျဖစ္တာကိုသတိရသြားတာၾကာင့္အက်ႌေတြကိုခြၽတ္ပစ္တာအႀကံေကာင္းမဟုတ္ေပ။သူသာေရကန္နားေရာက္သြားရင္ "လိုင္နဲ႔အတူေရခ်ိဳးပါ" ဆိုတာလိုမ်ိဳးေၾကာက္စရာေ႐ြးခ်ယ္စရာေတြေပၚလာႏိုင္သည္။ထို႔ေၾကာင့္သန႔္ရွင္းေရးဂါထာကို႐ြတ္လိုက္ၿပီးသူနဲ႔လိုင္ရဲ႕ကိုယ္ေတြကိုခ်က္ခ်င္းေဆးေၾကာသန႔္စင္လိုက္သည္။
အေရာင္မ်ိဳးစုံရွိတဲ့ပုလင္းေတြထဲကေနေဆးရည္တစ္ပုလင္းကိုလိုင့္စီပစ္ေပးလိုက္ၿပီး "ေသာက္လိုက္ ၿပီးရင္သြားလို႔ရၿပီ ငါ့အေစခံေတြမင္းကိုအခန္းစီပို႔ေပးလိမ့္မယ္"
ထိုေဆးရည္ကခြန္အားကိုျပန္လည္ထိန္းသိမ္းေပးသည့္ေဆးရည္ျဖစ္သည္။လိုင္တစ္ခါေသာက္လိုက္သည္ႏွင့္သူ႔ရဲ႕အသားအရည္ကသိသိသာသာတိုးတက္လာသည္။
သူကကုတင္ေပၚကထလိုက္ၿပီးလွပသည့္ေမွာ္နက္သုံးစြဲသူကိုစိုက္ၾကည့္ေနၿပီးမထြက္သြားေပ။သူကေမွာ္နက္ပညာရွင္၏ရွပ္အက်ႌအနားစကိုဆြဲလိုက္ၿပီးႏူးညံ့စြာေျပာလာသည္ "ဆရာ ကြၽန္ေတာ္ဖက္လို႔ရမလား?"
က်ိနင္းသီးသြားၿပီးသူ႔မ်က္လုံးေတြကအံ့ဩမႈေၾကာင့္ျပဴးက်ယ္သြားသည္။ဒီကေလးနည္းနည္းက်ဴးေက်ာ္လာၿပီ။သူ႔ေရွ႕မွာရွိေနတာကအလြန္အႏၲရယ္ရွိတဲ့ေမွာ္နက္ပညာရွင္ဆိုတာနားမလည္ဘူးလား?
"ဆရာကတကယ္ေတာ့အလြန္ႏူးညံ့တဲ့သူတစ္ေယာက္ဆိုတာသိပါတယ္"
သူရဲ႕ဆရာကဘယ္ေလာက္ထိရက္စက္တတ္လဲဆိုတာနားမလည္သေယာင္ၿပဳံးၿပီးသူကေျပာသည္။
"ဆရာကကြၽန္ေတာ့သူငယ္ခ်င္းေတြကိုသုံးၿပီးၿခိမ္းေျခာက္ေပမဲ့တကယ္ေတာ့သူတို႔ကိုနာက်င္ေအာင္မလုပ္ခဲ့ဖူး။အဲ့ဒီ့႐ြာမွာျပႆနာေတြျပဳလုပ္ခဲ့ေပမဲ့ဘယ္သူမွဒဏ္ရာမရသလိုေသဆုံးသူလည္းမရွိခဲ့ဘူးကြၽန္ေတာ့အေပၚမွာလည္းၾကင္နာတယ္။အခုေလးတင္ပဲသက္သာေစတဲ့ေဆးရည္ေပးလိုက္တယ္ေလ"
"..." က်ိနင္းေျပာလိုက္သည္ "ငါကအက်ိဳးမရွိတာေတြမလုပ္ဖူး"
"ဒါေပမဲ့ကိုယ့္တပည့္ကိုဖက္တာကလည္းအက်ိဳးရွိတဲ့ဟာပဲမဟုတ္ဖူးလား?" လိုင္ကေမးသည္။
(လိုင္ကဖက္ရန္ ေတာင္းဆိုပါသည္ ေ႐ြးခ်ယ္ပါ)
(တစ္ သူ႔ကိုျငင္သာစြာကိုင္ထားၿပီးေခါင္းေလးကိုသပ္ေပးပါ)
(ႏွစ္ သူ႔ကိုမင္းရဲ႕ကိုယ္နဲ႔သက္ေသာင့္သက္သာျဖစ္ေအာင္လုပ္ေပးပါ)
...
တေအာင့္ေလာက္တိတ္သြားၿပီးတဲ့ေနာက္မွာေငြေရာင္ဆံႏြယ္ႏွင့္ေကာင္ေလးကညင္သာစြာအဖက္ခံလိုက္ရသည္။ေအးစက္တဲ့လက္တစ္စုံကသူ႔ဆံပင္ေတြကိုပြတ္သပ္ေပးၿပီးနားထဲကိုႏူးညံ့သည့္အသံေလးဝင္လာသည္။
"သြားအိပ္ေတာ့လိုင္"
"ေကာင္းပါၿပီဆရာ ေကာင္းေသာညပါ"
ေကာင္မ ေလးေတြရဲ႕ဦးေဆာင္မႈနဲ႔အတူေကာင္ေလးကေမွာ္နက္ပညာရွင္ရဲအခန္းထဲကေနထြက္သြားသည္။
လွပတဲ့ေကာင္မေလးႏွစ္ေယာက္ကေမွ်ာ္စင္ရဲ႕အေပၚကိုတက္သြားေပမဲ့ေကာင္ေလးကေတာ့ဆန႔္က်င္ဘက္ကိုထြက္သြားသည္။ေမွ်ာ္စင္ရဲ႕ေအာက္ေျခပိုင္းကိုေျဖးေျဖးခ်င္းဆင္းသြားၿပီးေမွာ္နက္ပညာရွင္ေတြသာဝင္ႏိုင္ခြင့္ရွိသည့္ေျမေအာက္အက်ဥ္းခန္းထဲကိုဝင္သြားသည္။
ဗလာျဖစ္ေနတဲ့ေျမေအာက္အက်ဥ္းခန္းထဲမွာဆူညံ့မႈေသးေသးေလးေတြကအစေက်ာက္တုံးနရံကေနတုန္ခါေနသည္။အက်ဥ္းခ်ခံထားရတဲ့ဆယ္ေက်ာ္သက္ေလးသုံးေယာက္ကေကာင္ေလးလာေနတာကိုၾကားလိုက္ရသည္။
"လိုင္ ျမန္ျမန္ ဒီယုတ္မာတဲ့ေမွာ္နက္ပညာရွင္စီကေနထြက္ေျပးရေအာင္"
"ဘယ္လိုမ်ားမင္းကိုသူ႔တပည့္လုပ္ေအာင္ဖိအားေပးရတာလဲ"
လိုင္နံရံကိုမွီလိုက္ၿပီးအခန္းထဲကသုံးေယာက္ကိုၾကည့္ေနလိုက္သည္။လက္ေခ်ာင္းနဲ႔ဆက္ကနဲေတာက္လိုက္တဲ့အခ်ိန္မွာသုံးေယာက္လုံးအေငြ႕ပ်ံသြားၾကၿပီးအခန္းထဲမွာတိတ္ဆိတ္သြားသည္။
မ်က္လုံးေတြကိုမွိတ္ထားၿပီးနံရံကိုအၾကာႀကီးေခါင္းမွီထားသည္။ခ်ိဳသာတဲ့တစ္ခုခုကိုမွတ္မိသြားသလိုမ်ိဳးသူ႔မ်က္ႏွာမွာအၿပဳံးေရးေရးေပၚလာၿပီးတိုးတိုးေလးေရ႐ြတ္လိုက္သည္။
"ဒီတစ္ခါကိုယ္တို႔ကိုဘယ္သူမွမခြဲႏိုင္ေတာ့ဘူး ဆရာ"
Tbc🐣
ဇာတ္လိုက္ေတြကတစ္ေယာက္တစ္မ်ိဳးကိုမ႐ိုးရဘူး ေ႐ြးခ်ယ္စရာေတြကလည္းျပန္ရင္းနဲ႔ေတာင္အူတက္ေနရတယ္ ဖတ္ေပးၾကတဲ့အတြက္ေက်းဇူးပါေနာ္ အားလုံးပဲ