မြွေဖြူအရှင်《Complete 》

By JinGuangyao5

100K 4.9K 60

စားရေးသူ၏စိတ်ကူးယဥ်သက်သက်သာဖြစ်သည် အပြင်လောကနှင့်သက်ဆိုင်ခြင်းမရှိပါ Ficအတွင်းတစ်ချို့သောစာလုံးတွေကြား နေရာခြ... More

????1????
????2????
♤3♤
♧4♧
●5●
☆6☆
☆7☆
◇8◇
☆9☆
♡10♡
☆11☆
☆12☆
☆13☆
☆14☆
☆16☆
☆17☆
☆18☆
☆19☆
☆20☆
☆21☆
☆22☆
☆23☆
☆24☆
final

☆15☆

2.9K 154 2
By JinGuangyao5

မြွေဖြူအရှင်
အပိုင်း၁၅

"သားတော် လက်ဝဲစစ်သူကြီးနန္ဒရဲ့သမီးကညာ စန္ဒာဒေဝီနဲ့လက်ထပ်ထိမ်းမြှားရမယ်....."

ပြန်ရောက်ရောက်ချင်း
ဖခမည်းတော်မိန့်လိုက်တဲ့ အမိန်ဟာသူ့ကိုကြီးစွာသော
သောကရောက်စေသည်
သူ အသင်္ခရာမဟုတ်တဲ့လူတစ်ယောက်ကိုလက်ထပ်ရမယ်ပေါ့
ဒါဟာလုံးဝမဖြစ်နိုင်ဘူး

အမိန့်ကိုငြင်းဆန်တာက သေဒဏ်သင့်နိုင်တယ်ဆိုတာသိတာတောင်မှ
သူငြင်းပယ်လိုက်သည်

"ခမည်းတော် သားတော်လက်ထပ်မိန့်ကိုငြင်းဆန်ပါတယ်
သားတော် သူကလွဲပြီးအဘယ်သူကိုမှလက်မထပ်နိုင်ပါဘူး..."

"တယ်! ဒီကောင်တော့မင်းမိန့်ကိုငြင်းဆန်ရင်ဘာဖြစ်မလဲသိတယ်ဟုတ်စ..."

"သားတော်သိပါတယ်ဘုရား ဒါပေမဲ့ သူမဟုတ်တဲ့လူနဲ့ပေါင်းဖက်ရမဲ့အစား
သေခြင်းကိုသာ သားတော်ရွေးချယ်ပါ့မယ်...."

သူ့စကားကြောင့်ဘုရင်မင်းမြတ်ခဗျာ
ဒေါသအမျက်ချောင်းချောင်းထွက်တော့သည်

"အသင်က တိရိစ္ဆာန်တစ်ကောင်အတွက်နဲ့ အသေခံမယ်ပေါ့လေ....မိုက်မဲလိုက်တာ"

ခမည်းတော်စကားကြောင့်သူနဲ့အသင်္ခရာပက်သက်မှုကို
သိရှိပြီးဖြစ်ကြောင်းသိလိုက်ရသည်
​ဒီလိုဆိုမှတော့သူဘာမှမဖုံးကွယ်တော့ဘူး

"ကျွန်ုပ်ချစ်သူကဘယ်လိုဖြစ်တည်မှုမျိုးဘဲဖြစ်နေပါစေ ကျွန်ုပ်ချစ်တယ်
တစ်ဘဝလုံးလည်းသူ့ကိုဘဲလက်တွဲမှာ"

"အဲ့ဒီကောင်က  အတိတ်ဘဝကုသိုလ်ကံကြောင့်သာမာန်ထက်စွမ်းနေတာကလွဲလို့ အဆိပ်ရှိတဲ့သားရဲကောင်
အဲလိုကောင်ကအချိန်မရွေးအရိုင်းစိတ်ဝင်ပြီးအသင့်ကိုဒုက္ခပေးနိုင်တယ်ဆိုတာရောသိရဲ့လား!!"

"ကျွန်ုပ်ကို အသင်္ခရာကဘယ်တော့မှဒုက္ခမပေးဘူးဆိုတာအကြွင်းမဲ့ယုံကြည်တယ်"

"တောက်! သားတော်ငါးပါးထဲမှာ အသင့်ကိုစဥ်းစားဆင်ခြင်နိုင်စွမ်းအရှိဆုံးလို့ထင်မှတ်ထားတာ
အခုတော့ ဘာမဟုတ်တဲ့ကောင်ရဲ့မာယာကြားမှာ နစ်မြောနေတယ်!
ဒီလိုပုံနဲ့ထီးနန်းကိုဘယ်လိုဆက်ခံနိုင်မှာလဲ"

ဝဏ္ဏခမည်းတော်အားဦးတိုက်ကန်တော့လိုက်ပြီး
"  ခမည်းတော်ရဲ့မျှော်လင့်ချက်တွေကိုရိုက်ချိုးမိလို့တောင်းပန်ပါတယ်
ဒါပေမဲ့ကျွန်ုပ်ရဲ့ဆုံးဖြတ်ချက်ကိုတော့ မပြင်နိုင်ဘူး သူကလွဲရင်ဘယ်သူ့ကိုမှလက်တွဲဖော်အဖြစ်ရွေးချယ်မှာမဟုတ် " ဟုပြတ်သားစွာငြင်းဆိုလိုက်သည်

"လာကြစမ်း! မင်းသားဝဏ္ဏကိုနောက်နှစ်လရဲ့ပထမဆုံးရက်
မင်္ဂလာအချိန်အခါမရောက်မချင်း အဆောင်တော်မှာအကျယ်ချုပ်ချထားလိုက်ကြစမ်း..."

မင်းကြီးအမိန့်ရတာနဲ့ရဲမက်နှစ်ဦးကဝင်လာပြီး
ဝဏ္ဏကိုဆွဲခေါ်သွားကြသည်

ဝဏ္ဏဟာလည်း
"သားတော် လက်ထပ်ပွဲကိုငြင်းပယ်တယ် လက်မခံနိုင်ဘူး " ဟုတကြော်ကြော်အော်ဟစ်ရင်းရဲမက်တွေလက်ထဲပါသွားလေတော့သည်

______________________

အသင်္ခရာ နှစ်ဦးသားတွေ့ဆုံနေကြခရေပင်ကြီးအောက်မှာ
မတ်တတ်ရပ်၍လမင်းကြီးကိုမျှော်ငေးနေသည်
ရင်ခွင်ထဲမှာတော့ဝဏ္ဏ ချန်ရစ်ခဲ့တဲ့ ဓါးရှည်အားပိုက်ရင်းလျက်....

"ဝဏ္ဏ အသင်ဒီအချိန်ဘယ်လိုဖြတ်သန်းနေလဲမသိဘူး
အဲ့မှာအဆင်ပြေရဲ့လား
ကျွန်ုပ်ကိုရော သတိရနေရဲ့လား ......"

သိင်္ခနဲ့ လင်္ကာကတော့
သူတို့အရှင်အဖြစ်ကိုကြည့်ပြီးရင်မောစွာသက်ပြင်းချရုံသာတတ်နိုင်သည်
အရှင်ကလည်းမဖြစ်နိုင်တဲ့သူကိုမှသွားချစ်မိရတယ်လို့.....

"လင်္ကာ..."

"အင်း...."

"မင်းသားဝဏ္ဏပြန်လာပါ့မလား ......"

"လူတွေရဲ့စိတ်ကိုကျွန်ုပ်လည်း မခန့်မှန်းနိုင်ဘူး သိင်္ခ...."

"ကျွန်ုပ်အရှင့်ကိုသနားလိုက်တာ....."

"ကျွန်ုပ်လည်းထပ်တူပါဘဲ အရှင်အတွက်ဘာမှမလုပ်ပေးနိုင်လို့ဝမ်းလည်းနည်းရတယ်..."

နန်းမြို့တော်မှာအကျယ်ချုပ်ကျနေသည့်
ဝဏ္ဏကလည်းအဆောင်တော်ပြတင်းပေါက်ကနေတစ်ဆင့် လမင်းကိုမျှော်ကြည့်နေမိတယ်

အသင်္ခရာကလမင်းကိုမျှော်ကြည့်ရတာအရမ်းသဘောကျသည်
ဒါကြောင့်အခုချိန်မှာသူလမင်းကိုငေးကြည့်နေလောက်တယ်

"လမင်းကြီးရေ...ဖြစ်နိုင်ရင် အသင်္ခရာဆီ ကျွန်ုပ်သူ့ကိုလွမ်းဆွတ်နေကြောင်းသတင်းစကားလေးပါးပေးလား....."

အချစ်စစ်ရဲ့ခရီးလမ်းကကြမ်းတမ်းရင်တောင်
ပေါင်းဖက်ခွင့်ရဖို့ ကြိုးစားပါ့မယ်  ကျွန်ုပ်ရဲ့ အသင်္ခရာ.....

#ဒီအပိုင်းရေးတုန်းကနှစ်ဦးသားလွမ်းဆွတ်နေကြောင်းပြောပြချင်တာကိုယ့်ညံ့လို့သိပ်မပေါ်လွင်သလိုဘဲ
စာလုံးပေါင်းပြန်မစစ်ထားပါ

Zawgi
ေႁမြျဖဴအရွင္
အပိုင္း၁၅

"သားေတာ္ လက္ဝဲစစ္သူႀကီးနႏၵရဲ႕သမီးကညာ စႏၵာေဒဝီနဲ႔လက္ထပ္ထိမ္းျမႇားရမယ္....."

ျပန္ေရာက္ေရာက္ခ်င္း
ဖခမည္းေတာ္မိန္႔လိုက္တဲ့ အမိန္ဟာသူ့ကိုႀကီးစြာေသာ
ေသာကေရာက္ေစသည္
သူ အသခၤရာမဟုတ္တဲ့လူတစ္ေယာက္ကိုလက္ထပ္ရမယ္ေပါ႔
ဒါဟာလုံးဝမျဖစ္ႏိုင္ဘူး

အမိန္႔ကိုျငင္းဆန္တာက ေသဒဏ္သင့္ႏိုင္တယ္ဆိုတာသိတာေတာင္မွ
သူျငင္းပယ္လိုက္သည္

"ခမည္းေတာ္ သားေတာ္လက္ထပ္မိန္႔ကိုျငင္းဆန္ပါတယ္
သားေတာ္ သူကလြဲၿပီးအဘယ္သူကိုမွလက္မထပ္ႏိုင္ပါဘူး..."

"တယ္! ဒီေကာင္ေတာ့မင္းမိန္႔ကိုျငင္းဆန္ရင္ဘာျဖစ္မလဲသိတယ္ဟုတ္စ..."

"သားေတာ္သိပါတယ္ဘုရား ဒါေပမဲ့ သူမဟုတ္တဲ့လူနဲ႔ေပါင္းဖက္ရမဲ့အစား
ေသျခင္းကိုသာ သားေတာ္ေရြးခ်ယ္ပါ႔မယ္...."

သူ့စကားေၾကာင့္ဘုရင္မင္းျမတ္ခဗ်ာ
ေဒါသအမ်က္ေခ်ာင္းေခ်ာင္းထြက္ေတာ့သည္

"အသင္က တိရိစၧာန္တစ္ေကာင္အတြက္နဲ႔ အေသခံမယ္ေပါ႔ေလ....မိုက္မဲလိုက္တာ"

ခမည္းေတာ္စကားေၾကာင့္သူနဲ႔အသခၤရာပက္သက္မႈကို
သိရွိၿပီးျဖစ္ေၾကာင္းသိလိုက္ရသည္
​ဒီလိုဆိုမွေတာ့သူဘာမွမဖုံးကြယ္ေတာ့ဘူး

"ကြၽႏ္ုပ္ခ်စ္သူကဘယ္လိုျဖစ္တည္မႈမ်ိဳးဘဲျဖစ္ေနပါေစ ကြၽႏ္ုပ္ခ်စ္တယ္
တစ္ဘဝလုံးလည္းသူ့ကိုဘဲလက္တြဲမွာ"

"အဲ့ဒီေကာင္က  အတိတ္ဘဝကုသိုလ္ကံေၾကာင့္သာမာန္ထက္စြမ္းေနတာကလြဲလို႔ အဆိပ္ရွိတဲ့သားရဲေကာင္
အဲလိုေကာင္ကအခ်ိန္မေရြးအ႐ိုင္းစိတ္ဝင္ၿပီးအသင့္ကိုဒုကၡေပးႏိုင္တယ္ဆိုတာေရာသိရဲ႕လား!!"

"ကြၽႏ္ုပ္ကို အသခၤရာကဘယ္ေတာ့မွဒုကၡမေပးဘူးဆိုတာအႂကြင္းမဲ့ယုံၾကည္တယ္"

"ေတာက္! သားေတာ္ငါးပါးထဲမွာ အသင့္ကိုစဥ္းစားဆင္ျခင္ႏိုင္စြမ္းအရွိဆုံးလို႔ထင္မွတ္ထားတာ
အခုေတာ့ ဘာမဟုတ္တဲ့ေကာင္ရဲ႕မာယာၾကားမွာ နစ္ေျမာေနတယ္!
ဒီလိုပုံနဲ႔ထီးနန္းကိုဘယ္လိုဆက္ခံႏိုင္မွာလဲ"

ဝဏၰခမည္းေတာ္အားဦးတိုက္ကန္ေတာ့လိုက္ၿပီး
"  ခမည္းေတာ္ရဲ႕ေမွ်ာ္လင့္ခ်က္ေတြကို႐ိုက္ခ်ိဳးမိလို႔ေတာင္းပန္ပါတယ္
ဒါေပမဲ့ကြၽႏ္ုပ္ရဲ႕ဆုံးျဖတ္ခ်က္ကိုေတာ့ မျပင္ႏိုင္ဘူး သူကလြဲရင္ဘယ္သူ့ကိုမွလက္တြဲေဖာ္အျဖစ္ေရြးခ်ယ္မွာမဟုတ္ " ဟုျပတ္သားစြာျငင္းဆိုလိုက္သည္

"လာၾကစမ္း! မင္းသားဝဏၰကိုေနာက္ႏွစ္လရဲ႕ပထမဆုံးရက္
မဂၤလာအခ်ိန္အခါမေရာက္မခ်င္း အေဆာင္ေတာ္မွာအက်ယ္ခ်ဳပ္ခ်ထားလိုက္ၾကစမ္း..."

မင္းႀကီးအမိန္႔ရတာနဲ႔ရဲမက္ႏွစ္ဦးကဝင္လာၿပီး
ဝဏၰကိုဆြဲေခၚသြားၾကသည္

ဝဏၰဟာလည္း
"သားေတာ္ လက္ထပ္ပြဲကိုျငင္းပယ္တယ္ လက္မခံႏိုင္ဘူး " ဟုတေၾကာ္ေၾကာ္ေအာ္ဟစ္ရင္းရဲမက္ေတြလက္ထဲပါသြားေလေတာ့သည္

______________________

အသခၤရာ ႏွစ္ဦးသားေတြ႕ဆုံေနၾကခေရပင္ႀကီးေအာက္မွာ
မတ္တတ္ရပ္၍လမင္းႀကီးကိုေမွ်ာ္ေငးေနသည္
ရင္ခြင္ထဲမွာေတာ့ဝဏၰ ခ်န္ရစ္ခဲ့တဲ့ ဓါးရွည္အားပိုက္ရင္းလ်က္....

"ဝဏၰ အသင္ဒီအခ်ိန္ဘယ္လိုျဖတ္သန္းေနလဲမသိဘူး
အဲ့မွာအဆင္ေျပရဲ႕လား
ကြၽႏ္ုပ္ကိုေရာ သတိရေနရဲ႕လား ......"

သိခၤနဲ႔ လကၤာကေတာ့
သူတို႔အရွင္အျဖစ္ကိုၾကည့္ၿပီးရင္ေမာစြာသက္ျပင္းခ်႐ုံသာတတ္ႏိုင္သည္
အရွင္ကလည္းမျဖစ္ႏိုင္တဲ့သူကိုမွသြားခ်စ္မိရတယ္လို႔.....

"လကၤာ..."

"အင္း...."

"မင္းသားဝဏၰျပန္လာပါ႔မလား ......"

"လူေတြရဲ႕စိတ္ကိုကြၽႏ္ုပ္လည္း မခန္႔မွန္းႏိုင္ဘူး သိခၤ...."

"ကြၽႏ္ုပ္အရွင့္ကိုသနားလိုက္တာ....."

"ကြၽႏ္ုပ္လည္းထပ္တူပါဘဲ အရွင္အတြက္ဘာမွမလုပ္ေပးႏိုင္လို႔ဝမ္းလည္းနည္းရတယ္..."

နန္းၿမိဳ႕ေတာ္မွာအက်ယ္ခ်ဳပ္က်ေနသည့္
ဝဏၰကလည္းအေဆာင္ေတာ္ျပတင္းေပါက္ကေနတစ္ဆင့္ လမင္းကိုေမွ်ာ္ၾကည့္ေနမိတယ္

အသခၤရာကလမင္းကိုေမွ်ာ္ၾကည့္ရတာအရမ္းသေဘာက်သည္
ဒါေၾကာင့္အခုခ်ိန္မွာသူလမင္းကိုေငးၾကည့္ေနေလာက္တယ္

"လမင္းႀကီးေရ...ျဖစ္ႏိုင္ရင္ အသခၤရာဆီ ကြၽႏ္ုပ္သူ့ကိုလြမ္းဆြတ္ေနေၾကာင္းသတင္းစကားေလးပါးေပးလား....."

အခ်စ္စစ္ရဲ႕ခရီးလမ္းကၾကမ္းတမ္းရင္ေတာင္
ေပါင္းဖက္ခြင့္ရဖို႔ ႀကိဳးစားပါ႔မယ္  ကြၽႏ္ုပ္ရဲ႕ အသခၤရာ.....

#ဒီအပိုင္းေရးတုန္းကႏွစ္ဦးသားလြမ္းဆြတ္ေနေၾကာင္းေျပာျပခ်င္တာကိုယ့္ညံ့လို႔သိပ္မေပၚလြင္သလိုဘဲ
စာလုံးေပါင္းျပန္မစစ္ထားပါ

Continue Reading

You'll Also Like

864K 72K 34
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...
926K 55.2K 49
𝐈𝐧 𝐭𝐡𝐞 𝐓𝐚𝐧𝐠𝐥𝐞𝐝 𝐰𝐞𝐛𝐬 𝐨𝐟 𝐇𝐞𝐚𝐫𝐭𝐬, 𝐚𝐧𝐝 𝐩𝐮𝐫𝐬𝐮𝐢𝐭 𝐨𝐟 𝐓𝐫𝐮𝐭𝐡𝐬, 𝐋𝐨𝐯𝐞 𝐰𝐞𝐚𝐯𝐞𝐬 𝐢𝐭𝐬 𝐦𝐞𝐬𝐦𝐞𝐫𝐢𝐳𝐢𝐧𝐠 �...
1.6M 119K 44
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
291K 17K 18
"ဘေးခြံကလာပြောတယ် ငလျှင်လှုပ်သွားလို့တဲ့.... မဟုတ်ရပါဘူးဗျာ...... ကျွန်တော် နှလုံးသားက သူ့နာမည်လေးကြွေကျတာပါ.... ကျွန်တော်ရင်ခုန်သံတွေက...