ပုံပြင်လေး၏ အဆုံးသတ်~~~
တစ်သက်မှာတစ်ကြိမ်သာကုန်ဆုံးခွင့်ရသည့်အခိုက်အတန့်
ဒီလို အခိုက်အတန့်လေး ရရှိလာဖို့ သူတို့နှစ်ဦးလုံး ဘယ်လောက်ထိ ဖြတ်ကျော်ခဲ့ရလဲ။
"ကိုကို ငိုနေတာလား"
"မဟုတ်ဘူး မျက်လုံးထဲ မြူမှုန်ဝင်သွားတာ"
နီရဲနေကာ အီဝိုင်းနေသော မျက်ဝန်းနှစ်စုံအား အပေါ်သို့မော့ပစ်လိုက်၏။
သူမျက်ရည် ကျလို့ မဖြစ်။
"ယူဂျင်း ကူညီပေးမယ်လေ"
အပြောထက် အလုပ်မြန်တဲ့ ကလေးငယ်က သူ့ပါးနှစ်ဖက်အား လက်နှစ်ဖက်ဖြင့် လာအုပ်ကိုင်၍ မျက်နှာချင်းဆိုင်စေ၏။
"အခု ကိုယ်အကျင့်အတိုင်း လိုက်လုပ်နေတာလား ကလေးငယ်"
သူမေးတော့ ကလေးငယ်က ပြုံးကာ ခေါင်ခါ၏။
ထို့နောက် သူ့မျက်ဝန်းအနီးသို နှခမ်းဖူးဖူးတစ်စုံ ချည်းကပ်လာတော့သည်။
သူ့မျက်လုံးထဲ လေနှင့်မှုတ်ခါ မြူမှုန်ခါပေးမလို့ စဥ်းစားနေသည်ဘဲ။
နှခမ်းလေး ဆူထားပုံအား အနီးကပ် မြင်နေရသည်မို့ ဂယူ့ စိတ်တွေသိပ်မခိုင်ချင်တော့။
"ယူဂျင်း.."
နှခမ်းဆူကာထားဆဲကောင်လေးက သူ့အား ပြန်ကာ ကြည့်လာ၏။
"ကလေးငယ် အသက်ပြည့်ပြီးသွားပြီမလား?"
မဆီမဆိုင် သူ ဘာတွေမေးနေမိတယ်မသိ ကိုယ်တိုင်မေးပြီး ကိုယ်တိုင်ရှက်နေမိသည်က 26နှစ်အရွယ် ကင်ခ်ဂယူ ကိုယ်တိုင်ဘဲဖြစ်သည်။
ဘာမှမသိနားမလည်တဲ့ ကောင်လေးက အပြစ်ကင်းစင်စွာ
"အွန်း လွန်ခဲ့တဲ့ တစ်ပတ်ကမှ 22ပြည့်ပြီးပြီလေဗျာ ဘာလဲ!ကိုကို မေ့သွားတာလား ဟုတ်လား!"
ဦးတည်ချက်ပြောင်းသွားသည့်ကောင်လေးက သူ့ကိုရစ်ဖို့ အစပျိုးနေသည်မို့
"မဟုတ်ရပါဘူးဗျာ ကိုယ် လုပ်စရာလေးရှိလို့ မေးကြည့်တာပါ ကလေးရယ်"
ဂယူ့ပါးပေါ်မှ ကလေးငယ် လက်နှစ်ဖက် ဆွဲယူကာ သူ့လက်တွေထဲ အနွေးဓာတ်လေး ပေးမိသည်။
"ဘာများလဲ ကိုကို.."
အမှန်တကယ် သိချင်နေဟန် မေးလာပုံလေးမှာ အသည်းယားဖွယ်။
"သိချင်နေတာလား ကိုယ့်ကလေးက"
ယူဂျင်း၏ဆံနွယ်လေးတွေအား တယုတယ ပွတ်သပ်၍ မေးမိတော့ ကြယ်လေးတွေလို တောက်ပနေတဲ့ မျက်ဝန်းတွေနှင့် ခေါင်းငြိမ့်လာတဲ့ ကလေးငယ်ကြောင့် သူစိတ်ထဲမှ ကြိတ်ပြုံးလိုက်မိ၏။
ကလေးငယ်ဟာ သူ့ထောင်ချောက်လှလှလေးထဲ ဝင်လာလေပြီ။
အွန်း အချစ်တွေနှင့်ပုံဖော်ထားတဲ့ ထောင်ချောက်လေးပေါ့...
"မေးပြီးမှ နောင်တမရကြေးနော် Baby"
"အာ ကိုကို ဘယ်လိုတွေခေါ်နေတာလဲ!"
နာမ်စားလေးတစ်ခုကြောင့် အရှက်သည်းသွားတဲ့ကောင်လေးဟာ သူ့ရင်ခွင်ထဲ မျက်နှာသေးသေးလေးကို လာဖွတ်ထား၏။
သို့ပေမယ့် နီရဲနေတဲ့ နားရွက်ဖျားလေးတွေကိုတော့ မဖုံးကွယ်နိုင်လိုက်ပါချေ။
"ကိုယ်မေးတာ ဖြေပါအုံးကွာ ကိုယ့် Babyလေးကလဲ"
ရှက်နေမှန်း သိ၍ သူပိုစတော့ သူ့ရင်ဘတ်ကို ထုရိုက်လာတဲ့လက်သီးဆုတ်လေး..
ထိုအချိန်~~~
"အား!!!!!!!!"
အိမ်အပေါ်ထပ်တစ်ခုလုံး ဆော့မတ်ချူး၏ အော်သံဖြင့် ဆူညံကာသွား၏။
မတ်ချူးအော်သံကြောင့် အောက်ထပ်မှ ဂျီအွန်းဦးဆောင်ကာ ဟန်ဘင်းနှင့်ဟာအို ကပါ အိမ်အပေါ်ထပ်သို့ အလျင်အမြန် တက်လာကြတော့သည်။
"မတ်ချူး ဘာဖြစ်တာလဲ?!"
ကင်ခ်ဂယူတို့၏ အခန်းဝ တွင် တစ်ယောက်တည်း ကြောင်ကြောင်လေး ရပ်နေတဲ့ မတ်ချူးက ဂျီအွန်း၏ မေးသံကြားသည့်အခါ ရင်ခွင်ထဲတန်း၍ ပြေးဝင်လာ၏။
"ဘာဖြစ်တာလဲ ကိုယ့်အချစ်ရယ် ကိုယ့်ကိုပြောပါအုံး"
မတ်ချူး၏ အဖြေအား စောင့်ဆိုင်းနေသည်မှာ ဂျီအွန်းတစ်ယောက်တည်းမဟုတ် ဘေးတွင် ယူဂျင်း၏ မိဘများနှင့် ကင်ခ်ဂယူတို့ အတွဲပါ ပါဝင်နေသည်။
ထိုအချိန် မတ်ချူးဖြေလာသည်က
"ရှက်လို့.."
"ဘယ်လို?"
ဂျီအွန်းကနားမလည်သလိုမေးတော့ မတ်ချူး ဂျီအွန်းရင်ခွင်ထဲမှ ထွက်ကာ
"သားတို့က အခန်းထဲမှာ နှစ်ယောက်တည်း တိုးတိုးပြောနေကြတာလေ ကျွန်တော် သွားခေါ်တဲ့အချိန် နှစ်ယောက်သား ဖက်ထားကြတာ မြင်လိုက်ရတော့ ရှက်တာပေါ့လို့ ကိုကိုကလဲ"
မတ်ချူး၏ အော်သံမှာ အရမ်းကျယ်သည်မို့ ဘာများဖြစ်လို့လဲ ဘာများထိခိုက်လို့လဲ ဆိုသည့်အတွေးနှင့် စိတ်ပူထိပ်လန့်မိသည့် ကင်ခ်ဂျီအွန်းမျက်နှာ ဖြတ်ရိုက်ခံလိုက်ရသလိုပင်။
သားဖြစ်သူ စုံတွဲအား တွေ့လိုက်ရ၍ ရှက်လို့ အော်လိုက်သည်တဲ့....
'အင်းလေ မတ်ချူးပြောမှတော့ မဖြစ်နိုင်တာမျိုးလဲမဟုတ်ပါဘူး'ဟု ကိုယ့်စိတ်ကို ဖြေသိမ့်လိုက်ရသည်ပင်။
"ကင်ခ်ဂယူ! မင်း အနေအထိုင်ဆင်ခြင်စမ်း အကြီးဖြစ်ပြီး!"
မတ်ချူးအား အပြစ်မတင်ရက်တော့ သားဖြစ်သူဘက်သို့ ဦးတည်ရတော့သည်။
"ဟ ကျွန်တော်က ဘာလုပ်နေလဲ ပါပါးတွေ့တဲ့အချိန် ကျွန်တော်တို့ အနမ်းတောင် မပေးရသေးတာ အဟွန်း!"
နှစ်ဖက်မိဘအား ရှေ့ထား၍ ပြောချင်ရာပြောနေသည်မှာ ကင်ခ်ဂယူဖြစ်ပေမယ့် ဘေးမှ ဟန်ယူဂျင်းမှာတော့ တစ်ကိုယ်လုံး ခရမ်းချဥ်သီးလေးလို နီတွက်နေတော့သည်။
"ပေါက်ကရတွေပြောမနေနဲ့ ခမ်းမထဲ ဧည့်သည်တွေစုံနေပြီ အမြန်ဆင်းလာခဲ့ကြ နှစ်ယောက်လုံး!"
စဥ်းစားကြည့်မှ ဒီနေ့က သူတို့၏ လက်ထပ်ပွဲကျင်းပသည့်နေ့ဘဲ...
Daddyနှင့်ပါပါးက ပြောစရာရှိသည်များပြောကာ ရှေ့မှ ဆင်းသွား၍
ယူဂျင်း၏ မိဘများမှာ ယူဂျင်း ပခုံး နှစ်ဖက်ကို ခပ်ဖွဖွ ညှစ်၍ အားပေးနှစ်သိမ့်ကာ Daddyတို့ နောက်မှလိုက်ဆင်းသွားသည်။
"ကဲ ကိုယ်တို့ သွားကြတော့မလား ကလေးငယ်"
သူ နူးနူးညံ့ညံ့မေးတော့ သူနှင့်ဆင်တူ Suit အဖြူလေးနှင့် ယုန်ပေါက်လေးဟာ ခပ်ဖြည်းဖြည်းခေါင်းငြိမ့်လာ၏။
ထို့ကြောင့် သူ့၏ လက်မောင်းတစ်ဖက်သို့ ကမ်းကာ တွဲစေ၍
နှစ်ယောက်အတူ အောက်ထပ်သို့ ဆင်းသွားလိုက်ကြသည်မှာ
စိတ်လှုပ်ရှားမှု ကြည်နှူးမှု ပျော်ရွှင်မှု အပြည့်ဖြင့်...
"ကိုကို..."
မင်္ဂလာပွဲကျင်းပရာမှာ ဂယူတို့ မိသားစုပိုင် စံအိမ်တစ်ခုတွင်ဖြစ်ပြီး အရာအားလုံးဟာ ခမ်းနားလျက်ရှိနေသည်။
ခမ်းနားကြီးကျယ်လွန်းသည်မို့ ယူဂျင်းမ
ထိုခမ်းမထဲ ဝင်ရန် အနည်းငယ် လန့်နေမိ၏။
"အဆင်ပြေပါတယ် Baby ကိုယ် မင်းအနားမှာ ရှိနေတာမို့ အဆင်ပြေပါတယ်.."
ကိုကိုမှာ သူအရှက်သည်းတတ်သည့်နာမ်စားအား နူးနူးညံ့ညံ့ ခေါ်ဝေါ်သုံးနှုန်းလျက် အားပေးကာ နှစ်သိမ့်လာ၏။
မှန်ပါသည်။ဘေးတွင် ကိုကိုတစ်ယောက်လုံးရှိနေသည်ဘဲ ဘာကိုကြောက်လန့်နေရအုံးမည်လဲ ဘယ်အရာကို စိုးရိမ်နေရအုံးမည်လဲလေ..။
"ကိုကိုက ကျွန်တော့် ဘေးမှာ ကျွန်တော် 10နှစ်အရွယ်ကတည်းကရှိနေခဲ့တာ.."
ခမ်းမ၏ စင်မြင့်ထက် နှစ်ဦးသား အပြုံးတို့ဖြစ်တည်နေကြသည်မှာ မြင်ရသူတိုင်း ကြည်နူးနေမိမည်မှာ အမှန်ပေ။
"အွန်း ကိုယ်က မင်းအနားမှာ 10နှစ်အရွယ်ကနေ နှစ်100ထိ အမြဲအတူရှိနေမှာကလေးငယ်.."
ဘေးချင်းကပ်လျှောက်နေရာမှ နှစ်ဦးသား နှခမ်းလှုပ်ရုံမျှ ဝန်ခံစကား ဆိုမိကြသည်။
"ကိုကို ယူဂျင်း အပေါ် ကတိမတည်ခဲ့တာမျိုး မရှိတာမို့လို့ ယူဂျင်း ကအကြွင်းမဲ့ယုံပါတယ်.."
အရာအားလုံးနှင့်လဲရလောက်သည်အထိ ကိုကိုဟာ ယူဂျင်းအတွက် ပြည့်စုံလွန်းသည်မို့ ကမ္ဘာပေါ်တွင် ကိုကို့ထက်အရေးပါသည့်အရာ ရှိမနေပါချေ။
ကိုကိုလဲ ယူဂျင်းနှင့်ထပ်တူဖြစ်နေပါလိမ့်မည်။
လက်ထပ်ထိမ်းမြားခြင်း၏ အဓိကဖြစ်သော ကတိသစ္စာဆိုရသည့်အချိန်တွင် ကိုကိုဟာ မျက်ရည်ဝဲနေခဲ့သလို ယူဂျင်းမှာလဲ ရှိုက်သံ ထွက်နေခဲ့၏။
ဒီလူကို ရူးမတတ်ချစ်ခဲ့ပေမယ့် ဒီလူနှင့်အတူ ယခုလို ကြီးကျယ်ခမ်းနားသည့် လက်ထပ်ပွဲ ကျင်းပခွင့်ရလိမ့်မည်လို့တော့ ယူဂျင်း မမျှော်လင့်ရဲခဲ့ပါချေ။
ကတိသစ္စာ တည်ပြီးနောက် ချက်ခြင်း ယူဂျင်းအား ပွေ့ဖက်လာပါသောကိုကို..
အခုလို ဝမ်းနည်းချိန် ဝမ်းသာချိန်တွေတိုင်း အပြေး ပွေ့ဖက်လာတတ်တဲ့ကိုကိုကြောင့် ယူဂျင်းဘေးတွင် အမြဲကိုကိုရှိနေသည် ဟူသည့်အတွေးဖြငိ့ကြည်နူးမိသည်မှာ အကြိမ်ကြိမ်ပင်။
"ကိုကို ယူဂျင်းအရမ်း ပျော်နေတယ် ဆိုတာသိရဲ့လား.."
လက်ထပ်လက်စွတ် ဝတ်ဆင်ပေးရချိန်တွင် ယူဂျင်းခပ်တိုးတိုးပြောမိတော့ ကိုကို က ခေါင်းငြိမ့်ကာ ထောက်ခံလာသည့်အချိန်
ယူဂျင်း မျက်ရည်တို့ မတားဆီးနိုင်တော့ချေ။
ပါပါးနှင့်ဖေဖေလဲ ယူဂျင်းအတွက် ဝမ်းမြောက်ပေးကြမည်ထင်သည်။
ကိုယ်ကချစ်၍ ကိုယ့်ကို ချစ်သော ကိုကိုနှင့် ဘဝချင်း ပေါင်းစည်းခွင့်ရလိုက်သည်က ဘဝတွင် အကောင်းဆုံးသော ဆုလာဒ်ဖြစ်ပါလိမ့်မည်။
ယူဂျင်း ခေါင်းထဲ အတွေးတစ်ခု ဝင်လာသည်မို့ ရှေ့မှ သူတို့နှစ်ဦးအနီး တွင် အဆင်သင့်ရှိနေသော မိုက်အား ဆွဲယူလိုက်၍
"ဒီနေ့ လာရောက် ဂုဏ်ပြုပေးတဲ့ လူကြီးမင်းတို့သာမက Liveကြည့်နေပါသော လူကြီးမင်းတို့ အားလုံးကို ကျွန်တော် ကြေငြာစရာတစ်ခုရှိပါတယ်"
သူ၏ ရုတ်တရက်ဆန်တဲ့ အပြုအမူကြောင့် ဘေးမှကိုကိုရော စင်အောက်မှ ပါပါးတို့ပါ နားမလည် ဖြစ်သွားကြသည်ကို လှမ်းမြင်လိုက်ပါ၏။
နောက်မှ
နောက်မှဘဲ တောင်းပန်ပါ့မယ်..။
အခုတော့ သူဆန္ဒရှိတဲ့အတိုင်း လုပ်ချင်သည့်အရာကိုလုပ်ရမှ ဖြစ်မည်မို့။
"အဲဒါက ဘာလဲဆိုတော့.."
ယူဂျင်း ကိုကို့လက်ကို ဆွဲလျက် လေပေါ်မြှောက်ကာ သူတို့နှစ်ဦး၏ ငွေရောင် လက်ထပ်လက်စွတ်ဆင်တူလေး အား
အား လုံးမြင်သာစေရန် ပြ၍
"ကင်ခ်ဂယူဗင်းဆိုတဲ့ ဒီလူက ဒီနေ့ဒီအချိန်ကစလို့ ကျွန်တော့် အ ပိုင် ပါ!"
သူ့စကားအဆုံး ကိုကိုက "ဟက်"ခနဲရယ်ချကာ သူ့လက်ထဲမှ မိုက်အား ပြန်ဆွဲလုလာ၏။
"ဒီဘက်က ဟန်ယူဂျင်းကလဲ ကျွန်တော့်
အ ပိုင် မို့ လာထိဖို့မကြိုးစားကြပါနဲ့လို့ ထပ်သတိပေးလိုက်ပါ့မယ်"
သူတို့နှစ်ဦး၏ လုပ်ရပ်ကို စင်အောက်မှ မိဘများအပါအဝင် လာရောက်ဂုဏ်ပြုကြသော
ဧည့်သည်များပါမက တစ်ကမ္ဘာလုံး ထုတ်လွှင့်ထားသော Liveမှတစ်ဆင့် ကြည်ရှု့နေသူများပါ ခဏတာကြောင်အ နေမိကြသည်။
ထိုအခြင်းအရာတို့အား ဂရုစိုက်ဟန် မတူသည့် ကင်ခ်ဂယူဗင်းနှင့်ဟန်ယူဂျင်းတို့မှာ မင်္ဂလာခမ်းမ၏စင်မြင့်ထက်၌
တစ်ယောက်ကိုတစ်ယောက် "အပိုင်" ဟူသည့်တံဆိတ်လေးအား ခတ်နှိပ်၍ ကြည်နှုးခြင်း နှုးညံ့ခြင်းတို့ဖြင့် နှခမ်းချင်း နွေးထွေးမှုချိုမြိန်မှု နှုးညံ့မှုတို့အား စားသုံးလျက်
နှစ်ယောက်ဘဝအတူ တည်ဆောက်ရန် အားအင်တို့ ဆုတ်ယူနေကြလေသည်....။
ပုံပြင်လေး၏ အဆုံးသတ်မှာ လူတိုင်းအတွက် စိတ်ချမ်းမြေ့ရာ မင်သားလေးနှင့်ကြင်ယာတော်တို့ ပေါင်းစည်းခွင့်ရလိုက်သည်မို့ Happy Endingလေးပင်ဖြစ်ပါတော့သည်....။
______________The End_________
Words_1923
အားလုံးကို နှုတ်ဆက်ပါတယ် ကျေးဇူးတင်ပြီးချစ်ပါတယ်
လိုအပ်ချက်တွေအရမ်းများနေပေမယ့် အဆုံးထိလိုက်ပါခဲ့ကြလို့ ကိုယ်က အများကြီးအားရှိရပါတယ်။
နောက်ထပ် Gyujin(or) Yuvin ဖတ်ချင်သူလေးများရှိရင် ကိုယ့်ဖန်တီးမှုလေးကို Wallထဲဝင်ရှာပြီးဖတ်ပေးကြပါအုံးလို့ ဒီကနေ တောင်းဆိုပါတယ်~~
ဒီFicလေးရဲ့ ခရီးလမ်း ဤတွင် ဆုံးပါပြီ💗