(စကားအသုံးအနှုန်းများ အနည်းငယ်ကြမ်းနိုင်ပါသည်
Fan Ficဖြစ်တာမို့ Ficအနေနှင့်သာ ဖတ်ပေးကြပါရှင် Idolကိုထိခိုက်လိုစိတ် လုံးဝမရှိပါ)---------
"မင်း အခု ဘာလုပ်နေတယ်ဆိုတာရော သိသေးရဲ့လား ကင်ခ်ဂယူ!"
အိမ်ပြန်ရောက်ရောက်ချင်း သူ့အားဆီးကြိုလာသည်မှာ ဒေါသအကြီးအကျယ်ထွက်နေသည့် Daddy ပုံရိပ်ဖြစ်သည်။
ဒီနေ့ ယူစရာလေးရှိတာမို့ အိမ်ခဏပြန်လာခဲ့တာမှားပြီထင်သည်။"တောက်ခ်! မင်းဦးနှောက်က ဘာလုပ်ဖို့ ထားတာလဲ ဟမ်!ပြောလေ မင်းကိုယ်မင်း အတော်ဟုတ်လှပြီထင်လို့ လူသွားသတ်နေတာလား ပြောစမ်းပါ ! မင်းမှာ ပါးစပ်မပါဘူးလား ကင်ခ်ဂယူ!!"
တစ်ကြိမ်တစ်ခါမှ မမြင်ခဲ့ဘူးတဲ့ ဒေါသအကြီးအကျယ် ထွက်နေတဲ့ Daddy ပုံစံကြောင့် ဂယူ စကားသံတောင်မထွက်ရဲပါ။
ကြောက်တာတော့မဟုတ် သူနဲ့Daddy ဒေါသတွေခြင်းပြိုင်လျှင် အမှားဖြစ်လာနိုင်သည်မို့။"ဂျီအွန်းဟျောင်း စိတ်လေးနည်းနည်းလျော့ပါအုံး သားကိုသေချာမေး..."
"မင်းဘာသိလို့လဲ မတ်ချူး! မင်းသားက လူသတ်နေတာ မင်းသိလား အသက်ကအခုမှ 20စွန်းစွန်းဘဲရှိသေးတဲ့ မင်းသားက လူသတ်နေတာ သိရဲ့လား!"
သူလူသတ်တာမဟုတ် လူသတ်ခိုင်းတာဖြစ်ကြောင်း ရှင်းပြချင်ပေမယ့် ဒီအချိန်က အချိန်ကောင်းမဖြစ်နိုင်သည်မို့ တိတ်တဆိတ်သာ နားထောင်နေလိုက်သည်။
ပါပါးမှာလဲ ရှားရှားပါးပါးသူ့ကြောင့် Daddyဆီမှ အအော်ခံလိုက်ရသည်မို့ ချက်ခြက်းမျက်ရည်ဝဲလာတော့ သူကသာ ပါပါးလက်အား အုပ်ကိုင်၍ နှစ်သိမ့်ပေးရသည်။
ဒေါသထွက်နေတဲ့ Daddyက အခုချိန် ဘာမှမမြင်နိုင်ပါ။ဂျီအွန်းမှာ ရှေ့က စကားမပြောတတ်သလို မထုံတက်တေး သားဖြစ်သူကြောင့် ရင်တွေမောရသည်။
လူသတ်ခြင်းကိုကစားစရာလို့ထင်လို့နေမှာ...
သူ့သားက အခုမှ20ပြည့်ခါစ ပင်ရှိသေးသည်။
ဘယ်သူ့ကြောင့် ဘာကြောင့်ဘဲဖြစ်ဖြစ် သားဖြစ်သူလက်မှာသွေးစွန်းမည်ကိုတော့ သူတကယ်မလိုလားပါ။
နောက်ပြီး ကိုယ်ရန်စလိုက်မိသည့် သူက အန္ဒာရယ်မပေးလာနိုင်ဘူးဟု ပြော၍မရ။
ယခု
မင်ဟီးက ဆေးရုံတွင်ရှိနေပြီး သေမလား ရှင်မလား မသိသေးတဲ့အချိန် ဂယူ့ကိုတော့ အထိခိုက်မခံနိုင်။
ဂယူ တစ်ခုခုသာဖြစ်လျှင် ပြိုလဲသွားမည့်မတ်ချူးကိုလဲ စိုးရိမ်ရသည်။
YOU ARE READING
P O S S E S S I O N (Complete)
Fanfiction"ကိုယ် တို့ ကစားပွဲ တစ်ခုလောက် စမ်းကြည့်မလားကလေးလေး"