ပုံပြင်လေး၏ အဆုံးသတ်~~~တစ်သက်မှာတစ်ကြိမ်သာကုန်ဆုံးခွင့်ရသည့်အခိုက်အတန့်
ဒီလို အခိုက်အတန့်လေး ရရှိလာဖို့ သူတို့နှစ်ဦးလုံး ဘယ်လောက်ထိ ဖြတ်ကျော်ခဲ့ရလဲ။"ကိုကို ငိုနေတာလား"
"မဟုတ်ဘူး မျက်လုံးထဲ မြူမှုန်ဝင်သွားတာ"
နီရဲနေကာ အီဝိုင်းနေသော မျက်ဝန်းနှစ်စုံအား အပေါ်သို့မော့ပစ်လိုက်၏။
သူမျက်ရည် ကျလို့ မဖြစ်။"ယူဂျင်း ကူညီပေးမယ်လေ"
အပြောထက် အလုပ်မြန်တဲ့ ကလေးငယ်က သူ့ပါးနှစ်ဖက်အား လက်နှစ်ဖက်ဖြင့် လာအုပ်ကိုင်၍ မျက်နှာချင်းဆိုင်စေ၏။
"အခု ကိုယ်အကျင့်အတိုင်း လိုက်လုပ်နေတာလား ကလေးငယ်"
သူမေးတော့ ကလေးငယ်က ပြုံးကာ ခေါင်ခါ၏။
ထို့နောက် သူ့မျက်ဝန်းအနီးသို နှခမ်းဖူးဖူးတစ်စုံ ချည်းကပ်လာတော့သည်။
သူ့မျက်လုံးထဲ လေနှင့်မှုတ်ခါ မြူမှုန်ခါပေးမလို့ စဥ်းစားနေသည်ဘဲ။နှခမ်းလေး ဆူထားပုံအား အနီးကပ် မြင်နေရသည်မို့ ဂယူ့ စိတ်တွေသိပ်မခိုင်ချင်တော့။
"ယူဂျင်း.."
နှခမ်းဆူကာထားဆဲကောင်လေးက သူ့အား ပြန်ကာ ကြည့်လာ၏။
"ကလေးငယ် အသက်ပြည့်ပြီးသွားပြီမလား?"
မဆီမဆိုင် သူ ဘာတွေမေးနေမိတယ်မသိ ကိုယ်တိုင်မေးပြီး ကိုယ်တိုင်ရှက်နေမိသည်က 26နှစ်အရွယ် ကင်ခ်ဂယူ ကိုယ်တိုင်ဘဲဖြစ်သည်။
ဘာမှမသိနားမလည်တဲ့ ကောင်လေးက အပြစ်ကင်းစင်စွာ
"အွန်း လွန်ခဲ့တဲ့ တစ်ပတ်ကမှ 22ပြည့်ပြီးပြီလေဗျာ ဘာလဲ!ကိုကို မေ့သွားတာလား ဟုတ်လား!"
ဦးတည်ချက်ပြောင်းသွားသည့်ကောင်လေးက သူ့ကိုရစ်ဖို့ အစပျိုးနေသည်မို့
"မဟုတ်ရပါဘူးဗျာ ကိုယ် လုပ်စရာလေးရှိလို့ မေးကြည့်တာပါ ကလေးရယ်"
ဂယူ့ပါးပေါ်မှ ကလေးငယ် လက်နှစ်ဖက် ဆွဲယူကာ သူ့လက်တွေထဲ အနွေးဓာတ်လေး ပေးမိသည်။
YOU ARE READING
P O S S E S S I O N (Complete)
Fanfiction"ကိုယ် တို့ ကစားပွဲ တစ်ခုလောက် စမ်းကြည့်မလားကလေးလေး"