9

597 93 6
                                    

"ဟန်ယူဂျင်း အဲဒါဘာလုပ်နေတာလဲ!!!"

သင်တန်းသွားရင်းဖြင့် ဗိုက်ဆာလာတာကြောင့် Marketတွင် မုန့်ဝင်ဝယ်ရာ မင်ဟီးနှင့်တွေ့၍ စကားပြောနေကြခြင်းဖြစ်သည်။
ယူဂျင်း၏ရှေ့ဆံပင်တွေမှာ မျက်လုံးအုပ်ခါနီးထိ ရှည်နေပြီဖြစ်ရာ မျက်လုံးထဲထိဝင်သွားသည်ဟု ထင်ရ၍ မင်ဟီးက ကြည့်ပေးနေသည့်အချိန် အနောက်မှဒေါသတကြီးအော်ဟစ်လာသော ကိုကို့အသံအားကြားလိုက်ရခြင်းပင်...။

"ကိုကို.."

အနောက်ကိုအလောတကြီးလှည့်ကြည့်လိုက်ရာ ဒေါသမျက်လုံးတွေနဲ့ကိုကို့ကိုတွေ့လိုက်ရသည်။
အင်း..မုန်းတီးရွံရှာခြင်းတွေလဲ ပါကောင်းပါနေနိုင်ပါသည်။

"မင်းကို ဘာလုပ်နေတာလဲလို့ ကိုယ်မေးနေတယ်လေ!!"

ဒေါသထွက်လာရင် သုံးနှုန်းတတ်သော နာမ်စားမှာ'မင်း'ဟူ၍ပင်..

"ကိုကိုမြင်တဲ့အတိုင်းဘဲလေ"

လူပေါင်းများစွာရှိနေတဲ့ Marketလိုနေရာမျိုးမှာ ထပ်ပြီး ကိုကို့ညီဖြစ်သူ ကင်ခ်မင်ဟီး၏ရှေ့မှာ ယူဂျင်းကိုလာမေးနေပုံမှာ အပြစ်သားတစ်ယောက်လို...
အကြောင်းအရင်းအား သေချာမမေးမြန်း ထင်ချင်ရာထင်ပြီး ပြောလာပုံကြောင့် ဒါကတော့ဒီလိုပါဆိုပြီး ရှင်းပြနေချင်စိတ်မရှိတော့..။

"မင်း!!!လူတွေကြားထဲမှာကွာ တောက်ခ်!"

အခု လူကြားထဲ သူ့ကိုမကောင်းမြင်ပြီး တစ်ဖက်သတ်စွတ်စွတ်ဆွဲဆွဲ ဒေါသထွက်နေသူမှာမည်သူနည်း။
ကိုကိုပြောဆိုနေပုံမှာအရမ်းလွန်နေပြီလို့ထင်မိလိုက်တာကြောင့် ယူဂျင်းမျက်နှာတစ်ခုလုံးပင် ခရမ်းချဥ်သီးလေးတစ်လုံးလို နီရဲလာသည်အထိ စိတ်တိုသွားရသည်။
ထို့ကြောင့် ယူဂျင်းပြန်ပြောဖို့
အားယူလိုက်စဥ်...

"မင်း အခုချက်ချင်းလိုက်ခဲ့"

မလိုက်ချင်ဘူးလို့လဲငြင်းမရ ကိုကိုက ယူဂျင်းအား မချီရုံတမယ် ဆွဲခေါ်သွားသည်မို့..

သူတို့ဖြစ်ပျက်နေပုံမှာ လူတွေအမြင်တွင် ညီကိုနှစ်ယောက်စကားများရန်ဖြစ်နေပုံနှင့်တူနေမှာပင်။
ကိုကို့၏ရှည်လျားသောအရပ်နှင့် အသက်အရွယ်ကြောင့်လို့ပြောလို့ရသည့် ကိုကို့ထက် အနည်းငယ်သေးသွယ်နေသော သူ့ခန္ဒာကိုယ်ကြောင့်ဖြစ်မည်။ညီအစ်ကိုတွေမဟုတ်ပေမယ်လို့ပေါ့...

P O S S E S S I O N (Complete)Where stories live. Discover now