Translation of Pearl In The Palm.
ဖဝါးထက်က ပုလဲသွယ် (၂၈)
Translator - Jinnie Grace
_______
ကျန်းရန်ယိက ယဲ့လီကျူးစကားတွေကို ယုံကြည်စွာနားထောင်နေသည်။ "အင်း...လက်ထပ်တာက အဲ့လောက် စိတ်ပူပန်စရာကိစ္စတော့လည်း မဟုတ်ပါဘူး။ မိသားစုနှစ်ခု ပေါင်းစည်းတာကလည်း ကောင်းတာပါပဲ"
သူမပြေညရင်း ကြည့်လိုက်တော့ ယဲ့လီကျူးက သန်းဝေနေကာ မျက်လုံးလေးများပင် စင်းနေလေပြီ။
သူမ၏ နှင်းလိုဖြူစင်သော အသားအရေလေးတွေပေါ်နေတာမို့ ကျန်းရန်ယိတစ်ယောက် ထိကြည့်လိုက်ပြီး စောင်လေးကို ခြုံပေးလိုက်တော့သည်။
မေလကြီးဖြစ်သော်လည်း သူမ ညီမလေးက အားနည်းနေသည်မို့ ရေခဲတွေကြောင့် အအေးမိမှာစိုးကာ စောင်လေးကို ခြုံပေးလိုက်သည်။
ကျန်းရန်ယိ မလာခင်တုန်းက သူမ တစ်ခါမှမမြင်ဖူးသည့်ညီမလေးအကြောင်းကို အဘွားလုပ်သူပြောပြတာကိုကြားခဲ့ရသည်။
ကျန်းမိသားစုက ချမ်းသာကာ ကျန်းရန်ယိကလည်း ကျွင့်မိသားစုတွင် တစ်ဦးတည်းသော သမီးလေးလည်း ဖြစ်သည်။ ကျန်းသခင်မကြီးကလည်း သူမကို မွေးကတည်းက အလိုလိုက်ထားသည်။ မိသားစုတွင်းက ဒေါ်လေးတွေကလည်း သူမကို အလေးပေးကြသည်။ ကျန်းသခင်မကြီးက စိတ်ထားကောင်းသလို ကျန်းရန်ယိကိုလည်း သူမကိုယ်တိုင် ပြုစုပျိုးထောင်ပေးထားသည်မို့ သူမက အရည်အချင်းကောင်းတွေနှင့် ပြည့်စုံနေတော့သည်။
သူမဒီကိုမလာခင် သူမ၏ ဝမ်းကွဲညီမလေးက တောဘုရားကျောင်းတစ်ခုတွင် ကြီးပြင်းခဲ့ကာ ကျန်းမာရေးလည်းမကောင်းဟု ကြားထားသောကြောင့် သက်ရှည်ဖို့အတွက် ပြုလုပ်ထားသော ရွှေပြားလေးကို ထက်ပိုင်းချိုးကာ သူမအဘွားပေးထားသော တောင်းရမ်းပစ္စည်းများထဲတွင် ထည့်ပေးလိုက်သည်။
အခုတော့ အိမ်တော်ထဲတွင် ကိုယ်လုပ်တော်တွေ အများကြီးရှိပြီး ဝူသခင်မက အာဏာရှိနေကာ ထိုအမျိုးသမီးက ကောင်းမှန်းဆိုးမှန်းမသိတာမို့ သူမညီမလေးအတွက် ရင်လေးမိသည်။
ထိုအကြောင်းတွေတွေးရင်း သူမ အိပ်မောကျသွားတော့သည်။
နောက်ရက်တွင်တော့ ယဲ့လီကျူးအစောကြီးနိုးနေကာ ကျန်းရန်ယိအိပ်မောကျနေသည်ကို မြင်သည်မို့ ရုတ်တရက် စနောက်ချင်စိတ် ပေါ်လာသဖြင့် ကျန်းယန်ယိနှာခေါင်းလေးကို ပိတ်လိုက်လေသည်။
ကျန်းရန်ယိက နှစ်ခြိုက်စွာ အိပ်မောကျနေသည်မို့ သူမနှာခေါင်းအဆွဲခံရချိန်တွင် နှုတ်ခမ်းလေးဟကာ အသက်ရှူနေရသည်။ ယဲ့လီကျူးက ရယ်လေတော့ သူမမျက်လုံးတွေပွင့်လာ၏။
သူမက ယဲ့လီကျူးလက်ကလေးကိုဖမ်းလိုက်ပြီး "ညီမလေး ပြဿနာမရှာနဲ့"
ယဲ့လီကျူးလက်တောက တကယ်လည်းအေးစက်နေသည်မို့ ကျန်းယန်ယိက သူမလက်တွေနှင့် ကိုင်ကာ နွေးအောင် လုပ်ထားပေးရသည်။
"ကျူးကျူးက အဆိုးလေးနော်။ နောက်ကျမှ ယောကျာ်းလုပ်သူက သေချာသင်ပေး၊ မပေး စောင့်ကြည့်ရမယ်"
"မမနော်"
ထို့နောက် ညီမနှစ်ယောက် အဝတ်အစားလဲကာ နံနက်စာစားဖို့ ထွက်လာကြသည်။
မည်သို့ပင်ဆိုစေ ယဲ့အိမ်တော်ဝင်းက လူသိပ်မများဘဲ စီးပွားရေးလည်း ကောင်းသည်မို့ ဆွေမျိုးနှစ်ယောက်လောက်ကိုတော့ မထားနိုင်စရာအကြောင်း မရှိပေ။ ကျန်းအိမ်တော်က မြို့တော်ထဲတွင် ကိုယ်ပိုင်အိမ်တော် ရှိသော်လည်း ယဲ့လီကျူးကတော့ သူမတို့ကို ဒီမှာပဲ ထားသည်။
ကျန်းမိသားစုနှင့် လက်ထပ်နိုင်ခဲ့သည် ကျွင့်မိသားစုကလည်း ခေသူများ မဟုတ်ကြပေ။ ကျွင့်သခင်မ၏ အဖေက နာမည်ကြီး ပညာရှိတစ်ယောက်ဖြစ်သလို မြို့တော်တွင် တပည့်များစွာရှိသည်။ ထို့ကြောင့်လည်း ကျွင့်သခင်မ ရောက်လာသည်ကို သိကြသောအခါ ယဲ့အိမ်တော်သို့ လက်ဆောင်လာပေးသူများနှင့် ကြက်ပျံမကျ စည်ကားနေတော့သည်။
ဝူသခင်မကတော့ မျက်စောင်းတခဲခဲပေါ့။
အိမ်တော်လာသည့် ကတော်များက ဝူသခင်မကို အပြင်ပန်းတွင် ဘာမှမပြောသလို ကွယ်ရာတွင်လည်း သိပ်ဂရုမစိုက်ကြပေ။ ကျန်သည့် မင်းမှုထမ်းအငယ်လေးများ၏ဇနီးတွေကသာ သူမကို ယဲ့ကတော်ဆိုပြီး အထင်ကြီးကြခြင်း ဖြစ်သည်။
ကျွင့်မိသားစုက မြို့တော်တွင် ခဏပဲနေမှာ ဖြစ်သော်လည်း သတင်းကြားသည်နှင့် ရောက်လာကြသူတွေက တဖွဲဖွဲ။ ဝမ်ကျိုးက ကျွင့်သခင်မရောက်လာပြီဆိုတော့ ယဲ့အိမ်တော်ကို ဝင်ထွက်လေ့ မရှိသည့် မင်းသမီးချန်တောင် ရောက်လာသည်။
ထို့အပြင် ကျွင့်သခင်မက လောကကြီးအကြောင်းလည်ပတ်သူမို့ ယဲ့လီကျူးလို သူငယ်နှပ်စားလုပ်လို့မရဘဲ တာအိုဆရာများကိုလည်း အိမ်တော်ထဲ ခေါ်သွင်းလို့မရပေ။ ကျွင့်သခင်မသိလျှင် အကုန်ပေါ်ကုန်မည်မို့ သူမ ခြေလှမ်းမပျက်အောင် ထိန်းနေရသည်။
သို့သော် ရှင်းအာက သူမအတွက် အကြံတစ်ခုကိုပေးသည်။
နောက်ရက်တွင်တော့ ယဲ့လီကျူးနှင့် ကျန်းရန်ယိက ကျားကစားနေကြပြီး ကျွင့်သခင်မကတော့ ဘေးတွင်ထိုင်ကာ သင်ပြနေလေသည်။
ထိုစဉ် ယုရှားက ရုတ်တရက် ရောက်လာကာ အမောတကောပြောလေ၏။ “သခင်မလေး မကောင်းတော့ဘူး။ ဝူသခင်မရဲ့အစေခံရှင်းအာက ကျင်းရွှေ့ဟွမ်က အစေခံတွေအခန်းကို လျှောက်ရှာနေတယ်”
ယဲ့လီကျူးက မျက်ခုံးတစ်ချက် ပင့်လိုက်ကာ လက်ထဲက ကျားစေ့ကို ပြုတ်မကျအောင် ကိုင်ထားလေသည်။
“သူက ဘာလို့အဲ့လိုလုပ်တာတဲ့လဲ”
ယုရှားကပြော၏။ “ဝူသခင်မက သူ့ရဲ့ကျောက်စိမ်းလက်ကောက် ပျောက်သွားတယ်တဲ့။ လက်ကောက်က တန်ဖိုးကြီးတယ်လို့လဲ ပြောတယ်။ အိမ်တော်ထဲက တစ်ယောက်ယောက် ခိုးတယ်လို့ထင်ပုံပဲ။ မားမားလျန်နဲ့ မားမားကျိုးတို့အခန်းတွေကို ရှာပြီးသွားပြီ။ အခုလည်း ထပ်ရှာနေတယ်။ သူတို့ပြောတာတော့ တစ်အိမ်တော်လုံးမှာ သူတို့မထိရသေးတာ သခင်မလေးအဆောင်ပဲ ရှိတော့တယ်တဲ့”
လေသံက မာသည်မို့ ယဲ့လီကျူးက ကျားစေ့ကိုလက်ထဲမှ ချလိုက်သည်။ “သူပြောပုံကို နားထောင်ရတာ တို့က အဲ့လက်ကောက်ကို ငမ်းငမ်းတက်ဖြစ်နေတယ်ဆိုတဲ့ပုံပဲ”
ကျွင့်သခင်မကတော့ ဝူသခင်မခြေလှမ်းကို ခန့်မှန်းမိသည်။ သူမက ပြောလိုက်၏။
“ဝူသခင်မကတော့ ကိုယ်တွေကို ဆက်မနေစေချင်တော့ဘူးနဲ့ တူတယ်”
သာမန်မိသားစုတစ်ခုဆိုလျှင်တော့ ဧည့်သည်လာလျှင် စားစရာသောက်စရာပေးရသည်မို့ ဝန်လေးကြတာတော့ အမှန်ပင်။
သို့သော် ပွဲများစွာကျင်းပနေရသည့် ယဲ့အိမ်တော်အတွက် ဆွေမျိုးနှစ်ယောက်စာလောက်ကတော့ အသေးအဖွဲပင်။
ထို့အပြင် ကျွင့်သခင်မနှင့် မိန်းကလေးရန်တို့၏ စားဝတ်နေရေးက သူတို့ဟာသူတို့ စီမံလာပြီးသား ဖြစ်သည်။ ကျွင့်မိသားစုက ယဲ့မိသားစုလောက် နိုင်ငံရေးတွင် အာဏာသိပ်မရှိသော်လည်း ချမ်းသာတာကတော့ အတော်ချမ်းသာကြသည်မို့ ယဲ့အိမ်တော်က သူမတို့ကို အာရုံအရမ်းစိုက်ပေးဖို့ မလိုပေ။
ယဲ့အိမ်တော်က အရမ်းကြီးပြီး ကျွင့်သခင်မတို့ လာနေတာကို ဝူသခင်မက မောင်းထုတ်ချင်နေသည်။ ထို့အပြင် ထိုမိန်းမက တစ်ခုခုကိုကွယ်ဝှက်ထားသည်ဟု ကျွင့်သခင်မက ခံစားရသည်။ ဒီဖြစ်ရပ်ကို ကြည့်ခြင်းဖြင့် ဝူသခင်မ သဘောမကောင်းဆိုတာကို သိနိုင်သည်။
ယဲ့လီကျူးရဲ့ဆွေမျိုးတွေကိုတောင် သည်းမခံနိုင်တာ ယဲ့လီကျူးကိုဆို ဘယ်လိုများသည်းခံနိုင်ပါ့မလဲ။
ကျွင့်သခင်မစကားတွေကြောင့် ယဲ့လီကျူး တောင့်နေမိသည်။
သူမအမျိုးတွေကို ယဲ့လီကျူးက မပြန်စေချင်ပေ။
ကျွင့်မိသားစုက သူမကို သမီးအရင်းလေးလို ချစ်ခင်ပြီးစောင့်ရှောက်ပေးသည်။ သူမ၏ ချင်တီးတာ၊ ကျားထိုးတာ လက်ရေးလှ၊ ပန်းချီစတာတွေကို ကျွင့်မိသားစုကသင်ကြားပေးနေသည်။
ကျွင့်မိသားစုက နှစ်ဝက်ထက် ပိုနေမည်မဟုတ်ဘဲ ဝမ်ကျိုးကို ပြန်မည့်သူများမို့ ပြန်သွားလျှင် တစ်သက်တွေ့နိုင်ဖို့ ခက်ခဲသွားလောက်ပြီ။
ယဲ့လီကျူးကလည်း သူမတစ်ယောက်တည်းဆို ပျင်းနေကာ ကျွင့်သခင်မတို့ရောက်လာမှ သက်ဝင်လှုပ်ရှားလာကြသည်မို့ ဝူသခင်မက သူမတို့ကို လှည့်စားတာတော့မခံလိုပေ။
ယဲ့လီကျူးစဉ်းစားနေတာကို မြင်တော့ကျွင့်သခင်မက သူမခေါင်းလေးကို ပုတ်သည်။
“ကလေးလေး ဒေါ်လေးတို့က ထွက်မသွားပါဘူး။ သမီးအဘွားပြောတာကို နားထောင်ပြီး ဒီကိုလာတယ်ဆိုတာ မင်္ဂလာကိစ္စတစ်ခုတည်းကြောင့် မဟုတ်ဘဲ သမီးအနိုင်ကျင့်မခံရအောင် လာစောင့်ရှောက်တာလည်း ပါတယ်”
ထို့နောက် ကျွင့်သခင်မက ယုရှားဖက်သို့လှည့်ကာ ပြောလိုက်သည်။
“အပြင်ကလူတွေကို သခင်မလေးက တော်ကြဖို့ပြောတယ် ပြောလိုက်။ ပြီးတော့ သူ့ခွင့်ပြုချက်မပါဘဲ အဆောင်ထဲ ခြေတစ်လှမ်းချကြည့် အဲ့ခြေထောက်ကို ဖြတ်ပြီးခွေးစာကျွေးပစ်မယ်လို့ပြောလိုက်”
ယုရှား ထွက်သွားသော်လည်း ကလေးမက ငယ်သေးတာမို့ မကိုင်တွယ်နိုင်မှာစိုးကာ ဟိုက်ထန်ပါ လိုက်သွား၏။
အပြင်ဖက်တွင်တော့ ရှင်းအာက မက်မွန်ပွင့်ရောင်ဝတ်စုံနှင့် ယပ်တောင်တစ်ချောင်းကို ကိုင်ထားလေသည်။ သူမနောက်တွင် ပါလာသူများက ထောင်ထောင်မောင်းမောင်းကြီးတွေဖြစ်ကာ ရုပ်ကြမ်းကြီးများနှင့် ဖြစ်သည်။
ယုရှားက ဆိုလိုက်၏။ “သခင်မလေးက ကျန်းသခင်မလေးနဲ့ ကျားထိုးနေလို့ လာဖို့အချိန်မရှိဘူးတဲ့။ သခင်မလေးရဲ့ ခွင့်ပြုချက်မရှိဘဲ အိမ်တော်ထဲခြေချရင် ခြေထောက်ကိုခွေးစာကျွေးမယ်တဲ့”
ရှင်းအာ၏ မျက်နှာကြီးက ဒေါသထွက်သွားသည်။ “ဟဲ့ ယုရှား နင်သိပ်ရဲတင်းနေတယ်ပေါ့လေ။ ဒါက သခင်မရဲ့အမိန့်ဟဲ့။ သခင်မရဲ့အမိန့်ကို အာခံရဲသလား”
ရှင်းအာက အိမ်တော်ထဲတွင် အာဏာရှိနေသည်မှာ ကြာပြီမို့ ယုရှားတစ်ယောက်လန့်ဖျပ်ကာ အာစေးမိနေသလို ဖြစ်နေရသည်။ ထို့ကြောင့် ဟိုက်ထန်က ဝင်ပြောရ၏။
“ဒါကျင်းရွှေ့ဟွမ်။ ငါတို့အကုန် သခင်မလေးအမိန့်ကိုပဲ လိုက်နာတယ်။ နင်သိပ်သတ္တိရှိနေရင် အဆောင်ထဲ ခြေချကြည့်လိုက်လေ။ ဘယ်နွားမက သတ္တိတွေ သိပ်ကောင်းနေလို့ ခွေးစာ အကျွေးခံချင်နေလဲဆိုတာ သခင်မလေးကို ပြရတာပေါ့”
ယဲ့လီကျူး၏ လူတွေက ခပ်မာမာတွေမို့ ရှင်းအာ မလုပ်ရဲပေ။
ယဲ့အိမ်တော်တွင် ယဲ့လီကျူးက ဝူသခင်မလက်အောက်တွင် ရှိမနေ။
ဟိုက်ထန်က ယုရှားလို ကြောက်မနေ။ သူမက ရှင်းအာနှင့်ရင်ဆိုင်ရာတွင် တည်ငြိမ်သလို အရှိန်အဝါလည်း ကောင်းသူမို့ ရှင်းအာတစ်ယောက်အသံတွေပင် တုန်လာရသည်။
“တို့တွေက သခင်မလေးကို မလေးမစား လုပ်တာမဟုတ်ပါဘူး။ နင်က သခင်မလေးအဆောင်ထဲကို မရှာခိုင်းတော့ နင့်ကို သခင်မက ဒေါသထွက်မှာ မကြောက်ဘူးလား”
ကျင်းရွှေ့ဟွမ်က အစေခံတွေဆိုတာ သခင်မလေး၏မျက်နှာစာတွေဖြစ်ပြီး သူမတို့ကို ရှာဖွေခြင်းက သခင်မလေးမျက်နှာကို ဖြတ်ရိုက်သလိုပင်။ ဟိုက်ထန်က ဆက်ပြော၏။
“နင်လုပ်ရဲရင် ယဲ့သခင်ကြီးကို ခေါ်လိုက်လေ။ လက်ကောက်ခိုးတယ်ဆိုပြီး သူ့နောက်မိန်းမကို သူ့သမီးပါး ရိုက်ခိုင်းမလား ကြည့်ကြတာပေါ့”
ဟိုက်ထန်နှင့် စကားဆက်မပြောနိုင်တော့သည်မို့ ရှင်းအာတစ်ယောက် မျက်နှာကြီးပုပ်သိုးကာ ပြန်သွားတော့သည်။
ဝူသခင်မအဆောင်သို့ ရောက်တော့ ဟိုက်ထန်ပြောသမျှကို သင်းက ဖောက်သည်ချတော့သည်။ သူမ ဒီနေ့အရှက်ရလာသည်မို့ နောက်တွင်လည်း နောင်တရနေတော့မည်။ လက်ဖက်ရည်သောက်နေသည့် ဝူသခင်မ မျက်နှာမကောင်းတော့ပေ။ “အဲ့အစေခံကောင်မကပဲ ပြောရဲနေသလား၊ ဟိုကောင်မကျွင့်ကပဲ သင်ပေးနေသလား မသိဘူး”
အကယ်၍ ကျွင့်သခင်မလူတွေကိုရှာပြီး လက်ကောက်မတွေ့ခဲ့လျှင်တောင် သူတို့က အကျင့်မကောင်းဆိုသည့် သတင်းများ ပျံ့သွားတော့မည်။ ဒါဆို ကျွင့်မိသားစု ဒီအိမ်မှာ နေနိုင်တော့မှာ မဟုတ်။ ထို့အပြင်ယဲ့လီကျူးအဆောင်ကို အတင်းဝင်ရှာြခင်းကလည်း အိမ်တော်သခင်မက ဘယ်သူဆိုတာကို အာဏာပြရာရောက်သည်။
ထိုအချိန်တွင် အပြင်ဘက်မှ အစေခံတစ်ယောက်က ယဲ့သခင်မလေးလာကြောင်းကို အကြောင်းကြားလာသည်။
ဝူသခင်မတစ်ယောက်ချက်ချင်း အင်္ကျီတွေကို ပြုပြင်လိုက်၏။
ယဲ့လီကျူးက စန္ဒကူးယပ်တောင်လေးကို ကိုင်ကာရောက်လာသည်။ သူမက အနည်းငယ်ပြုံးလိုက်၏။
“သခင်မကို နှုတ်ဆက်ပါတယ်။
ဝူသခင်မက မေးလိုက်၏။ “ဒီလောက်နေပူတာ သခင်မလေးက ဒီကိုဘာလာလုပ်တာပါလိမ့်။ ရှင်းအာ သခင်မလေးကို နွေလက်ဖက်ရည်လောင်းထည့်ပေးလိုက်”
ယဲ့လီကျူးက ပြောလိုက်သည်။ “ဝူသခင်မက လက်ကောက်ပျောက်နေလို့ တစ်အိမ်တော်လုံးကို ဗြောင်းဆန်အောင် လိုက်မွှေနေတယ်ကြားလို့လေ”
‘ပြဿနာပဲ။’ ယဲ့လီကျူးက သူမအဖေကို တို့မီးရှို့မီးသွားလုပ်မှာကို ဝူသခင်မလန့်သွားမိသည်။ သူမက ချက်ချင်းပဲ ရှင်းအာပါးကို ရိုက်ချလိုက်၏။
“တယ် ညည်း သခင်မလေးအဆောင်ကို ဘာလို့သွားရှာတာလဲ၊ ဘယ်သူက အဲ့ကိုသွားရမယ်ပြောလို့လဲ”
ယဲ့လီကျူးက ခေါင်းလေးကိုယမ်း၏။ “သူ့ကိုမရိုက်ပါနဲ့ သခင်မ။ အမှားလုပ်တဲ့သူကို ငွေစနှစ်ရှီလင်လောက် ပေးပြီး ထုတ်ပစ်လိုက်”
ယဲ့လီကျူးက သူမကို ထုတ်ပစ်ဖို့ ပြောတော့ ရှင်းအာလန့်ဖျပ်သွားသည်။ သူမက ဝူသခင်မ၏ ခြေသလုံးကို ဖက်ကာ ငိုတော့၏။ “သခင်မ သခင်မ တောင်းပန်ပါတယ် နူးဘီဒီက ထွက်မသွားပါရစေနဲ့”
ရှင်းအာလို အစေခံမျိုးကလည်း ရှာရခက်သည်မို့ ဝူသခင်မကလည်း ကာပေးသည်။
“ဒီကောင်မလေးက ကျွန်မနဲ့အတူတူနေခဲ့တာ ကြာပါပြီ။ သခင်မလေး....”
ယဲ့လီကျူးက ဝူသခင်မကို စကားဖြတ်ပြောလိုက်၏။ “သခင်မက ကျွန်မကို မျက်နှာသာမပေးဘူးပဲ။ အင်း အဲ့တော့လည်း ကျွန်မမှာ ရွေးစရာမှ မရှိတော့တာ။ အဖေ့ကိုပဲ ဒီအကြောင်းပြောရတော့မှာပေါ့”
ရှင်းအာက ယဲ့လီကျူးခြေထောက်ကို ဖက်ဖို့ တွားသွားလိုက်သည်။ သူမက ယဲ့လီကျူးခြေထောက်နား မရောက်ခင်မှာပင်ဟိုက်ထန်က သူမရှေ့ ရောက်လာကာ ရှင်းအာလက်ကို တက်နင်းပစ်လိုက်သည်။
“ရွံစရာကောင်မ....နင့်လက်နဲ့ ငါတို့သခင်မလေးကို ထိစရာမလိုဘူး”
ရှင်းအာက မြေကြီးပေါ်မှာပင်ဒူးထောက်ပြီး ထိုင်ထိုင်ရှိခိုးတော့သည်။ သူမခေါင်းတွင်လည်း သွေးတွေရဲနေလေပြီ။ “သခင်မလေး ကျွန်မကို မထုတ်ပါနဲ့။ နူးဘီမှားပါတယ်။ သခင်မပြောစကားကို အမှတ်မှားမိလို့ပါ”
ယဲ့လီကျူးက အစေခံတစ်ယောက်လာပေးသည့် လက်ဖက်ရည်အေးခွက်ကိုယူပြီး ရှင်းအာအပေါ်သို့ လောင်းချလိုက်လေသည်။ ရှင်းအာတစ်ကိုယ်လုံး အေးစက်သွား၏။
ရှင်းအာက သူမ၏ လျှို့ဝှက်ချက်အတော်များများကိုသိသလို ယဲ့လီကျူးက ဒါမျိုးလုပ်တာကိုလည်း လက်မခံနိုင်ပေ။ သူမက လက်ဖက်ရည်လာပေးသည့်အစေခံကို ပါးရိုက်ကာ ပြောလိုက်၏။
“နမော်နမဲ့နိုင်လိုက်တာ။ ထွက်သွားစမ်း”
ဝူသခင်မက လက်ဖက်ရည်အိုးကို ယူပြီး ကိုယ်တိုင်လောင်းထည့်ကာ သူမလက်နှင့်ပင် ယဲ့လီကျူးကို လက်ဖက်ရည်ဆက်ရင်း ပြောလိုက်၏။ “သခင်မလေးရယ် ကျွန်မကို မျက်နှာသာပေးပါဦး။ ဒီအစေခံက ကျွန်မနဲ့အတူ ရှိလာတာကြာပါပြီ။ သူ့ကို ထုတ်လိုက်လို့ အဆင်မပြေပါဘူး”
တကယ်တော့ ယဲ့လီကျူးက ဒီကိစ္စကို အကျယ်ချဲ့လိုခြင်းမရှိပေ။ ဝူသခင်မကို ဦးချိုးထားပြီး သူမဘေးက လူတွေ ဇောင်းကြွနေကြတာကို ပညာပြပေးချင်ရုံသာဖြစ်သည်။ ထို့အပြင် ကျင်းရွှေ့ဟွမ်က ဘယ်လိုအနိုင်ကျင့်မှုမျိုးကိုမှ လက်ခံမှာမဟုတ်ဟု ပြောချင်တာလည်းပါသည်။
ယဲ့လီကျူးက လက်ဖက်ရည်တစ်ငုံကို စုပ်သောက်လိုက်၏။ သူမ၏ လှပသော မျက်တောင်ကော့ကြီးများက မျက်နှာတွင် အရိပ်ကျနေသည်။
သူမ အပြုအမူတွေက တင့်တယ်လှကာ အရိုးထဲအထိ တော်ဝင်ဆန်မှုတွေ ပြည့်နှက်နေသည်မို့ အမှားရှာဖို့ဆိုတာ မဖြစ်နိုင်ပေ။
ယဲ့လီကျူးက သူမ မပြောချင်တော့သည်မို့ ဟိုက်ထန်က အစားဝင်ပြောပေးသည်။
“သခင်မ...ကျွန်မတို့သခင်မလေးက ကြင်နာတတ်တယ်ဆိုပေမဲ့ နောက်ထပ် ထပ်ဖြစ်ရင်တော့ ညှာမှာ မဟုတ်ဘူးနော်။ နောက်တစ်ခါဆိုရင်တော့ အစ်မရှင်းအာကို ဖျာလိပ်နဲ့ပတ်ပြီးထုတ်ရမယ်သာမှတ်”
ယဲ့လီကျူးထွက်သွားတော့ ဝူသခင်မတစ်ယောက် သူမသောက်သွားသည့် လက်ဖက်ရည်ခွက်တွေကို ပေါက်ခွဲကာ ဒေါသူပုန်ထတော့သည်။
ယဲ့လီကျူးခမျာ ဒီနေ့ ဒေါသအတော်ထွက်ခဲ့ရသည်မို့ နှလုံးတွေဖောက်ကာ အဆောင်ပြန်ရောက်သည်နှင့် လဲကျသွားတော့သည်။ ယဲ့လီကျူး နေမကောင်းတာကို ကျွင့်သခင်မ သိသော်လည်း လွန်ခဲ့သည့်နှစ်ရက်က အခြေအနေက ကောင်းနေတာမို့ ဒီလောက်ဆိုးဝါးနေလိမ့်မည်ဟု သူမ မထင်မိပေ။
ကျွင့်သခင်မ လာတုန်းက ဆေးဝါးကောင်းတွေအများကြီးယူလာသည်မို့ သမားတော်ကို သွေးခုန်နှုန်းစမ်းခိုင်းကာ သူမအတွက် စွပ်ပြုတ်လုပ်ပြီး ယဲ့လီကျူးကိုတိုက်စေသည်။ ထိုကျမှ ယဲ့လီကျူးလည်း သက်သာတော့သည်။
ကျန်းရန်ယိကလည်း ယဲ့လီကျူးကို သေချာလေးစောင့်ရှောက်ပေးသည်။
.....
ရှန်ကျိုးကို တိရှောင်းပြန်လာတော့ ရှင်းလင်းစရာကိစ္စတစ်ပုံကြီးက သူ့ကိုစောင့်ကြိုနေလေသည်။
အလုပ်အရမ်းများနေသည့်ကြားကတောင် သူပုံကြမ်းတစ်ပုံကို ဆွဲကာ လက်သမားဆရာကို ထိုအတိုင်း ဥယျာဉ်တော်ဆောက်စေသည်။ ဒါမှ ယဲ့လီကျူး ရှန်ကျိုးသို့လာသည့်အခါ ဥယျာဉ်ထဲတွင် နေနိုင်မည်။
ဒီရက်တွေအတွင်း ယဲ့လီကျူးကို သူ အိပ်မက် မမက်ခဲ့ပေ။
သို့သော် ဒီညတော့ သူပုံမှန်မဟုတ်စွာ အိပ်မောကျသွားပြီး သူမကို အိပ်မက်မက်လေသည်။
အိပ်မက်ထဲတွင် ယဲ့လီကျူးက နွမ်းလျသော မျက်နှာလေးဖြင့် သစ်ပင်ပင်စည်ကို မှီထားကာ တိရှောင်းရောက်လာတာကိုမြင်တော့ လက်ကိုင်ပုဝါလေးကို ပါးစပ်တွင် အုပ်ကာချောင်းဆိုးလိုက်သည်။
သူမ လက်ကိုင်ပုဝါကို တိရှောင်းယူကြည့်လိုက်တော့ သွေးတို့ရဲနေတာကို မြင်လိုက်ရတော့သည်။
သွေးတွေက မက်မွန်ပွင့်နီတွေ ဖြစ်သွား၏။
ယဲ့လီကျူးက တိရှောင်းကို မော့ကြည့်ကာ ပြောလာသည်။ “အရှင်မင်းသား...ကျွန်မရှင်ပြန်လာတာကို မစောင့်နိုင်လောက်တော့ဘူး”
...
Paid gpရှိပါတယ်ရှင့်
အစအဆုံးကိုမှ Kpay, wave 2500
Ph bill 3000 ( mpt, atom) ပါရှင့်
Gpမှာအပိုင်း (၇၈ )ရောက်နေပါပြီ
Zawgyi
Translation of Pearl In The Palm.
ဖဝါးထက္က ပုလဲသြယ္ (၂၈)
Translator - Jinnie Grace
_______
က်န္းရန္ယိက ယဲ့လီက်ဴးစကားေတြကို ယုံၾကည္စြာနားေထာင္ေနသည္။ "အင္း...လက္ထပ္တာက အဲ့ေလာက္ စိတ္ပူပန္စရာကိစၥေတာ့လည္း မဟုတ္ပါဘူး။ မိသားစုႏွစ္ခု ေပါင္းစည္းတာကလည္း ေကာင္းတာပါပဲ"
သူမေျပညရင္း ၾကည့္လိုက္ေတာ့ ယဲ့လီက်ဴးက သန္းေဝေနကာ မ်က္လုံးေလးမ်ားပင္ စင္းေနေလၿပီ။
သူမ၏ ႏွင္းလိုျဖဴစင္ေသာ အသားအေရေလးေတြေပၚေနတာမို႔ က်န္းရန္ယိတစ္ေယာက္ ထိၾကည့္လိုက္ၿပီး ေစာင္ေလးကို ၿခဳံေပးလိုက္ေတာ့သည္။
ေမလႀကီးျဖစ္ေသာ္လည္း သူမ ညီမေလးက အားနည္းေနသည္မို႔ ေရခဲေတြေၾကာင့္ အေအးမိမွာစိုးကာ ေစာင္ေလးကို ၿခဳံေပးလိုက္သည္။
က်န္းရန္ယိ မလာခင္တုန္းက သူမ တစ္ခါမွမျမင္ဖူးသည့္ညီမေလးအေၾကာင္းကို အဘြားလုပ္သူေျပာျပတာကိုၾကားခဲ့ရသည္။
က်န္းမိသားစုက ခ်မ္းသာကာ က်န္းရန္ယိကလည္း ကြၽင့္မိသားစုတြင္ တစ္ဦးတည္းေသာ သမီးေလးလည္း ျဖစ္သည္။ က်န္းသခင္မႀကီးကလည္း သူမကို ေမြးကတည္းက အလိုလိုက္ထားသည္။ မိသားစုတြင္းက ေဒၚေလးေတြကလည္း သူမကို အေလးေပးၾကသည္။ က်န္းသခင္မႀကီးက စိတ္ထားေကာင္းသလို က်န္းရန္ယိကိုလည္း သူမကိုယ္တိုင္ ျပဳစုပ်ိဳးေထာင္ေပးထားသည္မို႔ သူမက အရည္အခ်င္းေကာင္းေတြႏွင့္ ျပည့္စုံေနေတာ့သည္။
သူမဒီကိုမလာခင္ သူမ၏ ဝမ္းကြဲညီမေလးက ေတာဘုရားေက်ာင္းတစ္ခုတြင္ ႀကီးျပင္းခဲ့ကာ က်န္းမာေရးလည္းမေကာင္းဟု ၾကားထားေသာေၾကာင့္ သက္ရွည္ဖို႔အတြက္ ျပဳလုပ္ထားေသာ ေ႐ႊျပားေလးကို ထက္ပိုင္းခ်ိဳးကာ သူမအဘြားေပးထားေသာ ေတာင္းရမ္းပစၥည္းမ်ားထဲတြင္ ထည့္ေပးလိုက္သည္။
အခုေတာ့ အိမ္ေတာ္ထဲတြင္ ကိုယ္လုပ္ေတာ္ေတြ အမ်ားႀကီးရွိၿပီး ဝူသခင္မက အာဏာရွိေနကာ ထိုအမ်ိဳးသမီးက ေကာင္းမွန္းဆိုးမွန္းမသိတာမို႔ သူမညီမေလးအတြက္ ရင္ေလးမိသည္။
ထိုအေၾကာင္းေတြေတြးရင္း သူမ အိပ္ေမာက်သြားေတာ့သည္။
ေနာက္ရက္တြင္ေတာ့ ယဲ့လီက်ဴးအေစာႀကီးနိုးေနကာ က်န္းရန္ယိအိပ္ေမာက်ေနသည္ကို ျမင္သည္မို႔ ႐ုတ္တရက္ စေနာက္ခ်င္စိတ္ ေပၚလာသျဖင့္ က်န္းယန္ယိႏွာေခါင္းေလးကို ပိတ္လိုက္ေလသည္။
က်န္းရန္ယိက ႏွစ္ၿခိဳက္စြာ အိပ္ေမာက်ေနသည္မို႔ သူမႏွာေခါင္းအဆြဲခံရခ်ိန္တြင္ ႏႈတ္ခမ္းေလးဟကာ အသက္ရႉေနရသည္။ ယဲ့လီက်ဴးက ရယ္ေလေတာ့ သူမမ်က္လုံးေတြပြင့္လာ၏။
သူမက ယဲ့လီက်ဴးလက္ကေလးကိုဖမ္းလိုက္ၿပီး "ညီမေလး ျပႆနာမရွာနဲ႕"
ယဲ့လီက်ဴးလက္ေတာက တကယ္လည္းေအးစက္ေနသည္မို႔ က်န္းယန္ယိက သူမလက္ေတြႏွင့္ ကိုင္ကာ ေႏြးေအာင္ လုပ္ထားေပးရသည္။
"က်ဴးက်ဴးက အဆိုးေလးေနာ္။ ေနာက္က်မွ ေယာက်ာ္းလုပ္သူက ေသခ်ာသင္ေပး၊ မေပး ေစာင့္ၾကည့္ရမယ္"
"မမေနာ္"
ထို႔ေနာက္ ညီမႏွစ္ေယာက္ အဝတ္အစားလဲကာ နံနက္စာစားဖို႔ ထြက္လာၾကသည္။
မည္သို႔ပင္ဆိုေစ ယဲ့အိမ္ေတာ္ဝင္းက လူသိပ္မမ်ားဘဲ စီးပြားေရးလည္း ေကာင္းသည္မို႔ ေဆြမ်ိဳးႏွစ္ေယာက္ေလာက္ကိုေတာ့ မထားနိုင္စရာအေၾကာင္း မရွိေပ။ က်န္းအိမ္ေတာ္က ၿမိဳ႕ေတာ္ထဲတြင္ ကိုယ္ပိုင္အိမ္ေတာ္ ရွိေသာ္လည္း ယဲ့လီက်ဴးကေတာ့ သူမတို႔ကို ဒီမွာပဲ ထားသည္။
က်န္းမိသားစုႏွင့္ လက္ထပ္နိုင္ခဲ့သည္ ကြၽင့္မိသားစုကလည္း ေခသူမ်ား မဟုတ္ၾကေပ။ ကြၽင့္သခင္မ၏ အေဖက နာမည္ႀကီး ပညာရွိတစ္ေယာက္ျဖစ္သလို ၿမိဳ႕ေတာ္တြင္ တပည့္မ်ားစြာရွိသည္။ ထို႔ေၾကာင့္လည္း ကြၽင့္သခင္မ ေရာက္လာသည္ကို သိၾကေသာအခါ ယဲ့အိမ္ေတာ္သို႔ လက္ေဆာင္လာေပးသူမ်ားႏွင့္ ၾကက္ပ်ံမက် စည္ကားေနေတာ့သည္။
ဝူသခင္မကေတာ့ မ်က္ေစာင္းတခဲခဲေပါ့။
အိမ္ေတာ္လာသည့္ ကေတာ္မ်ားက ဝူသခင္မကို အျပင္ပန္းတြင္ ဘာမွမေျပာသလို ကြယ္ရာတြင္လည္း သိပ္ဂ႐ုမစိုက္ၾကေပ။ က်န္သည့္ မင္းမႈထမ္းအငယ္ေလးမ်ား၏ဇနီးေတြကသာ သူမကို ယဲ့ကေတာ္ဆိုၿပီး အထင္ႀကီးၾကျခင္း ျဖစ္သည္။
ကြၽင့္မိသားစုက ၿမိဳ႕ေတာ္တြင္ ခဏပဲေနမွာ ျဖစ္ေသာ္လည္း သတင္းၾကားသည္ႏွင့္ ေရာက္လာၾကသူေတြက တဖြဲဖြဲ။ ဝမ္က်ိဳးက ကြၽင့္သခင္မေရာက္လာၿပီဆိုေတာ့ ယဲ့အိမ္ေတာ္ကို ဝင္ထြက္ေလ့ မရွိသည့္ မင္းသမီးခ်န္ေတာင္ ေရာက္လာသည္။
ထို႔အျပင္ ကြၽင့္သခင္မက ေလာကႀကီးအေၾကာင္းလည္ပတ္သူမို႔ ယဲ့လီက်ဴးလို သူငယ္ႏွပ္စားလုပ္လို႔မရဘဲ တာအိုဆရာမ်ားကိုလည္း အိမ္ေတာ္ထဲ ေခၚသြင္းလို႔မရေပ။ ကြၽင့္သခင္မသိလွ်င္ အကုန္ေပၚကုန္မည္မို႔ သူမ ေျခလွမ္းမပ်က္ေအာင္ ထိန္းေနရသည္။
သို႔ေသာ္ ရွင္းအာက သူမအတြက္ အႀကံတစ္ခုကိုေပးသည္။
ေနာက္ရက္တြင္ေတာ့ ယဲ့လီက်ဴးႏွင့္ က်န္းရန္ယိက က်ားကစားေနၾကၿပီး ကြၽင့္သခင္မကေတာ့ ေဘးတြင္ထိုင္ကာ သင္ျပေနေလသည္။
ထိုစဥ္ ယုရွားက ႐ုတ္တရက္ ေရာက္လာကာ အေမာတေကာေျပာေလ၏။ “သခင္မေလး မေကာင္းေတာ့ဘူး။ ဝူသခင္မရဲ႕အေစခံရွင္းအာက က်င္းေ႐ႊ႕ဟြမ္က အေစခံေတြအခန္းကို ေလွ်ာက္ရွာေနတယ္”
ယဲ့လီက်ဴးက မ်က္ခုံးတစ္ခ်က္ ပင့္လိုက္ကာ လက္ထဲက က်ားေစ့ကို ျပဳတ္မက်ေအာင္ ကိုင္ထားေလသည္။
“သူက ဘာလို႔အဲ့လိုလုပ္တာတဲ့လဲ”
ယုရွားကေျပာ၏။ “ဝူသခင္မက သူ႕ရဲ႕ေက်ာက္စိမ္းလက္ေကာက္ ေပ်ာက္သြားတယ္တဲ့။ လက္ေကာက္က တန္ဖိုးႀကီးတယ္လို႔လဲ ေျပာတယ္။ အိမ္ေတာ္ထဲက တစ္ေယာက္ေယာက္ ခိုးတယ္လို႔ထင္ပုံပဲ။ မားမားလ်န္နဲ႕ မားမားက်ိဳးတို႔အခန္းေတြကို ရွာၿပီးသြားၿပီ။ အခုလည္း ထပ္ရွာေနတယ္။ သူတို႔ေျပာတာေတာ့ တစ္အိမ္ေတာ္လုံးမွာ သူတို႔မထိရေသးတာ သခင္မေလးအေဆာင္ပဲ ရွိေတာ့တယ္တဲ့”
ေလသံက မာသည္မို႔ ယဲ့လီက်ဴးက က်ားေစ့ကိုလက္ထဲမွ ခ်လိဳက္သည္။ “သူေျပာပုံကို နားေထာင္ရတာ တို႔က အဲ့လက္ေကာက္ကို ငမ္းငမ္းတက္ျဖစ္ေနတယ္ဆိုတဲ့ပုံပဲ”
ကြၽင့္သခင္မကေတာ့ ဝူသခင္မေျခလွမ္းကို ခန့္မွန္းမိသည္။ သူမက ေျပာလိုက္၏။
“ဝူသခင္မကေတာ့ ကိုယ္ေတြကို ဆက္မေနေစခ်င္ေတာ့ဘူးနဲ႕ တူတယ္”
သာမန္မိသားစုတစ္ခုဆိုလွ်င္ေတာ့ ဧည့္သည္လာလွ်င္ စားစရာေသာက္စရာေပးရသည္မို႔ ဝန္ေလးၾကတာေတာ့ အမွန္ပင္။
သို႔ေသာ္ ပြဲမ်ားစြာက်င္းပေနရသည့္ ယဲ့အိမ္ေတာ္အတြက္ ေဆြမ်ိဳးႏွစ္ေယာက္စာေလာက္ကေတာ့ အေသးအဖြဲပင္။
ထို႔အျပင္ ကြၽင့္သခင္မႏွင့္ မိန္းကေလးရန္တို႔၏ စားဝတ္ေနေရးက သူတို႔ဟာသူတို႔ စီမံလာၿပီးသား ျဖစ္သည္။ ကြၽင့္မိသားစုက ယဲ့မိသားစုေလာက္ နိုင္ငံေရးတြင္ အာဏာသိပ္မရွိေသာ္လည္း ခ်မ္းသာတာကေတာ့ အေတာ္ခ်မ္းသာၾကသည္မို႔ ယဲ့အိမ္ေတာ္က သူမတို႔ကို အာ႐ုံအရမ္းစိုက္ေပးဖို႔ မလိုေပ။
ယဲ့အိမ္ေတာ္က အရမ္းႀကီးၿပီး ကြၽင့္သခင္မတို႔ လာေနတာကို ဝူသခင္မက ေမာင္းထုတ္ခ်င္ေနသည္။ ထို႔အျပင္ ထိုမိန္းမက တစ္ခုခုကိုကြယ္ဝွက္ထားသည္ဟု ကြၽင့္သခင္မက ခံစားရသည္။ ဒီျဖစ္ရပ္ကို ၾကည့္ျခင္းျဖင့္ ဝူသခင္မ သေဘာမေကာင္းဆိုတာကို သိနိုင္သည္။
ယဲ့လီက်ဴးရဲ႕ေဆြမ်ိဳးေတြကိုေတာင္ သည္းမခံနိုင္တာ ယဲ့လီက်ဴးကိုဆို ဘယ္လိုမ်ားသည္းခံနိုင္ပါ့မလဲ။
ကြၽင့္သခင္မစကားေတြေၾကာင့္ ယဲ့လီက်ဴး ေတာင့္ေနမိသည္။
သူမအမ်ိဳးေတြကို ယဲ့လီက်ဴးက မျပန္ေစခ်င္ေပ။
ကြၽင့္မိသားစုက သူမကို သမီးအရင္းေလးလို ခ်စ္ခင္ၿပီးေစာင့္ေရွာက္ေပးသည္။ သူမ၏ ခ်င္တီးတာ၊ က်ားထိုးတာ လက္ေရးလွ၊ ပန္းခ်ီစတာေတြကို ကြၽင့္မိသားစုကသင္ၾကားေပးေနသည္။
ကြၽင့္မိသားစုက ႏွစ္ဝက္ထက္ ပိုေနမည္မဟုတ္ဘဲ ဝမ္က်ိဳးကို ျပန္မည့္သူမ်ားမို႔ ျပန္သြားလွ်င္ တစ္သက္ေတြ႕နိုင္ဖို႔ ခက္ခဲသြားေလာက္ၿပီ။
ယဲ့လီက်ဴးကလည္း သူမတစ္ေယာက္တည္းဆို ပ်င္းေနကာ ကြၽင့္သခင္မတို႔ေရာက္လာမွ သက္ဝင္လႈပ္ရွားလာၾကသည္မို႔ ဝူသခင္မက သူမတို႔ကို လွည့္စားတာေတာ့မခံလိုေပ။
ယဲ့လီက်ဴးစဥ္းစားေနတာကို ျမင္ေတာ့ကြၽင့္သခင္မက သူမေခါင္းေလးကို ပုတ္သည္။
“ကေလးေလး ေဒၚေလးတို႔က ထြက္မသြားပါဘူး။ သမီးအဘြားေျပာတာကို နားေထာင္ၿပီး ဒီကိုလာတယ္ဆိုတာ မဂၤလာကိစၥတစ္ခုတည္းေၾကာင့္ မဟုတ္ဘဲ သမီးအနိုင္က်င့္မခံရေအာင္ လာေစာင့္ေရွာက္တာလည္း ပါတယ္”
ထို႔ေနာက္ ကြၽင့္သခင္မက ယုရွားဖက္သို႔လွည့္ကာ ေျပာလိုက္သည္။
“အျပင္ကလူေတြကို သခင္မေလးက ေတာ္ၾကဖို႔ေျပာတယ္ ေျပာလိုက္။ ၿပီးေတာ့ သူ႕ခြင့္ျပဳခ်က္မပါဘဲ အေဆာင္ထဲ ေျခတစ္လွမ္းခ်ၾကည့္ အဲ့ေျခေထာက္ကို ျဖတ္ၿပီးေခြးစာေကြၽးပစ္မယ္လို႔ေျပာလိုက္”
ယုရွား ထြက္သြားေသာ္လည္း ကေလးမက ငယ္ေသးတာမို႔ မကိုင္တြယ္နိုင္မွာစိုးကာ ဟိုက္ထန္ပါ လိုက္သြား၏။
အျပင္ဖက္တြင္ေတာ့ ရွင္းအာက မက္မြန္ပြင့္ေရာင္ဝတ္စုံႏွင့္ ယပ္ေတာင္တစ္ေခ်ာင္းကို ကိုင္ထားေလသည္။ သူမေနာက္တြင္ ပါလာသူမ်ားက ေထာင္ေထာင္ေမာင္းေမာင္းႀကီးေတြျဖစ္ကာ ႐ုပ္ၾကမ္းႀကီးမ်ားႏွင့္ ျဖစ္သည္။
ယုရွားက ဆိုလိုက္၏။ “သခင္မေလးက က်န္းသခင္မေလးနဲ႕ က်ားထိုးေနလို႔ လာဖို႔အခ်ိန္မရွိဘူးတဲ့။ သခင္မေလးရဲ႕ ခြင့္ျပဳခ်က္မရွိဘဲ အိမ္ေတာ္ထဲေျခခ်ရင္ ေျခေထာက္ကိုေခြးစာေကြၽးမယ္တဲ့”
ရွင္းအာ၏ မ်က္ႏွာႀကီးက ေဒါသထြက္သြားသည္။ “ဟဲ့ ယုရွား နင္သိပ္ရဲတင္းေနတယ္ေပါ့ေလ။ ဒါက သခင္မရဲ႕အမိန႔္ဟဲ့။ သခင္မရဲ႕အမိန႔္ကို အာခံရဲသလား”
ရွင္းအာက အိမ္ေတာ္ထဲတြင္ အာဏာရွိေနသည္မွာ ၾကာၿပီမို႔ ယုရွားတစ္ေယာက္လန႔္ဖ်ပ္ကာ အာေစးမိေနသလို ျဖစ္ေနရသည္။ ထို႔ေၾကာင့္ ဟိုက္ထန္က ဝင္ေျပာရ၏။
“ဒါက်င္းေ႐ႊ႕ဟြမ္။ ငါတို႔အကုန္ သခင္မေလးအမိန႔္ကိုပဲ လိုက္နာတယ္။ နင္သိပ္သတၱိရွိေနရင္ အေဆာင္ထဲ ေျခခ်ၾကည့္လိုက္ေလ။ ဘယ္ႏြားမက သတၱိေတြ သိပ္ေကာင္းေနလို႔ ေခြးစာ အေကြၽးခံခ်င္ေနလဲဆိုတာ သခင္မေလးကို ျပရတာေပါ့”
ယဲ့လီက်ဴး၏ လူေတြက ခပ္မာမာေတြမို႔ ရွင္းအာ မလုပ္ရဲေပ။
ယဲ့အိမ္ေတာ္တြင္ ယဲ့လီက်ဴးက ဝူသခင္မလက္ေအာက္တြင္ ရွိမေန။
ဟိုက္ထန္က ယုရွားလို ေၾကာက္မေန။ သူမက ရွင္းအာႏွင့္ရင္ဆိုင္ရာတြင္ တည္ၿငိမ္သလို အရွိန္အဝါလည္း ေကာင္းသူမို႔ ရွင္းအာတစ္ေယာက္အသံေတြပင္ တုန္လာရသည္။
“တို႔ေတြက သခင္မေလးကို မေလးမစား လုပ္တာမဟုတ္ပါဘူး။ နင္က သခင္မေလးအေဆာင္ထဲကို မရွာခိုင္းေတာ့ နင့္ကို သခင္မက ေဒါသထြက္မွာ မေၾကာက္ဘူးလား”
က်င္းေ႐ႊ႕ဟြမ္က အေစခံေတြဆိုတာ သခင္မေလး၏မ်က္ႏွာစာေတြျဖစ္ၿပီး သူမတို႔ကို ရွာေဖြျခင္းက သခင္မေလးမ်က္ႏွာကို ျဖတ္ရိုက္သလိုပင္။ ဟိုက္ထန္က ဆက္ေျပာ၏။
“နင္လုပ္ရဲရင္ ယဲ့သခင္ႀကီးကို ေခၚလိုက္ေလ။ လက္ေကာက္ခိုးတယ္ဆိုၿပီး သူ႕ေနာက္မိန္းမကို သူ႕သမီးပါး ရိုက္ခိုင္းမလား ၾကည့္ၾကတာေပါ့”
ဟိုက္ထန္ႏွင့္ စကားဆက္မေျပာနိုင္ေတာ့သည္မို႔ ရွင္းအာတစ္ေယာက္ မ်က္ႏွာႀကီးပုပ္သိုးကာ ျပန္သြားေတာ့သည္။
ဝူသခင္မအေဆာင္သို႔ ေရာက္ေတာ့ ဟိုက္ထန္ေျပာသမွ်ကို သင္းက ေဖာက္သည္ခ်ေတာ့သည္။ သူမ ဒီေန႕အရွက္ရလာသည္မို႔ ေနာက္တြင္လည္း ေနာင္တရေနေတာ့မည္။ လက္ဖက္ရည္ေသာက္ေနသည့္ ဝူသခင္မ မ်က္ႏွာမေကာင္းေတာ့ေပ။ “အဲ့အေစခံေကာင္မကပဲ ေျပာရဲေနသလား၊ ဟိုေကာင္မကြၽင့္ကပဲ သင္ေပးေနသလား မသိဘူး”
အကယ္၍ ကြၽင့္သခင္မလူေတြကိုရွာၿပီး လက္ေကာက္မေတြ႕ခဲ့လွ်င္ေတာင္ သူတို႔က အက်င့္မေကာင္းဆိုသည့္ သတင္းမ်ား ပ်ံ့သြားေတာ့မည္။ ဒါဆို ကြၽင့္မိသားစု ဒီအိမ္မွာ ေနနိုင္ေတာ့မွာ မဟုတ္။ ထို႔အျပင္ယဲ့လီက်ဴးအေဆာင္ကို အတင္းဝင္ရွာျခင္းကလည္း အိမ္ေတာ္သခင္မက ဘယ္သူဆိုတာကို အာဏာျပရာေရာက္သည္။
ထိုအခ်ိန္တြင္ အျပင္ဘက္မွ အေစခံတစ္ေယာက္က ယဲ့သခင္မေလးလာေၾကာင္းကို အေၾကာင္းၾကားလာသည္။
ဝူသခင္မတစ္ေယာက္ခ်က္ခ်င္း အကၤ်ီေတြကို ျပဳျပင္လိုက္၏။
ယဲ့လီက်ဴးက စႏၵကူးယပ္ေတာင္ေလးကို ကိုင္ကာေရာက္လာသည္။ သူမက အနည္းငယ္ၿပဳံးလိုက္၏။
“သခင္မကို ႏႈတ္ဆက္ပါတယ္။
ဝူသခင္မက ေမးလိုက္၏။ “ဒီေလာက္ေနပူတာ သခင္မေလးက ဒီကိုဘာလာလုပ္တာပါလိမ့္။ ရွင္းအာ သခင္မေလးကို ေႏြလက္ဖက္ရည္ေလာင္းထည့္ေပးလိုက္”
ယဲ့လီက်ဴးက ေျပာလိုက္သည္။ “ဝူသခင္မက လက္ေကာက္ေပ်ာက္ေနလို႔ တစ္အိမ္ေတာ္လုံးကို ေျဗာင္းဆန္ေအာင္ လိုက္ေမႊေနတယ္ၾကားလို႔ေလ”
‘ျပႆနာပဲ။’ ယဲ့လီက်ဴးက သူမအေဖကို တို႔မီးရွို႔မီးသြားလုပ္မွာကို ဝူသခင္မလန႔္သြားမိသည္။ သူမက ခ်က္ခ်င္းပဲ ရွင္းအာပါးကို ရိုက္ခ်လိဳက္၏။
“တယ္ ညည္း သခင္မေလးအေဆာင္ကို ဘာလို႔သြားရွာတာလဲ၊ ဘယ္သူက အဲ့ကိုသြားရမယ္ေျပာလို႔လဲ”
ယဲ့လီက်ဴးက ေခါင္းေလးကိုယမ္း၏။ “သူ႕ကိုမရိုက္ပါနဲ႕ သခင္မ။ အမွားလုပ္တဲ့သူကို ေငြစႏွစ္ရွီလင္ေလာက္ ေပးၿပီး ထုတ္ပစ္လိုက္”
ယဲ့လီက်ဴးက သူမကို ထုတ္ပစ္ဖို႔ ေျပာေတာ့ ရွင္းအာလန႔္ဖ်ပ္သြားသည္။ သူမက ဝူသခင္မ၏ ေျခသလုံးကို ဖက္ကာ ငိုေတာ့၏။ “သခင္မ သခင္မ ေတာင္းပန္ပါတယ္ ႏူးဘီဒီက ထြက္မသြားပါရေစနဲ႕”
ရွင္းအာလို အေစခံမ်ိဳးကလည္း ရွာရခက္သည္မို႔ ဝူသခင္မကလည္း ကာေပးသည္။
“ဒီေကာင္မေလးက ကြၽန္မနဲ႕အတူတူေနခဲ့တာ ၾကာပါၿပီ။ သခင္မေလး....”
ယဲ့လီက်ဴးက ဝူသခင္မကို စကားျဖတ္ေျပာလိုက္၏။ “သခင္မက ကြၽန္မကို မ်က္ႏွာသာမေပးဘူးပဲ။ အင္း အဲ့ေတာ့လည္း ကြၽန္မမွာ ေ႐ြးစရာမွ မရွိေတာ့တာ။ အေဖ့ကိုပဲ ဒီအေၾကာင္းေျပာရေတာ့မွာေပါ့”
ရွင္းအာက ယဲ့လီက်ဴးေျခေထာက္ကို ဖက္ဖို႔ တြားသြားလိုက္သည္။ သူမက ယဲ့လီက်ဴးေျခေထာက္နား မေရာက္ခင္မွာပင္ဟိုက္ထန္က သူမေရွ႕ ေရာက္လာကာ ရွင္းအာလက္ကို တက္နင္းပစ္လိုက္သည္။
“႐ြံစရာေကာင္မ....နင့္လက္နဲ႕ ငါတို႔သခင္မေလးကို ထိစရာမလိုဘူး”
ရွင္းအာက ေျမႀကီးေပၚမွာပင္ဒူးေထာက္ၿပီး ထိုင္ထိုင္ရွိခိုးေတာ့သည္။ သူမေခါင္းတြင္လည္း ေသြးေတြရဲေနေလၿပီ။ “သခင္မေလး ကြၽန္မကို မထုတ္ပါနဲ႕။ ႏူးဘီမွားပါတယ္။ သခင္မေျပာစကားကို အမွတ္မွားမိလို႔ပါ”
ယဲ့လီက်ဴးက အေစခံတစ္ေယာက္လာေပးသည့္ လက္ဖက္ရည္ေအးခြက္ကိုယူၿပီး ရွင္းအာအေပၚသို႔ ေလာင္းခ်လိဳက္ေလသည္။ ရွင္းအာတစ္ကိုယ္လုံး ေအးစက္သြား၏။
ရွင္းအာက သူမ၏ လွ်ို႔ဝွက္ခ်က္အေတာ္မ်ားမ်ားကိုသိသလို ယဲ့လီက်ဴးက ဒါမ်ိဳးလုပ္တာကိုလည္း လက္မခံနိုင္ေပ။ သူမက လက္ဖက္ရည္လာေပးသည့္အေစခံကို ပါးရိုက္ကာ ေျပာလိုက္၏။
“နေမာ္နမဲ့နိုင္လိုက္တာ။ ထြက္သြားစမ္း”
ဝူသခင္မက လက္ဖက္ရည္အိုးကို ယူၿပီး ကိုယ္တိုင္ေလာင္းထည့္ကာ သူမလက္ႏွင့္ပင္ ယဲ့လီက်ဴးကို လက္ဖက္ရည္ဆက္ရင္း ေျပာလိုက္၏။ “သခင္မေလးရယ္ ကြၽန္မကို မ်က္ႏွာသာေပးပါဦး။ ဒီအေစခံက ကြၽန္မနဲ႕အတူ ရွိလာတာၾကာပါၿပီ။ သူ႕ကို ထုတ္လိုက္လို႔ အဆင္မေျပပါဘူး”
တကယ္ေတာ့ ယဲ့လီက်ဴးက ဒီကိစၥကို အက်ယ္ခ်ဲ့လိုျခင္းမရွိေပ။ ဝူသခင္မကို ဦးခ်ိဳးထားၿပီး သူမေဘးက လူေတြ ေဇာင္းႂကြေနၾကတာကို ပညာျပေပးခ်င္႐ုံသာျဖစ္သည္။ ထို႔အျပင္ က်င္းေ႐ႊ႕ဟြမ္က ဘယ္လိုအနိုင္က်င့္မႈမ်ိဳးကိုမွ လက္ခံမွာမဟုတ္ဟု ေျပာခ်င္တာလည္းပါသည္။
ယဲ့လီက်ဴးက လက္ဖက္ရည္တစ္ငုံကို စုပ္ေသာက္လိုက္၏။ သူမ၏ လွပေသာ မ်က္ေတာင္ေကာ့ႀကီးမ်ားက မ်က္ႏွာတြင္ အရိပ္က်ေနသည္။
သူမ အျပဳအမူေတြက တင့္တယ္လွကာ အရိုးထဲအထိ ေတာ္ဝင္ဆန္မႈေတြ ျပည့္ႏွက္ေနသည္မို႔ အမွားရွာဖို႔ဆိုတာ မျဖစ္နိုင္ေပ။
ယဲ့လီက်ဴးက သူမ မေျပာခ်င္ေတာ့သည္မို႔ ဟိုက္ထန္က အစားဝင္ေျပာေပးသည္။
“သခင္မ...ကြၽန္မတို႔သခင္မေလးက ၾကင္နာတတ္တယ္ဆိုေပမဲ့ ေနာက္ထပ္ ထပ္ျဖစ္ရင္ေတာ့ ညွာမွာ မဟုတ္ဘူးေနာ္။ ေနာက္တစ္ခါဆိုရင္ေတာ့ အစ္မရွင္းအာကို ဖ်ာလိပ္နဲ႕ပတ္ၿပီးထုတ္ရမယ္သာမွတ္”
ယဲ့လီက်ဴးထြက္သြားေတာ့ ဝူသခင္မတစ္ေယာက္ သူမေသာက္သြားသည့္ လက္ဖက္ရည္ခြက္ေတြကို ေပါက္ခြဲကာ ေဒါသူပုန္ထေတာ့သည္။
ယဲ့လီက်ဴးခမ်ာ ဒီေန႕ ေဒါသအေတာ္ထြက္ခဲ့ရသည္မို႔ ႏွလုံးေတြေဖာက္ကာ အေဆာင္ျပန္ေရာက္သည္ႏွင့္ လဲက်သြားေတာ့သည္။ ယဲ့လီက်ဴး ေနမေကာင္းတာကို ကြၽင့္သခင္မ သိေသာ္လည္း လြန္ခဲ့သည့္ႏွစ္ရက္က အေျခအေနက ေကာင္းေနတာမို႔ ဒီေလာက္ဆိုးဝါးေနလိမ့္မည္ဟု သူမ မထင္မိေပ။
ကြၽင့္သခင္မ လာတုန္းက ေဆးဝါးေကာင္းေတြအမ်ားႀကီးယူလာသည္မို႔ သမားေတာ္ကို ေသြးခုန္ႏႈန္းစမ္းခိုင္းကာ သူမအတြက္ စြပ္ျပဳတ္လုပ္ၿပီး ယဲ့လီက်ဴးကိုတိုက္ေစသည္။ ထိုက်မွ ယဲ့လီက်ဴးလည္း သက္သာေတာ့သည္။
က်န္းရန္ယိကလည္း ယဲ့လီက်ဴးကို ေသခ်ာေလးေစာင့္ေရွာက္ေပးသည္။
.....
ရွန္က်ိဳးကို တိေရွာင္းျပန္လာေတာ့ ရွင္းလင္းစရာကိစၥတစ္ပုံႀကီးက သူ႕ကိုေစာင့္ႀကိဳေနေလသည္။
အလုပ္အရမ္းမ်ားေနသည့္ၾကားကေတာင္ သူပုံၾကမ္းတစ္ပုံကို ဆြဲကာ လက္သမားဆရာကို ထိုအတိုင္း ဥယ်ာဥ္ေတာ္ေဆာက္ေစသည္။ ဒါမွ ယဲ့လီက်ဴး ရွန္က်ိဳးသို႔လာသည့္အခါ ဥယ်ာဥ္ထဲတြင္ ေနနိုင္မည္။
ဒီရက္ေတြအတြင္း ယဲ့လီက်ဴးကို သူ အိပ္မက္ မမက္ခဲ့ေပ။
သို႔ေသာ္ ဒီညေတာ့ သူပုံမွန္မဟုတ္စြာ အိပ္ေမာက်သြားၿပီး သူမကို အိပ္မက္မက္ေလသည္။
အိပ္မက္ထဲတြင္ ယဲ့လီက်ဴးက ႏြမ္းလ်ေသာ မ်က္ႏွာေလးျဖင့္ သစ္ပင္ပင္စည္ကို မွီထားကာ တိေရွာင္းေရာက္လာတာကိုျမင္ေတာ့ လက္ကိုင္ပုဝါေလးကို ပါးစပ္တြင္ အုပ္ကာေခ်ာင္းဆိုးလိုက္သည္။
သူမ လက္ကိုင္ပုဝါကို တိေရွာင္းယူၾကည့္လိုက္ေတာ့ ေသြးတို႔ရဲေနတာကို ျမင္လိုက္ရေတာ့သည္။
ေသြးေတြက မက္မြန္ပြင့္နီေတြ ျဖစ္သြား၏။
ယဲ့လီက်ဴးက တိေရွာင္းကို ေမာ့ၾကည့္ကာ ေျပာလာသည္။ “အရွင္မင္းသား...ကြၽန္မရွင္ျပန္လာတာကို မေစာင့္နိုင္ေလာက္ေတာ့ဘူး”
...
Paid gpရွိပါတယ္ရွင့္
အစအဆုံးကိုမွ Kpay, wave 2500
Ph bill 3000 ( mpt, atom) ပါရွင့္
Gpမွာအပိုင္း (၇၈ )ေရာက္ေနပါၿပီ