Smile Sparkle Shine

By Vi_Vian25

352K 27.5K 2.8K

punishment type ပါ။ အဆင်ပြေမှဖတ်ပါ။ More

Intro
အခန်း ၁
အခန်း ၂
အခန်း ၃
အခန်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃
အခန်း ၁၄
အပိုင်း ၁၅
အခန်း ၁၆
အခန်း ၁၇
အခန်း ၁၈
အခန်း ၁၉
အခန်း ၂၀
အခန်း ၂၁
အခန်း ၂၃
အခန်း ၂၄
အခန်း ၂၅
အခန်း ၂၆
အခန်း၂၇
အခန်း ၂၈
အခန်း ၂၉
အခန်း ၃၀
အခန်း ၃၁
အခန်း ၃၂
အခန်း ၃၃

အခန်း ၂၂

9.7K 819 64
By Vi_Vian25

Unicode

"ကျွန်တော့်ကို မလွမ်းဘူးလား"

ရိုင်ဖယ်သုံးလက်ခန့်တန်းစီချထားပြီး ကျည်တချို့နှင့် အလုပ်ရှုပ်နေသည့် ကိုကျော်စွာရှေ့စားပွဲတွင် လက်နှစ်ဖက်ထောက်၊ မေးတင်ကာ မေးလိုက်သည့် သျှားကြောင့် ကိုကျော်စွာကမျက်လုံးဝင့်ကြည့်၏ သွားတွေစိကာရယ်ပြတော့ အကြည့်က သေနတ်တွေဆီပြန်ရောက်သွား၏

"လွမ်းရအောင်ငါကမင်းရည်းစားလား"

"ဟာ....ကိုကျော်စွာကလည်း...ရည်းစားမဟုတ်လည်းလွမ်းလို့ရပါတယ်ဗျ"

"မင်းသွားတာတစ်လတောင်မပြည့်ဘူးလေ သျှား"

"အေးပေါ့ ဘယ်လွမ်းမလဲ ကိုမင်းထင်ကြီးရှိနေတာကို"

*​ဖြန်း!*

"အ"

သျှား၏ ရွတ်နောက်နောက်စကားကြောင့် နဖူးကို လက်ဝါးနှင့် ​ဖြန်းခနဲရိုက်ချပစ်သည်က ရှောင်ချိန်ပင်မရလိုက်။ အနောက်အနည်းငယ်ယိုင်ထွက်သွားသည့်ကိုယ်ကိုပြန်တည့်ကာ နဖူးကို ပွတ်ရင်း ကိုကျော်စွာကို မျက်လုံးများမှေးကြည့်လိုက်သည်။

"ငါ့လက်ထဲမှာကိုင်ထားတာတွေက သေနတ်တွေနော် သျှား"

"ကိုမင်းထင်အတွက်နဲ့ ကျွန်တော့်ကိုတောင် သေနတ်နဲ့ပစ်တော့မယ်ပေါ့"

"အဲ့ဒီ့ကောင်အကြောင်းမပါရင် မင်းစကားမပြောတတ်ဘူးလား သျှား"

"ကိုကျော်စွာတို့ကမှ မရိုးတာဗျ"

"မင်းမေ..............ကျစ်"

"ထင်သျှားဟန်ဆိုတာ တကယ်တော့ အပါယ်ခံလေးပါ။ ကိုမင်းထင်နဲ့ယှဥ်ရင် ကျွန်တော်က အမြဲအနောက်ရောက်သွားတာပါပဲ"

"မဆိုင်တာတွေဆွဲမထည့်နဲ့ဟေ့ကောင်"

"ဒါနဲ့ကျွန်တော်သတင်းတစ်ခုကြားထားတယ်"

သျှား၏ တွေးဆဆအပြောကို ကျော်စွာ ဆက်ပြောဆိုသည့်ပုံနှင့်မေးဆတ်ပြ၏

"ကိုမင်းထင်နဲ့ကိုကျော်စွာကအပေါ်ထပ်နဲ့အောက်ထပ်လုနေတယ်ဆို"

"ဘာကွ!!!"

"အာ .....လန့်လိုက်တာဗျာ။ ဘာလို့အော်တာတုန်းဗျ"

"ဟေ့ကောင်.....မင်းလာခဲ့စမ်း"

"အားးး အ....နာတယ်ကိုကျော်စွာ။ ကျွန်တော်ပြောတာဘာမှားလို့လဲ။ အိမ်ပေါ်ထပ်နဲ့...အ....အ အိမ်အောက်ထပ်လုနေတယ်ဆိုလို့မေးတာ။ အဲ့ဒါကြောင့် ပင်မဆောင်မှာ လာနေတော့မလို့လားမေးလို့"

နားရွက်တစ်ဖက်ကို တင်းနေအောင်ဆွဲရင် လိမ်ပါထည့်လိုက်သည်ကြောင့် သျှား ခြေဖျားတွေပါထောက်ရင်း လက်ကိုအတင်းတွန်းလွှတ်ရသည်။ ပါးစပ်ကလည်း ရှင်းပြရသေးသည်။ သျှားစကားဆုံးတော့မှာ နားရွက်တွေကိုလွှတ်ပေးသည့်ကိုကျော်စွာကြောင့် အသည်းအသန်ဖိပွတ်ရတော့၏ သူတို့ကိုဦးမာန်ရဲ့တပည့်တွေလိုဘယ်သူကမပြောမှာစိုးလို့ လက်ဆတွေက အဲ့လောက်ပြင်း ပြနေရတာလဲ။

"နာလိုက်တာဗျာ။ ဘာတွေ အိုးမလုံအုံပွင့်....အဟမ်း.....ဘာမှမဟုတ်တော့ဘူး အဟင်း"

ဆက်ပြောမည့်စကားတို့သည်ဒိုင်းခနဲရောက်လာသည့်အကြည့်တွေကြောင့် ပြန်မြိုချရ၏ နားရွက်နှစ်ဖက်ကိုအုပ်ထားဖို့လဲမမေ့။

"မင်း.........ပြန်ရောက်လာပြီးမှ မျက်နှာပိုပြောင်လာပါလား"

ကိုကျော်စွာစကားကြောင့် သျှားမျက်နှာ အနည်းငယ်မှိုင်းကျသွားသည်။ စားပွဲပေါ်ဟိုဟိုဒီဒီလျှောက်ကိုင်တော့ ကိုကျော်စွာက သျှားကို စေ့စေ့ကြည့်လာ၏

"တချို့စကားတွေကို ခေါင်းထဲသိပ်မထည့်နဲ့သျှား။ တစ်ခါတစ်လေငါတို့က လျစ်လျူရှုတတ်ဖို့လည်း သင်ယူရတယ်"

"ကျွန်တော် အတတ်နိုင်ဆုံးတော့ လျစ်လျူရှုနိုင်ဖို့ ကြိုးစားမှာပါ"

စခန်းပြန်ရောက်တည်းက အခြေအနေက အရင်နဲ့သိပ်မတူတော့။ သျှားကို အဖေအရင်းရောက်လာကာပြန်ခေါ်သွားခဲ့သည်ဟူသော သတင်း သည် စခန်းထဲ အတော်ပျံ့နှံ့နေပြီး  လူတချို့၏ အကြည့်တို့သည် အတော် ပြောင်းလဲနေခဲ့ပြီဖြစ်သည်။ အရင်က အသံထွက်ခွင့် မပေးသည့် ဦးမာန်ကြောင့် သျှားအကြောင်း ဘယ်သူမှ သိပ်မသိကြပေမယ့် ဦးမာန်ကိုယ်တိုင်တကူးတကပြန်ခေါ်လာသည်ဟူသည့် အကြောင်းတွေပါပျံ့တော့ တိမ်မြုပ်နေသည့် သတင်းတို့သည် သို့လော သို့လောနှင့်။

စကားဟူသည် သူ့ဗီဇအတိုင်းကားထွက်တတ်သည်။ မေမေက သစ္စာဖောက်တစ်ယောက်ဟူသည့် သတင်းအပြင် ဖေဖေကိုယ်တိုင် မေမေ့ကို သတ်ပစ်လိုက်သည်ဟူသည့်ဘယ်ကထွက်ပေါ်လာမှန်းမသိသည့် အကြောင်းအရာသည်လည်း နောက်ကွယ်တွင် သူတစ်ခွန်းကိုယ်တစ်ခွန်းပြောဆိုနေကြ၏ သျှားက ဦးမာန်၏ အရေးပေးမှုကို ရထားသည်ကြောင့် သိပ်မကျေနပ်ကြသူတွေရှိပေမယ့် အခုတော့ အခြေအနေက ပိုဆိုးသည်။

ဟုတ်မှန်သည့် အကြောင်းအရာတို့အပြင် မဟုတ်မမှန်သတင်းတို့ပါ ပျံ့နှံ့နေမှန်းသိပေမယ့် ဒါတွေအားလုံးကို သျှားတစ်ယောက်ချင်းလိုက်ရှင်းပြနေလို့ရသည်မှမဟုတ်ဘဲ။ ကိုကျော်စွာပြောသလို လျစ်လျူရှုတတ်ရသည် ဆိုပေမယ့် လူဆိုတာ ကျောက်တုံးမှမဟုတ်တာ။ ခံစားတတ်သည့်နှလုံးရှိသည့် သူ့အတွက် ကြားအောင်တစ်မျိုး မကြားအောင်တဖုံပြောဆိုနေကြသည်က ကျက်ပြီးသားဒဏ်ရာတို့ကို ဓါးထက်ထက်နှင့် လာဆွနေသလိုပင်။

"သျှား"

"ဟုတ်......ကိုကျော်စွာ"

"လူတွေဆိုတာ တစ်ပါးသူရဲ့ ဘဝကို ကိုယ့်သဘောနဲ့ကိုယ် ထင်ကြေးပေးလိုက်တတ်ကြတယ်။ အရမ်းဝင်ဆုံးဖြတ်ပေးတတ်ကြတယ်။ တစ်ခါတစ်လေမှာ ငါတို့ ကိုယ်တိုင်တောင် အဲ့ဒီ့လို လုပ်နေမိတတ်ကြသေးတယ်။ လူရယ်လို့ဖြစ်လာရင်တော့ ချီးကျူးခံရတတ်တယ်။ ကဲ့ရဲ့ခံရတတ်တယ်။ ဒါတွေကို လျစ်လျူမရှုနိုင်ဘူးဆိုရင် အတင်းဖိအားမပေးနဲ့။ ချီးကျူးခံရတဲ့အခါဝမ်းသာလိုက်။ ဂုဏ်ယူလိုက်။  ကဲ့ရဲ့ခံရတဲ့အခါ ဝမ်းနည်းလိုက်။ ဒေါသထွက်လိုက်။ ပြီးရင် ခြေလှမ်းတွေကို ရှေ့ဆက်လိုက်"

"ကျွန်တော် နားလည်ပါပြီကို ကျော်စွာ"

"လေ့ကျင့်ရေးအချိန်မလား"

"အားးးးး.............မသွားချင်ဘူး။ ကျွန်တော် အရမ်းကျွမ်းနေပါပြီဆို"

"အင်း...ငါနဲ့တစ်ပွဲလောက်စမ်းကြည့်မလား"

"မစမ်းပါဘူး.......အဟမ်း..........ကျွန်တော် က ငတုံးလား"

"အေး......မစမ်းချင်ရင်သွား"

မကျေမနပ်တစ်ချက်ကြည့်တော့ ကိုကျော်စွာက မျက်မှောင်ကြုံ့ပြန်ကြည့်၏ ကို‌ကျော်စွာအလိုလိုက်တတ်တဲ့အထဲဒါတွေမပါဘူးဆိုတာ သိတာကြောင့် သျှား မကျေမနပ်နှင့်ပင် လေ့ကျင့်ရေးကွင်းဆီထွက်ခဲ့လိုက်သည်။

စခန်းကို ပြန်ရောက်နေတာ ဒီနေ့နဲ့ဆို သုံးရက်မြောက်ရှိပြီ။ ရောက်ရောက်ချင်း ပထမတစ်ရက်တော့ အေးအေးဆေးဆေးနေလို့ရပေမယ့် နောက်ရက်ကစပြီး ဦးမာန်၏ အမိန့်နှင့် သျှား လေ့ကျင့်ရေးပြန်ဆင်းရတာဖြစ်သည်။

လေ့ကျင့်ရေးကွင်းထဲလည်း သျှားက စိတ်မပါလက်ပါ။ ဟိုကြည့်ဒီကြည့်ဂဏှာမငြိမ်။ အပေါ်ထပ် ဝရန်တာမှ အဝေးကြည့်မှန်ဘီလူး တစ်ခုကိုင်ကာ စခန်းတစ်ဝိုက်ဝေ့ကြည့်နေသည့် ဦးမာန်ကြောင့် မနက်စောစော ကိုကျော်စွာကိုသွားနှောင့်ယှက်ပြီး လေ့ကျင့်ရေးလာဆင်းနေသည့် သျှားက စိတ်နဲ့လူနဲ့သိပ်မကပ်တာဆို ပိုမှန်မည်ထင်၏။

"ခြေထောက်အနောက်က အားကို သုံး"

"ဟုတ်ကဲ့"

"အာရုံပိုစိုက်ထား"

လေ့ကျင့်ရေးချိန်ကုန်ခါနီး တချို့တစ်ဝက်ပြန်သွားနားကြပြီဆိုမှ သျှားက လေ့ကျင့်ရေးကွင်းထဲရောက်လာသည်။ တစ်ယောက်တည်းလေ့ကျင့်နေတတ်ပေမယ့် ကိုသူရက မနားဘဲ သျှားအနားရောက်လာပြီး ကိုယ်နေဟန်ထားသေချာပြင်ပေး၏ အခြေအနေတချို့ကို ရိပ်မသိသည့် လေ့ကျင့်ရေးဆရာဖြစ်သည့်ကိုသူရက အချိန်နောက်ကျခြင်းနှင့် ပျက်ကွက်ခြင်းကို ဘာမှ မပြောပေမယ့် ကျိန်းသေဦးမာန်ကို တော့ တစ်ခုခုပြောထားလောက်ပြီထင်၏

ဝရန်တာကို တစ်ချက်ဝင့်ကြည့်တော့ မျက်လုံးများ မှေးကျဥ်းကာ ကြည့်နေသည့် ဦးမာန်အကြည့်နှင့် ဆုံသည်။ ဆတ်ခနဲပြန်လှည့်ကာ ကယောင်ကတမ်း လျှောက်လုပ်တော့ ကိုသူရ၏ ခပ်တင်းတင်အကြည့်က ဒိုင်းခနဲ။ အကျိုးဆက်က လေ့ကျင့်ရေးပြီးသည်နှင့် ကိုသူရ၏ ကြိမ်းမောင်းမှုကို ဆယ့်ငါးမိနစ်လောက် ငြိမ်ငြိမ်သက်သက်ခံယူလိုက်ရသည့်အပြင် အခါ ၅၀ ဒိုက်ထိုးလိုက်ရသည်။

"ခေါင်းဆောင်ခေါ်နေတယ် သျှား"

သတင်းလာပို့သူကို ခေါင်းတစ်ချက်ညိတ်ပြကာ ရေတုံကင်ရှိရာဆီ သျှားပြေးရသည်။ ဦးမာန်နားသွားတိုင်း ချွေးတလုံးလုံးဖြစ်မနေဖို့ အမြဲသတိထားရတာက အကျင့်လိုတောင်ဖြစ်နေပြီ။ ပြန်ရှည်လာပြီဖြစ်သည့် ဆံပင်တို့ကို ရေနှင့်ပင်သပ်တင်ကာ ဦးမာန်အခန်းဆီပြေးတော့ အိမ်မကြီး၏ ဆင်ဝင်အောက်တွင်ပင် ဦးမာန်နှင့် တိုး၏

"လိုက်ခဲ့ သျှားဟန်"

"ဟုတ်ကဲ့"

ဦးမာန်နောက် သျှားကလိုက်သွားရသည်။ ဦးတည်နေသည့်နေရာက စခန်းတွင်း တပ်သားတွေအသုံးပြုသည့် ဆိုင်ကယ်တို့ ထားသည့်ဂိုဒေါင်။ အထဲတွင်စောင့်နေသည့် သူနှစ်ယောက်က ကြီးမားသည့် အဝတ်စနှင့် ဖုံးအုပ်ထားသည့်အရာဝတ္ထုတစ်ခုဘေးတွင်ဖြစ်သည်။ သျှား၏ နှလုံးခုန်နှုန်းသည် ပိုမို မြန်ဆန်လာသည်။ ထိုအရာကို မျက်တောင်မခတ်ကြည့်နေသည့် သျှားက မျှော်လင့်ချက်အပြည့်နှင့်။

ဦးမာန်၏ ခေါင်းတစ်ချက် အညိတ်တွင် ထိုသူနှစ်ယောက်က အဝတ်စကို လွှားခနဲ ဖယ်ပစ်၏ မြင်လိုက်ရသည့်အရာတွင် သျှားက ပါးစပ်အဟောင်းသား။

"Ducati Monster!"

လှစ်ခနဲ အနီရောင်တောက်တောက်ဆိုင်ကယ်နားရောက်သွားသည့် သျှားက မျက်လုံးတို့ တလက်လက်နှင့်။ လက်နှင့် ခပ်ဖွဖွလိုက်ထိတွေ့ ကြည့်နေမိသည်။ ထွက်ထားတာမကြာသေးသည့် ဆိုင်ကယ်။ သူတကယ်ကို လိုချင်နေမိသည့် ပုံစံ။

"ဦးမာန်....ဒါ....ဒါက"

"မင်းတို့ သွားတော့"

"ဟုတ်ကဲ့ခေါင်းဆောင်"

တအံ့တသ◌ြ မေးတော့ ဦးမာန်က ခပ်ရေးရေးတစ်ချက်ပြုံး၏ တပ်သားနှစ်ယောက်ကို အရင်ပထုတ်ပြီ ဆိုင်ကယ်သော့ကို ကမ်းပေးရင်း.....

"စခန်းအတွက် လိုအပ်တဲ့ ဆိုင်ကယ်တွေ ဝယ်ရင်း မင်းအတွက် တစ်စီး မှာပေးထားတာ"

"ကျေးဇူးတင်ပါတယ် ဦးမာန်.......ကျွန်တော် တကယ်လိုချင်နေခဲ့တာ"

"သေချာသုံးသျှားဟန်။ အရင်တစ်ခါကလို အဖြစ်မျိုး ထပ်ဖြစ်ရင် ငါကိုယ်တိုင် ဒီဆိုင်ကယ်ကို မီးရှို့မှာ"

"ဟုတ်"

ခပ်စူးစူးကြည့်ကာ ကြိမ်းဝါးခံလိုက်ရသည်ကြောင့် သျှားတစ်ချက်တော့ ညိမ်ကျသွားရသည်။ ဦးမာန်၏ လက်ဝါးချက်တွေက သျှားကို ရင်ဘတ်ထဲထိနာကျင်စေသည်လေ။

"ဦးမာန်"

"ပြော........သျှားဟန်"

"ကျွန်တော်..............ဒီမှာပဲ.....နေလို့ရတယ်မလား"

သျှား၏ အသံက အနည်းငယ်တုန်ရီနေ၏ ဆိုင်ကယ်ပေါ်တင်ထားသည့် လက်တစ်ဖက်ကို ဟိုဟိိုဒီဒီကုတ်ခြစ်နေမိသည်။ ဆိုင်ကယ်ရလို့ပျော်သည်။ သို့သော်အပြည့်အ၀မပျော်နိုင်။ စိတ်ထဲမေ့ဖျောက်မရသည့် ပူပန်မှုသည်ကြီးစိုးနေ၏

ငယ်ငယ်တည်းက ဖြတ်သန်းခဲ့ရသည့် ဘဝတွေက နူးညံ့မနေသည်ကြောင့် ထင်သျှားဟန်ဆိုသည်မှလည်း နူးနူးညံ့ညံ့ယောကျာ်းတစ်ယောက်မဟုတ်။ သတ်ရဲသည် သေရဲသည်ဆိုသည့်စိတ်ရှိမှ ဒီလောကမှာ ကျင်လည်ဖြတ်သန်းလို့ရတာဖြစ်သည်။ ထို့ကြောင့် ဦးမာန်က သျှားကို စိတ်ဓါတ်ပိုင်းအတွက် များစွာ လေ့ကျင့်သင်ကြားပေးခဲ့ဖူးသည်။ ဦးမာန်ကိုယ်တိုင်လည်း ပြတ်သားရဲရင့်သည့် ယောကျာ်းတစ်ယာက်ဖြစ်သည်ကြောင့် ဦးမာန်က သျှားအတွက် အတုယူစရာ၊ အားကိုးအားထားရာ၊ လေးစားအားကျရာလူတစ်ယောက်အဖြစ်ရှိနေခဲ့တာဖြစ်သည်။

ပျော့ညံ့တာကို သိပ်မုန်းသည့် ဦးမာန်က သူအပြစ်ပေးလို့ ငိုမိရင်တောင် ပိုဒေါသထွက်တတ်သည်။ သူမေးတဲ့မေးခွန်းတွေကိုဆိုတိတိကျကျပြတ်ပြတ်သားသားဖြေမှ ကြိုက်တတ်တာဖြစ်သည်။ သျှား၏ မဝံ့မရဲ အသံတွေက ဦးမာန်ဒေါသ၏ မီးစာဖြစ်သွားတတ်သည်။ ခပ်တိုးတိုးပြန်ဖြေမိတိုင်း *မင်းယောင်္ကျားမဟုတ်ဘူးလား ထင်သျှားဟန်!* ဆိုသည့် ကြိမ်းမောင်းသံကနားစည်တစ်လျှောက်ဖြတ်ပြေးသွားမြဲပင်။ ခြုံပြောရလျှင် ဦးမာန်က မပွင့်တပွင့်ပြုလုပ်တတ်သည့်မ၀ံ့မရဲအမူအကျင့်တွေကိုမကြိုက်တတ်ပါ။

အခုလည်း သျှားအမေးကို ပြန်မဖြေသေးသည့် ဦးမာန်က နင့်နင့်သည်းသည်း စိုက်ကြည့်နေ၏ ခေါင်ကို အနည်းငယ်ငုံ့ချလိုက်မိသည်။ ဦးမာန်နဲ့ပတ်သတ်လာရင် သျှားရဲ့သတ္တိတွေကသုံးစားလို့မှမရတော့ဘဲ။

"မင်းရဲ့ စိတ်ဒဏ်ရာတွေကို ကိုယ် ပိုပြီးနက်အောင်လုပ်မိပြီလား သျှားဟန်"

"မ.......မဟုတ်ပါဘူး ဦးမာန်။ ကျွန်တော်က ဒီတိုင်း......"

"ဒီစခန်းထဲက လူတိုင်းမှာ နာကျင်စရာ ဘဝဇာတ်ကြောင်းတွေရှိတယ်သျှားဟန်။ ဒါပေမယ့် ဘယ်သူမှ နာကျင်စရာအတိတ်တွေကို တစ်ချိန်လုံးစဥ်းစားမနေကြဘူး"

"ကျွန်တော်နားလည်ပါတယ် ဦးမာန်"

"အဲ့ဒါကြောင့် မင်းရဲ့စိတ်ဒဏ်ရာတွေကို တစ်ယောက်ယောက်က နားလည်ပေးဖို့ မျှော်လင့်နေတယ်ဆိုရင်တော့ မေ့လိုက်တော့"

"..................."

"ဘဝဆိုတာရှေ့ဆက်လျှောက်ရတာ နောက်ပြန်ဆွဲလို့မရဘူး"

"ဟုတ်ကဲ့"

"ဒါပေမယ့် ............. မိသားစုနဲ့ပတ်သတ်တဲ့ဒဏ်ရာတွေကတော့ ရင်ဘတ်ထဲမှာ အရမ်းနက်နက်နဲနဲနေရာယူထားတတ်တယ်"

"..................."

"အဲ့ဒါတွေနဲ့ပတ်သတ်တဲ့ မင်းဘယ်လို ခံယူတယ်ဆိုတာ မင်းရဲ့လွတ်လပ်ပိုင်ခွင့်ပဲ။ ဒါပေမယ့် ဘယ်သူမှတော့ကိုယ့်ကိုသနားစရာလူတစ်ယောက်လို့မမြင်စေနဲ့။"

"ဟုတ်...ကဲ့"

"စိတ်နာတယ်မလား.... နာကျည်းတယ်မလား.... ဒါပေမယ့် မမုန်းနိုင်ဘူးမလား"

"ကျွန်တော် အဖေ့ကို ........မမုန်းနိုင်ဘူးဦးမာန်။ အမေ့ကို ရောပဲ။ ကျွန်တော်မမုန်းနိုင်လေပိုပြီးနာကျင်ရလေပဲ"

"စိတ်ဒဏ်ရာဆိုတာ အဲ့ဒီ့ဒဏ်ရာဖြစ်ပေါ်လာအောင် ထိုးသွင်းခဲ့တဲ့သူကပဲ အဲ့ဒီ့ ဓါးကို ပြန်နှုတ်လို့ရတာ။ ငါမင်းကို ပေးနိုင်တာ နှစ်သိမ့်ပေးမှုအပြင်ဘာမှမရှိဘူး။ ဒါပေမယ့် တစ်ခါတစ်လေ နှစ်သိမ့်ပေးတာတွေက အလုပ်မဖြစ်ဘူး။ ငါကိုယ်တိုင်ကလည် နှစ်သိမ့်ပြောဆိုတတ်တဲ့သူမဟုတ်ဘူး။ အဲ့ဒါကြောင့် မင်းရဲ့ဒါဏ်ရာဒဏ်ချက်တွေကနေ ပုန်းကွယ်ဖို့ ငါ့ကို အသုံးမချနဲ့"

"ကျွန်တော်........"

"ငါမင်းကို ပိုအရည်အချင်းရှိလာအောင်လုပ်ပေးနိုင်တယ်။ ပိုသန်မာလာအောင်လုပ်ပေးနိုင်တယ်။ ဘယ်သူမှ မော်မကြည့်ရဲရလောက်တဲ့အခြေအနေထိရောက်ချင်ရင် မီးစာထိုးပေးနိုင်တယ်။ အဲ့ဒါကြောင့် မင်း.....ငါ့ကို ပုန်းကွယ်ဖို့ပဲ အသုံးမချနဲ့ သျှားဟန်"

"ကျွန်တော် နားလည်ပါပြီ ဦးမာန်"

"ပြီးတော့..............မင်းမေးခွန်းရဲ့ အဖြေကို ဖြေရရင် ...........မင်းငါ့ကို ယုံလို့ရပါတယ်"

သျှား က  ခေါင်းကို တဆတ်ဆတ် ညိတ်မိသည်။ ဦးမာန်က တစ်ချက်ပြုံး၍လှည့်ထွက်သွား၏ မြင်ရသည့် ကျောပြင်ကျယ်က သျှားကို လုံခြုံစေသည်။ ထိုကျောပြင်ကျယ်ကို မြင်ရတိုင်း အနောက်ကနေ သိုင်းဖက်ချင်စိတ်က ထိန်းလို့မှ မရခဲ့ဘဲ။ တစ်ခါလောက်ပဲ..........တစ်ခါလောက်ပဲ သျှားခပ်တင်းတင်းထပ်ဖက်ကြည့်ချင်မိတယ်။

"ဦးမာန်"

ခေါ်လာသည့် အသံသည် ခပ်တိုးတိုးသာ ။ သို့သော် နက္ခတ်ခြေလှမ်းတို့ တုန့်ခနဲ။ အနောက်လှည့်ကြည့်ဖို့ပြင်လိုက်ပေမယ့် ရုတ်တရတ်ဆန်သည့် သျှားဟန်၏ အပြုအမူက နက္ခတ်ကို အရှေ့အနည်းငယ် ယိုင်ထွက်သွားစေသည်။ ခါးမှသိုင်းဖက်ထားသည့် လက်တစ်စုံသည် တင်းကြပ်နေ၏ မျက်နှာအပ်ထားသည့် ကျောဘက်မှ အသက်ရှူသံခပ်ပြင်းပြင်းကို ခံစားနေရသည်။ လည်ဂုတ်နားထိတွေ့လာသည့် ဆံစခပ်ရှည်ရှည်တွေ။

"တော်တော် အတင့်ရဲနေပါလား သျှားဟန်"

"ခ....ခဏလေးပါပဲ ဦးမာန်"

အနည်းငယ်တုန်ရီလှိုက်မောနေသည့် အသံက လှည့်ဖို့ ပြင်လိုက်သည့် နက္ခတ်၏ ခန္ဓာကိုယ်ကို ညိမ်ကျသွားစေသည်။ တင်းကြပ်သည့် ခါးပေါ်မှ လက်တွေကို ဆွဲဖြုတ်ပစ်လိုက်လို့ရပေမယ့် နက္ခတ်မကြိုးစားမိ။ ခပ်ညိမ့်ညိမ့်ခုန်နေသည့် ၀ဲဘက်ရင်အုံမှ နှလုံးခုန်သံတိုးလျလျကို သတိပြုမိတော့ မေးကြောများထောင်အောင် အံကြိတ်လိုက်မိသည်။ ဘယ်လောက်တောင်ကြာနေခဲ့ပြီလဲ........ဒီနေရာက ညိမ်သက်တိတ်ဆိတ်နေခဲ့တာ ဘယ်လောက်တောင်ကြာနေခဲ့ပြီလဲ။

မိနစ်အနည်းငယ်မျှအကြာ ခါးပေါ်မှ လက်တွေပြေလျော့သွားခဲ့တော့ တွန့်ချိုးထားမိသည့် မျက်ခုံးတို့ကို လျှော့ချရသည်။ အနောက်ခပ်ဖြည်းဖြည်းလှည့်ကြည့်မိတော့ ခေါင်းကိုငုံ့ထားသည့် သျှားဟန်က ပြန်မော့မလာသေး။

"ငါက မင်းကို အဲ့လောက်တောင် မှားယွင်းအောင် ထိန်းကျောင်းခဲ့မိတာလား သျှားဟန်"

".ကျွန်တော် လူတစ်ယောက်ကို နင့်နင့်သည်းသည်းသဘောကျတယ်ဆိုတာ ကိုယ့်ကိုယ်ကို သိနိုင်လောက်အောင် ကျွန်တော် အရွယ်ရောက်နေပါပြီ ဦးမာန်"

"မင်းတော့ မဖြစ်ဘူး သျှားဟန်။ မင်းတော့ ................................ မဖြစ်ဘူး"

ဂိုဒေါင်ထဲမှ နက္ခတ်လှည့်ထွက်လာခဲ့လိုက်သည်။ နက္ခတ်၏ စကားအဆုံး ဝေ့တက်လာသည့် ဒီကောင်လေးရဲ့မျက်ရည်တွေကို နက္ခတ်မမြင်ချင်ပါ။ ပုံမှန်ဆို အလွယ်တကူတောင် မျက်ရည်ကျတတ်နေပါလားလို့ဆူငေါက်ပစ်လိုက်မိမှာဖြစ်ပေမယ့် အခုတော့ နက္ခတ်ခေါင်းထဲ အတွေးတို့ရှုပ်ထွေးနေ၏ အတိတ်ပုံရိပ်တို့က ပိတ်ကားချပ်ပေါ် ဖြတ်ပြေးသလို ခေါင်းထဲ ထင်ရှားနေ၏

*အစ်ကို နက္ခတ်ကို ကျွန်တော် ချစ်တယ်*

ခပ်ဖျော့ဖျော့ပြောသွားသည့်စကားသံ။ ပြုံးရိပ်သန်းနေသည့် နှုတ်ခမ်းပါး။ သွေးစတို့ပေပွနေသည့် လက်ချောင်းခပ်သွယ်သွယ်တွေ။ ဗိုက်သားကိုထိုးခွဲထားသည့် ဓါးမြှောင်။ ညိမ်ကျသွားသည့် နှလုံးခုန်သံ။ ရင်ခွင်ထဲမှီချလာသည့် ခန္ဓာကိုယ်။ ဒါတွေအားလုံးက....နက္ခတ်ကို ချစ်မိခဲ့တဲ့လူတစ်ယောက်ရဲ့အဆုံးသတ်တွေ။

ငယ်ရွယ်စဥ်က ရူးမိုက်ခဲ့မိတဲ့ အချစ်တစ်ခုက လူတစ်ယောက်ရဲ့ အသက်ကို နှုတ်ယူသွားခဲ့သည်။ နှစ်နဲ့ချီခံစားခဲ့ရသည့် နာကျင်မှုနဲ့နောင်တတရားတွေက အခုချိန်ထိတောင် အစိမ်းသက်သက်ဖြစ်နေခဲ့တုန်းပါပဲ။ ယောင်ယမ်းကာရင်ဘတ်ပေါ်လက်တစ်ဖက်အုပ်ရင်း အင်္ကျီစတို့ကို ခပ်တင်းတင်းဆုပ်ခြေလိုက်မိသည်။ လက်ရန်းပေါ်ထောက်ထားမိသည့် လက်တို့သည် အကြောတို့ ပြိုင်းပြိုင်းထအောင် သစ်ဘောင်ကို ဆုပ်ကိုင်ထားမိ၏ သျှားဟန်တော့ ............ မဖြစ်ဘူးမလား။

"ခေါင်းဆောင်"

အနောက်မှ ထွက်လာသည့် မင်းထင်ခေါ်သံကြောင့် ခန္ဓာကိုယ်ကိုပြန်မတ်ကာ နက္ခတ်တစ်ချက်စောင်းငဲ့ကြည့်လိုက်၏

"စုံစမ်းခိုင်းတာ သိရပါပြီ။ ကျွန်တော်ဘာဆက်လုပ်ရမလဲ"

"သူတို့အစီအစဥ်က ဘာဆိုတာရော သိလာရပြီလား"

"အတိအကျတော့မသိရသေးပေမယ့် စလှုပ်ရှားတော့မယ်ထင်ပါတယ်"

"လမ်းကြောင်းတစ်ခုဖွင့်ပေးထားလိုက်မင်းထင်"

"ဟုတ်ကဲ့"

2998 words
26.9.2023 (2:03 am)
Vi vian
90°bow

Zawgyi

"ကြၽန္ေတာ့္ကို မလြမ္းဘူးလား"

ရိုင္ဖယ္သံုးလက္ခန႔္တန္းစီခ်ထားၿပီး က်ည္တခ်ိဳ႕ႏွင့္ အလုပ္ရႈပ္ေနသၫ့္ ကိုေက်ာ္စြာေရ႔ွစားပြဲတြင္ လက္ႏွစ္ဖက္ေထာက္၊ ေမးတင္ကာ ေမးလိုက္သၫ့္ သ်ွားေၾကာင့္ ကိုေက်ာ္စြာကမ်က္လံုးဝင့္ၾကၫ့္၏ သြားေတြစိကာရယ္ျပေတာ့ အၾကၫ့္က ေသနတ္ေတြဆီျပန္ေရာက္သြား၏

"လြမ္းရေအာင္ငါကမင္းရည္းစားလား"

"ဟာ....ကိုေက်ာ္စြာကလည္း...ရည္းစားမဟုတ္လည္းလြမ္းလို႔ရပါတယ္ဗ်"

"မင္းသြားတာတစ္လေတာင္မျပၫ့္ဘူးေလ သ်ွား"

"ေအးေပါ့ ဘယ္လြမ္းမလဲ ကိုမင္းထင္ႀကီးရိွေနတာကို"

*​ျဖန္း!*

"အ"

သ်ွား၏ ရြတ္ေနာက္ေနာက္စကားေၾကာင့္ နဖူးကို လက္ဝါးႏွင့္ ​ျဖန္းခနဲရိုက္ခ်ပစ္သည္က ေရွာင္ခ်ိန္ပင္မရလိုက္။ အေနာက္အနည္းငယ္ယိုင္ထြက္သြားသည့္ကိုယ္ကိုျပန္တည့္ကာ နဖူးကို ပြတ္ရင္း ကိုေက်ာ္စြာကို မ်က္လံုးမ်ားေမွးၾကၫ့္လိုက္သည္။

"ငါ့လက္ထဲမွာကိုင္ထားတာေတြက ေသနတ္ေတြေနာ္ သ်ွား"

"ကိုမင္းထင္အတြက္နဲ႔ ကြၽန္ေတာ့္ကိုေတာင္ ေသနတ္နဲ႔ပစ္ေတာ့မယ္ေပါ့"

"အဲ့ဒီ့ေကာင္အေၾကာင္းမပါရင္ မင္းစကားမေျပာတတ္ဘူးလား သ်ွား"

"ကိုေက်ာ္စြာတို႔ကမွ မရိုးတာဗ်"

"မင္းေမ..............က်စ္"

"ထင္သ်ွားဟန္ဆိုတာ တကယ္ေတာ့ အပါယ္ခံေလးပါ။ ကိုမင္းထင္နဲ႔ယွဥ္ရင္ ကြၽန္ေတာ္က အၿမဲအေနာက္ေရာက္သြားတာပါပဲ"

"မဆိုင္တာေတြဆြဲမထၫ့္နဲ႔ေဟ့ေကာင္"

"ဒါနဲ႔ကြၽန္ေတာ္သတင္းတစ္ခုၾကားထားတယ္"

သ်ွား၏ ေတြးဆဆအေျပာကို ေက်ာ္စြာ ဆက္ေျပာဆိုသည့္ပံုႏွင့္ေမးဆတ္ျပ၏

"ကိုမင္းထင္နဲ႔ကိုေက်ာ္စြာကအေပၚထပ္နဲ႔ေအာက္ထပ္လုေနတယ္ဆို"

"ဘာကြ!!!"

"အာ .....လန္႔လိုက္တာဗ်ာ။ ဘာလို႔ေအာ္တာတုန္းဗ်"

"ေဟ့ေကာင္.....မင္းလာခဲ့စမ္း"

"အားးး အ....နာတယ္ကိုေက်ာ္စြာ။ ကြၽန္ေတာ္ေျပာတာဘာမွားလို႔လဲ။ အိမ္ေပၚထပ္နဲ႔...အ....အ အိမ္ေအာက္ထပ္လုေနတယ္ဆိုလို႔ေမးတာ။ အဲ့ဒါေၾကာင့္ ပင္မေဆာင္မွာ လာေနေတာ့မလို႔လားေမးလို႔"

နားရြက္တစ္ဖက္ကို တင္းေနေအာင္ဆြဲရင္ လိမ္ပါထည့္လိုက္သည္ေၾကာင့္ သ်ွား ေျခဖ်ားေတြပါေထာက္ရင္း လက္ကိုအတင္းတြန္းလႊတ္ရသည္။ ပါးစပ္ကလည္း ရွင္းျပရေသးသည္။ သ်ွားစကားဆံုးေတာ့မွာ နားရြက္ေတြကိုလႊတ္ေပးသည့္ကိုေက်ာ္စြာေၾကာင့္ အသည္းအသန္ဖိပြတ္ရေတာ့၏ သူတို႔ကိုၪီးမာန္ရဲ့တပည့္ေတြလိုဘယ္သူကမေျပာမွာစိုးလို႔ လက္ဆေတြက အဲ့ေလာက္ျပင္း ျပေနရတာလဲ။

"နာလိုက္တာဗ်ာ။ ဘာေတြ အိုးမလံုအံုပြင့္....အဟမ္း.....ဘာမွမဟုတ္ေတာ့ဘူး အဟင္း"

ဆက္ေျပာမည့္စကားတို႔သည္ဒိုင္းခနဲေရာက္လာသည့္အၾကည့္ေတြေၾကာင့္ ျပန္ၿမိဳခ်ရ၏ နားရြက္ႏွစ္ဖက္ကိုအုပ္ထားဖို႔လဲမေမ့။

"မင္း.........ျပန္ေရာက္လာၿပီးမွ မ်က္ႏွာပိုေျပာင္လာပါလား"

ကိုေက်ာ္စြာစကားေၾကာင့္ သ်ွားမ်က္ႏွာ အနည္းငယ္မိႈင္းက်သြားသည္။ စားပြဲေပၚဟိုဟိုဒီဒီေလ်ွာက္ကိုင္ေတာ့ ကိုေက်ာ္စြာက သ်ွားကို ေစ့ေစ့ၾကၫ့္လာ၏

"တခ်ိဳ႕စကားေတြကို ေခါင္းထဲသိပ္မထၫ့္နဲ႔သ်ွား။ တစ္ခါတစ္ေလငါတို႔က လ်စ္လ်ူရႈတတ္ဖို႔လည္း သင္ယူရတယ္"

"ကြၽန္ေတာ္ အတတ္ႏိုင္ဆံုးေတာ့ လ်စ္လ်ူရႈႏိုင္ဖို႔ ႀကိဳးစားမွာပါ"

စခန္းျပန္ေရာက္တည္းက အေျခအေနက အရင္နဲ႔သိပ္မတူေတာ့။ သ်ွားကို အေဖအရင္းေရာက္လာကာျပန္ေခၚသြားခဲ့သည္ဟူေသာ သတင္း သည္ စခန္းထဲ အေတာ္ပ်ံ့ႏွံ႔ေနၿပီး  လူတခ်ိဳ႕၏ အၾကၫ့္တို႔သည္ အေတာ္ ေျပာင္းလဲေနခဲ့ၿပီျဖစ္သည္။ အရင္က အသံထြက္ခြင့္ မေပးသၫ့္ ၪီးမာန္ေၾကာင့္ သ်ွားအေၾကာင္း ဘယ္သူမွ သိပ္မသိၾကေပမယ့္ ၪီးမာန္ကိုယ္တိုင္တကူးတကျပန္ေခၚလာသည္ဟူသၫ့္ အေၾကာင္းေတြပါပ်ံ့ေတာ့ တိမ္ျမဳပ္ေနသၫ့္ သတင္းတို႔သည္ သို႔ေလာ သို႔ေလာႏွင့္။

စကားဟူသည္ သူ႔ဗီဇအတိုင္းကားထြက္တတ္သည္။ ေမေမက သစၥာေဖာက္တစ္ေယာက္ဟူသၫ့္ သတင္းအျပင္ ေဖေဖကိုယ္တိုင္ ေမေမ့ကို သတ္ပစ္လိုက္သည္ဟူသၫ့္ဘယ္ကထြက္ေပၚလာမွန္းမသိသၫ့္ အေၾကာင္းအရာသည္လည္း ေနာက္ကြယ္တြင္ သူတစ္ခြန္းကိုယ္တစ္ခြန္းေျပာဆိုေနၾက၏ သ်ွားက ၪီးမာန္၏ အေရးေပးမႈကို ရထားသည္ေၾကာင့္ သိပ္မေက်နပ္ၾကသူေတြရိွေပမယ့္ အခုေတာ့ အေျခအေနက ပိုဆိုးသည္။

ဟုတ္မွန္သၫ့္ အေၾကာင္းအရာတို႔အျပင္ မဟုတ္မမွန္သတင္းတို႔ပါ ပ်ံ့ႏွံ႔ေနမွန္းသိေပမယ့္ ဒါေတြအားလံုးကို သ်ွားတစ္ေယာက္ခ်င္းလိုက္ရွင္းျပေနလို႔ရသည္မွမဟုတ္ဘဲ။ ကိုေက်ာ္စြာေျပာသလို လ်စ္လ်ူရႈတတ္ရသည္ ဆိုေပမယ့္ လူဆိုတာ ေက်ာက္တံုးမွမဟုတ္တာ။ ခံစားတတ္သၫ့္ႏွလံုးရိွသၫ့္ သူ႔အတြက္ ၾကားေအာင္တစ္မ်ိဳး မၾကားေအာင္တဖံုေျပာဆိုေနၾကသည္က က်က္ၿပီးသားဒဏ္ရာတို႔ကို ဓါးထက္ထက္ႏွင့္ လာဆြေနသလိုပင္။

"သ်ွား"

"ဟုတ္......ကိုေက်ာ္စြာ"

"လူေတြဆိုတာ တစ္ပါးသူရဲ့ ဘဝကို ကိုယ့္သေဘာနဲ႔ကိုယ္ ထင္ေၾကးေပးလိုက္တတ္ၾကတယ္။ အရမ္းဝင္ဆံုးျဖတ္ေပးတတ္ၾကတယ္။ တစ္ခါတစ္ေလမွာ ငါတို႔ ကိုယ္တိုင္ေတာင္ အဲ့ဒီ့လို လုပ္ေနမိတတ္ၾကေသးတယ္။ လူရယ္လို႔ျဖစ္လာရင္ေတာ့ ခ်ီးက်ူးခံရတတ္တယ္။ ကဲ့ရဲ့ခံရတတ္တယ္။ ဒါေတြကို လ်စ္လ်ူမရႈႏိုင္ဘူးဆိုရင္ အတင္းဖိအားမေပးနဲ႔။ ခ်ီးက်ူးခံရတဲ့အခါဝမ္းသာလိုက္။ ဂုဏ္ယူလိုက္။  ကဲ့ရဲ့ခံရတဲ့အခါ ဝမ္းနည္းလိုက္။ ေဒါသထြက္လိုက္။ ၿပီးရင္ ေျခလွမ္းေတြကို ေရ႔ွဆက္လိုက္"

"ကြၽန္ေတာ္ နားလည္ပါၿပီကို ေက်ာ္စြာ"

"ေလ့က်င့္ေရးအခ်ိန္မလား"

"အားးးးး.............မသြားခ်င္ဘူး။ ကြၽန္ေတာ္ အရမ္းကြၽမ္းေနပါၿပီဆို"

"အင္း...ငါနဲ႔တစ္ပြဲေလာက္စမ္းၾကၫ့္မလား"

"မစမ္းပါဘူး.......အဟမ္း..........ကြၽန္ေတာ္ က ငတံုးလား"

"ေအး......မစမ္းခ်င္ရင္သြား"

မေက်မနပ္တစ္ခ်က္ၾကၫ့္ေတာ့ ကိုေက်ာ္စြာက မ်က္ေမွာင္ႀကံဳ႔ျပန္ၾကၫ့္၏ ကို‌ေက်ာ္စြာအလိုလိုက္တတ္တဲ့အထဲဒါေတြမပါဘူးဆိုတာ သိတာေၾကာင့္ သ်ွား မေက်မနပ္ႏွင့္ပင္ ေလ့က်င့္ေရးကြင္းဆီထြက္ခဲ့လိုက္သည္။

စခန္းကို ျပန္ေရာက္ေနတာ ဒီေန့နဲ႔ဆို သံုးရက္ေျမာက္ရိွၿပီ။ ေရာက္ေရာက္ခ်င္း ပထမတစ္ရက္ေတာ့ ေအးေအးေဆးေဆးေနလို႔ရေပမယ့္ ေနာက္ရက္ကစၿပီး ၪီးမာန္၏ အမိန႔္ႏွင့္ သ်ွား ေလ့က်င့္ေရးျပန္ဆင္းရတာျဖစ္သည္။

ေလ့က်င့္ေရးကြင္းထဲလည္း သ်ွားက စိတ္မပါလက္ပါ။ ဟိုၾကၫ့္ဒီၾကၫ့္ဂဏွာမၿငိမ္။ အေပၚထပ္ ဝရန္တာမွ အေဝးၾကၫ့္မွန္ဘီလူး တစ္ခုကိုင္ကာ စခန္းတစ္ဝိုက္ေဝ့ၾကၫ့္ေနသၫ့္ ၪီးမာန္ေၾကာင့္ မနက္ေစာေစာ ကိုေက်ာ္စြာကိုသြားေနွာင့္ယွက္ၿပီး ေလ့က်င့္ေရးလာဆင္းေနသၫ့္ သ်ွားက စိတ္နဲ႔လူနဲ႔သိပ္မကပ္တာဆို ပိုမွန္မည္ထင္၏။

"ေျခေထာက္အေနာက္က အားကို သံုး"

"ဟုတ္ကဲ့"

"အာရံုပိုစိုက္ထား"

ေလ့က်င့္ေရးခ်ိန္ကုန္ခါနီး တခ်ိဳ႕တစ္ဝက္ျပန္သြားနားၾကၿပီဆိုမွ သ်ွားက ေလ့က်င့္ေရးကြင္းထဲေရာက္လာသည္။ တစ္ေယာက္တည္းေလ့က်င့္ေနတတ္ေပမယ့္ ကိုသူရက မနားဘဲ သ်ွားအနားေရာက္လာၿပီး ကိုယ္ေနဟန္ထားေသခ်ာျပင္ေပး၏ အေျခအေနတခ်ိဳ႕ကို ရိပ္မသိသၫ့္ ေလ့က်င့္ေရးဆရာျဖစ္သၫ့္ကိုသူရက အခ်ိန္ေနာက္က်ျခင္းႏွင့္ ပ်က္ကြက္ျခင္းကို ဘာမွ မေျပာေပမယ့္ က်ိန္းေသၪီးမာန္ကို ေတာ့ တစ္ခုခုေျပာထားေလာက္ၿပီထင္၏

ဝရန္တာကို တစ္ခ်က္ဝင့္ၾကၫ့္ေတာ့ မ်က္လံုးမ်ား ေမွးက်ဥ္းကာ ၾကၫ့္ေနသၫ့္ ၪီးမာန္အၾကၫ့္ႏွင့္ ဆံုသည္။ ဆတ္ခနဲျပန္လွည့္ကာ ကေယာင္ကတမ္း ေလ်ွာက္လုပ္ေတာ့ ကိုသူရ၏ ခပ္တင္းတင္အၾကၫ့္က ဒိုင္းခနဲ။ အက်ိဳးဆက္က ေလ့က်င့္ေရးၿပီးသည္ႏွင့္ ကိုသူရ၏ ႀကိမ္းေမာင္းမႈကို ဆယ့္ငါးမိနစ္ေလာက္ ၿငိမ္ၿငိမ္သက္သက္ခံယူလိုက္ရသၫ့္အျပင္ အခါ ၅၀ ဒိုက္ထိုးလိုက္ရသည္။

"ေခါင္းေဆာင္ေခၚေနတယ္ သ်ွား"

သတင္းလာပို႔သူကို ေခါင္းတစ္ခ်က္ညိတ္ျပကာ ေရတံုကင္ရိွရာဆီ သ်ွားေျပးရသည္။ ၪီးမာန္နားသြားတိုင္း ေခြၽးတလံုးလံုးျဖစ္မေနဖို႔ အၿမဲသတိထားရတာက အက်င့္လိုေတာင္ျဖစ္ေနၿပီ။ ျပန္ရွည္လာၿပီျဖစ္သၫ့္ ဆံပင္တို႔ကို ေရႏွင့္ပင္သပ္တင္ကာ ၪီးမာန္အခန္းဆီေျပးေတာ့ အိမ္မႀကီး၏ ဆင္ဝင္ေအာက္တြင္ပင္ ၪီးမာန္ႏွင့္ တိုး၏

"လိုက္ခဲ့ သ်ွားဟန္"

"ဟုတ္ကဲ့"

ၪီးမာန္ေနာက္ သ်ွားကလိုက္သြားရသည္။ ၪီးတည္ေနသၫ့္ေနရာက စခန္းတြင္း တပ္သားေတြအသံုးျပဳသၫ့္ ဆိုင္ကယ္တို႔ ထားသၫ့္ဂိုေဒါင္။ အထဲတြင္ေစာင့္ေနသၫ့္ သူႏွစ္ေယာက္က ႀကီးမားသၫ့္ အဝတ္စႏွင့္ ဖံုးအုပ္ထားသၫ့္အရာဝတၴုတစ္ခုေဘးတြင္ျဖစ္သည္။ သ်ွား၏ ႏွလံုးခုန္ႏႈန္းသည္ ပိုမို ျမန္ဆန္လာသည္။ ထိုအရာကို မ်က္ေတာင္မခတ္ၾကၫ့္ေနသၫ့္ သ်ွားက ေမ်ွာ္လင့္ခ်က္အျပၫ့္ႏွင့္။

ၪီးမာန္၏ ေခါင္းတစ္ခ်က္ အညိတ္တြင္ ထိုသူႏွစ္ေယာက္က အဝတ္စကို လႊားခနဲ ဖယ္ပစ္၏ ျမင္လိုက္ရသၫ့္အရာတြင္ သ်ွားက ပါးစပ္အေဟာင္းသား။

"Ducati Monster!"

လွစ္ခနဲ အနီေရာင္ေတာက္ေတာက္ဆိုင္ကယ္နားေရာက္သြားသၫ့္ သ်ွားက မ်က္လံုးတို႔ တလက္လက္ႏွင့္။ လက္ႏွင့္ ခပ္ဖြဖြလိုက္ထိေတြ့ ၾကၫ့္ေနမိသည္။ ထြက္ထားတာမၾကာေသးသၫ့္ ဆိုင္ကယ္။ သူတကယ္ကို လိုခ်င္ေနမိသၫ့္ ပံုစံ။

"ၪီးမာန္....ဒါ....ဒါက"

"မင္းတို႔ သြားေတာ့"

"ဟုတ္ကဲ့ေခါင္းေဆာင္"

တအံ့တသ◌ျ ေမးေတာ့ ၪီးမာန္က ခပ္ေရးေရးတစ္ခ်က္ၿပံဳး၏ တပ္သားႏွစ္ေယာက္ကို အရင္ပထုတ္ၿပီ ဆိုင္ကယ္ေသာ့ကို ကမ္းေပးရင္း.....

"စခန္းအတြက္ လိုအပ္တဲ့ ဆိုင္ကယ္ေတြ ဝယ္ရင္း မင္းအတြက္ တစ္စီး မွာေပးထားတာ"

"ေက်းဇူးတင္ပါတယ္ ၪီးမာန္.......ကြၽန္ေတာ္ တကယ္လိုခ်င္ေနခဲ့တာ"

"ေသခ်ာသံုးသ်ွားဟန္။ အရင္တစ္ခါကလို အျဖစ္မ်ိဳး ထပ္ျဖစ္ရင္ ငါကိုယ္တိုင္ ဒီဆိုင္ကယ္ကို မီးရိႈ႔မွာ"

"ဟုတ္"

ခပ္စူးစူးၾကၫ့္ကာ ႀကိမ္းဝါးခံလိုက္ရသည္ေၾကာင့္ သ်ွားတစ္ခ်က္ေတာ့ ညိမ္က်သြားရသည္။ ၪီးမာန္၏ လက္ဝါးခ်က္ေတြက သ်ွားကို ရင္ဘတ္ထဲထိနာက်င္ေစသည္ေလ။

"ၪီးမာန္"

"ေျပာ........သ်ွားဟန္"

"ကြၽန္ေတာ္..............ဒီမွာပဲ.....ေနလို႔ရတယ္မလား"

သ်ွား၏ အသံက အနည္းငယ္တုန္ရီေန၏ ဆိုင္ကယ္ေပၚတင္ထားသည့္ လက္တစ္ဖက္ကို ဟိုဟိုဒီဒီကုတ္ျခစ္ေနမိသည္။ ဆိုင္ကယ္ရလို႔ေပ်ာ္သည္။ သို႔ေသာ္အျပည့္အ၀မေပ်ာ္ႏိုင္။ စိတ္ထဲေမ့ေဖ်ာက္မရသည့္ ပူပန္မႈသည္ႀကီးစိုးေန၏

ငယ္ငယ္တည္းက ျဖတ္သန္းခဲ့ရသၫ့္ ဘဝေတြက ႏူးညံ့မေနသည္ေၾကာင့္ ထင္သ်ွားဟန္ဆိုသည္မွလည္း ႏူးႏူးညံ့ညံ့ေယာက်ာ္းတစ္ေယာက္မဟုတ္။ သတ္ရဲသည္ ေသရဲသည္ဆိုသၫ့္စိတ္ရိွမွ ဒီေလာကမွာ က်င္လည္ျဖတ္သန္းလို႔ရတာျဖစ္သည္။ ထို႔ေၾကာင့္ ၪီးမာန္က သ်ွားကို စိတ္ဓါတ္ပိုင္းအတြက္ မ်ားစြာ ေလ့က်င့္သင္ၾကားေပးခဲ့ဖူးသည္။ ၪီးမာန္ကိုယ္တိုင္လည္း ျပတ္သားရဲရင့္သၫ့္ ေယာက်ာ္းတစ္ယာက္ျဖစ္သည္ေၾကာင့္ ၪီးမာန္က သ်ွားအတြက္ အတုယူစရာ၊ အားကိုးအားထားရာ၊ ေလးစားအားက်ရာလူတစ္ေယာက္အျဖစ္ရိွေနခဲ့တာျဖစ္သည္။

ေပ်ာ့ညံ့တာကို သိပ္မုန္းသၫ့္ ၪီးမာန္က သူအျပစ္ေပးလို႔ ငိုမိရင္ေတာင္ ပိုေဒါသထြက္တတ္သည္။ သူေမးတဲ့ေမးခြန္းေတြကိုဆိုတိတိက်က်ျပတ္ျပတ္သားသားေျဖမွ ႀကိဳက္တတ္တာျဖစ္သည္။ သ်ွား၏ မဝံ့မရဲ အသံေတြက ၪီးမာန္ေဒါသ၏ မီးစာျဖစ္သြားတတ္သည္။ ခပ္တိုးတိုးျပန္ေျဖမိတိုင္း *မင္းေယာက်ၤားမဟုတ္ဘူးလား ထင္သ်ွားဟန္!* ဆိုသည့္ ႀကိမ္းေမာင္းသံကနားစည္တစ္ေလ်ွာက္ျဖတ္ေျပးသြားၿမဲပင္။ ၿခံဳေျပာရလ်ွင္ ၪီးမာန္က မပြင့္တပြင့္ျပဳလုပ္တတ္သည့္မဝံ့မရဲအမူအက်င့္ေတြကိုမႀကိဳက္တတ္ပါ။

အခုလည္း သ်ွားအေမးကို ျပန္မေျဖေသးသၫ့္ ၪီးမာန္က နင့္နင့္သည္းသည္း စိုက္ၾကၫ့္ေန၏ ေခါင္ကို အနည္းငယ္ငံု႔ခ်လိုက္မိသည္။ ၪီးမာန္နဲ႔ပတ္သတ္လာရင္ သ်ွားရဲ့သတၲိေတြကသံုးစားလို႔မွမရေတာ့ဘဲ။

"မင္းရဲ့ စိတ္ဒဏ္ရာေတြကို ကိုယ္ ပိုၿပီးနက္ေအာင္လုပ္မိၿပီလား သ်ွားဟန္"

"မ.......မဟုတ္ပါဘူး ၪီးမာန္။ ကြၽန္ေတာ္က ဒီတိုင္း......"

"ဒီစခန္းထဲက လူတိုင္းမွာ နာက်င္စရာ ဘဝဇာတ္ေၾကာင္းေတြရိွတယ္သ်ွားဟန္။ ဒါေပမယ့္ ဘယ္သူမွ နာက်င္စရာအတိတ္ေတြကို တစ္ခ်ိန္လံုးစဥ္းစားမေနၾကဘူး"

"ကြၽန္ေတာ္နားလည္ပါတယ္ ၪီးမာန္"

"အဲ့ဒါေၾကာင့္ မင္းရဲ့စိတ္ဒဏ္ရာေတြကို တစ္ေယာက္ေယာက္က နားလည္ေပးဖို႔ ေမ်ွာ္လင့္ေနတယ္ဆိုရင္ေတာ့ ေမ့လိုက္ေတာ့"

"..................."

"ဘဝဆိုတာေရ႔ွဆက္ေလ်ွာက္ရတာ ေနာက္ျပန္ဆြဲလို႔မရဘူး"

"ဟုတ္ကဲ့"

"ဒါေပမယ့္ ............. မိသားစုနဲ႔ပတ္သတ္တဲ့ဒဏ္ရာေတြကေတာ့ ရင္ဘတ္ထဲမွာ အရမ္းနက္နက္နဲနဲေနရာယူထားတတ္တယ္"

"..................."

"အဲ့ဒါေတြနဲ႔ပတ္သတ္တဲ့ မင္းဘယ္လို ခံယူတယ္ဆိုတာ မင္းရဲ့လြတ္လပ္ပိုင္ခြင့္ပဲ။ ဒါေပမယ့္ ဘယ္သူမွေတာ့ကိုယ့္ကိုသနားစရာလူတစ္ေယာက္လို႔မျမင္ေစနဲ႔။"

"ဟုတ္...ကဲ့"

"စိတ္နာတယ္မလား.... နာက်ည္းတယ္မလား.... ဒါေပမယ့္ မမုန္းႏိုင္ဘူးမလား"

"ကြၽန္ေတာ္ အေဖ့ကို ........မမုန္းႏိုင္ဘူးၪီးမာန္။ အေမ့ကို ေရာပဲ။ ကြၽန္ေတာ္မမုန္းႏိုင္ေလပိုၿပီးနာက်င္ရေလပဲ"

"စိတ္ဒဏ္ရာဆိုတာ အဲ့ဒီ့ဒဏ္ရာျဖစ္ေပၚလာေအာင္ ထိုးသြင္းခဲ့တဲ့သူကပဲ အဲ့ဒီ့ ဓါးကို ျပန္ႏႈတ္လို႔ရတာ။ ငါမင္းကို ေပးႏိုင္တာ ႏွစ္သိမ့္ေပးမႈအျပင္ဘာမွမရိွဘူး။ ဒါေပမယ့္ တစ္ခါတစ္ေလ ႏွစ္သိမ့္ေပးတာေတြက အလုပ္မျဖစ္ဘူး။ ငါကိုယ္တိုင္ကလည္ ႏွစ္သိမ့္ေျပာဆိုတတ္တဲ့သူမဟုတ္ဘူး။ အဲ့ဒါေၾကာင့္ မင္းရဲ့ဒါဏ္ရာဒဏ္ခ်က္ေတြကေန ပုန္းကြယ္ဖို႔ ငါ့ကို အသံုးမခ်နဲ႔"

"ကြၽန္ေတာ္........"

"ငါမင္းကို ပိုအရည္အခ်င္းရိွလာေအာင္လုပ္ေပးႏိုင္တယ္။ ပိုသန္မာလာေအာင္လုပ္ေပးႏိုင္တယ္။ ဘယ္သူမွ ေမာ္မၾကၫ့္ရဲရေလာက္တဲ့အေျခအေနထိေရာက္ခ်င္ရင္ မီးစာထိုးေပးႏိုင္တယ္။ အဲ့ဒါေၾကာင့္ မင္း.....ငါ့ကို ပုန္းကြယ္ဖို႔ပဲ အသံုးမခ်နဲ႔ သ်ွားဟန္"

"ကြၽန္ေတာ္ နားလည္ပါၿပီ ၪီးမာန္"

"ၿပီးေတာ့..............မင္းေမးခြန္းရဲ့ အေျဖကို ေျဖရရင္ ...........မင္းငါ့ကို ယံုလို႔ရပါတယ္"

သ်ွား က  ေခါင္းကို တဆတ္ဆတ္ ညိတ္မိသည္။ ၪီးမာန္က တစ္ခ်က္ၿပံဳး၍လွၫ့္ထြက္သြား၏ ျမင္ရသၫ့္ ေက်ာျပင္က်ယ္က သ်ွားကို လံုၿခံဳေစသည္။ ထိုေက်ာျပင္က်ယ္ကို ျမင္ရတိုင္း အေနာက္ကေန သိုင္းဖက္ခ်င္စိတ္က ထိန္းလို႔မွ မရခဲ့ဘဲ။ တစ္ခါေလာက္ပဲ..........တစ္ခါေလာက္ပဲ သ်ွားခပ္တင္းတင္းထပ္ဖက္ၾကၫ့္ခ်င္မိတယ္။

"ၪီးမာန္"

ေခၚလာသၫ့္ အသံသည္ ခပ္တိုးတိုးသာ ။ သို႔ေသာ္ နကၡတ္ေျခလွမ္းတို႔ တုန႔္ခနဲ။ အေနာက္လွၫ့္ၾကၫ့္ဖို႔ျပင္လိုက္ေပမယ့္ ရုတ္တရတ္ဆန္သၫ့္ သ်ွားဟန္၏ အျပဳအမူက နကၡတ္ကို အေရ႔ွအနည္းငယ္ ယိုင္ထြက္သြားေစသည္။ ခါးမွသိုင္းဖက္ထားသၫ့္ လက္တစ္စံုသည္ တင္းၾကပ္ေန၏ မ်က္ႏွာအပ္ထားသၫ့္ ေက်ာဘက္မွ အသက္ရႉသံခပ္ျပင္းျပင္းကို ခံစားေနရသည္။ လည္ဂုတ္နားထိေတြ့လာသၫ့္ ဆံစခပ္ရွည္ရွည္ေတြ။

"ေတာ္ေတာ္ အတင့္ရဲေနပါလား သ်ွားဟန္"

"ခ....ခဏေလးပါပဲ ၪီးမာန္"

အနည္းငယ္တုန္ရီလိႈက္ေမာေနသၫ့္ အသံက လွၫ့္ဖို႔ ျပင္လိုက္သၫ့္ နကၡတ္၏ ခႏၶာကိုယ္ကို ညိမ္က်သြားေစသည္။ တင္းၾကပ္သၫ့္ ခါးေပၚမွ လက္ေတြကို ဆြဲျဖဳတ္ပစ္လိုက္လို႔ရေပမယ့္ နကၡတ္မႀကိဳးစားမိ။ ခပ္ညိမ့္ညိမ့္ခုန္ေနသၫ့္ ဝဲဘက္ရင္အံုမွ ႏွလံုးခုန္သံတိုးလ်လ်ကို သတိျပဳမိေတာ့ ေမးေၾကာမ်ားေထာင္ေအာင္ အံႀကိတ္လိုက္မိသည္။ ဘယ္ေလာက္ေတာင္ၾကာေနခဲ့ၿပီလဲ........ဒီေနရာက ညိမ္သက္တိတ္ဆိတ္ေနခဲ့တာ ဘယ္ေလာက္ေတာင္ၾကာေနခဲ့ၿပီလဲ။

မိနစ္အနည္းငယ္မ်ွအၾကာ ခါးေပၚမွ လက္ေတြေျပေလ်ာ့သြားခဲ့ေတာ့ တြန႔္ခ်ိဳးထားမိသၫ့္ မ်က္ခံုးတို႔ကို ေလ်ွာ့ခ်ရသည္။ အေနာက္ခပ္ျဖည္းျဖည္းလွၫ့္ၾကၫ့္မိေတာ့ ေခါင္းကိုငံု႔ထားသၫ့္ သ်ွားဟန္က ျပန္ေမာ့မလာေသး။

"ငါက မင္းကို အဲ့ေလာက္ေတာင္ မွားယြင္းေအာင္ ထိန္းေက်ာင္းခဲ့မိတာလား သ်ွားဟန္"

".ကြၽန္ေတာ္ လူတစ္ေယာက္ကို နင့္နင့္သည္းသည္းသေဘာက်တယ္ဆိုတာ ကိုယ့္ကိုယ္ကို သိႏိုင္ေလာက္ေအာင္ ကြၽန္ေတာ္ အရြယ္ေရာက္ေနပါၿပီ ၪီးမာန္"

"မင္းေတာ့ မျဖစ္ဘူး သ်ွားဟန္။ မင္းေတာ့ ................................ မျဖစ္ဘူး"

ဂိုေဒါင္ထဲမွ နကၡတ္လွၫ့္ထြက္လာခဲ့လိုက္သည္။ နကၡတ္၏ စကားအဆံုး ေဝ့တက္လာသၫ့္ ဒီေကာင္ေလးရဲ့မ်က္ရည္ေတြကို နကၡတ္မျမင္ခ်င္ပါ။ ပံုမွန္ဆို အလြယ္တကူေတာင္ မ်က္ရည္က်တတ္ေနပါလားလို႔ဆူေငါက္ပစ္လိုက္မိမွာျဖစ္ေပမယ့္ အခုေတာ့ နကၡတ္ေခါင္းထဲ အေတြးတို႔ရႈပ္ေထြးေန၏ အတိတ္ပံုရိပ္တို႔က ပိတ္ကားခ်ပ္ေပၚ ျဖတ္ေျပးသလို ေခါင္းထဲ ထင္ရွားေန၏

*အစ္ကို နကၡတ္ကို ကြၽန္ေတာ္ ခ်စ္တယ္*

ခပ္ေဖ်ာ့ေဖ်ာ့ေျပာသြားသၫ့္စကားသံ။ ၿပံဳးရိပ္သန္းေနသၫ့္ ႏႈတ္ခမ္းပါး။ ေသြးစတို႔ေပပြေနသၫ့္ လက္ေခ်ာင္းခပ္သြယ္သြယ္ေတြ။ ဗိုက္သားကိုထိုးခြဲထားသည့္ ဓါးေျမႇာင္။ ညိမ္က်သြားသၫ့္ ႏွလံုးခုန္သံ။ ရင္ခြင္ထဲမွီခ်လာသၫ့္ ခႏၶာကိုယ္။ ဒါေတြအားလံုးက....နကၡတ္ကို ခ်စ္မိခဲ့တဲ့လူတစ္ေယာက္ရဲ့အဆံုးသတ္ေတြ။

ငယ္ရြယ္စဥ္က ရူးမိုက္ခဲ့မိတဲ့ အခ်စ္တစ္ခုက လူတစ္ေယာက္ရဲ့ အသက္ကို ႏႈတ္ယူသြားခဲ့သည္။ ႏွစ္နဲ႔ခ်ီခံစားခဲ့ရသၫ့္ နာက်င္မႈနဲ႔ေနာင္တတရားေတြက အခုခ်ိန္ထိေတာင္ အစိမ္းသက္သက္ျဖစ္ေနခဲ့တုန္းပါပဲ။ ေယာင္ယမ္းကာရင္ဘတ္ေပၚလက္တစ္ဖက္အုပ္ရင္း အက်ႌစတို႔ကို ခပ္တင္းတင္းဆုပ္ေျခလိုက္မိသည္။ လက္ရန္းေပၚေထာက္ထားမိသၫ့္ လက္တို႔သည္ အေၾကာတို႔ ၿပိဳင္းၿပိဳင္းထေအာင္ သစ္ေဘာင္ကို ဆုပ္ကိုင္ထားမိ၏ သ်ွားဟန္ေတာ့ ............ မျဖစ္ဘူးမလား။

"ေခါင္းေဆာင္"

အေနာက္မွ ထြက္လာသၫ့္ မင္းထင္ေခၚသံေၾကာင့္ ခႏၶာကိုယ္ကိုျပန္မတ္ကာ နကၡတ္တစ္ခ်က္ေစာင္းငဲ့ၾကၫ့္လိုက္၏

"စံုစမ္းခိုင္းတာ သိရပါၿပီ။ ကြၽန္ေတာ္ဘာဆက္လုပ္ရမလဲ"

"သူတို႔အစီအစဥ္က ဘာဆိုတာေရာ သိလာရၿပီလား"

"အတိအက်ေတာ့မသိရေသးေပမယ့္ စလႈပ္ရွားေတာ့မယ္ထင္ပါတယ္"

"လမ္းေၾကာင္းတစ္ခုဖြင့္ေပးထားလိုက္မင္းထင္"

"ဟုတ္ကဲ့"

2998 words
26.9.2023 (2:03 am)
Vi vian
90°bow

Continue Reading

You'll Also Like

167K 6.6K 77
Unicode သာမာန်မိသားစုတစ်ခုမှပေါက်ဖွားလာပြီး မိမိကြိုးစားမှု့ကြောင့် အမြင့်တစ်နေရာ သမာအာဇီဝကျကျ တက်လှမ်းနေဆဲ ဖြစ်ကာကုမ္ပဏီတစ်ခုမှာ ရာထူးတစ်နေရာရရှိနေတ...
72.4K 6.2K 46
မင်းကတော့ အမြင့်ရောက်လေလေ ပိုင်ရှင်နဲ့ ဝေးသွားလေလို့တွေးလိမ့်မယ် ။ဘယ်နေရာ ရောက်ရောက် ဆွဲခေါ်ပြီး ထိန်းချုပ်လို့ရတဲ့ အာဏာငါ့မှာရှိတယ်။ မင်းက အမြဲတမ်...
508K 32.6K 29
#Unicode မလွှဲမရှောင်သာတဲ့အခြေအနေကြောင့် စံအိမ်တစ်အိမ်မှာ အိမ်အကူလုပ်နေရတဲ့ကောင်လေး- Shinn Htet Aung မောက်မာတတ်ပြီး ဘုကလန့်ပြောတတ်တဲ့ကောင်လေး- Wunna...
458K 27.3K 65
သောက်မြင်ကပ်ပုဒ်မဖြင့်လက်ထပ်ယူရန်ဂျစ်တူးတစ်ယောက်အားရွာသို့ခေါ်လာမိသောအခါ(╥﹏╥) #photo crd အပိုင်း5က အပိုင်း20ရဲ့အောက်မှာရှိပါတယ်..