Impersonator Lover (complete)

BlackRoseTK93 द्वारा

93.4K 8.3K 823

Jeon Jungkook Kim Taehyung अधिक

1
2
3
4
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
Final

5

2.6K 253 13
BlackRoseTK93 द्वारा

" အဲ့ကောင်လေးမဟုတ်လား ဓာတ်ပုံထဲကတယောက်က "

ဒုံဒယ်မွန်းစျေးရဲ့တနေရာမှာ ကားကိုရပ်လိုက်ပြီး Taehyung ကိုတွေ့လို့တွေ့ညားစောင့်နေရင်းကနေ လူနဲ့မမျှတဲ့အထုတ်ကြီးကိုထမ်းလို့လာတဲ့ Taehyung

" အင်းဟုတ်တယ် သူက ကျွန်တော်ကို အိမ်ထောင်ဖက်တောင်လာတွေ့သွားသေးတယ် "

Jungkook ပြောလိုက်တဲ့စကားကြောင့် မန်နေဂျာအဖြစ်ရော Jungkook ရဲ့ အကိုဝမ်းကွဲအဖြစ် Hobi တယောက် အံ့သြသွားရသည်..

" ဘယ်လို Jungkook ပြန်ပြောပါအုံး ငါပေးတဲ့ ဓာတ်ပုံထဲမှာ ပါတဲ့ သူ့ဘေးကတယောက်နော် Face Group ရဲ့ သားဆိုတာက သူကဘယ်လို "

အိမ်ထောင်ဖတ်တွေ့ရမယ်ဆိုပြီး အဒေါ်ဖြစ်သူပေးလိုက်တဲ့ ဓာတ်ပုံကို ညီဖြင့်သူကို သူကတ
ဆင့်ပေးပေးရသည်..

ဖြစ်ချင်တော့ ပေးမယ့်ဓာတ်ပုံက ဘယ်နားထားမိမှန်းမသိတာကြောင့် Face group သားရဲ့ IG အကောင့်ကိုရှာပြီး ဓာတ်ပုံရှာတော့ တယောက်ထဲပုံတပုံမှမရှိ သူငယ်ချင်းဖြစ်သူနဲ့ပုံရယ် ရူခင်းရယ် အစားအသောက်ပုံတွေရယ်သာရှိတာကြောင့်
ရှိတဲ့ပုံကူးလိုက်ပြီး Jungkook ကို ပြလိုက်ရသည်..

သို့သော်ထိုဓာတ်ပုံလေးထဲက တွေ့ရမယ်သူမဟုတ်တဲ့ ဘေးကကောင်လေးကိုမြင်မြင်ချင်း ချစ်သွားခဲ့တဲ့ Jungkook..

အိမ်ထောင်ဖက်ရဲ့အကြောင်းကိုမရှာပဲ ဘေးကသူငယ်ချင်းလေးအကြောင်းကို ညလုံး ပေါက် အသဲအသန်ရှာလိုက်တော့မှ တပုံသောငယ်ငယ်ကပုံလေးရဲ့ ရင်ဘက်ကရင်ထိုးမှာပါလာတဲ့ နာမည်ကြောင့်သာ တညလုံးရှာထားတဲ့ရလဒ် နာမည်လေးပဲသိခွင့်ရခဲ့သည်..

" ဒါကဒီလိုရှိလို့နေမှာပေါ့ "

" မင်း မဟုတ်မှလွဲလို့ "

" အင်း သူတို့သူငယ်ချင်းနှစ်ယောက်လူလဲပြီးလာတွေ့တာ ဒါပေမယ့် Hyung ဓာတ်ပုံပြထဲက ကျွန်တော်က သူ့ကိုသဘောကျမိတာ မို့လို့"

" မင်းမိဘတွေကိုဘယ်လိုလုပ်မလည်း"

"အဲ့ဒါလားကျွန်တော်စဥ်းစားပြီးသား "

" ပြီးတာပဲ ခုသွားတော့မလား "

" လေးနေမှာပဲနော် "

" ဟေ့ရောင် ငါမေးတာသွားတော့မလားလို့ "

" လူကောင်သေးသေးလေးနဲ့ အဲ့လောက်အထုတ်ကြီးသယ်တော့ ပင်ပန်းမှာပေါ့ကွာ "

" Jeon Jungkook "

" ခဏလေးပါ Hyung ရာ ကျွန်တော်ကြည့်မဝသေးလို့ "

ဆိုင်တဆိုင်ရှေ့ အထုတ်ကိုပြစ်ချလိုက်ပြီး ဆိုင်ရှင်လို့ထင်ရတဲ့ သက်လတ်ပိုင်းလူတယောက်နဲ့ စကားပြောနေတာကိုကြည့်နေသေးတဲ့ Jungkook..

တကယ်တော့ အဲ့တာ Taehyung ရဲ့ဆိုင်နဲ့ သူရဲ့ဦးလေးဆိုတာတော့ Jungkook မသိသေး..

ဖုန်းကိုထုတ်ကာ Taehyung စီ ဖုန်းခေါ်လိုက်တဲ့ Jungkook..မြည်နေတဲ့ ဖုန်းကိုဘောင်းဘီအိတ်ထဲက ထုတ်ကာ ဖုန်းနံပါတ်လည်းမြင်ရော လန့်လို့သွားတဲ့ Taehyung လက်ထဲကဖုန်းလွှတ်ကျသွားတာကြောင့်အမီလိုက်ဖမ်းရသေးတဲ့ပုံစံက တကယ်ကို ဗရမ်းဗဒါကိုဖြစ်လို့..ထိုပုံစံလေးကို သဘောတကျကြည့်ကာရီနေတဲ့ Jungkook..

" Hello "

" Jimin shi ခုဘယ်မှာလည်း "

သူမေးလိုက်တဲ့စကားကြောင့် ခေါင်းလေးမော့ကာတောင်ကြည့်မြောက်ကြည့်လုပ်ပြီး လက်ညိုးလေးကလည်းတထောင်ထောင်ဖြင့်

" shopping shopping ထွက်နေတာ "

" အော် ကျွန်တော်လာလို့ရမလား "

" ဟင့်အင်း ဟင့်အင်းမလာနဲ့ ကျွန်တော်က တယောက်ထဲပဲဝယ်ရတာကြိုက်တာ "

" ဟုတ်လား ဒါဆို ကျွန်တော်တို့ ဒုတိယတကြိမ်တွေ့ကြမလား "

" ကျွန်တော်မအားဘူး "

" ဘာလို့လည်း "

" နောက်ထွက်မယ်ဒီဇိုင်းဆွဲ...ဟားဟား နောက်ထက် သွားစရာရှိသေးတယ်လို့ပြောတာ "

" ဒါဆို ပြန်ရောက်တဲ့ချိန်ထိအိမ်ရှေ့မှာစောင့်နေမယ်လေ ဒါမှမဟုတ် အန်တီတို့ကိုဝင်တွေ့ရင်း စောင့်နေလို့လည်းရတာပေါ့ "

" ဟားဟား အားသွားပြီ ခုအားသွားပြီ ဘယ်ချိန်လည်း ဘယ်နေရာလည်း ကျွန်တော်လာခဲ့မယ်လေ ဒုတိယအကြိမ်တွေ့ကြတာပေါ့ "

" အဆင်ပြေရဲ့လား Jimin shi "

" ပြောတယ်ပြေတယ် အရမ်းပြေတယ် "

" ဒါဆို ကျွန်တော်တို့ နေ့လည် 12:00 ကျွန်တော်
ကုမ္မဏီကိုလာခဲ့ပေးမလား "

" ဟင်.. အင်းးရပါတယ် "

" ဒါဆို ဒါပဲနော် "

Jungkook နဲ့ဖုန်းပြောပြီးတာနဲ့ နာရီကြည့်လိုက်တော့ 10:30 နေပြီဖြစ်တာကြောင့် Jimin စီ ချက်ချင်းဖုန်းဆက်ပြန်တော့ တဖက်ကခုချိန်ထိမနိုးသေးပုံရသည်..ဖုန်းမကိုင်..

ဆိုင်ရှေ့မှာလက်သဲလေးကိုက်လို့ ဟိုဘက်လျှောက်ဒီဘက်လျှောက်လိုက်နဲ့ ဖုန်းဆက်နေတဲ့ Taehyung..

ကားပေါ်ကနေ ထိုပုံစံလေးကိုပြုံးဖြီးပြီး အသဲတယားယားကြည့်နေတဲ့ Jungkook.Hobi ကတော့ဘာတခုမှ နားမလည်စွာ ခေါင်းတခါခါဖြင့်သာ.

" အင်းးးး "

"အင်းးမနေနဲ့ သေနေတာများခေါ်မကြားအော်မကြားနဲ့ ငါခုမင်းစီလာနေပြီ Jungkook က ဒီနေ့တွေ့မယ်တဲ့ မအားဘူးပြောတာကို မင်းအိမ်လာပြီးစောင့်နေမယ်တဲ့ တကယ်အရစ်ထုတ်ကွာ "

" အေးအေးလာခဲ့ "

" ငါ စိတ်မရှည်တော့ဘူးနော် "

" ချစ်ဆုံးကလည်းကွာ အဲ့လိုမလုပ်ပါနဲ့နော် စိတ်လေးရှည်ပေးပါကွာ.. ငါ့ကိုချစ်ဘူးလား "

" ချီးတောင်မချစ်ဘူး "

" ဟဲဟဲ အကျီ အမိုက်စားလေးရှာပေးထားမယ် နော် ချစ်လေး"

" ချီးလိုကောင် "

ညနေစောင်းလောက်မှာ Taehyung တယောက် ရှိုးစမိုးအပြည့်ဖြင့် Jungkook ရဲ့ ကုမ္မဏီသို့ Jimin ကလိုက်ပို့သည်..ကုမ္မဏီရှေ့ရောက်တော့ ကားပေါ်က သူငယ်ချင်းဖြစ်သူက အားပေးရှာသည်..

" Jeon Jungkook နဲ့မင်းက တကယ်လိုက်ဖက်တာပါကွာ "

" ချီးကိုလိုက်ဖက်တာ"

" fighting ချင်းဂု "

ကားပေါ်က မဆင်းခင်ဖုန်းအရင်ဆက်လိုက်တဲ့ Taehyung..မဟုတ်ရင်တယောက်ထဲ ကုမ္မဏီရှေ့ယောင်လည်လည်ဖြစ်နေမှာဆိုးတာကြောင့်ပင်..

" Hello jungkook shi ကျွန်တော် အောက်မှာရောက်နေပြီ "

" ကျွန်တော်လာခေါ်ရမလား ဒါမှမဟုတ် Jimin shi ဘာသာလာမလား "

" ကျွန်တော်ဘာသာ လာလိုက်မယ်လေ "

" ဒါဆို ကျွန်တော် မန်နေဂျာလွှတ်လိုက်မယ်"

Taehyung လည်း ဖုန်းပြောပြီးတာနဲ့ကားပေါ်ကဆင်းကာ ကုမ္မဏီထဲသို့ သူဌေးသား စတိုင်နဲ့ဝင်လို့လာခဲ့သည်..သူ့ကိုလှမ်းမြင်လိုက်တဲ့ မန်နေဂျာ Hobi ဟာ လက်ကလေးပြလို့အနားကိုရောက်လာခဲ့သည်..

"park jimin shi ကျွန်တော်နဲ့လိုက်ခဲ့ပါ "

Taehyung မှာ မပြုံးတပြုံးလေး ပြုံးပြကာ မန်နေဂျာ Hobi အနောက်ကလိုက်လို့လာခဲ့သည်..ဆင်းရမယ့်အထပ်ရောက်တော့ရှေ့ကဆင်းလို့သွားတဲ့ Hobi အနောက်. အနောက်ကနေ ဟိုကြည့်ဒီကြည့်နဲ့လိုက်လို့လာတဲ့ Taehyung..
အခန်းတခုရှေ့တံခါးဖွင့်ပေးလိုက်တဲ့ Hobi..သူကို လက်ကလေးပြကာ ဝင်စေတော့ မျက်ခုံးလေးပင့်ကာပြန်မေးနေတဲ့ Taehyung..

" အထဲမှာ သူဌေးစောင့်နေပါတယ် "

"အာ ဟုတ်ကဲ့ "

Taehyung အခန်းထဲဝင်လာတော့ အလုပ်စားပွဲမှာ ထိုင်ကာ ဖိုင်တွဲတွေစစ်နေတဲ့ Jungkook..သူ့ကိုမြင်တော့ ဆိုဖာမှာထိုင်ဖို့ ပြောလာသည်..

" Jimin shi ထိုင်ပါအုံး ကော်ဖီသောက်မလား "

" ကျွန်တော် ကော်ဖီမကြိုက်ဘူး "

" ဟင် ကျွန်တော်သိတာ Jimin က ကော်ဖီကြိုက်တယ်ဆို "

" ဟင်.. ခုမကြိုက်တာ ခုမကြိုက်တော့တာ "

" အော် ဒါဆို ဘာသောက်မလည်း ကျွန်တော်အလုပ်လေးမပြီးသေးလို့ ခဏလောက်စောင့်ပေးမလား "

" ကျွန်တော် စောင့်ရတာသဘောမကျဘူး ဒါပေ
မယ့်ရောက်လက်စနဲ့စောင့်ပေးလိုက်မယ်.."

"ကျေးဇူးပါ Jimin shi "

Taehyung လည်း စောင့်ရင်းစောက့်ရင်း တနေကုန်ပင်ပန်းထားတာကြောင့် ဘယ်ချိန်ဘယ်လိုအိပ်ပျော်သွားမှန်းမသိ..

Jungkook လည်း သူ့ရှေ့က ဖိုင်တွေလည်းပြီးရော သူ့ရှေ့ဆိုဖာမှာထိုင်လို့နေတဲ့ ကောင်လေးက အိပ်ပျော်လို့နေပြီ..အိမ်ပျော်နေတဲ့ ကောင်လေးကို အဝေးကနေလှမ်းကြည့်နေရင်း ဆိုဖာမှာအိပ်ပျော်နေတဲ့ကောင်လေးက တဖြေးဖြေး ဘေးသို့လဲကြတော့မယ့် အချိန်မှာ Jungkook ဟာ သူ့အလုပ်စားပွဲကနေအပြေးထွက်လာကာဘေးကနေဝင်ထိုင်လိုက်ကာ လဲကျတော့မယ်ခေါင်းလေးကိုသူ့ပခုံးပေါ်မှီစေလိုက်ပြီး နှုတ်ခမ်းလေးကလည်း ရေရွတ်လိုက်မိသေးသည်..

Jk pov..အရမ်းပင်ပန်းနေလို့လား Tae..

ပခုံးပေါ်ခေါင်းလေးတင်ကာအိပ်ပျော်နေတဲ့ Taehyung ရဲ့မျက်နှာလေးကို ခေါင်းလေးစောင်းကာကြည့်လို့နေတဲ့ Jungkook.

အိပ်နေတဲ့ Taehyung ကလည်း လှုပ်စီလှုပ်စိနဲ့နိုးလာပြီး သူ့မီကာခေါင်းလေးတင်ထားရာကနေမျက်လုံးဖွင့်ကြည့်လိုက်တော့ သူကိုကြည့်လို့နေတဲ့ Jungkook ရဲ့မျက်နှာနဲ့ နီးကပ်လို့နေသည်.

သေချာအကြည့်ခြင်းစုံကာကြည့်နေရင်းမှ သတိရကာ မှီထားရာကနေထလိုက်တဲ့Taehyung..ဆံပင်တို့ကိုသပ်ကာ Jungkook နားကနေခပ်ခွာခွထိုင်လိုက်ပြီး..

" ပြီးပြီလား ကြာလိုက်တာ ကျွန်တော်ဗိုက်ဆာနေပြီ "

"သွားရအောင်လာ "

Jungkook ဟာ Taehyung ရဲ့လက်ကိုဆွဲကာ ထွက်သွားဖို့လုပ်တော့ Taehyung ဟာလက်ကိုပြန်ဆွဲထားလိုက်ပြီး

" လက်က "

" ကျွန်တော်တို့တွဲနေကြပြီလေ လက်ကကိုင်လို့မရဘူးလား "

" ကုမ္မဏီ အပြင်ရောက်မှကိုင်လို့ရမလား "

" ခုထဲကကိုင်ချင်တာ "

" အပြင်မှာသူမှားတွေရှိလို့ မြင်သွားရင်လေ "

" ကျွန်တော်တို့က လက်ထပ်မယ့်သူတွေပဲလေ ပြီးတော့ကျွန်တော်က ဒီက CEO လေ ဘယ်သူကပြောရဲမှာလည်း "

ပြောမဆုံးကို လက်ကိုပို၍ ဆုတ်ကိုင်လိုက်ကာ ဆွဲခေါ်သွားတာကြောင့် Taehyung မှာ ယက်ကန် ယက်ကန်နဲ့ပါလာခဲ့သည်..

BlackroseTk93
Taekookforever🐰🐯

သုံးပုဒ်တခါထဲတင်နေတော်ဖတ်နေတဲ့ ရှင်တို့ ရောမရောတော့မသိဘူး.ရေးနေတဲ့ ကျမကတော့ ဇာတ်လမ်းရောရောသွားတယ်တော့..

ခုတောင်ဒါကိုတင်ပြီးပြီထင်ပြီး နောက်တပိုဒ်တင်မယ်လုပ်မှ ep 5 က မတင်ရသေးဘူးဖြစ်နေတယ် 😢

zawgyi


ဒုံဒယ်မွန်းဈေးရဲ့တနေရာမှာ ကားကိုရပ်လိုက်ပြီး Taehyung ကိုတွေ့လို့တွေ့ညားစောင့်နေရင်းကနေ လူနဲ့မမျှတဲ့အထုတ်ကြီးကိုထမ်းလို့လာတဲ့ Taehyung




ဆင့်ပေးပေးရသည်..





" မင်း မဟုတ်မှလွဲလို့ "





" လေးနေမှာပဲနော် "



" Jeon Jungkook "





" Hello "







" ကျွန်တော်မအားဘူး "

" ဘာလို့လည်း "







" ဟင်.. အင်းးရပါတယ် "

" ဒါဆို ဒါပဲနော် "




" အင်းးးး "


" အေးအေးလာခဲ့ "



" ချီးတောင်မချစ်ဘူး "


" ချီးလိုကောင် "



" ချီးကိုလိုက်ဖက်တာ"

" fighting ချင်းဂု "










"အာ ဟုတ်ကဲ့ "








"ကျေးဇူးပါ Jimin shi "








"သွားရအောင်လာ "


" လက်က "



" ခုထဲကကိုင်ချင်တာ "




BlackroseTk93
Taekookforever🐰🐯



पढ़ना जारी रखें

आपको ये भी पसंदे आएँगी

470K 13.7K 105
"aren't we just terrified?" 9-1-1 and criminal minds crossover 9-1-1 season 2- criminal minds season 4- evan buckley x fem!oc
120K 5.5K 25
Desperate for money to pay off your debts, you sign up for a program that allows you to sell your blood to vampires. At first, everything is fine, an...
1.1M 44.4K 51
Being a single dad is difficult. Being a Formula 1 driver is also tricky. Charles Leclerc is living both situations and it's hard, especially since h...
1M 18.2K 43
What if Aaron Warner's sunshine daughter fell for Kenji Kishimoto's grumpy son? - This fanfic takes place almost 20 years after Believe me. Aaron and...