မြွေဖြူအရှင်《Complete 》

By JinGuangyao5

99.9K 4.9K 60

စားရေးသူ၏စိတ်ကူးယဥ်သက်သက်သာဖြစ်သည် အပြင်လောကနှင့်သက်ဆိုင်ခြင်းမရှိပါ Ficအတွင်းတစ်ချို့သောစာလုံးတွေကြား နေရာခြ... More

????1????
????2????
♤3♤
♧4♧
●5●
☆6☆
☆7☆
◇8◇
☆9☆
♡10♡
☆11☆
☆12☆
☆13☆
☆15☆
☆16☆
☆17☆
☆18☆
☆19☆
☆20☆
☆21☆
☆22☆
☆23☆
☆24☆
final

☆14☆

3K 165 2
By JinGuangyao5

မြွေဖြူအရှင်
အပိုင်း၁၄

"အရှင်မင်းကြီးဘုရား ဘုရားဂူရွာမှစာလွှာပါးလိုက်ပါတယ်ဘုရား......"
မင်းတရားကြီးက ဘာအရေးကြောင့်စာလွှာပါးရသလဲသိချင်တာကြောင့်
တစ်ခြားအစီရင်ခံစာတွေထက်ထိုပေရွက်ကိုအရင်ဦးဆုံးဖတ်ရှုလိုက်သည်

'အရှင်မင်းကြီးဘုရား....
ဒီငယ်သားစံဖဲညိုစိုးရိမ်သောကရောက်နေသည့်အရာအားလျှောက်တင်ပါရစေ
အရှင့်သားမင်းသားဝဏ္ဏဟာမြွေတစ်ကောင်၏လှည့်စားခံနေရပါတယ်ဘုရား
အဲ့ဒီမြွေကသာမာန်ထက်ထူးခြားတဲ့စွမ်းရည်တွေရှိတာမို့ မင်းသားဝဏ္ဏအတွက်လွန်စွာပူပန်ရပါတယ်
တတ်နိုင်သမျှမြန်မြန်နန်းမြို့တော်ကိုပြန်ခေါ်သင့်ပါတယ်ဘုရား......"

ထိုစာကိုဖတ်ပြီးနောက်အရှင်မင်းကြီးခဗျာ
သားတော်အတွက်လွန်စွာပူပန်သွားလေသည်
သားတော်များစွာထဲမှဒီသားတော်ဟာသူအားအကိုးရဆုံးနှင့်အချစ်ရဆုံး ဖြစ်တာမို့
နည်းနည်းလေးမှအထိအခိုက်မခံနိုင်ဘူး

"လာကြစမ်း ဘုရားဂူရွာမှာရှိနေတဲ့မင်သားဝဏ္ဏကိုနန်းတော်မှာအရေးကြုံနေလို့
အမြန်ပြန်လာဖို့အမိန်ပေးလိုက်ကြောင်းသွားလျှောက်ချေ......."

မြင်းစီးသူရဲကောင်းနှစ်ဦးအား မင်းသားဝဏ္ဏကိုသွားရောက်ခေါ်ဆောင်ဖို့ စေလွှတ်လိုက်သည်
မြင်းစီးသူရဲကောင်းနှစ်ဦး၏မြင်စီးစွမ်းရည်နှင့်ဆို နေမဝင်ခင်ဘုရားဂူကိုရောက်လိမ့်မည်....

__________________
ဝဏ္ဏ ညအချိန်အခါကိုစောင့်မျှော်နေရသည်
ဒီညမှာအသင်္ခရာကို သူ့ကြင်ယာဖြစ်လာဖို့ခွင့်တောင်းမယ်
ပြီးရင်နန်းမြို့တော်ဆီခေါ်သွားမယ် ဟုတွေးထားတယ်

"အရှင့်သား...."

သူ့ရဲ့ပျော်ရွှင်နေသည့်စိတ်ကလေးဟာ
ဖခမည်းတော်၏ လက်ရုံးတော်မြင်းစီးသူရဲကောင်းနှစ်ယောက်
ကြောင့်ကြက်ပျောက်ငှက်ပျောက်ဖြစ်သွားသည်

"အသင်တို့နှစ်ဦးအဘယ်အရေးကြောင့်ရောက်လာကြသလဲ"

"မှန်ပါ့ဘုရား ဘုရားဂူရွာမှာရှိနေတဲ့မင်သားဝဏ္ဏကို
နန်းတော်မှာအရေးကြုံနေလို့အမြန်ပြန်လာဖို့အမိန့်ပေးလိုက်ကြောင်းသွားလျှောက်ချေဟုအရှင်မင်းကြီးကနှုတ်မိန့်ပါးလိုက်ပါတယ်ဘုရား.......ကျွန်တော်မျိုးတို့အရှင့်သားကိုနှုတ်မိန့်နဲ့အတူလာရောက်ခေါ်ဆောင်တာပါ....."

ဝဏ္ဏစိတ်ထဲမတင်မကျဖြစ်သွားသည်
ဖခမည်းတော်ကသူ့ကိုဘာအရေးကြောင့် အမြန်ပြန်ခေါ်ချင်ရတာလဲ...

"နန်းတော်မှာဘာအရေးကြုံနေသလဲ မောင်မင်းတို့သိစ...."

"ကျွန်တော်မျိုးတို့မသိပါဘုရား...."

ဝဏ္ဏသက်ပြင်ဖွဖွချရုံသာတတ်နိုင်တော့သည်
သူအကြောင်းတွေကို တစ်စုံတစ်ယောက်များခမည်းတော်ထံလျှောက်တင်လိုက်လေသလား....

__________________

အသင်္ခရာနှစ်ဦးသားတွေ့နေကျခရေပင်ကြီးအောက်မှာဘဲ လမင်းကိုမျှော်ငေးကာ
ဝဏ္ဏအားစောင့်နေသည်

"အသင်္ခရာ....."

ဟော...သူစောင့်နေသူရောက်လာပြီ။

"အသင်ရောက်လာပြီပေါ့ ...."
အသင်္ခရာအပြုံးချိုမြမြနှင့်စီးကြိုလိုက်သည်

"ကျွန်ုပ်အသင့်ကိုဒါပေးမယ်...."

ဝဏ္ဏ သူယူဆောင်လာသည့် ကျောက်မျက်ရတနာစီချယ်ထားသော
လက်ဆွဲတော်ဓါးအားအသင်္ခရာလက်ထဲထည့်ပေးလိုက်သည်

"ထပ်ပြီးလက်ဆောင်ပေးတာလား"

"ဒီတစ်ခါကလက်ဆောင်ပေးတာမဟုတ်ဘူး ဘဝတစ်ခုလုံးကိုအသင့်ထံအပ်နှံလိုက်တာ ...."

"........"

"ဒီဓါးကကျွန်ုပ်ရဲ့ရာထူးကိုကိုယ်စားပြုတယ် အခုအသင့်ကိုဒီဓါးပေးတာကကျွန်ုပ်ဟာအသင်နှင့်သာသက်ဆိုင်ကြောင်းဖော်ပြတာ..."

ထိုစကားကိုကြားရတာဝမ်းသာစရာဆိုပေမဲ့
ခွဲခွာရတော့မယ်ဟုခံစားချက်မျိုးသာသူရနေသည်
ဒါကြောင့်မနေနိုင်ဘဲထုတ်မေးလိုက်တယ်

"အသင်နဲ့ကျွန်ုပ်ခွဲခွာရတော့မယ်ဆိုတဲ့ခံစားချက်မျိုးဘာကြောင့်ရနေရတာလဲ...."

"အသင်္ခရာ....."
ဝဏ္ဏ ချစ်ရသူကိုရင်ခွင်ထဲဆွဲသွင်းပြီး
ဝမ်းနည်းစို့နင့်နေသောအသံဖြင့်နှုတ်ဆက်စကားဆိုရသည်
ချစ်ခွင့်ရတာဖြင့်မကြာသေးဘူး
နှုတ်ဆက်စကားဆိုရတော့မည့်သူ့ရင်ထဲကဝမ်းနည်းနာကျင်မှုကိုအဘယ်သူသိနိုင်ပါမည်နည်း.....

"ဘာပြောမလို့လဲ..."

"ကျွန်ုပ် မြို့တော်ကိုပြန်ရတော့မယ် နန်းမြို့တော်ကိုအသင်လိုက်ခဲ့ပါလား...."

" ကျွန်ုပ်မှာတာဝန်ဝတ္တရားတွေရှိတယ်ဒီနေရာကတစ်ဖဝါးမှခွာလို့မဖြစ်ဘူးအဲ့ဒီအစားအသင်မပြန်လို့မရဘူးလား"

"ကျွန်ုပ်မှာလည်းမပြန်မဖြစ်တဲ့အကြောင်းကိစ္စရှိလို့ပါ"

အသင်္ခရာမျက်ဝန်းတို့ကဝမ်းနည်းရိပ်တွေယှက်သန်းလာသည်
သူဝဏ္ဏကိုမပြန်စေချင်ဘူး သို့သော်သူ့မှာတားနိုင်စွမ်းလဲမရှိပြန်ဘူး
ဧည့်သည်ဆိုတာအချိန်တန်အိမ်ပြန်ရရိုးထုံးစံသာရှိတယ်မဟုတ်လား....

"ကောင်းပါပြီ အသင်ကဒီကိုလာတဲ့ဧည့်သည်ဘဲ အချိန်တန်တော့အိမ်ပြန်ရမှာပေါ့"

ဝဏ္ဏရင်ခွင်ထဲကအမျိုးသားလေးဝမ်းနည်းနေတာသိသည့်အတွက်
ခေါင်းမော့စေပြီးနှာဖူးထက်တယုတယအနမ်းခြွေသည်
ပြီးမှ....

"အသင်္ခရာ..... ကျွန်ုပ်ကိုစောင့်နေပါ ဘာအရေးဘဲကြုံလာပါစေအသင့်ဆီအရောက်ပြန်လာမယ်"

"ကျွန်ုပ်စောင့်နေပါ့မယ်"
ထို့နောက်နှစ်ဦးသားဟာခွဲခွာရတော့မှာမို့
အလွမ်းပြေတစ်ဦးနှင့်တစ်ဦးခပ်တင်းတင်းဖက်ထားလိုက်ကြသည်
ချစ်ခြင်းတွေမှန်ကန်တာမို့အချိန်အကြာကြီးခွဲမနေရပါစေနဲ့....

မနက်ရောက်သည့်အခါဝဏ္ဏနန်းမြို့တော်ကိုပြန်ရတော့မည်

သေချာပြင်ဆင်ပြီးနောက် မြင်းဖြူကြီးအား စီးကာစတင်ထွက်ခွာသည်
သူတို့နှစ်ဦးချိန်းတွေ့နေကြခရေပင်ကြီးနားအရောက်
အသင်္ခရာများထွက်တွေ့လေဦးမလားဟူသည့်အတွေးဖြင့်
မြင်းကိုနှေးနိုင်သမျှနှေးပြီးသွားနေမိတယ်
သို့သော် အသင်္ခရာ၏အရိပ်ကိုတောင်မမြင်ရဘူး....

"ကျွန်ုပ်ကိုစောင့်နေပါ....အသင့်ဆီအရောက်ပြန်လာခဲ့ပါ့မယ်......"
ထို့နောက်မြင်းကိုဒုန်းဆိုင်းစီးနှင်ကာထွက်သွားလေတော့သည်

အမှန်တော့ဝဏ္ဏအားအသင်္ခရာမမြင်ကွယ်ရာမှချောင်းကြည့်နေတာပါ
သူသာထွက်တွေ့မိလိုက်ရင် မပြန်နိုင်အောင်ဆွဲထားမိမှာဆိုးတာကြောင့်ခိုးကြောင်ခိုးဝှက်သာကြည့်နေရတာ

"အသင်ပြန်လာပါ့မယ်ဆိုတဲ့စကားကိုကျွန်ုပ်ယုံကြည်ပါရစေ....."

#စာလုံးပေါင်းပြန်မစစ်ထားမိပါ

Zawgi
ေႁမြျဖဴအရွင္
အပိုင္း၁၄

"အရွင္မင္းႀကီးဘုရား ဘုရားဂူရြာမွစာလႊာပါးလိုက္ပါတယ္ဘုရား......"
မင္းတရားႀကီးက ဘာအေရးေၾကာင့္စာလႊာပါးရသလဲသိခ်င္တာေၾကာင့္
တစ္ျခားအစီရင္ခံစာေတြထက္ထိုေပရြက္ကိုအရင္ဦးဆုံးဖတ္ရႈလိုက္သည္

'အရွင္မင္းႀကီးဘုရား....
ဒီငယ္သားစံဖဲညိဳစိုးရိမ္ေသာကေရာက္ေနသည့္အရာအားေလွ်ာက္တင္ပါရေစ
အရွင့္သားမင္းသားဝဏၰဟာေႁမြတစ္ေကာင္၏လွည့္စားခံေနရပါတယ္ဘုရား
အဲ့ဒီေႁမြကသာမာန္ထက္ထူးျခားတဲ့စြမ္းရည္ေတြရွိတာမို႔ မင္းသားဝဏၰအတြက္လြန္စြာပူပန္ရပါတယ္
တတ္ႏိုင္သမွ်ျမန္ျမန္နန္းၿမိဳ႕ေတာ္ကိုျပန္ေခၚသင့္ပါတယ္ဘုရား......"

ထိုစာကိုဖတ္ၿပီးေနာက္အရွင္မင္းႀကီးခဗ်ာ
သားေတာ္အတြက္လြန္စြာပူပန္သြားေလသည္
သားေတာ္မ်ားစြာထဲမွဒီသားေတာ္ဟာသူအားအကိုးရဆုံးႏွင့္အခ်စ္ရဆုံး ျဖစ္တာမို႔
နည္းနည္းေလးမွအထိအခိုက္မခံႏိုင္ဘူး

"လာၾကစမ္း ဘုရားဂူရြာမွာရွိေနတဲ့မင္သားဝဏၰကိုနန္းေတာ္မွာအေရးႀကဳံေနလို႔
အျမန္ျပန္လာဖို႔အမိန္ေပးလိုက္ေၾကာင္းသြားေလွ်ာက္ေခ်......."

ျမင္းစီးသူရဲေကာင္းႏွစ္ဦးအား မင္းသားဝဏၰကိုသြားေရာက္ေခၚေဆာင္ဖို႔ ေစလႊတ္လိုက္သည္
ျမင္းစီးသူရဲေကာင္းႏွစ္ဦး၏ျမင္စီးစြမ္းရည္ႏွင့္ဆို ေနမဝင္ခင္ဘုရားဂူကိုေရာက္လိမ့္မည္....

__________________
ဝဏၰ ညအခ်ိန္အခါကိုေစာင့္ေမွ်ာ္ေနရသည္
ဒီညမွာအသခၤရာကို သူ့ၾကင္ယာျဖစ္လာဖို႔ခြင့္ေတာင္းမယ္
ၿပီးရင္နန္းၿမိဳ႕ေတာ္ဆီေခၚသြားမယ္ ဟုေတြးထားတယ္

"အရွင့္သား...."

သူ့ရဲ႕ေပ်ာ္ရႊင္ေနသည့္စိတ္ကေလးဟာ
ဖခမည္းေတာ္၏ လက္႐ုံးေတာ္ျမင္းစီးသူရဲေကာင္းႏွစ္ေယာက္
ေၾကာင့္ၾကက္ေပ်ာက္ငွက္ေပ်ာက္ျဖစ္သြားသည္

"အသင္တို႔ႏွစ္ဦးအဘယ္အေရးေၾကာင့္ေရာက္လာၾကသလဲ"

"မွန္ပါ႔ဘုရား ဘုရားဂူရြာမွာရွိေနတဲ့မင္သားဝဏၰကို
နန္းေတာ္မွာအေရးႀကဳံေနလို႔အျမန္ျပန္လာဖို႔အမိန္႔ေပးလိုက္ေၾကာင္းသြားေလွ်ာက္ေခ်ဟုအရွင္မင္းႀကီးကႏႈတ္မိန္႔ပါးလိုက္ပါတယ္ဘုရား.......ကြၽန္ေတာ္မ်ိဳးတို႔အရွင့္သားကိုႏႈတ္မိန္႔နဲ႔အတူလာေရာက္ေခၚေဆာင္တာပါ....."

ဝဏၰစိတ္ထဲမတင္မက်ျဖစ္သြားသည္
ဖခမည္းေတာ္ကသူ့ကိုဘာအေရးေၾကာင့္ အျမန္ျပန္ေခၚခ်င္ရတာလဲ...

"နန္းေတာ္မွာဘာအေရးႀကဳံေနသလဲ ေမာင္မင္းတို႔သိစ...."

"ကြၽန္ေတာ္မ်ိဳးတို႔မသိပါဘုရား...."

ဝဏၰသက္ျပင္ဖြဖြခ်႐ုံသာတတ္ႏိုင္ေတာ့သည္
သူအေၾကာင္းေတြကို တစ္စုံတစ္ေယာက္မ်ားခမည္းေတာ္ထံေလွ်ာက္တင္လိုက္ေလသလား....

__________________

အသခၤရာႏွစ္ဦးသားေတြ႕ေနက်ခေရပင္ႀကီးေအာက္မွာဘဲ လမင္းကိုေမွ်ာ္ေငးကာ
ဝဏၰအားေစာင့္ေနသည္

"အသခၤရာ....."

ေဟာ...သူေစာင့္ေနသူေရာက္လာၿပီ။

"အသင္ေရာက္လာၿပီေပါ႔ ...."
အသခၤရာအၿပဳံးခ်ိဳျမျမႏွင့္စီးႀကိဳလိုက္သည္

"ကြၽႏ္ုပ္အသင့္ကိုဒါေပးမယ္...."

ဝဏၰ သူယူေဆာင္လာသည့္ ေက်ာက္မ်က္ရတနာစီခ်ယ္ထားေသာ
လက္ဆြဲေတာ္ဓါးအားအသခၤရာလက္ထဲထည့္ေပးလိုက္သည္

"ထပ္ၿပီးလက္ေဆာင္ေပးတာလား"

"ဒီတစ္ခါကလက္ေဆာင္ေပးတာမဟုတ္ဘူး ဘဝတစ္ခုလုံးကိုအသင့္ထံအပ္ႏွံလိုက္တာ ...."

"........"

"ဒီဓါးကကြၽႏ္ုပ္ရဲ႕ရာထူးကိုကိုယ္စားျပဳတယ္ အခုအသင့္ကိုဒီဓါးေပးတာကကြၽႏ္ုပ္ဟာအသင္ႏွင့္သာသက္ဆိုင္ေၾကာင္းေဖာ္ျပတာ..."

ထိုစကားကိုၾကားရတာဝမ္းသာစရာဆိုေပမဲ့
ခြဲခြာရေတာ့မယ္ဟုခံစားခ်က္မ်ိဳးသာသူရေနသည္
ဒါေၾကာင့္မေနႏိုင္ဘဲထုတ္ေမးလိုက္တယ္

"အသင္နဲ႔ကြၽႏ္ုပ္ခြဲခြာရေတာ့မယ္ဆိုတဲ့ခံစားခ်က္မ်ိဳးဘာေၾကာင့္ရေနရတာလဲ...."

"အသခၤရာ....."
ဝဏၰ ခ်စ္ရသူကိုရင္ခြင္ထဲဆြဲသြင္းၿပီး
ဝမ္းနည္းစို႔နင့္ေနေသာအသံျဖင့္ႏႈတ္ဆက္စကားဆိုရသည္
ခ်စ္ခြင့္ရတာျဖင့္မၾကာေသးဘူး
ႏႈတ္ဆက္စကားဆိုရေတာ့မည့္သူ့ရင္ထဲကဝမ္းနည္းနာက်င္မႈကိုအဘယ္သူသိႏိုင္ပါမည္နည္း.....

"ဘာေျပာမလို႔လဲ..."

"ကြၽႏ္ုပ္ ၿမိဳ႕ေတာ္ကိုျပန္ရေတာ့မယ္ နန္းၿမိဳ႕ေတာ္ကိုအသင္လိုက္ခဲ့ပါလား...."

" ကြၽႏ္ုပ္မွာတာဝန္ဝတၱရားေတြရွိတယ္ဒီေနရာကတစ္ဖဝါးမွခြာလို႔မျဖစ္ဘူးအဲ့ဒီအစားအသင္မျပန္လို႔မရဘူးလား"

"ကြၽႏ္ုပ္မွာလည္းမျပန္မျဖစ္တဲ့အေၾကာင္းကိစၥရွိလို႔ပါ"

အသခၤရာမ်က္ဝန္းတို႔ကဝမ္းနည္းရိပ္ေတြယွက္သန္းလာသည္
သူဝဏၰကိုမျပန္ေစခ်င္ဘူး သို႔ေသာ္သူ့မွာတားႏိုင္စြမ္းလဲမရွိျပန္ဘူး
ဧည့္သည္ဆိုတာအခ်ိန္တန္အိမ္ျပန္ရ႐ိုးထုံးစံသာရွိတယ္မဟုတ္လား....

"ေကာင္းပါၿပီ အသင္ကဒီကိုလာတဲ့ဧည့္သည္ဘဲ အခ်ိန္တန္ေတာ့အိမ္ျပန္ရမွာေပါ႔"

ဝဏၰရင္ခြင္ထဲကအမ်ိဳးသားေလးဝမ္းနည္းေနတာသိသည့္အတြက္
ေခါင္းေမာ့ေစၿပီးႏွာဖူးထက္တယုတယအနမ္းေႁခြသည္
ၿပီးမွ....

"အသခၤရာ..... ကြၽႏ္ုပ္ကိုေစာင့္ေနပါ ဘာအေရးဘဲႀကဳံလာပါေစအသင့္ဆီအေရာက္ျပန္လာမယ္"

"ကြၽႏ္ုပ္ေစာင့္ေနပါ႔မယ္"
ထို႔ေနာက္ႏွစ္ဦးသားဟာခြဲခြာရေတာ့မွာမို႔
အလြမ္းေျပတစ္ဦးႏွင့္တစ္ဦးခပ္တင္းတင္းဖက္ထားလိုက္ၾကသည္
ခ်စ္ျခင္းေတြမွန္ကန္တာမို႔အခ်ိန္အၾကာႀကီးခြဲမေနရပါေစနဲ႔....

မနက္ေရာက္သည့္အခါဝဏၰနန္းၿမိဳ႕ေတာ္ကိုျပန္ရေတာ့မည္

ေသခ်ာျပင္ဆင္ၿပီးေနာက္ ျမင္းျဖဴႀကီးအား စီးကာစတင္ထြက္ခြာသည္
သူတို႔ႏွစ္ဦးခ်ိန္းေတြ႕ေနၾကခေရပင္ႀကီးနားအေရာက္
အသခၤရာမ်ားထြက္ေတြ႕ေလဦးမလားဟူသည့္အေတြးျဖင့္
ျမင္းကိုေႏွးႏိုင္သမွ်ေႏွးၿပီးသြားေနမိတယ္
သို႔ေသာ္ အသခၤရာ၏အရိပ္ကိုေတာင္မျမင္ရဘူး....

"ကြၽႏ္ုပ္ကိုေစာင့္ေနပါ....အသင့္ဆီအေရာက္ျပန္လာခဲ့ပါ႔မယ္......"
ထို႔ေနာက္ျမင္းကိုဒုန္းဆိုင္းစီးႏွင္ကာထြက္သြားေလေတာ့သည္

အမွန္ေတာ့ဝဏၰအားအသခၤရာမျမင္ကြယ္ရာမွေခ်ာင္းၾကည့္ေနတာပါ
သူသာထြက္ေတြ႕မိလိုက္ရင္ မျပန္ႏိုင္ေအာင္ဆြဲထားမိမွာဆိုးတာေၾကာင့္ခိုးေၾကာင္ခိုးဝွက္သာၾကည့္ေနရတာ

"အသင္ျပန္လာပါ႔မယ္ဆိုတဲ့စကားကိုကြၽႏ္ုပ္ယုံၾကည္ပါရေစ....."

#စာလုံးေပါင္းျပန္မစစ္ထားမိပါ




Continue Reading

You'll Also Like

419K 12.6K 37
The Sokolov brothers are everything most girls want. Intimidating, tall, broody, they are everything to lust after. Not that they... particularly car...
1.5M 132K 45
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
279K 32.1K 81
#Book-2 of Hidden Marriage Series. 🔥❤️ This book is the continuation/sequel of the first book "Hidden Marriage - Amazing Husband." If you guys have...
924K 55.1K 49
𝐈𝐧 𝐭𝐡𝐞 𝐓𝐚𝐧𝐠𝐥𝐞𝐝 𝐰𝐞𝐛𝐬 𝐨𝐟 𝐇𝐞𝐚𝐫𝐭𝐬, 𝐚𝐧𝐝 𝐩𝐮𝐫𝐬𝐮𝐢𝐭 𝐨𝐟 𝐓𝐫𝐮𝐭𝐡𝐬, 𝐋𝐨𝐯𝐞 𝐰𝐞𝐚𝐯𝐞𝐬 𝐢𝐭𝐬 𝐦𝐞𝐬𝐦𝐞𝐫𝐢𝐳𝐢𝐧𝐠 �...