သီတာဒေဝီဒေါသကြောင့်ဆုပ်ထားသောလက်သီးများတစ်ဆတ်ဆတ်တုန်ယင်နေသည်။သူမ,နံနက်စာထမင်းဝိုင်းမှာအသံမာ,မိတာကြောင့်အပြစ်ပေးခံနေရပြီးယခုချိန်ထိဖခမည်းတော်နှင့်နံနက်စာသုံးဆောင်ခွင့်မရသေးချေ။သူမ,မယ်တော်ကလောလောဆည်ငြိမ်ငြိမ်နေပြီးမင်းကြီးကိုအပြစ်မပြုမိအောင်နေဖို့ပြောထားတာကြောင့်သူမဘာမှလှုပ်ရှား၍မရ။
'ဒီကောင်ကဘယ်အချိန်ကလက်ရေးလှပညာကိုသင်လိုက်တာလဲ'
"အား!!!"
သူမဒေါသထွက်စွာဖြင့်ရှေ့ကကုန်းကုန်းရဲ့ပါးကိုရိုက်ပြစ်လိုက်သည်။
"မင်းသမီးလေး!!"
"စောက်ဖြစ်မရှိတဲ့ကောင်မင်းယူလာပေးတဲ့အချက်အလက်တွေထဲမှာသူလက်ရေးလှ,ရေးတတ်တယ်ဆိုတာဘာလို့ပါမလာရတာလဲငါကဘာလို့သူ့လိုမျိုးမစစ်ကောင်ကိုရှုံးနိမ့်ရမှာလဲ။
"တောင်းပန်ပါတယ်မင်းသမီးလေးကျွန်တော်မျိုးသေသင့်ပါတယ်"
"ဟုတ်တာပေါ့မင်းကသေသင့်တယ်ဒါပေမယ့်အခုတော့မဟုတ်သေးဘူးမင့်ကိုအများကြီးအသုံးချရအုန်းမှာ"
ဒူးထောက်ပြီးကြမ်းပြင်နှင့်နဖူးထိကပ်ထားတဲ့ကုန်းကုန်းမှာကြောက်ရွံ့မှုကြောင့်တုန်ယင်နေသည်။မင်းသမီးထံခ,စားဖို့ဆင့်စာရောက်လာတုန်းကသူအရမ်းပျော်ရွှင်ခဲ့ရပေမယ့်အတူနေတာကြာလာသည်နှင့်အမျှသူမက,အလွန်ကြောက်စရာကောင်းမှန်းသိလာရပြီးသူပြေးထွက်ချင်ပေမယ့်မလွှတ်မြှောက်နိုင်တော့။သူတစ်ချိန်ကလှောင်ပြောင်ခဲ့ဖူးတဲ့လူတွေကိုအခုချိန်မှာအရမ်းအားကျနေမိပြီ။
မနက်ခင်းမှာလူငယ်လေးတွေစုပြီးလက်ဖက်ရည်သောက်နေကျသည်။ခါတိုင်းဆိုဒီလိုအချိန်မျိုးအိမ်ရှေ့စံပေါ်မလာတတ်ပေမယ့်ခုတော့အပန်းဖြေနေရာကိုအရင်ဆုံးရောက်နေသည်။
မော်ဒန်ခေတ်မှာလူငယ်တွေကလက်ဖက်ရည်မသောက်ကျတော့။ထိုလူငယ်တွေထဲပန်ဒိုရာလည်းအပါအဝင်ဖြစ်သည်။လူငယ်သူငယ်ချင်းတစ်စုကနားရက်ဖြစ်တာကြောင့်သိုင်းပညာ၊စာပေပညာနှင့်နိုင်ငံရေးအကြောင်းတွေကိုလက်ဖက်ရည်သောက်ရင်းဖလှယ်တတ်ကြသည်ဟုဆိုလာတာကြောင့်လုပ်စရာမရှိသည့်အတူတူပန်ဒိုရာထွက်လာခဲ့ခြင်းဖြစ်သည်။စစ်တပ်ကိုခြယ်လှယ်နိုင်ဖို့အရန်ဇာတ်ကောင်လေးယောက်ကိုသုတ်သင်နိုင်ရန်အားနည်းချက်တွေကိုသူရှာတွေ့မှဖြစ်မည်။
စောစောထွက်လာမှုကြောင့်ထိုနေရာသို့ပန်ဒိုရာအရင်ဆုံးကြိုရောက်နေပြီးလက်ဖက်ရည်ကိုသူမြည်းကြည့်လိုက်စဥ်မှာပင်အရမ်းသဘောကျသွားခဲ့သည်။လေးလေးနက်နက်အရသာနှင့်မွေးပျံ့လွန်းသည့်ရနံ့ကြောင့်တစ်ခွက်ပြီးတစ်ခွက်ဆက်တိုက်သောက်နေမိတော့သည်။လူငယ်လေးတွေဆွေးနွေးနေသည့်အကြောင်းအရာနှင့်ပတ်သက်ပြီးသူဘာမှဝင်မပြောပဲနာထောင်သူသာလုပ်နေလိုက်သည်။
သူတို့နဲ့အနီးအနားမှာကုန်းကုန်းနှင့်အပျိုတော်များကအော်ဟစ်နေကြတာကြောင့်အားလုံးကလှည့်ကြည့်လိုက်တော့ပန်ဒိုရာရဲ့ကုန်းကုန်းကလက်ထဲကလိမ္မော်သီးကိုမြှောက်လိုက်ချလိုက်လုပ်နေပြီးတစ်ခြားလူတွေရဲ့အစေခံတွေကအားကျမနာလိုစွာအော်ဟစ်နေကြသည်။သီတာဒေဝီမျက်မှောင်ကျုံ့လိုက်ပြီး
"မောင်ငယ်လေးမြင့်မြတ်တဲ့လူတွေသာသုံးဆောင်ခွင့်ရှိတဲ့အဖိုးတန်သစ်သီးကဘယ်လိုလုပ်နိမ့်ကျတဲ့ကုန်းကုန်းတစ်ယောက်ရဲ့လက်ထဲရောက်နေရတာလဲ"
ပန်ဒိုရာမျက်မှောင်ကျုံ့လိုက်မိသည်။
'လိမ္မော်သီးကဘာများမြင့်မြတ်နေလို့လဲပိုက်ဆံရှိရင်ကလေးအစခွေးအဆုံးဝယ်စားလို့ရနေတာကို'
ပန်ဒိုရာအမတော်ဘက်ပြုံးပြလိုက်ပြီး
"အမတော်လိမ္မော်သီးကလူတွေထက်အဖိုးမတန်ပါဘူး"
"ကုန်းကုန်းတစ်ယောက်ကလိမ္မော်သီးစားဖို့ထိုက်တန်တယ်လို့ပြောနေတာလား"
"မဟုတ်ဘူး..ကုန်းကုန်းနဲ့ပဲထိုက်တန်တာမဟုတ်ဘူးလူတိုင်းနဲ့ထိုက်တန်ပါတယ်ခမည်းတော်ဆီကလက်ဆောင်ရတဲ့လိမ္မော်သီးတွေကိုကုန်းကုန်းနဲ့အပျိုတော်တွေကိုပေးဝေတာတောင်မကုန်နိုင်သေးလို့စာပို့ငှက်လေးတွေကိုတောင်ကျွေးလိုက်ပါသေးတယ်"
"ဘာ..မောင်ငယ်တော်ကတော်တော်ထူးဆန်းတာပဲ!"
"ဟက်!...ကောလဟာလတွေကတကယ်မယုံရဘူးပဲ"
ရုတ်တရက်ကြီးသူ့ဘက်ကဝင်ပြောပေးလာတဲ့အရှေ့အရပ်စစ်သူကြီးရဲ့သားနေသွေးအဂ္ဂကြောင့်ပန်ဒိုရာမျက်လုံးပင့်ကြည့်မိလိုက်သည်။နာမည်တွေထည့်မပြောပေမယ့်သိသာနေတာကို။
အခြားအရန်ဇာတ်ကောင်လေးတွေကလည်းခေါင်းတစ်ငြိမ့်ငြိမ့်ဖြစ်နေပြီးသတိုးကျော်စွာကတော့သူရဲ့ချစ်သူကိုစိတ်ပျက်စွာကြည့်နေတော့သည်။သီတာဒေဝီမှာသူမအရမ်းလွန်သွားကြောင်းသတိထားမိသွားပြီးလက်သီးဆုတ်ကာဒီနေ့တော့တိတ်တိတ်လေးနေလိုက်ဖို့ဆုံးဖြတ်လိုက်သည်။
ရုတ်တရက်ကြီးကာကွယ်ပေးခံလိုက်ရတဲ့ပန်ဒိုရာမှာရှက်ရမ်း,ရမ်းကာလက်ဖက်ရည်ကိုတစ်ဖူးဖူးမှုတ်နေလိုက်သည်။အုပ်မှိုင်းမှိုင်းဆံပင်တွေကပင့်တင်ခံထားရတာကြောင့်နူးညံ့လှပတဲ့မျက်နှာလေးကထင်းထွက်နေပြီးနီရဲနေတဲ့နုတ်ခမ်းသေးသေးလေးတွေကရှေ့ကိုထော်ထွက်နေပြီးလေတွေကိုမှုတ်ထုတ်နေတာကြောင့်အမျိုးသားငါးယောက်မှာတံတွေးမျိုချမိလိုက်သည်။
နေသွေးအဂ္ဂက,ကျီစယ်သလိုပြုံးပြလာကာ
"ရေနွေးကအေးနေပြီလေအရှင့်သား"
"အမ်!အေးနေပြီပဲ"
ပန်ဒိုရာမှာအရှက်လွန်ပြီးရေနွေးခွက်ကိုမော့သောက်လိုက်တော့
"အဟွတ်!!အဟွတ်"
"အရှင့်သားသတိထားမှပေါ့"
နေသွေးအဂ္ဂရဲ့နွေးထွေးကြီးမားတဲ့လက်ဖဝါးကပန်ဒိုရာရဲ့ကျောပြင်ကိုအထက်အောက်ပွတ်သပ်ပေးလာသည်။
'gayတစ်ယောက်ကိုလက်လွှတ်စပယ်ထိလို့မရဘူးငတုံးကောင်ရဲ့'
ပန်ဒိုရာတိတ်တိတ်လေးငိုကြွေးမိလိုက်တော့သည်။
ညနေခင်း,အေးချမ်းတဲ့အချိန်လေးမှာစကားများတဲ့ကုန်းကုန်းတစ်ယောက်ပိုင်ဆိုင်ထားတဲ့ပန်ဒိုရာကအေးအေးချမ်းချမ်းနေခွင့်မရ။
"အရှင့်သားဒီနေ့ကျွန်တော်မျိုးအရမ်းပျော်နေပါတယ်ဘာကြောင့်လဲသိပါသလား"
"ဘာကြောင့်လဲ"
"ဒီကုန်းကုန်းကလိမ္မော်သီးရတဲ့အကြောင်းသိတော့တစ်ခြားလူတွေကမနာလိုဖြစ်နေကျပါတယ်သူတို့ကအနံ့လေးပေးရူဖို့ပြောပေမယ့်ကျွန်တော်မျိုးကလုံးဝပေးမရူခဲ့ပါဘူး"
"ကုန်းကုန်းကအကျင့်မကောင်းဘူးပဲ"
"သူတို့ကကောင်းဖို့မထိုက်တန်ပါဘူးအရှင့်သား"
"အင်း..ဒီမင်းသားသိပါပြီ"
ပန်ဒိုရာပန်ကန်ထဲကလိမ္မော်သီးကိုနှိက်ယူလိုက်ပြီးအခွံခွာလိုက်ကာကုံးကုံးရဲ့ပါးစပ်ထဲထည့်ပေးလိုက်သည်။
"ချိုလား"
"ဒီကုန်းကုန်းစားဖူးသမျှလိမ္မော်သီးတွေထဲအချိုဆုံးပါပဲ"
"ကုန်းကုန်းအရင်ကတည်းကလိမ္မော်သီးစားဖူးတာလား"
"အမ်!အဲ့တာ..အဲ့တာကဒီတိုင်းပြောလိုက်တာပါ"
"ဟုတ်ပြီရှေ့လျှောက်ဒီမင်းသားရသမျှကုန်းကုန်းကိုမျှဝေပေးမှာကြောင့်အများကြီးပျော်ဖို့ပြင်ဆင်ထားပါ"
"အရှင့်သား!"
ကုန်းကုန်းမျက်လုံးများမှာမျက်ရည်များဝဲလာပြီးကုတင်အောက်ကျနေတဲ့ပန်ဒိုရာရဲ့ခြေထောက်တွေကိုထွေးဖက်ထားတော့သည်။မငြင်းနိုင်မယ့်အတူတူပန်ဒိုရာငြိမ်နေလိုက်တော့သည်။
"အရှင့်သားကိုပြုစုခွင့်ရတာကံကောင်းလိုက်တာ"
"ကုန်းကုန်းကလည်းဒီမင်းသားရဲ့ကံကောင်းမှုလေးပါပဲ"
အခန်းထဲကလေထုကအရမ်းနွေးထွေးနေချိန်မှာတံခါးခေါက်သံကနှောက်ယှက်လာသည်။
"အရှင့်သား...မြှောက်အရပ်စစ်သူကြီးလျောင်းလျာမင်းစေမဟာကတွေ့ခွင့်တောင်းနေပါတယ်"
"ဘာဖြစ်တာ!!"
ပန်ဒိုရာကြောင်အနေတုန်းမှာကုန်းကုန်းမျက်ရည်တွေအမြန်သုတ်လိုက်ပြီး
"အရှင့်သားဝင်ခွင့်ပြုလိုက်ပြီးရင်းနှီးမှုရယူလိုက်ပါအရှင့်သားထီးနန်းဆက်ခံရင်အင်အားတောင့်တင်းဖို့လိုပါတယ်"
'နေပါအုန်းအရံဇာတ်ကောင်တွေကဘာဖြစ်ချင်နေကြတာလဲ'
"ဝင်ခွင့်ပြုလိုက်"
တောင့်တင်းကျန်းမာလှသည့်အမျိုးသားကပန်ဒိုရာအခန်းထဲတစ်လှမ်းခြင်းလှမ်းကာဝင်လာခဲ့သည်။
"ဒီနေ့ဖခမည်းတော်မြှောက်အရပ်ကနေလက်ဖက်ခြောက်တွေပို့ပေးလိုက်လို့အရှင့်သားဆီတစ်ချို့တစ်ဝက်လာပို့ပေးတာပါ"
"ဘာလို့!"
"မနက်ခင်းကအရှင့်သားလက်ဖက်ရည်အရမ်းကြိုက်မှန်းသတိထားမိလိုက်လို့ပါ"
ကုန်းကုန်းကလက်ဖက်ခြောက်များကိုလက်ခံယူလိုက်ပြီး
"မွှေးလိုက်တာမြှောက်ပိုင်းလက်ဖက်ခြောက်တွေကအရမ်းတန်ဖိုးကြီးတာအရှင့်သားကိုယ်စားဒီကုန်းကုန်းကကျေးဇူးတင်ပါတယ်"
"ကျေးဇူးတင်ဖို့မလိုပါဘူးအရှင့်သားကလက်ဖက်ရည်နဲ့သိပ်လိုက်ဖက်တာကြောင့်သတိရမိသွားတာပါ"
'ဒါကြီးကပရောပရည်လုပ်နေတာနဲ့တူမနေဘူးလား'
ကုန်းကုန်းကသူငယ်ချင်းတွေလွတ်လွတ်လပ်လပ်စကားပြောနိုင်ဖို့ထွက်သွားပေးတာကြောင့်ပန်ဒိုရာနှင့်မင်းစေမဟာသာကျန်ခဲ့တော့သည်။
ပန်ဒိုရာထင်လိုက်တာက,စကားနည်းနည်းပြောပြီးပြန်မှာလို့။သို့သော်မင်းစေမဟာက,မိုးမှောင်လာသည်အထိမပြန်ပဲစကားတွေဆက်တိုက်ပြောနေခဲ့သည်။ပန်ဒိုရာကစိတ်မရှည်တော့ကြောင်းပြသဖို့အွန်း၊အဲသာလုပ်နေပေမယ့်မင်းစေမဟာကအရည်ထူလွန်းကာစကားတွေတောက်လျှောက်ပြောနေသည့်အပြင်မိုးမှောင်လာသည့်အချိန်မှာတောင်,လအတူတူကြည့်ဖို့ပြောခဲ့တာကြောင့်ပန်ဒိုရာသည်းမခံနိုင်စွာမောင်းထုတ်ပြစ်လိုက်တော့သည်။ထိုအခါမှထိုလူကပြုံးပြလာကာ'နောက်နေ့တွေလည်းအခွင့်ရေးရရင်လာမည်ဖြစ်ကြောင်း'ပင်ပြောသွားခဲ့သေးသည်။
အေးစက်စက်နဲ့စကားတစ်ခွန်းပြောဖို့တောင်စိတ်မရှည်ဘူးဆိုတဲ့လူကဘာဖြစ်သွားတာလဲ။
______________________________________
614❤️
______________________________________