မြွေဖြူအရှင်
အပိုင်း၁၃
သူကြီးစံဖဲညို ၏စကားကြောင့် ဝဏ္ဏစိတ်ထဲမတင်မကျဖြစ်နေသည်
အသင်္ခရာအမည်ရှိတဲ့ရွာသားဘုရားဂူမှာမရှိဘူး
ပြီးတော့အသင်္ခရာကလူစင်စစ်မဟုတ်ပဲမြွေတစ်ကောင်တဲ့
ဒီစကားကယုတ္တိမတန်ဘူးဆိုပေမဲ့ သူ့စိတ်ကိုထွေပြားအောင်လုပ်နေဆဲဘဲ
"အသင်....."
အတွေးလွန်နေသည်ဖြစ်သဖြင့် ခြေသံမကြားဘဲရောက်လာတဲ့အသင်္ခရာကြောင့်
ဝဏ္ဏမှာအတော်လေးလန့်သွားရသည်
"ဘာတွေတွေးနေတာလဲ...."
"ဘာမှမဟုတ်ပါဘူး ကျွန်ုပ်အသင့်ကိုမေးစရာရှိတယ်အမှန်အတိုင်းဖြေမယ်မလား....."
"အင်း......"
"အသင်ကဘုရားဂူရွာသားမဟုတ်ဘူးမလား သူကြီးစံဖဲညိုက ရွာမှာအသင်္ခရာအမည်ရှိတဲ့သူမရှိဘူးလို့ပြောတယ်"
"ကျွန်ုပ်ကရွာထဲမှာမနေပေမဲ့ ဘုရားဂူရွာသားလို့ဆိုလို့ရပါတယ် ......"
"နောက်မေးခွန်းတစ်ခု......"
ဝဏ္ဏဒီမေးခွန်းကိုမေးသင့်မမေးသင့်တွေဝေနေသေးသည်
နောက်ဆုံးတော့စိတ်ဒုန်းဒုန်းချကာမေးပစ်လိုက်သည်
"အသင်ကလူသားစင်စစ်ဟုတ်သလား....."
မထင်မှတ်ထားတဲ့မေးခွန်းမို့ အသင်္ခရာအလွန်အံ့အားသင့်ခဲ့ရသည်
သူဘယ်လိုဖြေသင့်လဲ အမှန်တိုင်းဖြေလိုက်ရင်ရော အရင်လိုစကားတွေလာပြောပါတော့မလား....
ဝဏ္ဏ အသင်္ခရာရဲ့ပုံကိုကြည့်တာနဲ့အဖြေကိုခန့်မှန်းမိနေပြီဖြစ်သည်
သို့သော်အသင်္ခရာပါးစပ်က ပြောမဲ့အမှန်တရားကိုကြာချင်သေးတယ်
"အသင်....ကျွန်ုပ်ကိုမလိမ်ဖို့မျှော်လင့်တယ်"
ဒီလူကမိမိအပေါ်စိတ်ရင်းနဲ့ဆက်ဆံပေးခဲ့ကြောင့်
လိမ်ရန်မသင့်ဟုတွေးကာအသင်္ခရာအမှန်အတိုင်းပြောပြဖို့ဆုံးဖြတ်လိုက်သည်
"ကျွန်ုပ်ကလူသားတစ်ယောက်မဟုတ်ဘူးဆိုတာအမှန်ပါဘဲ...."
"အသင်ကမြွေတစ်ကောင်ဆိုတာကရောအမှန်ဘဲလား....."
အသင်္ခရာခေါင်းသာငြိမ့်ပြလိုက်တော့သည်
"အသင်ဘာလို့ကျွန်ုပ်ကိုမပြောပြရတာလဲ!"
"အသင်မှမမေးတာ...."
ဒီလိုဆိုတော့လည်းဟုတ်ပေသည်
သူတစ်ခါမှအသင်္ခရာရဲ့ ဘဝအစစ်အမှန်ကိုသိလိုစိတ်မရှိခဲ့ဖူးသလို
မေးလည်းမမေးခဲ့ဘူး
"ကျွန်ုပ်ရဲ့ဘဝအမှန်ကိုသိရပြီဆိုတော့အရင်လို ရင်းနှီးချင်သေးသလား...."
"ကျွန်ုပ်....."
အဖြေစကားထွက်ဖို့တွန့်တိုနေသည့်ဝဏ္ဏကြောင့်
အသင်္ခရာခပ်ယဲ့ယဲ့ပြုံးလိုက်သည်
သူဟာရိုင်းစိုင်းပြီးလူတွေကိုအန္တရာယ်ပြုနိုင်သည့်အဆိပ်ရှိသောသားရဲကောင်လေ
ဘယ်လူသားကမှရင်းနှီးကျွမ်းဝင်ချင်ပါ့မလဲ...
အသင်္ခရာအပိုအလိုစကားမဆိုတော့ဘဲချာကနဲလှည့်ထက်လိုက်တော့သည်
နှုတ်ဆက်ပါဝဏ္ဏ.....
မိမိအားကျောခိုင်းကာထွက်သွားသည့်သူအားမြင်ရတော့
သူ့နှလုံးသားအားတစ်စုံတစ်ယောက်ကခပ်တင်းတင်းဆွဲညှစ်နေသလိုနာကျင်ရသည်
သူလက်မလွှတ်နိုင်တော့ဘူး အသင်္ခရာကိုလက်လွှတ်ဖို့မဖြစ်နိုင်တော့ဘူး
"အသင်္ခရာ...."
ဝဏ္ဏ အသင်္ခရာနောက်အပြေးလိုက်သွားကာ
ဝမ်းနည်းနေသည့်ပုံရိပ်လေးအားရင်ခွင်ထဲအတင်းဆွဲထည့်လိုက်သည်
"လက်ခံတယ်..အသင်ဘယ်လိုမျိုးဘဲဖြစ်ဖြစ်လက်ခံနိုင်တယ်
ကျွန်ုပ်အသင့်ကိုချစ်တယ် အသင်္ခရာ...."
"ဟမ်....."
" အသင်ရောကျွန်ုပ်ကိုချစ်လား"
ဝဏ္ဏကသူ့ကိုအချစ်ဆိုတာဘာလဲသေချာရှင်းပြထားသည်
အချစ်ဆိုတာသူပျော်ရင်ကိုယ်လည်းပျော်တယ်
သူဝမ်းနည်းရင်ကိုယ်လည်းဝမ်းနည်းတယ်
သူ့ကိုနေ့တိုင်းတွေ့ချင်တယ် သူအနားအမြဲရှိချင်တယ်
အေးအတူပူအမျှ အကောင်းအဆိုးအတူတူမျှဝေချင်တာတဲ့
အသင်္ခရာ သူစိတ်သူပြန်ဆန်းစစ်ကြည့်လိုက်သည်
သူဝဏ္ဏအပေါ်ဒီအချက်တွေနဲ့ညီတဲ့စိတ်ခံစားချက်တွေရှိနေလား
သေချာတာပေါ့ သူဝဏ္ဏအပေါ်ဒီအချက်တွေနဲ့ညီတဲ့စိတ်ခံစားချက်တွေရှိတယ်
ဒါကြောင့်အချိန်မဆွဲဘဲသူလည်းချစ်နေတဲ့အကြောင်းဝန်ခံလိုက်သည်
မိမိလိုချင်တဲ့အဖြေရသွားတာကြောင့် ဝဏ္ဏမျက်နှာမှာခပ်ပြုံးပြုံး
"အသင်္ခရာ..."
"ဟင်..."
"ကျွန်ုပ်တို့သစ္စာဆိုကြရအောင်..."
"သစ္စာဆိုမယ်ဟုတ်လား"
"ဟုတ်တယ်ဘဝအဆက်ဆက်ကျွန်ုပ်တို့ချစ်ခွင့်ရအောင်သစ္စာဆိုကြမယ်..."
"ကောင်းပြီ"
အဲ့ဒီနောက်မှာတော့ အသင်္ခရာတို့ဘုရားဂူထဲသို့ဝင်ကာ
ဗုဒ္ဓရုပ်ပွားတော်ခုနှစ်ဆူအားဦးတိုက်ကန်တော့သည်
ပြီးမှ.....
"ဘုရားတပည့်တော်ဝဏ္ဏကျော်ထင်နှင့် ဘုရားတပည့်တော်အသင်္ခရာတို့၏
ချစ်ခြင်းမေတ္တာသည် မှန်ကန်ပါက တစ်ဦးနှင့်တစ်ဦးဘဝဆက်တိုင်းချစ်ခင်စုံမက်ခွင့်ရပါစေသား...." ဟုသစ္စာဆိုကာ
သုံးကြိမ်ထပ်၍ဦးတိုက်ကန်တော့လိုက်ကြသည်
ထို့နောက်ပြုံး၍ တစ်ဦးနှင့်တစ်ဦးချစ်မဝစွာကြည့်လိုက်တော့သည်
ထိုအဖြစ်အပျက်အားအစအဆုံးမြင်နေရသည့်
သိင်္ခနဲ့လင်္ကာတို့မှာငြင်းခုန်နေရတော့သည်
"အရှင်ဘာကြောင့်ဘဝအမှန်ကိုဒီလူကိုပေးသိလိုက်ရတာလဲ
ဒီလူသာအရှင့်ကိုအသုံးချပြီးသိုက်တူးရင်ဘယ်လိုလုပ်မလဲ"
"သိင်္ခမင်းစိုးရိမ်လွန်နေပြီ ဒီလူသားကအရှင့်ကိုထိခိုက်လိမ့်မယ်လို့ကျွန်ုပ်တော့မထင်ဘူး"
"အသင်ကလူတွေကြောင်းဘယ်လောက်သိလို့လဲ!"
"အသင်ကရောလူတွေအကြောင်းသိလို့လား "
သိင်္ခပြောစရာစကားတို့မဲ့သွားသည်
သူလူတွေအကြောင်းသေချာမသိရင်အောင် ဒီလူကြောင့်အရှင့်ထိခိုက်လိမ့်မည်ဟု ခံစားနေရတယ်
ဝဏ္ဏတို့အဖြစ်အပျက်ကိုစောင့်ကြည့်နေတာ သိင်္ခတို့အပြင်
သူကြီးစံဖဲညိုလည်းပါသေးသည်
စံဖဲညို အရှင်မင်းသားကဒီမြွေ အပေါ်အလွန်ရူးသွပ်နေပြီ
ဒါကြောင့်သူဘာပြောပြောနားမဝင်နိုင်တော့ဘူး
မင်းတရားထံအသိပေးလိုက်မှဘဲရတော့မည် ဟုစိတ်ဆုံးဖြတ်ရင်း......။
#ဒီအတိတ်ဘဝမှာအသင်္ခရာကအူတူတူအအတတလို့ခံစားမိနိုင်ပါတယ်ဘာလို့ဆိုတော့သူကလူတွေအကြောင်းသိပ်မသိလို့လေ
စာပြန်မစစ်ထားပါ
Zawgi
ေႁမြျဖဴအရွင္
အပိုင္း၁၃
သူႀကီးစံဖဲညိဳ ၏စကားေၾကာင့္ ဝဏၰစိတ္ထဲမတင္မက်ျဖစ္ေနသည္
အသခၤရာအမည္ရွိတဲ့ရြာသားဘုရားဂူမွာမရွိဘူး
ၿပီးေတာ့အသခၤရာကလူစင္စစ္မဟုတ္ပဲေႁမြတစ္ေကာင္တဲ့
ဒီစကားကယုတၱိမတန္ဘူးဆိုေပမဲ့ သူ့စိတ္ကိုေထြျပားေအာင္လုပ္ေနဆဲဘဲ
"အသင္....."
အေတြးလြန္ေနသည္ျဖစ္သျဖင့္ ေျခသံမၾကားဘဲေရာက္လာတဲ့အသခၤရာေၾကာင့္
ဝဏၰမွာအေတာ္ေလးလန္႔သြားရသည္
"ဘာေတြေတြးေနတာလဲ...."
"ဘာမွမဟုတ္ပါဘူး ကြၽႏ္ုပ္အသင့္ကိုေမးစရာရွိတယ္အမွန္အတိုင္းေျဖမယ္မလား....."
"အင္း......"
"အသင္ကဘုရားဂူရြာသားမဟုတ္ဘူးမလား သူႀကီးစံဖဲညိဳက ရြာမွာအသခၤရာအမည္ရွိတဲ့သူမရွိဘူးလို႔ေျပာတယ္"
"ကြၽႏ္ုပ္ကရြာထဲမွာမေနေပမဲ့ ဘုရားဂူရြာသားလို႔ဆိုလို႔ရပါတယ္ ......"
"ေနာက္ေမးခြန္းတစ္ခု......"
ဝဏၰဒီေမးခြန္းကိုေမးသင့္မေမးသင့္ေတြေဝေနေသးသည္
ေနာက္ဆုံးေတာ့စိတ္ဒုန္းဒုန္းခ်ကာေမးပစ္လိုက္သည္
"အသင္ကလူသားစင္စစ္ဟုတ္သလား....."
မထင္မွတ္ထားတဲ့ေမးခြန္းမို႔ အသခၤရာအလြန္အံ့အားသင့္ခဲ့ရသည္
သူဘယ္လိုေျဖသင့္လဲ အမွန္တိုင္းေျဖလိုက္ရင္ေရာ အရင္လိုစကားေတြလာေျပာပါေတာ့မလား....
ဝဏၰ အသခၤရာရဲ႕ပုံကိုၾကည့္တာနဲ႔အေျဖကိုခန္႔မွန္းမိေနၿပီျဖစ္သည္
သို႔ေသာ္အသခၤရာပါးစပ္က ေျပာမဲ့အမွန္တရားကိုၾကာခ်င္ေသးတယ္
"အသင္....ကြၽႏ္ုပ္ကိုမလိမ္ဖို႔ေမွ်ာ္လင့္တယ္"
ဒီလူကမိမိအေပၚစိတ္ရင္းနဲ႔ဆက္ဆံေပးခဲ့ေၾကာင့္
လိမ္ရန္မသင့္ဟုေတြးကာအသခၤရာအမွန္အတိုင္းေျပာျပဖို႔ဆုံးျဖတ္လိုက္သည္
"ကြၽႏ္ုပ္ကလူသားတစ္ေယာက္မဟုတ္ဘူးဆိုတာအမွန္ပါဘဲ...."
"အသင္ကေႁမြတစ္ေကာင္ဆိုတာကေရာအမွန္ဘဲလား....."
အသခၤရာေခါင္းသာၿငိမ့္ျပလိုက္ေတာ့သည္
"အသင္ဘာလို႔ကြၽႏ္ုပ္ကိုမေျပာျပရတာလဲ!"
"အသင္မွမေမးတာ...."
ဒီလိုဆိုေတာ့လည္းဟုတ္ေပသည္
သူတစ္ခါမွအသခၤရာရဲ႕ ဘဝအစစ္အမွန္ကိုသိလိုစိတ္မရွိခဲ့ဖူးသလို
ေမးလည္းမေမးခဲ့ဘူး
"ကြၽႏ္ုပ္ရဲ႕ဘဝအမွန္ကိုသိရၿပီဆိုေတာ့အရင္လို ရင္းႏွီးခ်င္ေသးသလား...."
"ကြၽႏ္ုပ္....."
အေျဖစကားထြက္ဖို႔တြန္႔တိုေနသည့္ဝဏၰေၾကာင့္
အသခၤရာခပ္ယဲ့ယဲ့ၿပဳံးလိုက္သည္
သူဟာ႐ိုင္းစိုင္းၿပီးလူေတြကိုအႏၲရာယ္ျပဳႏိုင္သည့္အဆိပ္ရွိေသာသားရဲေကာင္ေလ
ဘယ္လူသားကမွရင္းႏွီးကြၽမ္းဝင္ခ်င္ပါ႔မလဲ...
အသခၤရာအပိုအလိုစကားမဆိုေတာ့ဘဲခ်ာကနဲလွည့္ထက္လိုက္ေတာ့သည္
ႏႈတ္ဆက္ပါဝဏၰ.....
မိမိအားေက်ာခိုင္းကာထြက္သြားသည့္သူအားျမင္ရေတာ့
သူ့ႏွလုံးသားအားတစ္စုံတစ္ေယာက္ကခပ္တင္းတင္းဆြဲညႇစ္ေနသလိုနာက်င္ရသည္
သူလက္မလႊတ္ႏိုင္ေတာ့ဘူး အသခၤရာကိုလက္လႊတ္ဖို႔မျဖစ္ႏိုင္ေတာ့ဘူး
"အသခၤရာ...."
ဝဏၰ အသခၤရာေနာက္အေျပးလိုက္သြားကာ
ဝမ္းနည္းေနသည့္ပုံရိပ္ေလးအားရင္ခြင္ထဲအတင္းဆြဲထည့္လိုက္သည္
"လက္ခံတယ္..အသင္ဘယ္လိုမ်ိဳးဘဲျဖစ္ျဖစ္လက္ခံႏိုင္တယ္
ကြၽႏ္ုပ္အသင့္ကိုခ်စ္တယ္ အသခၤရာ...."
"ဟမ္....."
" အသင္ေရာကြၽႏ္ုပ္ကိုခ်စ္လား"
ဝဏၰကသူ့ကိုအခ်စ္ဆိုတာဘာလဲေသခ်ာရွင္းျပထားသည္
အခ်စ္ဆိုတာသူေပ်ာ္ရင္ကိုယ္လည္းေပ်ာ္တယ္
သူဝမ္းနည္းရင္ကိုယ္လည္းဝမ္းနည္းတယ္
သူ့ကိုေန႔တိုင္းေတြ႕ခ်င္တယ္ သူအနားအၿမဲရွိခ်င္တယ္
ေအးအတူပူအမွ် အေကာင္းအဆိုးအတူတူမွ်ေဝခ်င္တာတဲ့
အသခၤရာ သူစိတ္သူျပန္ဆန္းစစ္ၾကည့္လိုက္သည္
သူဝဏၰအေပၚဒီအခ်က္ေတြနဲ႔ညီတဲ့စိတ္ခံစားခ်က္ေတြရွိေနလား
ေသခ်ာတာေပါ႔ သူဝဏၰအေပၚဒီအခ်က္ေတြနဲ႔ညီတဲ့စိတ္ခံစားခ်က္ေတြရွိတယ္
ဒါေၾကာင့္အခ်ိန္မဆြဲဘဲသူလည္းခ်စ္ေနတဲ့အေၾကာင္းဝန္ခံလိုက္သည္
မိမိလိုခ်င္တဲ့အေျဖရသြားတာေၾကာင့္ ဝဏၰမ်က္ႏွာမွာခပ္ၿပဳံးၿပဳံး
"အသခၤရာ..."
"ဟင္..."
"ကြၽႏ္ုပ္တို႔သစၥာဆိုၾကရေအာင္..."
"သစၥာဆိုမယ္ဟုတ္လား"
"ဟုတ္တယ္ဘဝအဆက္ဆက္ြၽန္ႏုပ္တို႔ခ်စ္ခြင့္ရေအာင္သစၥာဆိုၾကမယ္..."
"ေကာင္းၿပီ"
အဲ့ဒီေနာက္မွာေတာ့ အသခၤရာတို႔ဘုရားဂူထဲသို႔ဝင္ကာ
ဗုဒၶ႐ုပ္ပြားေတာ္ခုႏွစ္ဆူအားဦးတိုက္ကန္ေတာ့သည္
ၿပီးမွ.....
"ဘုရားတပည့္ေတာ္ဝဏၰေက်ာ္ထင္ႏွင့္ ဘုရားတပည့္ေတာ္အသခၤရာတို႔၏
ခ်စ္ျခင္းေမတၱာသည္ မွန္ကန္ပါက တစ္ဦးႏွင့္တစ္ဦးဘဝဆက္တိုင္းခ်စ္ခင္စုံမက္ခြင့္ရပါေစသား...." ဟုသစၥာဆိုကာ
သုံးႀကိမ္ထပ္၍ဦးတိုက္ကန္ေတာ့လိုက္ၾကသည္
ထို႔ေနာက္ၿပဳံး၍ တစ္ဦးႏွင့္တစ္ဦးခ်စ္မဝစြာၾကည့္လိုက္ေတာ့သည္
ထိုအျဖစ္အပ်က္အားအစအဆုံးျမင္ေနရသည့္
သိခၤနဲ႔လကၤာတို႔မွာျငင္းခုန္ေနရေတာ့သည္
"အရွင္ဘာေၾကာင့္ဘဝအမွန္ကိုဒီလူကိုေပးသိလိုက္ရတာလဲ
ဒီလူသာအရွင့္ကိုအသုံးခ်ၿပီးသိုက္တူးရင္ဘယ္လိုလုပ္မလဲ"
"သိခၤမင္းစိုးရိမ္လြန္ေနၿပီ ဒီလူသားကအရွင့္ကိုထိခိုက္လိမ့္မယ္လို႔ကြၽႏ္ုပ္ေတာ့မထင္ဘူး"
"အသင္ကလူေတြေၾကာင္းဘယ္ေလာက္သိလို႔လဲ!"
"အသင္ကေရာလူေတြအေၾကာင္းသိလို႔လား "
သိခၤေျပာစရာစကားတို႔မဲ့သြားသည္
သူလူေတြအေၾကာင္းေသခ်ာမသိရင္ေအာင္ ဒီလူေၾကာင့္အရွင့္ထိခိုက္လိမ့္မည္ဟု ခံစားေနရတယ္
ဝဏၰတို႔အျဖစ္အပ်က္ကိုေစာင့္ၾကည့္ေနတာ သိခၤတို႔အျပင္
သူႀကီးစံဖဲညိဳလည္းပါေသးသည္
စံဖဲညိဳ အရွင္မင္းသားကဒီေႁမြ အေပၚအလြန္႐ူးသြပ္ေနၿပီ
ဒါေၾကာင့္သူဘာေျပာေျပာနားမဝင္ႏိုင္ေတာ့ဘူး
မင္းတရားထံအသိေပးလိုက္မွဘဲရေတာ့မည္ ဟုစိတ္ဆုံးျဖတ္ရင္း......။
#ဒီအတိတ္ဘဝမွာအသခၤရာကအူတူတူအအတတလို႔ခံစားမိႏိုင္ပါတယ္ဘာလို႔ဆိုေတာ့သူကလူေတြအေၾကာင္းသိပ္မသိလို႔ေလ
စာျပန္မစစ္ထားပါ