173 01
အခန်း (၁၇၃)
"အဘွား ကျွန်တော်က အဲ့ဒီလိုဆိုလိုတာ မဟုတ်ပါဘူး"
လုလင်ကျစ်ကလည်း အလျစ်စလို စကားကို ပြန်ထိန်းသည်။
သူက မော့ရုန်ကျန်း၏ ပတ်ဝန်းကျင်မှလူများက လုယောင်ယောင်ဟာ ယခင်ဝမ်ဖေးယဲ့နှင့် တူနေကြောင်း သတိထားမိသွားမည်ကိုသာ စိုးရိမ်ခြင်းဖြစ်သည်။
"ယောင်ယောင်လေးက သန့်စင်ပြီး အကျင့်လက္ခဏာကောင်းတဲ့လူမျိုးပါ။ ဧကရာဇ်နဲ့ တိုက်တိုက်ဆိုင်ဆိုင် တွေ့သွားခဲ့ပြီး ရွှမ်းအာကို ဒေါသထွက်သွားစေခဲ့တယ်။ ဒါကတိုက်ဆိုင်မှုပဲ။ လုရှီမင်နဲ့ ဖေးရှီက ယောင်ယောင်ကို တစ်ခါမှ ကြမ်းကြမ်းတမ်းတမ်း ဆိုဆုံးမခဲ့ဖူးတာတောင် မဟုတ်ဘူး။ ဒါကိုရွှမ်းအာက ဘယ်လိုလုပ်ရဲတာလဲ။ သူမက ဒေါသကြီးလွန်းတယ်"
သခင်မလေလုဟာ လုဝူရှမ်းကို ပို၍ပင် ပြင်းပြင်းထန်ထန် အကဲဖြတ်လိုသော်လည်း ရုတ်တရက် တစ်ဖက်က ဝမ်ဖေးဖြစ်နေကြောင်း သတိရသွားပြီး ဆက်မပြောတော့ချေ။
လုလင်ကျစ်ကလည်း နားထောင်နေသည်။ သူ၏ညီမအကြောင်း သူကိုယ်တိုင်သိသည်။ လုဝူရှမ်းဟာ ရန်စမခံရလျှင် အလျင်စလိုလုပ်မည့်လူမျိုး မဟုတ်ချေ။
လုယောင်ယောင်၏ အလှတရားကို မနာလိုဖြစ်မှုနှင့် တော်ဝင်မင်းသမီး၏ သွေးထိုးမှုကြောင့် ဖြစ်သွားခဲ့ခြင်း ဖြစ်လောက်သည်။ ဝမ်းကွဲဖြစ်သူက ဧကရာဇ်၏ စိတ်ဝင်စားမှုကို ဖမ်းဆုပ်သွားနိုင်ကြောင်း ခံစားမိချိန်တွင် အလွန်ဒေါသထွက်သွားပြီး လုယောင်ယောင်ကို ပါးရိုက်ခဲ့ခြင်း ဖြစ်လောက်လေသည်။
သူ၏ညီမငယ်ဟာ မော့ရုန်ကျန်းဟာ အလှကြောင့် ဖြားယောင်းခံရမည့် လူမျိုးမဟုတ်မှန်း နားမလည်သေးချေ။
ဝမ်ဖေးယဲ့ကလည်း အရမ်းလှတာ မဟုတ်ဘူးလား။ ဒါပေမဲ့ ဧကရာဇ်က လျစ်လျူမရှု့ခဲ့ဘူးလား။
အဆုံးတွင် လုဝူရှမ်း၏ မလုံခြုံသလို ခံစားရမှုကသာ အခြေအနေအားလုံးကို ဆိုးရွားစေခဲ့ခြင်း ဖြစ်သည်။
နေပါအုံး ဘာဖြစ်လို့ ဒီလိုမလုံခြုံသလို ခံစားရတာလဲ။ ဧကရာဇ်က သူမကို ချစ်မြတ်နိုးပြီး အလိုလိုက်နေတာမျိုးဆိုရင် မော့ရုန်ကျန်းအနားကို ဘယ်မိန်းမကပ်ကပ် အခုလိုခြိမ်းခြောက်ခံရသလို ခံစားနေရစရာ အကြောင်းမရှိဘူး။
"အဘွား ကျွန်တော် မနက်ဖြန် နန်းတော်ထဲကိုဝင်ပြီး ရွှမ်းအာနဲ့ စကားပြောလိုက်ပါ့မယ်"
သခင်မကြီးကလည်း ခေါင်းညိမ့်သည်။
"သူမက ကလေးဘဝကတည်းက မင်းရဲ့စကားကိုပဲ နားထောင်တယ်။ အတွေးမလွန်ဖို့နဲ့ ကိုယ့်ရဲ့ အပြုအမူကို ကိုယ်သေချာသုံးသပ်ပြီး နှစ်နှစ်ခြိုက်ခြိုက်နေဖို့ ပြောလိုက်ပါ။ ကိုယ့်ညီမကိုယ်တောင် မယုံရင် ဘယ်သူ့ကိုယုံမှာလဲ"
"အဘွား အဘွားပင်ပန်းနေတာလည်း ကျွန်တော်သိပါတယ်။ အဘွားနားလိုက်ပါတော့"
လုလင်ကျစ်ကပြောသည်။
သခင်မကြီးလုနဲ့ မတူစွာပင် သူက လုယောင်ယောင်ဟာ အားနည်းပြီး သနားစရာ မိန်းကလေးတစ်ယောက် သပ်သပ်မဟုတ်ကြောင်း နားလည်နေသည်။
ထို့ကြောင့် နန်းတော်အတွင်း ဖြစ်ခဲ့သောကိစ္စက သခင်မကြီးလု ယုံကြည်ထားသလို မရိုးရှင်းလောက်ချေ။ ထို့ကြောင့်သူက ဒီကိစ္စကို ကောင်းစွာသိရအောင် လုပ်ရန် မစောင့်နိုင်တော့ချေ။
သခင်မကြီးလုဟာလည်း မောပန်းနွမ်းနယ်ပြီဖြစ်သည်။
"ငါနန်းတော်ကပြန်လာတော့ ဝမ်ဖေးနဲ့ မဆုံခဲ့ရဘူး။ ဒါကြောင့် ဒီတစ်ကြိမ်မှာ ဘာတွေးနေမလဲ မသိနိုင်ဘူး။ ယောင်ယောင်ကို ကိုင်တွယ်ဖို့ ဆိုးရွားတဲ့ကိစ္စတွေ လုပ်လာမှာကိုပဲ စိုးရိမ်ရတယ်။ မင်းသေချာ စောင့်ကြည့်ထားပါ"
173 02
"ဟုတ်ကဲ့အဘွား"
အရှေ့ဘက်အဆောင်မှ ထွက်လာပြီးနောက်တွင် လုလင်ကျစ်က အခြားတစ်ဖက်ခြမ်းတွင် ရှိနေသော ယဲ့ကျန်းနေထိုင်ရာ သေးငယ်သော အဆောင်လေးကို လှမ်းကြည့်လိုက်သည်။
ငါမနက်ဖြန်မှပဲ သွားလည်သင့်ပါတယ်။
သူမ၏အခန်းထဲသို့ ရောက်နေပြီဖြစ်သည့် ယဲ့ကျန်းက မျက်နှာပေါ်ရှိ အနီစက်များကိုကြည့်ပြီး သက်ပြင်းချသည်။
"ဒါတွေကသာ အသုံးမဝင်မှန်း ငါသိထားရင် မလုပ်ခဲ့ပါဘူး။ အခုတော့ ဒါတွေပျောက်သွားအောင် နည်းလမ်း ရှာရတော့မယ်"
"တတိယသခင်မလေး"
ထိုအခိုက် အပြင်ဘက်မှ သိုင့်မေ့က ဝင်လာသည်။
ယဲ့ကျန်းက လိမ်းဆေးဆီဖြင့် မျက်နှာကို ထပ်လိမ်းပြီးနောက်တွင် အစေခံကိုကြည့်သည်။
"ဘာကိစ်စလဲ"
"သခင်ကြီးလုလင်ကျစ်က ခန်းမထဲက ထွက်သွားပါပြီ"
သူမ၏ သခင်မလေးက မည်သည့်အတွက်ကြောင့် ရုတ်တရက် လုလင်ကျစ်ကို ထောက်လှမ်းကြည့်ခိုင်းကြောင်း မသိချေ။
"အို ငါသိပြီ နင်သွားနားတော့"
ယဲ့ကျန်းကလည်း ကျော့ရှင်းစွာပြုံးသည်။
လုလင်ကျစ်က သံသယစဝင်နေပြီဖြစ်ကြောင်း သူမက နားလည်ထားသည်။ မဟုတ်လျှင် သူကတမင် နေခဲ့ပြီး သခင်မကြီးလုနှင့် နှစ်ကိုယ်ကြား စကားပြောနေလိမ့်မည် မဟုတ်ချေ။ မနက်ဖြန်ဆိုလျှင် လုဝူရှမ်းထံ သွားရောက်လည်ပတ်မည်မှာလည်း သေချာနေသည်။
"သိုင့်မေ့"
ထွက်သွားတော့မည့် သိုင့်မေ့ကို ယဲ့ကျန်းကတားပြီး ပြောလိုက်သည်။
"မင်းအနေနဲ့ ဒီကိစ္စကို အခြားလူတွေကို ပြောလို့မဖြစ်ဘူးဆိုတာကို သိတယ်မဟုတ်လား နားလည်လား"
"ဒီအစေခံက နားလည်ပါတယ်။ သခင်မလေး စိတ်အေးအေးထားပါ။ ဒီအစေခံက အမြဲတစေ နှုတ်ဆိတ်နေမှာပါ တတိယသခင်မလေး"
သိုင့်မေ့ကလည်း ယဲ့ကျန်းကိုသာ သူမ၏သခင်အဖြစ် သတ်မှတ်ထားသည်။ ထို့ကြောင့် သစ္စာဖောက်စရာ အကြောင်းမရှိချေ။
ယဲ့ကျန်းကလည်း ကျေနပ်စွာ ခေါင်းညိမ့်လိုက်သည်။
"ကျေးဇူးတင်ပါတယ် ကောင်းကောင်းနားလိုက်ပါတော့"
မနက်ဖြန်ဆိုလျှင် သူမက အမျိုးသမီးအကယ်ဒမီသို့ ဝင်ရတော့မည်ဖြစ်သည်။ သို့သော် ဒီတစ်ကြိမ်တွင် သူမက ဆုံးဖြတ်ချက်အပြည့်ဖြင့် သွားရမည်ဖြစ်သည်။ သူမ၏ပန်းတိုင်ပြည့်ဝအောင် မည်မျှပင် ခက်ခဲစေကာမူ ကောင်းကောင်းကြိုးစားရမည်ဖြစ်သည်။
ယဲ့ကျန်းက မှန်ကိုတစ်ချက်ကြည့်လိုက်သည်။ မနက်ဖြန်ဆိုလျှင် သူမစောစောထပြီး သွားနေရန် မျှော်လင့်သည်။ အဲ့ဒီအချိန်ကျလျှင် ဒီအနီစက်များ ပျောက်သွားလျှင် အကောင်းဆုံးဖြစ်သည်။
သူမက အဝတ်အစားလဲပြီးနောက် အိပ်ယာပေါ်သို့ လှဲချလိုက်သည်။ သူမ၏စိတ်ကမူ ဒီနေ့ အဖြစ်အပျက်များကို ပြန်တွေးမိသွားသည်။ မော့ရုန်ကျန်း၏ လုဝူရှမ်းအပေါ် ပြောင်းလဲသွားသော အပြုအမူက သူမကို သံသယဝင်စေသည်။
ဖြစ်နိုင်တာက လုဝူရှမ်းက သူ့ကို လှည့်စားခဲ့မှန်း သူသိသွားပြီလား။
တော်ဝင်နန်းတော်ထဲတွင်...
နန်းတော်ထဲတွင် လုဝူရှမ်းက သူမခံစားခဲ့ရသော ဒေါသတကြီး အပြုအမူများ အားလုံးကို ပြန်သုံးသပ်မိပြီး စိတ်ငြိမ်သွားပြီဖြစ်သည်။ မော့ရုန်ကျန်း၏ရှေ့တွင် သူမ၏ ကျော့ရှင်းညင်သာ သိမ်မွေ့မှုက ပျောက်ဆုံးသွားခဲ့သည်။ သူမ၏ နှလုံးသားထဲတွင် အလွန်အမင်း နောင်တရနေသည်။ တောင်းပန်လိုဟန်ဖြင့် သူမက ချက်ချင်းထရပ်ကာ မော့ရုန်ကျန်း၏ စာဖတ်ဆောင်သို့ သွားရောက်တွေ့ဆုံခဲ့သည်။
မော့ရုန်ကျန်းက လုဝူရှမ်းက တွေ့ခွင့်တောင်းကြောင်း ကြားချိန်တွင် လက်ထဲတွင် ကျိုးပဲ့နေသော ကျောက်စိမ်းတံဆိပ် အပိုင်းအစတစ်ခုကို ကိုင်ထားသည်။ သူ၏နက်မှောင်ကာ မည်းမှောင်သော မျက်ဝန်းများက အေးစက်သော အလင်းများကို ထုတ်လွှတ်နေသည်။ သူက ပစ္စည်းများအားလုံးကို သိမ်းလိုက်သည်။
173 03
"ဝမ်ဖေးကို ဝင်ခိုင်းလိုက်ပါ"
အပြင်တွင်ရပ်နေသော လုဝူရှမ်းကလည်း သူမကို ဆင့်ခေါ်ကြောင်း ကြားသောအခါ သူမ၏မျက်နှာက ပျော်ရွှင်မှုကြောင့် တောက်ပသွားသည်။ သူမ၏ဆံပင်ကို သေသပ်အောင် ပြင်ဆင်ပြီးနောက် အပြုံးနှင့်အတူ တော်ဝင်စာကြည့်ဆောင်အတွင်းသို့ ဝင်သည်။ သူမ၏မျက်နှာတွင် နူးညံ့ညင်သာမှုနှင့် မတရားခံရသလို အမူအရာလေးဖြစ်နေပြီး သနားစဖွယ် ဖြစ်နေတော့သည်။
"အရှင်မင်းကြီး ဒီဝမ်ဖေးက တောင်းပန်ဖို့ ရောက်လာခဲ့တာပါ"
မော့ရုန်ကျန်းက သူ့ကိုကြည့်သည်။
"ဝမ်ဖေးက ဘာကိုများ တောင်းပန်ချင်တာလဲ"
"ဒီနေ့ကိစ္စမှာ ဒီဝမ်ဖေးက အလျင်စလို ပြုမူမိပြီး အရှင်မင်းကြီးရဲ့ရှေ့မှာ ရိုင်းပြမိသွားပါတယ်။ အရှင်မင်းကြီး ဒီတိုင်းခွင့်လွှတ်ပေးမှာပါလား"
လုဝူရှမ်းကလည်း မေးသည်။
လုဝူရှမ်းကသာ အယောင်ဆောင်မှန်း သူမသိထားခဲ့လျှင် မော့ရုန်ကျန်းအနေနှင့် ဒီနေ့ကိစ္စကြောင့် သူမအား ဒေါသမထွက်မိလောက်ချေ။ သို့သော် ဒီနေ့တွင်မူ သူမ၏အရာရာက ဟန်ဆောင်ထားမှန်း သူက နားလည်လိုက်လေပြီ။ လုလင်ကျစ်က လက်ရှိစစ်ပွဲကို ဦးဆောင်ကာ ထွက်သွားတော့မည့်အတွက်ကြောင့် မဟုတ်လျှင် သူ့အားကယ်ခဲ့သော ထိုမိန်းကလေးကို သူကတိတ်တဆိတ် ရှာဖွေရသောကြောင့်သာ မဟုတ်လျှင် လုဝူရှမ်းနှင့် စကားပင်ဆက်ပြောချင်စိတ် မရှိတော့ချေ။
"ကျန်းကမင်းကို ဒေါသမထွက်ပါဘူး။ စိတ်ထဲမထားနဲ့ ကျန်းမှာ လုပ်စရာတွေ ရှိနေသေးတယ် ပြန်တော့"
မော့ရုန်ကျန်းက ခံစားချက်မဲ့စွာ တုန့်ပြန်လိုက်ပြီးသည်နှင့် သူ၏စာလိပ်ကို ကောက်ကိုင်လိုက်သည်။
လုဝူရှမ်း၏အပြုံးက တောင့်တင်းသွားသည်။ သူမချက်ချင်း မောင်းထုတ်ခံရမည်ဟု မထင်ထားမိချေ။
ဘယ်လောက်မှတောင် မကြာသေးဘူး။ ငါကသူ့ရဲ့ မျက်လုံးထဲက ဘာမှတောင် မဟုတ်တော့ဘူးလား။
ငြင်းဆန်ခံရသော စိတ်အခြေအနေကြောင့် သူမကအလွန် စိုးရိမ်စိတ်ဝင်လာသည်။
ဒီလိုခံစားချက်မျိုးက အရင်ဝမ်ဖေးယဲ့ ခံစားခဲ့ရတဲ့အတိုင်း မဟုတ်လား။
Telegram မှာ အပိုင်း ၄၆၇အထိ ရောက်ပါပြီနော်။
Zawgyi
173 01
အခန္း(၁၇၃)
"အဘြား ကြၽန္ေတာ္က အဲ့ဒီလိုဆိုလိုတာ မဟုတ္ပါဘူး"
လုလင္က်စ္ကလည္း အလ်စ္စလို စကားကို ျပန္ထိန္းသည္။
သူက ေမာ့႐ုန္က်န္း၏ ပတ္ဝန္းက်င္မွလူမ်ားက လုေယာင္ေယာင္ဟာ ယခင္ဝမ္ေဖးယဲ့ႏွင့္ တူေနေၾကာင္း သတိထားမိသြားမည္ကိုသာ စိုးရိမ္ျခင္းျဖစ္သည္။
"ေယာင္ေယာင္ေလးက သန႔္စင္ၿပီး အက်င့္လကၡဏာေကာင္းတဲ့လူမ်ိဳးပါ။ ဧကရာဇ္နဲ႔ တိုက္တိုက္ဆိုင္ဆိုင္ ေတြ႕သြားခဲ့ၿပီး ႐ႊမ္းအာကို ေဒါသထြက္သြားေစခဲ့တယ္။ ဒါကတိုက္ဆိုင္မႈပဲ။ လုရွီမင္နဲ႔ ေဖးရွီက ေယာင္ေယာင္ကို တစ္ခါမွ ၾကမ္းၾကမ္းတမ္းတမ္း ဆိုဆုံးမခဲ့ဖူးတာေတာင္ မဟုတ္ဘူး။ ဒါကို႐ႊမ္းအာက ဘယ္လိုလုပ္ရဲတာလဲ။ သူမက ေဒါသႀကီးလြန္းတယ္"
သခင္မေလလုဟာ လုဝူရွမ္းကို ပို၍ပင္ ျပင္းျပင္းထန္ထန္ အကဲျဖတ္လိုေသာ္လည္း ႐ုတ္တရက္ တစ္ဖက္က ဝမ္ေဖးျဖစ္ေနေၾကာင္း သတိရသြားၿပီး ဆက္မေျပာေတာ့ေခ်။
လုလင္က်စ္ကလည္း နားေထာင္ေနသည္။ သူ၏ညီမအေၾကာင္း သူကိုယ္တိုင္သိသည္။ လုဝူရွမ္းဟာ ရန္စမခံရလွ်င္ အလ်င္စလိုလုပ္မည့္လူမ်ိဳး မဟုတ္ေခ်။
လုေယာင္ေယာင္၏ အလွတရားကို မနာလိုျဖစ္မႈႏွင့္ ေတာ္ဝင္မင္းသမီး၏ ေသြးထိုးမႈေၾကာင့္ ျဖစ္သြားခဲ့ျခင္း ျဖစ္ေလာက္သည္။ ဝမ္းကြဲျဖစ္သူက ဧကရာဇ္၏ စိတ္ဝင္စားမႈကို ဖမ္းဆုပ္သြားႏိုင္ေၾကာင္း ခံစားမိခ်ိန္တြင္ အလြန္ေဒါသထြက္သြားၿပီး လုေယာင္ေယာင္ကို ပါး႐ိုက္ခဲ့ျခင္း ျဖစ္ေလာက္ေလသည္။
သူ၏ညီမငယ္ဟာ ေမာ့႐ုန္က်န္းဟာ အလွေၾကာင့္ ျဖားေယာင္းခံရမည့္ လူမ်ိဳးမဟုတ္မွန္း နားမလည္ေသးေခ်။
ဝမ္ေဖးယဲ့ကလည္း အရမ္းလွတာ မဟုတ္ဘူးလား။ ဒါေပမဲ့ ဧကရာဇ္က လ်စ္လ်ဴမရႈ႕ခဲ့ဘူးလား။
အဆုံးတြင္ လုဝူရွမ္း၏ မလုံၿခဳံသလို ခံစားရမႈကသာ အေျခအေနအားလုံးကို ဆိုး႐ြားေစခဲ့ျခင္း ျဖစ္သည္။
ေနပါအုံး ဘာျဖစ္လို႔ ဒီလိုမလုံၿခဳံသလို ခံစားရတာလဲ။ ဧကရာဇ္က သူမကို ခ်စ္ျမတ္ႏိုးၿပီး အလိုလိုက္ေနတာမ်ိဳးဆိုရင္ ေမာ့႐ုန္က်န္းအနားကို ဘယ္မိန္းမကပ္ကပ္ အခုလိုၿခိမ္းေျခာက္ခံရသလို ခံစားေနရစရာ အေၾကာင္းမရွိဘူး။
"အဘြား ကြၽန္ေတာ္ မနက္ျဖန္ နန္းေတာ္ထဲကိုဝင္ၿပီး ႐ႊမ္းအာနဲ႔ စကားေျပာလိုက္ပါ့မယ္"
သခင္မႀကီးကလည္း ေခါင္းညိမ့္သည္။
"သူမက ကေလးဘဝကတည္းက မင္းရဲ႕စကားကိုပဲ နားေထာင္တယ္။ အေတြးမလြန္ဖို႔နဲ႔ ကိုယ့္ရဲ႕ အျပဳအမူကို ကိုယ္ေသခ်ာသုံးသပ္ၿပီး ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ေနဖို႔ ေျပာလိုက္ပါ။ ကိုယ့္ညီမကိုယ္ေတာင္ မယုံရင္ ဘယ္သူ႔ကိုယုံမွာလဲ"
"အဘြား အဘြားပင္ပန္းေနတာလည္း ကြၽန္ေတာ္သိပါတယ္။ အဘြားနားလိုက္ပါေတာ့"
လုလင္က်စ္ကေျပာသည္။
သခင္မႀကီးလုနဲ႔ မတူစြာပင္ သူက လုေယာင္ေယာင္ဟာ အားနည္းၿပီး သနားစရာ မိန္းကေလးတစ္ေယာက္ သပ္သပ္မဟုတ္ေၾကာင္း နားလည္ေနသည္။
ထို႔ေၾကာင့္ နန္းေတာ္အတြင္း ျဖစ္ခဲ့ေသာကိစၥက သခင္မႀကီးလု ယုံၾကည္ထားသလို မ႐ိုးရွင္းေလာက္ေခ်။ ထို႔ေၾကာင့္သူက ဒီကိစၥကို ေကာင္းစြာသိရေအာင္ လုပ္ရန္ မေစာင့္ႏိုင္ေတာ့ေခ်။
သခင္မႀကီးလုဟာလည္း ေမာပန္းႏြမ္းနယ္ၿပီျဖစ္သည္။
"ငါနန္းေတာ္ကျပန္လာေတာ့ ဝမ္ေဖးနဲ႔ မဆုံခဲ့ရဘူး။ ဒါေၾကာင့္ ဒီတစ္ႀကိမ္မွာ ဘာေတြးေနမလဲ မသိႏိုင္ဘူး။ ေယာင္ေယာင္ကို ကိုင္တြယ္ဖို႔ ဆိုး႐ြားတဲ့ကိစၥေတြ လုပ္လာမွာကိုပဲ စိုးရိမ္ရတယ္။ မင္းေသခ်ာ ေစာင့္ၾကည့္ထားပါ"
173 02
"ဟုတ္ကဲ့အဘြား"
အေရွ႕ဘက္အေဆာင္မွ ထြက္လာၿပီးေနာက္တြင္ လုလင္က်စ္က အျခားတစ္ဖက္ျခမ္းတြင္ ရွိေနေသာ ယဲ့က်န္းေနထိုင္ရာ ေသးငယ္ေသာ အေဆာင္ေလးကို လွမ္းၾကည့္လိုက္သည္။
ငါမနက္ျဖန္မွပဲ သြားလည္သင့္ပါတယ္။
သူမ၏အခန္းထဲသို႔ ေရာက္ေနၿပီျဖစ္သည့္ ယဲ့က်န္းက မ်က္ႏွာေပၚရွိ အနီစက္မ်ားကိုၾကည့္ၿပီး သက္ျပင္းခ်သည္။
"ဒါေတြကသာ အသုံးမဝင္မွန္း ငါသိထားရင္ မလုပ္ခဲ့ပါဘူး။ အခုေတာ့ ဒါေတြေပ်ာက္သြားေအာင္ နည္းလမ္း ရွာရေတာ့မယ္"
"တတိယသခင္မေလး"
ထိုအခိုက္ အျပင္ဘက္မွ သိုင့္ေမ့က ဝင္လာသည္။
ယဲ့က်န္းက လိမ္းေဆးဆီျဖင့္ မ်က္ႏွာကို ထပ္လိမ္းၿပီးေနာက္တြင္ အေစခံကိုၾကည့္သည္။
"ဘာကိစ္စလဲ"
"သခင္ႀကီးလုလင္က်စ္က ခန္းမထဲက ထြက္သြားပါၿပီ"
သူမ၏ သခင္မေလးက မည္သည့္အတြက္ေၾကာင့္ ႐ုတ္တရက္ လုလင္က်စ္ကို ေထာက္လွမ္းၾကည့္ခိုင္းေၾကာင္း မသိေခ်။
"အို ငါသိၿပီ နင္သြားနားေတာ့"
ယဲ့က်န္းကလည္း ေက်ာ့ရွင္းစြာၿပဳံးသည္။
လုလင္က်စ္က သံသယစဝင္ေနၿပီျဖစ္ေၾကာင္း သူမက နားလည္ထားသည္။ မဟုတ္လွ်င္ သူကတမင္ ေနခဲ့ၿပီး သခင္မႀကီးလုႏွင့္ ႏွစ္ကိုယ္ၾကား စကားေျပာေနလိမ့္မည္ မဟုတ္ေခ်။ မနက္ျဖန္ဆိုလွ်င္ လုဝူရွမ္းထံ သြားေရာက္လည္ပတ္မည္မွာလည္း ေသခ်ာေနသည္။
"သိုင့္ေမ့"
ထြက္သြားေတာ့မည့္ သိုင့္ေမ့ကို ယဲ့က်န္းကတားၿပီး ေျပာလိုက္သည္။
"မင္းအေနနဲ႔ ဒီကိစၥကို အျခားလူေတြကို ေျပာလို႔မျဖစ္ဘူးဆိုတာကို သိတယ္မဟုတ္လား နားလည္လား"
"ဒီအေစခံက နားလည္ပါတယ္။ သခင္မေလး စိတ္ေအးေအးထားပါ။ ဒီအေစခံက အၿမဲတေစ ႏႈတ္ဆိတ္ေနမွာပါ တတိယသခင္မေလး"
သိုင့္ေမ့ကလည္း ယဲ့က်န္းကိုသာ သူမ၏သခင္အျဖစ္ သတ္မွတ္ထားသည္။ ထို႔ေၾကာင့္ သစၥာေဖာက္စရာ အေၾကာင္းမရွိေခ်။
ယဲ့က်န္းကလည္း ေက်နပ္စြာ ေခါင္းညိမ့္လိုက္သည္။
"ေက်းဇူးတင္ပါတယ္ ေကာင္းေကာင္းနားလိုက္ပါေတာ့"
မနက္ျဖန္ဆိုလွ်င္ သူမက အမ်ိဳးသမီးအကယ္ဒမီသို႔ ဝင္ရေတာ့မည္ျဖစ္သည္။ သို႔ေသာ္ ဒီတစ္ႀကိမ္တြင္ သူမက ဆုံးျဖတ္ခ်က္အျပည့္ျဖင့္ သြားရမည္ျဖစ္သည္။ သူမ၏ပန္းတိုင္ျပည့္ဝေအာင္ မည္မွ်ပင္ ခက္ခဲေစကာမူ ေကာင္းေကာင္းႀကိဳးစားရမည္ျဖစ္သည္။
ယဲ့က်န္းက မွန္ကိုတစ္ခ်က္ၾကည့္လိုက္သည္။ မနက္ျဖန္ဆိုလွ်င္ သူမေစာေစာထၿပီး သြားေနရန္ ေမွ်ာ္လင့္သည္။ အဲ့ဒီအခ်ိန္က်လွ်င္ ဒီအနီစက္မ်ား ေပ်ာက္သြားလွ်င္ အေကာင္းဆုံးျဖစ္သည္။
သူမက အဝတ္အစားလဲၿပီးေနာက္ အိပ္ယာေပၚသို႔ လွဲခ်လိုက္သည္။ သူမ၏စိတ္ကမူ ဒီေန႔ အျဖစ္အပ်က္မ်ားကို ျပန္ေတြးမိသြားသည္။ ေမာ့႐ုန္က်န္း၏ လုဝူရွမ္းအေပၚ ေျပာင္းလဲသြားေသာ အျပဳအမူက သူမကို သံသယဝင္ေစသည္။
ျဖစ္ႏိုင္တာက လုဝူရွမ္းက သူ႔ကို လွည့္စားခဲ့မွန္း သူသိသြားၿပီလား။
ေတာ္ဝင္နန္းေတာ္ထဲတြင္...
နန္းေတာ္ထဲတြင္ လုဝူရွမ္းက သူမခံစားခဲ့ရေသာ ေဒါသတႀကီး အျပဳအမူမ်ား အားလုံးကို ျပန္သုံးသပ္မိၿပီး စိတ္ၿငိမ္သြားၿပီျဖစ္သည္။ ေမာ့႐ုန္က်န္း၏ေရွ႕တြင္ သူမ၏ ေက်ာ့ရွင္းညင္သာ သိမ္ေမြ႕မႈက ေပ်ာက္ဆုံးသြားခဲ့သည္။ သူမ၏ ႏွလုံးသားထဲတြင္ အလြန္အမင္း ေနာင္တရေနသည္။ ေတာင္းပန္လိုဟန္ျဖင့္ သူမက ခ်က္ခ်င္းထရပ္ကာ ေမာ့႐ုန္က်န္း၏ စာဖတ္ေဆာင္သို႔ သြားေရာက္ေတြ႕ဆုံခဲ့သည္။
ေမာ့႐ုန္က်န္းက လုဝူရွမ္းက ေတြ႕ခြင့္ေတာင္းေၾကာင္း ၾကားခ်ိန္တြင္ လက္ထဲတြင္ က်ိဳးပဲ့ေနေသာ ေက်ာက္စိမ္းတံဆိပ္ အပိုင္းအစတစ္ခုကို ကိုင္ထားသည္။ သူ၏နက္ေမွာင္ကာ မည္းေမွာင္ေသာ မ်က္ဝန္းမ်ားက ေအးစက္ေသာ အလင္းမ်ားကို ထုတ္လႊတ္ေနသည္။ သူက ပစၥည္းမ်ားအားလုံးကို သိမ္းလိုက္သည္။
173 03
"ဝမ္ေဖးကို ဝင္ခိုင္းလိုက္ပါ"
အျပင္တြင္ရပ္ေနေသာ လုဝူရွမ္းကလည္း သူမကို ဆင့္ေခၚေၾကာင္း ၾကားေသာအခါ သူမ၏မ်က္ႏွာက ေပ်ာ္႐ႊင္မႈေၾကာင့္ ေတာက္ပသြားသည္။ သူမ၏ဆံပင္ကို ေသသပ္ေအာင္ ျပင္ဆင္ၿပီးေနာက္ အၿပဳံးႏွင့္အတူ ေတာ္ဝင္စာၾကည့္ေဆာင္အတြင္းသို႔ ဝင္သည္။ သူမ၏မ်က္ႏွာတြင္ ႏူးညံ့ညင္သာမႈႏွင့္ မတရားခံရသလို အမူအရာေလးျဖစ္ေနၿပီး သနားစဖြယ္ ျဖစ္ေနေတာ့သည္။
"အရွင္မင္းႀကီး ဒီဝမ္ေဖးက ေတာင္းပန္ဖို႔ ေရာက္လာခဲ့တာပါ"
ေမာ့႐ုန္က်န္းက သူ႔ကိုၾကည့္သည္။
"ဝမ္ေဖးက ဘာကိုမ်ား ေတာင္းပန္ခ်င္တာလဲ"
"ဒီေန႔ကိစၥမွာ ဒီဝမ္ေဖးက အလ်င္စလို ျပဳမူမိၿပီး အရွင္မင္းႀကီးရဲ႕ေရွ႕မွာ ႐ိုင္းျပမိသြားပါတယ္။ အရွင္မင္းႀကီး ဒီတိုင္းခြင့္လႊတ္ေပးမွာပါလား"
လုဝူရွမ္းကလည္း ေမးသည္။
လုဝူရွမ္းကသာ အေယာင္ေဆာင္မွန္း သူမသိထားခဲ့လွ်င္ ေမာ့႐ုန္က်န္းအေနႏွင့္ ဒီေန႔ကိစၥေၾကာင့္ သူမအား ေဒါသမထြက္မိေလာက္ေခ်။ သို႔ေသာ္ ဒီေန႔တြင္မူ သူမ၏အရာရာက ဟန္ေဆာင္ထားမွန္း သူက နားလည္လိုက္ေလၿပီ။ လုလင္က်စ္က လက္ရွိစစ္ပြဲကို ဦးေဆာင္ကာ ထြက္သြားေတာ့မည့္အတြက္ေၾကာင့္ မဟုတ္လွ်င္ သူ႔အားကယ္ခဲ့ေသာ ထိုမိန္းကေလးကို သူကတိတ္တဆိတ္ ရွာေဖြရေသာေၾကာင့္သာ မဟုတ္လွ်င္ လုဝူရွမ္းႏွင့္ စကားပင္ဆက္ေျပာခ်င္စိတ္ မရွိေတာ့ေခ်။
"က်န္းကမင္းကို ေဒါသမထြက္ပါဘူး။ စိတ္ထဲမထားနဲ႔ က်န္းမွာ လုပ္စရာေတြ ရွိေနေသးတယ္ ျပန္ေတာ့"
ေမာ့႐ုန္က်န္းက ခံစားခ်က္မဲ့စြာ တုန႔္ျပန္လိုက္ၿပီးသည္ႏွင့္ သူ၏စာလိပ္ကို ေကာက္ကိုင္လိုက္သည္။
လုဝူရွမ္း၏အၿပဳံးက ေတာင့္တင္းသြားသည္။ သူမခ်က္ခ်င္း ေမာင္းထုတ္ခံရမည္ဟု မထင္ထားမိေခ်။
ဘယ္ေလာက္မွေတာင္ မၾကာေသးဘူး။ ငါကသူ႔ရဲ႕ မ်က္လုံးထဲက ဘာမွေတာင္ မဟုတ္ေတာ့ဘူးလား။
ျငင္းဆန္ခံရေသာ စိတ္အေျခအေနေၾကာင့္ သူမကအလြန္ စိုးရိမ္စိတ္ဝင္လာသည္။
ဒီလိုခံစားခ်က္မ်ိဳးက အရင္ဝမ္ေဖးယဲ့ ခံစားခဲ့ရတဲ့အတိုင္း မဟုတ္လား။
Telegram မွာ အပိုင္း ၄၆၇အထိ ေရာက္ပါၿပီေနာ္။