Between The Hate [ Completed ]
By Jeon_Khun
38.4K 4.2K 7.6K
Top - KIM TAEHYUNG Bottom - JEON JUNGKOOK VKOOK မောင်ကအတ္တကြီးတယ်!လိုချင်တာကိုလည်းရအောင်ယူမယ်!ကိုကိုအလှလေးကေ... More
01
03
04
05
06
07
08
09
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
No Update ****
38
39
40
41
42
43 [ FINAL ]
02
1.1K 133 194
By Jeon_Khun
#Zawgyi
လာခေါ်လိမ့်မယ်နော် "
စောင့်ပေးနေခဲ့တယ်။ကလေးကိုကြည့်ရင်း
" ..... "
ဖြေလိုက်တယ်။
ခပ်အေးအေးနဲ့ပြောတယ်။
ခက်ထန်နေတာလေ။ဝတ်ပုံစားပုံကလည်း
မေးခွန်းမေးလာလေသည်။မေးခွန်းလေးကြောင့်
နွေးနွေးရှိရောပဲ "
ပြုံးရင်း ပြန်ဖြေတယ်။
ခစ်ခစ်...ချစ်စရာလေးပဲ "
" အို...သူငယ်ချင်းတဲ့လား "
ဂရုစိုက်တာ။
" ကူး... "
ကူးလန့်သွားတယ်။
ပြုံးလို့။
ဂယူစလိုက်သေးသည်။
ပျော်နေတာဗျာ "
ဂယူကရယ်ရင်းဖြေတယ်။
တာလား "
" မဟုတ်တာ ဆူရတာမဟုတ်ပါဘူး၊ဂယူက
" မေမေလာပြီ.... "
စကားဆိုလိုက်တယ်။
ငုံ့ကြည့်ကာ
လည်းနောက်ကျနေပြီလေ "
မေးလိုက်တယ်။
" ကူးဘာရှာနေတာလဲ "
ပိုငိုတက်တာမို့ပါလေ။သူ့မှာသည်းနေရတာ။
တွေ့အောင်ရှာရမည်လေ။
သွားကြရအောင် "
သွားကြရအောင်လေ "
~
တစ်ခုခုကိုသတိရမိတယ်။ဆံပင်အရောင်ပြောင်း
ပုံစံလေးလေ။
မှတ်ထားမိတယ်။
သတိဝင်လာခဲ့တယ်။
ဖြေလာတယ်။
ပြောင်းသွားပြီ။လိုက်ဖက်သည်!
" အစ်ကိုထယ်လားဟင်.... "
လာနှုတ်ဆက်နေတာ။
လန့်သွားကြသည်။
နာမည်ကအစ Victoryတဲ့။ကျောင်းတူတာက
သဘောကျတယ် "
~
ပြုံးမိပါရော။
ကူးပေးမယ် 'တဲ့လေ။လူလေးကမာနကြီး
ထပ်တွေ့ချင်မိပါတယ်။ထပ်တွေ့လို့ကတော့
ရမည်။
သက်ပြင်းချမိပါတယ်။
" ကောင်းပါပြီဗျာ "
ဟွန်း ! မနာလိုတယ်နော် ! "
" နင်မပါဘူး...အရူးကောင်! "
ကူးအစားပျက်တယ် "
တယ်။
သိပ်မလုပ်ပါနဲ့! "
မျက်စောင်းထိုးကာ
အလုပ်လုပ်ကြရသည်။
စနောက်တက်ကြသည်။ကျန်တဲ့အစ်မယွန်းက
သည်။
ရော့...ညီမလေးရေသောက်ဦး "
အရမ်းမိုက်တာ! "
အံ့ဩနေကြသည်လေ။
မထုတ်ပြဘူးလေ "
ခစ်ခစ်...နော်..ဂယူနော်... "
မတွေ့ခဲ့ကြပေ။ဟိုကအနားကိုကပ်ရင်း
ချောင်းဟန့်သံပေးကာ
" ဟုတ်ကဲ့ "
~
ကြိုက်တာလဲလို့လေ "
ကူးလေးကရယ်နေသည်။ဒီလိုပါပဲ။
စိတ်ချလိုက်ပါ "
ထီးကသေးတယ် "
လိုက်ပြန်သည်လေ။
" အလှလေး... "
အလှလေးကရှိမနေတော့ပေ။ထို့ကြောင့်မို့
ယောင်းဝူအလှလေးရဲ့အကြောင်းကို
တီ~
ရေရွတ်မိလိုက်သည်။
To be continued ~
> >
#Unicode
ကလေးလေးကကြောက်နေမှာဆိုးလို့ အမြန်ပင်
လမ်းကူးပြီးခေါ်လာခဲ့တာ။တစ်ဖက်လှမ်းက
နေရာကိုရောက်တော့ ကလေးကကြောက်လို့
တုန်တက်နေသေးတာမို့ မုန့်ကျွေးဖြစ်သည်။
ကလေးလေးပြောတဲ့အမေရဲ့ ဖုန်းနံပါတ်ကိုလည်း ဖုန်းဆက်ပေးထားတာမို့ မုန့်ကျွေးရင်း ကူးမှာ
ပြုံးနေသည်။အခုထိ သူ့ထမင်းဘူးဘယ်နား
ကျန်ခဲ့လည်းဆိုတာတော့ သတိပြုမိမယ်မထင်။
" မီးမီးလေး နောက်ဆိုကားတွေလာရင် သေချာသတိထားနော်၊မေမေက လိုက်မပို့ဘူးလား မီးမီးလေးကို "
ကူးလေးက သူ့ရှေ့ကမုန့်စားနေတဲ့မီးမီးလေးကို
ဆံပင်လေးတွေသပ်တင်ပေးရင်း မေးတယ်။
မီးမီးလေးက ခေါင်းခါပြသည်။သည်တော့
ကူးလေးကပင် ဆက်မေးရင်း...
" ဘာမှစိတ်မပူနဲ့တော့နော်၊ကိုကိုက မီးမီးရဲ့
အမေကိုဖုန်းဆက်ပေးထားတယ်၊မီးမီးကို
လာခေါ်လိမ့်မယ်နော် "
ကလေးကခေါင်းငြိမ့်ပြန်သည်။ကူးလည်းပြုံးလို့
ကလေးလေးစားတာကြည့်ကာ သူ့အမေအလာကို
စောင့်ပေးနေခဲ့တယ်။ကလေးကိုကြည့်ရင်း
မိမိ၏ဖုန်းသံကမြည်လာတာမို့ ဂယူထံမှဖြစ်
တာကြောင့် ဖုန်းကိုင်လိုက်သည်။
" အွန်း...ဂယူပြော၊နည်းနည်းလေးနောက်ကျ
မယ်ဂယူ၊ကလေးလေးတစ်ယောက် ကားတိုက်
မိမလို့ဖြစ်လို့ ကူးစောင့်ပေးနေတာလေ "
" ..... "
" ကူးကဘာမှမဖြစ်သွားပါဘူး၊ကလေးလည်း
ဘာမှမဖြစ်သွားဘူး၊ဒီလိုပါပဲကားမောင်းကြတာ၊
ကူးကိုစိတ်မပူပါနဲ့၊ကူးအဆင်ပြေတယ်ဆို၊
ခဏနေကြ ရုံးကိုအရောက်လာခဲ့မယ်နော် "
ဖုန်းချသွားတော့မှ ကူးလေးလည်းလွယ်အိတ်ထဲ
ဖုန်းကိုထည့်လို့ ကလေးရဲ့အမေကိုဆက်စောင့်
ပေးနေတယ်။ကလေးကတော့ ကူးလေးကိုကြည့်
လို့ ကူးလေးရဲ့အင်္ကျီစကိုမရဲတရဲဆွဲလေတယ်။
ကူးလေးကသတိထားမိတော့ 'ဘာများလဲ'ဟူ
သည့်မျက်နှာထားဖြင့် ပြုံးပြတယ်။
သူပြုံးတော့ ကလေးလေးကလိုက်ပြုံးတယ်။
" ခုနကကိုကို့ကိုဖုန်းဆက်တဲ့ သူကဘယ်သူလဲ "
ကလေးမလေးက အအေးသောက်ရင်း သိချင်ဟန်ဖြင့်မေးလာသည်။ကူးလေးက
ကလေးရဲ့မေးပုံလေးကိုသဘောကျကာ
ဖြေလိုက်တယ်။
" ကိုကို့ချစ်သူကောင်လေးလေ၊
ကိုကို့ရုံးမရောက်သေးတာကို စိတ်ပူလို့ ဖုန်းဆက်နေတာဗျ "
ကူးလေးကဖြေလိုက်သည်ကို ကလေးမလေးက
နှုတ်ခမ်းလေးချွန်လို့ အအေးဗူးကိုချလိုက်ကာ
မေးစေ့လေးကိုထိလို့ စဉ်းစားနေဟန်ရှိတယ်။
ကူးကတော့ ကလေးရဲ့အမူအရာကို ကြည့်နေတယ်။
" ခုနကဦးဦးကြတော့ ကြောက်စရာကြီးနော်၊
ကားမောင်းတာရော၊မီးမီးကိုကြည့်နေတာ
ကြောက်လို့၊ကိုကို့ကိုကြ စကားအကောင်း
ပြောပြီးမီးမီးကို ကြည့်နေတာကြောက်စရာ "
ကလေးမလေးရဲ့စကားကြောင့် ကူးလေး
ခုနကလူကိုသတိထားမိပါတယ်။ကားပေါ်က
ဆင်းလာထည်းက ကလေးကိုအမြင်မကြည်
သလိုကြည့်ရင်း ကူးကိုကြပြန်တောင်းပန်သလို
ခပ်အေးအေးနဲ့ပြောတယ်။
ကြည့်ရတာတော့လူငယ်လေးနေမယ်။
အပြောအဆိုကနူးညံ့သွားပေမဲ့ သူ့မျက်နှာက
ခက်ထန်နေတာလေ။ဝတ်ပုံစားပုံကလည်း
သူဌေးသားဆိုတော့ မျက်နှာထားတင်းမာပုံကို
ကလေးကလန့်သွားပုံပင်။ဒါကြောင့်မို့ကလေးက ကြောက်နေတာကို။
" ကိုကို့ရဲ့ချစ်သူကရော ကြောက်စရာကောင်းလား "
သူတွေးနေရင်းကနေ ကလေးမလေးကသူ့ကို
မေးခွန်းမေးလာလေသည်။မေးခွန်းလေးကြောင့်
သဘောကျလို့ဖြေလိုက်ကာ
" ကိုကို့ရဲ့ချစ်သူက ကိုကို့ကိုသိပ်ချစ်သလို၊
ကြောက်စရာလည်းမကောင်းဘူး၊လိမ္မာတယ်၊
ချောလည်းချောတယ်၊ဟီးဟီးက အရပ်က
ရှည်တယ်၊ကိုကိုအမြဲတမ်းဝင်နေကြရင်ခွင်က
နွေးနွေးရှိရောပဲ "
ကလေးကမေးတာ နည်းနည်းလေးဆိုပေမဲ့
ကလေးကိုကူးလေးက ကြွားနေသည်။
နားမလည်တဲ့ကလေးကတော့ သူ့ကိုကြည့်လို့
ပြုံးရင်း ပြန်ဖြေတယ်။
" မီးမီးရဲ့လျှို့ဝှက်ချက်ကိုပြောပြမယ်၊
ကိုကိုဘယ်သူ့မှပြန်မပြောရဘူးနော် "
" မပြောဘူးရယ်၊ကိုကို ကတိပေးတယ်၊
ခစ်ခစ်...ချစ်စရာလေးပဲ "
ကတိတည်သည်အနေဖြင့် လက်သန်းချင်းချိတ်
လို့ကတိပေးလိုက်ရော မီးမီးလေးကဖြေလာ
လေသည်။ကူးကတော့ မီးမီးလေးဖြေတဲ့
စကားကြောင့် အံ့ဩသွားလေရဲ့။
" မီးမီးနဲ့ရွယ်တူရှိတယ်၊သူကမီးမီးနဲ့သူငယ်ချင်း စာအတူသင်ရတယ်၊သူကမီးမီးကို ကိုကို့ချစ်သူလိုပဲ ဂရုစိုက်တယ် "
" အို...သူငယ်ချင်းတဲ့လား "
သူငယ်ချင်းလေးဆိုလို့ ငယ်ငယ်ကသူ့ကိုတအား
ဂရုစိုက်တဲ့မင်ဂယူကို တွေးမိသွားသေးတယ်။
ငယ်ငယ်ကဆိုလည်းမင်ဂယူက သူ့ကိုဆိုတအား
ဂရုစိုက်တာ။
" ကူး... "
" ဂယူ...ဒီကိုဘာလာလုပ်တာလဲ "
ကလေးလေးနဲ့စကားပြောရင်း ဂယူကရောက်ချ
လာလို့ အံ့ဩသွားခဲ့တယ်။ဘယ်လိုတောင်
ရောက်လာရတာလဲလို့ အံ့အားသင့်စွာကြည့်နေ
ရင်း ဂယူကသူတို့ထိုင်တဲ့ဝိုင်းမှာဝင်ထိုင်ပြီး
ကူးရဲ့ပါးပြင်လေးကို အနမ်းပေးလိုက်တော့
ကူးလန့်သွားတယ်။
ကလေးရှေ့မှာပေးရလားဟု မျက်လုံးဝိုင်းကာ
ကြည့်လိုက်တော့ ဂယူကသွားတက်ပေါ်အောင်
ရယ်ရင်းသူ့အအေးဗူးကိုယူသောက်နေသည်။
ကလေးကိုကြည့်တော့ သူတို့ကိုကြည့်ကာ
ပြုံးလို့။
" ကိုကို့ကိုဒီဦးဦးက ပါးကိုအနမ်းပေးတယ်၊
ကိုကိုပျော်ပြီး ပါးနီရဲသွားတာ... "
ကလေးကစရော ကူးကူးကရှက်သွားကာ
မျက်နှာကိုတစ်ဖက်သို့လှည့်သွားတယ်။
ဂယူကတော့ ကလေးလေးရဲ့စကားကြောင့်
ကူးကိုကြည့်လိုက်တော့ တကယ့်ကို
ရှက်နေတဲ့ ကူးလေး။ဒါကြောင့်မို့ ကူးကိုကြည့်ရင်း
ဂယူစလိုက်သေးသည်။
" ဟုတ်တယ်နော် ဦးဦးနမ်းတော့ ဒီကိုကိုက
ပျော်နေတာဗျာ "
" ဂယူ!ကလေးရှေ့မှာ မဟုတ်တာတွေမပြောနဲ့ "
ကူးကနှုတ်ခမ်းတစ်ချွန်ချွန်နဲ့ ရန်တွေ့သလိုလေး
ပြောလိုက်ရော ဂယူကရယ်ပါတော့သည်။
ကလေးလေးကလည်း သူတို့နဲ့အတူရယ်လို့။
ထို့နောက် ကူးကူးကရှက်ရင်းကနေ သတိတရဖြစ်ကာ ဂယူ့ကိုမေးရသည်။
" ဂယူကဘယ်လိုသိလို့ ဒီကိုရောက်လာတာလဲ "
သူကမေးတော့ ဂယူကပြုံးသည်။ပြီးနောက်
ဂယူကရယ်ရင်းဖြေတယ်။
" ကူးရဲ့Locationကပွင့်နေတာကို၊ကူးဘယ်မှာ
ရှိလဲကိုယ်သိတာနဲ့ စိတ်မချလို့လိုက်လာတာ၊
အခုတော့ စိတ်မချစရာလေးက ဂယူ့ကိုဆူနေ
တာလား "
" မဟုတ်တာ ဆူရတာမဟုတ်ပါဘူူး၊ဂယူက
ဌာနမှူးခိုင်းလို့ပင်ပန်းနေတာကို ကူးရှီဒီလိုကြီး
ရောက်လာတော့ စိတ်ပူတာပေါ့ "
ကူးလေးက ခေါင်းလေးငုံ့သွားကာ စိတ်ပူကြောင်း
ပြောလာတာမို့ ဂယူကပြုံးလိုက်သည်။ခေါင်းလေး
ကိုပွတ်ပေးလို့ရှိရင်း အပြုံးတွေကများလို့။
" မေမေလာပြီ.... "
ထိုအချိန်ကလေးမလေးရဲ့ အမေကရောက်လာခဲ့
သည်။ကလေးမလေးရဲ့အမေရောက်လာတော့
ကူးတို့လည်း ထကာနှုတ်ဆက်တော့ ကလေးမလေးအမေက သူတို့ကိုအားနာသလို
စကားဆိုလိုက်တယ်။
" ဒီကမောင်လေးတို့က အစ်မသမီးလေးကို
ခေါ်ပေးထားတာ ကျေးဇူးတင်ပါတယ်နော် "
" မဟုတ်တာရပါတယ်၊နောက်ဆိုရင်သာ
ကလေးလေးကို ကားလမ်းကူးဖို့မတက်သေး
တာတောင် တစ်ယောက်ထည်းမလွှတ်ပါနဲ့နော်၊
ကားတွေကအရမ်းအန္တာရယ်များတယ် "
ကူးက ကလေးမလေးကိုကြည့်လျက်ဆိုတယ်။
ကလေးမလေးရဲ့အမေက ကူးတို့ကိုကြည့်ရင်း
သူမခါးကိုဖက်ထားတဲ့ သူ့သမီးလေးကို
ငုံ့ကြည့်ကာ
" ဟုတ်ကဲ့ပါ၊အစ်မလည်း သတိမထားမိလိုက်တာ
သမီးကိုမအားတော့ အချိန်မပေးနိုင်တော့ သွားတက်လားမေးပြီး လွှတ်လိုက်တာ၊တကယ်
အစ်မရဲ့အမှားပါ မောင်လေးရယ် "
" ဖြစ်တက်ပါတယ်နော်၊ကလေးကိုတော့ ဒီတစ်ရက် ကျောင်းမလွှတ်နဲ့တော့ပေါ့၊အရမ်း
လည်းနောက်ကျနေပြီလေ "
ကူးကဆိုတော့ သူ့အမေကလက်ခံသည်ဖြင့်
ခေါင်းညိမ့်ပြသည်။ပြီးတော့ အမေဖြစ်သူက ကလေးမလေးကိုကြည့်ကာ ကိုကိုတို့ကို
နှုတ်ဆက်လိုက်ဦးဆိုသည့်အထာပြသည်။
" ကိုကို မီးမီးသွားပြီနော်၊ဦးဦးတာ့တာနော် "
ဂယူနဲ့ကူးက ခေါင်းညိမ့်လို့ပြုံးပြရော နှစ်ယောက်လုံးကိုတာ့တာပြကာ သူ့မိခင်နဲ့အတူ
ထွက်သွားကြသည်။ထိုတော့မှ ဂယူနဲ့ကူးလည်း
ဆိုင်ကနေအထွက် ကူးကတစ်စုံတစ်ခုကို ပျောက်လို့လိုက်ရှာနေတယ်။
ထိုအရာကိုဂယူကလည်း သတိထားမိလို့
မေးလိုက်တယ်။
" ကူးဘာရှာနေတာလဲ "
" ဂယူ...ကူးထမင်းဘူး ပျောက်နေတယ်၊
ကယ်ပါဦး...ဘယ်မှာကျန်ခဲ့လည်းမသိဘူး၊
အိမ်မှာပဲမေ့သွားတာလားမသိ "
ကူးအသည်းအသန်ကိုရှာနေတယ်။မေမေက
ကျွေးတဲ့ထမင်းလိပ်ကိုစားရင်း ထမင်းဘူးကို
သေချာပေါက် သယ်ထုတ်လာခဲ့တာ။သူကိုယ်
တိုင်လည်း လက်ကကိုင်ခဲ့ရဲ့သားနဲ့ကို။
" ဟင့်...ကူးထမင်းမစားရတော့ဘူး... "
ငိုမဲ့မဲ့အသံလေးဖြစ်လာတာမို့ မင်ဂယူတစ်ယောက် ပြာသွားရသည်။
ဘာကြောင့်ဆို သူ့ကူးကငိုလို့ချော့ရင်
ပိုငိုတက်တာမို့ပါလေ။သူ့မှာသည်းနေရတာ။
" ကူး...ဘာမှမဖြစ်ဘူးလေဗျာ၊မငိုပါနဲ့ကွာ၊
ဘာဖြစ်လဲ ကိုယ်နဲ့အတူထမင်းစားမယ်လေ "
" ဟင်...သိလိုက်ပြီ၊ကူးလမ်းမပေါ်မှာ ပြုတ်ကျသွားတာ၊ကူးပြန်ရှာလိုက်ဦးမယ် "
သူမရှာလို့မဖြစ်ပါ၊ထိုထမင်းဘူးလေးက
သူသိပ်ကြိုက်လို့ဆိုပြီး ဂယူကဝယ်ပေးထားတာ။
ဒါကိုပျောက်သွားအောင် သူလုပ်မိတဲ့အတွက်
တွေ့အောင်ရှာရမည်လေ။
" ကူး မရှာနဲ့တော့လေဗျာ၊ဂယူနဲ့အတူသာ
ထမင်းစားမယ်လို့၊အပြန်ကြဆိုင်တစ်ခုမှာ
ကူးကြိုက်တဲ့ထမင်းဘူးလေး ကိုယ်ပြန်ဝယ်
ပေးမယ်၊နေလည်းပူတော့မယ် ကိုယ်တို့
သွားကြရအောင် "
" ထမင်းဘူးလေးနှမြောစရာကြီးကို...
ကူးနှမြောလိုက်တာ ဂယူရယ် "
ကူးလေးကပျောက်သွားတဲ့ထမင်းဘူးလေး
အကြောင်းတွေးမိတော့ စိတ်မကောင်းဖြစ်စွာ
ဖြေတယ်။ဂယူမှာမူ စိတ်မကောင်းဖြစ်နေတဲ့
ကူးရဲ့ပုခုံးကိုဖက်ကာ စကားဆိုတယ်။
" ဘာမှမနှမြောပါနဲ့ ကူးရယ်၊ဂယူက ပြန်ဝယ်ပေးမယ်၊ဟုတ်ပြီလားဗျ၊ကိုယ်တို့
သွားကြရအောင်လေ "
" အင်း...ပူလိုက်တာ၊နေတောင်ထွက်လာပြီပဲ "
ဆိုင်ထဲကနေထွက်ရော ကူးကပူတယ်လို့ ပြောလိုက်သည်နှင့် မင်ဂယူကသူ့လက်ဖဝါးဖြင့်
ကူးမျက်နှာကိုလုံအောင် ကာပေးလေတယ်။
သည်တော့ ကူးမှာသူ့ချစ်သူလုပ်ပေးတာကြောင့်
ပြုံးလိုက်ရင်း ပါးကိုအနမ်းပေးလိုက်သည်။
" မွ ! ဂယူတော်လို့ ကူးကအနမ်းပေးတာ "
ကူးကအနမ်းပေးရော ဂယူ့မျက်နှာထက် အပြုံးတွေဆာကာ လက်ကာပေးထားတဲ့
အတိုင်းလေး ကူးမျက်နှာကိုကာကာ ရုံးသို့အတူ
သွားရန်ဘက်စ်ကားမှတ်တိုင်သို့ ထွက်လာခဲ့ကြသည်။
ဒီလိုပါပဲ!ကူးဆိုသည့်အချွဲပိုလေးတော့ မင်ဂယူနဲ့ဆို အရမ်းချွဲတက်တဲ့ကလေးလေးပါပဲ။
~
ထယ်ယောင်းက အလှလေးနဲ့တွေ့ပြီးနောက်
ခြေဦးတည်ရာကိုသာ ထွက်လာခဲ့လိုက်ရင်း
တစ်ခုခုကိုသတိရမိတယ်။ဆံပင်အရောင်ပြောင်း
ဖို့အမေရိကားမှာထည်းက စဉ်းစားထားပေမဲ့
နောက်ပိုင်းမှ ကျောင်းကိစ္စတွေရှုပ်နေတာမို့
ဒီရောက်မှသာ လုပ်ဖြစ်သည်လေ။
ဒါကြောင့်မို့ဦးတည်ရာက ဆံပင်အရောင်ပြောင်းဖို့သာ။
ခဏအကြာသူဆိုင်ကိုရောက်တော့ ဆိုင်ထဲဝင်တာနှင့် တံခါးဖွင့်ပေးကြပြီး ဆိုင်တံခါးနားမှာ ဝန်ထမ်းနှစ်ယောက်က
သူ့ကိုတံခါးဖွင့်ပေးကာ နှုတ်ဆက်ကြသည်။
" ကြိုဆိုပါတယ် သူဌေးလေး "
အသိမှတ်ပြုသလိုလေး ခေါင်းညိမ့်ကာ
သီးသန့်နားနေခန်းနေရာတစ်နေရာမှာ ဝင်ထိုင်လိုက်တယ်။ပြီးနောက် ခုနက
တွေ့ခဲ့တဲ့အလှလေးအကြောင်းကို
ပြုံးလို့စဉ်းစားနေမိသည်။
ပထမဦးဆုံးရင်ခုန်မိသော အလှလေး။
ရင်ခုန်မိလို့ ပထမဦးစွာသူလေးကို
စကားအပြောအဆို နူးညံ့စွာပြောလိုက်တာကို
သူလေးဘက်မှ ခပ်ချေချေလေးပြောတယ်။
ကြည့်ရတာတော့ မာနကြီးတဲ့ပုံလေးပဲ။
စကားပြောပုံလေးကအစ တင်းမာနေတဲ့
ပုံစံလေးလေ။
ပြီးတော့လည်း အထင်အရှားဆုံးကတော့
သူ့ကိုမျက်စောင်းထိုးပြပြနေတဲ့ အလှလေးရဲ့
မျက်စောင်းလေး။သူမျက်နှာလေးကို အလွတ်
မှတ်ထားမိတယ်။
ဘဝမှာပထမဆုံးရင်ခုန်မိတဲ့ အလှလေးမို့
သူလက်လွှတ်မခံနိုင်ဘူး။တွေ့အောင်ရှာမယ်။
အလှလေးရဲ့အချစ်ကို ရအောင်ယူမယ်လေ။
ဒါမှကင်မ်ထယ်ယောင်းရဲ့ အပိုင်ဖြစ်လာမှာ။
" အလှလေးကိုစတွေ့ထည်းက ကိုယ့်အပိုင်လို့
သတ်မှတ်ထားလိုက်ပြီ ဟက်... "
ထယ်ယောင်းသူ့အတွေးနဲ့သူ တွေးနေရင်း
သည်ကနေ့ကျကျန်ခဲ့တဲ့ အလှလေးရဲ့
ထမင်းဘူးအကြောင်းကိုတွေးမိတော့
အလှလေးက အလုပ်ခွင်ဆင်းသည့်ပုံပင်။
သည်နေ့ထမင်းဘူးမပါတော့ နေ့လည်ကြ
ဗိုက်ဆာနေမလားဆိုသည့် အတွေးလေးက
ထယ်ယောင်းရင်ထဲစိုးမိုးနေရော။
ကင်မ်ထယ်ယောင်းဆိုသည် ဘယ်သူ့ကိုမှ
ဂရုမစိုက်တက်သလို၊နိုင်ငံခြားမှာကျောင်း
တက်တုန်းကလည်း သူငယ်ချင်းတောင်
တစ်ယောက်ထည်းရှိ၊ဒါတောင် သူ့ကို
ဒီဟန်းဂုက သူငယ်ချင်းတွေလောက်
စိတ်ရော၊ကိုယ်ပါ မပေါင်းခဲ့ပါ။
ဒါဟာပထမဆုံးပါပဲ!လူတစ်ယောက်ကို
ကင်မ်ထယ်ယောင်းက စိုးရိမ်ပူပန်ပေးတာ။
ဘာကြောင့်ဆို စိုးရိမ်ပူပန်နေတဲ့အလုပ်က
သူ့စတိုင်လ်လည်းမဟုတ်!
သူအတွေးထဲရောက်နေတုန်း ဆိုင်ရှင်က
လာရောက်မေးတာမို့ ထယ်ယောင်းက
တွေးနေရင်းကနေ မျက်နှာထားတည်ကာ
သတိဝင်လာခဲ့တယ်။
" သူဌေးလေး ဘာများပြင်ဆင်ချင်လဲဗျ "
ယခုနကနဲ့မတူပြုံးနေသော မျက်နှာထားက
ဆံပင်ညှပ်သည့်ကောင်လေးက လာမေးရော
မျက်နှာထားတည်ကာ ဆိုဖာ၌ခြေချိတ်ထိုင်လို့
ဖြေလာတယ်။
" ဒီအတိုင်းငါ့နဂိုဆံပင်အညိုရောင်ကို
ရွှေရောင်ဆံပင်ပြောင်းပေး ဒါပဲ "
" ဟုတ်ကဲ့ ဒီဘက်ကိုကြွပါခင်ဗျ၊သူဌေးလေးက
ခန့်ညားတဲ့သူမို့ ရွှေရောင်ဆံပင်နဲ့လိုက်ဖက်__ "
" ငါခန့်ညားတာငါသိတယ်၊စကားကို
အပိုမပြောဘဲ ငါ့ကိုသာအမြန်လာပြင်ပေး "
ပြောပြီးသည်နှင့် ရှေ့ကနေထွက်သွားခဲ့သည်။
ထယ်ယောင်းရဲ့ခပ်ချေချေပုံစံကြောင့် ကောင်လေးက စကားအပိုပြောမနေဘဲ
တိတ်သွားကာ ဆံပင်လုပ်ပေးဖို့လိုက်ရတယ်။
ခဏအကြာ....!ထယ်ယောင်းရဲ့ ဆံပင်အရောင်ဟာ ရွှေရောင်အဖြစ်သို့
ပြောင်းသွားပြီ။လိုက်ဖက်သည်!
သူ၏နဂိုအသားအရောင်ဟာ Honey Skin!
ဒါတောင်ထပ်တိုးရွှေရောင်ဆိုးလိုက်တာကြောင့်
ခန့်ညားတောက်ပနေတဲ့ ကင်မ်ထယ်ယောင်းဟာ
ပိုလို့ကို တောက်ပသွားတော့တယ်။
မှန်ထဲကကိုယ့်ပုံကိုကြည့်ရင်း သဘောကျလို့
Mirror Selfieရိုက်ရင်း ပုံကိုသိမ်းထားတယ်။
ပုံတင်ပြီးလအကြာမှရိုက်တင်တာက သူ့အကျင့်မို့။
" အစ်ကိုထယ်လားဟင်.... "
ထယ်ယောင်းသူ့ဆံပင်ကို သဘောကျလို့ကြည့်
နေတုန်းရှိသေး ကောင်လေးတစ်ယောက်က
သူ့ကိုကြည့်လို့ခေါ်လာတယ်။သူကြည့်လိုက်ရော
ကောင်လေးက ငယ်ငယ်သေးသေးလေး။
ဆံပင်အဝါရောင်ကထင်နေပြီး သူ့ကိုပြုံးလို့
လာနှုတ်ဆက်နေတာ။
သူအကြည့်တစ်ချက်သာပို့ပြီး ဘယ်သူလဲမသိ
တာမို့ ဖုန်းပြန်ကြည့်နေတယ်။ဒါတောင်
ထိုကောင်လေးက သူ့ပုခုံးကိုလာထိတယ်။
ချက်ချင်းပုခုံးကိုကိုင်ထားတာကိုသိလို့
ပုခုံးကိုရွှေ့ချလိုက်သည်။
" မင်းကဘယ်သူလဲ!ငါ့ကိုဘာလို့ထိတာလဲ! "
ထယ်ယောင်းရဲ့ဩရှရှအသံကြီးဟာ ဒေါသထွက်လျှင် ပိုသိသာလာတယ်။
ပိုအသံဩလာပြီး ကျယ်လောင်တာကြောင့်
ထိုကောင်လေးအပြင် ဆိုင်ကတစ်ချို့သူတွေပါ
လန့်သွားကြသည်။
သို့သော် လန့်နေသောအသံကိုထိန်းလို့
ထယ်ယောင်းကို ပြုံးလို့စကားစတယ်။
" အစ်ကိုထယ်ကလည်း ကျွန်တော်လီယမ်လေ၊
ကျွန်တော်တို့Barတစ်ခုမှာ စုံဖူးတာလေ၊
ကျွန်တော်မူးပြီးအစ်ကို့အသားကို လာထိတာ
အစ်ကို့ကိုအဲ့ထည်းက တောင်းပန်ဖို့__ "
" မတောင်းပန်နဲ့!ငါကအရေးမကြီးတာတွေကို
စိတ်ထဲထည့်မနေဘူး၊ဆံပင်ကပြီးပြီမလား၊
ကျသင့်ငွေရှင်းမယ် လာခဲ့လိုက်! "
ထယ်ယောင်းဆိုသည် စကားခပ်ပြတ်ပြတ်ဆိုလို့
ကျသင့်ငွေရှင်းဖို့ ထိုနေရာမှထွက်သွားတယ်။
ကျန်ခဲ့တဲ့လီယမ်ကတော့ ထယ်ယောင်းကို
ကြည့်လို့ ပြုံးကြည့်ကာရှိနေသည်။
ထိုနေ့က ထောင့်နားမှာတစ်ယောက်ထည်း
သောက်နေတက်တဲ့သူ့ကို သဘောကျမိလို့
မူးဟန်ဆောင်ကာ သူ့အပေါ်ပြစ်လှဲချတာ။
အစ်ကိုထယ်ယောင်းက ဒါတောင်သူ့ကို
တစ်ချက်ကလေးမျှတောင် မကြည့်ဘဲ
ထွက်သွားခဲ့တာ။ဒါပေမဲ့ အစ်ကိုထယ်ယောင်းရဲ့
အကြောင်းတွေကိုစုံစမ်းမိတော့ သူတက်နေတဲ့
ကျောင်းမှာအတူတူဆိုလို့ ပျော်သွားရတာ။
နာမည်ကအစ Victoryတဲ့။ကျောင်းတူတာက
Harvard Universityချင်းတူတာမို့ တိတ်
တိတ်လေးလိုက်နေခဲ့တာ။ဟန်းဂုကိုပြန်လာနေပြီ
ဆိုလို့ သူပါလိုက်လာခဲ့တာ။တကယ်တော့ သူကလည်း အမေရိကားနဲ့ဟန်းဂုစပ်ထားတဲ့
ကပြားမို့ ဒယ်ဒီ့အလုပ်တွေကနေတစ်ဆင့်
အစ်ကိုထယ်တို့မိသားစုကိုဆက်နွှယ်ရမည်။
သူအတွေးနဲ့သူရှက်ပြုံးလေးပြုံးကာ
" အစ်ကိုထယ်က သိပ်ချောလို့လီယမ်က
သဘောကျတယ် "
သူကတော့သဘောကျလို့ဆိုလိုက်ပေမဲ့
ကင်မ်ထယ်ယောင်းရဲ့ စိတ်ထဲမှာတော့
ဒီထက်လှတဲ့နှလုံးသားလေးက
စိုးမိုးထားတာဆိုတာ ဘယ်သိပါ့မလဲ။
~
ထယ်ယောင်းဆံပင်အရောင်ပြောင်းပြီးနောက်
ကားကိုသာ လျှောက်မောင်းနေတော့တယ်။
အတွေးထဲမှာလည်း မနက်ကတွေ့တဲ့အလှ
လေးကိုတွေ့ချင်တာမို့ တပည့်ဖြစ်တဲ့ဟန်ဝူကို
အလှလေးပုံကိုမပြဘဲ ဆိုးလ်မြို့တစ်မြို့လုံးကို
သူကိုယ်တိုင်သာ ပတ်ရှာချင်သည်။
ကားကိုပတ်မောင်းနေရင်း လက်ကနာရီကိုငုံ့
ကြည့်တော့ အချိန်ဟာနေ့လည်လောက်ရှိပြီမို့
နမ်ဂျွန်ပိုင်တဲ့ဟိုတယ်မှာ နေ့လည်စာစားရင်း
အစ်ကိုဆော့ဂျင်ကိုပါ နှုတ်ဆက်လို့ရတာပေါ့။
နာရီကိုကြည့်ရင်းကနေ ထယ်ယောင်းက
အတွေးထဲဝင်လာတဲ့ အလှလေးကြောင့်
ပြုံးမိပါရော။
ပြောပုံလေးက တကယ့်ကိုချစ်စရာအတိ။
ကိုယ်ကတော့ သူဘာများဖြစ်သွားမလဲလို့
နူးညံ့သလိုလေးမေးတာကို ဖြစ်နေပုံလေးက
သူ့ကိုအခုထိ ပြုံးစေတာ။
ဘယ်လိုတောင်ပြောတာထင်လဲ?
' မထိဘူး၊မလိုဘူး၊နောက်ဆိုရင် ကားကို
ကြည့်မောင်းပါ၊လူတိုင်းသွားလာနေတာ၊
ကလေးလေး သွားရအောင်နော်၊ကားလမ်း
ကူးပေးမယ် 'တဲ့လေ။လူလေးကမာနကြီး
နေတဲ့ပုံစံလေး စကားပြောပုံလေးကအစ
သိပ်စွာပါတယ်။ဒါကြောင့်လည်း အလှလေးက
သူ့ကိုပြုံးအောင်စွမ်းဆောင်နိုင်တာ။
ထပ်တွေ့ချင်မိပါတယ်။ထပ်တွေ့လို့ကတော့
သူတစ်သက်လုံးရှိလာတဲ့ imageတွေအားလုံးကို
ပယ်ဖျက်ပြီး အလှလေးနဲ့နီးစပ်အောင်ကြိုးစား
ရမည်။
" အလှလေးက ကိုယ့်ကမ္ဘာထဲဝင်နေပြီ၊အပိုင်
ဖြစ်ဖို့ပဲ လိုက်ရှာရတော့မယ်၊မနက်ထည်းက
အသည်းယားစရာဖြစ်အောင် လုပ်သွားပြီး
တာဝန်ယူခိုင်းမှဖြစ်တော့မယ် "
သူ့အတွေးကိုပြန်သဘောကျလို့ ရယ်နေရင်း
သူ့ထိုင်သည့်ထိုင်ခုံဘေးက Lover Seatပေါ်က
အလှလေးရဲ့ထမင်ရဘူးလေးကိုကြည့်ကာ
သက်ပြင်းချမိပါတယ်။
" အလှလေးဗိုက်ဆာနေတော့မှာပဲကွာ "
သူကတော့ အလှလေးအတွက်စိုးရိမ်ပူပန်နေပေမဲ့
သူစိုးရိမ်နေတဲ့အလှလေးကတော့ ချစ်သူဂယူက
ခွံ့ကျွေးတာကို စားနေရသည်လေ။
" ဂယူအရွက်လေးများများလေးရောပေးပါ "
" ကောင်းပါပြီဗျာ "
Kim Victoryရဲ့ကုမ္ပဏီက သူတို့ဌာနရဲ့ သီးသန့်ကန်တင်းနားနေခန်းမှာ အစားစာတွေ
မှာယူကာ သူတို့အဖွဲ့ကသီးသန့်စားနေကြသည်။
ဒီနေ့တော့ကူးလည်း ထမင်းမပါလာတာရော၊
ဌာနကဝန်ထမ်းတွေလည်းနောက်ကျတာမို့
ထမင်းကိုသာမှာလိုက်ကြတယ်။
" အောင်မလေး ဂျောင်ဂုလေးကခွံ့ကျွေးရမဲ့သူ
ရှိနေတော့ နှစ်ကိုယ်တစ်စိတ်တွေဖြစ်နေတာ၊
ဟွန်း ! မနာလိုတယ်နော် ! "
ဌာနမှူးလက်ထောက်ဖြစ်တဲ့ အစ်မဂန်ယူရီက
ကူးလေးကိုကြည့်ကာ အားကျဟန်ဖြင့် စနောက်လေတယ်။ကူးကတော့ သူ့ပါးစပ်ထဲ ပလုတ်ပလောင်းဖြစ်နေတာမို့ အားကိုးရာ
သူ့ရဲ့ဂယူကို မေးလေးငေါ့လို့ပြောပြနေတယ်။
ဂယူကတော့ ကူးလုပ်သမျှကိုသဘောကျလို့ကို
ပြုံးနေတာ။ဒါကိုအစ်မယူရီက အမျက်မမြည်သောမျက်စောင်းထိုးကာ
" တွေ့လား!သူ့မှာအားကိုးရှိနေတော့ ကျွန်မကို
ပြောဖို့သူ့အပိုင်ကို တိုင်နေတာ "
" အစ်မလည်းထားသင့်နေပါပြီနော်၊အပျိုကြီး
လုပ်နေရတယ်ဆို စိတ်မပူပါနဲ့၊မောင်လေးက
အစ်မယူရီအတွက် အသင့်ရှိတယ် "
" နင်မပါဘူး...အရူးကောင်! "
" သနားပါတယ်၊ပြောပြန်ပြီဗျာ "
ဂယူဘေးကကူးကိုစနောက်နေတာကို အစ်မယူရီဘေးက အလိုက်မသိတဲ့ဂျွန်ဆော့က
ဝင်စသည်။ထိုသည်ကို ဂျောင်ဟွန်းက
ဂျွန်ဆော့အစား ပြောပေးတယ်။
ဂျွန်ဆော့က အစ်မယူရီကို ကြိုက်နေတာ ဖြစ်သည်။ဒါကြောင့်လည်းရတဲ့နေရာ၌
အခွင့်ကောင်းယူကာ ဝင်ဖလစ်သေးတာ။
" တော်ကြပါတော့ဗျာ၊အစ်မတို့စကားများရင်
ကူးအစားပျက်တယ် "
မင်ဂယူက သူလည်းစားရင်းသူ့ကူးကိုလည်း
ခွံ့ကျွေးရင်းကနေ အစ်မယူရီကိုစနောက်ပြန်
တယ်။
" ပိုလိုက်တာ ကင်မ်မင်ဂယူရယ်!ကျွန်မလည်း
ထမင်းစားရမှာပါပဲ၊ထမင်းနင်အောင် ရှင်လေးတို့
သိပ်မလုပ်ပါနဲ့! "
" အစ်မယူရီနော်!ကူးရဲ့ဂယူကို အဲ့လိုမပြောနဲ့၊
မကျေနပ်ရင် အစ်ကိုဂျွန်ဆော့ရှိတယ် ပြန်ကြိုက်လိုက်လေ "
ကူးကထမင်းစားတာဝရော ဂယူ့ကိုပြောလို့
ဆိုကာ အစ်မယူရီကိုစွာပါသေးတယ်။
အစ်မယူရီကတော့ အမျက်မမြည်တဲ့
မျက်စောင်းထိုးကာ
" အမလေး..လိုက်ဖက်ပါတယ်ရှင်၊မင်ဂယူရော
ဂျောင်ဂုလေးကရော ကိုယ့်အစ်မကိုဝိုင်းနှိမ်နေ
ကြတာ ကျွန်မ မပျော်တော့ဘူးရှင် "
အစ်မယူရီစကားကြောင့် ဂယူတို့အားလုံး
သဘောကျကာရယ်လိုက်ကြသည်။သူတို့
ဌာနက တင်ပြလာတဲ့ဒီဇိုင်းတွေသီးသန့်ကို
စီစစ်ပေးပြီး ကိုယ်စားလှယ်တွေထံသို့
သီးသန့်ပို့ချပေးရတဲ့ ဌာနဖြစ်တယ်။
ပိုလည်းအလုပ်ရှုပ်ရသလို၊တစ်ခုမှားရင်
ဌာနမှူးကရှယ်ဆူတာဖြစ်တယ်။
သူတို့ဌာနမှာတော့ ဌာနမှူးကအကြီးဆုံးဖြစ်၏။
ယောကျာ်းလေးကဆို ဌာနမှူးရယ်၊
ဂျွန်ဆော့ရယ်၊ဂျောင်ဟွန်းရယ်၊
မင်ဂယူနဲ့ကူးတို့သာရှိပြီး မိန်းကလေးဆိုလို့ အစ်မယူရီနဲ့အစ်မယွန်းဟယ်တို့သာရှိပါသည်။
ထိုထဲတွင်တော့ ဂယူနဲ့ကူးကအငယ်ဆုံးမို့ အကုန်လုံးကပျော်ပျော်ရွှင်ရွှင်နဲ့ပင်
အလုပ်လုပ်ကြရသည်။
အစ်မယူရီကအနေပျော် စနောက်တက်သလို၊
အစ်ကိုဂျွန်ဆော့မှာလည်း ပျော်ပျော်နေတက်ပြီး
စနောက်တက်ကြသည်။ကျန်တဲ့အစ်မယွန်းက
ဒီကုမ္ပဏီဆိုသည်ထက် ဒီဌာနရဲ့သတင်းပေးဖြစ်
ပါတယ်။အစ်ကိုဂျောင်ဟွန်းကတော့ အလုပ်ဆို
သေချာကြိုးစားတက်ပြီး ပျော်ပျော်နေတက်
သည်။
" အစ်မယူရီရေ ညီမသတင်းထူးပါလာတယ်!!
အရမ်းအရေးကြီးတာနော်!ဒီသတင်းက ညီမက
ဒီဇိုင်းဌာနကကြားလာခဲ့တာ "
ပြောရင်းဆိုရင်းရောက်ရှိလာပါပြီ။
သတင်းထောက်များလုပ်စားရင် ကျော်ကြားမည့်
အစ်မယွန်းဟယ်ပင်ဖြစ်သည်။
" ဘာကြားလာတာလဲ၊နင့်မလည်း ထမင်းတောင်
မစားနိုင်ဘဲ သွားစပ်စုလာတယ်၊ပင်ပန်းနေမယ်
ရော့...ညီမလေးရေသောက်ဦး "
ဂျောင်ဟွန်းကရေခွက်ထဲကို ရေထည့်ပေးရင်း
ယွန်းဟယ်ထံကမ်းပေးသည်။ယွန်းဟယ်မှ
အမောတကောဖြစ်နေတာမို့ ရေကိုတစ်ချိုင့်ထဲ
မော့သောက်ကာ သက်ပြင်းချကာဖြေသည်။
" မနက်ဖြန်ကြ အခုထွက်မဲ့ဒီဇိုင်းအသစ်လေ၊
ကျားသစ်ဖြူဆိုတဲ့ခေါင်းစဉ်နဲ့ မော်ဒယ်ရိုက်ဖို့ကို
ဥက္ကဌကြီးရဲ့သားက မော်ဒယ်လုပ်မှာတဲ့၊အဲ့
သတင်းက ညီမတို့တစ်ကုမ္ပဏီတစ်ခုလုံးကို
ပျံ့နှံ့လို့၊ညီမမှာလေ အံ့အားသင့်နေတာ၊
သူ့အတွက်ဆို ဝတ်စုံကိုသီးသန့်လေမှန်ဘောင်ထဲ
ထည့်ထားတာ၊ညီမကြည့်လာတယ်..တကယ်
အရမ်းမိုက်တာ! "
အစ်မယွန်းဟယ်က အံ့အားသင့်သလိုလေး
စိတ်လှုပ်ရှားစွာပြောပြနေတယ်။ဂယူရောကူး
ရောဂျွန်ဆော့တို့ကပါနားထောင်ပြီး သူမရဲ့စကားကို
အံ့ဩနေကြသည်လေ။
" ငါတို့လည်းဥက္ကဌကြီးရဲ့သားကို တစ်ခါမှမမြင်
ဖူးတော့ စပ်စုရအောင်လေ မနက်ဖြန်ကြ လာမှာမလား၊ငါတို့သွားစပ်စုရအောင်၊ဥက္ကဌက
သားရှိတယ်သာပြောတာ၊ဘယ်လိုပုံစံရှိကြောင်း
မထုတ်ပြဘူးလေ "
" အစ်မတို့ကလည်း အဲ့နေ့ကြအလုပ်ရှုပ်မှာကို
လာပြီးတော့ စပ်စုကြဦးမယ်၊သူလည်းလူပဲ "
ကူးကခပ်ပြုံးပြုံးလုပ်ကာဖြေတော့ အစ်မယွန်းဟယ်က မျက်စောင်းထိုးကာ
" ကျွန်မတို့မှာက ရှင်လေးလိုကြည့်စရာသူမှ
မရှိပဲ၊အဲ့တော့ဥက္ကဌကြီးရဲ့သားကိုပဲ သွားစပ်စုရမှာပေါ့ဟယ် "
အစ်မယွန်းယယ်ကပြောတော့ ကူးကသူ့ဂယူရဲ့
ပုခုံးကိုခေါင်းမှီလို့ လက်မောင်းကိုချိတ်တွယ်ရင်း
ဂယူ့ကိုမော့ကြည့်ကာ စကားဆိုတယ်။
" ကူးအတွက်တော့ ဂယူကအချောဆုံးပါနော်၊
ဂယူကလွဲကူးက ဘယ်သူ့ကိုမှမကြည်ဘူး...
ခစ်ခစ်...နော်..ဂယူနော်... "
" ဟုတ်တာပေါ့၊ကူးက ဂယူ့ကိုပဲကြည့် "
ကူးရဲ့စကားကိုသဘောကျတာမို့ ဂယူက
သွားတက်တွေပေါ်အောင်ရယ်လိုက်ပြီး ပါးဖောင်းလေးကိုခပ်ဖွဖွကိုင်ကာ
ဖြေတော့ အရှေ့ကအစ်မနှစ်ယောက်ရယ်၊
ဂျွန်ဆော့က ရယ်လိုက်ကြတယ်။
" အေးပေါ့၊သူ့ရည်းစားက အရပ်ရှည်တာကို "
အစ်မယူရီရဲ့စကားကြောင့် ပိုသဘောကျကာ
ရယ်ကြစဉ် ကန်တင်းထဲဌာနမှူးကလာနေတာကို
မတွေ့ခဲ့ကြပေ။ဟိုကအနားကိုကပ်ရင်း
ချောင်းဟန့်သံပေးကာ
" အဟမ်း...အခန်းထဲမင်းတို့အသံကြီးပဲ၊
ခဏနေကြ အလုပ်စလုပ်ကြမယ်၊မနက်ဖြန်
အလုပ်ပိုရှုပ်မှာ၊သတင်းကိုလည်း အာဂျီးမားယွန်းဟယ်ရှိက ကြားပြီးမှာပဲ၊
မြန်မြန်အပြီးသတ်ဖို့ လုပ်ကြတော့ "
" ဟုတ်ကဲ့ "
အားလုံးကစကားကိုနားထောင်သလို နာခံရော
ဌာနမှူးကထွက်သွားမှ ထမင်းမြန်မြန်စားကာ
အလုပ်ကိုစလုပ်ဖို့ စတင်ကြရပါသည်။
~
ညနေရောက်တော့ ကူးတို့ကအလုပ်ပြီးသွားပေမဲ့
မနက်ဖြန်အတွက်အရေးကြီးတဲ့ ရှုတင်အပိုင်းကို
စီစစ်ပေးဖို့လူကမအားလို့ မင်ဂယူရော အစ်မယွန်းဟယ်ရယ်၊အစ်ကိုဂျောင်ဟွန်းပါ နေခဲ့ရမှာဖြစ်တယ်။
" ဒီနေ့ကိုယ်တို့နှစ်ယောက်အတူပြန်မယ်ဆို
တစ်ခုမဟုတ်တစ်ခုဖြစ်နေရောကွာ၊ဒီနေ့တော့
အစ်ကိုဂျွန်ဆော့နဲ့အစ်မယူရီနဲ့ အတူပြန်နော် "
ဂယူကသူ့ကူးရဲ့လက်ဖွေးဖွေးလေးကိုကိုင်လို့
စိတ်ပူကာ စကားဆိုနေတယ်။ကူးကတော့
သူ့ချစ်သူကစိတ်ပူနေတဲ့ပုံစံကိုမြင်လို့ ပြုံးနေတော့
ဂယူမှာပိုလို့ကို စိတ်ပူပြပါသည်။
" ကူးရာ မပြုံးနဲ့လေကွာ၊အစ်မယူရီနဲ့ အစ်ကိုဂျွန်ဆော့က ကူးကိုဂရုစိုက်ပေးပါ၊
အိမ်ထိပို့ပေးဖို့ တောင်းဆိုပါတယ် "
" ပူမနေနဲ့!ဂျောင်ဂုလေးကို ဘယ်သူ့မှမဆွဲဘူး "
အစ်မယူရီကို လက်ပိုက်ရင်းစနောက်လိုက်တော့
မင်ဂယူက မကြည်သလိုကြည့်ကာစပြန်သည်။
ပြီးနောက် အစ်မယူရီကိုကြည့်ကာ
" ကျွန်တော့်ချစ်သူက အစ်မထက်ပိုလှနေလို့
စိတ်မချတာ၊ကျွန်တော်ပြောပါသေးတယ်၊
အစ်ကိုဂျွန်ဆော့ ဒီအပျိုကြီးကိုဘာကြည့်
ကြိုက်တာလဲလို့လေ "
" ကျွန်မကိုပြောရက်လိုက်တာရှင်...အမလေး..
ချစ်သူနှစ်ယောက်လုံး လိုက်ပါပေ့ "
" ဟေ့မင်ဂယူ..ငါ့မမကချောပါတယ်ကွာ "
အစ်ကိုဂျွန်ဆော့ကပါ ဝင်ထောက်တော့
ကူးလေးကရယ်နေသည်။ဒီလိုပါပဲ။
သူတို့ဌာနကသူတွေနဲ့က ပျော်ပျော်စကြတာ။
" အရမ်းကြာတယ်၊အထဲဝင်တော့နော် ဂယူ..
ပြန်ရောက်တာနဲ့ဖုန်းဆက်လိုက်မယ်၊ဂယူလည်း
ကူးကို ပြန်ရောက်တာနဲ့ဖုန်းဆက်ပါ၊ကူးကို
စိတ်ချလိုက်ပါ "
" မွ!ကိုယ်တကယ်စိတ်ချတယ် "
နဖူးလေးကိုနမ်းကာနှုတ်ဆက်ပြီးနောက်တွင်
ကူးလေးတို့က အရင်ဆုံးအလုပ်ဆင်းကြသည်။
ထို့နောက်ကူးလေးတို့က ဘက်စ်ကားစီးရန်
မှတ်တိုင်သို့လမ်းလျှောက်ခဲ့ကြသည်။အဲ့မှာပဲ
မိုးကမထင်မှတ်စွာ ရွာကြသည်လေ။
ထိုသည်ကို အစ်မယူရီကလက်ထဲပါလာတဲ့
ထီးဆောင်းကာ ပြောနေတယ်။
" ဟယ်...အကျင့်မကောင်းလိုက်တာ၊ဂျွန်ဆော့
နင်...ဂျောင်ဂုလေးကို ထီးဆောင်းပေးလိုက်၊ငါ့
ထီးကသေးတယ် "
" ရတယ်၊ကူးတို့ ဘက်စ်ကားစီးရတော့မှာပဲ၊
မြန်မြန်ဝင်ပြေးရအောင်လေ မှတ်တိုင်ထဲ "
ကူးလေးကသူ့ခေါင်းကို လက်အုပ်လို့မှတ်တိုင်သို့
အမြန်ပြေးကာ မိုးဝင်ခိုကာကားစောင့်နေကြသည်။
သူတို့ကလည်းကားစောင့်နေသလိုထယ်ယောင်း
မှာနမ်ဂျွန်တို့ရှိကအပြန် မိုးကရွာချလာတာမို့
ရော ကားတွေပိတ်နေလို့ ဒေါသကထွက်ရင်း
ကားစတီရင်ယာဝှီးကိုထုကာ တံခါးဘောင်နား
လက်ထောက်လို့ ဒေါသထွက်နေတယ်။
ဒေါသထွက်နေစဉ် ဘေးဘက်ကိုဝေ့ဝိုက်ကြည့်
မိတော့ ထွက်နေတဲ့ဒေါသတွေတောင်ဘယ်တောင်
ရောက်သွားလည်းမသိခဲ့ပါ။ဘာကြောင့်ဆို
သူရှာနေတဲ့အလှလေးကို နောက်တစ်ခါထပ်တွေ့
လိုက်ပြန်သည်လေ။
" အလှလေး... "
သူနှုတ်မှရေရွတ်ရင်း တမေ့တမောကြည့်နေတယ်။
လှလိုက်တာ။အဝေးကကြည့်နေတတောင် မနက်ကပုံစံနဲ့မတူပဲ သူ့ဘေးနားကလူတွေနဲ့တောင်
စကားပြောနေတာ။အလွန့်ကိုချစ်စရာကောင်း
တယ်။တစ်ခါတစ်ခါစကားပြောရင်းရယ်လိုက်
ရင်အရမ်းကိုလှလွန်းတယ်လေ။
တမေ့တမော့ကိုငေးကြည့်နေစဉ် ဘက်စ်ကား
လာရပ်သည်မို့ အလှလေးကိုမမြင်ရပေ။
ထယ်ယောင်းဒေါသထွက်ကာ ကားစတီရင်ယာဝှီးကို ထပ်ထုလိုက်ပြန်တယ်!
ဒေါသထွက်လိုက်တာကွာ!အလှလေးကိုငေးရင်
တစ်ခုမဟုတ်တစ်ခုကိုဖြစ်ရော!!
ဘက်စ်ကားလည်းထွက်သွားရော ပြန်ကြည့်ရော
အလှလေးကရှိမနေတော့ပေ။ထို့ကြောင့်မို့
ထယ်ယောင်းဟာ ' တောက်စ် ' ခေါက်လိုက်ပြီး
ပိတ်နေတဲ့ကားတွေကိုသာ အပြစ်တင်မိတယ်။
အလှလေးအနားကိုကွေ့သွားဖို့နေရာလည်း
မရှိလို့ကြည့်ရင်းကနေ အလှလေးက
မြင်ကွင်းကနေပျောက်သွားတာ။
ဒါကြောင့်မို့ နောက်ဆုံးတွေးမိသည်က
ဖုန်းကိုထုတ်ကာ သူ၏တပည့်ဖြစ်သူ
ယောင်းဝူကိုအလှလေးရဲ့အကြောင်းကို
ရှာခိုင်းရတော့မည်။ထို့နောက်ဟန်ဝူဆိုတဲ့
နာမည်ကိုနှိပ်လို့ဖုန်းဆက်လိုက်သည်။
ဖုန်းဝင်သွားသည်နှင့်....
" ငါ့ပို့လိုက်တဲ့အလှလေးရဲ့နာမည်နဲ့
သူ့အကြောင်းတွေအားလုံးကို ငါသိချင်တယ်၊
ချက်ချင်းစုံစမ်းလာခဲ့!မနက်ဖြန်သိချင်တယ် "
တီ~
ထယ်ယောင်းကပြောပြီးပြီးချင်း ဖုန်းချကာ
ကားဘောင်ကိုလက်ထောက်လို့ ပြုံးလိုက်ရင်း
ရေရွတ်မိလိုက်သည်။
" အလှလေးနဲ့ကိုယ်ထပ်တွေ့ချင်နေပြီကွာ "
To be continued ~
အလှလေးတို့ Update Doneပါဗျာ !
> >
Continue Reading
You'll Also Like
1.1M 49.6K 95
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
1M 55K 35
It's the 2nd season of " My Heaven's Flower " The most thrilling love triangle story in which Mohammad Abdullah ( Jeon Junghoon's ) daughter Mishel...
664K 40.6K 105
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
3.6K 426 6
Top - KIM TAEHYUNG Bottom - JEON JUNGKOOK VKOOK ကလေးရဲ့ကိုယ်ပိုင်အရိပ်က ကိုယ်ပဲ။ ကေလးရဲ႕ကိုယ္ပိုင္အရိပ္က ကိုယ္ပဲ။