အခန်း ၁၇၂
"လင်ကျစ် ဧကရာဇ်က မင်းကိုဦးဆောင်ပြီး ပုန်ကန်မဲ့လူတွေကို နှိမ်နှင်းမဲ့အဖွဲ့ကို စောင့်ခိုင်းထားတယ်လို့ ကြားတယ်"
လုရှီမင်က ရုတ်တရက် လုလင်ကျစ်ကို မေးလိုက်သည်။ ထိုနည်းအားဖြင့် လုလင်ကျစ်၏ အတွေးများမှလည်း သူက ရုန်းထွက်လာတော့သည်။
"သုံးရက်နေရင် ကျွန်တော်တို့ ထွက်ခွာမှာပါ"
ထိုစကားကိုကြားချိန် ယဲ့ကျန်း၏ မျက်ဝန်းထောင့်များက တောက်ပလာသည်။
ယခင်က သူမက လုလင်ကျစ် တိုက်ပွဲသို့ ထွက်ခွာရန် မစောင့်နိုင်တော့ချေ။ သို့သော် ဒီနေ့မှ လုဝူရွှမ်း၏ ကိစ္စကြောင့် လုလင်ကျစ် သိပ်မကြာခင် ထွက်မသွားရသေးရန် မျှော်လင့်မိသွားသည်။ သူ၏ချစ်ရသော ညီမအကြောင်း သူကဖြေရှင်းသွားသင့်၏။
လုဝူရွှမ်း၏ ကောက်ကျစ်ယုတ်မာမှုကို သိသွားသည့်အလျောက် ယဲ့ကျန်းဟာလည်း ဝမ်ဖေးက သူမကို ဖျက်ဆီးရန် ကြိုးစားနေခြင်းဖြစ်ကြောင်း နားလည်နေသည်။
"ဒါဆိုရင် ပိုကောင်းတာပေါ့။ ဒါ့အပြင် ပုန်ကန်တဲ့နယ်မြေကိုသွားရင်း ကျွန်တော်အနေနဲ့ ဆက်လက် ကုစားသွားလို့ရတယ်။ ဒါကကျွန်တော်အတွက် မပင်ပန်းစေတော့ဘူး"
သူက မတ်တပ်ထရပ်ပြီးနောက် သူ၏ဒဏ်ရာရသွားသော ခြေထောက်က ပိုမိုကောင်းမွန် သက်သာလာပြီဖြစ်ကြောင်း ပြသသည်။ ခြေလှမ်းအနည်းငယ် လျှောက်ခြင်းဖြင့် အားလုံးကလည်း မြင်နိုင်ကြလေသည်။
သို့တိုင်အောင် သခင်မကြီးလုက ပူပင်နေသေးသည်။
"တို့တွေရဲ့မိသားစုက အဲ့ဒီလောက်ထိ အာဏာမလိုအပ်တော့ပါဘူး။ ဘာလိုများ ကျန်းမာရေးထက်ပိုပြီး အရေးကြီးနေမှာလဲ"
"အဘွား ကျွန်တော်ရဲ့ အကန့်အသတ်ကို ကျွန်တော်သိပါတယ်"
လုလင်ကျစ်ကလည်း နှစ်သိမ့်ပေးသည်။
မြေးဖြစ်သူက ဆုံးဖြတ်ချက် ချပြီးကြောင်း မြင်သောအခါ သခင်မကြီးကလည်း မတားတော့ချေ။ ထိုအကြောင်းအရာကို ဆက်လက်ပြီး မပြောဖြစ်ကြတော့ချေ။ ထိုအစား အားလုံး၏ စိတ်အခြေအနေ တိုးတက်သွားစေရန် ယဲ့ကျန်းကိုသာကြည့်ပြီး ဂုဏ်ယူမှုအပြည့်ဖြင့် ပြောလိုက်သည်။
"မယ်တော်ကြီးက တို့တွေရဲ့ယောင်ယောင်ကို အရမ်းသဘောကျတယ်။ ပြောရရင် ဒီကလေးမလေးကိုတောင် နန်းတော်ထဲကို ခေါ်ထားချင်နေတာ"
ဖေးချီကလည်း သမီးဖြစ်သူကို ချစ်မြတ်နိုးစွာ ပွေ့ဖက်လိုက်ပြီး ဂုဏ်ယူသည့် မျက်နှာထားမျိုး ဖြစ်နေသော လုရှီမင်ကို တစ်ချက်ကြည့်သည်။ သူတို့၏ကလေးများ ချီးကျူးခံရသည့်အတွက် ဂုဏ်မယူသော မိဘဟူ၍ မရှိချေ။
"အမေ ယောင်ယောင် နန်းတော်ထဲမှာ ဒီနေ့ စကားအမှားများ ပြောခဲ့မိသေးလား။ ဒီကလေးက အချိန်အများစုမှာ ရူးကြောင်ကြောင်တွေ လုပ်နေခဲ့တာ"
သခင်မလေးလုက ရယ်သည်။
"ယောင်ယောင်က တအားတော်တာ။ မယ်တော်ကြီးက ဘယ်လိုနေနေ ချစ်နေအုံးမှာပဲ"
ဒီညနန်းတော်ထဲကိုဝင်တာ ပြဿနာ ရှိခဲ့သေးတာ မဟုတ်ဘူးလား။ ဒီလိုဆိုရင် ယောင်ယောင်ရဲ့ မျက်နှာက အဲ့ဒီလက်ဝါးရာက ဘယ်က ရောက်လာတာလဲ။
လုလင်ကျစ်က သိချင်စိတ် ပြင်းပြနေသော်လည်း လူအများရှေ့တွင် မမေးခဲ့ချေ။
"ဒါကအမေ့ရဲ့ လမ်းညွှန်ပြသမှုကြောင့်ပဲ ဖြစ်ရမယ်။ မဟုတ်ရင် ယောင်ယောင်က နန်းတော်ထဲကို တစ်ယောက်ထဲ ဝင်သွားမှာကို သမီးတို့တွေ စိတ်မချနိုင်ပါဘူး။ ဒီလိုဆိုရင် တစ်ခုခု အမှားအယွင်း ဖြစ်သွားနိုင်တယ်။ ဒါမှမဟုတ် အမှားအယွင်း လုပ်ခံရတာလည်း ဖြစ်နိုင်တယ်"
ထိုစကားကိုကြားချိန်တွင် သခင်မလေးလု၏ အမူအရာက အနည်းငယ် ပြောင်းသွားပြီး ကိုးယို့ကားယား ရယ်သည်။
ညစာစားပြီးနောက် လုလင်ကျစ်က သခင်မလေးလုနှင့် ဆက်နေခဲ့သည်။
"မင်းစစ်ပွဲကို သွားဖို့ ဆုံးဖြတ်ပြီးပြီလား။ ဧကရာဇ်အတွက် မင်းအများကြီး လုပ်ပေးခဲ့ပြီးပြီ။ သူအခုလို အနေအထားမျိုးရောက်ဖို့ မင်းအများကြီး ပေးဆပ်ခဲ့ရတာ အသက်ကို စတေးဖို့အထိတော့ မရင်းသင့်ဘူးထင်တယ်"
ထိုအချိန်တွင် သူတို့နှစ်ယောက်ကလွဲပြီး မည်သူမျှ မရှိတော့သည့်အတွက် သခင်မလေးလုဟာလည်း သူမ၏ စိတ်ရင်းအတိုင်း ပြောလိုက်သည်။
"ကျွန်တော်က လက်ရှိမှာ လက်ထောက်စစ်ဝန်ကြီး ဖြစ်နေပေမဲ့ ကျွန်တော်တို့ရဲ့ မိသားစုအပေါ် အထင်သေးတဲ့လူတွေက အများကြီးပဲ"
သခင်မကြီး၏ မျက်နှာကလည်း လေးနက်သွားသည်။ သူမကလည်း လုလင်ကျစ်က အမှန်တရားကို ပြောနေကြောင်း သိထားသည်။
"ဒါကရွှမ်းအာအတွက် ဆုံးဖြတ်လိုက်တာလား။ သူနန်းတော်ထဲမှာ ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်အောင်တဲ့လား"
သခင်မလေးလုက အနည်းငယ် မသက်မသာဖြစ်နေသော လေသံမျိုးဖြင့်မေးသည်။
"အဘွား ကျွန်တော်ဝန်ခံပါတယ်။ ဒါက အကြောင်းပြချက်တွေထဲက တစ်ခုပဲ။ ရွှမ်းအာကအခု ဝမ်ဖေးဖြစ်နေပေမဲ့ ဧကရာဇ်က အခြားကိုယ်လုပ်တော်တွေ လက်ခံလိမ့်မယ်။ အခြားကိုယ်လုပ်တော်တွေက ရွှမ်းအာထက်မြင့်တဲ့ အဆင့်အတန်းမှာ ရပ်နေကြရင် သူ့ရဲ့ နန်းတော်ထဲက ဘဝက လွယ်ကူတော့မှာ မဟုတ်ဘူး"
သူ့တွင် ထိုညီမလေးတစ်ယောက်သာ ရှိသည်။
လုဝူရွှမ်းအတွက်မှ မဟုတ်ရင် သူကဘယ်သူ့အတွက် အသက်ကို ရင်းရမှာလဲ။
လုလင်ကျစ်က အသက်ရှင်နေသမျှ ကာလပတ်လုံး လုမိသားစု အသိုင်းအဝိုင်း အတွင်းတွင် မြင့်မားစွာ တည်ရှိနေနိုင်ရန် အရာအားလုံး လုပ်ပေးပေလိမ့်မည်။ ညီမဖြစ်သူက နေရာကို မြဲမြံစွာ ဖမ်းဆုပ်ထားနိုင်ပြီး တော်ဝင်နန်းတော်ထဲတွင် ပျော်ရွှင်စွာနေနိုင်ရန် သူကကြိုးစားပေးချင်သည်။
သခင်မကြီးလုက သက်ပြင်းချသည်။
"မင်းက ဒီမိသားစုက လူတိုင်းအတွက် အများကြီး ပေးဆပ်ခဲ့ပြီးမှန်း တို့သိပါတယ်။ ဒါပေမဲ့ ရွှမ်းအာရဲ့စရိုက်က နန်းတော်နဲ့ မသင့်တော်ဘူး"
"အဘွား ဒီနေ့နန်းတော်ထဲမှာ တစ်ခုခုများ ဆိုးရွားတာ ဖြစ်ခဲ့လို့လား"
လုလင်ကျစ်က နောက်ဆုံးတွင် သူသိချင်သော မေးခွန်းကို မေးလိုက်သည်။
အစပိုင်းတွင် သခင်မကြီးလုက ပြောရန်တုန့်ဆိုင်းနေသေးသည်။ သို့သော် သူမကိုယ်တိုင်လည်း မည်သို့မျှ မကြံစည်နိုင်သည့်အတွက် ထုတ်ပြောလိုက်ရသည်။
"ယောင်ယောင်ရဲ့မျက်နှာလေး ယောင်နေတာကို မမြင်ဘူးလား။ မယ်တော်ကြီးက ပေးလိုက်တဲ့ နှင်းကြာပန်း လိမ်းဆေးဆီကြောင့်သာမဟုတ်ရင် အပြင်ကိုထွက်ပြီး လူတွေနဲ့ တွေ့နိုင်ပါအုံးမလား။ ရွှမ်းအာက သူ့ရဲ့ဝမ်းကွဲကို လုံးဝမစဉ်းစားပေးဘူး။ ဧကရာဇ်က အခြားကိုယ်လုပ်တော်တွေကိုသာ လက်ခံလိုက်ရင် သူတို့ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်မယ်လို့ မင်းထင်လား။ ဒါ့အပြင် ဧကရာဇ်က အနာဂတ်မှာ ဧကရီကို လက်ခံအုံးမှာပဲ။ အဲ့ဒီအချိန်အတွက် ရွှမ်းအာကို စိုးရိမ်မိတယ်"
သခင်မလေးလုက သက်ပြင်းချသည်။
ထိုစကားကို ကြားသောအခါ လုလင်ကျစ်က မျက်မှောင်ကျုံ့သည်။
"ယောင်ယောင်က တိုက်တိုက်ဆိုင်ဆိုင် ဧကရာဇ်နဲ့ ဆုံခဲ့တာလား"
"လင်ကျစ် မင်းကဘာကို ဆိုလိုတာလဲ။ ယောင်ယောင်က ရည်ရွယ်ချက်ရှိရှိနဲ့ ဧကရာဇ်ကို သွားတွေ့မဲ့လူမျိုးလို့ ထင်နေလား။ ယောင်ယောင်ကို မမြင်ဘူးလား။ နန်းတော်က ဒီလောက်ကျယ်တာ သူ့လိုလမ်းမသိတဲ့ အခုမှ ဝင်ကာစ မိန်းကလေးငယ်လေး တစ်ယောက်က ဧကရာဇ်ရှိတဲ့နေရာကို တိုက်တိုက်ဆိုင်ဆိုင် သွားတွေ့ရလောက်အောင် လွယ်တယ်လို့များ ထင်နေလား"
သူ၏မေးခွန်း၏ လေသံက အနည်းငယ် မြင့်သွားခဲ့သဖြင့် သခင်မကြီးလုဟာ သူမ၏ အပြစ်ကင်းစင်သော မြေးမလေးအတွက် သနားစိတ်ဝင်သွားပြီး အော်ဟစ်ကာ ပြန်ကာပြောလိုက်မိသွားသည်။
"ယောင်ယောင်က အဲ့ဒီလိုလူမျိုး မဟုတ်ဘူး"
.....
Telegram မှာ အပိုင်း ၄၆၆အထိ ရောက်ပါပြီနော်။
Zawgyi
အခန္း ၁၇၂
"လင္က်စ္ ဧကရာဇ္က မင္းကိုဦးေဆာင္ၿပီး ပုန္ကန္မဲ့လူေတြကို ႏွိမ္ႏွင္းမဲ့အဖြဲ႕ကို ေစာင့္ခိုင္းထားတယ္လို႔ ၾကားတယ္"
လုရွီမင္က ႐ုတ္တရက္ လုလင္က်စ္ကို ေမးလိုက္သည္။ ထိုနည္းအားျဖင့္ လုလင္က်စ္၏ အေတြးမ်ားမွလည္း သူက ႐ုန္းထြက္လာေတာ့သည္။
"သုံးရက္ေနရင္ ကြၽန္ေတာ္တို႔ ထြက္ခြာမွာပါ"
ထိုစကားကိုၾကားခ်ိန္ ယဲ့က်န္း၏ မ်က္ဝန္းေထာင့္မ်ားက ေတာက္ပလာသည္။
ယခင္က သူမက လုလင္က်စ္ တိုက္ပြဲသို႔ ထြက္ခြာရန္ မေစာင့္ႏိုင္ေတာ့ေခ်။ သို႔ေသာ္ ဒီေန႔မွ လုဝူ႐ႊမ္း၏ ကိစၥေၾကာင့္ လုလင္က်စ္ သိပ္မၾကာခင္ ထြက္မသြားရေသးရန္ ေမွ်ာ္လင့္မိသြားသည္။ သူ၏ခ်စ္ရေသာ ညီမအေၾကာင္း သူကေျဖရွင္းသြားသင့္၏။
လုဝူ႐ႊမ္း၏ ေကာက္က်စ္ယုတ္မာမႈကို သိသြားသည့္အေလ်ာက္ ယဲ့က်န္းဟာလည္း ဝမ္ေဖးက သူမကို ဖ်က္ဆီးရန္ ႀကိဳးစားေနျခင္းျဖစ္ေၾကာင္း နားလည္ေနသည္။
"ဒါဆိုရင္ ပိုေကာင္းတာေပါ့။ ဒါ့အျပင္ ပုန္ကန္တဲ့နယ္ေျမကိုသြားရင္း ကြၽန္ေတာ္အေနနဲ႔ ဆက္လက္ ကုစားသြားလို႔ရတယ္။ ဒါကကြၽန္ေတာ္အတြက္ မပင္ပန္းေစေတာ့ဘူး"
သူက မတ္တပ္ထရပ္ၿပီးေနာက္ သူ၏ဒဏ္ရာရသြားေသာ ေျခေထာက္က ပိုမိုေကာင္းမြန္ သက္သာလာၿပီျဖစ္ေၾကာင္း ျပသသည္။ ေျခလွမ္းအနည္းငယ္ ေလွ်ာက္ျခင္းျဖင့္ အားလုံးကလည္း ျမင္ႏိုင္ၾကေလသည္။
သို႔တိုင္ေအာင္ သခင္မႀကီးလုက ပူပင္ေနေသးသည္။
"တို႔ေတြရဲ႕မိသားစုက အဲ့ဒီေလာက္ထိ အာဏာမလိုအပ္ေတာ့ပါဘူး။ ဘာလိုမ်ား က်န္းမာေရးထက္ပိုၿပီး အေရးႀကီးေနမွာလဲ"
"အဘြား ကြၽန္ေတာ္ရဲ႕ အကန႔္အသတ္ကို ကြၽန္ေတာ္သိပါတယ္"
လုလင္က်စ္ကလည္း ႏွစ္သိမ့္ေပးသည္။
ေျမးျဖစ္သူက ဆုံးျဖတ္ခ်က္ ခ်ၿပီးေၾကာင္း ျမင္ေသာအခါ သခင္မႀကီးကလည္း မတားေတာ့ေခ်။ ထိုအေၾကာင္းအရာကို ဆက္လက္ၿပီး မေျပာျဖစ္ၾကေတာ့ေခ်။ ထိုအစား အားလုံး၏ စိတ္အေျခအေန တိုးတက္သြားေစရန္ ယဲ့က်န္းကိုသာၾကည့္ၿပီး ဂုဏ္ယူမႈအျပည့္ျဖင့္ ေျပာလိုက္သည္။
"မယ္ေတာ္ႀကီးက တို႔ေတြရဲ႕ေယာင္ေယာင္ကို အရမ္းသေဘာက်တယ္။ ေျပာရရင္ ဒီကေလးမေလးကိုေတာင္ နန္းေတာ္ထဲကို ေခၚထားခ်င္ေနတာ"
ေဖးခ်ီကလည္း သမီးျဖစ္သူကို ခ်စ္ျမတ္ႏိုးစြာ ေပြ႕ဖက္လိုက္ၿပီး ဂုဏ္ယူသည့္ မ်က္ႏွာထားမ်ိဳး ျဖစ္ေနေသာ လုရွီမင္ကို တစ္ခ်က္ၾကည့္သည္။ သူတို႔၏ကေလးမ်ား ခ်ီးက်ဴးခံရသည့္အတြက္ ဂုဏ္မယူေသာ မိဘဟူ၍ မရွိေခ်။
"အေမ ေယာင္ေယာင္ နန္းေတာ္ထဲမွာ ဒီေန႔ စကားအမွားမ်ား ေျပာခဲ့မိေသးလား။ ဒီကေလးက အခ်ိန္အမ်ားစုမွာ ႐ူးေၾကာင္ေၾကာင္ေတြ လုပ္ေနခဲ့တာ"
သခင္မေလးလုက ရယ္သည္။
"ေယာင္ေယာင္က တအားေတာ္တာ။ မယ္ေတာ္ႀကီးက ဘယ္လိုေနေန ခ်စ္ေနအုံးမွာပဲ"
ဒီညနန္းေတာ္ထဲကိုဝင္တာ ျပႆနာ ရွိခဲ့ေသးတာ မဟုတ္ဘူးလား။ ဒီလိုဆိုရင္ ေယာင္ေယာင္ရဲ႕ မ်က္ႏွာက အဲ့ဒီလက္ဝါးရာက ဘယ္က ေရာက္လာတာလဲ။
လုလင္က်စ္က သိခ်င္စိတ္ ျပင္းျပေနေသာ္လည္း လူအမ်ားေရွ႕တြင္ မေမးခဲ့ေခ်။
"ဒါကအေမ့ရဲ႕ လမ္းၫႊန္ျပသမႈေၾကာင့္ပဲ ျဖစ္ရမယ္။ မဟုတ္ရင္ ေယာင္ေယာင္က နန္းေတာ္ထဲကို တစ္ေယာက္ထဲ ဝင္သြားမွာကို သမီးတို႔ေတြ စိတ္မခ်ႏိုင္ပါဘူး။ ဒီလိုဆိုရင္ တစ္ခုခု အမွားအယြင္း ျဖစ္သြားႏိုင္တယ္။ ဒါမွမဟုတ္ အမွားအယြင္း လုပ္ခံရတာလည္း ျဖစ္ႏိုင္တယ္"
ထိုစကားကိုၾကားခ်ိန္တြင္ သခင္မေလးလု၏ အမူအရာက အနည္းငယ္ ေျပာင္းသြားၿပီး ကိုးယို႔ကားယား ရယ္သည္။
ညစာစားၿပီးေနာက္ လုလင္က်စ္က သခင္မေလးလုႏွင့္ ဆက္ေနခဲ့သည္။
"မင္းစစ္ပြဲကို သြားဖို႔ ဆုံးျဖတ္ၿပီးၿပီလား။ ဧကရာဇ္အတြက္ မင္းအမ်ားႀကီး လုပ္ေပးခဲ့ၿပီးၿပီ။ သူအခုလို အေနအထားမ်ိဳးေရာက္ဖို႔ မင္းအမ်ားႀကီး ေပးဆပ္ခဲ့ရတာ အသက္ကို စေတးဖို႔အထိေတာ့ မရင္းသင့္ဘူးထင္တယ္"
ထိုအခ်ိန္တြင္ သူတို႔ႏွစ္ေယာက္ကလြဲၿပီး မည္သူမွ် မရွိေတာ့သည့္အတြက္ သခင္မေလးလုဟာလည္း သူမ၏ စိတ္ရင္းအတိုင္း ေျပာလိုက္သည္။
"ကြၽန္ေတာ္က လက္ရွိမွာ လက္ေထာက္စစ္ဝန္ႀကီး ျဖစ္ေနေပမဲ့ ကြၽန္ေတာ္တို႔ရဲ႕ မိသားစုအေပၚ အထင္ေသးတဲ့လူေတြက အမ်ားႀကီးပဲ"
သခင္မႀကီး၏ မ်က္ႏွာကလည္း ေလးနက္သြားသည္။ သူမကလည္း လုလင္က်စ္က အမွန္တရားကို ေျပာေနေၾကာင္း သိထားသည္။
"ဒါက႐ႊမ္းအာအတြက္ ဆုံးျဖတ္လိုက္တာလား။ သူနန္းေတာ္ထဲမွာ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ေနႏိုင္ေအာင္တဲ့လား"
သခင္မေလးလုက အနည္းငယ္ မသက္မသာျဖစ္ေနေသာ ေလသံမ်ိဳးျဖင့္ေမးသည္။
"အဘြား ကြၽန္ေတာ္ဝန္ခံပါတယ္။ ဒါက အေၾကာင္းျပခ်က္ေတြထဲက တစ္ခုပဲ။ ႐ႊမ္းအာကအခု ဝမ္ေဖးျဖစ္ေနေပမဲ့ ဧကရာဇ္က အျခားကိုယ္လုပ္ေတာ္ေတြ လက္ခံလိမ့္မယ္။ အျခားကိုယ္လုပ္ေတာ္ေတြက ႐ႊမ္းအာထက္ျမင့္တဲ့ အဆင့္အတန္းမွာ ရပ္ေနၾကရင္ သူ႔ရဲ႕ နန္းေတာ္ထဲက ဘဝက လြယ္ကူေတာ့မွာ မဟုတ္ဘူး"
သူ႔တြင္ ထိုညီမေလးတစ္ေယာက္သာ ရွိသည္။
လုဝူ႐ႊမ္းအတြက္မွ မဟုတ္ရင္ သူကဘယ္သူ႔အတြက္ အသက္ကို ရင္းရမွာလဲ။
လုလင္က်စ္က အသက္ရွင္ေနသမွ် ကာလပတ္လုံး လုမိသားစု အသိုင္းအဝိုင္း အတြင္းတြင္ ျမင့္မားစြာ တည္ရွိေနႏိုင္ရန္ အရာအားလုံး လုပ္ေပးေပလိမ့္မည္။ ညီမျဖစ္သူက ေနရာကို ၿမဲၿမံစြာ ဖမ္းဆုပ္ထားႏိုင္ၿပီး ေတာ္ဝင္နန္းေတာ္ထဲတြင္ ေပ်ာ္႐ႊင္စြာေနႏိုင္ရန္ သူကႀကိဳးစားေပးခ်င္သည္။
သခင္မႀကီးလုက သက္ျပင္းခ်သည္။
"မင္းက ဒီမိသားစုက လူတိုင္းအတြက္ အမ်ားႀကီး ေပးဆပ္ခဲ့ၿပီးမွန္း တို႔သိပါတယ္။ ဒါေပမဲ့ ႐ႊမ္းအာရဲ႕စ႐ိုက္က နန္းေတာ္နဲ႔ မသင့္ေတာ္ဘူး"
"အဘြား ဒီေန႔နန္းေတာ္ထဲမွာ တစ္ခုခုမ်ား ဆိုး႐ြားတာ ျဖစ္ခဲ့လို႔လား"
လုလင္က်စ္က ေနာက္ဆုံးတြင္ သူသိခ်င္ေသာ ေမးခြန္းကို ေမးလိုက္သည္။
အစပိုင္းတြင္ သခင္မႀကီးလုက ေျပာရန္တုန႔္ဆိုင္းေနေသးသည္။ သို႔ေသာ္ သူမကိုယ္တိုင္လည္း မည္သို႔မွ် မႀကံစည္ႏိုင္သည့္အတြက္ ထုတ္ေျပာလိုက္ရသည္။
"ေယာင္ေယာင္ရဲ႕မ်က္ႏွာေလး ေယာင္ေနတာကို မျမင္ဘူးလား။ မယ္ေတာ္ႀကီးက ေပးလိုက္တဲ့ ႏွင္းၾကာပန္း လိမ္းေဆးဆီေၾကာင့္သာမဟုတ္ရင္ အျပင္ကိုထြက္ၿပီး လူေတြနဲ႔ ေတြ႕ႏိုင္ပါအုံးမလား။ ႐ႊမ္းအာက သူ႔ရဲ႕ဝမ္းကြဲကို လုံးဝမစဥ္းစားေပးဘူး။ ဧကရာဇ္က အျခားကိုယ္လုပ္ေတာ္ေတြကိုသာ လက္ခံလိုက္ရင္ သူတို႔ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ေနႏိုင္မယ္လို႔ မင္းထင္လား။ ဒါ့အျပင္ ဧကရာဇ္က အနာဂတ္မွာ ဧကရီကို လက္ခံအုံးမွာပဲ။ အဲ့ဒီအခ်ိန္အတြက္ ႐ႊမ္းအာကို စိုးရိမ္မိတယ္"
သခင္မေလးလုက သက္ျပင္းခ်သည္။
ထိုစကားကို ၾကားေသာအခါ လုလင္က်စ္က မ်က္ေမွာင္က်ဳံ႕သည္။
"ေယာင္ေယာင္က တိုက္တိုက္ဆိုင္ဆိုင္ ဧကရာဇ္နဲ႔ ဆုံခဲ့တာလား"
"လင္က်စ္ မင္းကဘာကို ဆိုလိုတာလဲ။ ေယာင္ေယာင္က ရည္႐ြယ္ခ်က္ရွိရွိနဲ႔ ဧကရာဇ္ကို သြားေတြ႕မဲ့လူမ်ိဳးလို႔ ထင္ေနလား။ ေယာင္ေယာင္ကို မျမင္ဘူးလား။ နန္းေတာ္က ဒီေလာက္က်ယ္တာ သူ႔လိုလမ္းမသိတဲ့ အခုမွ ဝင္ကာစ မိန္းကေလးငယ္ေလး တစ္ေယာက္က ဧကရာဇ္ရွိတဲ့ေနရာကို တိုက္တိုက္ဆိုင္ဆိုင္ သြားေတြ႕ရေလာက္ေအာင္ လြယ္တယ္လို႔မ်ား ထင္ေနလား"
သူ၏ေမးခြန္း၏ ေလသံက အနည္းငယ္ ျမင့္သြားခဲ့သျဖင့္ သခင္မႀကီးလုဟာ သူမ၏ အျပစ္ကင္းစင္ေသာ ေျမးမေလးအတြက္ သနားစိတ္ဝင္သြားၿပီး ေအာ္ဟစ္ကာ ျပန္ကာေျပာလိုက္မိသြားသည္။
"ေယာင္ေယာင္က အဲ့ဒီလိုလူမ်ိဳး မဟုတ္ဘူး"
.....
Telegram မွာ အပိုင္း ၄၆၆အထိ ေရာက္ပါၿပီေနာ္။