"အား...သေပါပြီငါ့ခေါင်း!"
"အရှင့်သားအဆင်ပြေရဲ့လားကျွန်တော်မျိုးအမူးပြေဟင်းရည်ယူလာခဲ့ပါတယ်"
'သေစမ်းငါမနေ့ကအရက်အလွန်အကျွံသောက်မိသွားတာပဲ'
သူကအရက်မူးရင်သွေးဆိုးတတ်တာကြောင့်တွေ့ဆုံပွဲတွေရှိတိုင်းဘယ်တော့မှအရက်မူးအောင်သောက်လေ့မရှိ။မနေ့ညကအရက်အရသာလေးကောင်းလှတာကြောင့်နည်းနည်းမြည်းရင်း,မြည်းရင်းသူလုံးဝလွှတ်သွားတော့သည်။သွားပြီ!လူတွေသတိထားမိကုန်တော့မှပါပဲ။ကြောက်ကြောက်ရွံ့ရွံ့ပုံစံလေးနဲ့နေရပါမယ်ဆိုမှ။
"အရှင့်သားစိတ်မကြည်ဖြစ်နေပါသလားနန်းတွင်းအနှိပ်တော်တွေခေါ်လာပေးပါ့မယ်"
"မလိုဘူး..မျက်နှာသစ်ဖို့ပဲပြင်ဆင်ပေး"
အပျိုတော်တွေကရေပူ၊ရေအေးနှင့်တစ်ဘတ်နုနုလေးတွေကိုအပြေးအလွှားယူဆောင်လာပေးကြသည်။အပျိုတော်လေးတွေရဲ့မျက်နှာမှာနီမြန်းနေပြီးစိတ်လှုပ်ရှားနေတာကိုမထိန်းသိမ်းနိုင်ကျတော့ပေ။ယခင်ကရုပ်ဆိုးပြီးနှေးကွေးတဲ့သူတို့ကိုအရှင့်သားနန်းဆောင်ဆီခစားဖို့တာဝန်ပေးတော့လူတွေအကုန်လုံးရဲ့လှောင်ရီတာကိုခံခဲ့ရသည်။အခုတော့သူတို့ကိုအားလုံးကအားကျတဲ့အကြည့်တွေနဲ့ကြည့်နေရပြီ။
"မနေ့ညကဒီမင်းသားပြသနာရှာမိသေးလား"
"မရှာမိပါဘူးမနေ့ညကအရှင့်သားအရမ်းကြည့်ကောင်းတာပဲ"
ပန်ဒိုရာသက်ပြင်းချမိလိုက်ပေမယ့်မျက်ခုံးခပ်လှုပ်လှုပ်ပင်။
"ဒီနေ့ဘာလုပ်စရာရှိလဲ"
"ဒီနေ့စာသင်ကြားရပါမယ်ဆရာကခက်ခဲပြီးအရှင့်သားမဖြေနိုင်တဲ့မေးခွန်းတွေမေးရင်ဒီအစေခံကိုချက်ချင်းခေါ်လိုက်ပါ"
"မဖြေနိုင်တဲ့မေးခွန်း.."
အာ။မှတ်မိပြီ။စာသင်ဆရာကမူရင်းလူကိုပြန်မပြောနားမထောင်နှင့်ထုံပေပေစရိုက်ကြောင့်အထင်သေးပြီးမုန်းတီးလှသည်။သူမေးတဲ့မေးခွန်းတွေကသာမာန်မေးခွန်းတွေပေမယ့်အမြဲတမ်းအတွေးလွန်နေတတ်တဲ့မူရင်းလူကဘယ်တော့မှဖြေနိုင်စွမ်းမရှိခဲ့။တစ်ချိန်မှာဘုရင်ဖြစ်မယ့်လူမို့စာသင်ဆရာကမူရင်းလူကိုမင်းကောင်းတစ်ပါးဖြစ်လာစေရန်စေတနာဖြင့်ဖိအားပေးသင်ကြားပေမယ့်အထင်လွှဲမှုတွေသာပြန်ရခဲ့ခြင်းပင်။မင်းကြီးနှင့်ကုန်းကုန်းကိုကာကွယ်နိုင်ဖို့ဆိုယခုလိုအင်အားနည်းသူတွေကအစသိမ်းသွင်းဖို့လိုအပ်သည်။သူကမော်ဒန်မှာကတည်းကထူချွန်လွန်းသူမို့ပညာရေးနှင့်ပတ်သက်ပြီးစိုးရိမ်မှုမရှိပေ။ယခုပညာရေးကအများကြီးခေတ်နောက်ကျနေသေးသည်လေ။
ပန်ဒိုရာစာသင်ခန်းထဲရောတော့လူတွေပင်စုံလင်နေပြီဖြစ်သည်။အိမ်ရှေ့စံဖြစ်သည့်သူကရှေ့ဆုံးမှာထိုင်ရပြီးမင်းသမီးနှင့်ယောက်ဖဖြစ်သူကဒုတိယနေရာမှာသည်။စစ်သူကြီးလောင်းလျာလေး,လေးယောက်ကတော့နောက်ဆုံးမှာခမ်းနားထည်ဝါစွာတည်ရှိနေသည်။
စာသင်ဆရာကမျက်မှောင်ကျုံ့ကာ
"အရှင့်သားသိုင်းပညာမှာထူးချွန်ထက်မြတ်ရုံနဲ့တိုင်ပြည်အုပ်စိုးလို့အဆင်မပြေပါဘူးစာပေပညာနဲ့အချိန်တိကျမှုကလည်းမင်းကောင်းတစ်ပါးအတွက်လိုအပ်တဲ့အဓိက,အရာတွေပါပဲ"
"ဒီစာသင်သားကဆရာ့စကားကိုမှတ်သားထားပါ့မယ်"
ရုတ်တရက်ကြီးရိုကျိုးလာတဲ့အရှင့်သားကြောင့်စာသင်ဆရာပင်ရိုးတိုးရှန့်တန့်ဖြစ်ကာချောင်းအနည်းငယ်ဆိုးမိလိုက်သည်။ပန်ဒိုရာခပ်လှမ်းလှမ်းမှသူ့ကိုစိုးရိမ်တကြီးကြည့်နေရှာတဲ့ကုန်းကုန်းကိုပြုံးပြပြီးနေရာမှာဝင်ထိုင်လိုက်သည်။
'တကယ်ပါပဲကုန်းကုန်းကမူရင်းလူကိုဘာလို့အဲ့လောက်ချစ်မှန်းမသိဘူးကြာတော့သူတောင်မနာလိုဖြစ်လာပြီ'
အာ...ဒုက္ခပဲ။မှင်အိုးပါမလာဘူး။
စာသင်ဆရာကဒုတိယအကြိမ်မျက်မှောင်ကျုံ့လာပြန်တော့သည်။
"အရှင့်သား...ဒါကိုသုံးလို့ရပါတယ်'
သူလှည့်ကြည့်လိုက်တော့သတိုးကျော်စွာကမှင်အိုးကိုတရိုတသေကမ်းပေးလာတာကြောင့်ပန်ဒိုရာရဲ့ညီလေးမှာကျဥ်ခနဲပင်ဖြစ်သွားသည်။ချောလိုက်သည့်လူ။အရင်ဘဝမှာဆိုပါကပိုက်ဆံဘယ်လောက်လောက်ကုန်ကုန်သူခေါ်အိပ်ပြစ်လိုက်ပြီ။
"မောင်ငယ်လေး..ဘာလို့ငေးကြောင်နေတာလဲဆရာနဲ့ယောက်ဖတော်ကိုလေးစားမှုရှိပါ"
သီတာဒေဝီအသံကြားမှပန်ဒိုရာသတိဝင်လာပြီးမှင်အိုးကိုလက်နှစ်ဖက်နှင့်တရိုတသေလှမ်းယူလိုက်ကာ
"ကျေးဇူးတင်ပါတယ်ယောက်ဖတော်"
သတိုးကျော်စွာကလည်းပန်ဒိုရာကိုနူးနူးညံ့ညံ့လေးပြန်ပြုံးပြလာသည်။
စာသင်ဆရာကသင်္ချာပညာကိုသင်ကြားပေးနေပြီးစာသင်သားတွေကဂရုတစိုက်လေ့လာသင်ယူနေကြသည်။စာပေတွေကအလယ်တန်းအဆင့်လောက်သာရှိနေတာကြောင့်ပန်ဒိုရာတစ်ဖြည်းဖြည်းပျင်းရိလာတော့သည်။
"အရှင့်သားဒီမေခွန်းရဲ့အဖြေကိုတွက်ချက်ပြပါ"
ဆရာအသံကြားသည်နှင့်ပန်ဒိုရာက,ဖြေရှင်ဖို့ပြင်နေတုန်းသီတာဒေဝီကစိုးရိမ်တကြီးအသံဖြင့်ဝင်ပြောလာသည်။
"ဆရာမောင်တော်ကသင်္ချာကိုစိတ်မဝင်စားတာကြောင့်ဒီနိမ့်ကျတဲ့မင်းသမီးကပဲကိုယ်စားဖြေရှင်းပေးချင်ပါတယ်"
သူမအသံကသူမမောင်ကိုအတော်ပင်စိုးရိမ်ပူပန်နေဟန်ပေါက်နေသည်။
"မင်းသမီးရဲ့နူးညံ့တဲ့စိတ်ထားကိုနားလည်ပါတယ်ဒါပေမယ့်အိမ်ရှေ့စံဘုရင်တစ်ပါးဖြစ်လာတဲ့အချိန်ကျရင်အတွက်အချက်ပညာကလိုအပ်လာပါလိမ့်မယ်ခံစားချက်ကိုအလိုမလိုက်ပါနဲ့မင်းသမီးလေး"
သီတာဒေဝီရဲ့မျက်နှာကအလွန်ညိုးကျသွားပြီးစိတ်ပျက်အားငယ်စွာပြန်ထိုင်ချလိုက်တော့သတိုးကျော်စွာသီတာဒေဝီရဲ့ကျောလေးကိုခပ်ဖွဖွလေးပွတ်သပ်ပေးလိုက်သည်။
နောက်ကစစ်သူကြီးပေါက်စလေးယောက်ကတော့သူ့ကိုအထင်သေးသလိုပုံစံမျိုးဖြင့်အကြည့်တစ်ချက်တောင်ပေးမလာ။
"....."
'နေပါအုန်းငါ့ကိုလဲဖြေရှင်းခွင့်ပေးကြပါအုန်းဟ'
ပန်ဒိုရာချောင်းဟမ့်လိုက်ပြီးဆရာ့မြေဖြုကိုတောင်းကာသင်ပုံးပေါ်ကသင်္ချာပုစ္ဆာကိုစတင်ဖြေရှင်းတော့သည်။
အိမ်ရှေ့စံရဲ့ဝိုင်းစက်လှတဲ့လက်ရေးများကြောင့်စာသင်ဆောင်ထဲရှိလူများမှာကြောင်အ ကုန်ကျတော့သည်။
"အရှင့်သားလက်ရေးလှပညာကိုသင်ယူဖူးပါသလား"
ပန်ဒိုရာပုစ္ဆာကိုအဆုံးသတ်ရင်းသတိုးကျော်စွာရဲ့အမေးကိုခေါင်းငြိမ့်ပြလိုက်သည်။သီတာဒေဝီ၏မျက်နှာမှာစိမ်းပုတ်သွားကာ
"အရှင်မင်းကြီးနှစ်သက်တဲ့လူဖြစ်ရတာကံကောင်းလိုက်တာ"
အားလုံးကသနားဂရုဏာသက်နေတုန်းပန်ဒိုရာကသူ့အမတော်ကိုပြုံးပြလိုက်ကာ
"အမတော်,ဒီမောင်ငယ်ကလက်ရေးလှပညာကိုဘယ်သူ့အကူအညီမှမပါပဲကိုယ်တိုင်လေ့လာသင်ယူခဲ့တာပါအမတော်စိတ်ဝင်စားရင်ဆရာကောင်းဖြစ်စေမောင်ငယ်ကိုယ်တိုင်ဖြစ်စေသင်ကြားပြသပေးပါ့မယ်"
'တကယ်တော့မော်ဒန်ခေတ်ကအပျင်းပြေသင်ကြားထားတာ'
ထိုအခါစာသင်ဆောင်ထဲကယောကျ်ားတွေကအသိဝင်လာကြပြီးသနားဂရုဏာတက်နေမှုကိုပြန်ရုတ်သိမ်းလိုက်ကြသည်။
'မင်းပညာတစ်ခုကိုလိုချင်ရင်စူးလမ်းလေ့လာသင်ကြားရမှာပေါ့သူများအချစ်ခံရတာကိုအပြစ်မြင်လို့ရပါ့မလားသီတာဒေဝီမင်းသမီးလေးကသတင်းတွေထဲကလောက်လဲဖြူစင်မနေပါဘူး'
သီတာဒေဝီရဲ့မျက်နှာမှာလွန်စွာမှဖြူဖျော့သွားပြီး
"မလိုအပ်ပါဘူးမောင်ငယ်လေး,ဒီအမတော်ကလက်ရေးလှသင်ဖို့အသက်ကြီးလှပါပြီး"
"အမတော်သဘောပါပဲလက်ရေးကပညာကအရမ်းခက်ခဲတာမို့စောစောစီးစီးလက်လျှော့လိုက်တာကောင်းပါတယ်"
အားလုံးကဂုဏ်မောက်လွန်းသည်ဟုခံစားရပေမယ့်ထိုအချက်ကအမှန်တရားပင်။လက်ရေးလှပညာကအရမ်းကိုခက်ခဲတာကြောင့်စာသင်ဆရာများပင်တတ်မြှောက်သူရှားလှသည်။စာပေမှာတက်ကြွလွန်းသည့်သတိုးကျော်စွာနှင့်သီတာဒေဝီတို့တောင်လက်လျှော့ထားတာပဲကြည့်။စစ်ရေးသာစိတ်ဝင်စားတဲ့ဇာတ်ရံလေးယောက်ဆိုပြောမနေနှင့်တော့။
စာသင်ဆရာကကျောက်သင်ပုံးကအဖြေပုစ္ဆာကိုကြည့်ပြီးခေါင်းတစ်ငြိမ့်ငြိမ့်လုပ်နေသည်။
'အရှင့်သားကအရင်တုန်းကပညာတွေလျှိုထားပြီးထီးနန်းရခါနီးလာမှပညာတွေထုပ်ပြတော့မယ်'
ဆိုတဲ့ကောလဟာလတွေကအမှန်တွေပဲ။ယောကျ်ားကြီးခြောက်ယောက်မှာဤအမျိုးသားကသာမာန်မဟုတ်မှန်သတိထားမိလာတော့သည်။
"အရှင့်သားရဲ့တွက်ချက်နည်းကတိကျတယ်ရှင်းလင်းတယ်မှန်ကန်တယ်ဒီဆရာကအရမ်းစိတ်ကျေနပ်ရပါတယ်"
'မဟုတ်တာအဲ့တာသူများတွက်ချက်ထားတဲ့နည်းလမ်းတွေကျွန်တော်နဲ့မဆိုင်ဘူး'
"ဒီဆရာကဒီနေ့အရမ်းကျေနပ်ပါတယ်"
______________________________________
614❤️
______________________________________