"ငါ...ငါက ခင့်ကို လုပ်တဲ့လူတွေကို ကာကွယ်ပေးနေခဲ့မိတာလား""
"ခင် ဒီလိုဖြစ်ရတာ ငါ့ပယောဂလည်း မကင်းဘူး"
"တို့...တို့တောင်းပန်ပါတယ် ခင်ရယ်"
"တို့က အဲဒီလို ရွံစရာကောင်တွေကို ကာကွယ်ပေးခဲ့မိတာ"
နှင်း မနည်းအားယူကာ အိမ်သို့ပြန်လာခဲ့သည်။ ဝမ်းနည်းသလိုအပြုံးမျိုးပြုံးကာ အိမ်ထဲသို့ ဝင်ခဲ့လေတော့....
"ဘယ်သွားနေတာလဲ နှင်း"
"မနက်ကတည်းက ထွက်သွားတာ မိုးချုပ်မှ ပြန်လာတယ် ဟုတ်လား"
"တို့ တောင်းပန်ပါတယ် ခင်"
"အလုပ်ကိစ္စမပြီးပြတ်သေးလို့ ကြာသွားတာ"
"အင်းပါ...နောက်ကြာမယ်ဆို ဖုန်းတော့ဆက်ပေါ့"...စိတ်ပူရတယ်"
"ဟုတ်ကဲ့ပါ မိန်းမရယ်...တို့ ဗိုက်ဆာနေပြီ"
"လာ...ကျမလည်း မစားရသေးဘူး" ...စောင့်နေတာ.."
အရှေ့မှသွားနှင့်သော ခင့် နောက်ကျောကိုကြည့်ကာ နှင်းမျက်ရည် ဝဲလာပြန်သည်..။အလိုလို ဝမ်း နည်း စိတ်တွေ ဖြစ်ပေါ်လာပြီး... ကိုယ့်ကိုယ်ကိုအပြစ်မကင်းသလိုခံစားရသည်။
"ပြီးတော့ ပြောအုံးမယ် သိလား"
"အင်း...ပြောလေ"
"နှင်း အဝတ်ကို လုံလုံခြုံခြုံဝတ်သင့်ပြီ"
ထမင်းပလုပ်ပလောင်းနှင့် ပြောလာသော မိန်းမဖြစ်သူကို နှင်းတစ်ချက်ကြည့်ကာ....
"ဘာဖြစ်လို့လဲ"...အရင်ကလည်း ဒီလိုပဲ ဝတ်နေကျကို"
"ဒါဖြင့် ကျမကိုလည်း အရင်က လုပ်ပြီးပြီဆိုတော့ နောက်မလုပ်နဲ့တော့"
"ဟင်...ဘေဘီကွာ..မဆိုင်ပဲနဲ့"
"နှင်း အတိုအပြတ်ဝတ်တာ ခင်မကြိုက်ဘူး"...ပြီးတော့ ရှင်က အိမ်ထောင်ကျပြီးပြီလေ"
"အခု အူတိုနေတာလား..ဘေဘီက"
"အူမတိုတတ်ဘူး...အူပဲပုပ်တတ်တာ "
"စားစရာရှိတာ မြန်မြန်စားပြီး ရေသွားချိုးတော့..."
"ဟုတ်ကဲ့ မိန်းမ"
"ဒါ...ဒါနဲ့ ဟိုဟာ ပြီးပြီလား"
"မေးပြန်ပြီ"
"မဟုတ်ပါဘူး...တို့အခန်းလေးကိုလွမ်းလို့"
"သွားအိပ်ပေါ့...လွမ်းရင်"
"ခင်နဲ့ အတူတူအိပ်ချင်တာပါဆို"
မင်္ဂလာကုတင်ကို နှင်းအခန်းထဲတွင်ပြင်ဆင်ထား၍ ခင်နှင့် ပထမဆုံးကုတင်ပေါ်တွင် ချစ်ရည်လူးပြီးမှအိပ်မယ်ဆို၍ သူလည်းမဝင်..ခင့်ကိုလည်း မဝင်ခိုင်းး...ဒီအတိုင်း ထားထားသည်။ ရစ်စရာမရှိလျင် အပ်ချည်
ကြိုးကိုတောင် ထိုင်ရစ်နေမည့် နှင်း မဟုတ်ပါလား။ ဒီရက်တွေမှာ ခင်နှင့် နှင်း ဆက်ဆံရေးပြန်ပြီး ပြေလည်လာသည်။
""တို့များလေ ခင့်ကိုချစ်တာ ရင်ထဲနင့်နေတာပဲကွယ်"..."ဘဝမှာ တစ်ခါမှ ဒီလိုအချစ်မျိုးနဲ့ ဘယ်သူ့ကိုမှ မချစ်ခဲ့ဖူးဘူး....သိလား"
"ပိုနေပြန်ပြီ"....ရှင် သိပ်ချစ်လှပါတယ်ဆိုတဲ့.... ဘာတဲ့...ရည်းစားဦးဆိုလား"
"ဟော...သစ်ရွက်ကြွေရင်တောင် ရင်ခုန်တတ်တဲ့ အရွယ်မှာ အချစ်လို့ထင်ခဲ့မိတာကို....တို့က မှားခဲ့တာ"....
"တို့ အခု ခင့်ကို ချစ်တဲ့အချစ်ကလေ အဲဒီတုန်းက ခံစားရတဲ့ ခံစားချက်နဲ့ မတူဘူး....ခင်မရှိရင် တို့သေလိမ့်မယ်"
"စကားကို ကုန်အောင်မပြောပါနဲ့ ရှင်ရယ်"...ရှင့် အသွေးအသားက အခုချိန်ထိ ခက်ထန်နေတုန်း"....ပြီးတော့ ကျမက မိန်းကလေး..." တစ်ချိန်ချိန်မှာ မိန်းမချင်းမို့လို့ဆိုပြီး မပြောင်းလဲ
ဘူးလို့ မပြောနိုင်ဘူး"
"စိတ်ချပါခင်"....တို့အချစ်ကို အချိန်နဲ့ ပဲ သက်သေပြပါရစေ"
"တို့ အသွေးအသားခက်ထန်တယ်...နောက်လည်း ခက်ထန်အုံးမှာ...ဘာလို့ဆို ခင်က တို့ထက် ငါးနှစ်ကြီးများတောင်ငယ်တာ"...တို့ မစွမ်းတော့ရင် ခင် ထွက်ပြေးသွားမှာစိုးရတယ်"
"ဟင့်....ဘာစကားကြီးလဲ"
"ကျမက ရှင့်ဆီက ထွက်ပြေးတော့ကော လွှတ်မယ်တဲ့လား"
"ဟင်း....ဟင်း...ဟင်း"
"ချစ်လို့ပါ"
ကုတင်ပေါ်တွင် ခင့်ကို ရင်ခွင်ထဲ ထည့်ပြီး ချစ်စကားများပြောနေမိသည်။
ခဏကြာတော့ ရင်ခွင်ထဲမှ ချစ်ရသောအမျိုးသမီးလေးက အိပ်ပျော်သွားလေပြီ။ နှင်း ဖြည်းဖြည်းချင်းထကာ
ဖုန်းကိုယူပြီး ခြံထဲသို့ ထွက်ခဲ့သည်။
"ဟယ်လို...ငါပြောတဲ့ ကိစ္စစုံစမ်းပြီးပြီလား"
"အင်း...မနက်ဖြန်မှ တွေ့မယ်"
နှင်းဖုန်းချကာ စိတ်ပျက်လက်ပျက်နှင့် ခြံထဲမှ ဒန်းပေါ်ထိုင်လိုက်သည်။
ခင့်အကြောင်းများ များစွာတွေးနေခဲ့မိသည်။ အသက်မဲ့နေပြီဖြစ်သော အလောင်းဘေးနားမှာ အသက်မဲ့သလို ထိုင်နေသော ခင့်ပုံစံများကို ပြန်မြင်ယောင်လာသည်။ ရိုးရိုးယဥ်ယဥ်အေးအေး ဆေးဆေးသာ နေတတ်သော ခင့်
ကို အေးချမ်းသည်ဟု ထင်ခဲ့မိသည်။
ခင်က စိတ်အေးအေးထားနိုင်သည်လား စိတ်ကို ထိန်းချုပ်တတ်သည်လား နှင်းမတွေးတတ်တော့။သွေးအေးကာ ရက်စက်တတ်သည်လားပဲ။ ခင့်ကို နှင်း သနားမိသည်။
အုပ်စုဖွဲ့မုဒိမ်းကျင့်ခံခဲ့ရသည်ကို မသိခဲ့ပဲ နှင်းကလည်း အလိုမတူပြုကျင့်ခဲ့ဖူးသည် မဟုတ်လား။ နှင်း ကိုယ့်ရင်ကိုယ်ထုကာ နာကျင်မှုကို ဖြေဖျောက် နေ
သည်။ သနားစရာ အမျိုးသမီးခင့်ကို သနားလွန်း၍ ရင်ထဲပင် တစ်ဆစ်ဆစ်နာကျင်ရသည်။
""နှင်း""!!!
"မအိပ်ပဲ....ဘာလုပ်နေတာလဲ"
"ဟင်...ခင်"!
အိပ်ချင်မူးတူးနှင့် ခြံထဲသို့ ထွက်လာသော ခင့်သည် သူမကို ထွက်ရှာသည်တဲ့လား။
"ဒီမှာ ဘာထိုင်လုပ်နေတာလဲ"
""အော်...အိပ်မပျော်လို့ လသာနေတာနဲ့ ထွက်လာတာ"
"ဟင်...လ..လသာတယ်..ဟုတ်လား"
"ဒီနေ့ လကွယ်ပါ..ဘယ်ကလသာတာလဲ"
အိပ်ချင်မူးတူးနဲ့ ကောင်းကင်သို့မော့ကာ လသာသည်ကို ရှာနေလေသည်။မျက်လုံးကိုလည်းပွတ်ကာ ကောင်းကင်သို့ မော့ကြည့်နေသော ခင့်ကို နှင်း တစ်ချက်ပြုံးလိုက်ကာ ကြည့်ရင်း.....
"ခင်က မအိပ်ပဲ ဘာလို့ထွက်လာတာလဲ"
"ရှူးပေါက်ချင်လို့ နိုးလာတာ...နှင်းမရှိတော့ လိုက်ရှာတာ"
""ဟော...စိတ်ပူတယ်ပေါ့ ကလေးက"
"အင်း....တခုလပ်ဖြစ်မှာဆိုးလို့"
"ဟင်း..ဟင်း..ခင့်ကို တို့က တခုလပ် အဖြစ်မခံနိုင်ပါဘူး...မုဆိုးမဖြစ်အောင်ပဲ လုပ်ခဲ့မှာ တို့သေရင်တောင်"
""ဘာစကားကြီးလဲ""
"ကျမက စိတ်ပူလို့ကို"
"ဟုတ်တယ် ခင်.... တို့ ခင်နဲ့ ကလေးယူဖို့စဥ်းစားနေတာ"...
"တို့နဲ့တူတဲ့ ကလေးဖြစ်ဖြစ် ခင်နဲ့တူတဲ့ ကလေးပဲဖြစ်ဖြစ် ခင် တို့ကို မွေးပေးရမယ်""
"ဟာ...ဘာတွေလျှောက်ပြောနေမှန်းမသိဘူး....မဖြစ်နိုင်တာတွေ"
"ခင်သာ မွေးဖို့ဆန္ဒရှိတယ်ဆိုရင် မဖြစ်နိုင်တာကို ဖြစ်နိုင်အောင်လုပ်ဖို့က တို့တာဝန်""
""ဘယ်လိုလဲ မွေးပေးမယ်ဟုတ်"
""ဟာ...ဘာတွေပြောနေမှန်းမသိဘူး""အဲလောက်ထိ ကလေးလိုချင်နေရင်လည်း ကိုယ့်ဟာကို မွေးပေါ့....ရှင်လဲ မိန်းမပဲကို..."
"ဟော...တို့က အသက်ကြီးပြီရှင်ရယ်"
"အသက်သာကြီးတာ....ဟိုဟာကဖြင့်.....တော်ပြီ မပြောချင်တော့ဘူး သွားအိပ်တော့မယ်"
""အား..အမေ့...
ထကာ ထွက်သွားဖို့လုပ်သော ခင့်ကို နှင်း လှမ်းဆွဲလိုက်တော့ နှင်းပေါင်ပေါ်ကျလာပြီးတစ်ခါတည်း ရင်ခွင်ထဲ ဝင်ပြီးသားဖြစ်သွားသည်။
"ဘယ်ဟာကဖြင့်လဲ....စကားကိုဆုံးအောင်ပြောသွားစမ်း"
"ဘာလုပ်တာလဲ...ဖယ်စမ်း"
"မဖယ်ဘူး.......ဖက်ထားချင်လို့"
နှင်း အသံတိုးဖျော့ဖျော့လေး တောင်းဆိုလိုက်တော့ ခင် ငြိမ်ပေးလိုက်သည်။
နှင်း ပုခုံးပေါ်မျက်နှာအပ်ထားသဖြင့် ခင့် ဝင်ချည်ထွက်ချည်ရှုထုတ်နေသည့် လေများ နှင်း လည်တိုင်နားတစ်ဝှိုက် ဖြတ်ကာပြေးသွားကြသည်။
နှင်း လက်တစ်ဖက်ဖြင့် ခင့် မေးလေးကို ကိုင်ကာမော့ပြီး နမ်းမယ်လုပ်တော့
"ဘာလုပ်တာလဲ...ကြီးတင်တို့ အိပ်သေးတာမဟုတ်ဘူး"
"ဘာဖြစ်လဲ...ကိုယ့်မိန်းမကိုယ် နမ်းတာ..... မမြင်ဖူးရင်လည်း ကြည့်ကြပေါ့"
ဟုဆိုကာ ခင့်ကို နမ်းတော့သည်။
ဒီလို ညအချိန် ဒီနေရာမှာ ဒီလိုအနမ်းမျိုးသည် မည်သည့် ခံစားချက်မျိုးနှင့်မှ မတူ... နွေးထွေး သည်...ရင်ခုန်စေသည်...ပြီးနောက် ခံစားချက်ကောင်းကို ရရှိစေသည်မဟုတ်လား။
""ကြီးတင်ရေ လာကြည့်အုံး"
"ဟဲ့...ဘာဖြစ်တာတုန်း"
"ရှူးတိုးတိုး...ဟိုမှာ တွေ့လား...မမကြီးတို့ နမ်းနေကြတယ်"
"ဂေါက်...
"အား...ဘာလို့ခေါင်းခေါက်တာလဲ ကြီးတင်ကလည်း"
"ညည်းနဲ့ ဘာဆိုင်လို့လဲ...သွား..သွား အိပ်တော့"...
"ကိုယ့်အကြောင်းမပါပဲ မစပ်စုနဲ့"
"ဟုတ်"
ချောင်းကြည့်ခံရသော အမျိုးသမီးနှစ်ဦးကတော့ ပတ်ဝန်းကျင်ကို ဂရုမစိုက်
နိုင်တော့ပဲ အပြန်အလှန် kissingဆွဲနေကြသည်။
""ခင့် နှုတ်ခမ်းက သိပ်နူးညံ့တာပဲ လူတွေရယ်""
(((ဟိုဟာလေ လိင်ကျွန်က ဆက်ပြီးရေးဖို့ ယုံကြည်မှုမရှိတော့လို့ ဖျက်လိုက်ရတာပါ....
ဆက်ရေးဖို့ကြိုးစားတိုင်း အဆင်မပြေတာကြောင့် ဖျက်လိုက်ရခြင်းပါ..))
((..ဘာရယ်မဟုတ်ဘူး...လာလာမေးနေကြလို့😊))