Impersonator Lover (complete)

By BlackRoseTK93

93.4K 8.3K 823

Jeon Jungkook Kim Taehyung More

1
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
Final

2

2.9K 259 23
By BlackRoseTK93

"လက်ထပ်ရအောင် "

" ဟင် အဲ့တာလား ဟိုလေ အဲ့တာက "

Taehyung ရဲ့ အထစ်ထစ်အငေါ့ငေါ့နဲ့ မျက်လုံးက တောင်ရောက်မြောက်ရောက် လက်ညိုးလေးတထိုးထိုးနဲ့ပြောနေတဲ့ ပုံလေးကို ခုံကိုမှီကာ လက်ကိုပိုက်လို့ မျက်တောင်မခက်သေချာစိုက်ကြည့်နေတဲ့ Jungkook..

" အဆင်မပြေတာရှိလို့လား "

Jungkook ဘက်က အဆင်မပြေတာရှိလို့လားလို့မေးလိုက်တော့ ချောင်းတချက်ဟန့်ကာ ခုံကိုမှီကာ Jungkook အတိုင်း လက်ကိုပိုက်လို့ ခြေထောက်ကိုချိတ်ထိုက်လိုက်ကာ မျက်နှာကို ပြန်ချီလိုက်ပြီး..

"အဟင့် အင်း မပြေဘူး "

" ဘာလို့လည်း "

" ခုတွေ့ ခုလက်ထပ်ရအောင် ကျွန်တော်က အဲ့လောက်မပေါဘူးနော် "

Taehyung လည်းနည်းမျိုးစုံ စဥ်းစားကာ ဉာဏ်များပြီး ပြောနေပါသော်လည်း မျက်နှာခြင်းဆိုင်ကတယောက်ကတော့ အေးရာအေးကြောင်း သာ..

"ကျွန်တော်ဘက်ကတော့လူကြီးတွေစီစဥ်တဲ့အတိုင်း မြန်မြန်လက်ထပ်နိုင်ရင် ပိုကောင်းမယ်လို့ထင်ပါတယ် "

Jungkook ရဲ့ စကားကြောင့် ဟက် ဆိုပြီး ခနဲ့သလိုရီလိုက်ကာ မျက်နှာလေးမဲ့လို့ ခေါင်းလေးစောင်းကာ မျက်လုံးစောင်းပြီးပြန်ကြည့်ကာ စားပွဲခုံပေါ် လက်ကလေးဖြင့်ပုတ်လိုက်ပြီး..

"ဟက် လူကြီးတွေစီစဥ်တဲ့အတိုင်း ခင်များက ကျွန်တော်ကိုလက်ထပ်မှာပေါ့ အချစ်မပါပဲနဲ့ပေါ့ ဟုတ်လား"

လက်ဟန်ခြေဟန်နဲ့ မျက်လုံးလေးပြူးကာပြောနေတဲ့ Taehyung ရဲ့ ပါးစပ်လေးကို နောက်တခါ အသံမထွက်အောင် ထပ်မှန်ပြောလိုက်တဲ့ Jungkook ရဲ့ စကား..

"ဒါဆို တွဲရအောင် "

" ဟင် "

" လက်မထပ်ချင်သေးဘူးဆိုရင် လောလောဆယ် တယောက်အကြောင်းတယောက်သိရအောင် တွဲရ အောင်လေ "

ခုံပေါ်ကို လက်ကလေးတင် မျက်တောင်လေးပုတ်ခက်ပုတ်ခက်ဖြင့် ဘာမှပြန်မပြောနိုင် Jungkook ကိုသာကြည့်နေမိတော့တဲ့ Tae.သူ့အတွေးထဲမှာတော့

Tae pov..Jiminie ငါဘယ်လိုလုပ်ရတော့မလည်း 😭

" ဒါဆို ပြောစရာမရှိတော့ဘူးဆိုတော့ပြန်ကြတော့မလား "

" ဟင် အင်းပြန်ကြတာပေါ့ ခင်များနဲ့ တွေ့ရတာ ကျွန်တော် club တက်ဖို့အချိန်တွေပုတ်တယ် ဒါဆိုသွားလိုက်ပါအုံးမယ် "

ဓာတ်လှေကားထဲ Taehyung က အရှေ့မှာ လက်သဲကိုက် လို့ စဥ်းစားခန်းဖွင့်နေသည်..
Jungkook က Taehyung ရဲ့ အနောက်မှာ ရပ်လို့နေကာ အတူတူ ဆင်းလာကြချိန် Hotel ရဲ့ 27 ထပ်အရောက် casino ဝိုင်းတွေကနေ ထွက်လာကြတဲ့ တရုတ်လူမျိုး ခက်ဝဝ ယောကျား 5 ရောက်က သူတို့နဲ့ဓာတ်လှေကားအတူတူ စီးဖို့ဝင်လာချိန်မှာတော့ Taehyung က ထိုလူတွေကိုရှောင်ရင် နောက်ဆုတ်လိုက်တာကြောင့် သူနောက်မှာ ရပ်လို့နေတဲ့ Jungkook ကိုတိုက်မိတော့သည်..နောက်ပြန်ခေါင်းလေးမော့ကာကြည့်လိုက်တော့ သူထက်ခေါင်းတလုံးလောက်ပိုမြင့်တဲ့ Jungkook က သူ့ကိုအပေါ်ကနေငုံ့ကြည့်လာသည်..

သူကလည်းတိုက်သေးသူကလည်း မျက်စောင်းထိုးသေးဆိုတာ Kim Taehyung ကိုပြောတာပဲဖြစ်မည်..

မျက်စောင်းလေးထိုးကာ ရှေ့နည်းနည်းပြန်တိုးရပ်လိုက်ပေမယ့် ဟို တရုတ်လူမျိုး 5 ယောက်က အရက်တွေလည်းမှုးနေကြသေးသလို တယောက်နဲ့တယောက် အာပေါင်အာရင်းသန်သန်နဲ့စကားတွေပြောကာ ရီနေကြရင်း သူတို့ထဲက တယောက်က မှုးပြီးယိုင်ကာ Taehyung ကိုတိုက်မိတော့မယ့်အချိန်မှာ Jungkook က Taehyung ရဲ့ လက်မောင်းလေးကနေဆွဲကာ ဒေါင့်မှာကပ်လိုက်ပြီး သူကအရှေ့ကနေကာပေးလိုက်တော့သည်..

နှစ်ယောက်သား ဒေါင့်လေးတဒေါင့်မှာ မျက်နှာခြင်းဆိုင်အနေအထား ခန္တာကိုယ်ခြင်းနီးကပ်ကာ Taehyung က ထိုအဖြစ်အပျက်ကြောင့် Jungkook ကို မော့ကာကြည့်နေမိသလို Jungkook ကလည်း အဆင်ပြေရဲ့လားဆိုတဲ့ အကြည့်နဲ့ Taehyung ကိုကြည့်လိုက်မိတော့ နှစ်ယောက်သားအကြည့်ခြင်းစုံသွားကာ အကြည့်တို့မလွဲနိုင်ကြည့်နေမိကြပြီး ဓာတ်လှေကား ရပ်သွားချိန်မှ အသိပြန်ဝင်ကာ မျက်နှာလွှဲလို့ အရှေ့ကလူတွေထွက်သွားပြီး အနောက်ကနေလိုက်ထွက်လာကြကာ ကားပါးကင်ရောက်တော့ Taehyung ဟာ အရှေ့က ထွက်သွားဖို့လုပ်တော့အနောက်ကနေလှမ်းခေါ်လိုက်တဲ့ Jungkook.

" Kim Taehyung shi "

Jungkook ရဲ့ခေါ်သံကြောင့် သွားနေရာကနေရပ်လို့သွားပြီး အနောက်ကိုပြန်လှည့်ကြည့်လိုက်တဲ့ Taehyung..

" အင်း "

" အတည်တွဲရအောင် "

Jungkook ဟာ ပြောပြီးတာနဲ့ ခေါင်းလေးငုံ့ပြကာနှုတ်ဆက်ပြီး လှည့်ထွက်လာကာ Taehyung မမြင်ရတော့တဲ့အနေအထားမှာ ပြုံးလိုက်တဲ့ Jungkook..

Taehyung မှာတော့ သူ့ရဲ့ကားပေါ်ရောက်တဲ့အထိ အသက်မပါသွားသလို ကားပေါ်ရောက်တော့ သူ့အဖြစ်ကိုပြန်စဥ်းစားပြီး ကားပေါ်မှ ခန္တာကိုယ်တခုလုံးတွန်းလိမ်ကာ ဆံပင်တွေကို ဆွဲဖွပြီး အော်ချလိုက်တော့သည်..

" အားးးး ဘယ်လိုအခြေအနေကြီးလည်းလို့ "

I wish you would love me again...

" ဘာလည်း "

" ရားး အသံကဘာဖြစ်နေတာလည်း "

" Jiminie... "

" ရား Taehyung ဘာလည်း ဘာဖြစ်လို့လည်း မင်းအခုဘယ်မှာလည်း ငါနဲ့လူကြီးက မင်းအိမ်ရှေ့မှာရောက်နေတယ် စောင့်နေမယ်လာခဲ့နော် ပြီးတော့မှာရအုံးမယ် ခုကိစ္စလူကြီးလုံးဝမသိသေးဘူး မင်းရောက်လာရင် လူကြီးပြန်မှာအဲ့တော့မှပြောမယ်နော် "

" အင်း "

ငယ်ငယ်က ကျောင်းမှာဆို တက်ကြွတဲ့ကြက်ဖ လို့တောင်နာမည်တွင်ထားတဲ့ Kim Taehyung ဟာ ခုချိန်မှာ အသံတောင်မထွက်နိုင်တော့တာကြောင့် Jimin မှာ ရင်တထိပ်ထိပ်ဖြင့် အိမ်ရှေ့မှာစောင့်နေမိတော့သည်..အိမ်ရှေ့ရောက်တော့ကားကိုရပ်ကာ ဆင်းလာပြီး ခြေကုန်လက်ပန်းကြကာဆင်းလို့လာတဲ့ Taehyung နား အပြေးရောက်လို့လာတဲ့ Jimin

" ရား အဆင်မပြေဘူးလား မျက်နှာလေးပြင်ထားကွာ ငါ့လူကြီးကိုနှုတ်ဆက်လိုက် ပြီးမှ မင်းအခန်းမှာပြောကြမယ် "

"Hyung မတွေ့တာကြာပြီနော် "

" အင်း Taehyung နေမကောင်းဘူးလား မျက်နှာမကောင်းပါလား "

" ရင်ထဲမကောင်းလို့ပါ Hyung ရာ "

" အေးပါ နေကောင်းအောင်နေအုံး.ကလေး ကို ပြန်တော့မယ်နော် ညမိုးမချုပ်စေနဲ့ မပြန်ဖြစ်လည်း Taehyung နဲ့ သာအိပ်လိုက်တော့ကြားလား "

" ဟုတ် ကို တာ့တာ "

Yoongi ပြန်သွားတာနဲ့ Jimin ဟာ Taehyung ရဲ့လက်ကိုဆွဲကာ အိမ်ထဲသို့ဝင်လာခဲ့ကြသည်..အခန်းထဲရောက်တော့ ကုတက်ပေါ်ခြေပစ်လက်ပစ်လှဲချလိုက်တဲ့ Taehyung..စားရေးစားပွဲက ခုံကိုဆွဲကာ ကုတင်ဘေးမှာထိုင်လို့ Taehyung ရဲ့ လက်ကလေးကိုကိုင်ကာ

" ဘာဖြစ်လာတာလည်းကွာ ပြောပြအုံး "

ကုတင်ပေါ်ထိုင်လိုက်ကာ ဒီနေ့ဖြစ်ခဲ့သမျှကို ဖြစ်ကြောင်းကုန်ပြောပြလိုက်ချိန်မှာတော့ Jimin လည်း ထိုင်ခုံကိုမှီချလိုက်ကာ စိတ်ပျက်လက်ပျက်ဖြစ်လို့သွားသည်.

"မင်း စဥ်းစားကြည့်ကွာ အဲ့တာကြီးက တမင်လုပ်နေသလိုပဲလို့မထင်ဘူးလား "

" အဲ့တော့သူက ဘယ်လို​ဖြစ်ဖြစ် လက်ထပ်မှာပဲပေါ့ "

" ဟုတ်တယ်လေ ခုအခြေအနေကိုကြည့်တာနဲဲ့သိသာနေတာကို "

" ဒါဆို တွဲလိုက်ကွာ "

" ဘာ!!!!"

" ကူညီပါကွာ သူငယ်ချင်းရာ နော် မင်းကူညီမှရတော့မှကွ လုပ်ပါနော် ခဏလောက်ဟန်ဆောင်ပြီးပဲ တွဲပေးပါနော် နော်လို့ "

အိမ်ယာပေါ်လှဲချလိုက်ပြီး နဖူးပေါ်လက်တင်ကာ
စဥ်းစားခန်းဖွင့်လို့နေတဲ့ Taehyung. ဘေးနားဝင်အိပ်ကာ တယောက်အိပ်မွေ့ယာပေါ်အတင်းဖက်တွယ်ကာ Taehyung ရဲ့ ကိုယ်လုံးကိုဖတ်ကာ ခွထားပြီး အတင်းကပ်ကာ ချွဲလို့နေတဲ့ Jimin..

" လုပ်ပါ သူငယ်ချင်းရာ နော်လို့ မင်းမှမကူညီရင် လူကြီးနဲ့ငါကဝေးရတော့မှာ ခဏလောက်တွဲကြည့်ပြီး အဆင်မပြေရင်ပျက်လိုက်လို့ရတယ်လေကွာ နော်လို့ "

" အဲ့တာက ထားတော့ ဟန်ဆောင်နေတာသိသွားရင် ဘယ်လိုလုပ်မလည်း "

" ဒါတော့မသိအောင်လုပ်ရမှာပေါ့ လုပ်ပါကွာနော် "

" အေးကွာပြီးရောကွာ ဖယ်ဖယ် ဖတ်ထားတာရွံဖို့ကောင်းလိုက်တာ လစ်လစ် "

ကုတင်ပေါ်မှာ အတင်းတွေဖတ်တွယ်ထားတဲ့ Jimin ကိုကုတင်ပေါ်ကနေကန်ချလိုက်တဲ့ Taehyung..ဒါတောင်အမှတ်မရှိ ကုတင်အောက်ကနေကုတ်ဖဲ့ပြန်တက်ကာ Taehyung ရဲ့ကိုပေါ်ခွကာ Taehyung ရဲ့ ပါးကိုဘယ်တပြန်ညာတပြန်နမ်းလို့နေတဲ့ Jimin..

အနောက်ကနေ တံခါးမခေါက်ပဲ ဝင်လို့လာတဲ့
ဦးလေး Namjoon သူတို့ နှစ်ယောက်ပုံစံကိုလည်း မြင်ရော

" ရားး မင်းတို့နှစ်ယောက်တွဲနေကြတာလည်း "

ကုတင်ပေါ်က နှစ်ယောက်သား ဆင်းကာ မက်တပ်ရပ်လို့တယောက်နဲ့တယောက် မဲ့ကာ ကြည့်ပြီး ပြိုင်တူအော်ကာပြောလိုက်ကြသည်.

Tae jimin " ဒီကောင်နဲ့ တွဲစရာလား! !!"

BlackroseTK93
Taekookforever 🐰🐯

zawgyi

"လက်ထပ်ရအောင် "





"အဟင့် အင်း မပြေဘူး "

" ဘာလို့လည်း "







"ဒါဆို တွဲရအောင် "

" ဟင် "










" Kim Taehyung  shi "


" အင်း "

" အတည်တွဲရအောင် "





" ဘာလည်း "


" Jiminie... "


" အင်း "







" ဟုတ် ကို တာ့တာ "






" ဟုတ်တယ်လေ ခုအခြေအနေကိုကြည့်တာနဲ့သိသာနေတာကို "

" ဒါဆို တွဲလိုက်ကွာ "

" ဘာ!!!!"












BlackroseTK93
Taekookforever 🐰🐯

Continue Reading

You'll Also Like

137K 5K 87
Ahsoka Velaryon. Unlike her brothers Jacaerys, Lucaerys, and Joffery. Ahsoka was born with stark white hair that was incredibly thick and coarse, eye...
950K 36K 86
๐—Ÿ๐—ผ๐˜ƒ๐—ถ๐—ป๐—ด ๐—ต๐—ฒ๐—ฟ ๐˜„๐—ฎ๐˜€ ๐—น๐—ถ๐—ธ๐—ฒ ๐—ฝ๐—น๐—ฎ๐˜†๐—ถ๐—ป๐—ด ๐˜„๐—ถ๐˜๐—ต ๐—ณ๐—ถ๐—ฟ๐—ฒ, ๐—น๐˜‚๐—ฐ๐—ธ๐—ถ๐—น๐˜† ๐—ณ๐—ผ๐—ฟ ๐—ต๐—ฒ๐—ฟ, ๐—”๐—ป๐˜๐—ฎ๐—ฟ๐—ฒ๐˜€ ๐—น๐—ผ๐˜ƒ๐—ฒ ๐—ฝ๐—น๐—ฎ๐˜†๐—ถ๐—ป๐—ด ๐˜„๐—ถ๐˜๐—ต ๏ฟฝ...
863K 40K 61
Taehyung is appointed as a personal slave of Jungkook the true blood alpha prince of blue moon kingdom. Taehyung is an omega and the former prince...
1.7M 56.5K 70
In which the reader from our universe gets added to the UA staff chat For reasons the humor will be the same in both dimensions Dark Humor- Read at...