Jeonရဲ့ မျက်ဝန်း အစုံသည် တစ်ဖက်ဝိုင်းမှ မခွာနိုင်သည့်အခြေအနေ။
ပျော်ရွှင်ကာ စကားလက်ဆုံကျနေသော ကလေးလေးသည် စိတ်ကုန်နေပြီ ဟု ဆိုခဲ့ပါသော လူသားနှင့် လားလားမှ မဆိုင်သလို။မသိပါလျင်...သူ့ဘက်ကသာ တဖတ်သက်ကြီး ကြေကွဲနေကာ Park Jiminကတော့ နည်းနည်းလေးပင်အပြုံးမပျက်ခဲ့။
သူရှိနေသည်ကိုပင်သတိထားမိပုံမပေါ်ခဲ့။
အလင်းထဲမှပြုံးပျော်နေသူသည်လည်း ရင်ထဲတဖြည်းဖြည်းပူလောင်လာသည်။
သူသောက်မိတာဝိုင်တစ်ခွက်လေးထဲရယ်ပါ။
ပူစပ်ပူလောင်ကြီးဖြစ်ကာ နေရခက်လာသည်။
အရှေ့မှBellaက သူ့ကိုပြုံးပြုံးကြီးစိုက်ကြည့်နေပေမယ့် သူမအား ပြန်မပြုံးပြနိုင်။
ရီဝေလာသောမျက်လုံးတို့နဲ့ မူးနောက်နောက်ဖြစ်လာသောခေါင်းကြောင့် စကားစပြောဖို့ပင်အားအင်တို့က ဘယ်နားပျောက်ဆုံးနေမှန်းမသိ။
ဆရာဝန်ပေးထားတဲ့ဆေးနဲ့ဝိုင်ကမတည့်ပေ။
ဒါကြောင့်များလား။
ဆိုးကျိုးကဒီလောက်ထိပြင်းထန်ပါက သူသောက်မိမည်မဟုတ်ပါ။
ချွေးစချွေးနလေးများပင် နဖူးပေါ် တွဲလဲခိုလာကြသည်။ပူထူလာသော ခန္ဓာကိုယ်ကို ထိန်းချုပ်၍မရနိူင်တော့။
"Jimin ဘာဖြစ်လို့လဲ ဟင် နေမကောင်းလို့လား''
''အင်း.....ကျွန်တော်..... သိပ်အဆင်မပြေဘူး''
လက်ကလေးဖြင့်ခေါင်းကိုကိုင်ကာပြောလာသောJiminကြောင့် သူမရဲ့လုပ်ငန်းကစရတော့မည်မဟုတ်လား။
သားကောင်ငယ်သည် ဝိုင်တစ်ခွက်ထဲနဲ့တင်ပြိုလဲစွာ။
ဘယ်သူကသိမှာလဲ ဝိုင်တစ်ခွက်ထဲမှာ ပြင်းပြလှစွာသော ဆေးမှုန့်တစ်ချို့ပါတယ်ဆိုတာလေ။
အဆင်မပြေစွာဖြစ်နေသော မြင်ကွင်းကို မြင်နေရသော်လည်း နေရာမှ တလှမ်းမှရွေ့မနေတဲ့ ကိုယ့်ခြေထောက်အစုံတို့အား ရိုက်ချိုးချင်စိတ်တို့ကအပြည့်။
''Bellaပြန်လိုက်ပို့မယ်လေ ယုံတယ်မလား ယူ့ကြည့်ရတာ မူးနေတဲ့ပုံ''
ပြောစရာစကားမရှိချိန် မိန်းကလေးတစ်ယောက်ရဲ့ဆွဲထူခြင်းအပေါ် ပေါ့ပါးစွာ ပါသွားတဲ့ ခန္ဓာကိုယ်ငယ်။
အလိုက်သင့်ပင််ဆွဲခေါ်ရာနောက်သို့လိုက်သွားသော ကိုကို့အား သူက ရီဝေနေသည့်ကြားမှ မတားနိုင်ခဲ့။
မြေကြီးနှင့်ကပ်ထားသလားအောက်မေ့ရတဲ့ခြေထောက်တို့အား ဒေါသတကြီး ဆွဲခွာမိတော့ လူနောက်ပြန်ကျတော့မည့် အနေထားသို့ရောက်သွားတော့သည်။
Taeဘေးနားရှိလို့တော်သေးတာပေါ့။
မဟုတ်ရင်အခုလောက်ဆိုမြေကြီးပေါ် ပက်လက်လန်နေလောက်ပီ။
ထသွားသောလူနှစ်ယောက်နောက်သို့လိုက်မည်အပြင် ဖမ်းဆွဲခံလိုက်ရသော လက်တစ်ဖက်။
''မသွားပါနဲ့လား...Jeon''
''မင်းလူက ဘယ်အချိုးချိုးနေလဲ မင်းသိလားTae
ပြတ်သွားသလားမသိနိုင်သေးတဲ့အခြေနေမှာ နောက်တစ်ယောက်နဲ့ဖောက်ပြန်နေတာလေ''
စွပ်စွဲချလိုက်လေခြင်း။
မသိမသာပင်ပြုံးမိသည်။
Main Point ကိုမရောက်ခင်မှာတင် Jeonဟာ တုန်ဆင်းသွားခဲ့တာမဟုတ်လား။
သေချာပါသည်။
သူ့ရဲ့အကြံကြောင့်Jeonမုန်းသွားမှာပါ။
Jeonဟာ ပွဲအတွင်းမှထွက်သွားသောကားတစ်စီးနောက် ပြေးလိုက်သွားတော့သည်။
Partyရဲ့ပိုင်ရှင်လည်း ချစ်လှစွာသောရဲ့နောက်မှ အပြေးလိုက်ကာ ဇာတ်သိမ်းခန်းလှလှလေးအားငေးကြည့်ရန်အသင့်ပင်။
မမှီတော့သော ကားအား Jeonက သူ့ရဲ့ပြိုင်ကားအနီရင့်ရင့်ဖြင့်ထပ်မံလိုက်လေတော့ Taeလည်းအလိုက်သင့်ပါလာလေသည်။
ပူလောင်နေသူရဲ့ဘေးတစ်ဖက်ခြမ်းအားအေးချမ်းစွာကြည့်နေရတဲ့အခိုက်အတန့်။
ဒေါသကြောင့် နဂိုကစိမ်းမြရောင် သန်းနေသော အကျောတို့ဟာ တင်းမာလျှက်။
လက်သီးဆုပ်သည် စီယာတိုင်အား ကြေတော့မည့်တိူင်အောင် ဆုတ်ကိုင်ထားလေသည်။
အရှိန်ပြင်းစွာသော ကားဟာ လမ်းပြောင်းပြန်မောင်းနေသည်ကိုပင် အသိမမူရလောက်အောင် အရိုင်းဆန်စွာ။
ချစ်လှစွာသောသည် သူ၏ချစ်သူကြောင့် ဒေါသတို့လောင်မြိုက်လျှက်။
ချစ်လှစွာသောသည် သူ၏အသက်လေးကြောင့် အတ္တတို့ အခိုးအငွေ့ရိုက်လျှက်။
ချစ်လှစွာသောသည် သူ၏ချစ်လှစွာသောကြောင့် စိတ်ရှုပ်လျှက်။
အရှေ့မှ ကားလေးသည် ထင်ထားသည့်အတိုင်း အနီးအနားရှိHotel တစ်ခုသို့ထိုးဆိုက်သွားတော့သည်။
သူ့ကားလည်းရှေ့ဆင့်နောက်ဆင့်ထိုးရပ်ကာ တွဲခေါ်သွားသော မိန်းကလေးလက်ထဲမှ ပျော့ခွေနေသော လူသား အား ရင်ခွင်ထဲသို့ဆွဲသွင်းလိုက်သည်။
"Jimin''
မှေးစင်းနေသော မျက်လုံးလေးများက နာမည်ကြားတော့ပွင့်လာသည်။
''မင်း...ဒီလောက်တောင် ကိုယ့်အပေါ်မုန်းလို့ နောက်တစ်ယောက်နဲ့ဒီအခြေနေအထိရောက်လာတာလား''
ကူးငယ်ပြောနေသော စကားများအား သူနားမလည်ပါ။
ဒီအခြေနေဆိုတာကရော ဘာလဲ။
Bellaက သူ့အားအိမ်ပြန်ပို့မယ်ဆိုလို့ လိုက်လာခဲ့ရခြင်းသာဖြစ်သည်။
ပတ်ဝန်းကျင်အနေထားကို မျက်စိဖွင့်ကြည့်မိတော့ Hotelတစ်ခုရဲ့ရှေ့သို့ရောက်နေရခြင်း။
''မဟုတ်ဘူး...ကူးငယ်....ကိုကိုကလေ သူ...သူကအိမ်ပြန်ပို့မယ်ဆိုလို့...လိုက်လာခဲ့မိတာ''
''ခင်များ....ပြောင်လိမ်မနေနဲ့ ဒီတစ်ယောက်က ခင်များကောင်မလေးမှန်းကျုပ်သိတယ်''
''မောင် က ဘာတွေ မူနေတာလဲ မောင်ပဲ Bellaနဲ့ ဒီလာရအောင်ဆိုလို့ အတူတူလာတာလေ''
လေသင့်ရာ လေထပ်တိုက်လိုက်မိတဲ့အခါ မူးနေသူရဲ့မျက်ဝန်းများက ရဲတောက်သွားတော့သည်။
ဖက်ထားသည်မှ ခွာကာ လက်နုနုလေးအား မညှာမတာ ဆုတ်ကိုင်ထားလိုက်သည်။
ဘာမှနားမလည်သည့်အရုပ်လေးကတော့ သုံးယောက်လုံးအားကြည့်ကာ ခေါင်းတခါခါဖြင့်။
''ကိုကို...ဒီလိုလူမျိုးမဟုတ်တာ ကူးငယ်သိပါတယ်''
''သိတယ် ခင်များက အရင်ကလည်းဒီလိုလူမျိုးပဲ အခုလည်းဒီလိုလူမျိုးပဲ ခင်များမိန်းမတွေပဲ ကြိုက်တာ သိတယ် ဒါကြောင့် စိတ်ကုန်တယ် ခင်များပြောထွက်တာ''
မျက်နှာအား လက်ဖြင့် အတင်းညှစ်ကာ ပြောလာသူကြောင့် နာတဲ့အသိကလွဲဘာမှ ရေရေရာရာနားမလည်တော့။
''မဟုတ်ဘူးလေ ကူးငယ်ရယ်''
ဒီစကားတစ်ခွန်းသာ သူ့မှာ ပြောထွက်ခဲ့သည်။
ဖြေရှင်းရအောင်လည်း သူဘာမှ မှတ်မိမနေ။
အမှန်တိုင်းပြောရရင် ဘာကြောင့် ကူးငယ်ဒီလိုတွေပြောနေမှန်းလည်းသူနားမလည်ခဲ့။မမှတ်မိတော့။
ခေါင်းတစ်ခုလုံးပူထူလာကာ ရင်ဘက်တစ်ခုလုံးလည်းပေါက်ထွက်မတတ်ဆူတတ်လာသည်။
အောင့်သက်လာသော ရင်အစုံအား အတင်းဖိကာ အကြောင်းအရာတစ်ချို့ကိုပြန်စဥ်းစားနေသော်လည်းမှတ်မိမနေတော့။
တကယ်ပဲ သူအတိတ်မေ့သွားတာလား။
''ခင်များဟာလေ....ချစ်တယ်ဆိုပြီး လွှတ်ထားလို့မရဘူးပဲ''
ဒေါသတို့ဆူပွက်နေသော မျက်လုံးဝိုင်းဝိုင်းလေးများအား ပထမဆူံးအကြိမ် မကြည့်ချင်နေရခြင်း။
ပြင်းထန်တဲ့စကားလုံးတွေထပ်ထွက်ကျလာမှာသေလောက်အောင်ကြောက်ရပါသည်။
''Jeonရယ် သူများချစ်သူနှစ်ဦး ပျော်ပါစေ ကိုယ်တို့သွားရအောင်...Bella အဆင်ပြေပါစေ''
ရိပ်မိခဲ့ပါသည်။ဒီလိူစကားလုံးတွေထွက်လာမယ့်Taeကို။
''Tae...''
''ဟင်''
မဟုတ်တာလုပ်ပီးရင် ထွက်လာတတ်သော''ဟင်''။
အလွတ်နီးပါးရနေပြီဖြစ်သော Taeလိမ်တဲ့အခါ ထွက်ကျလာတတ်တဲ့''ဟင်''။
''ငါမသိဘူးထင်နေတာလား''
''ဘာကိုလဲ''
''ပြန်မေးရဲတဲ့သတ္တိကို ချီးကျူးချင်ပေမယ့် မပိရိတဲ့မင်းလုပ်ရပ်ကိုတော့ သိပ်အားမရဘူး''
ဒီတစ်ခါနားမလည်သူဖြစ်ရတာကTaeပင်။
အလားတူကြောင်အသွားသူကBella။
''သူ့ကိုတော့ ဟိုဟာဖြစ်စေတဲ့ဆေးကိုခတ်ပီး ငါ့ကိုတော့ ဖြစ်သမျှမေ့စေတဲ့ဆေးကိုခတ်ခဲ့တယ် ဒါပေမယ့်....မင်းလူက မှားပီး တိုက်မိတယ်လေ''
Jeonက Bellaအား တည့်တည့်ကြည့်ကာပြောလိုက်သည်။
သူတို့နှစ်ယောက် ရဲ့လုပ်ရပ်ကဘာကြောင့်များအလွယ်လေးJeonထံအရှုံးပေးလိုက်ရတာလဲ။
''မင်းကဘာကြောင့်လုပ်မှန်းမသိပေမယ့် ငါခွင့်လွှတ်ပါတယ် ဒါပေမယ့်လေ....''
''တောင်းပန်ပါတယ် ငါ....ငါ...မင်းကို ချစ်လို့လုပ်မိတာပါ''
တုန်ရီစွာထွက်ကျလာသော စကားလုံးများအားJeonက ဟားတိုက်ရယ်လေတော့သည်။
''မဖြစ်နိုင်တာကို သိတယ်မလား''
''သိပါတယ်''
''အာ့ဆို ဘာလို့ ဒီလိုလုပ်ရက်လဲ''
''ချစ်လို့''
''မင်း...ငါ့ကိုချစ်နေတာမှန်း ငါအစောကြီးကသိတယ် Jiminကို လိုက်နှောင့်ယှက်နေတဲ့ ဟာတွေကိုလည်းမင်းခိုင်းမှန်းငါသိတယ် ငါအကုန်သိနေခဲ့တယ် ငါဘာလို့မပြောခဲ့လည်းသိလား''
''ဟင့်အင်း''
''မင်းလုပ်တာမှန်းJiminမတော်တဆများကြားသွားပြီး မင်းကို မုန်းမှာဆိုးလို့ ငါချစ်ရတဲ့ကောင်လေးဆီမှာ အမုန်းတရားမကိန်းအောင်စေလိုတဲ့စိတ်နဲ့ ငါဘာတစ်ခွန်းမှမပြောခဲ့တာ....အခုလို လုပ်ရက်အထိကတော့ မင်းလွန်တယ်''
''Taeတောင်းပန်ပါတယ် Taeမှာလေ ချစ်လွန်းလို့ပါ''
''မင်းမှာချစ်တတ်တာကလွဲပီး တခြားအသိတရားမရှိဘူးလား Jiminသာ ဒုက္ခဖြစ်ကြည့် ငါအရင်သတ်မိမှာ မင်းကို...''
လက်ညှိုးငေါက်ငေါက်ထိုးခြင်းကိုရှောင်တိမ်းခွင့်Jeonကနည်းနည်းလေးမှမပေးပေ။
Jeonစကားများက မျှော်မှန်းထားတာထပ်သိပ်ထိရှလှပါသည်။
''ဟုတ်ပါတယ် ငါက ချစ်တယ်ဆိုတာကလွဲရင် တခြားအသိတရားမရှိပါဘူး ဒါကြောင့် မှားမိတာပါ''
''နောက်တစ်ခါဒီအမှားမျိုးထပ်မှားမိခဲ့ရင် မင်းတစ်ခါထဲ သေတွင်းတူးထားပါ မင်းရောပဲ Bella နောက်တစ်ခါ ငါ့လူကိုထိမယ်ဆို ဘာဒဏ်ခံစားရလဲဆိုတာ အရင်စုံစမ်းပီးမှထိ ပြီးတော့ မင်းထိချင်တိုင်းထိရအောင် ကိုကိုက ပွဲစျေးတန်းက အရုပ်လေးမဟုတ်ဘူး ငါ့အသက် ငါ့ဘဝ မင်းသူ့ကိုထိတာ ငါ့အသက်ကို ချိန်းခြောက်တာနဲ့အတူတူပဲ''
''Tae Hyung ခိုင်းလို့လုပ်မိတာပါ''
''မရတော့ဘူး...ဒီတိုင်းဆို ကိုကို့ကို Taeရှာမတွေ့အောင် ဖွက်ထားရတော့မှာ''
Jeonကခပ်ရွဲ့ရွဲ့လေးပြုံးကာပြောလိုက်ပေမယ့် ခဏတာ အတိတ်မေ့နေသူကတော့ ထိုစကားအားကြောက်လန့်တကြားရှိလှသည်။
တွန့်သွားသော ခန္ဓာကိုယ်က ကြောက်လန့်ခြင်းရဲ့နိဒါန်း။
''လာ...ခင်များ လည်း တွေ့ကရာလူနဲ့ မလိုက်တတ်အောင် အပြစ်ပေးရမယ်''
''ငါမလိုက်ချင်ဘူး''
ဆွဲလာသောလက်အကြီးကြီးကိူ လက်သေးသေးလေးက တွန်းဖယ်ကာ ပြောရှာသည်။
''မလိုက်ရင် မင်းကဒီနေရာမှာနေမလို့လား''
''ဟင့်အင်း''
''ဟင့်အင်းဆိူ လိုက်ရမှာပေါ့''
အတင်းဆွဲခေါ်သူနောက်သို့ ပါသွားသော ခန္ဓာကိုယ်ငယ်အားကြည့်ကာ မျက်ရည်ပေါက်ကြီးငယ်ကျကာ အားကျမိသည်။
Taeဟာ လှပ်ပတဲ့ဇာတ်သိမ်းကို ကြည့်ချင်ခဲ့ပေမယ့် သူကိုယ်တိုင်ဇာတ်သိမ်းသွားရသည်။
Bellaလည်းနှစ်သိမ့်စကားတစ်ခွန်းမဆိုကာထွက်သွားတော့ လမ်းလယ်ခေါင် တစ်ယောက်ထဲ။
ရွေ့လျားသွားလာနေသော လူအများက လှပသောကောင်လေးရဲ့ငိုကြွေးနေမှုကို သနားသဖွယ်ကြည့်သွားကြသည်။
Taeဟာ ဂရုမစိုက်ပါပဲ ပလပ်ဖောင်းပေါ် အရူးတစ်ယောက်လိုထိုင်နေဆဲ။
Jeonဟာ သိပ်ရက်စက်သွားတာ
Jeonဟာ ချစ်ပြတတ်သွားလိုက်တာ
ငါ့မှာ မျက်ရည်ကျရတဲ့အထိပါပဲ.....။
ရူးလိုက်ရတာ Jeonရယ်။
နောက်ဆုံးရူးမိသမျှကတော့ မင်းပြောတဲ့စကားလုံးတွေကြောင့် လမ်းဘေးအသဲကွဲနေရတဲ့သူအထိပေါ့။
အသဲကွဲမြို့လယ်ခေါင်ရယ် အလင်းရောင်ကျနေပေမယ့် တကယ့်ရင်ထဲ အမှောင်ဖုံးစရာအတိ။
-------------------
''မင်း...ငါ့လက်ကိုလွှတ်နော် ငါမလိုက်နိုင်ဘူး''
အနက်ရောင်လွှမ်းခြုံနေသော ခြံဝန်းအကျယ်ကြီးထဲ Jeonက လက်ဆွဲကာ ခေါ်ဆောင်သွားပေမယ့် Jimin ကရုန်းကန်ကာ အော်ဟစ်နေခဲ့သည်။
''ကိုကိုရယ် လိမ်လိမ်မာမာလေး လိုက်လာခဲ့ပါလား လူတွေက ကိုကို့ကိုတွေ့ရင် အမျိုးမျိုးနှောင့်ယှက်ကြမှာ မောင်မကြိုက်ဘူး''
Jeonဟာ လက်တွေကို အတင်းဆွဲကာ မှောင်မဲနေသော အိမ်ကြီးအတွင်းသို့ဝင်သွားခဲ့သည်။
အလင်းရောင် မရသောအခါမျိူးမှာ အသက်ရှူရခက်တာမို့ သူ့လည်ချောင်းတို့သည် ပိတ်စို့လာတော့သည်။
နေရခက်လှသောအခြေအနေတွင် ဖမ်းဆုပ်ထားစရာJeonလက်မှတစ်ပါးတခြားအားကိုးရာမရှိခဲ့။
''ကူးငယ်...ကိုကို အသက်ရှူရကြပ်လို့ မီးလေးဖွင့်ပေးပါနော်''
နှစ်ခါမပြောရသော အမိန့်သံအောက်တွင် Jeonက လက်ဖျောက်တစ်ချက်တီးရုံမျှနှင့်တစ်အိမ်လုံးလင်းထိန်စေခဲ့သည်။
ကြီးကျယ်ခမ်းနားသော အိမ်ကို Jiminအသက်အရွယ်အရအခုမှ ပထမဆုံးမြင်ဖူးခြင်း။
လိုက်ကာအမည်းစကြီးများဖြင့် ကာရံထားကာ ငွေမှင်ရောင်မီးဆိူင်းများဖြင့်ဧည့်ခန်းဟာ တင့်တင့်တယ်တယ်ပင်။
''ကိုကို...တခြားဘယ်သူမှမတွေ့အောင်နေနော်''
''ဘယ်ဖြစ်ပါ့မလဲ အိမ်မှာJin Hyung ကျန်ခဲ့တယ်လေ''
''ဟင့်အင်း Jin Hyung နဲ့လည်းမတွေ့ရဘူး မောင်နဲ့အတူတူနေကြမယ်နော် ''
ပြောင်းလဲသွားတဲ့Jeonစိတ်အစဥ်ကိုလိုက်မမှီတော့စဥ်မှာ ကူးငယ်ဟာ လက်ကိုတင်းကြပ်စွာဆွဲကာ တခြားနေရာသို့ထပ်ခေါ်လာခဲ့သည်။အိမ်ကြီးကကြီးမားသလောက် လူတစ်ယောက်မှမမြင်ရ၍နဂိုကြောက်စိတ်အခံလေးကထကြွလာခဲ့ရသည်။
ကူးငယ် ဟာ အခန်းပေါင်းများစွာရှေ့ဖြတ်လျှောက်ရင်းနောက်ဆုံးတော့ လှေကားလေးအတိုင်းဆင်းလာခဲ့သည်။
သေချာသည်ကဒါဟာမြေအောက်ခန်းပင်။.
ကြောက်စိတ်ကြောင့်ခြေထောက်များကတုန့်ဆိုင်းနေခဲ့ပေမယ့် ကူးငယ် ရဲ့သန်မာတဲ့လက်များနောက်သာ အကြမ်းပတမ်းပါသွားခဲ့ရတော့သည်။
အနီရောင်လိုက်ကာစကိုဆွဲဖယ်လိုက်သည်နှင့်ခမ်းနားစွာထပ်ထွက်လာသောအခန်းငယ်တစ်ခု။
''ဒါ ကိုကိုနေရမယ့်နေရာလေ''
သူခေါင်းညိတ်မိလား ခေါင်းခါမိလားပင်သူ့ကိုယ်သူမသိတော့။
''မနေချင်ဘူး''
''ဘာ....ခင်များမနေချင်ဘူးတစ်ခွန်းထပ်ပြောကြည့် သတ်ပစ်မှာ ဒီအခန်းထဲမှာသေဆုံးသွားချင်လား ဘယ်နေရာမှာသေဆုံးဆုံး ခင်များဟာ Jeon Jung Kookရဲ့ ရင်ငွေ့အောက်မှာပဲ ဝိညာဥ်ကြွေရမယ် နားလည်လား''
အတ္တဆန်ဆန်ချစ်ခြင်းမေတ္တာတရားဟာတရှိန်ထိုးကြီးမားလာခဲ့သည်။
ချစ်ရလွန်းလို့ ဒီနေရာထိအပါခေါ်ခဲ့ရတာ။
မဟုတ်ရင်Taeက ကိုကို့အား ထပ်ထိမှာ ကြောက်လှပါသည်။
''ကူးငယ် စိတ်အေးအေးထား ပါလား ကိုကိုတို့ကအတူတူနေရမယ့်သူတွေပဲလေ ဒီအထဲမှာ ပိတ်လှောင်ထားတာတော့မကောင်းပါဘူး''
''ပိတ်လှောင်တယ်ဟုတ်လား...ခင်များ စကားကိုဆင်ခြင်ပြော ချစ်လို့ ချစ်လို့တစ်ယောက်ထဲကြည့်ချင်ခဲ့ရုံပါ ကိုကိုရယ် ကိုကို့ကို လက်ဖျားနဲ့တောင်မောင်မထိဝံ့ပါဘူး မောင့်ကိုမကြောက်ပါနဲ့နော်''
တိုးသိမ်စွာသောစကားများနှင့်မလိုက်ဖက်အောင်မျက်ဝန်းများကခက်ထန်နေဆဲ။Jeonရင်ထဲဘာတွေဖြစ်နေလဲနားမလည်ခဲ့ပေမယ့် သူတော့တကယ်တုန်ရီနေခဲ့သည်။
မနေချင်ပါ။
မြေအောက်ခန်းထဲတစ်ရက်လေးတောင်အသက်မရှင်ချင်။တွေးကြည့်ရုံနဲ့တင်မွန်းကြပ်လှသည်။
သူလွတ်မြောက်ရာကိုအကြံထုတ်မှရတော့မည်။
သူလွတ်မြောက်ပါကJeonနှင့်ဝေးမည်။
Jeonနှင့်မဝေးပါက သူ့အသက်လွတ်မြောက်မည်မဟုတ်ပါ။
Jeonကအိပ်ရာပေါ်ကနေသူ့အားစေ့စေ့ကြည့်နေသည်။ဤအကြည့်များအားခံနိုင်ရည်အစထဲကမရှိခဲ့ပါ။မျက်နှာလွှဲမိလေတော့
''ကိုကိုကသိပ်လှတယ်''
''မောင် ကိုကို့ကို သိပ်ချစ်တာ''
''ဒါနဲ့ ကိုကို ဗိုက်ဆာလား''
ဗိုက်ဆာလားဆိူတဲ့မေးခွန်းအပေါ်သူဟာအဖြေထွက်ခဲ့သည်။
''ဟုတ်''
''အာ့ဆိူ ကျွန်တော် တစ်ခုခုသွားဝယ်ပေးမယ် ကိုကို ထွက်ပြေးလို့မရဘူးနော် မဟုတ်ရင်ကျွန်တော်သေမှာ''
''မထွက်ပြေးပါဘူး ကိုကိုရေချိုးပီးစောင့်နေမယ်နော်''
''ဟုတ် ကိုကိုက လိမ်မာတယ်''
''ရွှတ်စ်''
ပါးပြင်လေးအားနမ်းကာ ထွက်သွားသော ကောင်ငယ်လေးကို သူမတရားလုပ်မိမှာ သိပ်ကြောက်မိပြန်ပါသည်။
ထိုကလေးကိုသူလည်းသိပ်ချစ်ပါသည်။
သို့ပေမယ့် ကြောက်သည်ကပိုနေတော့ သူ့မှာရွေးချယ်စရာလမ်းတို့မရှိ။
Jeonထွက်သွားသည်မှာသေချာသည်မို့ ဘောင်းဘီအိတ်ထဲမှ ဖုန်းကိုထုတ်ကာ Jin Hyungဆီ တည်နေရာတစ်ခုနှင့်Messageပို့လိုက်သည်။
''အခုလာပြီ မကြောက်နဲ့နော်''တဲ့။
စိတ်ချရပီမို့ အသက်ပြင်းပြင်းရှူကာ သက်ပြင်းရှည်ကြီးချမိသည်။
မုန့်ထွက်ဝယ်နေသောကောင်လေးသည် သူ့ရဲ့ကံက္မြာအားမမြင်သလို မြေအောက်ခန်းမှကောင်လေးသည်လည်း ဝေးသွားရမည့်အကြောင်းရင်းအားလုပ်မိသည်ကိုလည်းမသိရှာခဲ့ပါ။
Jinသည် Dr. Kimအားဖုန်းဆက်ကာ လုပ်သင့်လုပ်ထိုက်တာလုပ်ရန်အကြောင်းကြားပြီး Jiminပို့တဲ့တည်နေရာသို့ ရဲတပ်ဖွဲ့ဖြင့်ရောက်ချလာတော့သည်။
မုန့်ထွက်ဝယ်သောကောင်လေးသည် ရဲကားနဲ့လူတစ်စုအားမိမိအိမ်ရှေ့ဝယ်တွေ့သည်မို့ ဘာဖြစ်တာလဲမေးရန်ချဥ်းကပ်ခဲ့ပေမယ့် တွေ့လိုက်ရတဲ့မျက်နှာငယ်တစ်ခုကြောင့် လက်ထဲမှာမုန့်များမြေပေါ်သို့ကျဆင်းခဲ့ရတော့သည်။
ဗိုက်ဆာတယ် ဆိုတဲ့အသံလေးကြောင့် ထွက်ပြေးမည်ဆိုးတဲ့ တွေးပူစိတ်လေးဖြင့် သူစားရန်အပြေးဝယ်ခဲ့မယ့် လုပ်ရက်သူကတော့ ထွက်မပြေးပဲ သူ့အား ဖမ်းဆီးဦးမှာတဲ့လေ။
မုန့်လွတ်ကျသွားတဲ့ လက်နှစ်ဖက်အား လက်ထိပ်က အမေးအမြန်းမရှိခတ်လေတော့ သူ့မှာရင်ကွဲမတတ် မျက်ရည်ကျမိသည်။
အနီးဆုံးကိုဆွဲခေါ်ခဲ့ပေမယ့် ကိုကိုဟာ အဝေးဆုံးကိုပိုပြေးတာမို့ အသာတကြည်သာ ဖမ်းဆီးခြင်းကိုလက်ခံလိုက်မိသည်။
''ကိုကိုနဲ့ခဏလောက်စကားပြောလို့ရမလား''
တောင်းဆိူသံလေးကတကယ့်တိုးညှင်းစွာ။
ကားပေါ်တက်လုဆဲဆဲကိုကိုက သူ့အသံလေးကြောင့်ငိုကြွေးထားသော မျက်နှာလေးဖြင့်ငေးကြည့်လာသည်။
ဘာကြောင့်ငိုရသလဲကိုကို။
ပျော်တယ်မဟုတ်ဘူးလားဟင်။
ကူးငယ် က ကိုကို့စိတ်ကြိုက်နေပေးမှာမို့ ပြုံးပေးစမ်းပါ။
''ကူးငယ်''
''ကိုကိုဗိုက်ဆာတယ်ဆိုလို့လေ ကူးငယ် မုန့်တွေဝယ်လာတာ ကိုကိုကပြန်တော့မလို့လားဟင်''
ကလေးလေးတစ်ယောက်လို ပြုမူနေပြန်သူအား သူဘယ်လိုနှစ်သိမ့်ပေးရမလဲမသိတော့ပေ။
ပြောပြခွင့်မရှိခဲ့ပေမယ့်သူ့ရင်ဟာလည်းကြေကွဲလုနီးပါးပါပဲ။
ကိုကို့ရဲ့ကလေးလေးကိုမှ နာအောင်လို့ လက်ထိပ်ခတ်ရသလားကွယ်။
လက်ကလေးနှစ်ဖက်ကိုဖွဖွလေးကိုင်တော့ထိုကလေးလေးကပြုံးပြလေသည်။
''ကိုကို Taeမတွေ့အောင်ပုန်းနေနော် သူကလေ ကူးငယ် ကိုချစ်တယ်ဆိုပြီး ကိုကို့ကိုနှောင့်ယှက်မှာ''
''ကိုကိုရှောင်ပါ့မယ်''
''အချိန်စေ့ပီ....Jeon Jung Kookမူးရမ်းစွာ ပြန်ပေးဆွဲမှူနဲ့ Park Jimin ကအမှူဖွင့်ထားတာမို့ စခန်းကို လိုက်ခဲ့ပါ''
မူးရမ်းစွာပြန်ပေးဆွဲမှူတဲ့။
အချစ်လွန်မှူနဲ့တရားစွဲလို့ရပါတယ် ကိုကိုရယ်....။
လက်ထိပ်တွေကြားကဖြင့် တရားစွဲတဲ့ခေါင်းစဥ်လှလှလေးအား မျက်ရည်စတွေဖြင့် ရယ်မောစွာရေရွတ်မိသည်။
''မူးရမ်းစွာ ပြန်ပေးဆွဲမှုတဲ့ ကိုကိုဟာလေ ခေါင်းစဥ် တောင်ချစ်စရာလေး ပေးတတ်တယ်''
21.9.2023