Forget-Me-Nots { Completed }

De popophoenix207

318K 17.1K 2.5K

A Love Story ( Own Characters ) ဘုဏ်းဇေယျာကျော်xရှင်းသန့်တည်ကြည် " မင်းသားလေး...မင်း ငါ့အပေါ် သိပ်သဘောကောင်း... Mais

Author's Note
1. Happy Birthday Your Highness
2. When we first met
3. I'll protect you
4. Friends
5.The bond between us
6. Who I am with you
7. Fairness
8. Just take my hand
9. Why are you too perfect?
10. Christmas with you
11. Hug me tight
12. Growing up ain't easy
14. Wherever you go
15. No Sex, No Drug
16. By your side
17. Your Lips , Your Hands
18. Under the moonlight
19. May I dance with you?
20. At age eighteen
21. First kiss I won't ever forget
22. Official boyfriend
23. King of my heart
24. On new year's day
25. " Jag vill kyssa dig " eyes
26. The way I love you
27. Take me to the stars
28. You're my energy
29. Be my forever
30. Can't imagine my life without you
ဘုဏ်းဇေယျာကျော်
31. A Photograph
32. Our Last Date
33. Chapter closed
34. Life goes on
35. One day
36. Give me a small chance
37. Please don't go away
38. Because I love you
39. The smile on your face
40. Loving can hurt sometimes ( Unicode )
40. Loving can hurt sometimes ( Zawgyi )
41. Dear Prince
ရှင်းသန့်တည်ကြည်
42. Love me again
43. You're my destiny
44. The Love of My Life
45. Prince is mine
46. Love wins
47. Till death do us part
48.Final Part - Forget Me Not
Extra - 1

13. To the trouble I'm in

5.1K 283 13
De popophoenix207

( Unicode )

♪ လေ... ပြေညင်းရယ်
ငြိမ်သက်ဆဲ... ညမှာ
အသာအယာတိုးလို့ တိုက်ခတ်နေ
သင်းပျံ့မွှေးတဲ့ ပန်းရနံ့တွေ
ဆောင်ယူ သယ်လာ လေညင်းရယ်... ♪

ခေါင်မိုးအချွန်လေးနှင့်  ‌သေသပ်လှပပြီး အနောက်တိုင်းပုံစံ တည်ဆောက်ထားသည့် အဖြူရောင် နှစ်ထပ်တိုက်တစ်လုံးအတွင်းရှိ ဧည့်ခန်းကျယ်ထဲတွင် ကြားနေရသောသီချင်းသံက နားထောင်ရသူတို့၏ ရင်ထဲသို့ တသိမ့်သိမ့်ဖြင့် ဆွတ်ပျံ့ကြည်နူးဖွယ်စီးဝင်နေသည်။ သာယာငြိမ့်ညောင်းသည့် စန္ဒရားလက်သံသည်လည်း ကြည်လင်ချိုမြသော ထိုသီချင်းသံနှင့်အတူ ပနံရစွာ လွင့်ပျံလျက်ရှိ၏။ စားပွဲပေါ်မှာတင်ထားသော အလှပန်းအိုးထဲတွင် ထိုးစိုက်ထားသည့် နှင်းဆီဝါလေးများကလည်း  ၎င်းတို့ထံမှ အကြည့်မခွာချင်စရာ။ သင်္ကြန်တုန်းက မရွာဘဲ နောက်ကျမှရောက်လာခဲ့သော အခါလွန်မိုးဖွဲက တံစက်မြိတ်အောက်ရှိ ပိန်းပင်အရွက်များပေါ်မှတစ်ဆင့် မြေပြင်ပေါ်သို့ တစ်ပေါက်ချင်း ခုန်ဆင်းနေကြသည်။

သီချင်းဆိုနေကြသူများသည် အသက်ရှစ်ဆယ်နားနီးပြီဖြစ်သည့် အဘိုးကြီးအဘွားကြီးလင်မယားနှစ်ယောက်ဖြစ်ပြီး စန္ဒရားတီးနေသူကတော့ သူတို့မြေး အိမ်ရှေ့မင်းသားလေးဖြစ်၏ ။ မယ်တော်ဒေါ်သီရိရတနာဘက်က တော်စပ်သော အဘိုးဦးကျော်စွာနှင့် အဘွားဒေါ်ခင်လေးကြည်တို့အိမ်သို့ ဘုဏ်းဇေယျာကျော်တို့ မောင်နှမအလည်ရောက်ရှိနေကြခြင်းပင်။

နှစ်တိုင်း သင်္ကြန်အပြီး တစ်ပတ်လောက်နေလျှင် သည်အိမ်မှာ သူတို့မောင်နှမ တစ်ပတ်ဆယ်ရက်ခန့် လာနေလေ့ရှိကြသည်။ နှစ်လတစ်ခါခန့် အလည်ရောက်ဖြစ်ကြသော်လည်း အခုလို ညအိပ်ရက်ရှည်နေတာမျိုးကတော့ တစ်နှစ်မှတစ်ခါသာ။ အဘိုးနှင့်အဘွားကတော့ သမီးနှင့်မြေးတွေကို တွေ့ချင်လျှင် ဘယ်အချိန်ပဲဖြစ်ဖြစ် နန်းတော်ထဲ အလည်လာတတ်ကြသည်။

နောက်ငါးရက်ဆို မင်္ဂလာသက်တမ်း အနှစ်ငါးဆယ် ပြည့်တော့မည့်  ဘုဏ်းဇေတို့ အဘိုးနှင့်အဘွားသည် ခေတ်နှင့်အညီ လိုက်လျောညီထွေစွာ နေတတ်ကြပြီး စိတ်ပျိုကိုယ်နုဆိုသည့်အတိုင်း အသက်ရှစ်ဆယ်နီးပင်ဟု မထင်ရလောက်အောင် နုပျိုကျန်းမာကြသူများဖြစ်၏။ ဂီတကို မြတ်နိုးကြသူများပီပီ အခုအရွယ်ထိ သီချင်းဆိုလျှင်လည်း အသံက မကျကြသေးသလို စာသားမေ့သွားခြင်းမျိုးလည်း မရှိကြ။ ဘုဏ်းဇေ၏ ဂီတပါရမီသည် သည်အဘိုးအဘွားတွေဆီမှ ပါလာသည်ဟုပင် ပြောရမည်။

အဘိုးနှင့်အဘွားတွင် အိမ်ရှေ့စံတို့မယ်တော် ဒေါ်သီရိရတနာနှင့် လက်ရှိ အတူနေအပျိုကြီးဖြစ်သည့် တီလေး ဒေါ်မျိုးမြတ်ရတနာတို့ သမီးနှစ်ယောက်တည်းသာ ရှိသည်။ တူ၊ တူမများမှ ပေါက်ဖွားသော ဝမ်းကွဲမျိုးဆက်များရှိကြသော်လည်း အဘိုးနှင့်အဘွားရော တီလေးရောက သွေးသားရင်းဖြစ်သည့် အိမ်ရှေ့စံတို့မောင်နှမကိုသာ အချစ်ပိုကြ၏ ။ ဘုဏ်းဇေငယ်ငယ်က အလည်လာတိုင်း အဘိုးနှင့်အဘွားကြားမှာ အမြဲအိပ်လေ့ရှိပြီး အရွယ်ရောက်လာမှသာ သူ့အတွက် ပြင်ထားသည့် အခန်းသီးသန့်မှာ အိပ်ဖြစ်သည်။ သူ့အစ်မကတော့ အခုအချိန်ထိ တီလေးနှင့်အတူ အိပ်မြဲ။ တီလေးမှာလည်း သူတို့မောင်နှမလာတိုင်း ထမင်းဟင်းတွေ ကိုယ်တိုင် ချက်ကျွေးရတာ မောရပန်းရမှန်းတောင်မသိရှာ။

နန်းတော်က သူတို့အိမ်မို့ ပျော်သလို မယ်မယ့်ဘက်က အဘိုးနှင့်အဘွားအိမ်မှာလည်း မောင်နှမနှစ်ယောက်စလုံး ပျော်ကြပါသည်။  အထူးသဖြင့် မြို့ပြင်မှာရှိသည့် အဘိုးတို့ပိုင်သော ဧကနှစ်ဆယ်ခန့် စိုက်ကွင်းကြီးထဲ အလည်သွားပြီး လယ်သမားလုပ်ရသည့် အချိန်မျိုးက ဘုဏ်းဇေအတွက် အပျော်ဆုံးပင်။ စိုက်ကွင်း၏ ဆယ်ပုံတစ်ပုံခန့်ကို အဘိုးက အဘွားကြိုက်သည့် နှင်းဆီပန်းရောင်စုံများနှင့် ရာသီအလိုက်ပွင့်သော တခြားပန်းပင်များ စိုက်ပေးထား၏။ နောက်ထပ်စပျစ်ခြံနှင့် ဟင်းသီးစိမ်းခင်းများ ၊ စပါးခင်း ၊ ဂျုံခင်းများကလည်း သည်ဧကနှစ်ဆယ်ကွင်းကြီးထဲမှာ သူ့နေရာနှင့်သူပင်။ စိုက်ပျိုးရေးအတွက် ထွန်စက်များကို အသုံးပြုသော်လည်း နွားနို့ရဖို့အတွက် နွားဆယ်ကောင် မွေးထားသည်။ အဘိုးက မြင်းစီးဝါသနာပါသူမို့ မြင်းငါးကောင်လည်း မွေးထားသေးသည် ။ အဘိုးရဲ့အလုပ်သမား တော်တော်များများက သူတို့အိမ်မပြန်ဘဲ သည်ထဲမှာပဲနေကြ၏။

မနှစ်က အဘိုးနှင့် စိုက်ကွင်းထဲသွားသည့်အချိန် ရှင်းသန့်လည်း သူနှင့်အတူပါသည်။ အဘိုးက သူတိုနှစ်ယောက်ကို လယ်ထွန်စက်ကြီးပေါ်တင်ပြီး ထွန်စက်မောင်းနည်း ပြသေး၏။ သည်နှစ်တော့ ရှင်းသန့်က စာကြည့်တိုက်တစ်ခုမှာ လက်ထောက်စာကြည့်တိုက်မှူး ဝင်လုပ်နေသဖြင့် အတူမလိုက်နိုင်။ အဘိုးတို့မင်္ဂလာနှစ်ပတ်လည်နေ့မှာတော့ လာမည်ဟု သူ့ကို ကတိပေးထားသည်။

မိုးရွာထားသည့်အချိန် လည်ရှည်ဖိနပ်ကြီးစီးပြီး cowboy ဦးထုပ်ဆောင်းကာ အဘိုးနှင့်အတူ ရွှံ့ဗွက်တွေထဲနင်းပြီး စိုက်ခင်းထဲ လျှောက်သွားရသည့် အရသာကို ဘုဏ်းဇေ ဘာနှင့်မျှမလဲနိုင် ။ အဘိုးမွေးထားသည့် မြင်းတွေထဲက သူ့စိတ်ကြိုက်တစ်ကောင်ရွေးပြီး မြေးအဘိုးနှစ်ယောက် မြင်းတစ်ကောင်စီ စီးကာ ဧကနှစ်ဆယ်ကျယ်သော ကွင်းကြီးထဲ ပတ်ကြည့်ရတာကိုလည်း သိပ်ကြိုက်သည်။ စိုက်ခင်းထဲက အလုပ်သမားများနှင့်အတူထိုင်ပြီး  ဝိုင်းဖွဲ့စကားပြောရတာကိုလည်း သဘောကျလှ၏။ တစ်ခါဆိုတစ်ခါ သူ့အတွက် မှတ်သားစရာတွေ တိုးရသည်ပင်။

" စိုက်ပျိုးရေးလုပ်ရတာလဲ ပျော်စရာတော့ ကောင်းသားပဲနော် ဘိုး ၊ တစ်ခါတလေ သားဖြင့် လယ်သမားတောင် လုပ်ချင်တယ် "

မနက်က အဘိုးနှင့် စိုက်ခင်းထဲ လျှောက်သွားရင်း ဘာရယ်မဟုတ် သူ့ပြောလိုက်သည့်စကားကြောင့် အဘိုးက သူ့ကိုစိတ်ပူပြီး ကရုဏာသက်သွားဟန်ရသည်။ သွားနေသည့် ခြေလှမ်းတွေကို ချက်ချင်းရပ်တန့်လိုက်ပြီး

" အိမ်ရှေ့မင်းသား တစ်ယောက်ဖြစ်ရတာကို စိတ်ပင်ပန်းနေသလား ငါ့မြေး ၊ နန်းတော်ထဲနေရတဲ့ဘဝကို ငါ့မြေး စိတ်ကျဉ်းကျပ်နေသလား "

စိုးရိမ်တကြီး မေးလာသည့်အဘိုးဖြစ်သူကို အဲဒီလိုမဟုတ်ကြောင်းလည်း ဘုဏ်းဇေ ရှင်းပြရသေးသည်။ အဘိုးကတော့ သူ့ရဲ့လူငယ်ဘဝကို လွတ်လွတ်လပ်လပ် မဖြတ်သန်းရမှာ စိုးနေရှာ၏။

အရင်ကလည်း အဘိုးနှင့်အဘွားက သူတို့သမီးကြီးရဲ့ ချစ်သူက သာမန်ကောင်လေးတစ်ယောက်မဟုတ်ဘဲ အိမ်ရှေ့မင်းသားတစ်ယောက်ဆိုတာကို သိသိချင်း ပူပန်ခဲ့ကြရသည်တဲ့။ တော်ဝင်မိသားစုဟာ သာမန်ပြည်သူတစ်ယောက်ဖြစ်သည့် သူတို့၏သမီးကို အိမ်ရှေ့မင်းသားရဲ့ကြင်ယာတော်အဖြစ် သဘောတူလက်ခံပါ့မလား ရတတ်မအေးခဲ့ကြရသလို လက်ထပ်ပြီးသည့်နောက်မှာလည်း အမြဲ လွတ်လွတ်လပ်လပ် နေလာခဲ့သော သမီးဖြစ်သူကို နန်းတော်ထဲက စည်းမျဉ်းစည်းကမ်းတွေကြားမှာ မွန်းကြပ်နေရှာမလား တွေးပူ၍ မဆုံးခဲ့ကြရပါတဲ့ ။

အမှန်ဆို အဘိုးနှင့်အဘွားက အလှမယ်တစ်ယောက်ဖြစ်သည့် သမီးကြီးကို မော််ဒယ်လ်တစ်ယောက်၊ ရုပ်ရှင်မင်းသမီးတစ်ယောက် ဖြစ်စေချင်ခဲ့ကြပုံပင် ။ အဲဒီအစား သမီးဖြစ်သူက အိမ်ရှေ့မင်းသားနှင့် ဖူးစာပါပြီး တော်ဝင်မိသားစုထဲ ရောက်သွားသောအခါ တစ်မြို့တည်းနေသော်လည်း တစ်လတစ်ခါတောင် မတွေ့ရသောသမီးကို သတိရရုံကလွဲပြီး ဘာမျှမတတ်နိုင်ခဲ့ကြပေ ။ အချိန်တန်လို့ မြေးတွေရလာပြန်တော့လည်း သူတို့မှာ အနီးကပ် ထွေးပိုက်စောင့်ရှောက်ခွင့် မရခဲ့ကြပြန်။ ထို့ကြောင့် အဘိုးနှင့်အဘွားရဲ့စိတ်ထဲတွင် သူတို့မောင်နှမကို တော်ဝင်မင်းသားနှင့် မင်းသမီး မဟုတ်ဘဲ သာမန်ကလေးနှစ်ယောက်သာ ဖြစ်စေချင်ကြရှာမှန်း ဘုဏ်းဇေနားလည်ပါသည်။

" တကယ်လို့ နန်းတော်ထဲမှာ မပျော်ရင် ထွက်သာလာခဲ့ ငါ့မြေး ၊ ဘဝမှာ ဘယ်တာဝန်ဝတ္တရားတွေ စည်းစိမ်ဥစ္စာတွေကမှ ကိုယ့်ပျော်ရွှင်မှုလောက် အရေးမကြီးဘူးနော် ၊ လူ့ဘဝဆိုတာ ခဏလေး၊ ဒီခဏလေးအတွင်းမှာ ကိုယ့်ဘဝကို ကိုယ့်စိတ်ကြိုက် နေထိုင်သွား ၊ စိတ်ပင်ပန်းရမဲ့အရာတွေဆို လွှတ်ချထားခဲ့ ၊ အဘိုးကတော့ ငါ့မြေးကို နောက်တစ်ချိန်မှာ ဘုရင်တစ်ယောက်အဖြစ်ထက် လူသားချင်းစာနာစိတ် ၊ လေးစားစိတ်ရှိပြီး ပြန်ကြည့်တိုင်း နောင်တရစရာမရှိဘဲ ပျော်ပျော်ရွှင်ရွှင်နေနိုင်သွားနိုင်တဲ့ ယောက်ျားကောင်းတစ်ယောက်အနေနဲ့ ပိုပြီး မြင်ချင်တယ် "

အဘိုးဆီက သည်စကားတွေကြားရတာ ဘုဏ်းဇေအတွက် ဝမ်းလည်းသာရသလို ၊ ခွန်အားတစ်ခုလည်း ဖြစ်ရသည်။ ဒါပေသိ သူကတော့ ဘုရင်တစ်ယောက်အဖြစ်ရော ၊ အဘိုးမြင်စေချင်သလို ယောက်ျားကောင်းတစ်ယောက်အဖြစ်ရော နှစ်မျိုးစလုံး ဖြစ်နိုင်အောင် ကြိုးစားချင်သူပါ ။ အကြောင်းမဲ့တော့မဟုတ်။ တချို့အရာတွေက သူ ဧကရာဇ်ဖြစ်ပါမှ ဆန္ဒရှိသည့်အတိုင်း  ပြုပြင်ပြောင်းလဲခွင့်ရလိမ့်မည်ဖြစ်သောကြောင့်ပင်။

ပထမဆုံးအနေဖြင့် ဘာအပြစ်မျှ မရှိဘဲ သမိုင်းထဲက ဖျောက်ဖျက်ခံထားရသော အဘေးတော်လေး၏အမည်ကို  တစ်တိုင်းပြည်လုံးသိအောင် သမိုင်းမှတ်တမ်းထဲ ဘုဏ်းဇေ ပြန်ထည့်ပေးချင်သည်။ ထို့ကြောင့် သူရထားသော ထီးနန်းဆက်ခံခွင့်ကို သူကတော့ လက်လွှတ်အဆုံးရှုံးခံလိမ့်မည် မဟုတ်ပါ။

သည်ည မြေးအဘိုးတစ်သိုက် စကားတွေပြောရင်း စန္ဒရားတီးကြ ၊ သီချင်းတွေလည်းဆိုကြရင်းဖြင့် အချိန်တွေ ဘယ်လိုကုန်သွားမှန်းတောင်မသိ။ အိပ်ရာဝင်မည်လုပ်တော့ ညဆယ့်တစ်နာရီပင် ကျော်ပြီ။ ခါတိုင်းလို ညအိပ်ခါနီး ရှင်းသန့်ဆီ သူ ဖုန်းမဆက်လိုက်ရ။

" အိပ်ပြီလား ရှင်းရှင်းလေး ၊
ငါ့ကို အိပ်မက်ထဲ ထည့်မက်နော်
Good Night "

သူပို့လိုက်တဲ့စာကို သူ့ဟာသူ ပြန်ဖတ်ပြီး ပြုံးလိုက်မိသည်။ ရှင်းသန့်တည်ဆီက စာပြန်လာဦးမလားဟု ငါးမိနစ်ခန့် စောင့်နေသေးသော်လည်း ရောက်မလာခဲ့။ ညဆို စောစောအိပ်ရာဝင်တတ်သည့်ကောင်လေးတစ်ယောက် အိပ်ပျော်နေလောက်ပြီ ထင်ပါရဲ့ ။

' လွမ်းလိုက်တာ '

*****

" စာကြည့်တိုက်အသင်းဝင်ကဒ် လုပ်ချင်လို့ပါဗျ "

အသစ်ထပ်ရောက်လာသည့်စာအုပ်အမည်တွေကို ကွန်ပျူတာထဲ စာရင်းသွင်းနေစဉ်မှာပင် ရင်းနှီးနေကြအသံကို ကြားလိုက်ရသဖြင့် ရှင်းသန့် မော့ကြည့်လိုက်ရာ မျက်ခုံးနှစ်ဖက်ပင့်ပြီး သူ့ကို ပြုံးပြနေသော အိမ်ရှေ့စံကို တွေ့လိုက်ရသည်။

" ဘုဏ်းဇေ ၊ မင်း ဘာလာလုပ်တာလဲ "

" မင်းကိုတွေ့ချင်လို့ လာတာပေါ့ "

စာကြည့်တိုက်အဝင်ဝမှာတော့ ဘုဏ်းဇေနောက်ကပါလာသော သက်တော်စောင့်သုံးဦး။ ရုတ်တရက်  အိမ်ရှေ့မင်းသားရောက်လာသဖြင့် တခြားစာကြည့်တိုက်ဝန်ထမ်းများနှင့် စာလာဖတ်ကြ ၊ စာအုပ်လာငှားကြသူများလည်း ဘာလုပ်ရမှန်းမသိ ဖြစ်သွားကြသည်။ ဘုဏ်းဇေက ရှင်းသန့်ထံ လာတာဖြစ်ကြောင်းနှင့် သူ့ကို အရေးမစိုက်ကြဘဲ ကိုယ်လုပ်စရာရှိတာသာ အေးအေးဆေးဆေးလုပ်ကြရန် ပြောမှ စာကြည့်တိုက်မှူးအပါအဝင်အားလုံးက သူတို့ မင်းသားလေး၏စကားကို လိုက်နာကြသည်။ 

" ငါ့အချိန်ပြီးဖို့က နာရီဝက်လောက် လိုသေးတယ်  "

" ရတယ် ၊ အေးဆေးလုပ် ၊ ငါစောင့်နေမယ် "

ဘုဏ်းဇေ စာကြည့်စားပွဲတစ်လုံးမှာ ထိုင်စောင့်ရင်း အလုပ်လုပ်နေသော ရှင်းသန့်ကို လှမ်းကြည့်နေမိသည်။ သင်္ကြန်ပြီးကတည်းကဆို သူတို့မတွေ့ကြရတာ ဆယ်ရက်တောင် ကြာပြီ။ နွေကျောင်းပိတ်ရက်အတွင်း ရှင်းသန့်ခေါင်းပေါ်မှာ သူသဘောကျသော ဆံပင်အခွေလေးတွေ ပြန်ရောက်လာပြီ။ ပါဝါအနည်းငယ်သာပါသည့် အဝိုင်းမကျ လေးထောင့်လည်းမဟုတ်သော စာကြည့်မျက်မှန်လေးတပ်ထားပြီး အလုပ်လုပ်နေရင်း တစ်ချက်တစ်ချက် သူရှိရာ လှမ်းကြည့်တတ်သော ရှင်းသန့်တည်ကြည်က တည်ငြိမ်ရင့်ကျက်သည့် လူကြီးလေးတစ်ယောက်လို။ ရှင်းသန့်ရဲ့အခုပုံစံလေးကို နေ့တိုင်းမြင်နေရသော စာကြည့်တိုက်ကလူတွေကိုပင် ဘုဏ်းဇေ မနာလိုဖြစ်လာမိသည်။  သူကတော့ ကျောင်းပိတ်ရက်တွေမှာ ရှင်းသန့်ကို နေ့တိုင်းတွေ့ရရဖို့ အခွင့်အရေးမရှိ။ 

ထို့နောက် ဘုဏ်းဇေ စာဖတ်ဖို့လာခဲ့တာ မဟုတ်သော်လည်း  စာအုပ်တစ်အုပ်ထရွေးပြီး တာဝန်ချိန်မပြီးသေးသော လက်ထောက်စာကြည့်တိုက်မှူးလေးကို ဆက်စောင့်နေခဲ့သည် ။အိမ်ရှေ့မင်းသားဆိုတော့လည်း ဘယ်သူကမျှ သူနှင့် တစ်ဝိုင်းတည်း စာလာထိုင်မဖတ်ကြပေ။

ဒီစာကြည့်တိုက်သည် သူတို့မြို့တွင် ဒုတိယအကြီးဆုံး စာကြည့်တိုက်ဖြစ်သောကြောင့် စာလာဖတ်ကြသူတွေလည်း တော်တော်များပါသည်။  စာအုပ်အမျိုးအစား အစုံအလင်ရှိသဖြင့် စာကြည့်တိုက်သို့ ရောက်လာကြသူများမှာလည်း အရွယ်စုံပင်။ ရှင်းသန့်ငယ်ငယ်ကတည်းက ဒီမှာ စာလာဖတ်နေကြမို့ စာကြည့်တိုက်မှူးနှင့်လည်း နဂိုကတည်းက ရင်းနှီးသည် ။ ထို့ကြောင့် ဒီတစ်ခါ နွေကျောင်းပိတ်မှာ စာကြည့်တိုက်မှူးသင်တန်း ဆယ်ရက်တက်ပြီး ဒီမှာပဲ လုပ်အားပေးအနေဖြင့် လက်ထောက်စာကြည့်တိုက်မှူး ဝင်လုပ်ရာ သူ့အိမ်ကလည်း ခွင့်ပြုပေးခဲ့သလို စာကြည့်တိုက်က ဝန်ထမ်းများကလည်း သူ လာလုပ်အားပေးတာကို ဝမ်းပန်းတသာ ကြိုဆိုကြ၏။

ရှင်းသန့်အတွက်လည်း သူချစ်တဲ့စာအုပ်တွေအများကြီးနှင့် ထိတွေ့ခွင့်ရပြီး တခြားသူများအတွက် သူတို့ဖတ်ချင်သည့် စာအုပ်တွေ လိုက်ရှာပေး ၊ ညွှန်းပေးခွင့်ရသဖြင့် ပျော်ရွှင်ရသည်။
တာဝန်ချိန်ပြီး၍ သူ့နေရာအစားဝင်မည့် တစ်ယောက်ကို လုပ်လက်စ စာအုပ်စာရင်းများပြအပြီးမှာ သူ့ကိုစောင့်နေသော အိမ်ရှေ့စံတစ်ယောက်ကတော့ စားပွဲပေါ်မှာ ခေါင်းချပြီး အိပ်ပျော်နေခဲ့ပြီ။

' ခွေးပေါက်လေး ၊ ညက အိပ်ရေးပျက်ထားလို့လား ၊ လာမယ်ဆိုလဲ ငါ့ကို အချိန်ကြိုမေးတာ မဟုတ်ဘူး ၊ အသားအရေကလဲ  နုဖက်နေတာ ပျံ့ပျံ့ထက်တောင်သာသေးတယ် '

အိပ်ပျော်နေသူကို မနှိုးသေးဘဲ ဘေးကနေ အနီးကပ် သေချာကြည့်ပြီးနောက် ရှင်းသန့် သူ့အင်္ကျီအိတ်ထောင်ထဲကဖုန်းကိုထုတ်ကာ ဓာတ်ပုံရိုက်ထားလိုက်သည်။ သွေးကြောမျှင်လေးများပါ မြင်နေရသည့် ပါးပြင်ကိုလည်း လက်ဖြင့် ဖွဖွလေး တို့ကြည့်မိ၏။ ဘုဏ်းဇေဆီက ကြားနေရသော အသက်ရှူသံမျှင်းမျှင်းလေးကို နားထောင်ပြီး မပြုံးဘဲလည်း မနေနိုင်။

စာကြည့်တိုက်လာပြီး စာမဖတ်ဘဲ အိပ်‌ပျော်နေသော အိမ်ရှေ့ကိုယ်တော်လေးရဲ့ဓာတ်ပုံကို အင်တာနက်ပေါ်မှာ တင်လိုက်ရလျှင်  ဘယ်လောက်တောင် လူထုအကြား ပျံ့နှံသွားလိုက်မလဲမသိ။ ပျံ့ပျံ့ကို ပေးလိုက်လျှင်တောင် ပျံ့ပျံ့တစ်ယောက် သူတို့ကိုဝယ်ပေးထားသည့် နာရီနှစ်လုံးတန်ဖိုးကို ဒီတစ်ပုံတည်းနှင့် ပြန်ရသွားနိုင်သည်။ သို့သော်လည်း သူကတော့ တခြားသူတွေကို‌နောက်ထား၊ ကာယကံရှင်ကိုတောင် ဒီပုံကို ပြမည်မဟုတ်။ သူ့ဟာသူပဲ သိမ်းထားမည့်သူ။  ထို့နောက် အိမ်ရှေ့စံ၏ နဖူးပေါ်ဝဲကျနေသော ဆံသားပျော့ပျော့များကို လေဖြင့် သာသာလေး မှုတ်လိုက်ရာ ပိတ်ထားသည့် မျက်ခွံလေးများပါ ခပ်လှုပ်လှုပ်ဖြစ်လာပြီး မဟူရာရောင်မျက်ဝန်းလေးများလည်း ဖြည်းဖြည်းချင်း ပွင့်လာသည်။

" ငါ အိပ်ပျော်သွားတာလား "

" ဟုတ်တယ် ၊ စာကြည့်တိုက်တောင် ပိတ်တော့မှာ "

" ဟမ်! အဲလောက်ကြာသွားတာလား "

" စတာ ၊ မကြာပါဘူး ၊ လာ ငါ့နောက်လိုက်ခဲ့ "

စာဖတ်သူတွေ သိပ်လာလေ့မရှိသော ခရီးသွားမှတ်စုစာအုပ်အများစုနှင့် လွန်ခဲ့သည့်နှစ်များစွာက ပြုစုထားသော ကျမ်းစာအုပ်များ ထားရှိရာ စာအုပ်တန်းနှစ်ခုကြားသို့  အိပ်ချင်မူးတူးဖြစ်နေသူအား ရှင်းသန့် ခေါ်လာပြီး  စာအုပ်တွေကြားထဲမှာ တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင်ထိုင်လိုက်ကြသည်။ ဘုဏ်းဇေက အိပ်ချင်ပြေသေးပုံမပေါ်။ ခန္ဓာကိုယ်ကို ကိုင်းပြီး ရှင်းသန့်ရင်ဘတ်ကို နဖူးဖြင့် ထိထားကာ ခေါင်းငိုက်စိုက်ကျနေ၏။

" အိပ်ချင်နေသေးတာလား ၊ ကော်ဖီသောက်မလား "

" မသောက်ချင်ဘူး ၊ အိပ်လဲမအိပ်ချင်တော့ပါဘူး ၊ ဒါပေမဲ့ မင်းကို လွမ်းနေတာတော့ မပြေသေးဘူး "

" ခွေးပေါက်လေးလို လာလုပ်နေပြန်ပြီ ၊ မသိရင် ငါတို့က နှစ်နဲ့ချီပြီး မတွေ့ရတာကြလို့ "

သူ့ရင်ဘတ်ဆီ တိုးဝှေ့နေသော အိမ်ရှေ့ကိုယ်တော်လေး၏ မျက်နှာကို ရှင်းသန့် လက်နှစ်ဖက်ဖြင့် မကာ ခေါင်းပြန်ထောင်ပေးပြီး မျက်နှာပေါ်ကျနေသော ဆံပင်များကိုလည်း နဖူးပေါ်ပြန်လှန်တင်ပေးလိုက်၏ ။

" ငါက တကယ် လွမ်းနေတာကို  ၊ ကျောင်းပိတ်ရက်ကလဲ ကြာလိုက်တာ ၊ တစ်လလောက်ပဲ ပိတ်ရင်တော်ရောပေါ့ ၊ သုံးလကြီးထိ ပိတ်နေရသေးတယ် "

" ပိတ်ပါစေကွာ ၊ အာကာ့ခမျာ ဒီကျောင်းပိတ်ရက်မှ သူ့မိဘနဲ့ အတူနေရတာ "

သည်လိုတွေးတော့လည်း ဘုဏ်းဇေ အာကာ့အတွက် ကျောင်းပိတ်ရက် ရှည်စေချင်ပါသည်။ သူတို့အားလုံး အခုအချိန်ထိ မိဘတွေနှင့် ရင်အုပ်မကွာ နေကြရသော်လည်း အာကာကတော့ အသက်သုံးနှစ်ကတည်းက အဘိုးအဘွားများနှင့်သာ ကြီးပြင်းခဲ့ရသူ။ အာကာက ဝါသနာပါရာတွေလုပ်ပြီး ပျော်ပျော်နေတတ်၍သာ တော်တော့သည်။

သူကတော့ ဒီတစ်ပတ်ဆယ်ရက်လေးတောင် အဘိုးတို့နှင့်နေရတာပျော်သော်လည်း ခမည်းတော်တို့ကစပြီး ဟက်ပီးလေးအဆုံး နန်းတော်ထဲက အရာအားလုံးကို သတိရနေမိတာ အမှန်ပင် ။ အာကာ့လိုသာဆို ခက်ရချေရဲ့။

" အာကာက ဘာလို့ သူ့မိဘတွေနောက် လိုက်မနေတာလဲ မသိဘူးနော် ၊ ငယ်ငယ်ကတည်းက သူမို့လို့ ခွဲနေနိုင်တာ ၊ ငါသာဆို မနေနိုင်ဘူး "

" သူ့အကြောင်းနဲ့သူပေါ့ ၊ ဘယ်သူမဆို အကြောင်းအမျိုးမျိုးနဲ့ ခွဲခွာကြရတဲ့သူတွေချည်းပါပဲ ၊ တစ်သက်လုံး အတူတူရှိနေနိုင်တဲ့သူတွေတောင် အချိန်တန်လို့ သေခြင်းတရား ရောက်လာတဲ့အခါ ခွဲခွာကြရတာပဲ မဟုတ်လား "

စာအုပ်စင်ကို ကျောမှီထားရင်း ရှင်းသန့်ကို ဘုဏ်းဇေ ခပ်တွေတွေလေး ငေးကြည့်ဖြစ်သည်။ သူနဲ့ရှင်းသန့်ကရော ဘယ်လိုအချိန်မှာ ခွဲခွာကြရမှာလဲ ။ သူကတော့ အဲဒီလိုနေ့မျိုး ရောက်မလာဖို့ကိုသာ ဆန္ဒရှိသူပါ။

" ရှင်း ၊ ငါတို့ကတော့ အသက်ကြီးသွားတဲ့အထိ တစ်သက်လုံး အတူတူရှိသွားကြရအောင် "

ဒူးတစ်ဖက်ပေါ်တင်ထားသော ရှင်းသန့်၏ သွယ်လျနူးညံ့သည့် လက်ချောင်းလေးများကို သူ့လက်ဖြင့် ဆုပ်ကိုင်ပြီး ပြောလိုက်သောအခါ မျက်မှန်အောက်က မျက်ဝန်းညိုလေးများက တဒင်္ဂမျှ မျက်တောင်ခတ်ဖို့ မေ့လျော့ပြီး သူ့ကို သေချာပြန်ကြည့်နေခဲ့သည်။

" အွန်း ၊ ငါ မင်းနဲ့ တစ်သက်လုံး အဆက်အသွယ် ရှိနေမှာပါ "

ရှင်းသန့်စကားက လူချင်းဝေးကြမည့်သူတွေ ပြောနေကြ စကားမျိုး ။ သူဆိုလိုချင်တာ အဲဒီလိုမျိုးမှ မဟုတ်တာ။

" မင်းပြောတဲ့ပုံစံက ငါတို့က တစ်ယောက်တစ်နေရာစီ ဖြစ်သွားမဲ့အတိုင်းပဲ "

" အသက်တွေကြီးရင် ပြောတာပါကွာ ၊ ငါတို့က အမြဲတမ်း အခုလို အထက်တန်းကျောင်းသားလေးတွေ  ဖြစ်နေမှာမှမဟုတ်ဘဲ၊ လူကြီးတွေဖြစ်လာပြီး ကိုယ်ပိုင်ဘဝတွေ ရှိလာတဲ့အချိိန် ပြောတာပါ "

" အဲဒီအချိန်တွေမှာလဲ အတူတူရှိကြမယ် "

" မရဘူးလေ ၊ အဲဒီအခါကျ မင်းက ဘုရင်ဖြစ်ရင် ဖြစ်နေလောက်ပြီ ၊ မဖြစ်သေးတောင် ငါသွားတဲ့နောက် ခွေးပေါက်လေးလို လျှောက်လိုက်နေလို့မှ မရတော့ဘဲ ၊ မင်းမှာလဲ မိသားစုရော တာဝန်တွေရော ရှိလာဦးမှာ "

" မင်းက ဘယ်တွေသွားမှာမို့လဲ "

" ငါလား ၊ အင်း ... "

ရှင်းသန့်က ခဏစဉ်းစားပြီး သူမှီထားသည့် စာအုပ်စင်ပေါ်က ခရီးသွားမှတ်တမ်းစာအုပ်တွေကို တစ်ချက်မော့ကြည့်သည်။ ပြီးမှ ဘုဏ်းဇေ မေးခွန်းကို ဆက်ဖြေ၏။

"  ကမ္ဘာအနှံ့ ခြေဦးတည့်ရာ လျှောက်သွားချင်တယ် ၊ တစ်နေရာရာမှာ ငါပျော်သလောက်နေမယ် ၊ စာတွေရေးမယ် ၊ ကြုံရာအလုပ်တစ်ခုခုလဲ ဝင်လုပ်ချင်လုပ်မယ် ၊ အဲဒီနေရာမှာ ငါ့အတွက် စိတ်ဝင်စားစရာ မရှိတော့ဘူးဆိုရင် တခြားတစ်နေရာ ပြောင်းမယ် "

ရှင်းသန့်တည်ကြည်၏ အနာဂတ်စိတ်ကူးက ဒါမျိုးဖြစ်နေလိမ့်မည်ဟု ဘုဏ်းဇေမထင်မိခဲ့။ သည်စကားတွေ ကြားပြီး သူ့ရင်ထဲ အလိုလိုဝမ်းနည်းလာသည်။

" အဲဒီလိုဆို ငါတို့ ဘယ်လိုလုပ် တွေ့ရမှာလဲ ရှင်း "

" ငါ အိမ်ပြန်လာတိုင်း မင်းဆီ အလည်လာမှာပေါ့ ၊ မင်းက အမြဲနန်းတော်ထဲမှာ ရှိနေမဲ့သူ မဟုတ်လား အရှင်မင်းသားရယ် ၊ မင်းလိပ်စာကို ငါမေ့သွားမှာ မစိုးရိမ်ပါနဲ့ ၊ တချို့နှစ်တွေမှာ ငါပြန်မလာဖြစ်ရင်တောင်  ခရစ်စမတ်အမီ မင်းဆီကို ပို့စ်ကတ်တစ်ခုတော့ ရောက်အောင်ပို့ပေးပါ့မယ် "

ရှင်းသန့်မျက်နှာကို ဘုဏ်းဇေ ဆက်မကြည့်နိုင်တော့သလို ဒီလိုမျိုးစကားတွေကိုလည်း ဆက်မကြားချင်တော့ပါ။ ဆုပ်ထားသည့် လက်ချောင်းများကို လွှတ်ပေးလိုက်ပြီး မျက်နှာ‌ကို တစ်ဘက်လွှဲထားရင်း သူ့မျက်ဝန်းအိမ်မှ မျက်ရည်စများက ပါးပေါ်သို့ တလိမ့်လိမ့် ကျဆင်းနေခဲ့သည်။

နှစ်ယောက် သိပ်မတွေ့ရသည့် နွေကျောင်းပိတ်ရက်လေးတောင် ကြာရှည်လွန်းသည်ဟု ထင်မိတဲ့သူက နောင်တစ်ချိန် အဝေးကြီးဝေးကြတဲ့အခါ ရှင်းသန့်မပါတဲ့ နေ့ရက်တွေကို ဘယ်လိုမျိုး ကျော်ဖြတ်ရပါ့မလဲ။

ဘဝသာ ဝတ္ထုတစ်အုပ်ဆိုလျှင် အဆုံးထိ ဆက်မဖတ်ဘဲ ဒီနေရာမှာပဲ ရပ်တန့်ထားလိုက်ချင်သည်။

" ဘုဏ်းဇေ ၊ မင်း ဘာဖြစ်လို့ ငိုနေတာလဲ "

ဘုဏ်းဇေယျာကျော်က သူ့ကို ရင်မဆိုင်ဘဲ ဘေးတစောင်း မျက်နှာလွှဲထားသော်လည်း သူနှင့် မျက်နှာချင်းဆိုင်က ပါးပြင်ပေါ်မှာ မျက်ရည်တွေ ကျနေတာမြင်ပြီး ရှင်းသန့် ရင်ထိတ်သွားရသည်။ သည်မျက်ရည်တွေမြင်ရတာ သူ့ရင်ကို ပူလောင်စေ၏။ သူငယ်ချင်းတစ်ယောက်အနေနှင့်ရော ၊ ပြည်သူတစ်ယောက်အဖြစ်နှင့်ပါ  အိမ်ရှေ့စံလေးကို သူ မငိုစေချင်။

ပျော်ရွှင်တက်ကြွသော ၊ ထက်မြက်ရဲရင့်သော ၊ ဘယ်နေရာမှာမဆို အနိုင်ရလိုစိတ်ကြီးမားသော အိမ်ရှေ့ဥပရာဇာလေးကိုသာ အမြဲမြင်တွေ့လိုပါသည်။

" မင်းစကားတွေက ငါ့ကို ဝမ်းနည်းအောင် လုပ်နေတာကိုး ရှင်းသန့်တည် ၊ မင်းရော ဒီစကားတွေ ပြောရတာ ဝမ်းနည်းတဲ့ ခံစားချက်မျိုး မဖြစ်ဘူးလား ၊ ငါတို့ မတွေ့ရတော့မဲ့အကြောင်းတွေ စဉ်းစားပြီး စိတ်မကောင်းမဖြစ်ဘူးလား "

ရှင်းသန့် ဘယ်လောက် သုတ်ပေးပေး ဘုဏ်းဇေရဲ့ပါးပြင်ပေါ်မှာ မျက်ရည်တွေ အထပ်ထပ်စီးကျနေဆဲပင်။ နောက်ဆုံး ရှင်းသန့်ပုခုံးပေါ် မျက်နှာအပ်ပြီးတဲ့အထိပါ ဘုဏ်းဇေဆီမှ ရှိုက်သံတို့က ထွက်နေဆဲ။

" ငါတို့ နောက်ဆို အနာဂတ်နဲ့ပတ်သက်တဲ့ အကြောင်းတွေ မပြောဘဲ နေကြရအောင် ရှင်း "

တသိမ့်သိမ့် တုန်နေသော ကျောပြင်ကျယ်ကို လက်တစ်ဖက်ဖြင့် ညင်ညင်သာသာ ပွတ်ပေးရင်း ရှင်းသန့် ဘာကတိစကားမျှ မထားလိုက်ပါ။ မပြောဘဲနေလည်း အနာဂတ်ဆိုတာ တစ်ချိန်မှာ ကြုံတွေ့ရမည့်အရာပဲ မဟုတ်လား။

' ငါတော့ မင်းနဲ့ ဒုက္ခပါပဲ  '

သက်ပြင်းမောတွေကိုသာ စိတ်ထဲကနေ အကြိမ်ကြိမ် ခိုးချနေမိသည်။ သည်စကားတွေပြောရတာ ဘုဏ်းဇေက သူ့ကို ဝမ်းမနည်းဘူးလားတဲ့ ။ ငယ်ငယ်ကတည်းက တခြားသူတွေရှေ့မှာ မျက်ရည်တွေ ထုတ်ပြလေ့မရှိသည့် ရှင်းသန့်အတွက် သူ့စိတ်ထဲက ခံစားချက်တွေကို ဘယ်သူတွေက မြင်နိုင်မှာလဲ။  တချို့အရာတွေမှာ သူ့ကိုယ်သူတောင် ကောင်းကောင်း နားမလည်နိုင်သေး။

သေချာတာတော့ ဘုဏ်းဇေငိုနေတဲ့အချိန်မှာ ရှင်းသန့်လည်း ပျော်မနေခဲ့ပါ ။

*****

မကိုဋ်ရတနာနန်းတော်ရာ၏ အနောက်ဘက် နန်းမြို့ရိုးအထက်က မိုးကောင်းကင်သည် တဖြည်းဖြည်းနစ်ဝင်သွားသည့် နေဝန်းနှင့်အတူ ပုစွန်ဆီရောင်သန်းလျက်ရှိသည်။ နွေရာသီ၏ အမှတ်အသားတစ်ခုဖြစ်သလို ပျော်ရွှင်မှုကို ကိုယ်စားပြုသော အဝါရောင်ပန်းပွင့်များက ဥယျာဉ်တော်တစ်ခုလုံးကို အပြည့်နီးပါး ဖုံးလွှမ်းထား၏။

ညနေစာစားပြီး အမျိုးသမီးအမှုထမ်းအချို့နှင့်အတူ ကြင်ယာတော် ဒေါ်သီရိရတနာတစ်ယောက်  ဥယျာဉ်တော်ထဲမှာ လမ်းလျှောက်ရင်း  ဘုရားတင်လို့ရမည့်ပန်းတို့ကို ခူးဆွတ်နေခဲ့သည်။

" မယ်မယ် ၊ ဘုရားပန်းခူးနေတာလား "

" ဟုတ်ပါ့ ၊ သားကရော  ဘာလာလုပ်တာလဲ ၊ မယ်မယ်က သားကို ခမည်းတော်နဲ့ စစ်တုရင်ထိုးနေမယ်ထင်တာ "

" သား မယ်မယ်နဲ့ လမ်းအတူ မလျှောက်ရတာ ကြာလို့ပါ "

အနားရောက်လာသော သားတော်အိမ်ရှေ့စံကြောင့် ခူးလက်စပန်းများကို သူမနောက်ကပါလာသည့် မိန်းကလေးတစ်ဦးလက်ထဲ ထည့်ပေးကာ သားဖြစ်သူနှင့်အတူ လမ်းဆက်လျှောက်ခဲ့သည်။ ဘယ်လိုပဲ သူမမျက်စိထဲမှာ ကလေးလေးလို မြင်နေပါစေ ဒီနှစ်ပိုင်းတွေအတွင်း သားရဲ့အရပ်အမောင်းက သူ့ခမည်းတော် ဧကရာဇ်နီးပါးပင် ရှိလာခဲ့ပြီ။

ရွှေလင်ဗန်းနှင့်အချင်းဆေးပြီး မွေးဖွားခဲ့ရသော ဒီသားတော်လေးကို အချိန်ပြည့် ရင်ခွင်ပိုက်ထားချင်ခဲ့သော်လည်း ငယ်စဉ်ကတည်းက အိမ်ရှေ့မင်းသားအဖြစ် သရဖူအပ်နှင်းခံခဲ့ရသူမို့ သားငယ်လေးခမျာ တခြားကလေးတွေထက်စာလျှင် လေ့လာစရာတွေ များခဲ့ပြီး မိဘများနှင့်အတူနေရမည့်အချိန်တွေလည်း လျော့ခဲ့ရသည်။ နန်းတွင်းဓလေ့ထုံးစံတွေကြားမှာ သားနှင့်သမီး ပျော်အောင်တော့ သူမ အတတ်နိုင်ဆုံး ကြိုးစားပေးခဲ့ပါသည်။ သားနှင့်သမီးက လိမ္မာရေးခြားရှိပြီး နာမည်ကောင်းရသော ၊ ပြည်သူများ ချစ်မြတ်နိုးသော မင်းသားလေးနှင့် မင်းသမီးလေးအဖြစ် ကောင်းကောင်းမွန်မွန် ကြီးပြင်းလာသည်ကို မြင်ရတော့လည်း မိခင်တစ်ယောက်အနေဖြင့် ဝမ်းသာဂုဏ်ယူလို့မဆုံးပါ ။

" သားတို့တောင် ကျောင်းပြန်ဖွင့်တော့မှာနော် ၊ ဘာလိုလိုနဲ့ မယ်မယ့်သားလေးလဲ အထက်တန်းပညာရေးပြီးဖို့ နှစ်နှစ်ပဲလိုတော့တယ် "

လမ်းလျှောက်ရင်း သူ့လက်မောင်းကိုချိတ်ပြီး စကားပြောနေသော မယ်မယ့်ကို ဘုဏ်းဇေ ခေါင်းညိတ်ပြလိုက်သည်။ အရင်က နိုင်ငံ့ဂုဏ်ဆောင် အလှမယ်ဖြစ်ခဲ့ဖူးသလို အခုလည်း လူမှုရေးလုပ်ငန်းတွေမှာ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်တတ်သော သူ့မယ်တော်မှာ မြင်လိုက်ရသည့်အချိန်တိုင်း အမြဲလှပပြီး ကျက်သရေရှိနေသည်။

" သားကတော့ အထက်တန်းကျောင်းသားဘဝကို မြန်မြန် မကုန်ချင်ဘူး "

တစ်ခါတုန်းက မယ်‌မယ်ကလည်း  သူ့ကို လူကြီး မြန်မြန်ဖြစ်မသွားစေချင်ဘူးဟု ပြောခဲ့ဖူးသည်။

" ဒါနဲ့လေ သားသာ အိမ်ရှေ့မင်းသားတစ်ယောက် မဟုတ်ခဲ့ရင် မယ်မယ် သားကို ဘာဖြစ်စေချင်လဲဟင် "

ဘုဏ်းဇေရဲ့ မေးခွန်းကို သူ့မယ်မယ်က ကြာကြာ မစဉ်းစားဘဲ ချက်ချင်းပြန်ဖြေပါသည်။

" မယ်မယ့်မှာ သားကို ဘာဖြစ်စေချင်ပါတယ်ဆိုတာမျိုး မရှိပါဘူး ၊ မယ်မယ်က ဘယ်လိုအခြေအနေမဆို သားဖြစ်ချင်တာကို ပံ့ပိုးပေးမဲ့သူပဲ ၊ မယ့်သားက ဘယ်နေရာမှာမဆို အကောင်းဆုံး လုပ်နိုင်မယ်ဆိုတာလဲ ယုံတယ် "

" မလုပ်နိုင်ခဲ့ရင်ရော မယ်မယ် "

သားဖြစ်သူဆီက ဒီလို တစ်ခုခုအပေါ် အားလျော့နေသည့်စကားမျိုး မကြားဖူးသဖြင့် ဒေါ်သီရိရတနာ အနည်းငယ်တော့ အံ့ဩသွားမိသည်။ ဒီနေ့မှ ထူးထူးဆန်းဆန်းမေးခွန်းမျိုးလည်း မေးနေသော သားတော်လေးဆီမှာ သူမ မသိသည့် ကိစ္စတစ်ခုခုများ ရှိနေလား မသိ။ သူမသားဟာ ဘယ်တုန်းကမျှ သည်လို လက်လျှော့သည့်အတွေးအမြင်မျိုး မရှိဖူးခဲ့သူပါ။

" တကယ်လို့ သားက ဒီမိသားစုနဲ့ ထီးနန်းကို မျက်နှာပျက်စေမဲ့ မင်းသားတစ်ပါး ဖြစ်နေခဲ့ရင်ရော မယ်မယ်က သားကို ခုနကပြောသလို ပံ့ပိုးပေးမှာလား "

" သားက ဘာလို့ အခုလိုမျိုး မေးရတာလဲ ၊ သားဆီမှာ မယ်မယ်မသိတဲ့ ပြဿနာတစ်ခုခုများ ရှိနေလို့လား "

" မဟုတ်ပါဘူး ၊ သားက ဒီတိုင်း သိချင်လာလို့ မေးကြည့်တာပါ "

"  သားမေးတာကို ဖြေရမယ်ဆိုရင်တော့ သားက ဘာပဲဖြစ်ဖြစ် မယ်မယ့်သားဆိုတဲ့ အမှန်တရားက ပြောင်းလဲမသွားဘူး ၊  သားလုပ်ရပ်ဟာ လူမဆန်တဲ့ ‌၊ လူ့ပတ်ဝန်းကျင်အတွက် လက်မခံနိုင်တဲ့ ကိစ္စမျိုးဆိုရင်တော့ မယ်မယ်က သားကို ပံ့ပိုးကူညီပေးမဲ့မိခင်မျိုး မဟုတ်ဘူး ၊ ဒါပေမဲ့ မယ့်သားဟာ ဘယ်တော့မှ လူ့အသိုင်းအဝိုင်းကို အဆိပ်အတောက် ဖြစ်စေမဲ့သူမျိုး ဖြစ်လာမှာမဟုတ်ဘူးဆိုတာတော့ မယ်မယ် ကိုယ့်သားအကြောင်း ကိုယ်သိပြီးသားပါ "

လူ့အသိုင်းအဝိုင်းအတွက် သူက အဆိပ်အတောက် မဖြစ်ပေမဲ့ အဲဒီလူ့အသိုင်းအဝိုင်းကပဲ သူ့ကို အဆိပ်အတောက်ဟု မြင်လာကြလျှင်ရော ဆိုသည့် မေးခွန်းကိုတော့ ဘုဏ်းဇေ ပြန်မမေးဖြစ်ခဲ့ပါ။

" သား မယ်မယ့်ကို တစ်ခုခု ပြောပြဖို့ ခက်ခဲနေတာမျိုး ရှိလား "

ခေါင်းရမ်းပြတော့ မယ်မယ်က ပြုံးပြီး ဘုဏ်းဇေနဖူးပြင်ပေါ် အနမ်းတစ်ပွင့်ပေးသည်။ ထို့နောက် သူ့လက်မောင်းကို လက်တစ်ဖက်ဖြင့်ချိတ်ထားရုံသာမက နောက်တစ်ဖက်ဖြင့်လည်း သေချာဆုပ်ကိုင်ပြီး လမ်းဆက်လျှောက်၏။

အကယ်၍ ဘဝထဲက ချော်ကျစရာ အကြောင်းတစ်ခုခု သူ့မှာ ရှိလာခဲ့လျှင်လည်း သူ့မယ်မယ်က အခုလိုမျိုး သူ့လက်ကို မလွှတ်ဘဲ သေချာဆုပ်ကိုင်ထားပေးဖို့ ဘုဏ်းဇေမျှော်လင့်မိပါသည်။

" အခု ပြောစရာ မရှိသေးဘူးဆိုရင်တောင် ရှိလာခဲ့ရင် သား မယ်မယ့်ကို ဘာနေနေ ပြောပြလို့ရတယ်ဆိုတာ မမေ့နဲ့နော် ၊ မယ်မယ့်ဆီက အကူအညီလိုရင်လည်း အချိန်မရွေး တောင်းလို့ရတယ် ၊ သား မယ်မယ့်ကို လိုအပ်တဲ့အချိန်တိုင်း မယ်မယ်က သားနောက်မှာ အမြဲရှိနေမှာ ၊ သားက လူ့အသိုင်းအဝိုင်းကို ထိခိုက်ပျက်စီးစေမဲ့ကိစ္စမျိုး မလုပ်သရွေ့ မယ်မယ့်ဆီက ဆုတောင်းမေတ္တာနဲ့ အချစ်တွေကလဲ သားအပေါ် အမြဲသက်ရောက်နေမှာပါ "

အနောက်ဘက် ကောင်းကင်ယံမှာ ပုစွန်ဆီရောင် တိမ်တိုက်တို့ ပျောက်ကွယ်သွားပြီး သူတို့ခေါင်းပေါ်မှာ လခြမ်းကွေးကွေးလေး ရောက်လာခဲ့သည်။ နန်းတော်တစ်ဝင်းလုံး အစီအရီ စိုက်ထူထားသည့် မီးတိုင်များမှ အဝါရောင်မီးလုံးလေးများလည်း တစ်နေရာပြီးတစ်နေရာ လင်းလာခဲ့ပြီ။

သူ့လက်မောင်းကိုချိတ်ထားသော မယ်မယ်ရဲ့လက်တွေကို ဘုဏ်းဇေ အပေါ်ကနေ ထပ်ဆုပ်ကိုင်လိုက်၏။

' ဒီနေ့မယ်မယ်ပြောခဲ့သမျှက စကားလုံးသက်သက်မဟုတ်ဘဲ တစ်ချိန်မှာ သားအတွက် အားအင်ဖြစ်လာပါစေ '

#PoPoPhoenix

---------------------

♪♪ ပန်းချစ်သူ ( ခင်မောင်တိုး )

{ A/N - အဆင်ပြေရင် 25 ရက်နေ့ ပြန်တွေ့ပါ့မယ်နော် ။ အခြေအနေအရ ပြောင်းချင်လဲပြောင်းသွားနိုင်ပါတယ် 😁

Anyways , thanks for reading 🖤 }

__________________________________

( Zawgyi )

♪ ေလ... ေျပညင္းရယ္
ၿငိမ္သက္ဆဲ... ညမွာ
အသာအယာတိုးလို႔ တိုက္ခတ္ေန
သင္းပ်ံ႕ေမႊးတဲ့ ပန္းရနံ႔ေတြ
ေဆာင္ယူ သယ္လာ ေလညင္းရယ္... ♪

ေခါင္မိုးအခြၽန္ေလးႏွင့္  ‌ေသသပ္လွပၿပီး အေနာက္တိုင္းပုံစံ တည္ေဆာက္ထားသည့္ အျဖဴေရာင္ ႏွစ္ထပ္တိုက္တစ္လုံးအတြင္းရွိ ဧည့္ခန္းက်ယ္ထဲတြင္ ၾကားေနရေသာသီခ်င္းသံက နားေထာင္ရသူတို႔၏ ရင္ထဲသို႔ တသိမ့္သိမ့္ျဖင့္ ဆြတ္ပ်ံ႕ၾကည္ႏူးဖြယ္စီးဝင္ေနသည္။ သာယာၿငိမ့္ေညာင္းသည့္ စႏၵရားလက္သံသည္လည္း ၾကည္လင္ခ်ိဳျမေသာ ထိုသီခ်င္းသံႏွင့္အတူ ပနံရစြာ လြင့္ပ်ံလ်က္ရွိ၏။ စားပြဲေပၚမွာတင္ထားေသာ အလွပန္းအိုးထဲတြင္ ထိုးစိုက္ထားသည့္ ႏွင္းဆီဝါေလးမ်ားကလည္း  ၎တို႔ထံမွ အၾကည့္မခြာခ်င္စရာ။ သၾကၤန္တုန္းက မ႐ြာဘဲ ေနာက္က်မွေရာက္လာခဲ့ေသာ အခါလြန္မိုးဖြဲက တံစက္ၿမိတ္ေအာက္ရွိ ပိန္းပင္အ႐ြက္မ်ားေပၚမွတစ္ဆင့္ ေျမျပင္ေပၚသို႔ တစ္ေပါက္ခ်င္း ခုန္ဆင္းေနၾကသည္။

သီခ်င္းဆိုေနၾကသူမ်ားသည္ အသက္ရွစ္ဆယ္နားနီးၿပီျဖစ္သည့္ အဘိုးႀကီးအဘြားႀကီးလင္မယားႏွစ္ေယာက္ျဖစ္ၿပီး စႏၵရားတီးေနသူကေတာ့ သူတို႔ေျမး အိမ္ေရွ႕မင္းသားေလးျဖစ္၏ ။ မယ္ေတာ္ေဒၚသီရိရတနာဘက္က ေတာ္စပ္ေသာ အဘိုးဦးေက်ာ္စြာႏွင့္ အဘြားေဒၚခင္ေလးၾကည္တို႔အိမ္သို႔ ဘုဏ္းေဇယ်ာေက်ာ္တို႔ ေမာင္ႏွမအလည္ေရာက္ရွိေနၾကျခင္းပင္။

ႏွစ္တိုင္း သၾကၤန္အၿပီး တစ္ပတ္ေလာက္ေနလွ်င္ သည္အိမ္မွာ သူတို႔ေမာင္ႏွမ တစ္ပတ္ဆယ္ရက္ခန႔္ လာေနေလ့ရွိၾကသည္။ ႏွစ္လတစ္ခါခန႔္ အလည္ေရာက္ျဖစ္ၾကေသာ္လည္း အခုလို ညအိပ္ရက္ရွည္ေနတာမ်ိဳးကေတာ့ တစ္ႏွစ္မွတစ္ခါသာ။ အဘိုးႏွင့္အဘြားကေတာ့ သမီးႏွင့္ေျမးေတြကို ေတြ႕ခ်င္လွ်င္ ဘယ္အခ်ိန္ပဲျဖစ္ျဖစ္ နန္းေတာ္ထဲ အလည္လာတတ္ၾကသည္။

ေနာက္ငါးရက္ဆို မဂၤလာသက္တမ္း အႏွစ္ငါးဆယ္ ျပည့္ေတာ့မည့္  ဘုဏ္းေဇတို႔ အဘိုးႏွင့္အဘြားသည္ ေခတ္ႏွင့္အညီ လိုက္ေလ်ာညီေထြစြာ ေနတတ္ၾကၿပီး စိတ္ပ်ိဳကိုယ္ႏုဆိုသည့္အတိုင္း အသက္ရွစ္ဆယ္နီးပင္ဟု မထင္ရေလာက္ေအာင္ ႏုပ်ိဳက်န္းမာၾကသူမ်ားျဖစ္၏။ ဂီတကို ျမတ္ႏိုးၾကသူမ်ားပီပီ အခုအ႐ြယ္ထိ သီခ်င္းဆိုလွ်င္လည္း အသံက မက်ၾကေသးသလို စာသားေမ့သြားျခင္းမ်ိဳးလည္း မရွိၾက။ ဘုဏ္းေဇ၏ ဂီတပါရမီသည္ သည္အဘိုးအဘြားေတြဆီမွ ပါလာသည္ဟုပင္ ေျပာရမည္။

အဘိုးႏွင့္အဘြားတြင္ အိမ္ေရွ႕စံတို႔မယ္ေတာ္ ေဒၚသီရိရတနာႏွင့္ လက္ရွိ အတူေနအပ်ိဳႀကီးျဖစ္သည့္ တီေလး ေဒၚမ်ိဳးျမတ္ရတနာတို႔ သမီးႏွစ္ေယာက္တည္းသာ ရွိသည္။ တူ၊ တူမမ်ားမွ ေပါက္ဖြားေသာ ဝမ္းကြဲမ်ိဳးဆက္မ်ားရွိၾကေသာ္လည္း အဘိုးႏွင့္အဘြားေရာ တီေလးေရာက ေသြးသားရင္းျဖစ္သည့္ အိမ္ေရွ႕စံတို႔ေမာင္ႏွမကိုသာ အခ်စ္ပိုၾက၏ ။ ဘုဏ္းေဇငယ္ငယ္က အလည္လာတိုင္း အဘိုးႏွင့္အဘြားၾကားမွာ အၿမဲအိပ္ေလ့ရွိၿပီး အ႐ြယ္ေရာက္လာမွသာ သူ႔အတြက္ ျပင္ထားသည့္ အခန္းသီးသန႔္မွာ အိပ္ျဖစ္သည္။ သူ႔အစ္မကေတာ့ အခုအခ်ိန္ထိ တီေလးႏွင့္အတူ အိပ္ၿမဲ။ တီေလးမွာလည္း သူတို႔ေမာင္ႏွမလာတိုင္း ထမင္းဟင္းေတြ ကိုယ္တိုင္ ခ်က္ေကြၽးရတာ ေမာရပန္းရမွန္းေတာင္မသိရွာ။

နန္းေတာ္က သူတို႔အိမ္မို႔ ေပ်ာ္သလို မယ္မယ့္ဘက္က အဘိုးႏွင့္အဘြားအိမ္မွာလည္း ေမာင္ႏွမႏွစ္ေယာက္စလုံး ေပ်ာ္ၾကပါသည္။  အထူးသျဖင့္ ၿမိဳ႕ျပင္မွာရွိသည့္ အဘိုးတို႔ပိုင္ေသာ ဧကႏွစ္ဆယ္ခန႔္ စိုက္ကြင္းႀကီးထဲ အလည္သြားၿပီး လယ္သမားလုပ္ရသည့္ အခ်ိန္မ်ိဳးက ဘုဏ္းေဇအတြက္ အေပ်ာ္ဆုံးပင္။ စိုက္ကြင္း၏ ဆယ္ပုံတစ္ပုံခန႔္ကို အဘိုးက အဘြားႀကိဳက္သည့္ ႏွင္းဆီပန္းေရာင္စုံမ်ားႏွင့္ ရာသီအလိုက္ပြင့္ေသာ တျခားပန္းပင္မ်ား စိုက္ေပးထား၏။ ေနာက္ထပ္စပ်စ္ၿခံႏွင့္ ဟင္းသီးစိမ္းခင္းမ်ား ၊ စပါးခင္း ၊ ဂ်ဳံခင္းမ်ားကလည္း သည္ဧကႏွစ္ဆယ္ကြင္းႀကီးထဲမွာ သူ႔ေနရာႏွင့္သူပင္။ စိုက္ပ်ိဳးေရးအတြက္ ထြန္စက္မ်ားကို အသုံးျပဳေသာ္လည္း ႏြားႏို႔ရဖို႔အတြက္ ႏြားဆယ္ေကာင္ ေမြးထားသည္။ အဘိုးက ျမင္းစီးဝါသနာပါသူမို႔ ျမင္းငါးေကာင္လည္း ေမြးထားေသးသည္ ။ အဘိုးရဲ႕အလုပ္သမား ေတာ္ေတာ္မ်ားမ်ားက သူတို႔အိမ္မျပန္ဘဲ သည္ထဲမွာပဲေနၾက၏။

မႏွစ္က အဘိုးႏွင့္ စိုက္ကြင္းထဲသြားသည့္အခ်ိန္ ရွင္းသန႔္လည္း သူႏွင့္အတူပါသည္။ အဘိုးက သူတိုႏွစ္ေယာက္ကို လယ္ထြန္စက္ႀကီးေပၚတင္ၿပီး ထြန္စက္ေမာင္းနည္း ျပေသး၏။ သည္ႏွစ္ေတာ့ ရွင္းသန႔္က စာၾကည့္တိုက္တစ္ခုမွာ လက္ေထာက္စာၾကည့္တိုက္မႉး ဝင္လုပ္ေနသျဖင့္ အတူမလိုက္ႏိုင္။ အဘိုးတို႔မဂၤလာႏွစ္ပတ္လည္ေန႔မွာေတာ့ လာမည္ဟု သူ႔ကို ကတိေပးထားသည္။

မိုး႐ြာထားသည့္အခ်ိန္ လည္ရွည္ဖိနပ္ႀကီးစီးၿပီး cowboy ဦးထုပ္ေဆာင္းကာ အဘိုးႏွင့္အတူ ႐ႊံ႕ဗြက္ေတြထဲနင္းၿပီး စိုက္ခင္းထဲ ေလွ်ာက္သြားရသည့္ အရသာကို ဘုဏ္းေဇ ဘာႏွင့္မွ်မလဲႏိုင္ ။ အဘိုးေမြးထားသည့္ ျမင္းေတြထဲက သူ႔စိတ္ႀကိဳက္တစ္ေကာင္ေ႐ြးၿပီး ေျမးအဘိုးႏွစ္ေယာက္ ျမင္းတစ္ေကာင္စီ စီးကာ ဧကႏွစ္ဆယ္က်ယ္ေသာ ကြင္းႀကီးထဲ ပတ္ၾကည့္ရတာကိုလည္း သိပ္ႀကိဳက္သည္။ စိုက္ခင္းထဲက အလုပ္သမားမ်ားႏွင့္အတူထိုင္ၿပီး  ဝိုင္းဖြဲ႕စကားေျပာရတာကိုလည္း သေဘာက်လွ၏။ တစ္ခါဆိုတစ္ခါ သူ႔အတြက္ မွတ္သားစရာေတြ တိုးရသည္ပင္။

" စိုက္ပ်ိဳးေရးလုပ္ရတာလဲ ေပ်ာ္စရာေတာ့ ေကာင္းသားပဲေနာ္ ဘိုး ၊ တစ္ခါတေလ သားျဖင့္ လယ္သမားေတာင္ လုပ္ခ်င္တယ္ "

မနက္က အဘိုးႏွင့္ စိုက္ခင္းထဲ ေလွ်ာက္သြားရင္း ဘာရယ္မဟုတ္ သူ႔ေျပာလိုက္သည့္စကားေၾကာင့္ အဘိုးက သူ႔ကိုစိတ္ပူၿပီး က႐ုဏာသက္သြားဟန္ရသည္။ သြားေနသည့္ ေျခလွမ္းေတြကို ခ်က္ခ်င္းရပ္တန္႔လိုက္ၿပီး

" အိမ္ေရွ႕မင္းသား တစ္ေယာက္ျဖစ္ရတာကို စိတ္ပင္ပန္းေနသလား ငါ့ေျမး ၊ နန္းေတာ္ထဲေနရတဲ့ဘဝကို ငါ့ေျမး စိတ္က်ဥ္းက်ပ္ေနသလား "

စိုးရိမ္တႀကီး ေမးလာသည့္အဘိုးျဖစ္သူကို အဲဒီလိုမဟုတ္ေၾကာင္းလည္း ဘုဏ္းေဇ ရွင္းျပရေသးသည္။ အဘိုးကေတာ့ သူ႔ရဲ႕လူငယ္ဘဝကို လြတ္လြတ္လပ္လပ္ မျဖတ္သန္းရမွာ စိုးေနရွာ၏။

အရင္ကလည္း အဘိုးႏွင့္အဘြားက သူတို႔သမီးႀကီးရဲ႕ ခ်စ္သူက သာမန္ေကာင္ေလးတစ္ေယာက္မဟုတ္ဘဲ အိမ္ေရွ႕မင္းသားတစ္ေယာက္ဆိုတာကို သိသိခ်င္း ပူပန္ခဲ့ၾကရသည္တဲ့။ ေတာ္ဝင္မိသားစုဟာ သာမန္ျပည္သူတစ္ေယာက္ျဖစ္သည့္ သူတို႔၏သမီးကို အိမ္ေရွ႕မင္းသားရဲ႕ၾကင္ယာေတာ္အျဖစ္ သေဘာတူလက္ခံပါ့မလား ရတတ္မေအးခဲ့ၾကရသလို လက္ထပ္ၿပီးသည့္ေနာက္မွာလည္း အၿမဲ လြတ္လြတ္လပ္လပ္ ေနလာခဲ့ေသာ သမီးျဖစ္သူကို နန္းေတာ္ထဲက စည္းမ်ဥ္းစည္းကမ္းေတြၾကားမွာ မြန္းၾကပ္ေနရွာမလား ေတြးပူ၍ မဆုံးခဲ့ၾကရပါတဲ့ ။

အမွန္ဆို အဘိုးႏွင့္အဘြားက အလွမယ္တစ္ေယာက္ျဖစ္သည့္ သမီးႀကီးကို ေမာ္္ဒယ္လ္တစ္ေယာက္၊ ႐ုပ္ရွင္မင္းသမီးတစ္ေယာက္ ျဖစ္ေစခ်င္ခဲ့ၾကပုံပင္ ။ အဲဒီအစား သမီးျဖစ္သူက အိမ္ေရွ႕မင္းသားႏွင့္ ဖူးစာပါၿပီး ေတာ္ဝင္မိသားစုထဲ ေရာက္သြားေသာအခါ တစ္ၿမိဳ႕တည္းေနေသာ္လည္း တစ္လတစ္ခါေတာင္ မေတြ႕ရေသာသမီးကို သတိရ႐ုံကလြဲၿပီး ဘာမွ်မတတ္ႏိုင္ခဲ့ၾကေပ ။ အခ်ိန္တန္လို႔ ေျမးေတြရလာျပန္ေတာ့လည္း သူတို႔မွာ အနီးကပ္ ေထြးပိုက္ေစာင့္ေရွာက္ခြင့္ မရခဲ့ၾကျပန္။ ထို႔ေၾကာင့္ အဘိုးႏွင့္အဘြားရဲ႕စိတ္ထဲတြင္ သူတို႔ေမာင္ႏွမကို ေတာ္ဝင္မင္းသားႏွင့္ မင္းသမီး မဟုတ္ဘဲ သာမန္ကေလးႏွစ္ေယာက္သာ ျဖစ္ေစခ်င္ၾကရွာမွန္း ဘုဏ္းေဇနားလည္ပါသည္။

" တကယ္လို႔ နန္းေတာ္ထဲမွာ မေပ်ာ္ရင္ ထြက္သာလာခဲ့ ငါ့ေျမး ၊ ဘဝမွာ ဘယ္တာဝန္ဝတၱရားေတြ စည္းစိမ္ဥစၥာေတြကမွ ကိုယ့္ေပ်ာ္႐ႊင္မႈေလာက္ အေရးမႀကီးဘူးေနာ္ ၊ လူ႔ဘဝဆိုတာ ခဏေလး၊ ဒီခဏေလးအတြင္းမွာ ကိုယ့္ဘဝကို ကိုယ့္စိတ္ႀကိဳက္ ေနထိုင္သြား ၊ စိတ္ပင္ပန္းရမဲ့အရာေတြဆို လႊတ္ခ်ထားခဲ့ ၊ အဘိုးကေတာ့ ငါ့ေျမးကို ေနာက္တစ္ခ်ိန္မွာ ဘုရင္တစ္ေယာက္အျဖစ္ထက္ လူသားခ်င္းစာနာစိတ္ ၊ ေလးစားစိတ္ရွိၿပီး ျပန္ၾကည့္တိုင္း ေနာင္တရစရာမရွိဘဲ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနႏိုင္သြားႏိုင္တဲ့ ေယာက္်ားေကာင္းတစ္ေယာက္အေနနဲ႔ ပိုၿပီး ျမင္ခ်င္တယ္ "

အဘိုးဆီက သည္စကားေတြၾကားရတာ ဘုဏ္းေဇအတြက္ ဝမ္းလည္းသာရသလို ၊ ခြန္အားတစ္ခုလည္း ျဖစ္ရသည္။ ဒါေပသိ သူကေတာ့ ဘုရင္တစ္ေယာက္အျဖစ္ေရာ ၊ အဘိုးျမင္ေစခ်င္သလို ေယာက္်ားေကာင္းတစ္ေယာက္အျဖစ္ေရာ ႏွစ္မ်ိဳးစလုံး ျဖစ္ႏိုင္ေအာင္ ႀကိဳးစားခ်င္သူပါ ။ အေၾကာင္းမဲ့ေတာ့မဟုတ္။ တခ်ိဳ႕အရာေတြက သူ ဧကရာဇ္ျဖစ္ပါမွ ဆႏၵရွိသည့္အတိုင္း  ျပဳျပင္ေျပာင္းလဲခြင့္ရလိမ့္မည္ျဖစ္ေသာေၾကာင့္ပင္။

ပထမဆုံးအေနျဖင့္ ဘာအျပစ္မွ် မရွိဘဲ သမိုင္းထဲက ေဖ်ာက္ဖ်က္ခံထားရေသာ အေဘးေတာ္ေလး၏အမည္ကို  တစ္တိုင္းျပည္လုံးသိေအာင္ သမိုင္းမွတ္တမ္းထဲ ဘုဏ္းေဇ ျပန္ထည့္ေပးခ်င္သည္။ ထို႔ေၾကာင့္ သူရထားေသာ ထီးနန္းဆက္ခံခြင့္ကို သူကေတာ့ လက္လႊတ္အဆုံးရႈံးခံလိမ့္မည္ မဟုတ္ပါ။

သည္ည ေျမးအဘိုးတစ္သိုက္ စကားေတြေျပာရင္း စႏၵရားတီးၾက ၊ သီခ်င္းေတြလည္းဆိုၾကရင္းျဖင့္ အခ်ိန္ေတြ ဘယ္လိုကုန္သြားမွန္းေတာင္မသိ။ အိပ္ရာဝင္မည္လုပ္ေတာ့ ညဆယ့္တစ္နာရီပင္ ေက်ာ္ၿပီ။ ခါတိုင္းလို ညအိပ္ခါနီး ရွင္းသန႔္ဆီ သူ ဖုန္းမဆက္လိုက္ရ။

" အိပ္ၿပီလား ရွင္းရွင္းေလး ၊
ငါ့ကို အိပ္မက္ထဲ ထည့္မက္ေနာ္
Good Night "

သူပို႔လိုက္တဲ့စာကို သူ႔ဟာသူ ျပန္ဖတ္ၿပီး ၿပဳံးလိုက္မိသည္။ ရွင္းသန႔္တည္ဆီက စာျပန္လာဦးမလားဟု ငါးမိနစ္ခန႔္ ေစာင့္ေနေသးေသာ္လည္း ေရာက္မလာခဲ့။ ညဆို ေစာေစာအိပ္ရာဝင္တတ္သည့္ေကာင္ေလးတစ္ေယာက္ အိပ္ေပ်ာ္ေနေလာက္ၿပီ ထင္ပါရဲ႕ ။

' လြမ္းလိုက္တာ '

*****

" စာၾကည့္တိုက္အသင္းဝင္ကဒ္ လုပ္ခ်င္လို႔ပါဗ် "

အသစ္ထပ္ေရာက္လာသည့္စာအုပ္အမည္ေတြကို ကြန္ပ်ဴတာထဲ စာရင္းသြင္းေနစဥ္မွာပင္ ရင္းႏွီးေနၾကအသံကို ၾကားလိုက္ရသျဖင့္ ရွင္းသန႔္ ေမာ့ၾကည့္လိုက္ရာ မ်က္ခုံးႏွစ္ဖက္ပင့္ၿပီး သူ႔ကို ၿပဳံးျပေနေသာ အိမ္ေရွ႕စံကို ေတြ႕လိုက္ရသည္။

" ဘုဏ္းေဇ ၊ မင္း ဘာလာလုပ္တာလဲ "

" မင္းကိုေတြ႕ခ်င္လို႔ လာတာေပါ့ "

စာၾကည့္တိုက္အဝင္ဝမွာေတာ့ ဘုဏ္းေဇေနာက္ကပါလာေသာ သက္ေတာ္ေစာင့္သုံးဦး။ ႐ုတ္တရက္  အိမ္ေရွ႕မင္းသားေရာက္လာသျဖင့္ တျခားစာၾကည့္တိုက္ဝန္ထမ္းမ်ားႏွင့္ စာလာဖတ္ၾက ၊ စာအုပ္လာငွားၾကသူမ်ားလည္း ဘာလုပ္ရမွန္းမသိ ျဖစ္သြားၾကသည္။ ဘုဏ္းေဇက ရွင္းသန႔္ထံ လာတာျဖစ္ေၾကာင္းႏွင့္ သူ႔ကို အေရးမစိုက္ၾကဘဲ ကိုယ္လုပ္စရာရွိတာသာ ေအးေအးေဆးေဆးလုပ္ၾကရန္ ေျပာမွ စာၾကည့္တိုက္မႉးအပါအဝင္အားလုံးက သူတို႔ မင္းသားေလး၏စကားကို လိုက္နာၾကသည္။ 

" ငါ့အခ်ိန္ၿပီးဖို႔က နာရီဝက္ေလာက္ လိုေသးတယ္  "

" ရတယ္ ၊ ေအးေဆးလုပ္ ၊ ငါေစာင့္ေနမယ္ "

ဘုဏ္းေဇ စာၾကည့္စားပြဲတစ္လုံးမွာ ထိုင္ေစာင့္ရင္း အလုပ္လုပ္ေနေသာ ရွင္းသန႔္ကို လွမ္းၾကည့္ေနမိသည္။ သၾကၤန္ၿပီးကတည္းကဆို သူတို႔မေတြ႕ၾကရတာ ဆယ္ရက္ေတာင္ ၾကာၿပီ။ ေႏြေက်ာင္းပိတ္ရက္အတြင္း ရွင္းသန႔္ေခါင္းေပၚမွာ သူသေဘာက်ေသာ ဆံပင္အေခြေလးေတြ ျပန္ေရာက္လာၿပီ။ ပါဝါအနည္းငယ္သာပါသည့္ အဝိုင္းမက် ေလးေထာင့္လည္းမဟုတ္ေသာ စာၾကည့္မ်က္မွန္ေလးတပ္ထားၿပီး အလုပ္လုပ္ေနရင္း တစ္ခ်က္တစ္ခ်က္ သူရွိရာ လွမ္းၾကည့္တတ္ေသာ ရွင္းသန႔္တည္ၾကည္က တည္ၿငိမ္ရင့္က်က္သည့္ လူႀကီးေလးတစ္ေယာက္လို။ ရွင္းသန႔္ရဲ႕အခုပုံစံေလးကို ေန႔တိုင္းျမင္ေနရေသာ စာၾကည့္တိုက္ကလူေတြကိုပင္ ဘုဏ္းေဇ မနာလိုျဖစ္လာမိသည္။  သူကေတာ့ ေက်ာင္းပိတ္ရက္ေတြမွာ ရွင္းသန႔္ကို ေန႔တိုင္းေတြ႕ရရဖို႔ အခြင့္အေရးမရွိ။ 

ထို႔ေနာက္ ဘုဏ္းေဇ စာဖတ္ဖို႔လာခဲ့တာ မဟုတ္ေသာ္လည္း  စာအုပ္တစ္အုပ္ထေ႐ြးၿပီး တာဝန္ခ်ိန္မၿပီးေသးေသာ လက္ေထာက္စာၾကည့္တိုက္မႉးေလးကို ဆက္ေစာင့္ေနခဲ့သည္ ။အိမ္ေရွ႕မင္းသားဆိုေတာ့လည္း ဘယ္သူကမွ် သူႏွင့္ တစ္ဝိုင္းတည္း စာလာထိုင္မဖတ္ၾကေပ။

ဒီစာၾကည့္တိုက္သည္ သူတို႔ၿမိဳ႕တြင္ ဒုတိယအႀကီးဆုံး စာၾကည့္တိုက္ျဖစ္ေသာေၾကာင့္ စာလာဖတ္ၾကသူေတြလည္း ေတာ္ေတာ္မ်ားပါသည္။  စာအုပ္အမ်ိဳးအစား အစုံအလင္ရွိသျဖင့္ စာၾကည့္တိုက္သို႔ ေရာက္လာၾကသူမ်ားမွာလည္း အ႐ြယ္စုံပင္။ ရွင္းသန႔္ငယ္ငယ္ကတည္းက ဒီမွာ စာလာဖတ္ေနၾကမို႔ စာၾကည့္တိုက္မႉးႏွင့္လည္း နဂိုကတည္းက ရင္းႏွီးသည္ ။ ထို႔ေၾကာင့္ ဒီတစ္ခါ ေႏြေက်ာင္းပိတ္မွာ စာၾကည့္တိုက္မႉးသင္တန္း ဆယ္ရက္တက္ၿပီး ဒီမွာပဲ လုပ္အားေပးအေနျဖင့္ လက္ေထာက္စာၾကည့္တိုက္မႉး ဝင္လုပ္ရာ သူ႔အိမ္ကလည္း ခြင့္ျပဳေပးခဲ့သလို စာၾကည့္တိုက္က ဝန္ထမ္းမ်ားကလည္း သူ လာလုပ္အားေပးတာကို ဝမ္းပန္းတသာ ႀကိဳဆိုၾက၏။

ရွင္းသန႔္အတြက္လည္း သူခ်စ္တဲ့စာအုပ္ေတြအမ်ားႀကီးႏွင့္ ထိေတြ႕ခြင့္ရၿပီး တျခားသူမ်ားအတြက္ သူတို႔ဖတ္ခ်င္သည့္ စာအုပ္ေတြ လိုက္ရွာေပး ၊ ၫႊန္းေပးခြင့္ရသျဖင့္ ေပ်ာ္႐ႊင္ရသည္။
တာဝန္ခ်ိန္ၿပီး၍ သူ႔ေနရာအစားဝင္မည့္ တစ္ေယာက္ကို လုပ္လက္စ စာအုပ္စာရင္းမ်ားျပအၿပီးမွာ သူ႔ကိုေစာင့္ေနေသာ အိမ္ေရွ႕စံတစ္ေယာက္ကေတာ့ စားပြဲေပၚမွာ ေခါင္းခ်ၿပီး အိပ္ေပ်ာ္ေနခဲ့ၿပီ။

' ေခြးေပါက္ေလး ၊ ညက အိပ္ေရးပ်က္ထားလို႔လား ၊ လာမယ္ဆိုလဲ ငါ့ကို အခ်ိန္ႀကိဳေမးတာ မဟုတ္ဘူး ၊ အသားအေရကလဲ  ႏုဖက္ေနတာ ပ်ံ႕ပ်ံ႕ထက္ေတာင္သာေသးတယ္ '

အိပ္ေပ်ာ္ေနသူကို မႏႈိးေသးဘဲ ေဘးကေန အနီးကပ္ ေသခ်ာၾကည့္ၿပီးေနာက္ ရွင္းသန႔္ သူ႔အက်ႌအိတ္ေထာင္ထဲကဖုန္းကိုထုတ္ကာ ဓာတ္ပုံ႐ိုက္ထားလိုက္သည္။ ေသြးေၾကာမွ်င္ေလးမ်ားပါ ျမင္ေနရသည့္ ပါးျပင္ကိုလည္း လက္ျဖင့္ ဖြဖြေလး တို႔ၾကည့္မိ၏။ ဘုဏ္းေဇဆီက ၾကားေနရေသာ အသက္ရႉသံမွ်င္းမွ်င္းေလးကို နားေထာင္ၿပီး မၿပဳံးဘဲလည္း မေနႏိုင္။

စာၾကည့္တိုက္လာၿပီး စာမဖတ္ဘဲ အိပ္‌ေပ်ာ္ေနေသာ အိမ္ေရွ႕ကိုယ္ေတာ္ေလးရဲ႕ဓာတ္ပုံကို အင္တာနက္ေပၚမွာ တင္လိုက္ရလွ်င္  ဘယ္ေလာက္ေတာင္ လူထုအၾကား ပ်ံ႕ႏွံသြားလိုက္မလဲမသိ။ ပ်ံ႕ပ်ံ႕ကို ေပးလိုက္လွ်င္ေတာင္ ပ်ံ႕ပ်ံ႕တစ္ေယာက္ သူတို႔ကိုဝယ္ေပးထားသည့္ နာရီႏွစ္လုံးတန္ဖိုးကို ဒီတစ္ပုံတည္းႏွင့္ ျပန္ရသြားႏိုင္သည္။ သို႔ေသာ္လည္း သူကေတာ့ တျခားသူေတြကို‌ေနာက္ထား၊ ကာယကံရွင္ကိုေတာင္ ဒီပုံကို ျပမည္မဟုတ္။ သူ႔ဟာသူပဲ သိမ္းထားမည့္သူ။  ထို႔ေနာက္ အိမ္ေရွ႕စံ၏ နဖူးေပၚဝဲက်ေနေသာ ဆံသားေပ်ာ့ေပ်ာ့မ်ားကို ေလျဖင့္ သာသာေလး မႈတ္လိုက္ရာ ပိတ္ထားသည့္ မ်က္ခြံေလးမ်ားပါ ခပ္လႈပ္လႈပ္ျဖစ္လာၿပီး မဟူရာေရာင္မ်က္ဝန္းေလးမ်ားလည္း ျဖည္းျဖည္းခ်င္း ပြင့္လာသည္။

" ငါ အိပ္ေပ်ာ္သြားတာလား "

" ဟုတ္တယ္ ၊ စာၾကည့္တိုက္ေတာင္ ပိတ္ေတာ့မွာ "

" ဟမ္! အဲေလာက္ၾကာသြားတာလား "

" စတာ ၊ မၾကာပါဘူး ၊ လာ ငါ့ေနာက္လိုက္ခဲ့ "

စာဖတ္သူေတြ သိပ္လာေလ့မရွိေသာ ခရီးသြားမွတ္စုစာအုပ္အမ်ားစုႏွင့္ လြန္ခဲ့သည့္ႏွစ္မ်ားစြာက ျပဳစုထားေသာ က်မ္းစာအုပ္မ်ား ထားရွိရာ စာအုပ္တန္းႏွစ္ခုၾကားသို႔  အိပ္ခ်င္မူးတူးျဖစ္ေနသူအား ရွင္းသန႔္ ေခၚလာၿပီး  စာအုပ္ေတြၾကားထဲမွာ တစ္ေယာက္ႏွင့္တစ္ေယာက္ မ်က္ႏွာခ်င္းဆိုင္ထိုင္လိုက္ၾကသည္။ ဘုဏ္းေဇက အိပ္ခ်င္ေျပေသးပုံမေပၚ။ ခႏၶာကိုယ္ကို ကိုင္းၿပီး ရွင္းသန႔္ရင္ဘတ္ကို နဖူးျဖင့္ ထိထားကာ ေခါင္းငိုက္စိုက္က်ေန၏။

" အိပ္ခ်င္ေနေသးတာလား ၊ ေကာ္ဖီေသာက္မလား "

" မေသာက္ခ်င္ဘူး ၊ အိပ္လဲမအိပ္ခ်င္ေတာ့ပါဘူး ၊ ဒါေပမဲ့ မင္းကို လြမ္းေနတာေတာ့ မေျပေသးဘူး "

" ေခြးေပါက္ေလးလို လာလုပ္ေနျပန္ၿပီ ၊ မသိရင္ ငါတို႔က ႏွစ္နဲ႔ခ်ီၿပီး မေတြ႕ရတာၾကလို႔ "

သူ႔ရင္ဘတ္ဆီ တိုးေဝွ႔ေနေသာ အိမ္ေရွ႕ကိုယ္ေတာ္ေလး၏ မ်က္ႏွာကို ရွင္းသန႔္ လက္ႏွစ္ဖက္ျဖင့္ မကာ ေခါင္းျပန္ေထာင္ေပးၿပီး မ်က္ႏွာေပၚက်ေနေသာ ဆံပင္မ်ားကိုလည္း နဖူးေပၚျပန္လွန္တင္ေပးလိုက္၏ ။

" ငါက တကယ္ လြမ္းေနတာကို  ၊ ေက်ာင္းပိတ္ရက္ကလဲ ၾကာလိုက္တာ ၊ တစ္လေလာက္ပဲ ပိတ္ရင္ေတာ္ေရာေပါ့ ၊ သုံးလႀကီးထိ ပိတ္ေနရေသးတယ္ "

" ပိတ္ပါေစကြာ ၊ အာကာ့ခမ်ာ ဒီေက်ာင္းပိတ္ရက္မွ သူ႔မိဘနဲ႔ အတူေနရတာ "

သည္လိုေတြးေတာ့လည္း ဘုဏ္းေဇ အာကာ့အတြက္ ေက်ာင္းပိတ္ရက္ ရွည္ေစခ်င္ပါသည္။ သူတို႔အားလုံး အခုအခ်ိန္ထိ မိဘေတြႏွင့္ ရင္အုပ္မကြာ ေနၾကရေသာ္လည္း အာကာကေတာ့ အသက္သုံးႏွစ္ကတည္းက အဘိုးအဘြားမ်ားႏွင့္သာ ႀကီးျပင္းခဲ့ရသူ။ အာကာက ဝါသနာပါရာေတြလုပ္ၿပီး ေပ်ာ္ေပ်ာ္ေနတတ္၍သာ ေတာ္ေတာ့သည္။

သူကေတာ့ ဒီတစ္ပတ္ဆယ္ရက္ေလးေတာင္ အဘိုးတို႔ႏွင့္ေနရတာေပ်ာ္ေသာ္လည္း ခမည္းေတာ္တို႔ကစၿပီး ဟက္ပီးေလးအဆုံး နန္းေတာ္ထဲက အရာအားလုံးကို သတိရေနမိတာ အမွန္ပင္ ။ အာကာ့လိုသာဆို ခက္ရေခ်ရဲ႕။

" အာကာက ဘာလို႔ သူ႔မိဘေတြေနာက္ လိုက္မေနတာလဲ မသိဘူးေနာ္ ၊ ငယ္ငယ္ကတည္းက သူမို႔လို႔ ခြဲေနႏိုင္တာ ၊ ငါသာဆို မေနႏိုင္ဘူး "

" သူ႔အေၾကာင္းနဲ႔သူေပါ့ ၊ ဘယ္သူမဆို အေၾကာင္းအမ်ိဳးမ်ိဳးနဲ႔ ခြဲခြာၾကရတဲ့သူေတြခ်ည္းပါပဲ ၊ တစ္သက္လုံး အတူတူရွိေနႏိုင္တဲ့သူေတြေတာင္ အခ်ိန္တန္လို႔ ေသျခင္းတရား ေရာက္လာတဲ့အခါ ခြဲခြာၾကရတာပဲ မဟုတ္လား "

စာအုပ္စင္ကို ေက်ာမွီထားရင္း ရွင္းသန႔္ကို ဘုဏ္းေဇ ခပ္ေတြေတြေလး ေငးၾကည့္ျဖစ္သည္။ သူနဲ႔ရွင္းသန႔္ကေရာ ဘယ္လိုအခ်ိန္မွာ ခြဲခြာၾကရမွာလဲ ။ သူကေတာ့ အဲဒီလိုေန႔မ်ိဳး ေရာက္မလာဖို႔ကိုသာ ဆႏၵရွိသူပါ။

" ရွင္း ၊ ငါတို႔ကေတာ့ အသက္ႀကီးသြားတဲ့အထိ တစ္သက္လုံး အတူတူရွိသြားၾကရေအာင္ "

ဒူးတစ္ဖက္ေပၚတင္ထားေသာ ရွင္းသန႔္၏ သြယ္လ်ႏူးညံ့သည့္ လက္ေခ်ာင္းေလးမ်ားကို သူ႔လက္ျဖင့္ ဆုပ္ကိုင္ၿပီး ေျပာလိုက္ေသာအခါ မ်က္မွန္ေအာက္က မ်က္ဝန္းညိဳေလးမ်ားက တဒဂၤမွ် မ်က္ေတာင္ခတ္ဖို႔ ေမ့ေလ်ာ့ၿပီး သူ႔ကို ေသခ်ာျပန္ၾကည့္ေနခဲ့သည္။

" အြန္း ၊ ငါ မင္းနဲ႔ တစ္သက္လုံး အဆက္အသြယ္ ရွိေနမွာပါ "

ရွင္းသန႔္စကားက လူခ်င္းေဝးၾကမည့္သူေတြ ေျပာေနၾက စကားမ်ိဳး ။ သူဆိုလိုခ်င္တာ အဲဒီလိုမ်ိဳးမွ မဟုတ္တာ။

" မင္းေျပာတဲ့ပုံစံက ငါတို႔က တစ္ေယာက္တစ္ေနရာစီ ျဖစ္သြားမဲ့အတိုင္းပဲ "

" အသက္ေတြႀကီးရင္ ေျပာတာပါကြာ ၊ ငါတို႔က အၿမဲတမ္း အခုလို အထက္တန္းေက်ာင္းသားေလးေတြ  ျဖစ္ေနမွာမွမဟုတ္ဘဲ၊ လူႀကီးေတြျဖစ္လာၿပီး ကိုယ္ပိုင္ဘဝေတြ ရွိလာတဲ့အခ်ိိန္ ေျပာတာပါ "

" အဲဒီအခ်ိန္ေတြမွာလဲ အတူတူရွိၾကမယ္ "

" မရဘူးေလ ၊ အဲဒီအခါက် မင္းက ဘုရင္ျဖစ္ရင္ ျဖစ္ေနေလာက္ၿပီ ၊ မျဖစ္ေသးေတာင္ ငါသြားတဲ့ေနာက္ ေခြးေပါက္ေလးလို ေလွ်ာက္လိုက္ေနလို႔မွ မရေတာ့ဘဲ ၊ မင္းမွာလဲ မိသားစုေရာ တာဝန္ေတြေရာ ရွိလာဦးမွာ "

" မင္းက ဘယ္ေတြသြားမွာမို႔လဲ "

" ငါလား ၊ အင္း ... "

ရွင္းသန႔္က ခဏစဥ္းစားၿပီး သူမွီထားသည့္ စာအုပ္စင္ေပၚက ခရီးသြားမွတ္တမ္းစာအုပ္ေတြကို တစ္ခ်က္ေမာ့ၾကည့္သည္။ ၿပီးမွ ဘုဏ္းေဇ ေမးခြန္းကို ဆက္ေျဖ၏။

"  ကမာၻအႏွံ႔ ေျခဦးတည့္ရာ ေလွ်ာက္သြားခ်င္တယ္ ၊ တစ္ေနရာရာမွာ ငါေပ်ာ္သေလာက္ေနမယ္ ၊ စာေတြေရးမယ္ ၊ ႀကဳံရာအလုပ္တစ္ခုခုလဲ ဝင္လုပ္ခ်င္လုပ္မယ္ ၊ အဲဒီေနရာမွာ ငါ့အတြက္ စိတ္ဝင္စားစရာ မရွိေတာ့ဘူးဆိုရင္ တျခားတစ္ေနရာ ေျပာင္းမယ္ "

ရွင္းသန႔္တည္ၾကည္၏ အနာဂတ္စိတ္ကူးက ဒါမ်ိဳးျဖစ္ေနလိမ့္မည္ဟု ဘုဏ္းေဇမထင္မိခဲ့။ သည္စကားေတြ ၾကားၿပီး သူ႔ရင္ထဲ အလိုလိုဝမ္းနည္းလာသည္။

" အဲဒီလိုဆို ငါတို႔ ဘယ္လိုလုပ္ ေတြ႕ရမွာလဲ ရွင္း "

" ငါ အိမ္ျပန္လာတိုင္း မင္းဆီ အလည္လာမွာေပါ့ ၊ မင္းက အၿမဲနန္းေတာ္ထဲမွာ ရွိေနမဲ့သူ မဟုတ္လား အရွင္မင္းသားရယ္ ၊ မင္းလိပ္စာကို ငါေမ့သြားမွာ မစိုးရိမ္ပါနဲ႔ ၊ တခ်ိဳ႕ႏွစ္ေတြမွာ ငါျပန္မလာျဖစ္ရင္ေတာင္  ခရစ္စမတ္အမွီ မင္းဆီကို ပို႔စ္ကတ္တစ္ခုေတာ့ ေရာက္ေအာင္ပို႔ေပးပါ့မယ္ "

ရွင္းသန႔္မ်က္ႏွာကို ဘုဏ္းေဇ ဆက္မၾကည့္ႏိုင္ေတာ့သလို ဒီလိုမ်ိဳးစကားေတြကိုလည္း ဆက္မၾကားခ်င္ေတာ့ပါ။ ဆုပ္ထားသည့္ လက္ေခ်ာင္းမ်ားကို လႊတ္ေပးလိုက္ၿပီး မ်က္ႏွာ‌ကို တစ္ဘက္လႊဲထားရင္း သူ႔မ်က္ဝန္းအိမ္မွ မ်က္ရည္စမ်ားက ပါးေပၚသို႔ တလိမ့္လိမ့္ က်ဆင္းေနခဲ့သည္။

ႏွစ္ေယာက္ သိပ္မေတြ႕ရသည့္ ေႏြေက်ာင္းပိတ္ရက္ေလးေတာင္ ၾကာရွည္လြန္းသည္ဟု ထင္မိတဲ့သူက ေနာင္တစ္ခ်ိန္ အေဝးႀကီးေဝးၾကတဲ့အခါ ရွင္းသန႔္မပါတဲ့ ေန႔ရက္ေတြကို ဘယ္လိုမ်ိဳး ေက်ာ္ျဖတ္ရပါ့မလဲ။

ဘဝသာ ဝတၳဳတစ္အုပ္ဆိုလွ်င္ အဆုံးထိ ဆက္မဖတ္ဘဲ ဒီေနရာမွာပဲ ရပ္တန႔္ထားလိုက္ခ်င္သည္။

" ဘုဏ္းေဇ ၊ မင္း ဘာျဖစ္လို႔ ငိုေနတာလဲ "

ဘုဏ္းေဇယ်ာေက်ာ္က သူ႔ကို ရင္မဆိုင္ဘဲ ေဘးတေစာင္း မ်က္ႏွာလႊဲထားေသာ္လည္း သူႏွင့္ မ်က္ႏွာခ်င္းဆိုင္က ပါးျပင္ေပၚမွာ မ်က္ရည္ေတြ က်ေနတာျမင္ၿပီး ရွင္းသန႔္ ရင္ထိတ္သြားရသည္။ သည္မ်က္ရည္ေတြျမင္ရတာ သူ႔ရင္ကို ပူေလာင္ေစ၏။ သူငယ္ခ်င္းတစ္ေယာက္အေနႏွင့္ေရာ ၊ ျပည္သူတစ္ေယာက္အျဖစ္ႏွင့္ပါ  အိမ္ေရွ႕စံေလးကို သူ မငိုေစခ်င္။

ေပ်ာ္႐ႊင္တက္ႂကြေသာ ၊ ထက္ျမက္ရဲရင့္ေသာ ၊ ဘယ္ေနရာမွာမဆို အႏိုင္ရလိုစိတ္ႀကီးမားေသာ အိမ္ေရွ႕ဥပရာဇာေလးကိုသာ အၿမဲျမင္ေတြ႕လိုပါသည္။

" မင္းစကားေတြက ငါ့ကို ဝမ္းနည္းေအာင္ လုပ္ေနတာကိုး ရွင္းသန႔္တည္ ၊ မင္းေရာ ဒီစကားေတြ ေျပာရတာ ဝမ္းနည္းတဲ့ ခံစားခ်က္မ်ိဳး မျဖစ္ဘူးလား ၊ ငါတို႔ မေတြ႕ရေတာ့မဲ့အေၾကာင္းေတြ စဥ္းစားၿပီး စိတ္မေကာင္းမျဖစ္ဘူးလား "

ရွင္းသန႔္ ဘယ္ေလာက္ သုတ္ေပးေပး ဘုဏ္းေဇရဲ႕ပါးျပင္ေပၚမွာ မ်က္ရည္ေတြ အထပ္ထပ္စီးက်ေနဆဲပင္။ ေနာက္ဆုံး ရွင္းသန႔္ပုခုံးေပၚ မ်က္ႏွာအပ္ၿပီးတဲ့အထိပါ ဘုဏ္းေဇဆီမွ ရႈိက္သံတို႔က ထြက္ေနဆဲ။

" ငါတို႔ ေနာက္ဆို အနာဂတ္နဲ႔ပတ္သက္တဲ့ အေၾကာင္းေတြ မေျပာဘဲ ေနၾကရေအာင္ ရွင္း "

တသိမ့္သိမ့္ တုန္ေနေသာ ေက်ာျပင္က်ယ္ကို လက္တစ္ဖက္ျဖင့္ ညင္ညင္သာသာ ပြတ္ေပးရင္း ရွင္းသန႔္ ဘာကတိစကားမွ် မထားလိုက္ပါ။ မေျပာဘဲေနလည္း အနာဂတ္ဆိုတာ တစ္ခ်ိန္မွာ ႀကဳံေတြ႕ရမည့္အရာပဲ မဟုတ္လား။

' ငါေတာ့ မင္းနဲ႔ ဒုကၡပါပဲ  '

သက္ျပင္းေမာေတြကိုသာ စိတ္ထဲကေန အႀကိမ္ႀကိမ္ ခိုးခ်ေနမိသည္။ သည္စကားေတြေျပာရတာ ဘုဏ္းေဇက သူ႔ကို ဝမ္းမနည္းဘူးလားတဲ့ ။ ငယ္ငယ္ကတည္းက တျခားသူေတြေရွ႕မွာ မ်က္ရည္ေတြ ထုတ္ျပေလ့မရွိသည့္ ရွင္းသန႔္အတြက္ သူ႔စိတ္ထဲက ခံစားခ်က္ေတြကို ဘယ္သူေတြက ျမင္ႏိုင္မွာလဲ။  တခ်ိဳ႕အရာေတြမွာ သူ႔ကိုယ္သူေတာင္ ေကာင္းေကာင္း နားမလည္ႏိုင္ေသး။

ေသခ်ာတာေတာ့ ဘုဏ္းေဇငိုေနတဲ့အခ်ိန္မွာ ရွင္းသန႔္လည္း ေပ်ာ္မေနခဲ့ပါ ။

*****

မကိုဋ္ရတနာနန္းေတာ္ရာ၏ အေနာက္ဘက္ နန္းၿမိဳ႕႐ိုးအထက္က မိုးေကာင္းကင္သည္ တျဖည္းျဖည္းနစ္ဝင္သြားသည့္ ေနဝန္းႏွင့္အတူ ပုစြန္ဆီေရာင္သန္းလ်က္ရွိသည္။ ေႏြရာသီ၏ အမွတ္အသားတစ္ခုျဖစ္သလို ေပ်ာ္႐ႊင္မႈကို ကိုယ္စားျပဳေသာ အဝါေရာင္ပန္းပြင့္မ်ားက ဥယ်ာဥ္ေတာ္တစ္ခုလုံးကို အျပည့္နီးပါး ဖုံးလႊမ္းထား၏။

ညေနစာစားၿပီး အမ်ိဳးသမီးအမႈထမ္းအခ်ိဳ႕ႏွင့္အတူ ၾကင္ယာေတာ္ ေဒၚသီရိရတနာတစ္ေယာက္  ဥယ်ာဥ္ေတာ္ထဲမွာ လမ္းေလွ်ာက္ရင္း  ဘုရားတင္လို႔ရမည့္ပန္းတို႔ကို ခူးဆြတ္ေနခဲ့သည္။

" မယ္မယ္ ၊ ဘုရားပန္းခူးေနတာလား "

" ဟုတ္ပါ့ ၊ သားကေရာ  ဘာလာလုပ္တာလဲ ၊ မယ္မယ္က သားကို ခမည္းေတာ္နဲ႔ စစ္တုရင္ထိုးေနမယ္ထင္တာ "

" သား မယ္မယ္နဲ႔ လမ္းအတူ မေလွ်ာက္ရတာ ၾကာလို႔ပါ "

အနားေရာက္လာေသာ သားေတာ္အိမ္ေရွ႕စံေၾကာင့္ ခူးလက္စပန္းမ်ားကို သူမေနာက္ကပါလာသည့္ မိန္းကေလးတစ္ဦးလက္ထဲ ထည့္ေပးကာ သားျဖစ္သူႏွင့္အတူ လမ္းဆက္ေလွ်ာက္ခဲ့သည္။ ဘယ္လိုပဲ သူမမ်က္စိထဲမွာ ကေလးေလးလို ျမင္ေနပါေစ ဒီႏွစ္ပိုင္းေတြအတြင္း သားရဲ႕အရပ္အေမာင္းက သူ႔ခမည္းေတာ္ ဧကရာဇ္နီးပါးပင္ ရွိလာခဲ့ၿပီ။

ေ႐ႊလင္ဗန္းႏွင့္အခ်င္းေဆးၿပီး ေမြးဖြားခဲ့ရေသာ ဒီသားေတာ္ေလးကို အခ်ိန္ျပည့္ ရင္ခြင္ပိုက္ထားခ်င္ခဲ့ေသာ္လည္း ငယ္စဥ္ကတည္းက အိမ္ေရွ႕မင္းသားအျဖစ္ သရဖူအပ္ႏွင္းခံခဲ့ရသူမို႔ သားငယ္ေလးခမ်ာ တျခားကေလးေတြထက္စာလွ်င္ ေလ့လာစရာေတြ မ်ားခဲ့ၿပီး မိဘမ်ားႏွင့္အတူေနရမည့္အခ်ိန္ေတြလည္း ေလ်ာ့ခဲ့ရသည္။ နန္းတြင္းဓေလ့ထုံးစံေတြၾကားမွာ သားႏွင့္သမီး ေပ်ာ္ေအာင္ေတာ့ သူမ အတတ္ႏိုင္ဆုံး ႀကိဳးစားေပးခဲ့ပါသည္။ သားႏွင့္သမီးက လိမၼာေရးျခားရွိၿပီး နာမည္ေကာင္းရေသာ ၊ ျပည္သူမ်ား ခ်စ္ျမတ္ႏိုးေသာ မင္းသားေလးႏွင့္ မင္းသမီးေလးအျဖစ္ ေကာင္းေကာင္းမြန္မြန္ ႀကီးျပင္းလာသည္ကို ျမင္ရေတာ့လည္း မိခင္တစ္ေယာက္အေနျဖင့္ ဝမ္းသာဂုဏ္ယူလို႔မဆုံးပါ ။

" သားတို႔ေတာင္ ေက်ာင္းျပန္ဖြင့္ေတာ့မွာေနာ္ ၊ ဘာလိုလိုနဲ႔ မယ္မယ့္သားေလးလဲ အထက္တန္းပညာေရးၿပီးဖို႔ ႏွစ္ႏွစ္ပဲလိုေတာ့တယ္ "

လမ္းေလွ်ာက္ရင္း သူ႔လက္ေမာင္းကိုခ်ိတ္ၿပီး စကားေျပာေနေသာ မယ္မယ့္ကို ဘုဏ္းေဇ ေခါင္းညိတ္ျပလိုက္သည္။ အရင္က ႏိုင္ငံ့ဂုဏ္ေဆာင္ အလွမယ္ျဖစ္ခဲ့ဖူးသလို အခုလည္း လူမႈေရးလုပ္ငန္းေတြမွာ တက္တက္ႂကြႂကြ ပါဝင္ေဆာင္႐ြက္တတ္ေသာ သူ႔မယ္ေတာ္မွာ ျမင္လိုက္ရသည့္အခ်ိန္တိုင္း အၿမဲလွပၿပီး က်က္သေရရွိေနသည္။

" သားကေတာ့ အထက္တန္းေက်ာင္းသားဘဝကို ျမန္ျမန္ မကုန္ခ်င္ဘူး "

တစ္ခါတုန္းက မယ္‌မယ္ကလည္း  သူ႔ကို လူႀကီး ျမန္ျမန္ျဖစ္မသြားေစခ်င္ဘူးဟု ေျပာခဲ့ဖူးသည္။

" ဒါနဲ႔ေလ သားသာ အိမ္ေရွ႕မင္းသားတစ္ေယာက္ မဟုတ္ခဲ့ရင္ မယ္မယ္ သားကို ဘာျဖစ္ေစခ်င္လဲဟင္ "

ဘုဏ္းေဇရဲ႕ ေမးခြန္းကို သူ႔မယ္မယ္က ၾကာၾကာ မစဥ္းစားဘဲ ခ်က္ခ်င္းျပန္ေျဖပါသည္။

" မယ္မယ့္မွာ သားကို ဘာျဖစ္ေစခ်င္ပါတယ္ဆိုတာမ်ိဳး မရွိပါဘူး ၊ မယ္မယ္က ဘယ္လိုအေျခအေနမဆို သားျဖစ္ခ်င္တာကို ပံ့ပိုးေပးမဲ့သူပဲ ၊ မယ့္သားက ဘယ္ေနရာမွာမဆို အေကာင္းဆုံး လုပ္ႏိုင္မယ္ဆိုတာလဲ ယုံတယ္ "

" မလုပ္ႏိုင္ခဲ့ရင္ေရာ မယ္မယ္ "

သားျဖစ္သူဆီက ဒီလို တစ္ခုခုအေပၚ အားေလ်ာ့ေနသည့္စကားမ်ိဳး မၾကားဖူးသျဖင့္ ေဒၚသီရိရတနာ အနည္းငယ္ေတာ့ အံ့ဩသြားမိသည္။ ဒီေန႔မွ ထူးထူးဆန္းဆန္းေမးခြန္းမ်ိဳးလည္း ေမးေနေသာ သားေတာ္ေလးဆီမွာ သူမ မသိသည့္ ကိစၥတစ္ခုခုမ်ား ရွိေနလား မသိ။ သူမသားဟာ ဘယ္တုန္းကမွ် သည္လို လက္ေလွ်ာ့သည့္အေတြးအျမင္မ်ိဳး မရွိဖူးခဲ့သူပါ။

" တကယ္လို႔ သားက ဒီမိသားစုနဲ႔ ထီးနန္းကို မ်က္ႏွာပ်က္ေစမဲ့ မင္းသားတစ္ပါး ျဖစ္ေနခဲ့ရင္ေရာ မယ္မယ္က သားကို ခုနကေျပာသလို ပံ့ပိုးေပးမွာလား "

" သားက ဘာလို႔ အခုလိုမ်ိဳး ေမးရတာလဲ ၊ သားဆီမွာ မယ္မယ္မသိတဲ့ ျပႆနာတစ္ခုခုမ်ား ရွိေနလို႔လား "

" မဟုတ္ပါဘူး ၊ သားက ဒီတိုင္း သိခ်င္လာလို႔ ေမးၾကည့္တာပါ "

"  သားေမးတာကို ေျဖရမယ္ဆိုရင္ေတာ့ သားက ဘာပဲျဖစ္ျဖစ္ မယ္မယ့္သားဆိုတဲ့ အမွန္တရားက ေျပာင္းလဲမသြားဘူး ၊  သားလုပ္ရပ္ဟာ လူမဆန္တဲ့ ‌၊ လူ႔ပတ္ဝန္းက်င္အတြက္ လက္မခံႏိုင္တဲ့ ကိစၥမ်ိဳးဆိုရင္ေတာ့ မယ္မယ္က သားကို ပံ့ပိုးကူညီေပးမဲ့မိခင္မ်ိဳး မဟုတ္ဘူး ၊ ဒါေပမဲ့ မယ့္သားဟာ ဘယ္ေတာ့မွ လူ႔အသိုင္းအဝိုင္းကို အဆိပ္အေတာက္ ျဖစ္ေစမဲ့သူမ်ိဳး ျဖစ္လာမွာမဟုတ္ဘူးဆိုတာေတာ့ မယ္မယ္ ကိုယ့္သားအေၾကာင္း ကိုယ္သိၿပီးသားပါ "

လူ႔အသိုင္းအဝိုင္းအတြက္ သူက အဆိပ္အေတာက္ မျဖစ္ေပမဲ့ အဲဒီလူ႔အသိုင္းအဝိုင္းကပဲ သူ႔ကို အဆိပ္အေတာက္ဟု ျမင္လာၾကလွ်င္ေရာ ဆိုသည့္ ေမးခြန္းကိုေတာ့ ဘုဏ္းေဇ ျပန္မေမးျဖစ္ခဲ့ပါ။

" သား မယ္မယ့္ကို တစ္ခုခု ေျပာျပဖို႔ ခက္ခဲေနတာမ်ိဳး ရွိလား "

ေခါင္းရမ္းျပေတာ့ မယ္မယ္က ၿပဳံးၿပီး ဘုဏ္းေဇနဖူးျပင္ေပၚ အနမ္းတစ္ပြင့္ေပးသည္။ ထို႔ေနာက္ သူ႔လက္ေမာင္းကို လက္တစ္ဖက္ျဖင့္ခ်ိတ္ထား႐ုံသာမက ေနာက္တစ္ဖက္ျဖင့္လည္း ေသခ်ာဆုပ္ကိုင္ၿပီး လမ္းဆက္ေလွ်ာက္၏။

အကယ္၍ ဘဝထဲက ေခ်ာ္က်စရာ အေၾကာင္းတစ္ခုခု သူ႔မွာ ရွိလာခဲ့လွ်င္လည္း သူ႔မယ္မယ္က အခုလိုမ်ိဳး သူ႔လက္ကို မလႊတ္ဘဲ ေသခ်ာဆုပ္ကိုင္ထားေပးဖို႔ ဘုဏ္းေဇေမွ်ာ္လင့္မိပါသည္။

" အခု ေျပာစရာ မရွိေသးဘူးဆိုရင္ေတာင္ ရွိလာခဲ့ရင္ သား မယ္မယ့္ကို ဘာေနေန ေျပာျပလို႔ရတယ္ဆိုတာ မေမ့နဲ႔ေနာ္ ၊ မယ္မယ့္ဆီက အကူအညီလိုရင္လည္း အခ်ိန္မေ႐ြး ေတာင္းလို႔ရတယ္ ၊ သား မယ္မယ့္ကို လိုအပ္တဲ့အခ်ိန္တိုင္း မယ္မယ္က သားေနာက္မွာ အၿမဲရွိေနမွာ ၊ သားက လူ႔အသိုင္းအဝိုင္းကို ထိခိုက္ပ်က္စီးေစမဲ့ကိစၥမ်ိဳး မလုပ္သေ႐ြ႕ မယ္မယ့္ဆီက ဆုေတာင္းေမတၱာနဲ႔ အခ်စ္ေတြကလဲ သားအေပၚ အၿမဲသက္ေရာက္ေနမွာပါ "

အေနာက္ဘက္ ေကာင္းကင္ယံမွာ ပုစြန္ဆီေရာင္ တိမ္တိုက္တို႔ ေပ်ာက္ကြယ္သြားၿပီး သူတို႔ေခါင္းေပၚမွာ လျခမ္းေကြးေကြးေလး ေရာက္လာခဲ့သည္။ နန္းေတာ္တစ္ဝင္းလုံး အစီအရီ စိုက္ထူထားသည့္ မီးတိုင္မ်ားမွ အဝါေရာင္မီးလုံးေလးမ်ားလည္း တစ္ေနရာၿပီးတစ္ေနရာ လင္းလာခဲ့ၿပီ။

သူ႔လက္ေမာင္းကိုခ်ိတ္ထားေသာ မယ္မယ္ရဲ႕လက္ေတြကို ဘုဏ္းေဇ အေပၚကေန ထပ္ဆုပ္ကိုင္လိုက္၏။

' ဒီေန႔မယ္မယ္ေျပာခဲ့သမွ်က စကားလုံးသက္သက္မဟုတ္ဘဲ တစ္ခ်ိန္မွာ သားအတြက္ အားအင္ျဖစ္လာပါေစ '

#PoPoPhoenix

---------------------

♪♪ ပန္းခ်စ္သူ ( ခင္ေမာင္တိုး )

{ A/N - အဆင္ေျပရင္ 25 ရက္ေန႔ ျပန္ေတြ႕ပါ့မယ္ေနာ္ ။ အေျခအေနအရ ေျပာင္းခ်င္လဲေျပာင္းသြားႏိုင္ပါတယ္ 😁

Anyways , thanks for reading 🖤 }

Continue lendo

Você também vai gostar

192K 7.7K 73
"မင်းနာမည်က" "အရိုင်းပင် ....ငါ့နာမည်ကအရိုင်းပင်"
135K 9.5K 35
အကို့ကို ဘာလို့ချစ်​ရသလဲ​မေးကြတဲ့အခါ ကျွန်​တော့်​မှာ​ဖြေစရာ အ​ဖြေမရှိ။ အကိုက ကျွန်​တော့်​အတွက်​အ​ဖြေမရှိတဲ့ ​မေးခွန်းပဲ..... ...
573K 50.8K 41
အရိုင်းတုံးလေးနှယ် ခက်ပါဘိ။ အရိုင္းတံုးေလးႏွယ္ ခက္ပါဘိ။
204K 5.5K 38
"ရွင့္ကိုသိပ္မုန္းတယ္ ေဒၚျမတ္သဒၵါေသြး"