170 01
အခန်း (၁၇၀)
ယဲ့ကျန်းက ရှက်ရွံ့သလို ဟန်ဆောင်ပြီးနောက် မယ်တော်ကြီး၏ အကြည့်ကိုရှောင်ပြီး ညင်သာစွာပြောသည်။
"မယ်တော်ကြီး ဒီအရာရှိရဲ့သမီးက မင်းသားငယ် ရက်အနည်းငယ် အအေးမိနေတယ်လို့ကြားတော့ စိုးရိမ်သွားမိပါတယ်။ မင်းသားငယ်ရဲ့ ခွင့်ပြုချက်နဲ့ သွေးကြောစမ်းခွင့် ရခဲ့တာပါ"
ထိုအခိုက် မယ်တော်ကြီးကို နူးညံ့သော မျက်ဝန်းများဖြင့် မော့ကြည့်လိုက်သည်။
"မင်းသားငယ်ရဲ့ သွေးကြောတွေက အရမ်းအားနည်နေလို့ အဲ့ဒီအကြောင်းပြချက်ကြောင့် အရှင်မင်းကြီးက..."
သူမ၏စကား မဆုံးခင်မှာတင် လျိုဟွားက ဝင်ဖြတ်ပြောသည်။
"နင်းကဘယ်လို အတင့်ရဲပြီး မြင့်မြတ်တဲ့ မင်းသားရဲ့သွေးကြောကို စမ်းရဲတာလဲ။ နင်က ဆေးဝါးအကယ်ဒမီကိုတောင် မဝင်ရသေးဘူး။ ကိုယ့်ကိုယ်ကို တော်ဝင်သမားတော်ထက် သာတယ်များ ထင်နေတာ"
မယ်တော်ကြီးက လျိုဟွားကို သဘောမကျသလို ကြည့်ပြီး အသိအမှတ်ပြုမှု မပေးချေ။ သူမက ယဲ့ကျန်းကိုသာ ဆက်ပြောသည်။ သူမသား၏ ကျန်းမာရေးက သူမအတွက် အရေးအကြီးဆုံး ကိစ္စဖြစ်သည်။
"အဲ့ဒီနောက် ဘာဆက်ဖြစ်သွားလဲ။ မင်းအခြေအနေကို သိခွင့်ရခဲ့လား"
"မယ်တော်ကြီး ဒီအရာရှိရဲ့သမီးက ဆေးပညာအနည်းငယ်ပဲ နားလည်သဘောပေါက်ထားခဲ့တာပါ။ ဒီအရာရှိရဲ့သမီး ပြောတာမှားသွားခဲ့ရင် မယ်တော်ကြီးက ခွင့်လွှတ်ပေးမှာပါလား"
မယ်တော်ကြီး၏ နှလုံးသားက ယဲ့ကျန်း၏ နှိမ့်ချမှုကြောင့် နူးညံ့သွားသည်။
"အိုက်ကျားက မင်းကိုအပြစ်မတင်ပါဘူး"
"မယ်တော်ကြီး ဒီသခင်မလေးအထင် မင်းသားငယ်က အအေးမိနေတာမဟုတ်ဘဲ ဝမ်းဗိုက်မှာ အသားပိုရှိနေတယ်လို့ ထင်ပါတယ်။ ဒါကြောင့် သူနာကျင်မှုကို ဆက်တိုက် ခံစားနေရတာပါ"
ယဲ့ကျန်းကပြောသည်။
မယ်တော်ကြီး၏မျက်နှာက ပျက်ယွင်းသွားသည်။ မင်းသားငယ်ဟာ အမြဲတစေ ဗိုက်အောင့်သည်ဟု ပြောသည်။ သို့သော် အကြောင်းပြချက်ကို ရှာလေတိုင်း သူ့တွင် နှလုံးရောဂါ ရှိနေသည်ဟုသာ ပြောနေလေ့ရှိသည်။
သူမက ဒေါ်လေးချန်းကို တစ်ချက်ကြည့်လိုက်သည်။
"ချီကျင်းလည်း အလုပ်ပြီးလောက်ပြီ။ နန်းတော်ကိုလာဖို့ ဆင့်ခေါ်လိုက်ပါ။ မင်းသားငယ်ကို ကြည့်ခိုင်းရမယ်"
ဒေါ်လေးချန်းက ချက်ချင်းလိုလို အမိန့်အတိုင်းထွက်သွားသည်။ မယ်တော်ကြီးက ခေါင်းမာသော သားအကြောင်း ပြန်တွေးမိပြီး ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းကိုချသည်။
"တော်ဝင်သမားတော်တွေ အားလုံးက အဲ့ဒီကောင်လေးကို ကြောက်နေကြတာ။ သူက အစစ်ဆေးမခံချင်ဘူး။ သွေးကြောစမ်းမှာကိုတောင် ငြင်းဆန်တယ်။ နှလုံးရောဂါလို့ပဲ သူဆက်တိုက် ပြောနေတော့တာပဲ။ ချီကျင်းက နန်းတော်ကိုလာမှ သူကနာခံတာ"
ချီကျင်း ဒါကဘယ်သူလဲ။
ယဲ့ကျန်းက သိချင်သွားသော်လည်း မမေးချေ။ သူက မယ်တော်ကြီးကို ထိုသို့မေးခွန်း မေးလိုက်လျှင် မလေးစားရာကျသွားပေလိမ့်မည်။
"ဒီအရာရှိရဲ့သမီးက မယ်တော်ကြီးအနေနဲ့ ဒီသခင်မလေးရဲ့ ခေါင်းမာတဲ့ မှတ်ချက်တွေကြောင့် တစ်မျိုးမမြင်ဖို့ မျှော်လင့်ပါတယ်"
မယ်တော်ကြီးက ခေါင်းကိုအသာခါပြီး ယဲ့ကျန်း၏ခေါင်းကို အသာပုတ်သည်။
"မင်းက မင်းသားငယ်အတွက် စိုးရိမ်နေတာ တို့ကဘယ်လိုများ အပြစ်မြင်ရမှာလဲ"
ထို့နောက်သူမက ထိုကလေးမလေးကို သဘောတကျ ပြုံးကြည့်သည်။
တော်ဝင်မင်းသမီးကမူ အေးစက်စွာ နှာခေါင်းရှုံ့သည်။ သူမ၏ခေါင်းကိုပင် လှည့်ထားကာ ဆက်၍ မကြည့်ချင်တော့ချေ။
"ဟား ဟား သခင်မလေးလုက နယ်မြို့မှာ ကြီးပြင်းလာပေမဲ့ ကိုယ်ပိုင်အကျိုးအမြတ်ရအောင် မျက်နှာသာ ဘယ်လိုရအောင် လုပ်ယူရမလဲဆိုတာကို ကောင်းကောင်းသင်ကြားပေးခံခဲ့ရတဲ့ပုံပဲ"
အနည်းဆုံး တော်ဝင်မင်းသမီးက ထိုသို့တရားဝင် ထုတ်ပြောလာသည့်အခါ မယ်တော်ကြီးက မျက်နှာသာပေးရန် လိုအပ်သည်။ ထိုမိန်းမက ဧည့်သည်များရှေ့တွင် သူမကို ကြိမ်ဖန်များစွာ အရှက်ခွဲပြီးလေပြီ။
"တို့တော့ တို့ရဲ့သားကိုသုံးပြီး လုယောင်ယောင်က တို့ရဲ့မျက်နှာသာပေးမှုကို ရအောင်ယူတယ်လို့ မထင်ပါဘူး။ ဘာပဲဖြစ်ဖြစ် ယောင်ယောင်မှာ ကြင်နာတတ်တဲ့ နှလုံးသားရှိတာပဲ"
တော်ဝင်မင်းသမီးနဲ့ လျိုဟွားက လာလည်ချိန်ကတည်းက မင်းသားငယ်ရဲ့ အခြေအနေကို တစ်ခွန်းမှ မမေးခဲ့ရသေးချေ။ သူတို့က မင်းသားငယ်ကို ကရုမစိုက်သလိုမျိုး ဆူပုတ်ကာသာ ထိုင်နေခဲ့သည်။
ရွှံ့ရှာသော မျက်နှာထားနှင့် တော်ဝင်မင်းသမီးက မတ်တပ်ထရပ်သည်။
170 02
"မယ်တော်ကြီး မင်းကြည့်ရတာ ဧည့်ခံစရာ ဧည့်သည်တွေ ရှိနေတဲ့ပုံပဲ။ ဆိုတော့ တို့ကဆက်ပြီး မနှောင့်ယှက်တော့ပါဘူး။ နှစ်ရက်နေမှပဲ တို့ပြန်လာလည်မယ်"
သူမက ထိုသို့ပြောသည်။
"ဒေါ်လေးချန်း မင်းသမီးလျိုဟွားနဲ့ တော်ဝင်မင်းသမီးတို့ကို အပြင်ဘက်ကို လိုက်ပါပို့ဆောင်လိုက်ပါ"
မယ်တော်ကြီးကလည်း ထိုနှစ်ယောက် ထွက်သွားမည့်အရေးကို တားဆီးမည့် အမူအရာ မပြချေ။
ချက်ချင်းဆိုသလို တော်ဝင်မင်းသမီး၏ ပါးစပ်က အဟောင်းသားဖြစ်သွားသည်။
ဒီမိန်းမကငါ့ကို ခြေထောက်ဖက်ပြီးတော့တောင် ဆက်နေဖို့ တောင်းပန်မယ် ထင်ထားတာလေ။ ဒါကိုတောင် တိုက်ရိုက် မောင်းထုတ်ရဲတယ်လား။
သူမ၏မျက်နှာက ဒေါသဖြင့် နီရဲလာသည်။
ဒီမိန်းမဘယ်လိုတောင် လုပ်ရဲတာလဲ။
"လျိုဟွား သွားမယ်"
တော်ဝင်မင်းသမီး၏ ရမက်က ပြင်းပြင်းထန်ထန် ခုန်လှုပ်နေသည်။ သူမက ယဲ့ကျန်းကို စူးစိုက်ကြည့်ပြီးမှ ခြေဆောင့်နင်းပြီး ထွက်သွားတော့သည်။
သိပ်မကြာခင် အချိန်တွင် သခင်မကြီးလုကလည်း ထရပ်ကာ နှုတ်ဆက်သည်။
မယ်တော်ကြီးက သူတို့အား မသွားခိုင်းခင်အချိန်တွင် ယဲ့ကျန်း၏ မျက်နှာကို စိုက်ကြည့်နေကာ ဒေါ်လေးချန်းအား သူမအတွက် နှင်းကြာလိမ်းဆေးဆီ တစ်ပုလင်း ပေးခိုင်းသည်။
"ဒီလိမ်းဆေးဆီက မင်းရဲ့ ယောင်ကိုင်းနေတဲ့ ပါးပြင်ကဒဏ်ရာကို ကုသပေးနိုင်တယ်။ အိုက်ကျားက အိုနေပါပြီ ဒီဆေးကို မလိုတော့ဘူး။ မင်းလိုသခင်မလေးတွေအတွက်ပဲ ပိုပြီးအသုံးဝင်တယ်"
ယဲ့ကျန်းက တုန့်ဆိုင်းစွာဖြင့် ခေါင်းကိုခါပြီး ငြင်းလိုက်သည်။
"မယ်တော်ကြီး တကယ်တော့ မလိုပါဘူး။ ဒီသခင်မလေးရဲ့ အိမ်မှာလည်း ကိုယ်ပိုင်လိမ်းဆေးဆီ ရှိပါတယ်။ မယ်တော်ကြီးကိုထပ်ပြီး မနှောက်ယှက်ချင်တော့ပါဘူး"
မယ်တော်ကြီးက ယဲ့ကျန်း၏လက်ထဲသို့ ဆေးပုလင်းကို ထိုးထည့်ပေးပြီးပြောသည်။
"တို့မှာအများကြီး ရှိပါတယ်"
"ယောင်ယောင် ကျေးဇူးတင်လိုက်ပါ"
ယဲ့ကျန်းက ကျော့ရှင်းကြည့်ကောင်းစွာဖြင့် ထုံးတမ်းအစဉ်လာအတိုင်း ဒူးထောက်ကာ အရိုအသေပေးသည်။ ထိုနှင်းလိမ်းဆေးဆီက အလွန်အဖိုးတန်ကြောင်း သူမက ကောင်းကောင်း နားလည်သည်။ မယ်တော်ကြီးက သူမဟာ ကြင်နာလွန်းလေသည်။ သူမက ဝမ်ဖေးယဲ့ပင်ဖြစ်စေ၊ လုယောင်ယောင်ပင်ဖြစ်စေ မယ်တော်ကြီးက သဘောထား ကောင်းလွန်းသည်။
စစ်နေနန်းဆောင်အတွင်းမှ ထွက်လာပြီးနောက် ယဲ့ကျန်းက မော့ရုံရီထံ သွားသင့်မသွားသင့် တွေးတောနေသေးသည်။ မုန့်ရုံကျန်းက သူမအား ဆေးဝါးအကယ်ဒမီသို့ သူ၏အမိန့်ကို မနာခံမှုဖြင့် ဝင်ခွင့်ပိတ်မည်ကိုလည်း စိုးရိမ်မိသွားသည်။
သို့ရာတွင် သူမက ဖြေရှင်းချက် မရခင်မှာတင် မော့ရုန်ကျန်း၏ အနီးကပ် မိန်းမဆိုးက နှင်းကြာပန်းလိမ်းဆေးဆီ နှစ်ပုလင်းကိုကိုင်လျှက် ချဉ်းကပ်လာကြောင်း မြင်လိုက်ရသည်။
"မိန်းကလေးလု ဒါကဧကရာဇ်က မိန်းကလေးလုကို ချီးမြင့်လိုက်တဲ့ နှင်းကြာပန်းလိမ်းဆေးဆီပါ။ အရှင်မင်းကြီးက တော်ဝင်သမားတော်ချီက နန်းတော်ထဲကို အခစားဝင်လာပြီး မင်းသားငယ်ကို သွားရောက်ကြည့်ရှု့နေပြီလို့ ပြောပါတယ်။ ဒါကြောင့် သခင်မလေးလုအနေနဲ့ သူမိန့်ခဲ့တဲ့စကားတွေကို အတည်မှတ်ဖို့မလိုဘူးလို့ ပြောလိုက်ပါတယ်"
မိန်းမဆိုးဖူက ထိုသို့ပြောသည်။
ယဲ့ကျန်းလည်း ထိုအခါမှသာ စိတ်အေးသွားတော့သည်။ သူမက မော့ရုံရီကိုကုသရန် တော်ဝင်နန်းဆောင်ထဲ မဝင်လိုချေ။ ဒီနည်းအားဖြင့် မော့ရုန်ကျန်းနှင့် မတွေ့ဖြစ်လောက်တော့ချေ။
သူမက ရိုးသားစွာဖြင့် ထိုမိန်းမဆိုးကို ကျော့ရှင်းကြည့်ကောင်းသော အပြုံးမျိုးဖြင့် ကျေးဇူးတင်လျှက် နှင်းကြာပန်းလိမ်းဆေးဆီ နှစ်ပုလင်းကို လက်ခံလိုက်သည်။ သို့ရာတွင် သူမက သခင်မကြီးကို ကြည့်ချိန်တွင် တစ်ဖက်သူ၏မျက်နှာက စိတ်ရှုပ်ထွေးနေဟန်ရသည်။ အချို့သော အကြောင်းပြချက်ကြောင့် ယဲ့ကျန်း၏ နှလုံးသားက ခုန်လှုပ်လာကာ သခင်မကြီးလုက နားလည်မှု လွဲသွားမည်ကို စိုးရိမ်လာသည်။
Telegram မှာ အပိုင်း ၄၆၅အထိ ရောက်ပါပြီနော်။
Zawgyi
170 01
အခန္း(၁၇၀)
ယဲ့က်န္းက ရွက္႐ြံ႕သလို ဟန္ေဆာင္ၿပီးေနာက္ မယ္ေတာ္ႀကီး၏ အၾကည့္ကိုေရွာင္ၿပီး ညင္သာစြာေျပာသည္။
"မယ္ေတာ္ႀကီး ဒီအရာရွိရဲ႕သမီးက မင္းသားငယ္ ရက္အနည္းငယ္ အေအးမိေနတယ္လို႔ၾကားေတာ့ စိုးရိမ္သြားမိပါတယ္။ မင္းသားငယ္ရဲ႕ ခြင့္ျပဳခ်က္နဲ႔ ေသြးေၾကာစမ္းခြင့္ ရခဲ့တာပါ"
ထိုအခိုက္ မယ္ေတာ္ႀကီးကို ႏူးညံ့ေသာ မ်က္ဝန္းမ်ားျဖင့္ ေမာ့ၾကည့္လိုက္သည္။
"မင္းသားငယ္ရဲ႕ ေသြးေၾကာေတြက အရမ္းအားနည္ေနလို႔ အဲ့ဒီအေၾကာင္းျပခ်က္ေၾကာင့္ အရွင္မင္းႀကီးက..."
သူမ၏စကား မဆုံးခင္မွာတင္ လ်ိဳဟြားက ဝင္ျဖတ္ေျပာသည္။
"နင္းကဘယ္လို အတင့္ရဲၿပီး ျမင့္ျမတ္တဲ့ မင္းသားရဲ႕ေသြးေၾကာကို စမ္းရဲတာလဲ။ နင္က ေဆးဝါးအကယ္ဒမီကိုေတာင္ မဝင္ရေသးဘူး။ ကိုယ့္ကိုယ္ကို ေတာ္ဝင္သမားေတာ္ထက္ သာတယ္မ်ား ထင္ေနတာ"
မယ္ေတာ္ႀကီးက လ်ိဳဟြားကို သေဘာမက်သလို ၾကည့္ၿပီး အသိအမွတ္ျပဳမႈ မေပးေခ်။ သူမက ယဲ့က်န္းကိုသာ ဆက္ေျပာသည္။ သူမသား၏ က်န္းမာေရးက သူမအတြက္ အေရးအႀကီးဆုံး ကိစၥျဖစ္သည္။
"အဲ့ဒီေနာက္ ဘာဆက္ျဖစ္သြားလဲ။ မင္းအေျခအေနကို သိခြင့္ရခဲ့လား"
"မယ္ေတာ္ႀကီး ဒီအရာရွိရဲ႕သမီးက ေဆးပညာအနည္းငယ္ပဲ နားလည္သေဘာေပါက္ထားခဲ့တာပါ။ ဒီအရာရွိရဲ႕သမီး ေျပာတာမွားသြားခဲ့ရင္ မယ္ေတာ္ႀကီးက ခြင့္လႊတ္ေပးမွာပါလား"
မယ္ေတာ္ႀကီး၏ ႏွလုံးသားက ယဲ့က်န္း၏ ႏွိမ့္ခ်မႈေၾကာင့္ ႏူးညံ့သြားသည္။
"အိုက္က်ားက မင္းကိုအျပစ္မတင္ပါဘူး"
"မယ္ေတာ္ႀကီး ဒီသခင္မေလးအထင္ မင္းသားငယ္က အေအးမိေနတာမဟုတ္ဘဲ ဝမ္းဗိုက္မွာ အသားပိုရွိေနတယ္လို႔ ထင္ပါတယ္။ ဒါေၾကာင့္ သူနာက်င္မႈကို ဆက္တိုက္ ခံစားေနရတာပါ"
ယဲ့က်န္းကေျပာသည္။
မယ္ေတာ္ႀကီး၏မ်က္ႏွာက ပ်က္ယြင္းသြားသည္။ မင္းသားငယ္ဟာ အၿမဲတေစ ဗိုက္ေအာင့္သည္ဟု ေျပာသည္။ သို႔ေသာ္ အေၾကာင္းျပခ်က္ကို ရွာေလတိုင္း သူ႔တြင္ ႏွလုံးေရာဂါ ရွိေနသည္ဟုသာ ေျပာေနေလ့ရွိသည္။
သူမက ေဒၚေလးခ်န္းကို တစ္ခ်က္ၾကည့္လိုက္သည္။
"ခ်ီက်င္းလည္း အလုပ္ၿပီးေလာက္ၿပီ။ နန္းေတာ္ကိုလာဖို႔ ဆင့္ေခၚလိုက္ပါ။ မင္းသားငယ္ကို ၾကည့္ခိုင္းရမယ္"
ေဒၚေလးခ်န္းက ခ်က္ခ်င္းလိုလို အမိန႔္အတိုင္းထြက္သြားသည္။ မယ္ေတာ္ႀကီးက ေခါင္းမာေသာ သားအေၾကာင္း ျပန္ေတြးမိၿပီး ကူကယ္ရာမဲ့စြာျဖင့္ သက္ျပင္းကိုခ်သည္။
"ေတာ္ဝင္သမားေတာ္ေတြ အားလုံးက အဲ့ဒီေကာင္ေလးကို ေၾကာက္ေနၾကတာ။ သူက အစစ္ေဆးမခံခ်င္ဘူး။ ေသြးေၾကာစမ္းမွာကိုေတာင္ ျငင္းဆန္တယ္။ ႏွလုံးေရာဂါလို႔ပဲ သူဆက္တိုက္ ေျပာေနေတာ့တာပဲ။ ခ်ီက်င္းက နန္းေတာ္ကိုလာမွ သူကနာခံတာ"
ခ်ီက်င္း ဒါကဘယ္သူလဲ။
ယဲ့က်န္းက သိခ်င္သြားေသာ္လည္း မေမးေခ်။ သူက မယ္ေတာ္ႀကီးကို ထိုသို႔ေမးခြန္း ေမးလိုက္လွ်င္ မေလးစားရာက်သြားေပလိမ့္မည္။
"ဒီအရာရွိရဲ႕သမီးက မယ္ေတာ္ႀကီးအေနနဲ႔ ဒီသခင္မေလးရဲ႕ ေခါင္းမာတဲ့ မွတ္ခ်က္ေတြေၾကာင့္ တစ္မ်ိဳးမျမင္ဖို႔ ေမွ်ာ္လင့္ပါတယ္"
မယ္ေတာ္ႀကီးက ေခါင္းကိုအသာခါၿပီး ယဲ့က်န္း၏ေခါင္းကို အသာပုတ္သည္။
"မင္းက မင္းသားငယ္အတြက္ စိုးရိမ္ေနတာ တို႔ကဘယ္လိုမ်ား အျပစ္ျမင္ရမွာလဲ"
ထို႔ေနာက္သူမက ထိုကေလးမေလးကို သေဘာတက် ၿပဳံးၾကည့္သည္။
ေတာ္ဝင္မင္းသမီးကမူ ေအးစက္စြာ ႏွာေခါင္းရႈံ႕သည္။ သူမ၏ေခါင္းကိုပင္ လွည့္ထားကာ ဆက္၍ မၾကည့္ခ်င္ေတာ့ေခ်။
"ဟား ဟား သခင္မေလးလုက နယ္ၿမိဳ႕မွာ ႀကီးျပင္းလာေပမဲ့ ကိုယ္ပိုင္အက်ိဳးအျမတ္ရေအာင္ မ်က္ႏွာသာ ဘယ္လိုရေအာင္ လုပ္ယူရမလဲဆိုတာကို ေကာင္းေကာင္းသင္ၾကားေပးခံခဲ့ရတဲ့ပုံပဲ"
အနည္းဆုံး ေတာ္ဝင္မင္းသမီးက ထိုသို႔တရားဝင္ ထုတ္ေျပာလာသည့္အခါ မယ္ေတာ္ႀကီးက မ်က္ႏွာသာေပးရန္ လိုအပ္သည္။ ထိုမိန္းမက ဧည့္သည္မ်ားေရွ႕တြင္ သူမကို ႀကိမ္ဖန္မ်ားစြာ အရွက္ခြဲၿပီးေလၿပီ။
"တို႔ေတာ့ တို႔ရဲ႕သားကိုသုံးၿပီး လုေယာင္ေယာင္က တို႔ရဲ႕မ်က္ႏွာသာေပးမႈကို ရေအာင္ယူတယ္လို႔ မထင္ပါဘူး။ ဘာပဲျဖစ္ျဖစ္ ေယာင္ေယာင္မွာ ၾကင္နာတတ္တဲ့ ႏွလုံးသားရွိတာပဲ"
ေတာ္ဝင္မင္းသမီးနဲ႔ လ်ိဳဟြားက လာလည္ခ်ိန္ကတည္းက မင္းသားငယ္ရဲ႕ အေျခအေနကို တစ္ခြန္းမွ မေမးခဲ့ရေသးေခ်။ သူတို႔က မင္းသားငယ္ကို က႐ုမစိုက္သလိုမ်ိဳး ဆူပုတ္ကာသာ ထိုင္ေနခဲ့သည္။
႐ႊံ႕ရွာေသာ မ်က္ႏွာထားႏွင့္ ေတာ္ဝင္မင္းသမီးက မတ္တပ္ထရပ္သည္။
170 02
"မယ္ေတာ္ႀကီး မင္းၾကည့္ရတာ ဧည့္ခံစရာ ဧည့္သည္ေတြ ရွိေနတဲ့ပုံပဲ။ ဆိုေတာ့ တို႔ကဆက္ၿပီး မေႏွာင့္ယွက္ေတာ့ပါဘူး။ ႏွစ္ရက္ေနမွပဲ တို႔ျပန္လာလည္မယ္"
သူမက ထိုသို႔ေျပာသည္။
"ေဒၚေလးခ်န္း မင္းသမီးလ်ိဳဟြားနဲ႔ ေတာ္ဝင္မင္းသမီးတို႔ကို အျပင္ဘက္ကို လိုက္ပါပို႔ေဆာင္လိုက္ပါ"
မယ္ေတာ္ႀကီးကလည္း ထိုႏွစ္ေယာက္ ထြက္သြားမည့္အေရးကို တားဆီးမည့္ အမူအရာ မျပေခ်။
ခ်က္ခ်င္းဆိုသလို ေတာ္ဝင္မင္းသမီး၏ ပါးစပ္က အေဟာင္းသားျဖစ္သြားသည္။
ဒီမိန္းမကငါ့ကို ေျခေထာက္ဖက္ၿပီးေတာ့ေတာင္ ဆက္ေနဖို႔ ေတာင္းပန္မယ္ ထင္ထားတာေလ။ ဒါကိုေတာင္ တိုက္႐ိုက္ ေမာင္းထုတ္ရဲတယ္လား။
သူမ၏မ်က္ႏွာက ေဒါသျဖင့္ နီရဲလာသည္။
ဒီမိန္းမဘယ္လိုေတာင္ လုပ္ရဲတာလဲ။
"လ်ိဳဟြား သြားမယ္"
ေတာ္ဝင္မင္းသမီး၏ ရမက္က ျပင္းျပင္းထန္ထန္ ခုန္လႈပ္ေနသည္။ သူမက ယဲ့က်န္းကို စူးစိုက္ၾကည့္ၿပီးမွ ေျခေဆာင့္နင္းၿပီး ထြက္သြားေတာ့သည္။
သိပ္မၾကာခင္ အခ်ိန္တြင္ သခင္မႀကီးလုကလည္း ထရပ္ကာ ႏႈတ္ဆက္သည္။
မယ္ေတာ္ႀကီးက သူတို႔အား မသြားခိုင္းခင္အခ်ိန္တြင္ ယဲ့က်န္း၏ မ်က္ႏွာကို စိုက္ၾကည့္ေနကာ ေဒၚေလးခ်န္းအား သူမအတြက္ ႏွင္းၾကာလိမ္းေဆးဆီ တစ္ပုလင္း ေပးခိုင္းသည္။
"ဒီလိမ္းေဆးဆီက မင္းရဲ႕ ေယာင္ကိုင္းေနတဲ့ ပါးျပင္ကဒဏ္ရာကို ကုသေပးႏိုင္တယ္။ အိုက္က်ားက အိုေနပါၿပီ ဒီေဆးကို မလိုေတာ့ဘူး။ မင္းလိုသခင္မေလးေတြအတြက္ပဲ ပိုၿပီးအသုံးဝင္တယ္"
ယဲ့က်န္းက တုန႔္ဆိုင္းစြာျဖင့္ ေခါင္းကိုခါၿပီး ျငင္းလိုက္သည္။
"မယ္ေတာ္ႀကီး တကယ္ေတာ့ မလိုပါဘူး။ ဒီသခင္မေလးရဲ႕ အိမ္မွာလည္း ကိုယ္ပိုင္လိမ္းေဆးဆီ ရွိပါတယ္။ မယ္ေတာ္ႀကီးကိုထပ္ၿပီး မေႏွာက္ယွက္ခ်င္ေတာ့ပါဘူး"
မယ္ေတာ္ႀကီးက ယဲ့က်န္း၏လက္ထဲသို႔ ေဆးပုလင္းကို ထိုးထည့္ေပးၿပီးေျပာသည္။
"တို႔မွာအမ်ားႀကီး ရွိပါတယ္"
"ေယာင္ေယာင္ ေက်းဇူးတင္လိုက္ပါ"
ယဲ့က်န္းက ေက်ာ့ရွင္းၾကည့္ေကာင္းစြာျဖင့္ ထုံးတမ္းအစဥ္လာအတိုင္း ဒူးေထာက္ကာ အ႐ိုအေသေပးသည္။ ထိုႏွင္းလိမ္းေဆးဆီက အလြန္အဖိုးတန္ေၾကာင္း သူမက ေကာင္းေကာင္း နားလည္သည္။ မယ္ေတာ္ႀကီးက သူမဟာ ၾကင္နာလြန္းေလသည္။ သူမက ဝမ္ေဖးယဲ့ပင္ျဖစ္ေစ၊ လုေယာင္ေယာင္ပင္ျဖစ္ေစ မယ္ေတာ္ႀကီးက သေဘာထား ေကာင္းလြန္းသည္။
စစ္ေနနန္းေဆာင္အတြင္းမွ ထြက္လာၿပီးေနာက္ ယဲ့က်န္းက ေမာ့႐ုံရီထံ သြားသင့္မသြားသင့္ ေတြးေတာေနေသးသည္။ မုန႔္႐ုံက်န္းက သူမအား ေဆးဝါးအကယ္ဒမီသို႔ သူ၏အမိန႔္ကို မနာခံမႈျဖင့္ ဝင္ခြင့္ပိတ္မည္ကိုလည္း စိုးရိမ္မိသြားသည္။
သို႔ရာတြင္ သူမက ေျဖရွင္းခ်က္ မရခင္မွာတင္ ေမာ့႐ုန္က်န္း၏ အနီးကပ္ မိန္းမဆိုးက ႏွင္းၾကာပန္းလိမ္းေဆးဆီ ႏွစ္ပုလင္းကိုကိုင္လွ်က္ ခ်ဥ္းကပ္လာေၾကာင္း ျမင္လိုက္ရသည္။
"မိန္းကေလးလု ဒါကဧကရာဇ္က မိန္းကေလးလုကို ခ်ီးျမင့္လိုက္တဲ့ ႏွင္းၾကာပန္းလိမ္းေဆးဆီပါ။ အရွင္မင္းႀကီးက ေတာ္ဝင္သမားေတာ္ခ်ီက နန္းေတာ္ထဲကို အခစားဝင္လာၿပီး မင္းသားငယ္ကို သြားေရာက္ၾကည့္ရႈ႕ေနၿပီလို႔ ေျပာပါတယ္။ ဒါေၾကာင့္ သခင္မေလးလုအေနနဲ႔ သူမိန႔္ခဲ့တဲ့စကားေတြကို အတည္မွတ္ဖို႔မလိုဘူးလို႔ ေျပာလိုက္ပါတယ္"
မိန္းမဆိုးဖူက ထိုသို႔ေျပာသည္။
ယဲ့က်န္းလည္း ထိုအခါမွသာ စိတ္ေအးသြားေတာ့သည္။ သူမက ေမာ့႐ုံရီကိုကုသရန္ ေတာ္ဝင္နန္းေဆာင္ထဲ မဝင္လိုေခ်။ ဒီနည္းအားျဖင့္ ေမာ့႐ုန္က်န္းႏွင့္ မေတြ႕ျဖစ္ေလာက္ေတာ့ေခ်။
သူမက ႐ိုးသားစြာျဖင့္ ထိုမိန္းမဆိုးကို ေက်ာ့ရွင္းၾကည့္ေကာင္းေသာ အၿပဳံးမ်ိဳးျဖင့္ ေက်းဇူးတင္လွ်က္ ႏွင္းၾကာပန္းလိမ္းေဆးဆီ ႏွစ္ပုလင္းကို လက္ခံလိုက္သည္။ သို႔ရာတြင္ သူမက သခင္မႀကီးကို ၾကည့္ခ်ိန္တြင္ တစ္ဖက္သူ၏မ်က္ႏွာက စိတ္ရႈပ္ေထြးေနဟန္ရသည္။ အခ်ိဳ႕ေသာ အေၾကာင္းျပခ်က္ေၾကာင့္ ယဲ့က်န္း၏ ႏွလုံးသားက ခုန္လႈပ္လာကာ သခင္မႀကီးလုက နားလည္မႈ လြဲသြားမည္ကို စိုးရိမ္လာသည္။
Telegram မွာ အပိုင္း ၄၆၅အထိ ေရာက္ပါၿပီေနာ္။