ပုဂံမြေကိုတိုင်တည်၍

Von Yeolmae3133

39.2K 519 38

ဘယ်သူထင်မိမှာလဲကိုယ်အရမ်းရွံရတဲ့မိထွေးရဲ့သားကိုဒီလောက်တမ်းတမ်းစွဲချစ်မိသွားလိမ့်မယ်လို့ ကွန်းအသခ... Mehr

Intro Part
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
တောင်းပန်လွှာ
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
View
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
Request
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
အပိုင်း ၄၁
အပိုင်း ၄၂
အပိုင်း ၄၃
အပိုင်း ၄၄
အပိုင်း ၄၅
အပိုင်း ၄၆
အပိုင်း ၄၇
အပိုင်း ၄၈
အပိုင်း ၄၉
အပိုင်း ၅၀
အပိုင်း ၅၁
အပိုင်း ၅၂
အပိုင်း ၅၃
အပိုင်း ၅၄
အပိုင်း ၅၅
အပိုင်း ၅၆
အပိုင်း ၅၇
အပိုင်း ၅၈
အပိုင်း ၅၉
အပိုင်း ၆၀
အပိုင်း ၆၁
အပိုင်း ၆၂
အပိုင်း ၆၃
EXTRA
view
Extra 2

အပိုင်း ၂၇

445 5 0
Von Yeolmae3133

"သွေးသစ်ရေ သား"

"ဗျာဒေါ်လေး"

"မင်းအကိုကိုကြပ်ထုပ်ထိုးပေးပြီးရင်ဒေါ်လေးဆီလာပါဦးခန"

"ဟုတ်ဒေါ်လေး လာပြီ"

"ဒေါ်လေးဘာခိုင်းမလို့လဲဟင်"

"ခိုင်းဖို့မဟုတ်ဘူးမေးဖို့"

"ဘာမေးမှာလဲဒေါ်လေး"

"ဇော်ခန့်ကိုထိုးလိုက်တာဘယ်သူလဲသား"

"ဗျာ အဲတာသားအခုguideလုပ်ပေးနေရတဲ့ဧည့်သည်ပါဒေါ်လေး"

"ဪ ဟိုကောင်လေးလားအရင်ခါသားတောင်းပန်တဲ့တစ်ယောက်"

"ဟုတ်တယ်ဒေါ်လေး သူ့အမှားမဟုတ်ပါဘူးသားကြောင့်ပါသားကိုသူကသားအထိုးခံနေရတယ်ထင်ပြီးကိုဇော်ခန့်ကိုထိုးလိုက်တာပါ"

"သိပါတယ်သားရဲ့ သူ့ကိုလဲအပြစ်မပြောဘူးသားကိုလဲအပြစ်မပြောပါဘူးသိချင်လို့ပါ ဒီလိုဖြစ်တာလဲဇော်ခန့်အလွန်မှန်းဒေါ်လေးသိပါတယ်"

"ဟုတ်ကဲ့ဒေါ်လေး"

"ဟိုလေဒေါ်လေး ဒေါ်လေးခိုင်းစရာမရှိရင်သားဟိုတယ်သွားချင်လို့"

"ဪ သွားလေကွယ် နေပါဦးမနက်ကပြောတော့မသွားတော့ဘူးဆို"

"ဟုတ် သားသူ့ကိုတောင်းပန်ရဦးမယ်သားသူ့ကိုနည်းနည်းအော်လိုက်မိတယ်"

"အယ် ဒီကလေးဧည့်သည်ကို သွားသွားတော်ကြာဟိုကဒေါသထွက်ရင်သားအလုပ်ထိခိုက်မယ်"

"အဲလောက်ထိတော့လဲမဟုတ်ဘူးဒေါ်လေးရဲ့ သွားလိုက်ဦးမယ်နော်"

"အေးအေး ဂရုစိုက်သွားမိုးရွာထားတာလမ်းတွေကချော်တယ်"

"ဟုတ်ကဲ့ဒေါ်လေး!"
____________________________
"ဟေ့ကောင်ကွန်း မင်းဒေါသပြေပြီလား"
ဟိန်းမြတ်နဲ့ရတုလဲအချိန်အတိုင်းအတာတစ်ခုထိပေးပြီးတော့ကွန်းဆီပြန်လာခဲ့သည်။ဒီအချိန်ဆိုသူဒေါသပြေတန်ကောင်းပါရဲ့

"ထင်တာပဲ"

"ပြောပါဦးဘယ်လိုဖြစ်လာတာလဲ"

"ငါသူတို့အိမ်ရောက်သွားတော့သူ့အကိုဆိုတဲ့ကောင်နဲ့စကားများနေသံကြားတာ သူပြောတဲ့စကားကြားရ‌သလောက်တော့သူ့အကိုဆိုတဲ့ကောင်ကသူ့ကိုအနိုင်ကျင့်နေတာထင်တယ်ကွ"

"အဲတော့"

"ငါလဲအိမ်ထဲဝင်သွားတော့သူ့ကိုသူ့အကိုကထိုးနေတာကွ အဲတာနဲ့ငါလဲစိတ်ကတိုလာပြီးတော့မျက်လုံးထဲဘာမှမမြင်တော့ဘူးဟိုကောင်ကိုလဲဆွဲထိုးလိုက်တာ"

"မင်းကလေအကျင့်ကိုမပျောက်သေးတာလက်ကတအားယဉ်တာပဲသူတို့ကိစ္စလေကွာ မင်းလူကိုထိလို့မင်းမခံနိုင်တာသိတယ်ဒါမဲ့ကိုယ်ထိလက်ရောက်ကျူးလွန်မှုမြောက်တယ်နော်သူတို့တိုင်ချင်ရင်"

"မင်းမသိရင်မပြောနဲ့ပယင်းနှုတ်ခမ်းမှာသွေးတွေထွက်နေတာကွ"

"ဒါမဲ့လဲကွာမင်းကလဲအဲလိုတော့မလုပ်သင့်ဘူးလေ"

"ဟာ မလုပ်သင့်တာဘာညာအသာထားကိုယ်ချစ်တဲ့သူထိရင်တော့ဘယ်သူမဆိုဒေါသထွက်တာပဲကွ ဟေ့ကောင်ကွန်းဘာမှမဖြစ်ဘူးသူတို့တရားစွဲလဲငါ့ဦးလေး‌ရှေ့နေတစ်ယောက်လုံးရှိတယ် မပူနဲ့"ရတုကဝင်ပြောလေသည်။

"အေးလိုက်လဲလိုက်ပါပေတယ်ကွာနှစ်ကောင်ကတော့ သူများကိုအသားလွတ်ထိုးလာတဲ့သူနဲ့လိုက်ပြီးဖြဲပေးမယ့်သူနဲ့အဆင်ကိုပြေနေကြတာ"

"ငါကတော့ငါ့သူငယ်ချင်းတွေဘက်ကအစွမ်းကုန်ကာကွယ်ပေးမှာပဲ"

"ကျေးဇူးတော်ကြီးမြတ်လှကြောင်းပါဘုရား"ဟိန်းမြတ်ကရွဲ့သလို‌ထပြောလေသည်။ထိုအခါကွန်းလဲရယ်မိတော့သည်။

"မင်းဂျာကြီးဆိုင်ကယ်အပ်ရမှာမလား"

"အေးလေငါလုပ်ထားတာပဲငါတာဝန်ယူရမှာပေါ့"

"ဒါဆိုငါ့ကိုအဲ့တာဝန်လွှဲလိုက်"

"ဘာလို့လဲဟိန်းမြတ်ငါလုပ်မှာပါ"

"မင်းကလဲငါကိုသူခန့်နဲ့တွေ့ချင်လို့ပေါ့ကွ"

"ဘာဆိုင်လို့လဲ"

"အေးလေဘာဆိုင်လို့လဲဂျာကြီးဆိုင်ကယ်ပြင်တာနဲ့ကိုသူခန့်နဲ့တွေ့ချင်တာနဲ့"ရတုကလဲသိချင်၍ဝင်မေးလေသည်။

"တုံးတယ်လို့ပြောရင်လဲမောင်မင်းလွန်ရာကျမယ် ငါကဂျာကြီးဆိုင်ကယ်အပ်ပေးမှာလေ"

"အေးလေ မင်းပဲအပ်ပေးမယ်ပြောတာ"

"ဒီပုဂံမှာငါမှဝပ်ရှော့ဆိုင်ဘယ်နားရှိမှန်းမှမသိတာ"

"အဲတော့"

"အဲတော့ကိုသူခန့်ကိုဖုန်းဆက်ပြီးပြောလိုက်မယ်လေ"

"ဪ ဉာဏ်နီ ဉာဏ်နက်တွေနဲ့မင်းက"

"ချစ်တော့လဲတွေ့ရဖို့ကြံရတာပေါ့ကွာ"

"ဟုတ်ပါပြီဆရာကြီးရယ် ဒါဆိုလဲသွားအပ်ပါ"

"သွားပြီအခုပဲ တာ့တာ"

"သွား သွား"

:ဒေါက်
:ဒေါက်
:ချလပ်

"ဪ ကိုသွေးသစ်"

"အေး ညီလေး ကွန်းရှိလားဟင်"

"ဟုတ်ရှိတယ်ကိုသွေးသစ်အထဲဝင်သွားလိုက်ပါ"

"ကျေးဇူးနော်"

"ရပါတယ်ဗျ"

"ကွန်း"
ခေါ်သံကြားလို့အနောက်လှည့်ကြည့်လိုက်တော့သူဖြစ်နေသည်။ဘာတွေများမကျေနပ်လို့လာပြောဦးမှာလဲမသိဘူး။

"ဘာကိစ္စလဲ"

"အကိုနဲ့ခနလိုက်ခဲ့ပေးပါလားဟင်"

"ဘယ်လဲ"

"လိုက်ခဲ့ပါခန"

"ကျုပ်စိတ်ကြည်မနေဘူးမလိုက်ချင်ဘူး"

"ဪ ဒါဆိုလဲ"

"ဟာ ခင်ဗျားဘာလုပ်တာလဲ ချက်ချင်းလွှတ်"
ဒါဆိုလဲဆိုပြီးသူ့လက်ကိုအတင်းဆွဲခေါ်သွားလေသည်။

"ကွန်းအခုတော့အကို့နောက်ကထိုင်လိုက်ပေးနော်အပြန်မှမောင်းချင်မောင်း"

"...."
အတော်အတန်ကြာမောင်းပြီးတော့ဘုရားတစ်ဆူကိုရောက်လာလေသည်။

"သဗ္ဗညုပဲ ဒီကိုဘာလို့လာတာလဲ"

"လိုက်ခဲ့"

"ကျစ်! ခင်ဗျားတော်တော်လွန်တယ်လို့မထင်ဘူးလား!"

"ဒီဘုရားကဉာဏ်တော်အမြင့်ဆုံးဘုရားလေအကိုရှင်းပြဖူးပါတယ်"

"...."

"လာ တက်ရသလောက်အပေါ်တက်ရအောင်"

"....."

"ဒီမှာထိုင် ချော်ဦးမယ်နော်မိုးရွာထားတော့"

"အကိုတောင်းပန်ပါတယ်ကွန်း အိမ်မှာတုန်းကမပြောသင့်တာကိုပြောမိခဲ့တယ်ကွန်းကိုစိတ်တိုလို့ပြောမိတာလဲပါတော့ပါပေမယ့်စိတ်ပူလို့ပြောတဲ့စကားကပိုပါတယ် ပြီးတော့ကိုဇော်ခန့်ကအဲလိုလူလဲမဟုတ်ပါဘူးကွန်းသိအောင်ပြောပြတာသူကအကို့ကိုငယ်ငယ်ထဲကအနိုင်ကျင့်လာတာလေအကိုကဒါတွေနဲ့နေသားကျနေပြီကွန်းကတော့အခုမှမြင်ဖူးတာဆိုတော့နည်းနည်းတော့ထူးဆန်းနေမှာပေါ့ဒါမဲ့ဒါကဖြစ်နေကြတွေလေ"

"ခင်ဗျားတောင်းပန်ဖို့အတွက်ဒီ‌ထိခေါ်လာတာပေါ့ကျုပ်ကို"

"အင်း အလကားသက်သက်ခေါ်တာမဟုတ်ပါဘူး ခနစောင့်"

"ဘာကိုလဲ ပြီးတော့ကျွန်တော်လဲပြန်တောင်းပန်တယ်အဲ့စကားကိုကျွန်တော်လွန်တာကျွန်တော်သိပါတယ်ဒါမဲ့.."

"ဟိုမှာကြည့်ကွန်း!"

"ဟင် ဘယ်မှာ"

"တွေ့လား အရမ်းလှတယ်နော်"

"အင်း"

"မိုးရွာတဲ့နေ့တွေဆိုမိုးရွာပြီးရင်အကိုတို့ကဒီကိုလာနေကြကွန်းရဲ့ဒီနေရာကနေမိုးရွာပြီးရင်ထွက်လာတဲ့သက်တံ့ကြီးကြည့်ရတာအများကြီးလှတယ်တန်ဖိုးလဲရှိတယ် အဲတာကြောင့်ကွန်းကိုလဲမြင်စေချင်လို့ဒီကိုခေါ်လာတာတောင်းပန်ချင်တာလဲပါတာပေါ့"
ကွန်းသူပြောတဲ့စကားတွေကိုနားထောင်နေ‌ေပမယ့်တစ်ချို့တစ်လေသာခေါင်းထဲဝင်လေသည်။သူ့ကိုစကားပြောဖို့လှည့်ကြည့်လိုက်တော့သက်တံ့ကြီးကိုပျော်ပျော်ရွှင်ရွှင်ကြည့်နေတဲ့သူ့ရဲ့မျက်နှာသက်တံ့နဲ့အပြိုင်လှနေတဲ့သူ့အလှ။မှင်သက်မိသည်။ယောကျာ်းလေးတစ်ယောက်ကဒီလိုလှစရာလိုလို့လား

"လှတယ်မလားဟင်ကွန်းသက်တံ့ကြီးက"

"အင်းလှတယ်"
'ခင်ဗျားက'အဲတာကိုတော့သူ့စိတ်ထဲကပဲပြောလိုက်ပါသည်။

"စိတ်ဆိုးပြေသွားပြီလားဟင်"

"စိတ်မဆိုးပါဘူး စိတ်တိုမိတာပါ"

"အင်း အဲတာ စိတ်ပြေသွားပြီလား"

"အင်း"
_____________________________
"ကိုသူခန့်ကျွန်တော်ဒီမှာ"

"ဪ လာလေဟိန်းမြတ်သွားရအောင်"

"ဟုတ်"
ဝပ်ရှော့ဆိုင်ရောက်တော့
"ဟောဗျာ"

"ဟုတ်တယ်ကိုသူခန့်အဲတာကြောင့်ကျွန်တော်လာအပ်ပေးတာ"
သူခန့်လဲသိချင်လို့မေးကြည့်တော့ဟိန်းမြတ်ကအကြောင်းစုံပြောပြတော့နည်းနည်းမှင်သက်မိသွားသည်။

"ဒါနဲ့လေဟိန်းမြတ်အကိုသိချင်တာတစ်ခုရှိတယ်စပ်စုတယ်မထင်နဲ့နော်"

"မထင်ပါဘူးကိုသူခန့်ရဲ့ မေးပါဗျ"

"ညီလေးတို့ကရန်ကုန်ပြန်မှာကိုကားနဲ့ပြန်မှာမလား"

"ဟုတ်"

"ကားကမိုးလုံပါတယ်ပြန်လို့ရတာဘာလို့မပြန်တာလဲဟင်လမ်းချော်မှာစိုးလို့လား"

"မဟုတ်ဘူးဗျ ကွန်းမှာtraumaရှိတယ်ဗျ သူကမိုးရွာရင်ကားမမောင်းနိုင်ဘူး"

"ဟင် ဒါဆိုညီလေးတို့မောင်းရတယ်မဟုတ်ဘူးလား"

"မရဘူးသူကမိုးရွာရင်ကားကိုမစီးနိုင်တာဗျ ကားလဲမမောင်းနိုင်သလိုကားလဲမစီးနိုင်ဘူး"

"ဪ"

"ငယ်ငယ်ကရတဲ့traumaတွေပေါ့ဗျာ"

"ဪ"

"ဘာလို့လဲကိုသူခန့်ကကျွန်တော်တို့ကိုပြန်စေချင်လို့လား"

"ဟာ ဘယ်ကသာမဟုတ်ပါဘူး"

"ဒါဆိုမပြန်စေချင်ဘူးပေါ့"

"အင်း"

"ပြန်ရင်လွမ်း‌ကျန်နေမှာကြောက်လို့လားဟောဒီကရန်ကုန်သားကို"

"ဟာ မဟုတ်ပါဘူး"

"ဪ ကိုသူခန့်ကကျွန်တော့်ကိုသတိမရနေဘူးပဲ"

"ဟာ မဟုတ်ပါဘူးဆိုဟိန်းမြတ်ရာ ငါဆိုင်ကယ်တစ်ချက်သွားကြည့်လိုက်ဦးမယ်"

"ဟုတ် ကိုကို!"

'ဒီခွေးကောင်လေးကတော့'သူခန့်စိတ်ထဲကနေသာကျိန်ဆဲလိုက်မိသည်သူ့ကိုတစ်မျိုးမဟုတ်တစ်မျိုးစနေသည့်ကောင်လေးကို

Weiterlesen

Das wird dir gefallen

3M 91K 27
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...
685K 35.9K 30
𝐓𝐡𝐞 𝐔𝐧𝐞𝐱𝐩𝐞𝐜𝐭𝐞𝐝 𝐬𝐞𝐫𝐢𝐞𝐬 ~ 𝐁𝐨𝐨𝐤 𝟐 Sara Zafar, once a vibrant, effervescent spirit, embarks on a new chapter of her life in New Y...
460K 26.1K 44
The story continues to unfold, with secrets unraveling and new dangers lurking in the shadows. The Chauhan family must stay united and face the chall...
251K 14.9K 16
"ဘေးခြံကလာပြောတယ် ငလျှင်လှုပ်သွားလို့တဲ့.... မဟုတ်ရပါဘူးဗျာ...... ကျွန်တော် နှလုံးသားက သူ့နာမည်လေးကြွေကျတာပါ.... ကျွန်တော်ရင်ခုန်သံတွေက...