ကမ္ဘာဆယ်ခုကိုဖြတ်သန်းပြီးတဲ့န...
By Hannah_is_beautiful
29.9K 3.7K 119
This is not my work. This is a fan translation. All credit to original author and English translator. More
Synopsis
Ch1- နင်းနင်း ကိုယ်မင်းကိုနောက်ဆုံးတော့ရှာတွေ့ပြီ (1)
Ch 1- နင်းနင်းကိုယ်မင်းကိုနောက်ဆုံးတော့ရှာတွေ့ခဲ့ပြီ (2)
Ch 2 - မင်းကိုယ့်ကိုထားခဲ့တယ်
Ch3 - "......ကျိနင်း"
Ch 4 - အထင်လွဲနေခဲ့တာလား
Ch 5- ကိုယ်မင်းကိုလာခေါ်ဖို့ရောက်လာပြီ
Ch 6 - ဘယ်သူ့နှလုံးကိုလိုချင်လဲ?
Ch 7 - နောက်ဆုံးတော့မင်းကိုပိုင်ဆိုင်နိုင်ပြီ
Ch 8 - မူရင်းဇာတ်လမ်းထဲမှာနမ်းတဲ့အခန်းမပါဘူးလေ!
Ch 9- နှလုံးခုန်သံ
Ch 10 - ငါသူ့သူငယ်ချင်းမဖြစ်ချင်ဘူး
Ch 11- ဇနီးလောင်း
Ch 12 - သူ့ကိုနာကျင်အောင်မလုပ်ပါနဲ့
Ch 13 - ကိုယ်မင်းကိုဖျက်ဆီးပစ်မယ်
Ch 14- သူ့ရင်ခွင်ထဲခုန်ဝင်မိသွားတယ်
Ch 15- ဘယ်သူမှကိုယ့်မျက်လုံးထဲမဝင်ဘူး 1
Ch 15 ဘယ်သူမှကိုယ့်မျက်လုံးထဲမဝင်ဘူး 2
Ch 16 တစ်နေ့ထက်တစ်နေ့ပိုချစ်နေမယ် 1
Ch 17 အနမ်းကစိတ်အားထက်သန်မှုလုံလုံလောက်လောက်မရှိပါ ကျေးဇူးပြု၍ထပ်နမ်းပါ
Ch 18 - ဒီတစ်ခါကိုယ်တို့ကိုဘယ်သူမှမခွဲနိုင်တော့ဘူး
Ch 19- ဆရာ
Ch 20 (1)
Ch 20 (2)
Ch 21 - ငါ့ကိုလာသတ်မှာကိုစောင့်နေမယ်
Ch 22 -သူပဲ
Ch 23- ဒီဂိမ်းကမဟုတ်သေးဘူး
Ch 24 - ကံမကောင်းစွာနဲ့ မင်းတို့ကသူမဟုတ်ဘူး
Ch 25 - Stockholm Syndrome
Ch 26 - သူ၏အမှောင်မိုက်ဆုံးလျှို့ဝှက်ချက်
Ch-27 သူ့ကိုနောက်တစ်ကြိမ်ထွက်သွားခွင့်ပေးမှာမဟုတ်ဘူး
Ch 28 - သဝန်တိုခြင်း
Chapter 29 - ရေအောက်ထဲမှအနမ်း
Ch-30 ငါသူ့ကိုလိုချင်တယ်
Ch 31 - မင်းရဲ့နှလုံးသားကို ငါ့အတွက်နာကျင်ပေးဖို့ မျှော်လင့်တယ်
Ch 16 တစ်နေ့ထက်တစ်နေ့ပိုချစ်နေမယ် 2
537 81 6
By Hannah_is_beautiful
ဒီကမ္ဘာမှာကျိနင်းကလူအတော်လေးသိတဲ့သရုပ်ဆောင်အပြင်အမြတ်ငွေထိုက်သင့်သလောက်ရတဲ့အင်တာတိန်းမန့်ကုမ္ပဏီဆက်ခံသူတစ်ယောက်လည်းဖြစ်သည်။သူ့အဖေကဥက္ကဌဖြစ်ပြီးအစ်မတစ်ယောက်နှင့်ညီတစ်ယောက်လည်းရှိသည်။
သူတို့ကချမ်းသာပေမဲ့ခင်မင်ရင်းနှီးတဲ့ဆက်ဆံ‌ရေးရှိကြသည်။သူတို့ကမိသားစုပိုင်ဆိုင်မှုတွေအတွက်တိုက်ခိုက်ကြတာမျိုးမရှိပေ။ကျိနင်းကိုမိသားစုစီးပွားရေးကိုအတင်းအကြပ်ဆက်ခံခိုင်းတာမျိုးမလုပ်ဘဲသရုပ်ဆောင်လမ်းကြောင်းကိုထောက်ပံ့အားပေးကြသည်။
ကျိနင်းကိုဆက်လက်ထောက်ပံ့ပေးရန်သူ့အဖေကနှင့်ကြေးကြီးသောcentral optical brainသဘောတူညီတစ်ခုကိုလည်းပြုလုပ်ထားသည်။ကျိနင်းရဲ့ပုံရိပ်ကိုထိခိုက်စေမည့်အချက်အလက်တွေပေါက်ကြားခြင်းမှကာကွယ်ရန်မှတဆင့်ကျိနင်းနဲ့ပတ်သတ်တာတွေအကုန်ကိုအလိုအလျောက်စစ်ဆေးပေးသွားမည်။
ထိုသဘောတူညီချက်ကယခုလိုအခြေအနေမျိုး၌အလွန်အသုံးဝင်သည်။central optical brainကပိတ်ပင်ထားတာကြောင့်ကျိနင်းရဲ့ဗီလာပြိုကျတဲ့သတင်းကမပေါက်ကြားသေးပေ။ထို့ကြောင့်အပြင်လူတွေကကျိနင်းဆေးရုံတင်ထားရသည်ကိုမသိရှိကြသေး။ထို့သို့မဟုတ်လျှင်ကျိနင်းရဲ့ဖန်တွေဟာအခုချိန်လောက်ဆိုအင်တာနက်ပေါ်မှာသောင်းကျန်းနေလောက်ကြလိမ့်မည်။
ကျိနင်းဒီကိစ္စနှင့်ပတ်သတ်ပြီးဝမ်းသာသည်။သူ့မစ်ရှင်ကကုချန်ကိုဆွဲဆောင်ဖို့ပဲဖြစ်တာကြောင့်တခြားမမျှော်လင့်ထားသောအာရုံစိုက်မှုများကိုမလိုလားပေ။
နာရီအနည်းငယ်လောက်သတင်းလာမေးသွားကြပြီးနောက်ကျိနင်းနားရန်ပြန်သွားကြသည်။သို့သော်တစ်နေ့ခင်းလုံးအိပ်ထားသည့်အတွက်ပင်ပန်းနေတာမျိုးမရှိနေတာကြောင့်သူ့ရဲ့ခလုတ်ကိုဖွင့်လိုက်သည်။
ဖွင့်ကြည့်လိုက်သည့်အခါမှာကုချန်စီမှစာအပါအဝင်မဖတ်ရသေးသောစာများစွာကိုတွေ့လိုက်ရသည်။သူတို့ကရုပ်ရှင်တွေအကြောင်းပေါ့ပေါ့ပါးပါးပြောနေကြစဥ်မှာပင်ကျိနင်းကရုတ်တရက်ကြီးစာမပို့တော့တာကြောင့်ကုချန်ကိုစိတ်ပူစေခဲ့သည်။
(ဆောရီး ငါဆေးရုံတက်နေရလို့စာမပြန်လိုက်ရဘူး)
ကုချန်ချက်ချင်းစာပြန်လာသည် , (ဆေးရုံမှာလား? နေမကောင်းလို့လား? ပြင်းထန်လား?)
ကျိနင်းစာပြန်လိုက်သည် (နေကောင်းပါတယ် မနက်ဖြန်ဆင်းမှာ)
(တကယ်အဆင်ပြေတာလား? ကျွန်တော်တကယ်စိတ်ပူနေတာ, စီနီယာ့ကိုသုံးဖက်မြင်ကောလ်ခေါ်လို့ရမလား အဆင်မပြေဖြစ်နေမလား?)
သုံးဖက်မြင်ကဗီဒီယိုကောလ်နှင့်ဆင်တူပါသည်။သို့သော်ပုံမှန်မျက်နှာချင်းဆိုင်စကားပြောနေရသလိုမျိုး သရီးဒီ သုံးဖက်မြင်ပုံရိပ်ကိုထုတ်ပေးသည်။
ဒါပေါ့ ကုချန်ဘက်ကအရင်နီးစပ်ဖို့ခြေလှမ်းစလာတာကိုကျိနင်းဘက်ငြင်းစရာမရှိပေ။သူ့စရိုက်နဲ့ကိုက်အောင်စာကိုဖတ်ထားတဲ့အတိုင်းပဲမိနစ်အနည်းငယ်လောက်ထားလိုက်သည်။ကြည့်ကောင်းတာသေချာပြီဆိုမှကုချန်ရဲ့တောင်းဆိုချက်ကိုသဘောတူလိုက်သည်။
ခလုတ်ကbeepဆိုတဲ့အသံထွက်လာပြီးကုချန်၏သုံးဖက်မြင်ပုံရိပ်ကကျိနင်းအခန်းထဲ၌ပေါ်လာသည်။
ညပိုင်းရောက်နေပြီမို့ကျိနင်းကအနက်ရောင်ညအိပ်ဝတ်စုံလေးကိုဝတ်ထားသည်။အနည်းငယ်စိုနေတဲ့ဆံပင်လေးတွေမျက်နှာနားမှာကျနေပြီးခုတင်ပေါ်မှာထိုင်နေပုံလေးကပုံမှန်ထက်ငယ်ရွယ်ပူံပေါ်နေသည်။
သူ့လက်ထဲမှာစာရွက်အထပ်လိုက်နှင့်ဘောပင်တစ်ချောင်း၇ှိနေတာကြောင့်ဇာတ်ညွန်းတစ်ခုကိုကြည့်နေပုံရသည်။ကျိနင်းရဲ့ပုံရိပ်လေးကိုမြင်ရတော့မျက်လုံးတွေကနူးညံ့တဲ့အပြုံးလေးလိုကွေးတက်သွားပြီးပြောလိုက်သည် "ကောင်းသောညနေခင်းပါစီနီယာ"
"အင်း"
ကျိနင်းသိပ်အလေးးမထားပဲခေါင်းညိတ်လိုက်သည်။ကုချန်မေးသည့်မေးခွန်းတွေကိုဖြေပေးလိုက်ပြီးဆေးရုံတက်ရသည့်အကြောင်းကိုအတိုချုံးရှင်းပြလိုက်သည်။
ခလုတ်ရဲ့တဘက်မှာတော့ကုချန်ကသူ့အိမ်ရာထဲမှာရှိနေပြီးကျိနင်းဆေးရုံကုတင်ပေါ်မှာထိုင်နေတာကိုသုံးဖက်မြင်ပုံရိပ်မှတဆင့်ကြည့်နေသည်။သူ့မျက်နှာမှာအပြုံးရှိနေပေမဲ့စိတ်အခြေအနေကတော့ကောင်းမနေပါ။ကျိနင်းနောက်ထပ်မတော်တဆဖြစ်နေမည်ကိုစိုးရိမ်နေတာဖြစ်သည်။နောက်ရက်မှာဆေးရုံဆင်းတော့မယ်ပြောပေမဲ့မျက်နှာကခုထိဖြူဖျော့နေပြီးလက်တွေကလည်းတုန်နေသေးသည်။
အလင်းရောင်မှိန်တာကြောင့်လာ်းဖြစ်နိုင်သလိုပင်ပန်းနေတာကြောင့်လည်းဖြစ်နိုင်သည်။သို့သော်ကျိနင်းအမူအရာကပုံမှန်လိုရေခဲတုံးကြီးရှိမနေဘဲပို၍နူးညံ့နေပုံပေါ်သည်။သွယ်လျလျကိုယ်လုံးလေးကဆေးရုံဝတ်စုံပွပွအောက်မှာချစ်ဖို့ကောင်းနေပြီးပေါ်နေတဲ့လက်ကောက်ဝတ်လေးနှင့်လည်ပင်းလေးကကြေကွဲလွယ်သည့်အသွင်အပြင်ရှိသည်။သူ့ပုံစံလေးကအနည်းငယ်သနားစဖွယ်ဖြစ်နေသည်ဟုထင်သည်။
ကုချန်သူ့နှလုံးသားထဲကချိုချိုချဥ်ချဥ်ခံစားချက်တွေကိုဖယ်ထုတ်ပစ်လိုက်သည်။ကျိနင်းနားရမှာကိုသိပေမဲ့မြန်မြန်ကြီးဖုန်းမချလျုက်ချင်ပေ။တအောင့်လောက်တုန့်ဆုတ်နေပြီးမှသူပြုံးလိုက်သည်။
"စီနီယာ ပျင်းနေလား ကျွန်တော်နဲ့အတူဂိမ်းဆော့ချင်လား?"
ကျိနင်းသူ့ကိုကြည့်လိုက်ပြီးဆက်ပြောရန်အချက်ပြလိုက်သည်။ကုချန်လက်ထဲကစာရွတ်တွေကိုမြှောက်ပြလိုက်ပြီးပြောသည် "ကျွန်တော်သရုပ်ဆောင်ကုရဲ့ဇာတ်ညွှန်းတွေကိုလေ့လာနေတာ"
တကယ်တော့သူလိမ်နေတာပါ။ဒါပေါ့သူ့ဇာတ်ညွှန်းတွေကိုသူပြန်ပြီးလေ့လာမနေပါဘူး။သူ့ရဲ့သရုပ်ဆောင်စွမ်းရည်ကိုလက်ရှိခေတ်ကာလ၏ရိုက်ကူးရေးပုံစံနှင့်လိုက်ဖက်အောင်ကြယ်တာရာခေတ်၏နာမည်ကြီးသရုပ်ဆောင်တွေကိုလေ့လာနေတာဖြစ်သည်။ကျိနင်းကသူ့ရဲ့အရင်ဘဝကပုံစံကိုကြိုက်တာမို့အရှက်မဲ့စွာပဲထိုအချက်ကိုအခွင့်ကောင်းယူလိုက်သည်။
သူကဆက်ပြောသည် "သရုပ်ဆောင်ကုမှာဂန္တဝင်စကားတေါရှိတယ် စီနီယာကသူ့ဖန်ဆိုတော့မှတိမိလောက်မှာပါ ကျွန်တော်ထဲကတစ်ယောက်ကစာကြောင်းကိုစလိုက်ရင်ကျန်တဲ့တစ်ယောက်ကမှတ်မိအောင်ကြိုးစားပြီးအဆုံးသတ်ရမယ် စီနီယာစိတ်ဝင်စားရဲ့လား?"
ကိုယ့်စာကြောင်းတွေကိုပြန်ယူသုံးရလောက်အောင်အရှက်မဲ့နေတယ်ပေါ့လေ?
ကုချန်ရဲ့အကြံကြောင့်ကျိနင်းနည်းနည်းတော့လန့်သွားသည်။သို့သော်ကံကောင်းစွာနှင့်သဘာဝကျအောင်သင့်တော်သည့်စာကြောင်းတွေကိုမြန်မြန်ရှာပေးမည့်အနာဂတ်ရှိနေသည်။
"ငါ့အရှေ့မှာအမှောင်ထုကြီးပဲရှိနေတယ်" ကုချန်ကရုတ်တရက်ပြောလိုက်သည်။ ကုချန်ကတအောင့်လောက်ဆွံ့အသွားပြီးမြန်မြန်ပြန်ပြောလိုက်သည်။
"ဒါပေမဲ့အလင်းရဲ့ရောင်ပြန်ဟပ်မှုရှိတယ်ဆိုတာယုံကြည်တယ်။ရှေ့မှာအရိပ်ကနက်မှောင်လေလေအနာဂတ်ကတောက်ပလေ"
"သူဒီမှောင်ထုထဲမှာသေဆုံးသွားမှာမဟုတ်ဘူး"
"သူ့ရဲ့ခြောက်သွေ့သွားတဲ့သွေးတွေဟာမာန်ဟုန်ပြင်းတဲ့မြစ်တစ်စင်းလိုဖြစ်လာလိမ့်မယ်,သူ့ရဲ့ပုပ်သိုးနေတဲ့ကိုယ်ကစိုက်ပျိုးမြေဖြစ်လာလိမ့်မယ် ပြီးရင်သူဟာထာဝရရှင်သန်သွားလိမ့်မယ် မင်းနဲ့ငါသူနဲ့အတူရှိနိုင်ပါစေ..."
ကုချန်ရဲ့ရုပ်ရှင်တွေကိုမကြာသေးခင်ကမှကြည့်ထားပြီးအနာဂန်နဲ့လည်းခိုးချလို့ရတာမို့ကျိနင်းကစာကြောင်းတိုင်းကိုပြီးပြည့်စုံစွာပြန်ဖြေနိုင်သည်။တဖြေးဖြေးနှင့်မေးခွန်းတွေကပိုခက်လာကာပြောတဲ့စကားနဲ့အတူအမူအရာတွေပါသရုပ်ဆောင်လာကြသည်။
"နောက်ကျနေပြီ စီနီယာနားသင့်ပြီ နောက်ဆုံးတစ်ခေါက်ပဲလုပ်ရအောင်"
ကျိနင်းရဲ့စရိုက်နဲ့ဆိုအရင်နားဖို့ပြောမှာမဟုတ်မှန်းသိသည်။သို့သော်ကျိနင်းရဲ့ခန္ဓာကိုယ်ကိုစိတ်ပူတာကြောင့်နောက်ကျတဲ့အထိဆွဲမထားချင်ပေ။
ကျိနင်းသူ့ကိုဘယ်လောက်ကြိုက်တယ်ဆိုတာသိရရင်လုံလောက်ပါပြီ။
သရုပ်ဆောင်ကိုသာမချစ်ရင်သူတို့စာကြောင်းတေါကိုဘယ်လိုမှတ်ထားမှာလဲ?
သူ့နှလုံးသားထဲချိုမြိန်ဝမ်းသာမှုတွေပြည့်သွားပြီ။အကြောင်းပြချက်အချို့ကြောင့်ကျိနင်းညစာစားပွဲကကိစ္စကိုသတိရသွားသည်။ကျိနင်းကဝိုင်ဖန်ခွက်ကိုကိုင်ထားပြီးမျက်လုံးတွေနဲ့ခန္ဓာကိုယ်ကမှိန်ဖျော့ဖျော့ဖြစ်နေသည်။နောက်စက္ကန့်အတွင်းမှာဒီကမ္ဘာကြီးကနေပျောက်သွားတော့မည့်သူလိုမျိုး။
ထိုအချိန်ကသူ့နှလုံးသားကဘာကိုလိုချင်လဲဆိုတာကိုယ့်ကိုယ်ကိုမေးကြည့်ခဲ့သည်။သူအဖြေကိုမသိသေးပေမဲ့အခုချိန်မှာတော့ကျိနင်းရဲ့လက်ကလေးကိုကိုင်ထားချင်မိသည်။
ဆေးရုံခန်းထဲမှာကျိနင်း ကုချန်ဆက်ပြောလာမည့်စာကြောင်းကိုစောင့်နေသည်။ထိုအစားကုချန်ကထလာပြီးဆေးရုံကုတင်နားကိုလျှောက်လာသည်။အနားရောက်တဲ့အခါမှာကျိနင်းရဲ့လက်ဖမိုးပေါ်ကိုဖွဖွလေးသူ့လက်ဖြင့်ဖိကပ်လိုက်သည်။
ဒါဟာကုချန်ရဲ့ပုံရိပ်ယောင်ပါ။ခလုတ်ရဲ့ရိုးရှင်းတဲ့ပုံရိပ်ယောင်ကရိုက်ကူးရေးမှာသုံးသလိုတကယ့်အထိအတွေ့ကိုခံစားနိုင်သည်အထိအဆင့်မမြင့်ပါဘူး။သို့သော်သူ့ရှေ့မှာကုချန်ရပ်နေသလိုခံစားနေရသည်။
ကုချန်သူ့ကိုငုံ့ကြည့်လိုက်ပြီးမျက်လုံးတွေကရီဝေနေကာကျိနင်းနားထဲအသံတိုးတိုးနှင့်ကပ်ပြောလိုက်သည်။၊
"တစ်နေ့ထက်တစ်နေ့ပိုချစ်နေမယ်"
ဒီစာကြောင်းက...
ကျိနင်းဆွံ့အသွားသည်။ဒီစကားလုံးတွေကိုမမှတ်မိနေပါ။အနာဂတ်ကိုမေးတော့ထိုစာကြောင်းနဲ့ပတ်သတ်သည့်မှတ်တမ်းမရှိဟုဆိုသည်။
"သူ့ရုပ်ရှင်ထဲမှာအဲ့လိုစာကြောင်းမျိုးရှိတယ်ပေါ့?" ကျိနင်းမေးလိုက်သည် ကုချန်ကအနိုင်ရဖို့အတွက်သူ့ဘာသာထွင်လိုက်တာလားလို့သံသယဝင်နေမိသည်။
"စီနီယာအွန်လိုင်းမှာရှာကြည့်လိုက်ပါ ရှာလို့တွေ့မှာပါ"
ကုချန်ကပြုံးပြီးထသွားသည်။ကောင်းသောညပါဟုပြောပြီးဖုန်းချသွားသည်။
ကျိနင်းဒီလိုမရှင်းမရှင်းနှင့်ရှုံးမသွားချင်ပေ။သူအလျင်အမြန်အင်တာနက်မှာရှာကြည့်သည့်အခါထိုစာကြောင်းတွေကကြော်ငြာတစ်ခုကဖြစ်ကြောင်းသိလိုက်ရသည်။
"တစ်နေ့ထက်တစ်နေ့ပိုချစ်နေမယ် အဲ့ဒါကြောင့်ကျေးဇူးပြုပြီးကိုယ့်ကိုချစ်လှည့်ပါ"
ကုချန်သရုပ်ဆောင်ဖြစ်ခဲ့စဥ်ကရိုက်ကူးခဲ့သောကြောငြာတစ်ခုထဲမှဖြစ်သည်။သို့သော်ထိုဗားရှင်းကိုအသုံးမပြုခဲတာမို့ကုချန်ကလွဲ၍မည်သူမှမသိနိုင်ပေ။
ကုချန်ကအဲ့လောက်တောင်နိုင်ချင်နေတာလား?သူကြိုသိခဲ့ရင်စောစောကတဲကအနိုင်ပေးလိုက်မှာပါ။
ကျိနင်းကလက်မောင်းပေါ်မေးတင်ကာကုတင်ပေါ်မှာလှဲနေပြီးတွေးနေမိသည်။
ရုတ်တရက်သူ့ခလုတ်မှအသံမြည်လာပြီးပုံရိပ်ယောင်တစ်ခုရုတ်တရက်ပေါ်လာသည်။ချောမောတဲ့ကောင်လေးကဓားတစ်လက်ကိုင်ထားပြီးရုှပ်ထွေးသောစာလုံးတွေနှင့်ရေးထားသည့် "Dark kingdom of heaven" ကလေထဲမှာရောင်ပြန်ဟပ်လာသည်။
(အခန်းသစ်ပွင့်သွားပါပြီ။သင်ဟာ "Dark Kingdom of heaven" ရဲံ official versionကို free ဝင်ရောက်ခွင့်ရပါပြီ။ ကျေးဇူးပြုပြီးတစ်ခုကိုရွေးချယ်ပါ)
(ဆက်လက်ကစားမည်)
(အသစ်စမည်)
ကျိနင်းရှေ့မှာ‌ရွေးစရာနှစ်ခုပေါ်လာသည်။တကယ်ကိုခေါင်းကိုက်စေတာပဲ။
အနောက်တိုင်းစိတ်ကူးယဥ်ဝတ္ထုနဲ့တထပ်တည်းမကစားချင်ပါ။သို့သော်ရွေးစရာမရှိပေ။သူမရွေးရင်ဂိမ်းကရွေးပေးလိမ့်မည်။
ဒီနေရာမှာဟယ်ရီနော့စ်မရှိပေ။ဘာပြဿနာမှမရှိဘဲကစားနိုင်ပါ့မလား...
coumtdownစနေပြီဖြစ်သည်။ကျိနင်းသက်ပြင်းချလိုက်သည်။ဆေးရုံပေါ် တောင်ကောင်းကောင်းမနားရတာကြောင့်ပင်ပန်းနေသလိုဖြစ်နေသည်။စိတ်အားထက်သန်မှုမရှိဘဲ ဆက်လက်ကစားရန် ကိုရွေးလိုက်သည်။
(ဆက်လက်ကစားရန်ကိုရွေးချယ်လိုက်ပါသည်)
သုံးဖက်မြင်ကလာတဲ့အလင်းကရုတ်တရက်တောက်ပလွန်းနေတာမို့မျက်စိတွေကိုတောင်မှိတ်လိုက်ရသည်။ပြန်ဖွင့်လိုက်ချိန်မှာဆေးရုံထဲမဟုတ်တော့ဘဲကျောက်တုံးတွေနဲ့လုပ်ထားသည့်ဘန်ဂလိုထဲရောက်နေသည်။
(ကြိုဆိုပါသည် dark kingdom of heavenထဲကိုတရားဝင် ဝင်ရောက်လာပါပြီ တကယ့်အစစ်နီးပါးခံစားချက်ကိုပေးစွမ်းသွားပါမည်)
(မင်းကယခုမှော်နက်သုံးစွဲသူ အိုင်ဒိုလန်ဖြစ်ပြီး မင်းရဲ့အနာဂတ်တပည့်အလင်းဘုရားကျောင်းမှသူရဲကောင်းလိုင်ဆန်ဂါကိုစောင့်နေပါတယ်)
Tbc 🐣
(ဖတ်ပေးကြသူတိုင်းကိုကျေးဇူးတင်ပါတယ်ရှင့်)
Zawgyi
"အင်း"
ဒီစာကြောင်းက...
(ဆက်လက်ကစားမည်)
(အသစ်စမည်)
Tbc 🐣
Continue Reading
You'll Also Like
2.1K 255 9
BL novel အသစ်လေး update ထားပါတယ်ရှင့် ဖတ်ရှုအားပေးကြပါဦးနော် အောက်က👇👇👇 လင့်လေးထဲလည်းဝင်ပြီး သိချင်တာများမေးလို့ရပါတယ်ရှင့်❤️❤️ IQ Team မှ ကြိုဆိုပ...
3M 193K 103
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022
2.7M 92.3K 25
"ညိုလဲ လူတွေထဲက လူသားတစ်ယောက်ပါ ညို့ရဲ့ ဖြစ်တည်မှုက ဘယ်သူတွေကို ထိခိုက်နေလို့လဲ..မေမေ" "ညို မရှင်သန်ချင်တော့ဘူး... ဒီလောကကြီးမှာ ညိုတို့လိုလူတွေအတွက်...
104K 13.8K 72
Title- Who Touched My Tail! Author- Xiao Xuan «筱玄» Total chapter - 206+ 5 Extra Start date : May - 26 -2022 End date : This is my first translatio...