""ဘေဘီ...ဒီနားကို လာပါအုံး"
ခင် ရေချိုးပြီးထွက်လာတော့ ကုတင်ပေါ်တွင် ခြေထောက်ချိတ်ကာ လက်ပိုက်ပြီး လဲနေသော နှင်းကိုတွေ့လိုက်ရတော့ အနည်းငယ်လန့်သွားသည်။
သူမ မျက်နှာသည် နေ့လည်ကလို မျက်နှာမျိုး မဟုတ်တော့ပေ။ ချိုသာသောအပြုံး နူးညံ့သောအကြည့်နှင့်။မျက်လုံးများပင် မှေးစင်းကာ ခင့်ကိုကြည့်နေသေးသည်။ ရေချိုးပြီးထွက်လာသည်မို့ သဘက်သာပတ်ထားသော ခင့် ခန္ဓာကိုယ်တစ်ကိုယ်လုံးကို
အကဲခက် ကြည့်နေပြန်သည်။ ခင် မျက်နှာသုပ်သဘက်နှင့် ရင်ဘက်ကိုအုပ်လိုက်ကာ သူမခေါ်ရာကို မသွားပဲရေချိုးခန်းတံခါးနားမှာပဲ ရပ်ကာ.....
""ဘာလာလုပ်တာလဲ""
"လွမ်းလို့"
"လာပါအုံးလို့"
"မလာနိုင်ဘူး"
ခင်ပြောကာ အဝတ်ဘီရိုရှိရာသို့ လျှောက်သွားလိုက်သည်။ ခင် အဝတ်မြန်မြန်ဝတ်ဖို့လိုသည်လေ။ ဟို အမျိုးသမီး၏ အကြည့်များကို ခင်အကဲခက်မိသည်။
နှင်းအကြည့်များက ရိုးသားမနေ
သည်ကို ခင် သိသည်။
သူမ ခင့်ကို တစ်စုံတစ်ခု လုပ်
တော့မည်။ ခင် အဲဒီလို ရက်စက်သည့် အမျိုးသမီးနှင့် အတူမနေနိုင်။ လက်ပြတ်နေသည့်အမျိုးသမီးနှင့် သွေးသံသရဲရဲထွက်ကာ အော်နေသည့်
အမျိုးသမီး၏ အသံများအခုထိ ကြားနေတုန်း။ ဝန်ခံရလျင် ခင် နှင်းကို ကြောက်သည်။ ကြောက်သွားခဲ့သည်။နှင်းပုံစံက စိတ္တဇနှင့် တူတူလာသည်။
"ဘေဘီက မလာတော့လည်း တို့ကပဲ လာရမှာပေါ့"
အနီးကပ်ကြားလိုက်ရသည့်အသံနှင့်အတူ ခင့်ခါးပေါ်ရောက်လာသည့် လက်တစ်စုံကြောင့် ခင် အနည်းငယ်တွန့်ကာ လန့်သွားသည်။
"ဖယ်စမ်း"
"ကျမ အင်္ကျီဝတ်မလို့"
"ချစ်လို့ပါ.."
"တို့ အသွေးအသားက ဆာလောင်နေပြီ"
အနောက်မှ ခင့် ခါးကိုဖက်ထားပြီးခင့် လည်တိုင်တစ်ဝိုက်ကို နမ်းရှုံ့နေသည်။
"ဖယ်..လို့ပြောနေတယ်"
ခင် အတင်းရုန်းကာ တွန်းထုတ်လိုက်သည်။
"ကျမ အသားကိုလာမထိနဲ့ "
"ရွံတယ်"
"ဘာ"!!!
""ရွံတယ် ...ရွံတယ် ဟုတ်လား""
ဟုပြောကာ ခင့်ကို အတင်းဖက်နမ်းတော့သည်။ နံရံသို့ကပ်ကာ အတင်းအဓမ္မလုပ်နေသော နှင်းကို ခင် အားကုန်တွန်းထုတ်ကာ ပါးရိုက်လိုက်သည်။ ပြီးနောက် ခင် မျက်ရည်များအထိန်းအချုပ်မဲ့စွာ စီးကျလာသည်။
"ကျမကို မလုပ်ပါနဲ့ရှင်"
"ကျမ ရှင့်ကို ကြောက်လို့...ကြောက်လွန်းလို့ပါ""
"တောင်းပန်ပါတယ် " အခန်းထဲကထွက်သွားပါတော့""ထွက်သွားပေးပါရှင်...ကျမ...ကျမတောင်းပန်ပါတယ်"
ငိုသံနှင့် တောင်းပန်ခယပြီး ပြောနေသော ခင့်ကို နှင်းအံ့သြမင်သက်စွာ ကြည့်နေမိသည်။ ခင်က
သူ့ကို ကြောက်သည်တဲ့...။သူမ ချစ်ရသော အမျိုးသမီးလေးက
သူ့ကို ကြောက်နေသည်တဲ့။
"ခင်"
"ခင်""တို့မရည်ရွယ်ပါဘူး"
"တို့...တို့..တောင်းပန်ပါတယ်"
"မငိုပါနဲ့...တို့ ထွက်သွားပေးပါ့မယ်"
နှင်း စိတ်များမွှန်းကျပ်လာသည်။ သူမချစ်ရသော သူက သူမကိုကြောက်သည်တဲ့။ လည်ပင်းထဲ အလုံးကြီးများ
ဆို့နစ်လာပြီး ငိုချင်ပေမယ့် မျက်ရည်များက ထွက်မလာပေ။ ရင်ဘက်ကိုပဲထပ်ခါထပ်ခါ ထုနေမိသည်။
"ခင်က ငါ့ကို ကြောက်တယ်တဲ့လား"
"ရင်နာရတဲ့ စကားကွယ်"
"သိပ်.. နာကျင်တာပဲ"
___________
နာကျင်မှုများစွာနှင့် ယွန်းတစ်ယောက်ဆေးရုံကုတင်ထက်တွင် လဲလျောင်းနေသည်။
""နှင်းမြသန္တာ""
"မင်းငါ့အချစ်ကိုလည်း ဥပေက္ခာပြုတယ်""..."ငါ့လက်ချောင်းလှလှလေး
တွေကိုလည်း မင်း... မင်း...မို့လို့ လုပ်ရက်တယ်""
""မင်းကိုလည်း အဆပေါင်းများစွာနာကျင်အောင် လုပ်ပြမယ်""
____________
မြ လက်တစ်လောရေပန်းစားနေသောဗီဒီယိုကိုကြည့်ကာ စိုးထိတ်သွားခဲ့သည်။ ခင့် အတွက်စိုးရိမ်မိသည်။ မြ တစ်ခုခုလုပ်မှဖြစ်မည်။ ဒီအတိုင်းဆိုလျင် ဟို မကောင်းဆိုးဝါးမ က
ခင့်ကို တစ်ခုခုမလုပ်ဘူးဟု မပြောနိုင်။ ယွန်း လက်ပြတ်သည့် သတင်းများလည်း ပျံ့နှံ့လို့။ ဒီလောက် သူငယ်ချင်း အရင်းချာကြီးကိုတောင် လုပ်ရက်တာ ခင့်ကိုသာဆို....။ မြ ဆက်ပြီးမတွေးရဲတော့ပေ။
"ငါ့အပြစ်...ငါ့အပြစ်"
"ခင့်ကို ခေါ်မလာခဲ့ရင် ကောင်းသားကို"
"သိပ်မှားတာပဲ ခင်ရယ်"
_________
ထိုနေ့ ထိုကိစ္စဖြစ်ပြီးကတည်းက
ကြီးတင်နှင့် မိအေးလည်း ဖော်ဖော်ရွေရွေသိပ်မရှိကြတော့။ လန့်သွားသည်လား ကြောက်သွားသည်လားတော့ မတွေးတတ်။စကားသံ ရယ်သံများပင်မကြားရတော့ပေ။သူ့ အသံကြားသည်ကိုပင် တုန်ရင်နေသည့် မိအေးကတော့ ကြောက်နေမှန်း
သိပ်သိသာသည်။ ကြီးတင်နှင့် မိအေးပုံစံကို အကဲခက်ပြီး နှင်း အိမ်ထဲတွင်ထိုသို့ အပြုအမူပြုလုပ်လေ့မရှိဘူးဆိုတာကိုတော့ သိလိုက်ရသည်။
ရည်ရွယ်ချက်ရှိရှိ အိမ်ကိုခေါ်ပြီး လုပ်ခဲ့သည်။ယခုလည်း ထိုလုပ်ချင်ရာ လုပ်တတ်သော အမျိုးသမီးသည် အခန်းအောင်း
နေသည်ပင် နှစ်ရက်ခန့်ရှိပြီ။ထွက်လည်း မလာ... နေ့ည စားဖို့သောက်ဖို့ သွားပို့ပေးရသည်။
ဗီဒီယိုတစ်ပုဒ်ကြောင့်ဖြစ်သည်ဟု မိအေး ပြောပြ၍သိရသည်။ တစ်အိမ်လုံးတွင် နှင်းတစ်ယောက်တည်း smart phone ကိုင်သည်။ အိမ်အတွက် ကြိုးဖုန်းရယ် အပြင်ထွက်လျင် အရေးပေါ်သုံးလို့ရသည့် ကီးပတ်တစ်လုံးသာ ပေးထားသည်။
ခင် သိချင်သည် ။ မည်သို့သော အရာက သူငယ်ချင်းအရင်းချာကြီးကို ထိုသို့ ရက်ရက်စက်စက် လုပ်ရပ်များပြုလုပ်စေသလဲဆိုတာ။
_________________
"ဒေါက်...ဒေါက်...ဒေါက်"
"ဝင်ခွင့်မပြုလည်း ဝင်လာပြီနော်"
"တို့... ခင်နဲ့ ဆွေးနွေးစရာရှိတယ်"
""နားထောင်ကြည့်တာပေါ့"
"ခင်...တို့နဲ့ စေ့စပ်ရမယ်"
"ဘာ!!!"
"ဟုတ်တယ်...တို့ မင်းကို ဆန္ဒရှိတိုင်းပိုင်ဆိုင်ချင်တယ်"
"မင်း အချစ်ကို စောင့်ရတာ တို့
စိတ်မရှည်တော့ဘူး"...စေ့စပ်ပြီး
လက်ထက်ဖို့ ပြင်ဆင်မယ်""
""နောက်တစ်ပတ် စေ့စပ်ပွဲကျင်းပမယ်"" ပြီးရင် နောက်တစ်လနေရင်မင်္ဂလာဆောင်ကြမယ်"""
""ကျမ မလုပ်နိုင်ဘူး""မချစ်တဲ့ လူနဲ့လည်း လက်မထပ်နိုင်ဘူး""
"မင်းရဲ့ ဆန္ဒကို တို့မေးနေတာမဟုတ်ဘူး"" အသိလာပေးတာ""
""မင်းကို တို့ရဲ့ ဇနီးမယားအဖြစ် ပိုင်ဆိုင်ချင်ပြီ"...
"တစ်စုံတစ်ခုကြောင့် မတော်တ
ဆ တို့များသေသွားရင် ခင့်ကို မပိုင်ဆိုင်လိုက်ရမှာဆိုးလို့""
""အခုလည်း ရှင်ပိုင်နေတာပဲ မလား...လက်ထပ်ဖို့ထိ လုပ်ဖို့ လိုသေးလို့လား""
"Nooo...baby""မတူဘူး"
"ခံစားချက်ချင်းကွာတယ်"
"အစကတော့ ခင့်ကို ချစ်လို့ ..တို့ကိုများ ပြန်ချစ်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ နူးညံ့ခဲ့မိတာ""
""အခုတော့ ခင် တို့ကို မချစ်လည်း ဂရုမစိုက်တော့ဘူး""တို့ချစ်နေရင်ရပြီ...တို့ပဲ ပိုင်ဆိုင်နေရရင် ရပြီ.."
"ရှင် သိပ်အတ္တကြီးတာပဲ"
"ရှင့်ကို ကျမ သိပ်ရွံတယ် သိလား"
"မုန်းလည်း မုန်းတယ်"
"Ok...baby" တို့ ပြင်ဆင်လိုက်အုံးမယ်"...မင်းနဲ့ ဘဝသစ်ထူထောင်ဖို့"
"ဒီရက်တွေထဲ အစားများများစားထားနော်" ....တို့ရဲ့ သတို့သမီးလောင်းလေးက လှနေမှဖြစ်မှာ""
"အူးမွှ"
ခင့် နှဖူးကို တစ်ချက်နမ်းလိုက်ကာ နှင်း ထွက်ခဲ့လေသည်။ ဒီရက်တွေထဲနှင်း ပြသနာများစွာတတ်ခဲ့သည်။
ယွန်းဖြန့်ခဲ့သော ဗီဒီယိုသည် အခုချိန်ထိ နာမည်ကြီးပြီး ဟိုးလေးတစ်ကျော်ဖြစ်နေတုန်း။ နှင်းဖေဖေကလည်း ရှယ်ယာများထိုးကျသည်ဟူ၍ နှင်းကို
ပွားနေသည်။ ဗီဒီယိုထဲတွင် ယွန်းပုံကို ဆင်ဆာဖျက်ထားသည်ကြောင့်ဝမ်းသာရမည်။ နှင်း ဒီသတင်းကို ဖုန်းဖို့ရန် တစ်စုံတစ်ခုလုပ်မှ ရမည်ဖြစ်သောကြောင့် ခင်နှင့် လက်ထပ်ဖို့ဆုံးဖြတ်လိုက်သည်။နှင်း စေ့စပ်ပွဲနှင့် လူတွေကို အာရုံလွှဲရမည်။
""တို့ တောင်းပန်တယ်ကွယ်""
"ဒါပေမယ့်လည်း ချစ်တယ်ကွယ်"
"ချစ်မိလို့ တပ်မက်နေတာကိုတော့ တို့လည်း မတတ်နိုင်ဘူး"