ကမ္ဘာဆယ်ခုကိုဖြတ်သန်းပြီးတဲ့န...

By Hannah_is_beautiful

32.7K 3.9K 120

This is not my work. This is a fan translation. All credit to original author and English translator. More

Synopsis
Ch1- နင်းနင်း ကိုယ်မင်းကိုနောက်ဆုံးတော့ရှာတွေ့ပြီ (1)
Ch1- နင္းနင္း ကိုယ္မင္းကိုေနာက္ဆုံးေတာ့ရွာေတြ႕ၿပီ (1)
Ch 1- နင်းနင်းကိုယ်မင်းကိုနောက်ဆုံးတော့ရှာတွေ့ခဲ့ပြီ (2)
Ch 2 - မင်းကိုယ့်ကိုထားခဲ့တယ်
Ch3 - "......ကျိနင်း"
Ch 4 - အထင်လွဲနေခဲ့တာလား
Ch 5- ကိုယ်မင်းကိုလာခေါ်ဖို့ရောက်လာပြီ
Ch 6 - ဘယ်သူ့နှလုံးကိုလိုချင်လဲ?
Ch 7 - နောက်ဆုံးတော့မင်းကိုပိုင်ဆိုင်နိုင်ပြီ
Ch 8 - မူရင်းဇာတ်လမ်းထဲမှာနမ်းတဲ့အခန်းမပါဘူးလေ!
Ch 9- နှလုံးခုန်သံ
Ch 10 - ငါသူ့သူငယ်ချင်းမဖြစ်ချင်ဘူး
Ch 11- ဇနီးလောင်း
Ch 12 - သူ့ကိုနာကျင်အောင်မလုပ်ပါနဲ့
Ch 13 - ကိုယ်မင်းကိုဖျက်ဆီးပစ်မယ်
Ch 14- သူ့ရင်ခွင်ထဲခုန်ဝင်မိသွားတယ်
Ch 15- ဘယ်သူမှကိုယ့်မျက်လုံးထဲမဝင်ဘူး 1
Ch 16 တစ်နေ့ထက်တစ်နေ့ပိုချစ်နေမယ် 1
Ch 16 တစ်နေ့ထက်တစ်နေ့ပိုချစ်နေမယ် 2
Ch 17 အနမ်းကစိတ်အားထက်သန်မှုလုံလုံလောက်လောက်မရှိပါ ကျေးဇူးပြု၍ထပ်နမ်းပါ
Ch 18 - ဒီတစ်ခါကိုယ်တို့ကိုဘယ်သူမှမခွဲနိုင်တော့ဘူး
Ch 19- ဆရာ
Ch 20 (1)
Ch 20 (2)
Ch 21 - ငါ့ကိုလာသတ်မှာကိုစောင့်နေမယ်
Ch 22 -သူပဲ
Ch 23- ဒီဂိမ်းကမဟုတ်သေးဘူး
Ch 24 - ကံမကောင်းစွာနဲ့ မင်းတို့ကသူမဟုတ်ဘူး
Ch 25 - Stockholm Syndrome
Ch 26 - သူ၏အမှောင်မိုက်ဆုံးလျှို့ဝှက်ချက်
Ch-27 သူ့ကိုနောက်တစ်ကြိမ်ထွက်သွားခွင့်ပေးမှာမဟုတ်ဘူး
Ch 28 - သဝန်တိုခြင်း
Chapter 29 - ရေအောက်ထဲမှအနမ်း
Ch-30 ငါသူ့ကိုလိုချင်တယ်
Ch 31 - မင်းရဲ့နှလုံးသားကို ငါ့အတွက်နာကျင်ပေးဖို့ မျှော်လင့်တယ်

Ch 15 ဘယ်သူမှကိုယ့်မျက်လုံးထဲမဝင်ဘူး 2

541 96 4
By Hannah_is_beautiful

ငွေရောင်ဆံပင်နဲ့လူကမျက်လွှာချလိုက်ပြီးကျိနင်းကိုကမ်းပေးနေတဲ့လက်ကိုရုတ်လိုက်ကာပြောသည်။ "အရမ်းမလွန်နဲ့တော့"

ဒါကိုကြားတော့ကောင်မလေးကစားပွဲပေါ်မှာခြေထောက်ချိတ်ထိုင်လိုက်သည်။ဖြေထောက်ဖွေးဖွေးလေးတွေကအမည်းရောင်စကပ်အောက်မှာပေါ်နေသည်။သားပေါက်လေးကိုသူ့လက်ထဲမထည့်မချင်းထွက်သွားဖို့ငြင်းဆန်နေသည်။

"ချွမ်းချုံ ကျွန်မနောက်နေတာမဟုတ်ဘူးနော် သူ့ကိုယောကျာ်းလေးလားမိန်းကလေးလားကြည့်ခွင့်မပေးရင်ဘယ်လိုနာမည်ပေးလို့ရမှာလဲ"

ဒီကောင်လေးကယောကျာ်းလေးဆိုတာသေချာသလောက်ပဲ။မဟုတ်ရင်ဘာလို့သူမကိုရှောင်နေမှာလဲ? ဥာဏ်ကောင်းတဲ့အကောင်စုတ်လေး။

"ရင်းရွှယ်" ရင်ချွမ်းချုံကအကောင်ပေါက်လေးကိုပေါင်ပေါ်တင်ပြီးသူ့ခေါင်းလေးကိုလက်ချောင်းသွယ်တွေနဲ့ ဖွဖွလေးပွတ်ကာ "သူ့ကိုရင်းရွှယ်လို့ပဲခေါ်လိုက်ပါ"

"ရင်းရွှယ်"

ကောင်မလေးကမျက်မှောင်ကျုံ့သည်။သူမရဲ့သားရဲနားရွက်လေးတွေကလှုပ်ရှားနေကြသည်။

သူမအဲ့ဒီ့နာမည်ကိုအဲ့လောက်မကြိုက်ပေ။ဒါပေမဲ့ရင်ချွမ်းချုံကပြောပြီးပြီဆိုတော့ထပ်ငြင်းလို့မရတော့ဘူး။အရမ်းအရေးကြီးနေရင်တော့နာမည်ပြောင်လေးပဲပေးလိုက်မယ်။

ယွင်သောင့်ကနာမည်ပြောင်ကိုခက်ခက်ခဲခဲစဥ်းစားနေချိန်မှာပဲသူမကမ္ဘာ့ဆွဲအားရဲ့အလယ်ကိုရောက်သွားသည်။သတိမထားမိခင်မှာပဲသူမကလေထဲမှာမျောနေကာရင်ချွမ်းချုံရဲ့ချီစွမ်းအင်ကသူမအားရထားလုံးအပြင်သို့ခေါ်ထုတ်သွားသည်။သူမကမြေပြင်ပေါ်ကိုညင်ညင်သာသာလေးကျသွားပြီးရထားလုံးရဲ့လိုက်ကာစကပိတ်သွားကာပြင်ပကမ္ဘာနှင့်ပိုင်းခြားထားသည်။

ယွင်သောင့်မအံ့ဩမိပါ။သူမအချိန်အကြာကြီးနေရင်ချွမ်းချုံကသူမအားနှင်ထုတ်တတ်သည်။ချွမ်းချုံ အလုပ်ရှုပ်နေမှာကိုနားလည်ပါသည်။၎င်းနှင့်ကျင့်သားရနေပြီဖြစ်သည်ဒါပေမဲ့...

"ဟင်"

ဘေးပတ်ပတ်လည်ကိုလိုက်ကြည့်လိုက်ပေမဲ့သားပေါက်လေးကိုမတွေ့ပေ။ဆိုလိုတာရင်ချွမ်းချုံရဲ့ရထားလုံးထဲမှာပဲရှိနေသေးတာဖြစ်မည်။

ချွမ်းချုံကအကောင်လေးကိုကိုယ်တိုင်လည်းနာမည်ပေးတဲ့အပြင်သူမကန်ထုတ်ခံရချိန်မှာတောင်သူ့ကိုအတူနေခိုင်းတယ်။

ကောင်မလေးကကြောင်တောင်တောင်နဲ့ရပ်နေမိသည်။

သူမကိုမနှစ်သက်တော့ဘူးလား?

—----------------------------------------------------------------------------------------------------------------------------

သူ့ရဲ့ဝိဥာဥ်ကိုပြန်လည်ထိန်းသိမ်းတာမပြီးသေးခင်ရွှမ်းဟွမ်ကမ္ဘာမှာရက်အနည်းငယ်လောက်နေနေရသည်။လုပ်စရာဘာမှမရှိတာကြောင့်အချိန်တွေကိုအားလပ်စွာဖြတ်သန်းနေသည်။အကျိုးကျေးဇူးတစ်ခုကတော့နှင်းသားပေါက်လေးရဲ့ခန္ဓာကိုယ်နဲ့ကျင့်သားရလာပြီးသူ့ရဲ့လှုပ်ရှားနိုင်စွမ်းတွေတိုးတက်လာတာပင်။

ကမ္ဘာကြီးကတကယ်ကိုလွမ်းဆွတ်စရာကောင်းနေတာကိုထည့်မပြောနဲ့ဦး...

ကျိနင်းကတကယ့်သားပေါက်လေးလိုမျိုးသူ့ကိုသူနေရာတိတိကျကျမရှိဘဲလျှောက်လျက်နေသည်။

ဒါကသူပထမဆုံးအကြိမ်တိရစ္ဆာန်ဖြစ်ရတာမျိုးမဟုတ်ပေ။ကိုယ်ခံပညာကမ္ဘာမှာသူရဲ့အချိန်တွေအကုန်နီးပါးကိုမြေခွေးပေါက်လေးအဖြစ်ဖြတ်သန်းခဲ့ရသည်။ကမ္ဘာပျက်ကပ်ကမ္ဘာမှာဆိုရင်လည်းအစကနေအဆုံးထိရေသူထီးတစ်ကောင်ဖြစ်ခဲ့ရပြီးနောက်ကမ္ဘာရောက်တဲ့အခါခြေထောက်နှစ်ချောင်းနဲ့ဘယ်လိုလမ်းလျှောက်ရမယ်ဆိုတာကိုပါမေ့သလောက်ဖြစ်သွားသည်။အချိန်တိုင်း‌မြေပြင်ပေါ်မှာပဲတွားသွားချင်နေမိသည်။

သူ့အမွေးတွေကိုသပ်ရပ်အောင်လုပ်ပြီးနောက်ရင်ချွမ်းချုံရဲ့အနားကိုငြိမ်းချမ်းစွာလျှောက်သွားလိုက်သည်။ထိုအခါခေါင်းလေးကိုတစ်ချက်အပုတ်ခံလိုက်ရသေးသည်။ရင်ချွမ်းချုံရဲ့ခြေထောက်နားမှာလှဲလိုက်ပြီးသူ့အင်္ကျီအနားစပေါ်မှာအိပ်နေလိုက်သည်။

လွန်ခဲ့တဲ့ရက်တွေမှာကျိနင်းကရင်ချွမ်းချုံရဲ့ရထားလုံးထဲ၌နေရာလေးတစ်ခုအတည်တကျရထားသည်။ပထမတော့ယွင်သောင့်ကသူ့ကိုဖမ်းချင်နေတာမို့ရင်ချွမ်းချင်ရဲ့နေရာမှာခိုလှုံခဲ့ရသည်။သို့သော်ရင်ချွမ်းချုံကသူ့ကိုဘယ်တော့မှမငြင်းဆန်ခဲ့ပဲသူတံခါးအပြင်မှာမတ်တပ်ရပ်ပြီးလိုက်ကာစတွေကိုလက်ချောင်းလေးတွေနဲ့ဆွဲတိုင်းဝင်ခွင့်ပေးခဲ့သည်။

ဒါကကျိနင်းကိုရင်းနှီးပြီးလုံခြုံတဲ့ခံစားချက်ကိုရစေသည်။လက်ရှိမှာရင်ချွမ်းချုံကကြောက်စရာကောင်းတဲ့နတ်ဆိုးဘုရင်ဖြစ်နေပြီးသူ့လက်မှာလူပေါင်းများစွာရဲ့သွေးတွေစွန်းထင်းနေပေမဲ့အတိတ်ကငွေ့အသက်လေးတွေရှိဆဲပင်။ထိုအချိန်ကသူတို့နှစ်ယောက်ဟာယွင်သောင့်ကိုတွေ့ရှိခဲ့ကြပြီးအတူတကွပျိုးထောင်ခဲ့ ကြသည်။

ဒီရင်းနှီးတဲ့အငွေ့အသက်ကကျိနင်းရဲ့နည်းနည်းရန်လိုနေတဲ့ခံစားချက်ကိုလျော့ချပေးသည်။ရက်အနည်းငယ်ကြာပြီးနောက်ကျိနင်းကရင်ချွမ်းချုံရဲ့ရထားလုံးစီပုံမှန်ဝင်ရောက်ပြီးငြိမ်းချမ်းစွာတရေးတမောအိပ်စက်မည်ဖြစ်သည်။

ကျိနင်းကရင်ချွမ်းချုံရဲ့အနားစလေးမှာလှဲနေပြီးကိုယ်ကိုနှင်းလုံးလေးကိုကွေးလိုက်ကာအိပ်ပျော်တော့မည့်စဲစဲ၌အပြင်ကရင်းနှီးနေတဲ့အသံကိုကြားလိုက်ရသည်။

"ချွမ်းချုံ ကျွန်မရောက်နေတယ် ဝင်ခွင့်ပေးပါဦး"

အဲ့ဒီ့ကလေးယွင်သောင့်ကဘာလို့ရောက်နေပြန်တာလဲ?

ကောင်မလေးအသံကိုကြားတော့ဝတ်ရုံရဲ့အနားစအောက်မှာပုန်းနေတဲ့ကျိနင်းကအဖြူရောင်အမြီးဖျားလေးပဲပေါ်နေတဲ့အမွေးလုံးလေးဖြစ်အောင်ကွေးလိုက်သည်။

ပုန်းတာကအသုံးမဝင်ဘူးဆိုတာသိပေမဲ့ထိုကဲ့သို့ပုန်းလိုက်တိုင်းရင်ချွမ်းချုံကသူ့ကိုယွင်သောင့်စီကနေကာကွယ်ပေးသည်။

ရင်ချွမ်းချုံကအရင်အတိုင်းယွင်သောင့်ကိုဝင်ခွင့်မပေးပေ။ဒါပေမဲ့ဒီတစ်ခါမှာတော့သူမကအရေးကြီးကိစ္စဆွေးနွေးစရာရှိတယ်ဆိုပြီးဆက်တိုက်ပြောနေတာကြောင့်ဝင်ခွင့်ပေးလိုက်သည်။

"ဘာကိစ္စရှိလို့လဲ"သူကမေးသည်။

"ဒိနေ့ကျွန်မတို့ရှန်းတုမြို့ကိုနီးနေပြီမလား"

ယွင်သောင့်ကစိတ်လှုပ်ရှားစွာမေးသည်။ "ကျွန်မရင်းရွှယ်ကိုလမ်းလျှောက်ခေါ်သွားပြီးသူ့အတွက်ဟွားရှင်းဆေးကိုရှာရမယ် ကျွမ်မတို့သေချာဖုံးကွယ်ထားပြီးဘာပြဿနာမှမဖြစ်စေရဘူးဆိုတာကတိပေးပါတယ် သွားလို့ရမလား"

ရှန်းတုမြို့ကအဓိကနယ်မြေရဲ့အကျယ်ဆုံးမြို့ငါးမြို့ထဲမှာပါဝင်ပြီးအလယ်ဗဟိုမှာတည်ရှိသည်။အဲ့ဒီ့မြို့ကပေါကြွယ်ဝပြီးလေလံတင်ဈေးကွက်ကလည်းကြီးမားတာမို့အဲ့ဒီ့မှာဟွားရှင်းဆေးဝယ်ရတာမခက်ပေ။

ယွင်သောင့်မှာစနောက်တတ်တဲ့စရိုက်ရှိပေမဲ့မတုံးအပေ။သူမကအလွန်ထက်မြက်ပြီးနိုင်မှာမဟုတ်တဲ့ရန်ပွဲကိုမစပေ။ထို့အပြင်သူမကိုယှဥ်နိုင်မဲ့ရန်သူလည်းမရှိပါ။သူမကသန်မာသည့်အပြင်ရင်ချွမ်းချုံပေးထားသည့်မှော်လက်နက်တွေလည်းအများကြီးရှိသည်။

အဲ့ဒါကြောင့်တအောင့်လောက်စဥ်းစားပြီးနောက်မှာတော့ရင်ချွမ်းချုံကခေါင်းညိမ့်လိုက်ပြီးသတိပေးလိုက်သည် "သတိထား"

"စိတ်မပူပါနဲ့ ကျွန်မခွန်အားကိုသိပါတယ်"

ယွင်သောင့်ကမျက်လုံးမှိတ်ပြသည်။သူမရှန်းတုမြို့အကြောင်းကြားထားတာကြာပြီဖြစ်ပြီးထိုမြို့ကသူတို့နိုင်ငံနဲ့ယှဥ်နိုင်လောက်တဲ့အထိစည်းကမ်းတင်းကြပ်ပြီးစွမ်းအားကြီးသည်။ရှန်းတုမြို့အရှင်ရဲ့ခွန်အားကပိုတောင်နာမည်ကြီးသည်။၎င်းကအဓိကနယ်မြေအတွင်းမှာလူသိများသည့်စွမ်းအားကြီးအိမ်တစ်အိမ်ဖြစ်သည်။

သူတို့ရောမျိုးနွယ်၁၂စုရောကရှန်းတုမြို့အရှင်ကိုသူတို့ဘက်မှာနေစေချင်ပေမဲ့ထိုသူကဘယ်ဘက်မှမလိုက်ဘဲဘယ်သူ့ကိုမှလည်းမကူညီပေ။ဒိလိုအခြေအနေမျိုးမှာရှန်းတုမြို့အရှင်ကိုရန်မစသင့်ပေ။

"သွားရအောင် ရင်းရွှယ် မမကဟွားရှင်းဆေးဝယ်ဖို့ခေါ်သွားပေးမယ်" ကောင်မလေးကအင်္ကျီစကိုဖယ်လိုက်တဲ့အခါအမွေးလုံးလေး‌ပေါ်လာပြီးပြေးစရာနေရာမရှိတော့ပေ။

ကျိနင်းသေချင်ယောင်ဆောင်နေသည်။ဘာကြောင့်ဆိုလူသားပုံစံပြောင်းဖို့မလိုလား‌ေသာကြောင့်ဖြစ်သည်။ပြောင်းလိုက်ပြီးသူ့ရဲ့ပုံစံကမူလပုံနှင့်တူနေမှာကိုစိုးရိမ်နေမိသည်။အဲ့ဒါကအရမ်းပြဿနာများလိမ့်မည်။

သားပေါက်လေးကမရွေ့ပေ။ရင်ချွမ်းချုံရဲ့အေးစက်စက်မျက်လုံးတွေကသူ့စီရောက်သွားပြီးသားပေါက်လေးကိုမကာအမွေးဖြူလေးတွေကိုပွတ်ပေးလိုက်သည်။တဖြေးဖြေးသားပေါက်လေးကစိတ်အေးသွားပြီးဗိုက်ကလေးကိုယုံကြည်စွာဆန့်လာသည်။ထို့နောက်သားပေါက်လေးကိုကောင်မလေးလက်ထဲထည့်ပေးလိုက်သည်။

"ငါတော့တကယ်နှစ်သက်မှုတွေလျော့ကုန်တော့မယ်"

ကောင်မလေးသူ့ကိုယ်သူတိုးတိုးပြောသည်။ဒါပေမဲ့စိတ်ထဲမထားပေ။သူမကသားပေါက်လေးကိုအရမ်းချစ်ပြိးဟွားရှင်းဆေးကိုလည်းဝယ်ပေးချင်သည်။

သားပေါက်လေးကိုသယ်ကာအပြင်သို့ထွက်လာပြိးနောက်ချီစွမ်းအင်ကိုသုံးပြီးသူမရဲ့နားရွက်တွေနဲ့အမြီးကိုဖွက်လိုက်သည်။သူမကညို့ငင်နေတဲ့ဝတ်စုံကိုမဝတ်တော့ဘဲလှပတဲ့သိုင်းဝတ်စုံကိုသာဝတ်ထားသည်။ရိုးရိုးရှင်းရှင်းဝတ်ဆင်ထားပြီးဆော့ကစားတတ်တဲ့အသွင်အပြင်လည်းပျောက်သွားပြီးကိုယ်ခံပညာရပ်ပညာရှင်မိသားစု၏အကြီးဆုံးသမီးတစ်ယောက်ဟန်ပေါ်နေသည်။

ယဥ်ပါးသောမကောင်းဆိုးဝါးလေးတစ်ကောင်ကိုစီးရန်ရွေးချယ်လိုက်ပြီးသားပေါက်လေးနဲ့အတူကောင်းကင်ပေါ်ကနေဆင်းလာသည်။ရှန်းတုမြို့ပြင်ကိုရောက်တဲ့အခါမြို့တံခါးကိုဖြတ်၌ဝင်လာသည်။လေလံတင်တဲ့အိမ်နှင့်ဟွားရှင်းဆေးကိုရှာဖို့အချိန်သိပ်မယူလိုက်ရပေ။

ဟွားရှင်းဆေးကိုတုံ့ပြန်ဖို့နှင့်ပြန်လည်သက်သာလာဖို့ကအချိန်ယူသည့်အပြင်ဖြစ်စဥ်ကလည်းနာကျင်တာမို့သားပေါက်လေးကိုချက်ချင်းမကျွေးပေ။ရထားလုံးပေါ်‌ရောက်မှပေးဖို့ဆုံးဖြတ်လိုက်သည်။

အဲ့ဒီ့အချိန်ထိခရီးစဥ်ကချောမေွ့နေခဲ့ပြီးယွင်သောင့်ကလည်းပြဿနာရှာရည်ရွယ်ချက်ရှိမနေပေ။သို့သော်အိမ်ပြန်လမ်း၌မကောင်းသောအရာများနှင့်ကြုံရတော့သည်။ဆယ်ကျော်သက်လေးတွေကဖြတ်သွားတဲ့အခါသူမကိုပြုံးပြီးပန်းတွေပေးသွားခဲ့ကြသည်။ဒါဟာမလွန်ပေမဲ့သူမစိတ်မဝင်စားတဲ့နီးကပ်ခြင်းအငွေ့အသက်တွေကိုခံစားနေရသည်။

သူမပန်းကိုမျက်နှာသေနှင့်ပစ်ချလိုက်ပြီးလှည့်ပြန်တော့မည့်အချိန်၌သူမရပ်လိုက်ပြီးဆယ်ကျော်သက်တွေရဲ့နောက်ကျောကိုကြည့်လိုက်ချိန်၌သူမမျက်လုံးထဲမှာထူးဆန်းမှုတွေဖြတ်ပြေးသွားသည်။

"စိတ်ဝင်စားစရာပဲ..."

ကောင်မလေးကသားပေါက်လေးရဲ့အမွေးလေးတွေကိုပွတ်သပ်လိုက်ပြီးတီးတိုးပြောသည်။ကျိနင်းသူမဘာကိုရည်ညွန်းနေလည်းမသိပေမဲ့သားရဲတစ်ယောက်အနေနဲ့အနံ့တစ်ခုရနေပြီးတစ်ခုခုမှားနေကြောင်းပြောနိုင်သည်။

ဆယ်ကျော်သက်တွေရဲ့ကိုယ်မှာအလောင်းနံ့တွေရနေသည်။

ယွင်သောင့်ကသားရဲကိုမြင်းဇောင်းထဲမှာထားခဲ့သည်။သားရဲတွေရဲ့ဘာသာစကားနဲ့ကျိနင်းကိုတိတ်တိတ်‌ေနေဖို့ပြောပြီးကောင်လေးတွေရဲ့နောက်ကိုလိုက်သည်.။

"သူတို့ကနောက်ဆုံးကျန်တဲ့မိသားစုသုံးစုကကလေးတွေပဲ"

သူမရဲ့ကျင့်ကြံမှုအဆင့်ကမြင့်တာ‌ေကြာင့်ယွင်သောင့်ကသားပေါက်လေးကိုတီးတိုးပြောလို့အသံကြားသွားမှာက်ုမကြောက်ပါဘူး။

"မိသားစု၁၂စုကလည်းသဘောထားတွေမတူကြဘူး.သူတို့ကအုပ်စုတွေကွဲသွားကြတယ်။ဥပမာဆိုရင်ဒီမျိုးနွယ်သုံးစုကရင်းနှိးကြတယ်ဘာလို့ဆိုသူတို့ရဲ့ကျင့်ကြံရေးနည်းလမ်းကတခြားကိုးမျိုးနွယ်ကငြင်းပယ်ထားတဲ့အမှောင်လမ်းစဥ်ကနေဆင်းသက်လာလို့ဖြစ်တယ်"

"သူတို့ထဲကတစ်ယောက်ကအလောင်းပြုပြင်တဲ့အုပ်စုကဖြစ်တယ်။ရှန်းတုမှာသတ်ဖြတ်ခြင်းဆိုင်ရာသမိုင်းကြောင်းအရှည်ကြီးရှိတယ်။အနီးအနားမှာလည်းအုတ်ဂူတွေအများကြီးရှိတယ်။ဒီကလေးတေွ အကုန်စုလာတာဆိုရင်သူတို့အလောင်းတစ်လောင်းကိုရှာဖို့လာတာဖြစ်မယ်"

ယွင်သောင့်ရဲ့မျက်နှာလှလှလေးမှာဥာဏ်များတဲ့အပြုံးတစ်ခုပေါ်လာတယ်။

"ဒီမှာမသတ်ရဲပေမဲ့သူတို့စီကရတနာလေးတွေလုယူဖို့ကတော့မခဲယဥ်းပါဘူး။သူတို့ရဲ့ကျင့်ကြံရေးလေ့ကျင့်မှုတွေကိုလည်းယူသွားရင်ကောင်းမယ်။အဲ့ဒါဆိုသူတို့မျိုးနွယ်စုစီကိုပြန်ရဲရင်တောင်ကြာကြာနေရမှာမဟုတ်ဘူး"

တက်ကြွပြီးချစ်စရာကောင်းတဲ့ယွင်သောင့်ကဘယ်လိုဖြစ်သွားတာလဲ?သူမကိုရင်ချွမ်းချုံကဒီနှစ်တွေမှာဘာတွေသင်ပေးနေခဲ့တာလဲ...

သူမပြောတာကြားပြီးကျိနင်းနှလုံးတွေတောင်အောင့်လာတယ်။ရင်ချွမ်းချုံကိုဇာတ်လိုက်လို့သာကြိုမသိထားရင်ဗီလိန်ဆိုပြိးယူဆမိမှာပင်။

ဆယ်ကျော်သက်လေးတွေကရှေ့ကနေမြန်မြန်ဆန်ဆန်ပဲရှန်းတုမြို့ကနေထွက်သွားကြတယ်။ယွင်သောင့်ကသူတို့နောက်နေတလမ်းလုံးလိုက်တယ်။သူတို့စကားပြောနေတာကိုကြားရပြီးအချက်အလက်တွေရဖို့အတွက်ယွင်‌သောင့်ကအသက်ပြင်းပြင်းရှူလ်ုက်ပြီးလေလမ်းကြောင်းအတိုင်းနားထဲအသံတွေဝင်လာအောင်လုပ်လိုက်သည်။ကျိနင်းတောင်မှရေးရေးလေးကြားနေရသည်။

"ချီလန် ဘယ်သူ့အလောင်းကိုရှာနေတာလဲ?အရင်ကမပြောဘူးဆိုပေမဲ့အခုတော့ပြောရမယ်"

"ငါမင်းတို့ရှောင်းမိသားစုကအလောင်းတွေကိုဘယ်လိုပြုပြင်လဲသိတယ်။အသက်ရှင်စဥ်မှာစွမ်းအင်ကြီးခဲ့လေအလောင်းကပိုသန်မာလေပဲ။မင်းကဒီလျှို့ဝှက်ချက်ကိုအကြာကြီးထိန်းထားတာဆိုတော့အရမ်းစွမ်းအားကြီးတဲ့အုတ်ဂူတစ်ခုကိုရှာတွေ့ထားတာပဲဖြစ်ရမယ်"

"မင်းမှန်တယ် ဒီတစ်ခေါက်အုတ်ဂူက...ဒီငွေအကြွေစေ့ကိုကြည့်လိုက်"

"ဒါ...ဘာရေးထားတာလဲ?ငါတို့ကရှောင်းမိသားစုကမဟုတ်ဘူး ဘယ်လိုလုပ်ရှေးခေတ်တရုတ်စာတွေကိုသိမှာလဲ?"

"ဒါကရှပြည်ထောင်စုရဲ့ဘာသာစကားပဲ လွန်ခဲ့တဲ့နှစ်နှစ်ထောင်လောက်က သူရေးထားတာက ရှပြည်ထောင်စု ဧကရာဇ်ချင်ရုဝမ်"

"ရှပြည်ထောင်စု? ရှပြည်ထောင်စုကတစ်ကမ္ဘာလုံးကိုအုပ်စိုးခဲ့တာဆို?"

"ဟုတ်တယ် ဒါကရှပြည်ထောင်စုစီကပဲ။ ဒီနားမှာဒီငွေအကြွေစေ့ရှိတာဆိုတော့အနီးအနားမှာပျောက်နေတဲ့ဧကရာဇ်ချင်ရုဝမ်ရဲ့အုတ်ဂူကိုရှာတွေ့နိုင်တယ်"

ရှပြည်ထောင်စု? ချင်ရုဝမ်?

ဒီနာမည်နှစ်ခုကိုကြားတော့ကျိနင်းခေါင်းတွေပူထူသွားပြီးမျက်လုံးတွေကမယုံကြည်နိုင်စွာပြူးကျယ်လာသည်။

ဝတ္ထုတွေရဲ့ကမ္ဘာတွေကပေါင်းစည်းနေတာမို့တခြားဇာတ်လိုက်တွေရဲ့နာမည်ကိုကြားရတာမထူးဆန်းပေမဲ့ဒီလိုအခြေအနေမျိုးမှာအဲ့ဒီ့နာမည်ကိုကြားရလိမ့်မယ်လို့မမျှော်လင့်ထားပေ။

ရှေးခေတ်နန်းတွင်းဝတ္ထု'ဧကရာဇ်ဖြစ်လာရန်'ထဲကဇာတ်လိုက်ချီရုဝမ်။

Tbc🐣

(ဖတ်ပေးကြတဲ့တစ်ဦးတစ်ယောက်ချင်းစိတိုင်းကိုကျေးဇူးတင်ပါတယ်ရှင့်)

Zawgyi

ေငြေရာင္ဆံပင္နဲ႔လူကမ်က္လႊာခ်လိုက္ၿပီးက်ိနင္းကိုကမ္းေပးေနတဲ့လက္ကို႐ုတ္လိုက္ကာေျပာသည္။ "အရမ္းမလြန္နဲ႔ေတာ့"

ဒါကိုၾကားေတာ့ေကာင္မေလးကစားပြဲေပၚမွာေျခေထာက္ခ်ိတ္ထိုင္လိုက္သည္။ေျဖေထာက္ေဖြးေဖြးေလးေတြကအမည္းေရာင္စကပ္ေအာက္မွာေပၚေနသည္။သားေပါက္ေလးကိုသူ႔လက္ထဲမထည့္မခ်င္းထြက္သြားဖို႔ျငင္းဆန္ေနသည္။

"ခြၽမ္းခ်ဳံ ကြၽန္မေနာက္ေနတာမဟုတ္ဘူးေနာ္ သူ႔ကိုေယာက်ာ္းေလးလားမိန္းကေလးလားၾကည့္ခြင့္မေပးရင္ဘယ္လိုနာမည္ေပးလို႔ရမွာလဲ"

ဒီေကာင္ေလးကေယာက်ာ္းေလးဆိုတာေသခ်ာသေလာက္ပဲ။မဟုတ္ရင္ဘာလို႔သူမကိုေရွာင္ေနမွာလဲ? ဥာဏ္ေကာင္းတဲ့အေကာင္စုတ္ေလး။

"ရင္း႐ႊယ္" ရင္ခြၽမ္းခ်ဳံကအေကာင္ေပါက္ေလးကိုေပါင္ေပၚတင္ၿပီးသူ႔ေခါင္းေလးကိုလက္ေခ်ာင္းသြယ္ေတြနဲ႔ ဖြဖြေလးပြတ္ကာ "သူ႔ကိုရင္း႐ႊယ္လို႔ပဲေခၚလိုက္ပါ"

"ရင္း႐ႊယ္"

ေကာင္မေလးကမ်က္ေမွာင္က်ဳံ႕သည္။သူမရဲ႕သားရဲနား႐ြက္ေလးေတြကလႈပ္ရွားေနၾကသည္။

သူမအဲ့ဒီ့နာမည္ကိုအဲ့ေလာက္မႀကိဳက္ေပ။ဒါေပမဲ့ရင္ခြၽမ္းခ်ဳံကေျပာၿပီးၿပီဆိုေတာ့ထပ္ျငင္းလို႔မရေတာ့ဘူး။အရမ္းအေရးႀကီးေနရင္ေတာ့နာမည္ေျပာင္ေလးပဲေပးလိုက္မယ္။

ယြင္ေသာင့္ကနာမည္ေျပာင္ကိုခက္ခက္ခဲခဲစဥ္းစားေနခ်ိန္မွာပဲသူမကမာၻ႔ဆြဲအားရဲ႕အလယ္ကိုေရာက္သြားသည္။သတိမထားမိခင္မွာပဲသူမကေလထဲမွာေမ်ာေနကာရင္ခြၽမ္းခ်ဳံရဲ႕ခ်ီစြမ္းအင္ကသူမအားရထားလုံးအျပင္သို႔ေခၚထုတ္သြားသည္။သူမကေျမျပင္ေပၚကိုညင္ညင္သာသာေလးက်သြားၿပီးရထားလုံးရဲ႕လိုက္ကာစကပိတ္သြားကာျပင္ပကမာၻႏွင့္ပိုင္းျခားထားသည္။

ယြင္ေသာင့္မအံ့ဩမိပါ။သူမအခ်ိန္အၾကာႀကီးေနရင္ခြၽမ္းခ်ဳံကသူမအားႏွင္ထုတ္တတ္သည္။ခြၽမ္းခ်ဳံ အလုပ္ရႈပ္ေနမွာကိုနားလည္ပါသည္။၎ႏွင့္က်င့္သားရေနၿပီျဖစ္သည္ဒါေပမဲ့...

"ဟင္"

ေဘးပတ္ပတ္လည္ကိုလိုက္ၾကည့္လိုက္ေပမဲ့သားေပါက္ေလးကိုမေတြ႕ေပ။ဆိုလိုတာရင္ခြၽမ္းခ်ဳံရဲ႕ရထားလုံးထဲမွာပဲရွိေနေသးတာျဖစ္မည္။

ခြၽမ္းခ်ဳံကအေကာင္ေလးကိုကိုယ္တိုင္လည္းနာမည္ေပးတဲ့အျပင္သူမကန္ထုတ္ခံရခ်ိန္မွာေတာင္သူ႔ကိုအတူေနခိုင္းတယ္။

ေကာင္မေလးကေၾကာင္ေတာင္ေတာင္နဲ႔ရပ္ေနမိသည္။

သူမကိုမႏွစ္သက္ေတာ့ဘူးလား?

—----------------------------------------------------------------------------------------------------------------------------

သူ႔ရဲ႕ဝိဥာဥ္ကိုျပန္လည္ထိန္းသိမ္းတာမၿပီးေသးခင္႐ႊမ္းဟြမ္ကမာၻမွာရက္အနည္းငယ္ေလာက္ေနေနရသည္။လုပ္စရာဘာမွမရွိတာေၾကာင့္အခ်ိန္ေတြကိုအားလပ္စြာျဖတ္သန္းေနသည္။အက်ိဳးေက်းဇူးတစ္ခုကေတာ့ႏွင္းသားေပါက္ေလးရဲ႕ခႏၶာကိုယ္နဲ႔က်င့္သားရလာၿပီးသူ႔ရဲ႕လႈပ္ရွားႏိုင္စြမ္းေတြတိုးတက္လာတာပင္။

ကမာၻႀကီးကတကယ္ကိုလြမ္းဆြတ္စရာေကာင္းေနတာကိုထည့္မေျပာနဲ႔ဦး...

က်ိနင္းကတကယ့္သားေပါက္ေလးလိုမ်ိဳးသူ႔ကိုသူေနရာတိတိက်က်မရွိဘဲေလွ်ာက္လ်က္ေနသည္။

ဒါကသူပထမဆုံးအႀကိမ္တိရစာၦန္ျဖစ္ရတာမ်ိဳးမဟုတ္ေပ။ကိုယ္ခံပညာကမာၻမွာသူရဲ႕အခ်ိန္ေတြအကုန္နီးပါးကိုေျမေခြးေပါက္ေလးအျဖစ္ျဖတ္သန္းခဲ့ရသည္။ကမာၻပ်က္ကပ္ကမာၻမွာဆိုရင္လည္းအစကေနအဆုံးထိေရသူထီးတစ္ေကာင္ျဖစ္ခဲ့ရၿပီးေနာက္ကမာၻေရာက္တဲ့အခါေျခေထာက္ႏွစ္ေခ်ာင္းနဲ႔ဘယ္လိုလမ္းေလွ်ာက္ရမယ္ဆိုတာကိုပါေမ့သေလာက္ျဖစ္သြားသည္။အခ်ိန္တိုင္း‌ေျမျပင္ေပၚမွာပဲတြားသြားခ်င္ေနမိသည္။

သူ႔အေမြးေတြကိုသပ္ရပ္ေအာင္လုပ္ၿပီးေနာက္ရင္ခြၽမ္းခ်ဳံရဲ႕အနားကိုၿငိမ္းခ်မ္းစြာေလွ်ာက္သြားလိုက္သည္။ထိုအခါေခါင္းေလးကိုတစ္ခ်က္အပုတ္ခံလိုက္ရေသးသည္။ရင္ခြၽမ္းခ်ဳံရဲ႕ေျခေထာက္နားမွာလွဲလိုက္ၿပီးသူ႔အက်ႌအနားစေပၚမွာအိပ္ေနလိုက္သည္။

လြန္ခဲ့တဲ့ရက္ေတြမွာက်ိနင္းကရင္ခြၽမ္းခ်ဳံရဲ႕ရထားလုံးထဲ၌ေနရာေလးတစ္ခုအတည္တက်ရထားသည္။ပထမေတာ့ယြင္ေသာင့္ကသူ႔ကိုဖမ္းခ်င္ေနတာမို႔ရင္ခြၽမ္းခ်င္ရဲ႕ေနရာမွာခိုလႈံခဲ့ရသည္။သို႔ေသာ္ရင္ခြၽမ္းခ်ဳံကသူ႔ကိုဘယ္ေတာ့မွမျငင္းဆန္ခဲ့ပဲသူတံခါးအျပင္မွာမတ္တပ္ရပ္ၿပီးလိုက္ကာစေတြကိုလက္ေခ်ာင္းေလးေတြနဲ႔ဆြဲတိုင္းဝင္ခြင့္ေပးခဲ့သည္။

ဒါကက်ိနင္းကိုရင္းႏွီးၿပီးလုံၿခဳံတဲ့ခံစားခ်က္ကိုရေစသည္။လက္ရွိမွာရင္ခြၽမ္းခ်ဳံကေၾကာက္စရာေကာင္းတဲ့နတ္ဆိုးဘုရင္ျဖစ္ေနၿပီးသူ႔လက္မွာလူေပါင္းမ်ားစြာရဲ႕ေသြးေတြစြန္းထင္းေနေပမဲ့အတိတ္ကေငြ႕အသက္ေလးေတြရွိဆဲပင္။ထိုအခ်ိန္ကသူတို႔ႏွစ္ေယာက္ဟာယြင္ေသာင့္ကိုေတြ႕ရွိခဲ့ၾကၿပီးအတူတကြပ်ိဳးေထာင္ခဲ့ ၾကသည္။

ဒီရင္းႏွီးတဲ့အေငြ႕အသက္ကက်ိနင္းရဲ႕နည္းနည္းရန္လိုေနတဲ့ခံစားခ်က္ကိုေလ်ာ့ခ်ေပးသည္။ရက္အနည္းငယ္ၾကာၿပီးေနာက္က်ိနင္းကရင္ခြၽမ္းခ်ဳံရဲ႕ရထားလုံးစီပုံမွန္ဝင္ေရာက္ၿပီးၿငိမ္းခ်မ္းစြာတေရးတေမာအိပ္စက္မည္ျဖစ္သည္။

က်ိနင္းကရင္ခြၽမ္းခ်ဳံရဲ႕အနားစေလးမွာလွဲေနၿပီးကိုယ္ကိုႏွင္းလုံးေလးကိုေကြးလိုက္ကာအိပ္ေပ်ာ္ေတာ့မည့္စဲစဲ၌အျပင္ကရင္းႏွီးေနတဲ့အသံကိုၾကားလိုက္ရသည္။

"ခြၽမ္းခ်ဳံ ကြၽန္မေရာက္ေနတယ္ ဝင္ခြင့္ေပးပါဦး"

အဲ့ဒီ့ကေလးယြင္ေသာင့္ကဘာလို႔ေရာက္ေနျပန္တာလဲ?

ေကာင္မေလးအသံကိုၾကားေတာ့ဝတ္႐ုံရဲ႕အနားစေအာက္မွာပုန္းေနတဲ့က်ိနင္းကအျဖဴေရာင္အၿမီးဖ်ားေလးပဲေပၚေနတဲ့အေမြးလုံးေလးျဖစ္ေအာင္ေကြးလိုက္သည္။

ပုန္းတာကအသုံးမဝင္ဘူးဆိုတာသိေပမဲ့ထိုကဲ့သို႔ပုန္းလိုက္တိုင္းရင္ခြၽမ္းခ်ဳံကသူ႔ကိုယြင္ေသာင့္စီကေနကာကြယ္ေပးသည္။

ရင္ခြၽမ္းခ်ဳံကအရင္အတိုင္းယြင္ေသာင့္ကိုဝင္ခြင့္မေပးေပ။ဒါေပမဲ့ဒီတစ္ခါမွာေတာ့သူမကအေရးႀကီးကိစၥေဆြးေႏြးစရာရွိတယ္ဆိုၿပီးဆက္တိုက္ေျပာေနတာေၾကာင့္ဝင္ခြင့္ေပးလိုက္သည္။

"ဘာကိစၥရွိလို႔လဲ"သူကေမးသည္။

"ဒိေန႔ကြၽန္မတို႔ရွန္းတုၿမိဳ႕ကိုနီးေနၿပီမလား"

ယြင္ေသာင့္ကစိတ္လႈပ္ရွားစြာေမးသည္။ "ကြၽန္မရင္း႐ႊယ္ကိုလမ္းေလွ်ာက္ေခၚသြားၿပီးသူ႔အတြက္ဟြားရွင္းေဆးကိုရွာရမယ္ ကြၽမ္မတို႔ေသခ်ာဖုံးကြယ္ထားၿပီးဘာျပႆနာမွမျဖစ္ေစရဘူးဆိုတာကတိေပးပါတယ္ သြားလို႔ရမလား"

ရွန္းတုၿမိဳ႕ကအဓိကနယ္ေျမရဲ႕အက်ယ္ဆုံးၿမိဳ႕ငါးၿမိဳ႕ထဲမွာပါဝင္ၿပီးအလယ္ဗဟိုမွာတည္ရွိသည္။အဲ့ဒီ့ၿမိဳ႕ကေပါႂကြယ္ဝၿပီးေလလံတင္ေဈးကြက္ကလည္းႀကီးမားတာမို႔အဲ့ဒီ့မွာဟြားရွင္းေဆးဝယ္ရတာမခက္ေပ။

ယြင္ေသာင့္မွာစေနာက္တတ္တဲ့စ႐ိုက္ရွိေပမဲ့မတုံးအေပ။သူမကအလြန္ထက္ျမက္ၿပီးႏိုင္မွာမဟုတ္တဲ့ရန္ပြဲကိုမစေပ။ထို႔အျပင္သူမကိုယွဥ္ႏိုင္မဲ့ရန္သူလည္းမရွိပါ။သူမကသန္မာသည့္အျပင္ရင္ခြၽမ္းခ်ဳံေပးထားသည့္ေမွာ္လက္နက္ေတြလည္းအမ်ားႀကီးရွိသည္။

အဲ့ဒါေၾကာင့္တေအာင့္ေလာက္စဥ္းစားၿပီးေနာက္မွာေတာ့ရင္ခြၽမ္းခ်ဳံကေခါင္းညိမ့္လိုက္ၿပီးသတိေပးလိုက္သည္ "သတိထား"

"စိတ္မပူပါနဲ႔ ကြၽန္မခြန္အားကိုသိပါတယ္"

ယြင္ေသာင့္ကမ်က္လုံးမွိတ္ျပသည္။သူမရွန္းတုၿမိဳ႕အေၾကာင္းၾကားထားတာၾကာၿပီျဖစ္ၿပီးထိုၿမိဳ႕ကသူတို႔ႏိုင္ငံနဲ႔ယွဥ္ႏိုင္ေလာက္တဲ့အထိစည္းကမ္းတင္းၾကပ္ၿပီးစြမ္းအားႀကီးသည္။ရွန္းတုၿမိဳ႕အရွင္ရဲ႕ခြန္အားကပိုေတာင္နာမည္ႀကီးသည္။၎ကအဓိကနယ္ေျမအတြင္းမွာလူသိမ်ားသည့္စြမ္းအားႀကီးအိမ္တစ္အိမ္ျဖစ္သည္။

သူတို႔ေရာမ်ိဳးႏြယ္၁၂စုေရာကရွန္းတုၿမိဳ႕အရွင္ကိုသူတို႔ဘက္မွာေနေစခ်င္ေပမဲ့ထိုသူကဘယ္ဘက္မွမလိုက္ဘဲဘယ္သူ႔ကိုမွလည္းမကူညီေပ။ဒိလိုအေျခအေနမ်ိဳးမွာရွန္းတုၿမိဳ႕အရွင္ကိုရန္မစသင့္ေပ။

"သြားရေအာင္ ရင္း႐ႊယ္ မမကဟြားရွင္းေဆးဝယ္ဖို႔ေခၚသြားေပးမယ္" ေကာင္မေလးကအက်ႌစကိုဖယ္လိုက္တဲ့အခါအေမြးလုံးေလး‌ေပၚလာၿပီးေျပးစရာေနရာမရွိေတာ့ေပ။

က်ိနင္းေသခ်င္ေယာင္ေဆာင္ေနသည္။ဘာေၾကာင့္ဆိုလူသားပုံစံေျပာင္းဖို႔မလိုလား‌ေသာေၾကာင့္ျဖစ္သည္။ေျပာင္းလိုက္ၿပီးသူ႔ရဲ႕ပုံစံကမူလပုံႏွင့္တူေနမွာကိုစိုးရိမ္ေနမိသည္။အဲ့ဒါကအရမ္းျပႆနာမ်ားလိမ့္မည္။

သားေပါက္ေလးကမေ႐ြ႕ေပ။ရင္ခြၽမ္းခ်ဳံရဲ႕ေအးစက္စက္မ်က္လုံးေတြကသူ႔စီေရာက္သြားၿပီးသားေပါက္ေလးကိုမကာအေမြးျဖဴေလးေတြကိုပြတ္ေပးလိုက္သည္။တေျဖးေျဖးသားေပါက္ေလးကစိတ္ေအးသြားၿပီးဗိုက္ကေလးကိုယုံၾကည္စြာဆန႔္လာသည္။ထို႔ေနာက္သားေပါက္ေလးကိုေကာင္မေလးလက္ထဲထည့္ေပးလိုက္သည္။

"ငါေတာ့တကယ္ႏွစ္သက္မႈေတြေလ်ာ့ကုန္ေတာ့မယ္"

ေကာင္မေလးသူ႔ကိုယ္သူတိုးတိုးေျပာသည္။ဒါေပမဲ့စိတ္ထဲမထားေပ။သူမကသားေပါက္ေလးကိုအရမ္းခ်စ္ၿပိးဟြားရွင္းေဆးကိုလည္းဝယ္ေပးခ်င္သည္။

သားေပါက္ေလးကိုသယ္ကာအျပင္သို႔ထြက္လာၿပိးေနာက္ခ်ီစြမ္းအင္ကိုသုံးၿပီးသူမရဲ႕နား႐ြက္ေတြနဲ႔အၿမီးကိုဖြက္လိုက္သည္။သူမကညိဳ႕ငင္ေနတဲ့ဝတ္စုံကိုမဝတ္ေတာ့ဘဲလွပတဲ့သိုင္းဝတ္စုံကိုသာဝတ္ထားသည္။႐ိုး႐ိုးရွင္းရွင္းဝတ္ဆင္ထားၿပီးေဆာ့ကစားတတ္တဲ့အသြင္အျပင္လည္းေပ်ာက္သြားၿပီးကိုယ္ခံပညာရပ္ပညာရွင္မိသားစု၏အႀကီးဆုံးသမီးတစ္ေယာက္ဟန္ေပၚေနသည္။

ယဥ္ပါးေသာမေကာင္းဆိုးဝါးေလးတစ္ေကာင္ကိုစီးရန္ေ႐ြးခ်ယ္လိုက္ၿပီးသားေပါက္ေလးနဲ႔အတူေကာင္းကင္ေပၚကေနဆင္းလာသည္။ရွန္းတုၿမိဳ႕ျပင္ကိုေရာက္တဲ့အခါၿမိဳ႕တံခါးကိုျဖတ္၌ဝင္လာသည္။ေလလံတင္တဲ့အိမ္ႏွင့္ဟြားရွင္းေဆးကိုရွာဖို႔အခ်ိန္သိပ္မယူလိုက္ရေပ။

ဟြားရွင္းေဆးကိုတုံ႔ျပန္ဖို႔ႏွင့္ျပန္လည္သက္သာလာဖို႔ကအခ်ိန္ယူသည့္အျပင္ျဖစ္စဥ္ကလည္းနာက်င္တာမို႔သားေပါက္ေလးကိုခ်က္ခ်င္းမေကြၽးေပ။ရထားလုံးေပၚ‌ေရာက္မွေပးဖို႔ဆုံးျဖတ္လိုက္သည္။

အဲ့ဒီ့အခ်ိန္ထိခရီးစဥ္ကေခ်ာေမြ႕ေနခဲ့ၿပီးယြင္ေသာင့္ကလည္းျပႆနာရွာရည္႐ြယ္ခ်က္ရွိမေနေပ။သို႔ေသာ္အိမ္ျပန္လမ္း၌မေကာင္းေသာအရာမ်ားႏွင့္ႀကဳံရေတာ့သည္။ဆယ္ေက်ာ္သက္ေလးေတြကျဖတ္သြားတဲ့အခါသူမကိုၿပဳံးၿပီးပန္းေတြေပးသြားခဲ့ၾကသည္။ဒါဟာမလြန္ေပမဲ့သူမစိတ္မဝင္စားတဲ့နီးကပ္ျခင္းအေငြ႕အသက္ေတြကိုခံစားေနရသည္။

သူမပန္းကိုမ်က္ႏွာေသႏွင့္ပစ္ခ်လိုက္ၿပီးလွည့္ျပန္ေတာ့မည့္အခ်ိန္၌သူမရပ္လိုက္ၿပီးဆယ္ေက်ာ္သက္ေတြရဲ႕ေနာက္ေက်ာကိုၾကည့္လိုက္ခ်ိန္၌သူမမ်က္လုံးထဲမွာထူးဆန္းမႈေတြျဖတ္ေျပးသြားသည္။

"စိတ္ဝင္စားစရာပဲ..."

ေကာင္မေလးကသားေပါက္ေလးရဲ႕အေမြးေလးေတြကိုပြတ္သပ္လိုက္ၿပီးတီးတိုးေျပာသည္။က်ိနင္းသူမဘာကိုရည္ၫြန္းေနလည္းမသိေပမဲ့သားရဲတစ္ေယာက္အေနနဲ႔အနံ႔တစ္ခုရေနၿပီးတစ္ခုခုမွားေနေၾကာင္းေျပာႏိုင္သည္။

ဆယ္ေက်ာ္သက္ေတြရဲ႕ကိုယ္မွာအေလာင္းနံ႔ေတြရေနသည္။

ယြင္ေသာင့္ကသားရဲကိုျမင္းေဇာင္းထဲမွာထားခဲ့သည္။သားရဲေတြရဲ႕ဘာသာစကားနဲ႔က်ိနင္းကိုတိတ္တိတ္‌ေေနဖို႔ေျပာၿပီးေကာင္ေလးေတြရဲ႕ေနာက္ကိုလိုက္သည္.။

"သူတို႔ကေနာက္ဆုံးက်န္တဲ့မိသားစုသုံးစုကကေလးေတြပဲ"

သူမရဲ႕က်င့္ႀကံမႈအဆင့္ကျမင့္တာ‌ေၾကာင့္ယြင္ေသာင့္ကသားေပါက္ေလးကိုတီးတိုးေျပာလို႔အသံၾကားသြားမွာက္ုမေၾကာက္ပါဘူး။

"မိသားစု၁၂စုကလည္းသေဘာထားေတြမတူၾကဘူး.သူတို႔ကအုပ္စုေတြကြဲသြားၾကတယ္။ဥပမာဆိုရင္ဒီမ်ိဳးႏြယ္သုံးစုကရင္းႏွိးၾကတယ္ဘာလို႔ဆိုသူတို႔ရဲ႕က်င့္ႀကံေရးနည္းလမ္းကတျခားကိုးမ်ိဳးႏြယ္ကျငင္းပယ္ထားတဲ့အေမွာင္လမ္းစဥ္ကေနဆင္းသက္လာလို႔ျဖစ္တယ္"

"သူတို႔ထဲကတစ္ေယာက္ကအေလာင္းျပဳျပင္တဲ့အုပ္စုကျဖစ္တယ္။ရွန္းတုမွာသတ္ျဖတ္ျခင္းဆိုင္ရာသမိုင္းေၾကာင္းအရွည္ႀကီးရွိတယ္။အနီးအနားမွာလည္းအုတ္ဂူေတြအမ်ားႀကီးရွိတယ္။ဒီကေလးေတြ အကုန္စုလာတာဆိုရင္သူတို႔အေလာင္းတစ္ေလာင္းကိုရွာဖို႔လာတာျဖစ္မယ္"

ယြင္ေသာင့္ရဲ႕မ်က္ႏွာလွလွေလးမွာဥာဏ္မ်ားတဲ့အၿပဳံးတစ္ခုေပၚလာတယ္။

"ဒီမွာမသတ္ရဲေပမဲ့သူတို႔စီကရတနာေလးေတြလုယူဖို႔ကေတာ့မခဲယဥ္းပါဘူး။သူတို႔ရဲ႕က်င့္ႀကံေရးေလ့က်င့္မႈေတြကိုလည္းယူသြားရင္ေကာင္းမယ္။အဲ့ဒါဆိုသူတို႔မ်ိဳးႏြယ္စုစီကိုျပန္ရဲရင္ေတာင္ၾကာၾကာေနရမွာမဟုတ္ဘူး"

တက္ႂကြၿပီးခ်စ္စရာေကာင္းတဲ့ယြင္ေသာင့္ကဘယ္လိုျဖစ္သြားတာလဲ?သူမကိုရင္ခြၽမ္းခ်ဳံကဒီႏွစ္ေတြမွာဘာေတြသင္ေပးေနခဲ့တာလဲ...

သူမေျပာတာၾကားၿပီးက်ိနင္းႏွလုံးေတြေတာင္ေအာင့္လာတယ္။ရင္ခြၽမ္းခ်ဳံကိုဇာတ္လိုက္လို႔သာႀကိဳမသိထားရင္ဗီလိန္ဆိုၿပိးယူဆမိမွာပင္။

ဆယ္ေက်ာ္သက္ေလးေတြကေရွ႕ကေနျမန္ျမန္ဆန္ဆန္ပဲရွန္းတုၿမိဳ႕ကေနထြက္သြားၾကတယ္။ယြင္ေသာင့္ကသူတို႔ေနာက္ေနတလမ္းလုံးလိုက္တယ္။သူတို႔စကားေျပာေနတာကိုၾကားရၿပီးအခ်က္အလက္ေတြရဖို႔အတြက္ယြင္‌ေသာင့္ကအသက္ျပင္းျပင္းရႉလ္ုက္ၿပီးေလလမ္းေၾကာင္းအတိုင္းနားထဲအသံေတြဝင္လာေအာင္လုပ္လိုက္သည္။က်ိနင္းေတာင္မွေရးေရးေလးၾကားေနရသည္။

"ခ်ီလန္ ဘယ္သူ႔အေလာင္းကိုရွာေနတာလဲ?အရင္ကမေျပာဘူးဆိုေပမဲ့အခုေတာ့ေျပာရမယ္"

"ငါမင္းတို႔ေရွာင္းမိသားစုကအေလာင္းေတြကိုဘယ္လိုျပဳျပင္လဲသိတယ္။အသက္ရွင္စဥ္မွာစြမ္းအင္ႀကီးခဲ့ေလအေလာင္းကပိုသန္မာေလပဲ။မင္းကဒီလွ်ိဳ႕ဝွက္ခ်က္ကိုအၾကာႀကီးထိန္းထားတာဆိုေတာ့အရမ္းစြမ္းအားႀကီးတဲ့အုတ္ဂူတစ္ခုကိုရွာေတြ႕ထားတာပဲျဖစ္ရမယ္"

"မင္းမွန္တယ္ ဒီတစ္ေခါက္အုတ္ဂူက...ဒီေငြအေႂကြေစ့ကိုၾကည့္လိုက္"

"ဒါ...ဘာေရးထားတာလဲ?ငါတို႔ကေရွာင္းမိသားစုကမဟုတ္ဘူး ဘယ္လိုလုပ္ေရွးေခတ္တ႐ုတ္စာေတြကိုသိမွာလဲ?"

"ဒါကရွျပည္ေထာင္စုရဲ႕ဘာသာစကားပဲ လြန္ခဲ့တဲ့ႏွစ္ႏွစ္ေထာင္ေလာက္က သူေရးထားတာက ရွျပည္ေထာင္စု ဧကရာဇ္ခ်င္႐ုဝမ္"

"ရွျပည္ေထာင္စု? ရွျပည္ေထာင္စုကတစ္ကမာၻလုံးကိုအုပ္စိုးခဲ့တာဆို?"

"ဟုတ္တယ္ ဒါကရွျပည္ေထာင္စုစီကပဲ။ ဒီနားမွာဒီေငြအေႂကြေစ့ရွိတာဆိုေတာ့အနီးအနားမွာေပ်ာက္ေနတဲ့ဧကရာဇ္ခ်င္႐ုဝမ္ရဲ႕အုတ္ဂူကိုရွာေတြ႕ႏိုင္တယ္"

ရွျပည္ေထာင္စု? ခ်င္႐ုဝမ္?

ဒီနာမည္ႏွစ္ခုကိုၾကားေတာ့က်ိနင္းေခါင္းေတြပူထူသြားၿပီးမ်က္လုံးေတြကမယုံၾကည္ႏိုင္စြာျပဴးက်ယ္လာသည္။

ဝတၳဳေတြရဲ႕ကမာၻေတြကေပါင္းစည္းေနတာမို႔တျခားဇာတ္လိုက္ေတြရဲ႕နာမည္ကိုၾကားရတာမထူးဆန္းေပမဲ့ဒီလိုအေျခအေနမ်ိဳးမွာအဲ့ဒီ့နာမည္ကိုၾကားရလိမ့္မယ္လို႔မေမွ်ာ္လင့္ထားေပ။

ေရွးေခတ္နန္းတြင္းဝတၳဳ'ဧကရာဇ္ျဖစ္လာရန္'ထဲကဇာတ္လိုက္ခ်ီ႐ုဝမ္။

Tbc🐣

(ဖတ္ေပးၾကတဲ့တစ္ဦးတစ္ေယာက္ခ်င္းစိတိုင္းကိုေက်းဇူးတင္ပါတယ္ရွင့္)

Continue Reading

You'll Also Like

1.9M 117K 74
စစ္မွန္ေသာ ခ်စ္ျခင္းတရားကိုသာ လိုခ်င္မိပါ၏။
37.7K 4.2K 55
တနင်္လာနေ့တိုင်း update ရှိပါသည်။ ကြာပန်းဖြူလေးများအဖွဲ့