ရွှေငိုယိုပြီးပြေးထွက်လာပေမဲ့ သူ့ကိုလိုက်ချော့မဲ့သူတစ်ယောက်တစ်လေတောင်မရှိ
မိသားစုရဲ့အလိုလိုက်ခံလေးမို့ အခုလိုပစ်ထားခံရတော့စိတ်အလိုမကျတော့
"ရွှေကိုလိုက်မချော့ဘူးပေါ့လေ ကြည့်နေ ဒီကပြန်သွားတာနဲ့ အန်တီတို့ကိုပြောပြီးချက်ချင်းလက်ထပ်ပစ်မယ် အဟင့်!"
"ဟေ့ကောင်မလေး...."
ခေါ်သံကြားလို့လှည့်ကြည့်လိုက်တော့
အနက်ရောင်ဝတ်စုံဝတ်ထားတဲ့လူအိုကြီးတစ်ယောက်ဖြစ်နေသည်
လည်ပင်းမှာလည်းလူဦးခေါင်းခွံတွေကိုပုတီးလိုသီကာဆွဲထားတာမို့
မနှစ်မြို့စရာအသွင်အပြင်ကိုဆောင်နေတော့သည်
"ဘယ်သူလဲ?"
"အဘက မင်းကိုကူညီပေးမလို့ပါ"
"ဘာတွေလာပြောနေတာလဲ! ဘာအကူအညီမှမလိုဘူး"
ဘောက်ဆက်ဆက်ပြောပြီးလှည့်ထွက်တော့မဲ့အချိန်
ကြားလိုက်ရတဲ့စကားတို့ကြောင့်ရွှေခြေလှမ်းတို့ရပ်တန့်သွားတယ်
"အသင်္ခရာကလူမဟုတ်ဘူး......မြွေတစ်ကောင်"
"ရှင်ရူးနေတာလား သူကလူမှလူစစ်စစ်"
"မဟုတ်ဘူး သူကမြွေ မယုံရင်မင်းသူ့ကိုဒီဆေးရည်နဲ့ပက်ကြည့်လိုက် သူ့အသွင်အပြင်အစစ်ပေါ်လာလိမ့်မယ်
မင်းရဲ့ချစ်သူသူ့ကိုတမ်းတမ်းစွဲဖြစ်နေတာကလည်း သူပြုစားထားတာ"
ရွှေဒီလူကြီးကမ်းပေးတဲ့အနီရောင်အရည်အပြည့်ပါသောဖန်ပုလင်းကိုယူဖို့ချီတုံချတုံဖြစ်နေသည်
သို့သော် သူမကိုဂရုစိုက်တဲ့ကိုကိုက သူ့ကိုအသင်္ခရာဆိုတဲ့လူအတွက်အော်ငေါက်တာပြန်စဥ်းစားမိတော့
လက်သင့်ခံလိုက်တယ်
ဒီအရည်လေးနဲ့ပက်ကြည့်ရုံဘဲမလား
အသင်္ခရာကမြွေဟုတ်တယ်ဆိုရင်အမြတ်ပေါ့
မဟုတ်လည်းသူအရှုံးမှမရှိဘဲ
သာဂမိမိဆေးရည်ကိုလက်ခံလိုက်တာမြင်တော့ ကြိတ်ပြုံးလိုက်တယ်
ဒီဆေးရည်ကိုထိတဲ့သူကလူဆိုရင် မီးလောင်ဒဏ်ရာလိုဖြစ်သွားမှာဆိုပေမဲ့
အသင်္ခရာတို့လိုမြွေတွေထိရင်တော့သူအစေအပါးဖြစ်သွားမှာ.....
ရွှေလက်ထဲကဆေးနီဗူလေးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး
အသင်္ခရာတို့ဆီပြန်ရောက်လာတယ်
"ကိုကို...သူ့လက်ကိုလွှတ်လိုက်! သူကလူမဟုတ်ဘူး"
ဝဏ္ဏ မိမိဘက်ကဖွင့်ပြောလိုက်ပါသော်လည်း
အင်းမလုပ်အဲမလုပ်ဘဲ အဝေးကိုထွက်သွားဖို့သာကြိုးစားနေသည့်
အသင်္ခရာအားတားဖို့လုပ်နေချိန် ပြန်ရောက်လာပြီးအခြေအမြစ်မရှိတဲ့စကားတွေသယ်ဆောင်လာတဲ့ရွှေကြောင့်
မျက်ခုံးတို့တွန့်ချိုးလိုက်ကာ
"ရွှေပြသနာမရှာစမ်းနဲ့ အသင်္ခရာကလူမဟုတ်လို့ဘာဖြစ်ရမှာလဲ"
"သူကမြွေတစ်ကောင် ပြီးတော့ကိုကို့ ကိုပြုစားထားတာ"
"ပေါက်ကရတွေပြောမနေနဲ့ "
"ဟုတ်တယ်ရွှေ မင်းသူများသဘောမကျတိုင်းဒီလိုအဓိပ္ပါယ်မရှိတာတွေလျှောက်ပြောဖို့မသင့်ဘူး
သူကမင်းအသက်ကိုကယ်ဖူးတယ်နော်"
ခပ်လှမ်းလှမ်းမှာရပ်နေကြတဲ့ ဗညားနဲ့သူရိယ ကဝဏ္ဏတို့အနားရောက်လာကြသည်
သူတို့ရွှေကိုလုံးဝသဘောမကျတော့ဘူးတစ်နေ့တစ်ခြားအရမ်းကိုရိုင်းစိုင်းလာတယ်
"ရွှေကို မယုံကြဘူးပေါ့လေ ဒီမှာသက်သေပြမယ် သူဒီဆေးရည်ထိသွားတာနဲ့မူလပုံစံပေါ်လာမှာ"
ရွှေသူ့လက်ထဲကဆေးပုလင်းလေးကိုမြှောက်ပြလိုက်တယ်
ထိုဆေးကိုမြင်တော့အသင်္ခရာမျက်လုံးတို့စူးရဲသွားတယ်
မီးတွင်းထဲမှာဆုံးသွားတဲ့အမျိုးသမီးရဲ့အသွေးအသားရယ်
တစ်ခြားသောယုတ်ညံ့တဲ့အရာတို့ကိုပေါင်းစပ်ထားတဲ့ အန္တိဆေးရည်
ဒီဆေးရည်ကိုသာမာန်လူထိမိရင်မီးလောင်ခံရသလိုဖြစ်သွားမှာဖြစ်ပေမဲ့
သူတို့လိုမြွေတွေသာထိမိရင်တော့ဆေးဖော်ထားတဲ့အောက်လမ်းရဲ့အစေးအပါဖြစ်သွားမှာ
သူမဒီဆေးရည်ကိုဘယ်ကရတာလဲ
မျက်နှာပျက်သွားတဲ့အသင်္ခရာကိုမြင်တော့ရွှေလှောင်ပြုံးပြုံးကာ
ဆေးရည်တို့အား အသင်္ခရာကိုပက်လိုက်သည်
ဘယ်သူထင်ထားမလဲ ဝဏ္ဏက အသင်္ခရာကို ရင်ခွင်ထဲဆွဲထည့်ပြီး
ဆေးရည်မထိအောင်ကာကွယ်လိုက်မယ်လို့....
"အား!!!!"
ဆေးရည်ထိသွားတဲ့ ဝဏ္ဏရဲ့အသားအရည်တွေက ချက်ချင်းမီးလောင်ဒဏ်ရာတွေလို
နီရဲဆုပ်ပြဲသွားသည်
နာကျင်မှုကလည်းပြောမပြတတ်အောင်ဘဲ
"ဝဏ္ဏ...."
"ဝဏ္ဏ!!!"
အသင်္ခရာနဲ့ ဗညားတို့နှစ်ဦးရဲ့စိုးရိမ်တကြီးအော်သံတွေထွက်ပေါ်လာသည်
ရွှေကတော့ကြောင်အကာတောင့်တောင့်ကြီးရပ်နေတယ်
"အား!!! နာတယ်"
"သွား! မင်းတို့နှစ်ယောက် ဘုရားဂူထဲသွားပြီးဘုရားသောက်တော်ရည်ကိုသွားစွန့်လာခဲ့"
"ဟမ်...."
"အခုချက်ချင်းသွားလေ!"
အသင်္ခရာထပ်အော်လိုက်မှယောက်ယောင်နနနဲ့ဗညားတို့ကပြေးထွက်သွားတယ်
ထိုအခါမှသူ့ရဲ့မျက်ဝန်းတို့က မြွေတစ်ကောင်၏မျက်ဝန်းတွေအဖြစ်ပြောင်းလဲသွားပြီး
ကြောင်အကာရပ်နေသည့်ရွှေဆီသို့ တစ်လှမ်းချင်းလျှောက်သွားလိုက်သည်
"ရှင်!...ရှင်..ဘာလုပ်တာလဲ အနားကိုမလာနဲ့"
အသင်္ခရာရှေ့သို့တစ်လှမ်းတိုးရင်
ရွှေကကြောက်လန့်တကြားအနောက်သို့တစ်လှမ်းဆုတ်တယ်
"ရာရာစစ! အသင်ကကိုယ်တော့်လူကိုထိခိုက်ရဲတယ်!"
ဒေါသကြောင့်အသင်္ခရာရဲ့ခြေလက်တွေမှာ
အဖြူရောင်မြွေအရေခွံတို့တလက်လက်ထွက်ပေါ်လာတယ်
"မလုပ်ပါနဲ့...အရှင်"
အသင်္ခရာအနားအရိပ်လိုအမြဲရှိနေတတ်တဲ့
သိင်္ခနဲ့လင်္ကာတို့ထွက်လာပြီး သူတို့အရှင်ကိုတားရသည်
"အသင်တို့..ကိုယ့်နေရာကိုနေစမ်း"
"ဒီအမျိုးသမီးကအရှင့်လူကို ထိခိုက်ခဲ့တာကြောင့်သေသင့်မှန်းသိပါတယ်
ဒါပေမဲ့အရှင်သာ ဂူအပြင်ဘက်မှာလူသတ်ခဲ့ရင်ဖဖုရားသိသွားလိမ့်မယ်
အဲ့အချိန်ကျအရှင် မင်းသားဝဏ္ဏနဲ့ထပ်တွေ့ခွင့်ရတော့မှာမဟုတ်ဘူး"
သိင်္ခတို့ပြောတာဟုတ်သည်
သူစောင့်ရှောက်ရတဲ့ရှေးဟောင်းဘုရားခုနှစ်ဆူနဲ့ရတနာတွေကိုထိပါးလို့
ဂူထဲလူသတ်တယ်ဆို ဖဖုရားကခွင့်လွှတ်ပေမဲ့
ဒေါသအလျောက်လူသတ်တာကိုပြင်းပြင်းထန်ထန်ကန့်ကွက်ထားသည်
"အသင်ဒီနေ့သေကံမရောက်သေးလို့! လွတ်သွားတယ်မှတ်"
ရှေ့ရေးကိုကြိုတွေးပြီးအသင်္ခရာဒေါသတစ်ထစ်လျှော့လိုက်သည်
ရွှေကသူလွတ်ပြီဆိုတာနဲ့ ကြောက်လန့်တကြားပြေးထွက်သွားသည်
ထိုအခါမှအသင်္ခရာကလည်းပုံမှန်အသွင်ပြန်ဖြစ်သွားပြီးဝဏ္ဏကိုပြေးပွေ့လိုက်သည်
ဒဏ်ရာတွေရဲ့နာကျင်မှုကြောင့်ဝဏ္ဏကတော့သတိလစ်မေ့မြောနေပြီ
"ရေ!...ရလာပြီ"
ဗညားတို့အလောတကြီးပြေးလာပြီး
သူတို့စွန့်ယူလာတဲ့ ဘုရားသောက်တော်ရေကို အသင်္ခရာဆီကမ်းပေးလိုက်တယ်
အသင်္ခရာကျေးဇူးတင်တယ်ဟူသောသဘောဖြင့်ခေါင်းငြိမ့်ပြပြီးနောက်
ကမ်းပေးလာတဲ့ရေခွက်ကိုယူကာလက်နှစ်ဖက်နှင့်ကိုင်မြှောက်လိုက်သည်
အဲ့ဒီနောက်သူပြုခဲ့သောကုသိုလ်ကောင်းမှုတို့ကိုသစ္စာတိုင်တည်ကာ
အတုမရှိသောမြတ်စွာဘုရားရှင်ထံမှစွန့်သောဤသောက်တော်ရေသည်ဆေးတစ်ခွက်ဖြစ်ပါစေလို့ဆုတောင်းလိုက်သည်
"ဘာလုပ်တာလဲ"
သူ့တို့သူငယ်ချင်းဒဏ်ရာတွေကိုရေတွေလူးပေးနေတာတွေ့တော့
ဗညားတို့နားမလည်စွာထုတ်မေးလိုက်သည်
သို့သော် အသင်္ခရာကစကားပြန်မပေးဘဲ
"ဘုရားဆေး တရားဆေး သံဃာဆေး မိဘ ဆရာဆေး "ဟုသာ တဖွဖွရွတ်ရင်း ဝဏ္ဏကိုဂရုတစိုက်ရေတွေလူးပေးနေခဲ့တယ်
#စာလုံးပေါင်းပြန်မစစ်ထားပါ
Zawgi
ေရႊငိုယိုၿပီးေျပးထြက္လာေပမဲ့ သူ့ကိုလိုက္ေခ်ာ့မဲ့သူတစ္ေယာက္တစ္ေလေတာင္မရွိ
မိသားစုရဲ႕အလိုလိုက္ခံေလးမို႔ အခုလိုပစ္ထားခံရေတာ့စိတ္အလိုမက်ေတာ့
"ေရႊကိုလိုက္မေခ်ာ့ဘူးေပါ႔ေလ ၾကည့္ေန ဒီကျပန္သြားတာနဲ႔ အန္တီတို႔ကိုေျပာၿပီးခ်က္ခ်င္းလက္ထပ္ပစ္မယ္ အဟင့္!"
"ေဟ့ေကာင္မေလး...."
ေခၚသံၾကားလို႔လွည့္ၾကည့္လိုက္ေတာ့
အနက္ေရာင္ဝတ္စုံဝတ္ထားတဲ့လူအိုႀကီးတစ္ေယာက္ျဖစ္ေနသည္
လည္ပင္းမွာလည္းလူဦးေခါင္းခြံေတြကိုပုတီးလိုသီကာဆြဲထားတာမို႔
မႏွစ္ၿမိဳ႕စရာအသြင္အျပင္ကိုေဆာင္ေနေတာ့သည္
"ဘယ္သူလဲ?"
"အဘက မင္းကိုကူညီေပးမလို႔ပါ"
"ဘာေတြလာေျပာေနတာလဲ! ဘာအကူအညီမွမလိုဘူး"
ေဘာက္ဆက္ဆက္ေျပာၿပီးလွည့္ထြက္ေတာ့မဲ့အခ်ိန္
ၾကားလိုက္ရတဲ့စကားတို႔ေၾကာင့္ေရႊေျခလွမ္းတို႔ရပ္တန္႔သြားတယ္
"အသခၤရာကလူမဟုတ္ဘူး......ေႁမြတစ္ေကာင္"
"ရွင္႐ူးေနတာလား သူကလူမွလူစစ္စစ္"
"မဟုတ္ဘူး သူကေႁမြ မယုံရင္မင္းသူ့ကိုဒီေဆးရည္နဲ႔ပက္ၾကည့္လိုက္ သူ့အသြင္အျပင္အစစ္ေပၚလာလိမ့္မယ္
မင္းရဲ႕ခ်စ္သူသူ့ကိုတမ္းတမ္းစြဲျဖစ္ေနတာကလည္း သူျပဳစားထားတာ"
ေရႊဒီလူႀကီးကမ္းေပးတဲ့အနီေရာင္အရည္အျပည့္ပါေသာဖန္ပုလင္းကိုယူဖို႔ခ်ီတုံခ်တုံျဖစ္ေနသည္
သို႔ေသာ္ သူမကိုဂ႐ုစိုက္တဲ့ကိုကိုက သူ့ကိုအသခၤရာဆိုတဲ့လူအတြက္ေအာ္ေငါက္တာျပန္စဥ္းစားမိေတာ့
လက္သင့္ခံလိုက္တယ္
ဒီအရည္ေလးနဲ႔ပက္ၾကည့္႐ုံဘဲမလား
အသခၤရာကေႁမြဟုတ္တယ္ဆိုရင္အျမတ္ေပါ႔
မဟုတ္လည္းသူအရႈံးမွမရွိဘဲ
သာဂမိမိေဆးရည္ကိုလက္ခံလိုက္တာျမင္ေတာ့ ႀကိတ္ၿပဳံးလိုက္တယ္
ဒီေဆးရည္ကိုထိတဲ့သူကလူဆိုရင္ မီးေလာင္ဒဏ္ရာလိုျဖစ္သြားမွာဆိုေပမဲ့
အသခၤရာတို႔လိုေႁမြေတြထိရင္ေတာ့သူအေစအပါးျဖစ္သြားမွာ.....
ေရႊလက္ထဲကေဆးနီဗူေလးကိုက်စ္က်စ္ပါေအာင္ဆုပ္ထားၿပီး
အသခၤရာတို႔ဆီျပန္ေရာက္လာတယ္
"ကိုကို...သူ့လက္ကိုလႊတ္လိုက္! သူကလူမဟုတ္ဘူး"
ဝဏၰ မိမိဘက္ကဖြင့္ေျပာလိုက္ပါေသာ္လည္း
အင္းမလုပ္အဲမလုပ္ဘဲ အေဝးကိုထြက္သြားဖို႔သာႀကိဳးစားေနသည့္
အသခၤရာအားတားဖို႔လုပ္ေနခ်ိန္ ျပန္ေရာက္လာၿပီးအေျခအျမစ္မရွိတဲ့စကားေတြသယ္ေဆာင္လာတဲ့ေရႊေၾကာင့္
မ်က္ခုံးတို႔တြန္႔ခ်ိဳးလိုက္ကာ
"ေရႊျပသနာမရွာစမ္းနဲ႔ အသခၤရာကလူမဟုတ္လို႔ဘာျဖစ္ရမွာလဲ"
"သူကေႁမြတစ္ေကာင္ ၿပီးေတာ့ကိုကို႔ ကိုျပဳစားထားတာ"
"ေပါက္ကရေတြေျပာမေနနဲ႔ "
"ဟုတ္တယ္ေရႊ မင္းသူမ်ားသေဘာမက်တိုင္းဒီလိုအဓိပၸါယ္မရွိတာေတြေလွ်ာက္ေျပာဖို႔မသင့္ဘူး
သူကမင္းအသက္ကိုကယ္ဖူးတယ္ေနာ္"
ခပ္လွမ္းလွမ္းမွာရပ္ေနၾကတဲ့ ဗညားနဲ႔သူရိယ ကဝဏၰတို႔အနားေရာက္လာၾကသည္
သူတို႔ေရႊကိုလုံးဝသေဘာမက်ေတာ့ဘူးတစ္ေန႔တစ္ျခားအရမ္းကို႐ိုင္းစိုင္းလာတယ္
"ေရႊကို မယုံၾကဘူးေပါ႔ေလ ဒီမွာသက္ေသျပမယ္ သူဒီေဆးရည္ထိသြားတာနဲ႔မူလပုံစံေပၚလာမွာ"
ေရႊသူ့လက္ထဲကေဆးပုလင္းေလးကိုေျမႇာက္ျပလိုက္တယ္
ထိုေဆးကိုျမင္ေတာ့အသခၤရာမ်က္လုံးတို႔စူးရဲသြားတယ္
မီးတြင္းထဲမွာဆုံးသြားတဲ့အမ်ိဳးသမီးရဲ႕အေသြးအသားရယ္
တစ္ျခားေသာယုတ္ညံ့တဲ့အရာတို႔ကိုေပါင္းစပ္ထားတဲ့ အႏၲိေဆးရည္
ဒီေဆးရည္ကိုသာမာန္လူထိမိရင္မီးေလာင္ခံရသလိုျဖစ္သြားမွာျဖစ္ေပမဲ့
သူတို႔လိုေႁမြေတြသာထိမိရင္ေတာ့ေဆးေဖာ္ထားတဲ့ေအာက္လမ္းရဲ႕အေစးအပါျဖစ္သြားမွာ
သူမဒီေဆးရည္ကိုဘယ္ကရတာလဲ
မ်က္ႏွာပ်က္သြားတဲ့အသခၤရာကိုျမင္ေတာ့ေရႊေလွာင္ၿပဳံးၿပဳံးကာ
ေဆးရည္တို႔အား အသခၤရာကိုပက္လိုက္သည္
ဘယ္သူထင္ထားမလဲ ဝဏၰက အသခၤရာကို ရင္ခြင္ထဲဆြဲထည့္ၿပီး
ေဆးရည္မထိေအာင္ကာကြယ္လိုက္မယ္လို႔....
"အား!!!!"
ေဆးရည္ထိသြားတဲ့ ဝဏၰရဲ႕အသားအရည္ေတြက ခ်က္ခ်င္းမီးေလာင္ဒဏ္ရာေတြလို
နီရဲဆုပ္ၿပဲသြားသည္
နာက်င္မႈကလည္းေျပာမျပတတ္ေအာင္ဘဲ
"ဝဏၰ...."
"ဝဏၰ!!!"
အသခၤရာနဲ႔ ဗညားတို႔ႏွစ္ဦးရဲ႕စိုးရိမ္တႀကီးေအာ္သံေတြထြက္ေပၚလာသည္
ေရႊကေတာ့ေၾကာင္အကာေတာင့္ေတာင့္ႀကီးရပ္ေနတယ္
"အား!!! နာတယ္"
"သြား! မင္းတို႔ႏွစ္ေယာက္ ဘုရားဂူထဲသြားၿပီးဘုရားေသာက္ေတာ္ရည္ကိုသြားစြန္႔လာခဲ့"
"ဟမ္...."
"အခုခ်က္ခ်င္းသြားေလ!"
အသခၤရာထပ္ေအာ္လိုက္မွေယာက္ေယာင္နနနဲ႔ဗညားတို႔ကေျပးထြက္သြားတယ္
ထိုအခါမွသူ့ရဲ႕မ်က္ဝန္းတို႔က ေႁမြတစ္ေကာင္၏မ်က္ဝန္းေတြအျဖစ္ေျပာင္းလဲသြားၿပီး
ေၾကာင္အကာရပ္ေနသည့္ေရႊဆီသို႔ တစ္လွမ္းခ်င္းေလွ်ာက္သြားလိုက္သည္
"ရွင္!...ရွင္..ဘာလုပ္တာလဲ အနားကိုမလာနဲ႔"
အသခၤရာေရွ႕သို႔တစ္လွမ္းတိုးရင္
ေရႊကေၾကာက္လန္႔တၾကားအေနာက္သို႔တစ္လွမ္းဆုတ္တယ္
"ရာရာစစ! အသင္ကကိုယ္ေတာ့္လူကိုထိခိုက္ရဲတယ္!"
ေဒါသေၾကာင့္အသခၤရာရဲ႕ေျခလက္ေတြမွာ
အျဖဴေရာင္ေႁမြအေရခြံတို႔တလက္လက္ထြက္ေပၚလာတယ္
"မလုပ္ပါနဲ႔...အရွင္"
အသခၤရာအနားအရိပ္လိုအၿမဲရွိေနတတ္တဲ့
သိခၤနဲ႔လကၤာတို႔ထြက္လာၿပီး သူတို႔အရွင္ကိုတားရသည္
"အသင္တို႔..ကိုယ့္ေနရာကိုေနစမ္း"
"ဒီအမ်ိဳးသမီးကအရွင့္လူကို ထိခိုက္ခဲ့တာေၾကာင့္ေသသင့္မွန္းသိပါတယ္
ဒါေပမဲ့အရွင္သာ ဂူအျပင္ဘက္မွာလူသတ္ခဲ့ရင္ဖဖုရားသိသြားလိမ့္မယ္
အဲ့အခ်ိန္က်အရွင္ မင္းသားဝဏၰနဲ႔ထပ္ေတြ႕ခြင့္ရေတာ့မွာမဟုတ္ဘူး"
သိခၤတို႔ေျပာတာဟုတ္သည္
သူေစာင့္ေရွာက္ရတဲ့ေရွးေဟာင္းဘုရားခုႏွစ္ဆူနဲ႔ရတနာေတြကိုထိပါးလို႔
ဂူထဲလူသတ္တယ္ဆို ဖဖုရားကခြင့္လႊတ္ေပမဲ့
ေဒါသအေလ်ာက္လူသတ္တာကိုျပင္းျပင္းထန္ထန္ကန္႔ကြက္ထားသည္
"အသင္ဒီေန႔ေသကံမေရာက္ေသးလို႔! လြတ္သြားတယ္မွတ္"
ေရွ႕ေရးကိုႀကိဳေတြးၿပီးအသခၤရာေဒါသတစ္ထစ္ေလွ်ာ့လိုက္သည္
ေရႊကသူလြတ္ၿပီဆိုတာနဲ႔ ေၾကာက္လန္႔တၾကားေျပးထြက္သြားသည္
ထိုအခါမွအသခၤရာကလည္းပုံမွန္အသြင္ျပန္ျဖစ္သြားၿပီးဝဏၰကိုေျပးေပြ႕လိုက္သည္
ဒဏ္ရာေတြရဲ႕နာက်င္မႈေၾကာင့္ဝဏၰကေတာ့သတိလစ္ေမ့ေျမာေနၿပီ
"ေရ!...ရလာၿပီ"
ဗညားတို႔အေလာတႀကီးေျပးလာၿပီး
သူတို႔စြန္႔ယူလာတဲ့ ဘုရားေသာက္ေတာ္ေရကို အသခၤရာဆီကမ္းေပးလိုက္တယ္
အသခၤရာေက်းဇူးတင္တယ္ဟူေသာသေဘာျဖင့္ေခါင္းၿငိမ့္ျပၿပီးေနာက္
ကမ္းေပးလာတဲ့ေရခြက္ကိုယူကာလက္ႏွစ္ဖက္ႏွင့္ကိုင္ေျမႇာက္လိုက္သည္
အဲ့ဒီေနာက္သူျပဳခဲ့ေသာကုသိုလ္ေကာင္းမႈတို႔ကိုသစၥာတိုင္တည္ကာ
အတုမရွိေသာျမတ္စြာဘုရားရွင္ထံမွစြန္႔ေသာဤေသာက္ေတာ္ေရသည္ေဆးတစ္ခြက္ျဖစ္ပါေစလို႔ဆုေတာင္းလိုက္သည္
"ဘာလုပ္တာလဲ"
သူ့တို႔သူငယ္ခ်င္းဒဏ္ရာေတြကိုေရေတြလူးေပးေနတာေတြ႕ေတာ့
ဗညားတို႔နားမလည္စြာထုတ္ေမးလိုက္သည္
သို႔ေသာ္ အသခၤရာကစကားျပန္မေပးဘဲ
"ဘုရားေဆး တရားေဆး သံဃာေဆး မိဘ ဆရာေဆး "ဟုသာ တဖြဖြရြတ္ရင္း ဝဏၰကိုဂ႐ုတစိုက္ေရေတြလူးေပးေနခဲ့တယ္