ဒီနေ့သည် နှင်း မာမား၏ နှစ်ပတ်လည်နေ့တဲ့...။ နှင်း မေမေသည် တရုတ်မလေးမှန်း ကြီးတင်တို့ ပြောပြမှ သိရသည်။ ဒါကြောင့်လည်း နှင်း အသားအရည်က ဘဲဥအခွံလို ဖြူဖွေးနေတာဖြစ်လိမ့်မည်။
တရုတ်ထုံးတမ်းဓလေ့အတိုင်း ပြင်ဆင်ခင်းကျင်းထားသည်။ နှင်းသည်လည်း အနက်ရောင်သာ ဝတ်ထားပြီးငူငူငိုင်ငိုင်နှင့် ထိုင်နေသည်။
"သမီး" ဂေဟာကို ဘယ်နှစ်နာရီ
လာမယ်လို့ ဖုန်းဆက်ထားရမလဲ"
"ခါတိုင်းလို အချိန်ပါပဲ " နှင်း ခနနေရင် သွားတော့မယ်"
"တစ်ယောက်ယောက်ကို ခေါ်သွားလေ"..လူတော့ လိုမှာပေါ့"
"မလိုဘူး....ဟိုမှာ ကလေးတွေ များတယ်"
"အင်း...အင်း"
____________
"ခင်...."
"ဟုတ် ကြီးတင်"
"နှင်းနဲ့ လိုက်သွားလိုက်ပါလား"
"သမီးကိုဆို ခေါ်လောက်မှာပါ"
"ဟုတ်ကဲ့" ပြောကြည့်လိုက်ပါ့မယ်"
"ဒါနဲ့ နှင်းမေမေဆုံးတာ ဘယ်နှစ်နှစ်ရှိပြီလဲ"
"ဆယ့်ငါးနှစ်ပြည့်ပြီကွယ်"
"နှင်း မေမေ ရှိတုန်းက ပုံစံကိုများ
ခင့်ကို မြင်စေချင်လိုက်တာ"
"ရိုးရိုးယဥ်ယဥ်လေးနဲ့ အေးအေးချမ်းချမ်းလေး"
ယခုလိုမျိုး နှင်းမျက်နှာလေး မကောင်းတော့လည်း ခင့်စိတ်ထဲ အလိုလို ဝမ်းနည်းသလိုဖြစ်ရသည်။အမြဲတမ်း ခင့်ရှေ့တွင်
ပြုံးပြနေတတ်သော သူမမျက်နှာသည် ယနေ့တွင်တော့ လငါးပုပ်ဖမ်းနေသည်။
"ကျမလည်း လိုက်ချင်တယ်"
နှင်းကားပေါ်တတ်ခါနီး တောင်းဆိုလိုက်သည်။ ခါတိုင်း ပြုံးပြုံးလေးနေတတ်သော အမျိုးသမီးသည် မျက်နှာလေး ညိုးငယ်လျက်........
""သဘောလေ"
တစ်လမ်းလုံး တိတ်ဆိတ်နေသည်။ကားထဲတွင် ထိုင်နေသော အမျိုးသမီးနှစ်ဦးသည် တစ်ယောက်နှင့်တစ်ယောက် စကားတစ်ခွန်းမှ မပြောကြ။
နှင်းသည်လည်း ပူဆွေးခြင်းများစွာနှင့်။ ခင်သည်လည်း အတွေးပေါင်းများစွာနှင့်။ ဂရုဏာရင်ခွင်ဟူသောမိဘမဲ့ဂေဟာ ရောက်သည်အထိပင်။
ဂေဟာအတွင်းမှ လူများသည် နှင်းကိုနွေးနွေးထွေးထွေးကြိုဆိုကြသည်။တီတီတာတာကလေးလေးတွေကိုတွေ့မှ နှင်း မျက်နှာလေးနည်းနည်းပြုံးရိပ်သန်းလာသည်။ ခင် သိလိုက်ရသည်က နှင်းသည် ကလေးသိပ်ချစ်
တတ်သည်။ ယခုလည်း ကလေးသေးသေးလေးတွေကို ပြုံးပြနေသည်မှားခင် လုံးဝ မမြင်ဖူးသေးသည့် အပြုံးမျိုးပင်။ ချစ်ချင်စဖွယ်အပြုံးမျိုး....။
"နှင်း"
"တစ်ခုခုအရင်စားကြမလား"
".........."
နှင်း ဘာမှပြန်မပြောပဲ စားသောက်ဆိုင်တစ်ဆိုင်ရှေ့တွင် ကားရပ်လိုက်သည်။ ဆိုင်ထဲဝင်ပြီး စားပြီးသောက်
ပြီးသည်ထိ ဘာစကားမှ မပြော။
ထိုမှ တစ်ဆင့် တစ်နေရာသို့ ဦးတည်သွားနေပြန်သည်။ တရုတ်စာများသာရေးထားသော နေရာတစ်ခုစီသို့ ။နှင်း မာမား၏ အရိုးပြာထားထားသောနေရာဖြစ်လိမ့်မည်။နှင်း သက်ပြင်းတစ်ချက်ချလိုက်ရင်း ကားထဲက
ထွက်ရန်လုပ်တော့ ခင်ပါ လိုက်ထွက်ဖို့ပြင်သည်။
"ကားထဲမှာပဲ စောင့်နေလိုက်"
"မကြာဘူး" ပြန်လာမယ်"
ပြောကာ ခင့်ကိုပင် လှည့်မကြည့်
တော့ပဲ ထွက်သွားသော သူမကို
ငေးနေမိသည်။ .....
"............"
ခင် နှင်းကို စောင့်နေသည်မှာ တစ်နာရီခန့်ပင်ရှိပြီ အခုထိ ပေါ်မလားသေး။ကားထဲဝင်လိုက်ထွက်လိုက်နှင့် ကားတံခါးပင်ပြုတ်ထွက်တော့မည်။ ခင့် စိတ်များ ဂနာမငြိမ် အငြိမ်မနေနိုင်။ မျှော်နေမိသည်မှာ သစ်ကုလားအုပ်လည်
ပင်းလောက်ရှိတော့မည်။တစ်ခုခု
ဖြစ်မှာ စိုးရိမ်မိသည်လည်း ပါသည်။ ဤနေရာတွင် လူသိပ်
မတွေ့ရ။
"လိုက်သွားရင် ကောင်းမလား"
"စောင့်နေရင်ကောင်းမလား"
"အိုကွယ်....တော်ကြာ တစ်ခုခုဖြစ်နေမှ"
ခင် စဥ်းစားမနေတော့ပဲ အထဲသို့
ဝင်သွားသည်။ အထဲသို့ ရောက်သွားတော့ ခင်တစ်ယောက် နှင်းကို ဘယ်လိုရှာရမလဲပင် မသိတော့။ အရိုးပြာများသပ်သပ်ရပ်ရပ်စီထားသော တရုတ်သင်္ချိုင်းပင်။ ခင်တစ်ယောက် ဂျောင်ဂျို ဂျောင်ကြားတွေထဲ ဝင်ကာ ရှာပုံ
တော်စတင်တော့သည်။ ကျယ်လွန်းလှသဖြင့် နှင်းကို ရှာလို့မတွေ့။
"ဟူး....ဘယ်မှာလဲ နှင်းရယ်"
နှင်းကို ရှာနေသည်မှာ နာရီဝက်ခန့်ပင်ရှိပြီ။ မတွေ့သောကြောင့် ကားဆီသို့သာ ပြန်လာခဲ့တော့သည်....
"နှင်း"
"ဖြန်း"
.....ငါက ဒီမှာနေခဲ့လို့ ပြောခဲ့ရဲ့သားနဲ့"
နှင်း ခင့်ကို ပါးရိုက်လိုက်မိသည်။ သူမခင့်ကို စောင့်နေသည်မှာ နာရီဝက်ခန့်ပင်ရှိပြီလေ။
"မင်း စိတ်ထင် ငါက ပျော်လို့ ဒီကိုလာတယ် ထင်နေတာလား"
"ခင်... ခင်တောင်းပန်ပါတယ်"
"နှင်း တစ်ခုခုဖြစ်မှာစိုးလို့ လိုက်ရှာမိတာ.."
"ကိုယ့်အပူမပါတာ ဝင်မစပ်စုနဲ့
မကြိုက်ဘူး"....တက်....ကားပေါ်...
ဘာကြောင့်မှန်းမသိ ခင် မျက်ရည်များဝဲလာသည်။ မငိုချမိဖို့ တောင့်ခံထားရသည်။ နှင်းရိုက်လိုက်သော ပါးတစ်
ဖက်ကို ကိုင်ကာ ကားအပြင်သို့သာကြည့်နေမိသည်မှာ အိမ်ရောက်တဲ့အထိပင်။
အိမ်ရောက်တော့ ကြီးတင် ကြိုပြီးမေးတာကိုပင် မဖြေပဲ ခင် အခန်းဆီသို့သာ တန်းတန်း မတ်မတ်တတ်သွားမိသည်။
ခေါင်းအုံးပေါ် မျက်နှာအပ်ကာ ရှိုက်ကြီးတစ်ငြင်နှင့် ငိုချမိတော့သည်။
အကြောင်းပြချက် မရှိပါပဲ ရင်ထဲနာကျင်ရသည်။ အလိုလို ဝမ်းနည်းစိတ်ဖြစ်မိသည်။
"ငါကိုက ရှည်တာ"
"သူ့လိုမိန်းမကို ဂရုဏာထားမိတာကိုက ငါ့အမှား"
"ကိုယ့်ဟာကို တည်တည်တံ့တံ့နေတာပဲကောင်းတယ်"
"နောက်ဆို အေးဆေးပဲ နေပြမယ်"
ပွစိပွစိပြောကာ မျက်ရည်များနှင့်အတူ ကလေးတစ်ယောက်လို အိပ်ပျော်သွားတော့သည်။
_____________
"ကြီးတင် " မမတို့နှစ်ယောက် ဘာဖြစ်လာကြတာလဲ မသိဘူးနော်"
"စပ်စုပြန်ပြီ""ငါလည်း ခင့်ကို လိုက်မသွားခိုင်းရင်ကောင်းသားကို" ငါကိုက ရှည်တာ"
"အဆင်ပြေခါစပဲရှိသေးတာကို" ဘာဖြစ်ကြပြန်တာလဲမသိဘူး"
Rose မာမားကို သွားနှုတ်ဆက်ပြီး
ပြန်လာတော့ ခင့်ကို မတွေ့သဖြင့်
စိတ်ပူသွားသည်။ စိုးရိမ်စိတ်များကနာရီဝက်လောက်အကြာမှာ ဒေါသစိတ်များအဖြစ်ပြောင်းလဲသွားသည်။ဒီနေ့ သူမကိုယ်တိုင်ကလည်း စိတ်မကြည်တာကော စိတ်တွေ ရှုပ်ထွေးနေတာရော ပါမည်။ ထို့ကြောင့် ခင့်ကို လက်လွန်မိသွားခြင်း။ အခုတော့
သူမ စိတ်ကျေနပ်သည်အထိ ချော့ရတော့မည်။ သူမချစ်သော အမျိုးသမီးက သိပ်စိတ်ကောက်တတ်သည်မဟုတ်လား။ ဆံပင်ပြင်ပေးတုန်းကပဲကြည့်လေ။ စကားပင်မပြော မနည်း ချော့လိုက်ရသည်။
"ခင်က သိပ်စိတ်ကောက်တတ်တာ"