Love + Love [Normal Fiction]

Per UNgeFicwriter

357K 4.1K 169

[Completed- Season one & two] Author... Blackclock Més

part 1 (Zawgyi/Unicode)
part 2 (Zawgyi/Unicode)
part 3 (Zawgyi/Unicode)
part 4(Zawgyi)
part 4 (Unicode)
part 5 (Zawgyi)
part 5 (Unicode)
part 6(Zawgyi)
part6(Unicode)
part 7(Zawgyi)
part 7(Unicode)
part 8(Zawgyi)
part8(Unicode)
part9(Zawgyi)
part9(Unicode)
part10(Zawgyi)
part10(Unicode)
part11(zawgyi)
part11(unicode)
part12(zawgyi)
part12(unicode)
part13(zawgyi)
part14(zawgyi)
part13(unicode)
part14(unicode)
part15(zawgyi)
part15(unicode)
part16(zawgyi)
part16(unicode)
part17(zawgyi)
part17(unicode)
part18(zawgyi)
part18(unicode)
part19(zawgyi)
part19(unicode)
part20(zawgyi)
part20(unicode)
part21(zawgyi)
part21(unicode)
part22(zawgyi)
part22(unicode)
part23(zawgyi)
part23(unicode)
part24(zawgyi)
part24(unicode)
part25(zawgyi)
part25(unicode)
part26(zawgyi)
part26(unicode)
part27(zawgyi)
part27(unicode)
part28(zawgyi)
part28(unicode)
part29(zawgyi)
part29(unicode)
part30/End (zawgyi)
part30/End(unicode)
Question
Answer
part31/S-2 (zawgyi)
part31/S-2 (unicode )
part32/S-2 (zawgyi)
part32/S-2(unicode)
part33/S-2 (zawgyi)
part33/S-2 (unicode )
part34/S-2 (zawgyi)
part34/S-2 (unicode)
Hello !
---
part35/S-2 (zawgyi)
part35/S-2 (unicode)
part36/S-2 🅣🅗🅔 🅔🅝🅓 (zawgyi)
part36/S-2🅣🅗🅔 🅔🅝🅓 (unicode )
♥Special thank♥
(: 200K views:)
Season 3 / coming ?
p 1/S 3(Z&U)
p2/S3(Z&U)
p3/S3(Z&U)
p4/S3(Z&U)
p5/S3(Z&U)
p6/S3(Z&U)
!!!!!!!!!!!!!!!
p7/S3(Z&U)
p8/S3(Z&U)
p9/S3(Z&U)
p10/S3(Z&U)
p11/S3(Z&U)
p12/S3(Z&U)
clip clip ကြေငြာပါရစေ🖤
💜🤗
fic cover art
💜💜🙏💜💜
သခင်မအသုံးတော်ခံ သတို့သား(ep1)
(ep2)
(ep3)
(ep4)
(ep5)
(ep6)
(ep7)
(ep8)

(ep9)

365 4 0
Per UNgeFicwriter

သခင်မအသုံးတော်ခံသတို့သား

အပိုင်း ၉

တစ်ရွာတစ်ကျေးမှာ ထွက်ပြေးနေရတာ
ကြာလေတော့ လှလေးပို မိခင်ရှိရာ
အပြေးသာ ပြန်ချင်တော့သည်။ သမီးလေး
လှထွေးလည်း ကြီးလာစပြုတော့
မတတ်နိုင်။

မမစုကို ပူဆာမှ ဖြစ်တော့မယ်။

''အမလေး ညည်းမပြောလဲ မမစုက
စီစဥ်ပြီးသားပါတော် သုံးပွဲတက်ပြီး
ညည်းကို နတ်နဲ့ အပ်ထားပြီပဲ
နတ်ဟောစားချင် စားပေါ့ဟယ်
ရော့ဒါက မမစု စုဆောင်းထားတဲ့ ငွေ
ကလေးအတွက်သုံးဖို့ ပေးတယ်သဘောထား''

''မဖြစ်သင့်တာ မမစုရယ် မမစုက
လိုက်လည်း ပို့ရအုံးမယ် ငွေကလည်း
ပေးအုံးမယ်ဆိုတော့ လှလေးပို မျက်နှာ
ဘယ်နားသွားရတော့မလဲ''

''ဟော ပြောရင်းဆိုရင်း ရောက်လာပြီတော်
ကိုသာကျော်အေး အဲ့ဒီလူငယ်လေးက
ဘယ်သူတုန်းတော် ရှင့်မှာလည်းလေ
ဒီလောက် အတန်တန်မှာထားရက်နဲ့''

''ဒီကောင်လေးက လမ်းပျောက်နေတာလေ
သူက မြို့သားဟဲ့''

''အမလေး မြင်တာနဲ့ ကျုပ်သိပါရဲ့တော်
သိပေမဲ့လို့ သူစိမ်းနဲ့ ရှုပ်ရှုပ်ယှက်ယှက်တော်''

''စိတ်ချစမ်းပါ မတင်စုရဲ့
လှလေးပိုတို့ သားအမိကို ငါ သေချာ
ပို့ပေးမှာပါ၊ ငါ ကျေးဇူးဆပ်ခွင့်ကြုံတုန်း
ကူညီရမှာ''

မမစု ပြောတာကတော့ ဦးသာကျော်အေး
က ကံကောင်းတယ်ဆိုရမည်။ သူ့မိန်းမက
သိုက်ကိုပြန်တော့ တစ်ကိုယ်တည်းကျန်ခဲ့
တဲ့ ချစ်လင်သည်ကို သနားလို့ ပစ္စည်း
ပေးသတဲ့။

ဒီမတိုင်ခင် လှလေးပိုအဖြစ် ပြောပြ
ထားတော့ ဦးသာကျော်အေး ဘယ်သူမှ
မပြောသလို ဘယ်သူမှမသိအောင်
နေခဲ့သတဲ့လေ ။ အချိန်အတော်ကြာမှ
ရွာက သိရတဲ့အထိ ဦးသာကျော်အေး
သိုဝှက်နေခဲ့လေသည်။

ပူဆာတာနဲ့ လိုက်ပို့မှာ ကွက်တိဖြစ်နေ
တော့ စိတ်ကို သိနေတဲ့ မမစုကို
ထိုင်ကန်တော့မိသည်။

''သွားလမ်းလာလမ်း ဘေးကင်းပါစေ
နတ်များ မ လို့ လမ်းပမ်းသာလို့
သွားလမ်းလှပါစေကွယ်''

''မမစုကို တစ်သက်လုံး သတိရနေမှာပါ
လှလေးပို အခွင့်အခါကြုံမှ ကျေးဇူးဆပ်ပါ့
မယ်''

''မလိုပါဘူးအေ သွားသွား
ညည်းနောက်လိုတာရှိလည်း ညောင်ပင်ပုပ်ရွာက
လူတွေကိုသာ မေးလိုက် ကြားလား''

''ဒီဘက်နယ်ကိုတော့
ပြန်မလာချင်တော့ပေါင်''

''မလာတာလည်း ကောင်းပါတယ်အေ''

လှည်းနောက်ကနေ မမစု ကလေးကို
ချော့မြှူစကာ ရွာထိပ်အထိ လိုက်ပို့သည်။
ဖုန်ကြောင့်လည်း သံယောဇဥ်ကြောင့်လား
မသိ။ သုံးဦးသား ငိုမိခဲ့ကြသည်။ သမီးလေး
ကို မချော့နိုင်သလို လှလေးပိုလည်း အငို
မတိတ်ခဲ့။

''ဒါလေး ယူလိုက်ပါ လှလေးပို''

''ရှင်''

နံဘေးကလူ ပေးလာတဲ့ လက်ကိုင်ပဝါလေးကို
ယူလို့ ကလေးမျက်နှာလေးကို သန့်ရှင်းပေး
လိုက်မိသည်။

မင်းစေသက် နံဘေးကနေ ရင်ခုန်မိသည်။
တမင်တကာ လက်ကိုင်ပဝါလေးကို
ထုတ်ပေးလိုက်ပေမဲ့ ကလေးအမေဖြစ်နေ
လေတဲ့ လှလေးပိုကတော့ မမှတ်မိဘူး
ထင်လေရဲ့။

အလို ဒီလူကလည်း တဏှာရူးလားမသိ။
ငါလို ကလေးတစ်ယောက်အမေကို
ဘာလို့များ ကြည့် ကြည့်နေပါလိမ့်နော်။

လှထွေးလေးက ဝ တော့ ပွေ့ချီထား
ရတာ မသက်သာလှ။ လှည်းအတူစီး
လိုက်တဲ့ လူကိုလည်း လှလေးပို မယုံ
သင်္ကာဖြစ်လာမိသည်။

''ကလေးကို ညောင်းရင် ချီကူမယ်လေ
ပေးပါ့လား''

''အို နေပါစေတော့ ရပါတယ်''

လှလေးပို မုဆိုးမဖြစ်တာနဲ့အညီ
ဘယ်ယောက်ျားကိုမှ မကြည့်မိတာ
ကြာခဲ့လေပြီ။

မကြည့်ဘူးဆိုကာမှ နံဘေးကလူ
လက်ဖျံမှာက သွေးကြောကြီးတွေ
ထောင်နေလေသည်။ ဒါကိုမြင်တိုင်း
သတိရသွားမိတာက လူဆိုးအကြည့်
တွေနဲ့ လူတစ်ယောက်။

နောက်ဆုံး အပျိုစင်ဘဝ အချိန်တုန်းက
နောက်ဆုံးတွေ့ခဲ့ရတဲ့သူ။

ညက အိပ်ရေးပျက်ထားလို့လားမသိ။
ငိုက်လာမိသည်။ ထိန်းနေတဲ့ကြားက
ငိုက်ကျကျသွားလေသည်။ နောက်တော့
အိပ်ပျော်သွားတော့တဲ့အထိ။ အိပ်ရာနိုးတော့
တရွေ့ရွေ့နှင်နေတဲ့ လှမ်းပေါ်မှာ လှဲကာ
အိပ်ပျော်နေမိခဲ့သည်။

သမီးလှထွေးက မအေ့ပါးကို
လာကိုင်လေမှ အလန့်တကြား
ထမိခဲ့သည်။ ကလေးက ခိုးခိုးခစ်ခစ်
ရယ်နေသလို မြင်ဖူးသယောင် ရှိနေ
တဲ့ ဒီလူဟာ အဘယ်သူမှန်းမသိ။

''ရှင့်ကို မြင်ဖူးနေသလိုပဲ''

''ဗျာ တကယ်ကြီး''

''သိပ်တော့မသေချာဘူးတော့
ရှင်က ဘယ်ကိုပြန်မှာလဲတော်''

''ရွာဟောင်းကုန်းဆိုတဲ့ ရွာကိုပါ
အဒေါ် ဒေါ်မြကျင်က သူ့သမီးမိုက်လေး
ကို ရှာပေးပါ ဆိုလို့ ဒီမှာသောင်တင်
နေခဲ့တာဗျာ''

''အို ဒေါ်မြကျင်ဟုတ်လား
မဟာနဖူးနဲ့ ကြည့်ကောင်းတဲ့
မိန်းမကြီးလေ ဟုတ်တယ်မလား''

''ဟုတ်ပါတယ် ဘာတဲ့ အငယ်လေးတွေ
နာမည်က''

''ညွှန့် ညွှန်ရွှေနဲ့''

''စန်းဝေ စန်းဝေ ဟုတ်တယ်နော်''

''ဟယ် တိုက်တိုက်ဆိုင်ဆိုင်တော်ရေ
ရှင်က ဘယ်လိုလုပ် အမေနဲ့ သိလဲ''

''အမေနဲ့ သိတာမဟုတ်ပါဘူး
လှလေးပိုနဲ့ ကျွန်တော်တစ်ခါတွေ့ဖူး
တယ်ဗျ ၊ ဒီပဝါလေးလေ''

''ဟယ်​တော် ဖြစ်ရလေ ရှင် ရှင်''

ပြုံးပြသည်။ သူ့အပြုံးက တစ်ဖက်သူကို
အမောပြေစေသည်။

လှည်းကလေးက တရွေ့ရွေ့နှင်နေသလို
လှလေးပိုနဲ့ မင်းစေသက်တို့လည်း
ခင်မင်သည်ထက် ခင်ဖို့ တရွေ့ရွေ့
ချည်းကပ်လာနေကြလေသည်။

ဦးကျော်ရင် သေဆုံးပြီးနောက်
မြင်ရတဲ့ ပထမဆုံးအပြုံးလေး
မိခင်ရပ်ရွာ အပြန်ခရီးမှာ လှလေးပို
နှုတ်ခမ်းထက် ဟီးလေးခိုနေတော့သည်။

*****

မင်္ဂလာပွဲက တခမ်းတနား ကျင်းပ
နေလေပြီ။ ဒါပေမဲ့ သတို့သမီးဖြစ်တဲ့
လှလေးပို မပျော်။

တစ်စုံတစ်ယောက်ကိုသာ သတိရသည်။

'' လှလေးပို ဘာလို့ မျက်နှာကြီးက
သုန်မှုန်နေတာလဲ ကျုပ်လိမ္မာနေပြီ''

အချိန်က တဖြည်းဖြည်း ကုန်ဆုံးနေသည်။
အမေ့ကို ကယ်ပါလို့ ပြောချင်ပေမဲ့
အကွက်ကျကျစီစဥ်ရောက်လာတဲ့
ကံကြမ္မာဆိုးကို ရင်ဆိုင်နိုင်ဖို့ ခွန်အား
မရှိတော့။

လူတကာအမြင်မှာ လှလေးပိုဆိုတဲ့ဟာမက
လင်တာရူးတဲ့ ကောင်မလို့ မြင်နေကြပြီလေ။

သူစိမ်းထားလေအုံး။ မွေးထားတဲ့အမေက
အစ ကိုယ့်ဘက်မှာ မရှိတော့ လှလေးပို
ဘာများတတ်နိုင်အုံးမလဲ။

ဒီနေ့က လှလေးပိုနဲ့ ဟာလီတို့ မင်္ဂလာဆောင်
တဲ့နေ့။ ကိုလူကောင်းကြီးက အရမ်းတွေ
ယဥ်ကျေးပြလို့ လူတကာရှေ့ မာယာများပြ
နေလေသည်။

လူကတော့ ပိန်ချိနေချက်။ ပိန်မှာပေါ့။
ဒါလည်း ဟန်ဆောင် ဇာတ်လမ်းတွေပဲလေ။

မင်းစေသက်။ သူဘယ်ကို ရောက်သွားသလဲ
သိချင်ကြတယ်ဟုတ်။ ရွာကို ပြန်တော့
လှလေးပိုအတွေးက အမေ သူ့မြေးကို
ဝမ်းပမ်းတသာ ပွေ့ချီကြိုမယ်ပေါ့။

''ဖြန်း''

''မိုက်တွင်းနက်တဲ့ဟာမ ညည်းအခုချက်ချင်း
အိမ်က ထွက် ထွက်လေ''

''မလုပ်ပါနဲ့ ဒေါ်ဒေါ်ရင်
ဘေးအိမ်ကလူတွေလည်း ကြည့်နေတာ''

မရလေ။ အမေဆိုတာ မာနအကြီးသား။
နွားတင်းအုပ်တဲက ခုံတန်းလျားမှာ
လှလေးပိုတို့ နေရသည်။ မင်းစေသက်ဆို
တဲ့သူလည်း လာလိုက်ပြန်လိုက်နဲ့
တစ်ရက်တော့ သူ အမေ့ကို အသေအချာမှာ
နေတာကို ကြားခဲ့သည်။

မင်းစေသက် လှလေးပိုကို သဘောကျမှန်း
လှလေးပို သူမပြောတောင် သိသည်။
ဒါပေမဲ့ ဖွင့်မပြောလေတဲ့ မင်းစေသက်။

ရွာက ဟာလီလူယုတ်သားအမိ လုပ်ကြံ
ဇာတ်ကြောင့် လှလေးပိုကို အရေးမလှုပ်ချင်။
ငယ်ပေါင်းကြီးဖော် သူငယ်ချင်းတွေကအစ
မတ်ကို သွေးဆောင်ပြီး ယောက္ခတွေ ငွေကို
ယူပြေးတဲ့ဟာမ။ မိန်းမဆိုးတဲ့လေ။

''မမ နင် လက်မထပ်နဲ့ဟာ ငါ ယုံတယ်''

''ညည်းမသိပါဘူး စန်းဝေရယ်''

''အဲ့လူတွေက ရူးနေတာ နင်သိလို့လား''

ဖယ်ကြဥ်တာခံနေရပါမှ တံတွေးဝိုင်းထွေး
တာခံရအောင် မီးလောင်ရာ လေပင့်သလို
လုပ်တာက ဦးဖေသန်း။

လုပ်ရက်မယ်လို့ မထင်မိခဲ့။

ကောက်စိုက်နေတဲ့ လယ်ကန်သင်းထဲ
ဟစ်အော်ကာ ရောက်လာသလို
ဒူးထောက်နေတဲ့ ဒေါ်ခင်စန်း။

နောက်မရတော့ လယ်ထဲက ရွှံ့ဗွက်ထဲ
လူးလိမ့်ကာ တောင်းဆိုလေသူ။
ဦးဖေသန်း။

ဒီလောကမှာ ဘယ်သူမှ လှလေးပိုဘက်
မရှိလေတော့။ သေချင်စိတ် ပေါက်တဲ့
အထိ။

''ညည်းအပိုတွေလုပ် မာယာများမနေစမ်းနဲ့
ညည်းနတ်ကတော်တစ်ပိုင်း လုပ်တယ်ဆို
တမင်ပြူစားလုပ်လိုက်လို့ ဒီကောင်လေး
ရူးမတတ်ဖြစ်တာပေါ့ ၊ ဘာတဲ့ အဖေသေတာ
တောင် ငိုရကောင်းမသိ ပူပန်ရကောင်းမှန်း
မသိပဲ ပြန်သွားတဲ့ ဟိုကောင်လေး
လှလေးပို လှလေးပို ညည်းအတော်ပဲ
လင်တရူးတာပဲအေ့ ညည်းအစား သိပ်ရှက်
တယ်တော်ရေ့ အေး ဒီတော့ ဟာလီလေးကို
ညည်းလက်သာထပ်လိုက် ဒါဆို လူတွေလည်း
ပြောပေါက်ပိတ်သွားလိမ့်မယ် ငါလည်း
လူတောတိုးလို့ ကောင်းသွားလိမ့်မယ်''

ရက်စက်လိုက်တာ မေမေရယ်။
သားရဲတောကို မောင်းချနေတဲ့ မေမေ
နောက်မှ သမီးမမိုက်တာသိရင်
အမေ ငိုလို့မဝ ဖြစ်နေမှာ မြင်ယောင်မိတယ်
အမေရယ်၊

''အဖေ့ကို ယုံပါ သမီးရယ်
တကယ်တော့ သားငယ်လေးက
သမီးကို ချစ်ခဲ့တာပါကွယ် ငယ်သေးတော့
အချစ်ကို ဘယ်လိုဖော်ပြရမှန်းမသိတော့
အခုလိုတွေ ဖြစ်ကုန်တာ သမီးအနေနဲ့
လန့်လည်း လန့်ချင်စရာ''

''ဟာလီက လူဆိုးပါလို့ သမီးပြောလည်း
လူတကာက သမီးကို အရူးလို့ပဲ
ထင်မှာ အဖေ''

''သားငယ်ခမြာကွယ် သမီးထွက်သွားပြီး
အိပ်မပျော်စားမဝင် ဖြစ်ခဲ့တာ အခုလိုက်လာ
တော့သာကြည့် အရိုးပေါ်အရည်တင်
ပိန်ကပ်နေပါကောလား၊ ပြီးတော့ မြေးလေး
လှထွေးကို သူစိမ်းပထွေးနဲ့ မနေစေချင်ဘူးကွယ်''

''အို မင်းစေသက်က လူကောင်းပါ
သူနဲ့လည်း သမီး ရိုးရိုးသားသားခင်ရုံပါ''

''သမီးကတော့ ရိုးသားတာပေါ့
ဒါပေမဲ့ ကျားက ကျားပဲသမီး''

''လှလေးပို ငါ့ကို ခွင့်လွတ်ပါ ငါငါ ငါလေ
နင် ပြောသမျှနားထောင်ပါ့မယ်ဟာနော်
ငါ့တူမလေးတွေကိုလည်း သေချာပြုစု
ပျိုးထောင်သွားပါ့မယ်''

ဟာလီ မျက်လုံးအိန္ဒြေက ငြိမ်သည်။
စာချုပ်စာတမ်းနဲ့တကွ အမွေတွေပေးတော့
အမေဒေါ်မြကျင်ဆိုတာ အူကြွပျော်နေ
တော့သည်။

သမီးဘဝရင်ထု သေရမှာကိုတော့
အမေမမြင်ခဲ့။ မုဆိုးမကို ယူတာတောင်
ကြီးကြီးကျယ်ကျယ် ကျင်းပပေးတဲ့
ယောက္ခမတွေရဲ့ သဘောမနောကောင်းပုံက
လှလေးပိုရွာမှာ ဟိုးလေးတကျော်ကျော်
ဖြစ်ခဲ့သည်။

လှလေးပို ဟာလီနောက်မလိုက်တောင်
မလိုက်လို့လည်း ရတော့မယ်မထင်။

ရူးရင်ရူးပါစေအုံးတော့ လှလေးပို
ဟာလီကို လက်မထပ်ဖို့ ငြင်းလို့ရပေမဲ့
ဟာလီတို့ ယုတ်တာထက် ပိုခဲ့သည်။

ပထမတစ်ကြိမ် အပျိုဘဝလေးက
မမြင်ဖူးတဲ့ ယောက်ျား တစ်ယောက်နဲ့
လက်ထက်ခဲ့ရသလို ဒုတိယတစ်ကြိမ်က
လူမဆန်စွာ အဓမ္မပြုကျင့်ခံရပြီး လက်ထပ်တာ
ခံခဲ့ရသည်။

လှလေးပိုဘက်မှာ လှလေးပိုသာ ရှိခဲ့သည်။
ရွာပြန်မင်္ဂလာဆောင်တော့ အားကိုးတကြီး
တိုင်ပင်ပြောဖို့ လူမရှိ။ မင်းစေသက်လည်း
ပေါ်မလာ။

လူတကာ ဖယ်ကြဥ်ခံနေရမဲ့အတူတူ
လောကကြိုးဆွဲရာကဖို့ ဆုံးဖြတ်လိုက်
တော့သည်။

ဟာလီကို မုန်းပါသည်။
ဒါပေမဲ့ မယူလို့လည်း မဖြစ်တော့။
တွေးလေလေ ရှက်စိတ်ပိုသည်။
ညစဥ်ခြိမ်းခြောက်နေတဲ့ တစ်ညက
အဖြစ်။ လှလေးပိုတော့ နှုတ်ဝမှာ
တစ်စတစ်စ စကားနည်းလာတော့သည်။

''စန်းဝေ ငါပြောတာ နားထောင်အေ''

''ပြောပါမမ''

''မင်းစေသက်ဆိုတဲ့ လူ လာရင်
ဒါလေးပြောပါ''

''အင်း''

''ညောင်ပင်ပုပ်ရွာမှာ ငါ စောင့်နေမယ်လို့ နော်''

''ဒါပဲလား မမ''

''ဒါလေးပဲ ပြောပေးပါ''

ဦးကျော်ရင်သေဆုံးခဲ့ရာ မြေကို
မင်္ဂလာထပ်ဆောင်ပြီး ပြန်လာရတော့
လှလေးပို လမ်းတစ်လျှောက် သမီးကို
ပိုက်ကာ ငိုလိုက်ခဲ့မိသည်။

အမေကတော့ မအေ့စကားနားထောင်လို့
ညည်းတစ်သက် စိတ်မဆင်းရဲရပါဘူးတဲ့လေ။

နှင်တံမြှောက်လို့ နွားမောင်းရင်း
လှည့်ကြည့်နေတဲ့ မင်းသားခေါင်းဆောင်း
ထားတဲ့ ၊ ဘီလူးထက် ကြမ်းကြုတ်တဲ့
ဟာလီအပြုံးတွေမှ လှလေးပို ကံဆိုးခြင်း
တွေကို မြင်ယောင်နေစေသလိုလို။

🖤...အပိုင်း ၁၀ မျှော်ရန်
#ဦးငယ်

(လှလေးပို ဘာကြောင့်လက်ထပ်သလဲ
ညအပိုင်းသစ်မှာ ဖော်ပြသွားပါမည်။
အပြင်မှာ လှလေးပိုကို ဟာလီ မရရအောင်
အမှန်တကယ် လက်ထပ်ခဲ့ပါသည်။

ဆက်လက်စောင့်မျှော်ပေးပါခင်ဗျာ။
လိုအပ်တဲ့အရေးအသားပုံဖော်မှုရှိက
အနူးအညွှတ်တောင်းပန်ပါရစေ။)

8:28AM.....Mar14.2023....Tue

💜🙏

Continua llegint

You'll Also Like

157K 8K 34
Start date : 22.3.2023 ဆန်းကြယ်တဲ့ချစ်ခြင်းမေတ္တာတရားတွေကလည်း လောကကြီးရဲ့တစ်စိတ်တစ်ပိုင်းပဲလို့ ပြောရင် ယုံကြမလား...အသွင်မတူတဲ့သူနှစ်ယောက်ရဲ့ချစ်ခြင်...
606K 58.8K 87
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
2M 161K 47
"ကျုပ်နာမည် တော်ဝင်ယောက်ျား၊အများစုကတော့ Royalလို့ခေါ်ကြပေမယ့် ခင်ဗျားကတော့ ယောက်ျားလို့ခေါ်ချင်ခေါ်ပေါ့" "မင်းးး" Zawgyi "ကျုပ်နာမည် တော်ဝင်ယောက်ျား...
1.3M 44.2K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd