ရင်ချွမ်းချုံရဲ့လက်မောင်းထဲကိုဘယ်လိုခုန်ဝင်မိသွားတာလဲ...
ငွေရောင်ဆံနွယ်တွေနဲ့လူရဲ့မျက်လုံးတွေနဲ့ဆုံသွားချိန်မှာကျိနင်းစိတ်လှုပ်ရှားသွားသည်။ရင်ချွမ်းချုံရဲ့စရိုက်ကနက်မှောင်ပြီးမခန့်မှန်းနိုင်သောချောက်နက်ကြီးလိုပါပဲ။သူ့အနားကပ်လာသည့်သူများ၏ဝိဥာဥ်ထဲထိထွင်းဖောက်မြင်နိုင်သကဲ့သို့သူ၏မျက်လုံးများကဖယောင်းတိုင်မီးလိုတောက်ပနေကြရာတဖက်လူအားကြောက်လန့်စေသည်။
ရင်ချွမ်းချုံသည်လက်မောင်းထဲကကျိနင်းကိုမျက်တောင်မခတ်ဘဲကြည့်နေသည်။သူ၏ဗလာအမူအရာကတော့မပြောင်းလဲသွားပေ။
သူကျိနင်းကိုများမှတ်မိသွားနိုင်လား...
ကျိနင်း၏အမြီးဖျားလေးတုန်ရင်သွားပြီးသူ့ခေါင်းလေးကိုအမြီးထဲမြှပ်ထားလိုက်မိသည်။ရင်ချွမ်းချုံသူ့ကိုမှတ်မိသွားမှာစိုးလို့မျက်နှာကိုဖွက်ထားလိုက်မိပေမဲ့သူ့ပုံစံကတိရစ္ဆာန်သေးသေးလေးကလူကိုကြောက်နေသည့်ပုံပေါ်နေသည်။
ရင်ချွမ်းချုံသူ့ကိုမှတ်မိသွားစရာအကြောင်းတော့မရှိပါဘူး။ရွမ်းဟွမ်ဝတ္ထုထဲကဒီကမ္ဘာက'Devil Saint' ထဲမှာပါဝင်ပြီးသေပြီးနောက်ပြန်လည်ရှင်သန်အောင်လုပ်မရဘူးလို့သိထားကြသည်။
ကျင့်ကြံမှုအဆင့်မြင့်လေသက်တမ်းပိုရှည်လေဖြစ်သည်။အမြင့်ဆုံးအဆင့်၌အမတနတ်ဘုရားများနီးနီးဖြစ်နိုင်ပြီးသူတို့၏တည်ရှိမှုကိုဆက်ရန်ပစ္စည်းများလည်းမျိုးစုံရှိသည်။သို့သော်တစ်ခါသေဆုံးပြီးလျှင်သူတို့၏ဝိဥာဥ်ကဤကမ္ဘာမှအပြီးတိုင်ပျောက်ကွယ်သွားမည်ဖြစ်သည်။ပြန်လည်ဝင်စားခြင်း၊ပြန်လည်ရှင်သန်ခြင်းများကမဖြစ်နိုင်ပေ။
ထို့ကြောင့်ဤကမ္ဘာမှကျင့်ကြံသူများကသေဆုံးပြီးနောက်ပြန်လည်ရှင်သန်ခြင်းကိုဂရုမထားဘဲသက်တမ်းရှည်ကြာစေသောကျင့်စဥ်ကိုသာရူးသွပ်စွာကျင့်ကြံကြသည်။မူရင်းဝတ္ထုထဲ၌ရင်ချွမ်းချုံ၏ဆရာအသတ်ခံလိုက်ရသောကြောင့်သူသည်နတ်ဆိုးလမ်းစဥ်ထဲကျရောက်ခဲ့ရသည်။နှစ်များစွာကြာပြီးနောက်သူ၏ဆရာသေဆုံးမှုအတွက်တာဝန်ရှိသောမိသားစု၁၂စုအားသတ်ဖြတ်ခဲ့သည်။သို့သော်ကလဲ့စားချေရန်သတ်ဖြတ်ခဲ့ပြီးနောက်သူ့ဆရာ၏ဝိဥာဥ်ကိုပြန်လည်ရှင်သန်လာစေရန်မကြိုးစားခဲ့ပေ။စဥ်းစားကြည့်လျှင်မူရင်းဝတ္ထုထဲ၌ရင်ချွမ်းချုံဟာလည်းပြန်လည်ရှင်သန်ခြင်းကိုမယုံကြည်ခဲ့ပေ။
သို့သော်လက်ရှိရင်ချွမ်းချုံကတော့သူ့ဝိဥာဥ်ကိုပြန်လည်ရှင်သန်လာစေရန်မိသားစု၁၂ရဲ့သွေးတွေကိုစတေးခဲ့သည်။ရင်ချွမ်းချုံကအလုပ်ဖြစ်မဖြစ်တကယ်ယုံကြည်နေရဲ့လားဆိုတာကျိနင်းမသေချာပေ...
ကျိနင်းတွေဝေနေသည်။ဤကမ္ဘာမှထွက်သွားပြီးနောက်ရင်ချွမ်းချုံကအခွင့်အရေးနည်းနည်းပဲရှိသည့်ဝိဥာဥ်တည်ဆောက်ရေးကိုသူ့အတွက်ကြိုးစားနေလိမ့်မယ်လို့မတွေးထားခဲ့ပေ။ထို့အပြင်မူရင်းဝတ္ထုထဲ၌ရင်ချွမ်းချုံရဲ့ဆံပင်ကငွေရောင်ပြောင်းသွားတာမျိုးမရှိခဲ့ပါ။ဘာကြောင့်ပြောင်းသွားမှန်းလည်းကျိနင်းနားမလည်ပေ။ဝိဥာဥ်ခေါ်ဆောင်ခြင်းနဲ့များပတ်သတ်နေမလား...
သံသယတွေရှိနေပေမဲ့ဝိဥာဥ်ခေါ်ဆောင်ခြင်းကအောင်မြင်နိုင်ချေနည်းတာမို့မှတ်မိသွားမှာမဟုတ်တာသေချာသည်။ထို့အပြင်သွေးပူဇော်နေချိန်အတွင်း၌မတော်တဆပြန်လည်ရှင်သန်လာသည့်အခြားမကောင်းဆိုးဝါးများကိုလည်းတွေ့ခဲ့တာမို့သူဂူထဲမှာပေါ်လာတာကလည်းသိပ်သံသယဝင်စရာမရှိတော့ပေ။
ထို့ကြောင့်ဒီကမ္ဘာနှင့်ပတ်သတ်ပြီးစိတ်ပူနေစရာမလိုပေ။တစ်ခါပြန်သွားပြီးလျှင်နောက်ထပ်မရောက်လာလောက်တော့ဘူး...
သူ့ရဲ့တွက်ချက်မှုတွေအပြီးမှာတော့ကျိနင်းရင်ချွမ်းချုံရဲ့လက်မောင်းထဲကခေါင်းလေးထုတ်လိုက်ပြီးစားပွဲပေါ်ကိုပြန်သွားချင်နေသည်။လက်ရှိရင်ချွမ်းချုံကတိတ်ဆိတ်ပြီးနူးညံ့တဲ့ကောင်လေးမဟုတ်တော့ဘဲပြင်းထန်တဲ့စိတ်နေစိတ်ထားရှိသောနတ်ဆိုးဘုရင်တစ်ပါးဖြစ်သည်။ရင်ချွမ်းချုံကအချိန်မရွေးသူ့ကိုသတ်လိုက်နိုင်သည်။
ဒါပေမဲ့ယွင်သောင့်ရဲ့စရိုက်ကအဲ့လောက်အရိုင်းဆန်မယ်လို့ဘယ်သူကထင်ထားမှာလဲ။သူမကစားပွဲပေါ်ကပေရွက်လိပ်တွေကိုကြမ်းပြင်ပေါ်ပစ်ချလိုက်ပြီးစားပွဲပေါ်ကိုပေါ့ပေါ့ပါးပါးတက်လာသည်။သူမကဒူးတဝက်ထောက်ကာရင်ချွမ်းချုံလက်ထဲကသားပေါက်လေးကိုတည့်တည့်ကြည့်ရင်းပြောသည်။
"အခုမင်းဘယ်ပြေးမလဲကြည့်ရအောင်"
သေပြီ ထောက်ချောက်ထဲပိတ်မိသွားပြီ။
ကျိနင်းရင်ချွမ်းချုံလက်ထဲကရုန်းဖို့လုပ်နေခဲ့ပေမဲ့ယွင်သောင့်ကိုကြောက်ပြီးအထဲကိုပြန်တိုးဝင်သွားကာရင်ချွမ်းချုံ၏အင်္ကျီစကိုဆွဲထားပြီးထွက်သွားဖို့ငြင်းဆန်နေသည်။
အနာဂတ်ကသေသွားခဲ့ရင်ပြန်ရှင်သန်အောင်လုပ်ပေးမယ်လို့ကတိပေးထားတာကြောင့်သေခြင်းထက်ပိုနာကျင်စရာကောင်းတဲ့အရှက်ကွဲခြင်းကိုခံစားမဲ့အစားရင်ချွမ်းချုံလက်ထဲမှာပဲအသေခံလိုက်တော့မည်။
ရင်ချွမ်းချုံလက်ထဲကအဖြူရောင်သားပေါက်လေးဟာတုန်ယင်နေသည်။ယွင်သောင့်ဘယ်လောက်ပဲအရှက်မရှိပါစေသွားတော့မဆွဲထုတ်ရဲပေ။ရင်ချွမ်းချုံကိုစိတ်တိုအောင်လုပ်မိရင်ရက်အနည်းငယ်လောက်အကျဥ်းချခံရလိမ့်မည်။
"ချွမ်းချုံ..." ယွင်သောင့်ကသံရှည်ဆွဲကာဖားပြီးပြောသည်။ "အခုသူ့ကိုဖမ်းမိလိုက်တယ်ဆိုတော့ ကျွန်မကိုပေးလို့ရမလား?"
ကောင်မလေးလက်ထဲရောက်တော့မယ်ဆိုတာကျိနင်းသူ့ရဲ့သိက္ခာတွေကိုလွှင့်ပစ်လိုက်သည်။ရင်ချွမ်းချုံရဲ့အင်္ကျီစကိုခြေထောက်လေးချောင်းနဲ့အတင်းအကြပ်ကုပ်တွယ်ထားမိသည်။သူ့ရဲ့မျက်လုံးထဲမှာအသနားခံသည့်အကြည့်တွေနဲ့ပြည့်နေကာယွင်သောင့်လက်ထဲမထည့်လိုက်ဖို့တောင်းပန်နေသည်။
သားရဲလေး၏မျက်လုံးတွေဟာမဟူရာကျောက်တုံးလေးနှစ်လုံးလိုနက်မှောင်ကာဝိုင်းစက်နေသည်။သူ့ရဲ့ကိုယ်သေးသေးလေးကတုန်ရင်နေပြီးအမြီးလေးကရှေ့နောက်ယမ်းနေကာသူ့ရဲ့လက်ဖမိုးကိုပွတ်တိုက်နေတာကြောင့်မသိရင်အရှက်မရှိဆွဲဆောင်နေသလိုပင်။
"..."
ငွေရောင်ဆံနွယ်နဲ့လူရဲ့လှုပ်ရှားမှုတွေဟာငြိမ်သက်သွားသည်။
အကြောင်းပြချက်အချို့ကြောင့်သူ့ရဲ့မှတ်ဥာဏ်တွေထဲကလူငယ်လေးကိုသတိရစေသည်။သူဟာစိတ်အားထက်သန်ပြီးလှလည်းလှသည်။အခြားသူတွေရှေ့၌မောက်မာတတ်ပေမဲ့သူ့ရှေ့မှာဆိုရင်တော့နူးညံ့တဲ့ဘက်ခြမ်းလေးကိုချပြတတ်သည်။
—----------------------------------------------------------------------------------------------------------------------------
"မင်းကငါနဲ့စေ့စပ်ထားတဲ့သူ..."
လူငယ်လေးကမျိုးနွယ်စုတွေကြားမှာကျင်းပတဲ့ပြိုင်ပွဲ၌အနိုင်ရခဲ့ပြီးသူ့မိတ်ဆွေ၊မိသားစုနဲ့အတူညဥ့်နက်အထိအောင်ပွဲခံနေတာဖြစ်သည်။ထို့နောက်ရင်ချွမ်းချုံရဲ့အခန်းထဲဝင်လာပြီးအင်္ကျိစကိုဆွဲကာကုတင်ပေါ်မှာဖိထားသည်။
ကောင်လေးကမူးနေကာမျက်နှာလေးရဲနေပြီးမျက်လုံးလေးတွေကလည်းအနည်းငယ်ရဲကာစိုစွတ်နေသည်။သူကမောက်မာစွာပြောနေပြီးသူ့နဲ့စေ့စပ်ထားတဲ့သူကိုသင်ခန်းစာတစ်ခုပေးတော့မလိုဟန်ဆောင်နေပေမဲ့သူ့ရဲ့စကားတွေကဘာအားအင်မှရှိမနေတာကိုသတိပြုမိပုံမရပေ။ရင်ချွမ်းချုံသူ့ကိုအကြည့်ပြင်းပြင်းတွေနဲ့ကြည့်နေမိသည်။
သူကပြတင်းပေါက်နားမှာထိုင်နေပေမဲ့အရက်ရှိန်ကြောင့်ရင်ချွမ်းချုံရဲ့ကိုယ်ပေါ်ပြုတ်ကျသွားသည်။မျက်လုံးလှလှလေးတွေဟာမှေးထားပြီးနားထဲကိုတိုးတိုးလေးပြောလာသည်။
"ငါသတိမထားမိဘူးများထင်နေလား? တခြားမိသားစုကကောင်မလေးနဲ့စကားတွေပြောပြီးရယ်မောနေတာကို"
"အဲ့ဒါကငါ့အဒေါ်ရဲ့သမီး ငါ့ဝမ်းကွဲပါ ငယ်ငယ်လေးထဲကရင်းနှီးခဲ့တာ" ရင်ချွမ်းချုံကသူ့လက်ကိုမြှောက်ကာကောင်လေးရဲ့ဆံပင်တွေကိုပွတ်ပေးရင်းရယ်ပြီးတိုးတိုးပြောသည် "အဲ့ကလေးမလေးကငါးနှစ်ပဲရှိသေးတာကိုထည့်မပြောနဲ့ဦး..."
"ငါဂရုမစိုက်ဘူး"
ကောင်လေးကထဖို့ကြိုးစားပေမဲ့သူ့ကိုယ်သူမ မနိုင်တာကြောင့်ရင်ချွမ်းချုံပေါ်ကိုပဲဆက်မှီထားရသည်။သူကဂရုမစိုက်သလိုတည်တည်ငြိမ်ငြိမ်နဲ့ပြောနေပေမဲ့ရှက်နေတာလေးကိုမဖုံးကွယ်နိုင်ဘဲကလေးလေးလိုဆူအောင့်အောင့်ပြောလာသည်။
"မင်းကငါနဲ့စေ့စပ်ထားတာကြောင့်ငါ့ကိုပဲဂရုစိုက်ပြီးကျန်တဲ့သူတွေကိုလျစ်လျူရှုထားရမယ်..."
တခြားသူတွေကိုလေ့ကျင့်ပေးနေချိန်မှာသူဟာစည်းကမ်းတင်းကြပ်တတ်ပေမဲ့ကုတင်ပေါ်မှာသူနဲ့စေ့စပ်ထားသူရှေ့မှာတော့အလိုလိုက်ခံထားရတဲ့ကလေးလေးလိုပြုမူနေသည်။
ရင်ချွမ်းချုံကအသံတိုးတိုးနဲ့ရယ်လိုက်သည်။ကောင်လေးကသူ့ရယ်သံကြောင့်စိတ်အနှောင့်အယှက်ဖြစ်သွားပြီးမျက်စောင်းထိုးသည်။ဒါပေမဲ့နောက်တစ်စက္ကန့်မှာရင်ချွမ်းချုံကကောင်လေးရဲ့နှုတ်ခမ်းတွေကိုညင်သာစွာနမ်းလိုက်သည်။
"ဒါပေါ့မင်းတစ်ယောက်ထဲကိုပဲဂရုစိုက်တာပါ..."
ရင်ချွမ်းချုံကထထိုင်လိုက်ပြီးကောင်လေးကိုဖက်ကာနားထဲကိုတိုးတိုးလေးကပ်ပြောလိုက်သည်။
"ရှေင်းရှောင်းကလွဲရင်ဘယ်သူကမှကိုယ့်မျက်စိထဲမဝင်ဘူး"
Zawgyi
ရင္ခြၽမ္းခ်ဳံရဲ႕လက္ေမာင္းထဲကိုဘယ္လိုခုန္ဝင္မိသြားတာလဲ...
ေငြေရာင္ဆံႏြယ္ေတြနဲ႔လူရဲ႕မ်က္လုံးေတြနဲ႔ဆုံသြားခ်ိန္မွာက်ိနင္းစိတ္လႈပ္ရွားသြားသည္။ရင္ခြၽမ္းခ်ဳံရဲ႕စ႐ိုက္ကနက္ေမွာင္ၿပီးမခန႔္မွန္းႏိုင္ေသာေခ်ာက္နက္ႀကီးလိုပါပဲ။သူ႔အနားကပ္လာသည့္သူမ်ား၏ဝိဥာဥ္ထဲထိထြင္းေဖာက္ျမင္ႏိုင္သကဲ့သို႔သူ၏မ်က္လုံးမ်ားကဖေယာင္းတိုင္မီးလိုေတာက္ပေနၾကရာတဖက္လူအားေၾကာက္လန႔္ေစသည္။
ရင္ခြၽမ္းခ်ဳံသည္လက္ေမာင္းထဲကက်ိနင္းကိုမ်က္ေတာင္မခတ္ဘဲၾကည့္ေနသည္။သူ၏ဗလာအမူအရာကေတာ့မေျပာင္းလဲသြားေပ။
သူက်ိနင္းကိုမ်ားမွတ္မိသြားႏိုင္လား...
က်ိနင္း၏အၿမီးဖ်ားေလးတုန္ရင္သြားၿပီးသူ႔ေခါင္းေလးကိုအၿမီးထဲျမႇပ္ထားလိုက္မိသည္။ရင္ခြၽမ္းခ်ဳံသူ႔ကိုမွတ္မိသြားမွာစိုးလို႔မ်က္ႏွာကိုဖြက္ထားလိုက္မိေပမဲ့သူ႔ပုံစံကတိရစာၦန္ေသးေသးေလးကလူကိုေၾကာက္ေနသည့္ပုံေပၚေနသည္။
ရင္ခြၽမ္းခ်ဳံသူ႔ကိုမွတ္မိသြားစရာအေၾကာင္းေတာ့မရွိပါဘူး။႐ြမ္းဟြမ္ဝတၳဳထဲကဒီကမာၻက'Devil Saint' ထဲမွာပါဝင္ၿပီးေသၿပီးေနာက္ျပန္လည္ရွင္သန္ေအာင္လုပ္မရဘူးလို႔သိထားၾကသည္။
က်င့္ႀကံမႈအဆင့္ျမင့္ေလသက္တမ္းပိုရွည္ေလျဖစ္သည္။အျမင့္ဆုံးအဆင့္၌အမတနတ္ဘုရားမ်ားနီးနီးျဖစ္ႏိုင္ၿပီးသူတို႔၏တည္ရွိမႈကိုဆက္ရန္ပစၥည္းမ်ားလည္းမ်ိဳးစုံရွိသည္။သို႔ေသာ္တစ္ခါေသဆုံးၿပီးလွ်င္သူတို႔၏ဝိဥာဥ္ကဤကမာၻမွအၿပီးတိုင္ေပ်ာက္ကြယ္သြားမည္ျဖစ္သည္။ျပန္လည္ဝင္စားျခင္း၊ျပန္လည္ရွင္သန္ျခင္းမ်ားကမျဖစ္ႏိုင္ေပ။
ထို႔ေၾကာင့္ဤကမာၻမွက်င့္ႀကံသူမ်ားကေသဆုံးၿပီးေနာက္ျပန္လည္ရွင္သန္ျခင္းကိုဂ႐ုမထားဘဲသက္တမ္းရွည္ၾကာေစေသာက်င့္စဥ္ကိုသာ႐ူးသြပ္စြာက်င့္ႀကံၾကသည္။မူရင္းဝတၳဳထဲ၌ရင္ခြၽမ္းခ်ဳံ၏ဆရာအသတ္ခံလိုက္ရေသာေၾကာင့္သူသည္နတ္ဆိုးလမ္းစဥ္ထဲက်ေရာက္ခဲ့ရသည္။ႏွစ္မ်ားစြာၾကာၿပီးေနာက္သူ၏ဆရာေသဆုံးမႈအတြက္တာဝန္ရွိေသာမိသားစု၁၂စုအားသတ္ျဖတ္ခဲ့သည္။သို႔ေသာ္ကလဲ့စားေခ်ရန္သတ္ျဖတ္ခဲ့ၿပီးေနာက္သူ႔ဆရာ၏ဝိဥာဥ္ကိုျပန္လည္ရွင္သန္လာေစရန္မႀကိဳးစားခဲ့ေပ။စဥ္းစားၾကည့္လွ်င္မူရင္းဝတၳဳထဲ၌ရင္ခြၽမ္းခ်ဳံဟာလည္းျပန္လည္ရွင္သန္ျခင္းကိုမယုံၾကည္ခဲ့ေပ။
သို႔ေသာ္လက္ရွိရင္ခြၽမ္းခ်ဳံကေတာ့သူ႔ဝိဥာဥ္ကိုျပန္လည္ရွင္သန္လာေစရန္မိသားစု၁၂ရဲ႕ေသြးေတြကိုစေတးခဲ့သည္။ရင္ခြၽမ္းခ်ဳံကအလုပ္ျဖစ္မျဖစ္တကယ္ယုံၾကည္ေနရဲ႕လားဆိုတာက်ိနင္းမေသခ်ာေပ...
က်ိနင္းေတြေဝေနသည္။ဤကမာၻမွထြက္သြားၿပီးေနာက္ရင္ခြၽမ္းခ်ဳံကအခြင့္အေရးနည္းနည္းပဲရွိသည့္ဝိဥာဥ္တည္ေဆာက္ေရးကိုသူ႔အတြက္ႀကိဳးစားေနလိမ့္မယ္လို႔မေတြးထားခဲ့ေပ။ထို႔အျပင္မူရင္းဝတၳဳထဲ၌ရင္ခြၽမ္းခ်ဳံရဲ႕ဆံပင္ကေငြေရာင္ေျပာင္းသြားတာမ်ိဳးမရွိခဲ့ပါ။ဘာေၾကာင့္ေျပာင္းသြားမွန္းလည္းက်ိနင္းနားမလည္ေပ။ဝိဥာဥ္ေခၚေဆာင္ျခင္းနဲ႔မ်ားပတ္သတ္ေနမလား...
သံသယေတြရွိေနေပမဲ့ဝိဥာဥ္ေခၚေဆာင္ျခင္းကေအာင္ျမင္ႏိုင္ေခ်နည္းတာမို႔မွတ္မိသြားမွာမဟုတ္တာေသခ်ာသည္။ထို႔အျပင္ေသြးပူေဇာ္ေနခ်ိန္အတြင္း၌မေတာ္တဆျပန္လည္ရွင္သန္လာသည့္အျခားမေကာင္းဆိုးဝါးမ်ားကိုလည္းေတြ႕ခဲ့တာမို႔သူဂူထဲမွာေပၚလာတာကလည္းသိပ္သံသယဝင္စရာမရွိေတာ့ေပ။
ထို႔ေၾကာင့္ဒီကမာၻႏွင့္ပတ္သတ္ၿပီးစိတ္ပူေနစရာမလိုေပ။တစ္ခါျပန္သြားၿပီးလွ်င္ေနာက္ထပ္မေရာက္လာေလာက္ေတာ့ဘူး...
သူ႔ရဲ႕တြက္ခ်က္မႈေတြအၿပီးမွာေတာ့က်ိနင္းရင္ခြၽမ္းခ်ဳံရဲ႕လက္ေမာင္းထဲကေခါင္းေလးထုတ္လိုက္ၿပီးစားပြဲေပၚကိုျပန္သြားခ်င္ေနသည္။လက္ရွိရင္ခြၽမ္းခ်ဳံကတိတ္ဆိတ္ၿပီးႏူးညံ့တဲ့ေကာင္ေလးမဟုတ္ေတာ့ဘဲျပင္းထန္တဲ့စိတ္ေနစိတ္ထားရွိေသာနတ္ဆိုးဘုရင္တစ္ပါးျဖစ္သည္။ရင္ခြၽမ္းခ်ဳံကအခ်ိန္မေ႐ြးသူ႔ကိုသတ္လိုက္ႏိုင္သည္။
ဒါေပမဲ့ယြင္ေသာင့္ရဲ႕စ႐ိုက္ကအဲ့ေလာက္အ႐ိုင္းဆန္မယ္လို႔ဘယ္သူကထင္ထားမွာလဲ။သူမကစားပြဲေပၚကေပ႐ြက္လိပ္ေတြကိုၾကမ္းျပင္ေပၚပစ္ခ်လိုက္ၿပီးစားပြဲေပၚကိုေပါ့ေပါ့ပါးပါးတက္လာသည္။သူမကဒူးတဝက္ေထာက္ကာရင္ခြၽမ္းခ်ဳံလက္ထဲကသားေပါက္ေလးကိုတည့္တည့္ၾကည့္ရင္းေျပာသည္။
"အခုမင္းဘယ္ေျပးမလဲၾကည့္ရေအာင္"
ေသၿပီ ေထာက္ေခ်ာက္ထဲပိတ္မိသြားၿပီ။
က်ိနင္းရင္ခြၽမ္းခ်ဳံလက္ထဲက႐ုန္းဖို႔လုပ္ေနခဲ့ေပမဲ့ယြင္ေသာင့္ကိုေၾကာက္ၿပီးအထဲကိုျပန္တိုးဝင္သြားကာရင္ခြၽမ္းခ်ဳံ၏အက်ႌစကိုဆြဲထားၿပီးထြက္သြားဖို႔ျငင္းဆန္ေနသည္။
အနာဂတ္ကေသသြားခဲ့ရင္ျပန္ရွင္သန္ေအာင္လုပ္ေပးမယ္လို႔ကတိေပးထားတာေၾကာင့္ေသျခင္းထက္ပိုနာက်င္စရာေကာင္းတဲ့အရွက္ကြဲျခင္းကိုခံစားမဲ့အစားရင္ခြၽမ္းခ်ဳံလက္ထဲမွာပဲအေသခံလိုက္ေတာ့မည္။
ရင္ခြၽမ္းခ်ဳံလက္ထဲကအျဖဴေရာင္သားေပါက္ေလးဟာတုန္ယင္ေနသည္။ယြင္ေသာင့္ဘယ္ေလာက္ပဲအရွက္မရွိပါေစသြားေတာ့မဆြဲထုတ္ရဲေပ။ရင္ခြၽမ္းခ်ဳံကိုစိတ္တိုေအာင္လုပ္မိရင္ရက္အနည္းငယ္ေလာက္အက်ဥ္းခ်ခံရလိမ့္မည္။
"ခြၽမ္းခ်ဳံ..." ယြင္ေသာင့္ကသံရွည္ဆြဲကာဖားၿပီးေျပာသည္။ "အခုသူ႔ကိုဖမ္းမိလိုက္တယ္ဆိုေတာ့ ကြၽန္မကိုေပးလို႔ရမလား?"
ေကာင္မေလးလက္ထဲေရာက္ေတာ့မယ္ဆိုတာက်ိနင္းသူ႔ရဲ႕သိကၡာေတြကိုလႊင့္ပစ္လိုက္သည္။ရင္ခြၽမ္းခ်ဳံရဲ႕အက်ႌစကိုေျခေထာက္ေလးေခ်ာင္းနဲ႔အတင္းအၾကပ္ကုပ္တြယ္ထားမိသည္။သူ႔ရဲ႕မ်က္လုံးထဲမွာအသနားခံသည့္အၾကည့္ေတြနဲ႔ျပည့္ေနကာယြင္ေသာင့္လက္ထဲမထည့္လိုက္ဖို႔ေတာင္းပန္ေနသည္။
သားရဲေလး၏မ်က္လုံးေတြဟာမဟူရာေက်ာက္တုံးေလးႏွစ္လုံးလိုနက္ေမွာင္ကာဝိုင္းစက္ေနသည္။သူ႔ရဲ႕ကိုယ္ေသးေသးေလးကတုန္ရင္ေနၿပီးအၿမီးေလးကေရွ႕ေနာက္ယမ္းေနကာသူ႔ရဲ႕လက္ဖမိုးကိုပြတ္တိုက္ေနတာေၾကာင့္မသိရင္အရွက္မရွိဆြဲေဆာင္ေနသလိုပင္။
"..."
ေငြေရာင္ဆံႏြယ္နဲ႔လူရဲ႕လႈပ္ရွားမႈေတြဟာၿငိမ္သက္သြားသည္။
အေၾကာင္းျပခ်က္အခ်ိဳ႕ေၾကာင့္သူ႔ရဲ႕မွတ္ဥာဏ္ေတြထဲကလူငယ္ေလးကိုသတိရေစသည္။သူဟာစိတ္အားထက္သန္ၿပီးလွလည္းလွသည္။အျခားသူေတြေရွ႕၌ေမာက္မာတတ္ေပမဲ့သူ႔ေရွ႕မွာဆိုရင္ေတာ့ႏူးညံ့တဲ့ဘက္ျခမ္းေလးကိုခ်ျပတတ္သည္။
—----------------------------------------------------------------------------------------------------------------------------
"မင္းကငါနဲ႔ေစ့စပ္ထားတဲ့သူ..."
လူငယ္ေလးကမ်ိဳးႏြယ္စုေတြၾကားမွာက်င္းပတဲ့ၿပိဳင္ပြဲ၌အႏိုင္ရခဲ့ၿပီးသူ႔မိတ္ေဆြ၊မိသားစုနဲ႔အတူညဥ့္နက္အထိေအာင္ပြဲခံေနတာျဖစ္သည္။ထို႔ေနာက္ရင္ခြၽမ္းခ်ဳံရဲ႕အခန္းထဲဝင္လာၿပီးအက်ႋစကိုဆြဲကာကုတင္ေပၚမွာဖိထားသည္။
ေကာင္ေလးကမူးေနကာမ်က္ႏွာေလးရဲေနၿပီးမ်က္လုံးေလးေတြကလည္းအနည္းငယ္ရဲကာစိုစြတ္ေနသည္။သူကေမာက္မာစြာေျပာေနၿပီးသူ႔နဲ႔ေစ့စပ္ထားတဲ့သူကိုသင္ခန္းစာတစ္ခုေပးေတာ့မလိုဟန္ေဆာင္ေနေပမဲ့သူ႔ရဲ႕စကားေတြကဘာအားအင္မွရွိမေနတာကိုသတိျပဳမိပုံမရေပ။ရင္ခြၽမ္းခ်ဳံသူ႔ကိုအၾကည့္ျပင္းျပင္းေတြနဲ႔ၾကည့္ေနမိသည္။
သူကျပတင္းေပါက္နားမွာထိုင္ေနေပမဲ့အရက္ရွိန္ေၾကာင့္ရင္ခြၽမ္းခ်ဳံရဲ႕ကိုယ္ေပၚျပဳတ္က်သြားသည္။မ်က္လုံးလွလွေလးေတြဟာေမွးထားၿပီးနားထဲကိုတိုးတိုးေလးေျပာလာသည္။
"ငါသတိမထားမိဘူးမ်ားထင္ေနလား? တျခားမိသားစုကေကာင္မေလးနဲ႔စကားေတြေျပာၿပီးရယ္ေမာေနတာကို"
"အဲ့ဒါကငါ့အေဒၚရဲ႕သမီး ငါ့ဝမ္းကြဲပါ ငယ္ငယ္ေလးထဲကရင္းႏွီးခဲ့တာ" ရင္ခြၽမ္းခ်ဳံကသူ႔လက္ကိုေျမႇာက္ကာေကာင္ေလးရဲ႕ဆံပင္ေတြကိုပြတ္ေပးရင္းရယ္ၿပီးတိုးတိုးေျပာသည္ "အဲ့ကေလးမေလးကငါးႏွစ္ပဲရွိေသးတာကိုထည့္မေျပာနဲ႔ဦး..."
"ငါဂ႐ုမစိုက္ဘူး"
ေကာင္ေလးကထဖို႔ႀကိဳးစားေပမဲ့သူ႔ကိုယ္သူမ မႏိုင္တာေၾကာင့္ရင္ခြၽမ္းခ်ဳံေပၚကိုပဲဆက္မွီထားရသည္။သူကဂ႐ုမစိုက္သလိုတည္တည္ၿငိမ္ၿငိမ္နဲ႔ေျပာေနေပမဲ့ရွက္ေနတာေလးကိုမဖုံးကြယ္ႏိုင္ဘဲကေလးေလးလိုဆူေအာင့္ေအာင့္ေျပာလာသည္။
"မင္းကငါနဲ႔ေစ့စပ္ထားတာေၾကာင့္ငါ့ကိုပဲဂ႐ုစိုက္ၿပီးက်န္တဲ့သူေတြကိုလ်စ္လ်ဴရႈထားရမယ္..."
တျခားသူေတြကိုေလ့က်င့္ေပးေနခ်ိန္မွာသူဟာစည္းကမ္းတင္းၾကပ္တတ္ေပမဲ့ကုတင္ေပၚမွာသူနဲ႔ေစ့စပ္ထားသူေရွ႕မွာေတာ့အလိုလိုက္ခံထားရတဲ့ကေလးေလးလိုျပဳမူေနသည္။
ရင္ခြၽမ္းခ်ဳံကအသံတိုးတိုးနဲ႔ရယ္လိုက္သည္။ေကာင္ေလးကသူ႔ရယ္သံေၾကာင့္စိတ္အေႏွာင့္အယွက္ျဖစ္သြားၿပီးမ်က္ေစာင္းထိုးသည္။ဒါေပမဲ့ေနာက္တစ္စကၠန႔္မွာရင္ခြၽမ္းခ်ဳံကေကာင္ေလးရဲ႕ႏႈတ္ခမ္းေတြကိုညင္သာစြာနမ္းလိုက္သည္။
"ဒါေပါ့မင္းတစ္ေယာက္ထဲကိုပဲဂ႐ုစိုက္တာပါ..."
ရင္ခြၽမ္းခ်ဳံကထထိုင္လိုက္ၿပီးေကာင္ေလးကိုဖက္ကာနားထဲကိုတိုးတိုးေလးကပ္ေျပာလိုက္သည္။
"ေရွင္းေရွာင္းကလြဲရင္ဘယ္သူကမွကိုယ့္မ်က္စိထဲမဝင္ဘူး"