မြွေဖြူအရှင်《Complete 》

By JinGuangyao5

99.8K 4.9K 60

စားရေးသူ၏စိတ်ကူးယဥ်သက်သက်သာဖြစ်သည် အပြင်လောကနှင့်သက်ဆိုင်ခြင်းမရှိပါ Ficအတွင်းတစ်ချို့သောစာလုံးတွေကြား နေရာခြ... More

????1????
????2????
♤3♤
♧4♧
●5●
☆7☆
◇8◇
☆9☆
♡10♡
☆11☆
☆12☆
☆13☆
☆14☆
☆15☆
☆16☆
☆17☆
☆18☆
☆19☆
☆20☆
☆21☆
☆22☆
☆23☆
☆24☆
final

☆6☆

4.3K 237 3
By JinGuangyao5

အသင်္ခရာ
အောက်လမ်းဆရာလက်ကဒီလူတွေလွတ်နိုင်ဖို့မှာစရာရှိတာသေချာမှာရသည်

"အားလုံးဘဲ ဒီနေ့ကျွန်ုပ်ခွင့်ပြုချက်မရဘဲရွာပြင်မထွက်နဲ့
ရွာပတ်ပတ်လည်မှာစည်းချထားတာပေါက်သွားမယ်"

"ဒါဆိုကျုပ်တို့ဗုဒ္ဓပူဇော်ပွဲအတွက်ကရော"

"ဟုတ်တယ် ဒီလပြည့်ညကမှဗုဒ္ဓပူ​ဇော်ပွဲရဲ့အဓိကနေ့နော်"

"​မပူနဲ့ နေမဝင်ခင်ထွက်ခွင့်ရမှာပါ ပူဇော်ပွဲတွက်လိုအပ်တာတွေပြင်ဆင်ထားလို့ရတယ်"

ထိုအခါမှရွာသားတွေကငြိမ်သွားကြတယ်
သူယုံတယ် သူ့ဆေးကျွေးထားတဲ့မြွေလွတ်မြောက်သွားတာ
အောက်လမ်းဆရာသိသွားတာနဲ့ ရွာဆီသူကိုယ်တိုင်ရောက်လာမှာ
အဲ့ကျ ဒီအောက်လမ်းဆရာကိုအနာတရဖြစ်အောင်လုပ်လိုက်နိုင်ရင်ရွာသားတွေအပြင်ထွက်နိုင်ပြီ

"အားလုံးအလုပ်ပြန်သွားနိုင်ပြီ"

သူကြီးကလူခွဲခိုင်းလိုက်မှအားလုံးကိုယ့်အိမ်ကိုယ့်ယာဆီပြန်သွားကြတယ်

"ဒါနဲ့ဒီက...."

သူကြီးကမိမိအားတစ်ခုခုမေးချင်နေတာသိပေမဲ့
အသင်္ခရာလက်ဟန်ပြပြီးဟန့်တားလိုက်တယ်

"မေးချင်တာရှိရင်နောက်မှမေးပါသူကြီး အခုကျွန်ုပ်တရားထိုင်ဖို့လိုသေးတယ်"

"ကောင်းပါပြီ"
သူကြီးအလိုက်ကန်းဆိုးသိသိဖြင့်
မေးချင်တာတွေမြိုသိပ်လိုက်ရပြန်သည်
နောက်...နောက်နေ့မေးလည်းမနောက်ကျသေးပါဘူး

အဲ့ဒီနောက်မှာတော့ အသင်္ခရာတရားထိုင်ကာ
ရုပ်ခန္ဓာမှ စိတ်ဝိညာဥ်ကိုယ်ပွားအားခွာလိုက်သည်
ဒီနယ်မှာရှိသမျှမြွေတိုင်းက သူ့ကာကွယ်စောင့်ရှောက်မှုအောက်မှာရှိတယ်
ဒါကို အဲ့အောက်လမ်းဆရာကသူမသိအောင် မြွေကိုခိုင်းစားနိုင်တယ်ဆိုကတည်းက
တော်ရုံတန်ရုံပညာသည်အဆင့်မဟုတ်နိုင်ဘူး
ဒါကြောင့် သူလာရင်လည်းခန္ဓာအစစ်နဲ့လာနိုင်ချေနည်းတယ်
စိတ်ဝိညာဥ်ကိုယ်ပွားသာလာလောက်မှာ

လူတွေကိုစိတ်ဝိညာဥ်ကမြင်နိုင်ပေမဲ့
ခန္ဓာခွာထားတဲ့စိတ်ဝိညာဥ်ကိုတော့
သရဲတစ္ဆေတွေနဲ့စိတ်ဝိညာဥ်အချင်းချင်းသာမြင်နိုင်တာ
အဲ့ဒီအတွက်သူလည်းကိုယ်ပွားနဲ့သွားဖို့လိုအပ်တယ်
___________

အောက်လမ်းဆရာသာဂရဲ့စိတ်ဝိညာဥ်ကိုယ်ပွားက
ဘုရားဂူရွာထဲဝင်ဖို့ကြိုးစားပေမဲ့
ရွှေရောင်အကာအကွယ်တစ်ခုကထပ်ကာထပ်ကာတွန်းလွှတ်နေတာကြောင့်ဒေါသထွက်လာတယ်

"တောက်! ဘယ်ကောင်ကဒီရွာကိုသာသနာအလင်းနဲ့ကာကွယ်ပေးထားတာလဲ
ငါသိလို့ကတော့မင်းသေပြီသာမှတ်"
ပြောပြောဆိုနဲ့သာဂကသူအစွမ်းတွေနဲ့အကာအကွယ်ကိုဖျက်ဆီးဖို့ကြိုးစားတယ်
သို့သော်အချည်းနှီးသာ....

"ဒါကသာသနာရဲ့အလင်းဘဲ အသင်တို့ရဲ့ယုတ်ညံ့တဲ့ပညာတွေနဲ့ဘယ်လိုမှမဖျက်ဆီးနိုင်ဘူး"

အသင်္ခရာ ရွာပြင်ရောက်ရောက်ချင်းအောက်လမ်းဆရာနဲ့
တည့်တည့်တိုးမယ်မထင်ထားဘူး
အခါအခွင့်သင့်လိုက်ပါဘိ

"မင်းကဒီရွာကိုစည်းချထားတဲ့သူပေါ့လေ ဟားဟား!
ငါကမင်းကိုခက်ခက်ခဲခဲရှာဖွေပြီးသတ်ရမယ်ထင်တာ
မင်းကအသေလာခံတော့လည်းငါသက်သာတာပေါ့"

အသင်္ခရာမျက်လုံးတို့မှေးကျဥ်းလိုက်ပြီး
"အသင်ကသာကိုယ့်သေတွင်းကိုယ်တူးနေတာ ကျွန်ုပ်စောင့်ရှောက်တဲ့ဒီနယ်မှာ
ယုတ်ညံ့တဲ့အစီအရင်မျိုးလာစီရင်ရဲတယ်"

သာဂ မိမိရှေ့ကလူအားဘယ်သူဆိုတာခန့်မှန်းမိသွားတယ်
"အော် မင်းမြွေဖြူအရှင်ဆိုတာပေါ့ မင်းအကြောင်းပညာသည်မိတ်ဆွေတွေဆီကကြာဖူးပါတယ်
ဒီနယ်ကိုလာတဲ့ အောက်လမ်းပညာသည်မကလို့အထက်လမ်းပညာသည်ဆိုရင်မင်းဆီကခွင့်ပြုခွင့်တောင်းရတယ်တဲ့
ဟားဟား ငါကတော့မင်းကိုနည်းနည်းမှမကြောက်ဘူး
အခုဖမ်းပြီး မင်းကိုငါ့အစေအပါးမြွေလုပ်ပစ်မယ်"

သာဂချက်ချင်းသူစွမ်းအင်တွေကိုစုပြီး
အသင်္ခရာဆီ တွန်းပို့လိုက်တယ်

" အသင်ကျွန်ုပ်ကိုထိအောင်မပစ်နိုင်ပါဘူး"
အစောနကထိမိမိရှေ့ရှိနေသေးသူက
ချက်ချင်းသူ့နောက်ဘက်မှာပြန်ပေါ်လာတယ်

သာဂအနောက်လှည့်ပြီးအစွမ်းတွေနဲ့ထပ်ပစ်တယ်
ဒီအခါမှာတော့ မြွေဖြူကောင်ကမရှောင်တော့ဘူး
သာဂလှောင်ပြုံးပြုံးလိုက်တယ် ငါ့အစွမ်းတွေမြည်းကြည့်လိုက်စမ်း!!

မိမိနိုင်ပြီဟု အပိုင်တွက်လိုက်သော်လည်း သူ့အစွမ်းတွေက
မြွေဖြူကောင်ရဲ့လက်ဝှေ့လိုက်တာနဲ့တင်ပျောက်သွားမယ်လို့ဘယ်သူထင်မှာလဲ

သာဂအချိန်မဆိုင်းဘဲ သူ့အစွမ်းတွေကိုပြန်ထပ်စုဖို့လုပ်လိုက်ချိန်
အသင်္ခရာရဲ့အောက်ပိုင်းက မြွေအမြှီးအဖြစ်ပြောင်းသွားပြီး
သူ့ ရုပ်ခန္ဓာဆီပြန်ရောက်သွားတဲ့အထိအမြှီးနဲ့အရိုက်ခံလိုက်ရတယ်

"ဗွက်! အဟွတ်!"

သာဂအန်ထွက်လာတဲ့သွေးတွေကိုကြည့်ပြီးတောက်ခေါက်လိုက်ကာ
"တောက်! တော်တော်ကိုအစွမ်းထက်နေတယ်ပေါ့! တစ်နေ့မင်းငါ့အစေအပါးဖြစ်လာစေရမယ်" ဟုကြိမ်းဝါးတော့သည်

အောက်လမ်းဆရာရဲ့စိတ်ဝိညာဥ်ပျောက်သွားတာဟာ
မူလရုပ်ခန္ဓာဆီ ပြန်ရောက်သွားတာမှန်းအသင်္ခရာသိတယ်
ဒီအောက်လမ်းဆရာဒဏ်ရာပြင်းပြင်းထန်ထန်လည်းရသွားတာမို့
ရွာသားတွေကို လတ်တလောတော့ ဒုက္ခပေးနိုင်မှာမဟုတ်တော့ဘူး

အသင်္ခရာသူ့စိတ်ဝိညာဥ်ကိုရုပ်ခန္ဓာဆီပြန်ဝင်လိုက်တယ်
ပြီးတော့ တရားထိုင်နေရာမှထပြီး သူကြီးတို့အား
"ရွာသားတွေအပြင်ထွက်လို့ရပြီ ဗုဒ္ဓပူဇော်ပွဲအတွက်လည်းပူစရာမရှိတော့ဘူး" ဟုအသိပေးလိုက်တယ်"

သူကြီးရဲ့မျက်နှာဟာပြုံးရွှင်လာပြီးတက်တက်ကြွကြွဖြင့်
"ကျုပ်တို့ဗုဒ္ဓပူဇော်ပွဲအတွက်ပြင်ဆင်စရာရှိတာသွားပြင်ဆင်လိုက်ဦးမယ် ဒီကကျေးဇူးရှင်လေးအနားယူလိုက်ပါဦး" ဟုပြောကာအိမ်ပေါ်ကဆင်းသွားတယ်

သူကြီးအိမ်ပေါ်ကဆင်းသွားပြီးတော့
အခြေအနေအရပ်ရပ်အားလေ့လာသုံးသပ်နေတဲ့ဝဏ္ဏတို့ကအနားတိုးကပ်လာပြီး

"ကျွန်တော်တို့ကိုမှတ်မိလား"

"အင်းမှတ်မိတယ်ဘာမေးစရာရှိလို့လဲ"

"ဟို....ကျေးဇူးရှင်နာမည်ကိုမေးချင်လို့ပါ"

ဗညားနဲ့သူရိယ ဒီလူကိုအတော်​လေးစိတ်ဝင်စားနေတာဖြစ်သည်
ဒီလူကရုတ်တရက်ပေါ်လာပြီးရုတ်တရက်ပျောက်ပျောက်သွားတာလေ

"ကျွန်ုပ်နာမည်ကအသင်္ခရာ"

"အသင်္ခရာ..."
ဝဏ္ဏထိုနာမည်ကို တိုးဖွဖွပြန်ရွတ်ကြည့်လိုက်တယ်
ဒီ..ဒီနာမည်ကို သူ့အိပ်မက်ထဲမှာအမြဲကြားနေကြလေ....
ဒါကြောင့်သူထိန်းမနိုင်ဘဲ မေးပြီးသားမေးခွန်းကိုထပ်မေးလိုက်တယ်

"တောထဲမှာစတွေ့တဲ့အချိန်ထက်စောပြီးကျွန်တော်တို့တွေ့ဖူးလား"
ဒီတစ်ခါမှာတော့အဖြေကပြောင်းသွားတယ်
"အသင်ကိုယ်တိုင်အဖြေရှာပါ " တဲ့လေ

Zawgi
အသခၤရာ
ေအာက္လမ္းဆရာလက္ကဒီလူေတြလြတ္ႏိုင္ဖို႔မွာစရာရွိတာေသခ်ာမွာရသည္

"အားလုံးဘဲ ဒီေန႔ကြၽႏ္ုပ္ခြင့္ျပဳခ်က္မရဘဲရြာျပင္မထြက္နဲ႔
ရြာပတ္ပတ္လည္မွာစည္းခ်ထားတာေပါက္သြားမယ္"

"ဒါဆိုက်ဳပ္တို႔ဗုဒၶပူေဇာ္ပြဲအတြက္ကေရာ"

"ဟုတ္တယ္ ဒီလျပည့္ညကမွဗုဒၶပူ​ေဇာ္ပြဲရဲ႕အဓိကေန႔ေနာ္"

"​မပူနဲ႔ ေနမဝင္ခင္ထြက္ခြင့္ရမွာပါ ပူေဇာ္ပြဲတြက္လိုအပ္တာေတြျပင္ဆင္ထားလို႔ရတယ္"

ထိုအခါမွရြာသားေတြကၿငိမ္သြားၾကတယ္
သူယုံတယ္ သူ့ေဆးေကြၽးထားတဲ့ေႁမြလြတ္ေျမာက္သြားတာ
ေအာက္လမ္းဆရာသိသြားတာနဲ႔ ရြာဆီသူကိုယ္တိုင္ေရာက္လာမွာ
အဲ့က် ဒီေအာက္လမ္းဆရာကိုအနာတရျဖစ္ေအာင္လုပ္လိုက္ႏိုင္ရင္ရြာသားေတြအျပင္ထြက္ႏိုင္ၿပီ

"အားလုံးအလုပ္ျပန္သြားႏိုင္ၿပီ"

သူႀကီးကလူခြဲခိုင္းလိုက္မွအားလုံးကိုယ့္အိမ္ကိုယ့္ယာဆီျပန္သြားၾကတယ္

"ဒါနဲ႔ဒီက...."

သူႀကီးကမိမိအားတစ္ခုခုေမးခ်င္ေနတာသိေပမဲ့
အသခၤရာလက္ဟန္ျပၿပီးဟန္႔တားလိုက္တယ္

"ေမးခ်င္တာရွိရင္ေနာက္မွေမးပါသူႀကီး အခုကြၽႏ္ုပ္တရားထိုင္ဖို႔လိုေသးတယ္"

"ေကာင္းပါၿပီ"
သူႀကီးအလိုက္ကန္းဆိုးသိသိျဖင့္
ေမးခ်င္တာေတြၿမိဳသိပ္လိုက္ရျပန္သည္
ေနာက္...ေနာက္ေန႔ေမးလည္းမေနာက္က်ေသးပါဘူး

အဲ့ဒီေနာက္မွာေတာ့ အသခၤရာတရားထိုင္ကာ
႐ုပ္ခႏၶာမွ စိတ္ဝိညာဥ္ကိုယ္ပြားအားခြာလိုက္သည္
ဒီနယ္မွာရွိသမွ်ေႁမြတိုင္းက သူ့ကာကြယ္ေစာင့္ေရွာက္မႈေအာက္မွာရွိတယ္
ဒါကို အဲ့ေအာက္လမ္းဆရာကသူမသိေအာင္ ေႁမြကိုခိုင္းစားႏိုင္တယ္ဆိုကတည္းက
ေတာ္႐ုံတန္႐ုံပညာသည္အဆင့္မဟုတ္ႏိုင္ဘူး
ဒါေၾကာင့္ သူလာရင္လည္းခႏၶာအစစ္နဲ႔လာႏိုင္ေခ်နည္းတယ္
စိတ္ဝိညာဥ္ကိုယ္ပြားသာလာေလာက္မွာ

လူေတြကိုစိတ္ဝိညာဥ္ကျမင္ႏိုင္ေပမဲ့
ခႏၶာခြာထားတဲ့စိတ္ဝိညာဥ္ကိုေတာ့
သရဲတေစၧေတြနဲ႔စိတ္ဝိညာဥ္အခ်င္းခ်င္းသာျမင္ႏိုင္တာ
အဲ့ဒီအတြက္သူလည္းကိုယ္ပြားနဲ႔သြားဖို႔လိုအပ္တယ္
___________

ေအာက္လမ္းဆရာသာဂရဲ႕စိတ္ဝိညာဥ္ကိုယ္ပြားက
ဘုရားဂူရြာထဲဝင္ဖို႔ႀကိဳးစားေပမဲ့
ေရႊေရာင္အကာအကြယ္တစ္ခုကထပ္ကာထပ္ကာတြန္းလႊတ္ေနတာေၾကာင့္ေဒါသထြက္လာတယ္

"ေတာက္! ဘယ္ေကာင္ကဒီရြာကိုသာသနာအလင္းနဲ႔ကာကြယ္ေပးထားတာလဲ
ငါသိလို႔ကေတာ့မင္းေသၿပီသာမွတ္"
ေျပာေျပာဆိုနဲ႔သာဂကသူအစြမ္းေတြနဲ႔အကာအကြယ္ကိုဖ်က္ဆီးဖို႔ႀကိဳးစားတယ္
သို႔ေသာ္အခ်ည္းႏွီးသာ....

"ဒါကသာသနာရဲ႕အလင္းဘဲ အသင္တို႔ရဲ႕ယုတ္ညံ့တဲ့ပညာေတြနဲ႔ဘယ္လိုမွမဖ်က္ဆီးႏိုင္ဘူး"

အသခၤရာ ရြာျပင္ေရာက္ေရာက္ခ်င္းေအာက္လမ္းဆရာနဲ႔
တည့္တည့္တိုးမယ္မထင္ထားဘူး
အခါအခြင့္သင့္လိုက္ပါဘိ

"မင္းကဒီရြာကိုစည္းခ်ထားတဲ့သူေပါ႔ေလ ဟားဟား!
ငါကမင္းကိုခက္ခက္ခဲခဲရွာေဖြၿပီးသတ္ရမယ္ထင္တာ
မင္းကအေသလာခံေတာ့လည္းငါသက္သာတာေပါ႔"

အသခၤရာမ်က္လုံးတို႔ေမွးက်ဥ္းလိုက္ၿပီး
"အသင္ကသာကိုယ့္ေသတြင္းကိုယ္တူးေနတာ ကြၽႏ္ုပ္ေစာင့္ေရွာက္တဲ့ဒီနယ္မွာ
ယုတ္ညံ့တဲ့အစီအရင္မ်ိဳးလာစီရင္ရဲတယ္"

သာဂ မိမိေရွ႕ကလူအားဘယ္သူဆိုတာခန္႔မွန္းမိသြားတယ္
"ေအာ္ မင္းေႁမြျဖဴအရွင္ဆိုတာေပါ႔ မင္းအေၾကာင္းပညာသည္မိတ္ေဆြေတြဆီကၾကာဖူးပါတယ္
ဒီနယ္ကိုလာတဲ့ ေအာက္လမ္းပညာသည္မကလို႔အထက္လမ္းပညာသည္ဆိုရင္မင္းဆီကခြင့္ျပဳခြင့္ေတာင္းရတယ္တဲ့
ဟားဟား ငါကေတာ့မင္းကိုနည္းနည္းမွမေၾကာက္ဘူး
အခုဖမ္းၿပီး မင္းကိုငါ႔အေစအပါးေႁမြလုပ္ပစ္မယ္"

သာဂခ်က္ခ်င္းသူစြမ္းအင္ေတြကိုစုၿပီး
အသခၤရာဆီ တြန္းပို႔လိုက္တယ္

" အသက္ြၽန္ႏုပ္ကိုထိေအာင္မပစ္ႏိုင္ပါဘူး"
အေစာနကထိမိမိေရွ႕ရွိေနေသးသူက
ခ်က္ခ်င္းသူ့ေနာက္ဘက္မွာျပန္ေပၚလာတယ္

သာဂအေနာက္လွည့္ၿပီးအစြမ္းေတြနဲ႔ထပ္ပစ္တယ္
ဒီအခါမွာေတာ့ ေႁမြျဖဴေကာင္ကမေရွာင္ေတာ့ဘူး
သာဂေလွာင္ၿပဳံးၿပဳံးလိုက္တယ္ ငါ႔အစြမ္းေတြျမည္းၾကည့္လိုက္စမ္း!!

မိမိႏိုင္ၿပီဟု အပိုင္တြက္လိုက္ေသာ္လည္း သူ့အစြမ္းေတြက
ေႁမြျဖဴေကာင္ရဲ႕လက္ေဝွ႔လိုက္တာနဲ႔တင္ေပ်ာက္သြားမယ္လို႔ဘယ္သူထင္မွာလဲ

သာဂအခ်ိန္မဆိုင္းဘဲ သူ့အစြမ္းေတြကိုျပန္ထပ္စုဖို႔လုပ္လိုက္ခ်ိန္
အသခၤရာရဲ႕ေအာက္ပိုင္းက ေႁမြအၿမႇီးအျဖစ္ေျပာင္းသြားၿပီး
သူ့ ႐ုပ္ခႏၶာဆီျပန္ေရာက္သြားတဲ့အထိအၿမႇီးနဲ႔အ႐ိုက္ခံလိုက္ရတယ္

"ဗြက္! အဟြတ္!"

သာဂအန္ထြက္လာတဲ့ေသြးေတြကိုၾကည့္ၿပီးေတာက္ေခါက္လိုက္ကာ
"ေတာက္! ေတာ္ေတာ္ကိုအစြမ္းထက္ေနတယ္ေပါ႔! တစ္ေန႔မင္းငါ႔အေစအပါးျဖစ္လာေစရမယ္" ဟုႀကိမ္းဝါးေတာ့သည္

ေအာက္လမ္းဆရာရဲ႕စိတ္ဝိညာဥ္ေပ်ာက္သြားတာဟာ
မူလ႐ုပ္ခႏၶာဆီ ျပန္ေရာက္သြားတာမွန္းအသခၤရာသိတယ္
ဒီေအာက္လမ္းဆရာဒဏ္ရာျပင္းျပင္းထန္ထန္လည္းရသြားတာမို႔
ရြာသားေတြကို လတ္တေလာေတာ့ ဒုကၡေပးႏိုင္မွာမဟုတ္ေတာ့ဘူး

အသခၤရာသူ့စိတ္ဝိညာဥ္ကို႐ုပ္ခႏၶာဆီျပန္ဝင္လိုက္တယ္
ၿပီးေတာ့ တရားထိုင္ေနရာမွထၿပီး သူႀကီးတို႔အား
"ရြာသားေတြအျပင္ထြက္လို႔ရၿပီ ဗုဒၶပူေဇာ္ပြဲအတြက္လည္းပူစရာမရွိေတာ့ဘူး" ဟုအသိေပးလိုက္တယ္"

သူႀကီးရဲ႕မ်က္ႏွာဟာၿပဳံးရႊင္လာၿပီးတက္တက္ႂကြႂကြျဖင့္
"က်ဳပ္တို႔ဗုဒၶပူေဇာ္ပြဲအတြက္ျပင္ဆင္စရာရွိတာသြားျပင္ဆင္လိုက္ဦးမယ္ ဒီကေက်းဇူးရွင္ေလးအနားယူလိုက္ပါဦး" ဟုေျပာကာအိမ္ေပၚကဆင္းသြားတယ္

သူႀကီးအိမ္ေပၚကဆင္းသြားၿပီးေတာ့
အေျခအေနအရပ္ရပ္အားေလ့လာသုံးသပ္ေနတဲ့ဝဏၰတို႔ကအနားတိုးကပ္လာၿပီး

"ကြၽန္ေတာ္တို႔ကိုမွတ္မိလား"

"အင္းမွတ္မိတယ္ဘာေမးစရာရွိလို႔လဲ"

"ဟို....ေက်းဇူးရွင္နာမည္ကိုေမးခ်င္လို႔ပါ"

ဗညားနဲ႔သူရိယ ဒီလူကိုအေတာ္​ေလးစိတ္ဝင္စားေနတာျဖစ္သည္
ဒီလူက႐ုတ္တရက္ေပၚလာၿပီး႐ုတ္တရက္ေပ်ာက္ေပ်ာက္သြားတာေလ

"ကြၽႏ္ုပ္နာမည္ကအသခၤရာ"

"အသခၤရာ..."
ဝဏၰထိုနာမည္ကို တိုးဖြဖြျပန္ရြတ္ၾကည့္လိုက္တယ္
ဒီ..ဒီနာမည္ကို သူ့အိပ္မက္ထဲမွာအၿမဲၾကားေနၾကေလ....
ဒါေၾကာင့္သူထိန္းမႏိုင္ဘဲ ေမးၿပီးသားေမးခြန္းကိုထပ္ေမးလိုက္တယ္

"ေတာထဲမွာစေတြ႕တဲ့အခ်ိန္ထက္ေစာၿပီးကြၽန္ေတာ္တို႔ေတြ႕ဖူးလား"
ဒီတစ္ခါမွာေတာ့အေျဖကေျပာင္းသြားတယ္
"အသင္ကိုယ္တိုင္အေျဖရွာပါ " တဲ့ေလ

Continue Reading

You'll Also Like

2.7M 157K 49
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
1.3M 67.2K 59
𝐒𝐜𝐞𝐧𝐭 𝐨𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...
1.4M 34.7K 47
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
418K 12.6K 37
The Sokolov brothers are everything most girls want. Intimidating, tall, broody, they are everything to lust after. Not that they... particularly car...