အခန်း ၁၆၉
အဓိကခန်းမထဲတွင် တော်ဝင်မင်းသမီးနှင့် လျိုဟွားတို့က ထွက်မသွားကြသေးချေ။ သူတို့က မယ်တော်ကြီးနှင့် စကားပြောနေပြီး သခင်မကြီးလုကို လျစ်လျူရှု့ထားသည်။ မယ်တော်ကြီးကသာ တော်ဝင်မင်းသမီး၏ စိတ်ရင်းကို သတိမထားမိဟန်ဖြင့် သခင်မကြီးလုကို ကိုယ်တိုင်ကိုယ်ကျ စတင်ကာ စကားမကြာခဏ ပြောပေးနေခဲ့သည်။ သို့ရာတွင် တော်ဝင်မင်းသမီး၏ နှလုံးသားကမူ အချိန်တိုင်းလိုလို ပို၍မကျေမနပ် ဖြစ်လာရသည်။ ထို့ကြောင့် သူမက စတင်ပြီး ဒေါသအပြည့်နှင့် ပြောလိုက်သည်။
"သခင်မကြီးလုက တကယ်ကံကောင်းတာပဲ။ မြေးမတွေကို ပျိုးထောင်ဖို့ လွယ်မဲ့ပုံမရှိဘူး။ ဝမ်ဖေးပဲဖြစ်ဖြစ် လုယောင်ယောင်ပဲဖြစ်ဖြစ် နှစ်ယောက်လုံးက တကယ်ကို ကံကြမ္မာကောင်းရအောင် ကြိုးစားနိုင်ကြတယ်။ သခင်မကြီးလုက ကောင်းကောင်း ပျိုးထောင်နိုင်ခဲ့တဲ့ပုံပါပဲ"
တော်ဝင်မင်းသမီးက နှာခေါင်းရှုံ့သည်။ သူမ၏ မျက်နှာဟာလည်း မည်းမှောင်သထက် မည်းမှောင်လာပြန်သည်။
"တို့တွေရဲ့ မိသားစုက သခင်မလေးတွေ အားလုံးက ဘယ်အချိန်ကများ အချစ်သည်းလျာကလန်က သမီးပျိုတွေနဲ့ နှိုင်းယှဉ်နိုင်မှာတဲ့လဲ။ ဒီတိုင်း ဒီအဘွားကြီးရဲ့ မြေးမတွေက အခြားသူတွေထက် နည်းနည်းပိုပြီး ကြိုးစားကြရတာပါ။ အထူးသဖြင့် သူတို့ရဲ့ ပညာရေးမှာပဲ။ သူတို့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ ပါရမီက သူတို့ကို ဖိနှိပ်တဲ့ လူတွေဆီကနေ ကာကွယ်ပေးနိုင်ခဲ့တယ်"
ပေါက်ကရတွေ။
လျိုဟွားက စိတ်ထဲတွင် အော်ဟစ်နေသည်။
လုယောင်ယောင်က အမျိုးသမီးအကယ်ဒမီကို ဝင်ခွင့်ရအောင် တစ်ခုခု လုပ်ခဲ့တာပဲဖြစ်မယ်။
မင်းသမီးလျိုဟွားက လုယောင်ယောင်၏ မျက်နှာကို ဖြတ်ရိုက်ချင်သည်။ သူမအတွက်ကြောင့် လျိုဟွားအနေနှင့် အရှက်ခွဲခံခဲ့ရသည်။ ထိုအတွက်ကြောင့်သာ မကလေဘဲ သူမ၏ ဂုဏ်သိက္ခာကိုလည်း ဆုံးရှုံးခဲ့ရသည်။
အခြားတစ်ဖက်တွင် တော်ဝင်မင်းသမီးက သူမ၏နှလုံးသားကို အထိုးခွဲခံနေရသလို ခံစားနေရသည်။ သခင်မကြီးလုဟာ အကယ်ဒမီ စစ်ဆေးပွဲတွင် လုယောင်ယောင်ကို ဖိနှိပ်ရန် ကြိုးစားခဲ့သည့် သူမ၏ သမီးဖြစ်သူအကြောင်း ပြောနေခြင်း ဖြစ်လောက်သည်။ သူမ၏သမီးက သိပ်မကြာခင်ကမှ ငွေထည် သောင်းပေါင်းများစွာကို ဆုံးရှုံးခဲ့ကြောင်းကို ပြန်တွေးချိန်တွင် ဒေါသထွက်လာပြန်သည်။
"မင်းရဲ့မြေးမတွေက တကယ်ကို ကုန်သည်ရဲ့ သမီးတွေ ဖြစ်ထိုက်ပါပေတယ်။ အမြဲတမ်း ကောက်ကျစ်စွာနဲ့ အခြားသူတွေရဲ့ ငွေကိုပဲ မျက်စိကျနေတယ်"
သူမက နှာခေါင်းရှုံ့သည်။
ချက်ချင်းလိုလို မယ်တော်ကြီး၏မျက်နှာက ပျက်သွားသည်။
"တော်လောက်ပြီ တော်ဝင်မင်းသမီး မင်းဒီနေ့ ဘာလာလုပ်တာလဲ။ စစ်နေနန်းဆောင်ကို ဘာလို့ လာတာလဲ"
တော်ဝင်မင်းသမီး၏ အေးစက်သောအကြည့်က မယ်တော်ကြီးထံ ရောက်လာသည်။
ငါကနန်းတော်ကို ဝင်တာကိုတောင် အတားမြစ် ခံထားရတာလား။ ငါကနင့်ထက် ပိုပြီးအဆင့်အတန်းမြင့်တယ်။
သူမ၏ စိတ်ထဲတွင်မူ မယ်တော်ကြီးဟာ သူမလောက်ပင် ဇစ်မြစ်မမှန်သည့်အတွက် အထင်သေးရှုံ့ချလေသည်။ တစ်ဖက်က အထက်တန်းလွှာ သွေးမျိုးဆက်ပင် မဟုတ်ချေ။
မအံ့သြတော့ပါဘူး။ ဒီလိုလူမျိုးက သခင်မကြီးလုနဲ့ အဆင်ပြေနေတယ်။
သို့ရာတွင် မယ်တော်ကြီးဟာ လက်ရှိတွင် ဧကရာဇ်၏ မိခင်အရင်းဖြစ်ပြီး လေးစားမှုပြသရန် လိုအပ်နေသည်။ သို့တိုင်အောင် သူမတွင် မည်သည့်လေးစားမှုမှ မရှိကြောင်းလည်း လူတိုင်းက မြင်နိုင်နေသည်။
"မယ်တော်ကြီး မယ်တော်ကြီးက ဘယ်အချိန်မှာများ တို့သမီးနဲ့ ဧကရာဇ်ရဲ့ မင်္ဂလာပွဲကို စီစဉ်ပေးမှာပါလဲ။ မယ်တော်ကြီးအနေနဲ့ အချိန်တွေအများကြီး ယူထားတယ်လို့ ကျွန်မထင်တယ်"
သခင်မကြီးလုက တော်ဝင်မင်းသမီး၏ စကားကို ကြားသောအခါ ကြောင်တောင်တောင် ဖြစ်သွားသည်။
ဒီမိန်းမက မယ်တော်ကြီးကိုတောင် လေးစားမှု မရှိဘူးပဲ။
သူ့ရဲ့လက်ရှိ အဆင့်အတန်းက မယ်တော်ကြီးထက်များ မြင့်နေလို့လား။
မယ်တော်ကြီးက သူမကို တည်ငြိမ်စွာဖြင့် ပြန်ဖြေသည်။
"အိုက်ကျားက ဧကရာဇ်ကို ပြောထားပြီးပြီ။ ကျန်တာအားလုံးကတော့ အရှင်မင်းကြီးနဲ့ပဲ ဆိုင်တော့တယ်"
မိခင်အနောက်တွင် ရပ်နေသော လျိုဟွားက နှုတ်ခမ်းကိုကိုက်ကာ မတရားခံရသလို ဖြစ်သွားသည်။ သူမက ဧကရာဇ်အား လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက နှစ်သက်ခဲ့ခြင်းဖြစ်သည်။ သို့သော် သူတို့၏ဘဝတွင် ယဲ့ကျန်းက ဝင်စွက်ဖက်ခဲ့သောကြောင့် သူမက မင်းသမီးဘဝနှင့်သာ ကျေနပ်ခဲ့ရသည်။
တော်ဝင်မင်းသမီးကလည်း မျက်မှောင်ကျုံ့ပြီး မယ်တော်ကြီးက ဧကရာဇ်ကို တွန်းအားပေးရန် ထပ်ပြောလိုသည်။ သူမက ထပ်တောင်းဆိုတော့မည့် အချိန်တွင် ယဲ့ကျန်းနှင့် ဒေါ်လေးချန်းက ပေါ်လာသည်။
ဒေါ်လေးချန်းက ယဲ့ကျန်းကို ပြန်ခေါ်လာကြောင်း မြင်သောအခါ မယ်တော်ကြီးကလည်း ညင်သာစွာပြုံးသည်။ သခင်မလေး၏ မျက်နှာရှိ ယောင်ကိုင်းကာ နီရဲနေသော အနေအထားကို မြင်ချိန်တွင် သူမ၏မျက်ဝန်းထဲ ဒေါသများက ထင်ဟပ်လာသည်။
သခင်မကြီးလုကလည်း ထိုလက်ဝါးရာကို မြင်သည်။ ထိုလက်ဝါးရာကို မိတ်ကပ်များဖြင့် ဖုံးထားဟန်ရသော်လည်း သိသာထင်ရှားနေသေးသည်။ သခင်မကြီးလုက အပြင်ဘက်တွင် ကြော့ရှင်းနေသည့်တိုင်အောင် နှလုံးသားထဲတွင် ဒေါသထွက်နေသည်။ လုယောင်ယောင်ကို မည်သူက ပါးရိုက်ခဲ့ကြောင်း မေးစရာမလိုချေ။ လုဝူရွှမ်းက အလျင်စလို ထွက်သွားကတည်းက ထိုမြေးမ လုပ်ခဲ့ခြင်း ဖြစ်လောက်သည်။
ယောင်ယောင်က ဝမ်ဖေးကို သဘောမကျအောင် ဘာတွေများ လုပ်လိုက်လို့လဲ။
သခင်မကြီးလုကလည်း လုယောင်ယောင်ဟာ ထိုသို့ လွန်ကဲလွန်းသူ မဟုတ်ကြောင်း ယုံကြည်သည်။ ဝမ်ဖေးက အကြောင်းပြချက်မရှိ လုယောင်ယောင်ကို ဒုက္ခရောက်အောင် လုပ်လိုက်ခြင်းဖြစ်လောက်သည်။ ထိုသို့ တွေးမိလေလေ သူမက ဝမ်းနည်းလာရသည်။
တော်ဝင်မင်းသမီးကလည်း ယဲ့ကျန်း၏ရုပ်ရည်ကို မြင်သောအခါ အင်္ကျီလက်ရှည်ဖြင့် နှုတ်ခမ်းပါးကိုအုပ်ကာ အော်ရယ်သည်။
"တတိယသခင်မလေး လုရဲ့မျက်နှာက ဘာများဖြစ်သွားတာလဲ။ တို့တွေအခုလေးတင် ချန်ထားခဲ့တုန်းက အကောင်းအတိုင်းပါ။ တို့နောက်လှည့်လိုက်တာနဲ့ အရိုက်ခံလိုက်ရတာတော့ မဟုတ်ပါဘူးနော်"
ယဲ့ကျန်းက တော်ဝင်မင်းသမီးကို နားမလည်သလိုကြည့်ပြီး မေးလာသည်။
"တော်ဝင်မင်းသမီး ဒီသခင်မလေးရဲ့ မျက်နှာက ဘာဖြစ်နေလို့ပါလဲ။ ဒီသခင်မလေးက မိတ်ကပ်ရည် သေချာဖို့ထားခဲ့တာပါ"
"တတိယသခင်မလေးလု မင်းရဲ့မျက်နှာက သိသာနေတုန်းပဲ။ ယောင်ကိုင်းနေတယ်"
ယဲ့ကျန်းက တအံ့တသြဖြင့် သူမ၏ပါးကို တို့ထိကြည့်သည်။
"ဒေါ်လေးချန်း ဒေါ်လေးချန်းဘာလို့ မပြောခဲ့တာလဲ။ ဒေါ်လေးချန်းပြောတော့ ဒီသခင်မလေးက ရုပ်ဆိုးမနေပါဘူးဆို"
ယဲ့ကျန်းကအော်သည်။ သူမ၏မျက်နှာကို လက်ထဲဖွက်ထားလျှက် သနားစဖွယ်ကောင်းနေတော့သည်။
သူမ၏ စိတ်ဓာတ်ကျသွားသော အမူအရာကို မြင်သောအခါ မယ်တော်ကြီးကရယ်ပြီး လက်ကမ်းသည်။
"လာပါအုံး အိုက်ကျားက ရုပ်ဆိုးမဆိုး ကြည့်ပါရစေ"
ယဲ့ကျန်းက ကြော့ရှင်းစွာဖြင့် ရှေ့တက်လာပြီးနောက် ပါးလေးကို ထုတ်ပြသည်။
"မယ်တော်ကြီး ကြည့်ပါအုံး"
"ကောင်းပြီ ဘယ်နေရာကများ ရုပ်ဆိုးနေလို့လဲ။ မင်းကိုရုပ်ဆိုးတယ်လို့ ဘယ်သူကများ အတင့်ရဲပြီး ပြောရဲသလဲ"
မယ်တော်ကြီးက ယဲ့ကျန်းအပေါ် ချစ်မြတ်နိုးမှုကို ဖုံးကွယ်ထားခြင်း မရှိချေ။
တော်ဝင်မင်းသမီးနှင့် လျိုဟွားတို့က ထိုမြင်ကွင်းကို မြင်သောအခါ မျက်နှာများက ပို၍ပင် ပျက်ယွင်းသွားကြသည်။ မယ်တော်ကြီးက မည်သည့်အတွက်ကြောင့် လုယောင်ယောင်ကို ထိုမျှကောင်းစွာ ဆက်ဆံနေကြောင်း သူတို့နားမလည်တော့ချေ။ သူတို့သိလည်း သိမထားခဲ့ချေ။
လုယောင်ယောင်က သိပ်မကြာခင်ကမှ လျိုဟွားကို မျက်နှာပျက်အောင် လုပ်ထားတာကို ဒီမယ်တော်ကြီးက မသိဘူးလား။ အခုအပြုအမူက ဘာလဲ။ အပြင်လူကို တော်ဝင်မင်းသမီးရဲ့ သမီးထက်တောင် ပိုပြီးမျက်နှာသာ ပေးနေတာလား။
ယဲ့ကျန်းက ကျေးဇူးတင်စိတ် အပြည့်ဖြင့်ပြုံးသည်။
"မင်းသားငယ်က ဆေးသောက်ရဲ့လား"
မယ်တော်ကြီးကမေးသည်။
"မယ်တော်ကြီး မင်းသားငယ်က ဒီသခင်မလေး တိုက်တဲ့ဆေးကို သောက်ပါတယ်"
ယဲ့ကျန်းကလည်း မော့ရုန်ကျန်းက မင်းသားငယ်ကို ကုသခိုင်းကြောင်း ပြန်သတိရသွားသည်။ မည်သို့ ကုသရမည် ဖြစ်ကြောင်းကိုလည်း သူမက သိထားသည်။ သို့သော် မယ်တော်ကြီးကို မည်သို့ ပြောပြရမည်မှန်း မသေချာသေးချေ။
ဒေါ်လေးချန်းက အနားကပ်လာပြီး မယ်တော်ကြီးကို ခပ်တိုးတိုးပြောသည်။
မယ်တော်ကြီးက ယဲ့ကျန်းကို အံ့အားတကြီးကြည့်ပြီး ညင်သာစွာ မေးလိုက်သည်။
"ဧကရာဇ်ကမင်းကို မင်းသားငယ်ကို ကုသခိုင်းတာလား"
.....
Telegram မှာ အပိုင်း ၄၆၄အထိ ရောက်ပါပြီနော်။
Zawgyi
အခန္း ၁၆၉
အဓိကခန္းမထဲတြင္ ေတာ္ဝင္မင္းသမီးႏွင့္ လ်ိဳဟြားတို႔က ထြက္မသြားၾကေသးေခ်။ သူတို႔က မယ္ေတာ္ႀကီးႏွင့္ စကားေျပာေနၿပီး သခင္မႀကီးလုကို လ်စ္လ်ဴရႈ႕ထားသည္။ မယ္ေတာ္ႀကီးကသာ ေတာ္ဝင္မင္းသမီး၏ စိတ္ရင္းကို သတိမထားမိဟန္ျဖင့္ သခင္မႀကီးလုကို ကိုယ္တိုင္ကိုယ္က် စတင္ကာ စကားမၾကာခဏ ေျပာေပးေနခဲ့သည္။ သို႔ရာတြင္ ေတာ္ဝင္မင္းသမီး၏ ႏွလုံးသားကမူ အခ်ိန္တိုင္းလိုလို ပို၍မေက်မနပ္ ျဖစ္လာရသည္။ ထို႔ေၾကာင့္ သူမက စတင္ၿပီး ေဒါသအျပည့္ႏွင့္ ေျပာလိုက္သည္။
"သခင္မႀကီးလုက တကယ္ကံေကာင္းတာပဲ။ ေျမးမေတြကို ပ်ိဳးေထာင္ဖို႔ လြယ္မဲ့ပုံမရွိဘူး။ ဝမ္ေဖးပဲျဖစ္ျဖစ္ လုေယာင္ေယာင္ပဲျဖစ္ျဖစ္ ႏွစ္ေယာက္လုံးက တကယ္ကို ကံၾကမၼာေကာင္းရေအာင္ ႀကိဳးစားႏိုင္ၾကတယ္။ သခင္မႀကီးလုက ေကာင္းေကာင္း ပ်ိဳးေထာင္ႏိုင္ခဲ့တဲ့ပုံပါပဲ"
ေတာ္ဝင္မင္းသမီးက ႏွာေခါင္းရႈံ႕သည္။ သူမ၏ မ်က္ႏွာဟာလည္း မည္းေမွာင္သထက္ မည္းေမွာင္လာျပန္သည္။
"တို႔ေတြရဲ႕ မိသားစုက သခင္မေလးေတြ အားလုံးက ဘယ္အခ်ိန္ကမ်ား အခ်စ္သည္းလ်ာကလန္က သမီးပ်ိဳေတြနဲ႔ ႏႈိင္းယွဥ္ႏိုင္မွာတဲ့လဲ။ ဒီတိုင္း ဒီအဘြားႀကီးရဲ႕ ေျမးမေတြက အျခားသူေတြထက္ နည္းနည္းပိုၿပီး ႀကိဳးစားၾကရတာပါ။ အထူးသျဖင့္ သူတို႔ရဲ႕ ပညာေရးမွာပဲ။ သူတို႔ရဲ႕ ႀကိဳးစားအားထုတ္မႈနဲ႔ ပါရမီက သူတို႔ကို ဖိႏွိပ္တဲ့ လူေတြဆီကေန ကာကြယ္ေပးႏိုင္ခဲ့တယ္"
ေပါက္ကရေတြ။
လ်ိဳဟြားက စိတ္ထဲတြင္ ေအာ္ဟစ္ေနသည္။
လုေယာင္ေယာင္က အမ်ိဳးသမီးအကယ္ဒမီကို ဝင္ခြင့္ရေအာင္ တစ္ခုခု လုပ္ခဲ့တာပဲျဖစ္မယ္။
မင္းသမီးလ်ိဳဟြားက လုေယာင္ေယာင္၏ မ်က္ႏွာကို ျဖတ္႐ိုက္ခ်င္သည္။ သူမအတြက္ေၾကာင့္ လ်ိဳဟြားအေနႏွင့္ အရွက္ခြဲခံခဲ့ရသည္။ ထိုအတြက္ေၾကာင့္သာ မကေလဘဲ သူမ၏ ဂုဏ္သိကၡာကိုလည္း ဆုံးရႈံးခဲ့ရသည္။
အျခားတစ္ဖက္တြင္ ေတာ္ဝင္မင္းသမီးက သူမ၏ႏွလုံးသားကို အထိုးခြဲခံေနရသလို ခံစားေနရသည္။ သခင္မႀကီးလုဟာ အကယ္ဒမီ စစ္ေဆးပြဲတြင္ လုေယာင္ေယာင္ကို ဖိႏွိပ္ရန္ ႀကိဳးစားခဲ့သည့္ သူမ၏ သမီးျဖစ္သူအေၾကာင္း ေျပာေနျခင္း ျဖစ္ေလာက္သည္။ သူမ၏သမီးက သိပ္မၾကာခင္ကမွ ေငြထည္ ေသာင္းေပါင္းမ်ားစြာကို ဆုံးရႈံးခဲ့ေၾကာင္းကို ျပန္ေတြးခ်ိန္တြင္ ေဒါသထြက္လာျပန္သည္။
"မင္းရဲ႕ေျမးမေတြက တကယ္ကို ကုန္သည္ရဲ႕ သမီးေတြ ျဖစ္ထိုက္ပါေပတယ္။ အၿမဲတမ္း ေကာက္က်စ္စြာနဲ႔ အျခားသူေတြရဲ႕ ေငြကိုပဲ မ်က္စိက်ေနတယ္"
သူမက ႏွာေခါင္းရႈံ႕သည္။
ခ်က္ခ်င္းလိုလို မယ္ေတာ္ႀကီး၏မ်က္ႏွာက ပ်က္သြားသည္။
"ေတာ္ေလာက္ၿပီ ေတာ္ဝင္မင္းသမီး မင္းဒီေန႔ ဘာလာလုပ္တာလဲ။ စစ္ေနနန္းေဆာင္ကို ဘာလို႔ လာတာလဲ"
ေတာ္ဝင္မင္းသမီး၏ ေအးစက္ေသာအၾကည့္က မယ္ေတာ္ႀကီးထံ ေရာက္လာသည္။
ငါကနန္းေတာ္ကို ဝင္တာကိုေတာင္ အတားျမစ္ ခံထားရတာလား။ ငါကနင့္ထက္ ပိုၿပီးအဆင့္အတန္းျမင့္တယ္။
သူမ၏ စိတ္ထဲတြင္မူ မယ္ေတာ္ႀကီးဟာ သူမေလာက္ပင္ ဇစ္ျမစ္မမွန္သည့္အတြက္ အထင္ေသးရႈံ႕ခ်ေလသည္။ တစ္ဖက္က အထက္တန္းလႊာ ေသြးမ်ိဳးဆက္ပင္ မဟုတ္ေခ်။
မအံ့ၾသေတာ့ပါဘူး။ ဒီလိုလူမ်ိဳးက သခင္မႀကီးလုနဲ႔ အဆင္ေျပေနတယ္။
သို႔ရာတြင္ မယ္ေတာ္ႀကီးဟာ လက္ရွိတြင္ ဧကရာဇ္၏ မိခင္အရင္းျဖစ္ၿပီး ေလးစားမႈျပသရန္ လိုအပ္ေနသည္။ သို႔တိုင္ေအာင္ သူမတြင္ မည္သည့္ေလးစားမႈမွ မရွိေၾကာင္းလည္း လူတိုင္းက ျမင္ႏိုင္ေနသည္။
"မယ္ေတာ္ႀကီး မယ္ေတာ္ႀကီးက ဘယ္အခ်ိန္မွာမ်ား တို႔သမီးနဲ႔ ဧကရာဇ္ရဲ႕ မဂၤလာပြဲကို စီစဥ္ေပးမွာပါလဲ။ မယ္ေတာ္ႀကီးအေနနဲ႔ အခ်ိန္ေတြအမ်ားႀကီး ယူထားတယ္လို႔ ကြၽန္မထင္တယ္"
သခင္မႀကီးလုက ေတာ္ဝင္မင္းသမီး၏ စကားကို ၾကားေသာအခါ ေၾကာင္ေတာင္ေတာင္ ျဖစ္သြားသည္။
ဒီမိန္းမက မယ္ေတာ္ႀကီးကိုေတာင္ ေလးစားမႈ မရွိဘူးပဲ။
သူ႔ရဲ႕လက္ရွိ အဆင့္အတန္းက မယ္ေတာ္ႀကီးထက္မ်ား ျမင့္ေနလို႔လား။
မယ္ေတာ္ႀကီးက သူမကို တည္ၿငိမ္စြာျဖင့္ ျပန္ေျဖသည္။
"အိုက္က်ားက ဧကရာဇ္ကို ေျပာထားၿပီးၿပီ။ က်န္တာအားလုံးကေတာ့ အရွင္မင္းႀကီးနဲ႔ပဲ ဆိုင္ေတာ့တယ္"
မိခင္အေနာက္တြင္ ရပ္ေနေသာ လ်ိဳဟြားက ႏႈတ္ခမ္းကိုကိုက္ကာ မတရားခံရသလို ျဖစ္သြားသည္။ သူမက ဧကရာဇ္အား လြန္ခဲ့ေသာ ႏွစ္ေပါင္းမ်ားစြာကတည္းက ႏွစ္သက္ခဲ့ျခင္းျဖစ္သည္။ သို႔ေသာ္ သူတို႔၏ဘဝတြင္ ယဲ့က်န္းက ဝင္စြက္ဖက္ခဲ့ေသာေၾကာင့္ သူမက မင္းသမီးဘဝႏွင့္သာ ေက်နပ္ခဲ့ရသည္။
ေတာ္ဝင္မင္းသမီးကလည္း မ်က္ေမွာင္က်ဳံ႕ၿပီး မယ္ေတာ္ႀကီးက ဧကရာဇ္ကို တြန္းအားေပးရန္ ထပ္ေျပာလိုသည္။ သူမက ထပ္ေတာင္းဆိုေတာ့မည့္ အခ်ိန္တြင္ ယဲ့က်န္းႏွင့္ ေဒၚေလးခ်န္းက ေပၚလာသည္။
ေဒၚေလးခ်န္းက ယဲ့က်န္းကို ျပန္ေခၚလာေၾကာင္း ျမင္ေသာအခါ မယ္ေတာ္ႀကီးကလည္း ညင္သာစြာၿပဳံးသည္။ သခင္မေလး၏ မ်က္ႏွာရွိ ေယာင္ကိုင္းကာ နီရဲေနေသာ အေနအထားကို ျမင္ခ်ိန္တြင္ သူမ၏မ်က္ဝန္းထဲ ေဒါသမ်ားက ထင္ဟပ္လာသည္။
သခင္မႀကီးလုကလည္း ထိုလက္ဝါးရာကို ျမင္သည္။ ထိုလက္ဝါးရာကို မိတ္ကပ္မ်ားျဖင့္ ဖုံးထားဟန္ရေသာ္လည္း သိသာထင္ရွားေနေသးသည္။ သခင္မႀကီးလုက အျပင္ဘက္တြင္ ေၾကာ့ရွင္းေနသည့္တိုင္ေအာင္ ႏွလုံးသားထဲတြင္ ေဒါသထြက္ေနသည္။ လုေယာင္ေယာင္ကို မည္သူက ပါး႐ိုက္ခဲ့ေၾကာင္း ေမးစရာမလိုေခ်။ လုဝူ႐ႊမ္းက အလ်င္စလို ထြက္သြားကတည္းက ထိုေျမးမ လုပ္ခဲ့ျခင္း ျဖစ္ေလာက္သည္။
ေယာင္ေယာင္က ဝမ္ေဖးကို သေဘာမက်ေအာင္ ဘာေတြမ်ား လုပ္လိုက္လို႔လဲ။
သခင္မႀကီးလုကလည္း လုေယာင္ေယာင္ဟာ ထိုသို႔ လြန္ကဲလြန္းသူ မဟုတ္ေၾကာင္း ယုံၾကည္သည္။ ဝမ္ေဖးက အေၾကာင္းျပခ်က္မရွိ လုေယာင္ေယာင္ကို ဒုကၡေရာက္ေအာင္ လုပ္လိုက္ျခင္းျဖစ္ေလာက္သည္။ ထိုသို႔ ေတြးမိေလေလ သူမက ဝမ္းနည္းလာရသည္။
ေတာ္ဝင္မင္းသမီးကလည္း ယဲ့က်န္း၏႐ုပ္ရည္ကို ျမင္ေသာအခါ အက်ႌလက္ရွည္ျဖင့္ ႏႈတ္ခမ္းပါးကိုအုပ္ကာ ေအာ္ရယ္သည္။
"တတိယသခင္မေလး လုရဲ႕မ်က္ႏွာက ဘာမ်ားျဖစ္သြားတာလဲ။ တို႔ေတြအခုေလးတင္ ခ်န္ထားခဲ့တုန္းက အေကာင္းအတိုင္းပါ။ တို႔ေနာက္လွည့္လိုက္တာနဲ႔ အ႐ိုက္ခံလိုက္ရတာေတာ့ မဟုတ္ပါဘူးေနာ္"
ယဲ့က်န္းက ေတာ္ဝင္မင္းသမီးကို နားမလည္သလိုၾကည့္ၿပီး ေမးလာသည္။
"ေတာ္ဝင္မင္းသမီး ဒီသခင္မေလးရဲ႕ မ်က္ႏွာက ဘာျဖစ္ေနလို႔ပါလဲ။ ဒီသခင္မေလးက မိတ္ကပ္ရည္ ေသခ်ာဖို႔ထားခဲ့တာပါ"
"တတိယသခင္မေလးလု မင္းရဲ႕မ်က္ႏွာက သိသာေနတုန္းပဲ။ ေယာင္ကိုင္းေနတယ္"
ယဲ့က်န္းက တအံ့တၾသျဖင့္ သူမ၏ပါးကို တို႔ထိၾကည့္သည္။
"ေဒၚေလးခ်န္း ေဒၚေလးခ်န္းဘာလို႔ မေျပာခဲ့တာလဲ။ ေဒၚေလးခ်န္းေျပာေတာ့ ဒီသခင္မေလးက ႐ုပ္ဆိုးမေနပါဘူးဆို"
ယဲ့က်န္းကေအာ္သည္။ သူမ၏မ်က္ႏွာကို လက္ထဲဖြက္ထားလွ်က္ သနားစဖြယ္ေကာင္းေနေတာ့သည္။
သူမ၏ စိတ္ဓာတ္က်သြားေသာ အမူအရာကို ျမင္ေသာအခါ မယ္ေတာ္ႀကီးကရယ္ၿပီး လက္ကမ္းသည္။
"လာပါအုံး အိုက္က်ားက ႐ုပ္ဆိုးမဆိုး ၾကည့္ပါရေစ"
ယဲ့က်န္းက ေၾကာ့ရွင္းစြာျဖင့္ ေရွ႕တက္လာၿပီးေနာက္ ပါးေလးကို ထုတ္ျပသည္။
"မယ္ေတာ္ႀကီး ၾကည့္ပါအုံး"
"ေကာင္းၿပီ ဘယ္ေနရာကမ်ား ႐ုပ္ဆိုးေနလို႔လဲ။ မင္းကို႐ုပ္ဆိုးတယ္လို႔ ဘယ္သူကမ်ား အတင့္ရဲၿပီး ေျပာရဲသလဲ"
မယ္ေတာ္ႀကီးက ယဲ့က်န္းအေပၚ ခ်စ္ျမတ္ႏိုးမႈကို ဖုံးကြယ္ထားျခင္း မရွိေခ်။
ေတာ္ဝင္မင္းသမီးႏွင့္ လ်ိဳဟြားတို႔က ထိုျမင္ကြင္းကို ျမင္ေသာအခါ မ်က္ႏွာမ်ားက ပို၍ပင္ ပ်က္ယြင္းသြားၾကသည္။ မယ္ေတာ္ႀကီးက မည္သည့္အတြက္ေၾကာင့္ လုေယာင္ေယာင္ကို ထိုမွ်ေကာင္းစြာ ဆက္ဆံေနေၾကာင္း သူတို႔နားမလည္ေတာ့ေခ်။ သူတို႔သိလည္း သိမထားခဲ့ေခ်။
လုေယာင္ေယာင္က သိပ္မၾကာခင္ကမွ လ်ိဳဟြားကို မ်က္ႏွာပ်က္ေအာင္ လုပ္ထားတာကို ဒီမယ္ေတာ္ႀကီးက မသိဘူးလား။ အခုအျပဳအမူက ဘာလဲ။ အျပင္လူကို ေတာ္ဝင္မင္းသမီးရဲ႕ သမီးထက္ေတာင္ ပိုၿပီးမ်က္ႏွာသာ ေပးေနတာလား။
ယဲ့က်န္းက ေက်းဇူးတင္စိတ္ အျပည့္ျဖင့္ၿပဳံးသည္။
"မင္းသားငယ္က ေဆးေသာက္ရဲ႕လား"
မယ္ေတာ္ႀကီးကေမးသည္။
"မယ္ေတာ္ႀကီး မင္းသားငယ္က ဒီသခင္မေလး တိုက္တဲ့ေဆးကို ေသာက္ပါတယ္"
ယဲ့က်န္းကလည္း ေမာ့႐ုန္က်န္းက မင္းသားငယ္ကို ကုသခိုင္းေၾကာင္း ျပန္သတိရသြားသည္။ မည္သို႔ ကုသရမည္ ျဖစ္ေၾကာင္းကိုလည္း သူမက သိထားသည္။ သို႔ေသာ္ မယ္ေတာ္ႀကီးကို မည္သို႔ ေျပာျပရမည္မွန္း မေသခ်ာေသးေခ်။
ေဒၚေလးခ်န္းက အနားကပ္လာၿပီး မယ္ေတာ္ႀကီးကို ခပ္တိုးတိုးေျပာသည္။
မယ္ေတာ္ႀကီးက ယဲ့က်န္းကို အံ့အားတႀကီးၾကည့္ၿပီး ညင္သာစြာ ေမးလိုက္သည္။
"ဧကရာဇ္ကမင္းကို မင္းသားငယ္ကို ကုသခိုင္းတာလား"
.....
Telegram မွာ အပိုင္း ၄၆၄အထိ ေရာက္ပါၿပီေနာ္။