Light on me

By Chochoyaminhlaing

47.3K 3.4K 75

ချစ်ခြင်းမေတ္တာတရားနဲ့ ပတ်သက်လာရင် မည်သူနဲ့မျှစစ်မဖြစ်လို🤍 More

Intro 1
Intro 2
1:1
2:2
3:3
4:4
5:5
6:6
7:7
8:8
9:9
10:10(❣)
11:11
12:12
13:13
14:14
15:15
16:16
17:17
18:18
Hi
20:20
21:21
💭
22:22
23:23
24:24
25:25
26:26
The end

19:19

1.3K 98 2
By Chochoyaminhlaing

စားပွဲပေါ်မေးတင်ရင်း...တစ်ပါးသူအား အကျင့်ပုတ်ရန် စာရွက်တစ်ရွက်ဖြင့် ချရေးနေရမည်ဟု အိပ်မက်ထဲဝယ်တောင် မမက်ဖူးခဲ့။

အသေးစိပ်စီစဥ်ထားသော သူ့ရဲ့သတ်မှတ်ချက်အားကြည့်ကာ ပြုံးလိုက်မိသည်။

မုန်းဖို့လိုအပ်ချက်ရှိနေလို့ မုန်းရန်အကြောင်းပြချက်တော့ အနည်းငယ်လေး လိုတယ်မဟုတ်လား။

သူဟာ ယုတ်မာတတ်သူတော့ ဘယ်ဟုတ်ပါ့မလဲ။

အချစ်အတွက်လည်းယုတ်မာတယ်လို့ သုံးလို့ဘယ်ရပါ့မလဲ။

အကွက်ကျကျစီစဥ်ထားပြီးပီမို့...တစ်ယောက်ယောက်ကိုဖုန်းဆက်ကာ ပြင်ဆင်ရတော့မည်။

''Hello''

တစ်ဖက်မှလူသည် သူ့အသံကြားသည်နှင့် ပြုံးပျော်ကာပင် သူ့အစီစဥ်အားလက်ခံခဲ့သည်။

ဒီလိုမျိုးသူ့ဘက်ကဘက်တော်သားလည်းရှိသေးသကိုး...။

အားရအောင်တစ်ချက်ပြုံးရင်း....ခါးသက်နေသော ကော်ဖီအား စိတ်ကျေနပ်စွာ သောက်သုံးမိပြန်ပါရောလား...။

''Jimin အဆင်ပြေရဲ့လား ကလေးလေး''

ဆေးရုံကဆင်းပီးထဲက အခန်းထောင့်ကပ်ကာ နားနှစ်ဖက်ပိတ်ထားသူသည် ကြောက်ရွံ့နေဆဲ။

ကလေးငယ်ဟာ ဘာကိုကြောက်ရွံ့မှန်း သေချာရေရာသိခဲ့ရပါသည်။

ကလေးငယ်ဟာ ကူးငယ်ရဲ့ အပြောကြမ်းကြမ်းအားမုန်းပါသတဲ့။

စကားလုံးကြမ်းများအောက်မေ့ရတဲ့အထိတောင် ပျော့ညံ့မိပါရဲ့။

ညတိုင်းနီးပါး အိပ်ဆေးများသောက်ကာ Jeonရဲ့အသံတွေကို လျစ်လျူရှုထားရသူ။

ကောင်းကောင်းတောင်အိပ်မပျော်ပါပဲ Jeonအပြုံးတွေက အိပ်မက်ထဲထိ လိုက်ပါနေတတ်သည်မို့ သန်းခေါင်ယံတိုင်း နိုးထလာကာ ငိုတတ်စမြဲ။

Jeonဟာ ကလေးငယ်ရဲ့ ကမ္ဘာကို အလွှမ်းမိုးကြီး လွှမ်းမိုးသွားခဲ့လေသည်။

Jeonအပြုံး...
Jeonအသံ...
Jeonဟန်ပန်တွေကို...
ကြောက်လန့်နေတာမဟုတ်ပဲ...
တိတ်တိတ်လေး စွဲလမ်းနေခဲ့တာ...

ကလေးငယ် ကိုယ်တိုင်တောင်မသိလိုက်ပါပဲ
ရင်ထဲအနက်ရှိုင်းဆုံးနေရာထိ Jeonဟာ စိုးမိုးသွားခဲ့တာ။

မမြင်ရရင်မနေနိုင်ခဲ့ပါပဲ အိပ်မက်ထဲထိ စွဲလမ်းနေခဲ့တာ...

အခန်းထောင့်က ကလေးငယ်သည် တစ်ခါတစ်ရံ ခပ်ရေးရေးလေး ပြုံးနေတတ်သည်။

သူသတိရနေတာ.....။

တစ်ခါတစ်ရံ မျက်ရည်စတွေနဲ့...

သူတမ်းတနေတာ....။

စွဲလမ်းလွန်သွားမှာဆိုးလို့ Jinဟာ Jeonကို တိတ်တဆိတ် မပတ်သက်ဖို့သွားပြောခဲ့ရသည်။

Jeonကို မလိုအပ်ရခြင်းအကြောင်းတရားသည် စွဲလမ်းလွန်သွားမှာဆိုးလို့ပါတဲ့...လေ။

တစ်ယောက်နဲ့တစ်ယောက်ချစ်တတ်ပုံခြင်းမတူကွဲပြားကြပေမယ့် Jinမေတ္တာတရားကတော့ ကမ္ဘာပေါ်မှာ အခမ်းနားဆုံးပါပဲ။

ငယ်ငယ်ကတည်းကစောင့်ရှောက်ခဲ့ရတဲ့ကလေးငယ်လေး စိတ်ဆင်းရဲ ရမှာ သူသိပ်ကြောက်ပါသည်။

နူးညံ့စွာဖြစ်တည်လာခဲ့ရတဲ့ လေပြေလေးက အခုတော့ ခက်ထန်စွာသော ပန်းကလေးနဲ့မှ လာတိုးရတယ်လို့။

လေပြေလေးဘယ်လောက်တိုက်ခတ်ခတ်...ပန်းကလေးက ယိမ်းယိုင်မသွားပါပဲ...မာကြောနေခဲ့လေခြင်း။

ဖြည်းညှင်းစွာပဲ တိုက်ခတ်လေ့ရှိတဲ့လေပြေလေးမို့...အကြမ်းတမ်းတိုက်ခတ်ရတဲ့အခါမှာ...လွင့်စင်သွားရသူက ပန်းကလေးဟုတ်မနေခဲ့။

လေပြေလေး...ကိုယ်တိုင်သာ....။

''အဆင်ပြေရဲ့လား ''

''ပြေပါတယ်''

Coffee dateဟု သတ်မှတ်ကာ Tae Hyung ချိန်းဆိုသော နေရာသို့ နေမကောင်းသည့်ကြားမှ သူထွက်လာခဲ့မိသည်။

Coffee နှစ်ခွက်ကတော့ အငွေ့ထောင်းထလျက် သူတို့နှစ်ယောက် ရဲ့ရှေ့မှာ။

''ဖိတ်ကြားစရာလေးရှိလို့''

''ဖုန်း ဆက်လိုက်လည်းရနေတာပဲ တကူးတကနဲ့ Taeရယ်''

''အရေးကြီးတဲ့သူမို့ပေါ့ Jiminရယ်''

''ဟုတ်ပါပီ''

စကားအစမှာတော့ အရာရာဟာ ပြေပြေလည်လည်ပါပဲ။

Jiminဟာ နေမကောင်းတဲ့ပုံစံမှာတောင် ရူးပစ်လောက်ရအောင်လှရက်လွန်းပါသည်။

မျက်ကွင်းကညိုနေခဲ့ပေမယ့် ပန်းရောင်သန်းနေဆဲဖြစ်သော နှုတ်ခမ်းနှင့် လိုက်ဖက်လှစွာ။

ရွှေရောင်ဟန်းချိန်းလေးတစ်ဖက်ကလည်း ကန်တင်းမှာ စတွေ့တဲ့နေ့ထဲကလို ညာဘက်လက်လေးမှာ နေရာယူထားသည်။

ဆံနွယ်ညိုညိုလေးးတွေကလည်း သပ်ရပ်မနေပဲ မရိုဖရဲနဲ့ဆိုပေမယ့် Jiminက လှနေဆဲ။

ကိုယ့်အချစ်ကိုလုယူမယ့်သူရဲ့အလှမှာ Taeဟာ ရေစုန်မျောရင်း Coffeeတစ်ခွက်ကို နှစ်ခြိုက်စွာသောက်မိသည်။

''ဖိတ်ချင်တဲ့ပွဲက Taeရဲ့ ပန်းချီပြခန်းလေး နာမည်ရလာလို့ Dinnerလေးလုပ်ချင်တာ သူငယ်ချင်း တွေကိုပဲ ရွေးဖိတ်ထားတာ Jiminနေကောင်းမှ လာပါ ဖိတ်ရမှာက Tae တာဝန်မို့ လာတာမလာတာက Jiminနဲ့ဆိုင်သွားပီ''

သူ့စကားကိုJiminကပြုံးသည်။

''လာမှာပါ ကိုယ်နေမကောင်းလည်း ဒီပွဲတော့ တက်သင့်ပါတယ် Taeရဲ့ ကြိုးစားမှုကို ဂုဏ်ပြုသင့်တာပေါ့''

''Jiminလေးကစိတ်ကောင်းလိုက်တာ''

စိတ်ထဲမပါပဲပြောလိုက်ရတာမို့ အောင့်သက်လှသည်။

Jiminကတော့ ပြုံးဆဲ။

''လာမယ့်Sundayနော် လိုတော့လိုသေးတယ် ကြိုပြောထားတာ ''

''ok ဗျာ''

''Coffee သောက်ပါဦး မင်းနဲ့ကိုယ်က ကြိုက်တာချင်းသိပ်တူတယ်''

''ဟုတ်မယ်နော် ကိုယ်လည်းပန်းချီတွေကို ကြိုက်တယ် စိတ်ဝင်စားလောက်တဲ့ထိမရူးသွပ်ပေမယ့် ဘယ်လိုပြောရမလဲ ကြိုက်တယ်''

အကြိုက်တွေသိပ်တူတာပေါ့Jiminရယ်။
မင်းလည်း Jeonကိုချစ်သလို ငါလည်း သိပ်ချစ်ခဲ့တာ။

အရင်တွေ့တဲ့သူ အရင်ချစ်တဲ့သူသာ ပိုင်ဆိုင်ကြေးဆို Jeonဟာ သူ့အပိုင်။

အခုလက်ရှိလည်း Jeonဟာ သူ့ကမ္ဘာကြီးပါပဲ။

''စကားမစပ်လေ Jeon ကိုချစ်လားဟင်''

''ဟင့်အင်း''

Jiminက တွေဝေခြင်းမရှိပဲ ငြင်းဆန်လိုက်သည်။

''ကိုယ်မချစ်ဘူး Taeကိုယ်ဘယ်လိုပြောရမလဲ ကြောက်တာ''

မူးမှPark Jiminရဲ့ ခံစားချက်က ပေါ်တာထင်ပါရဲ့။Coffeeသောက်ရင်းနဲ့တော့ ဝန်ခံမှာ မဟုတ်လောက်ဘူး။

''ကြောက်လောက်ပါတယ် Taeတောင် တစ်ခါတစ်ခါ လန့်တယ် အခုလည်း စော်အသစ်နဲ့ လိုက်ကဲနေသေးတယ်''

''သူ့အလုပ်က ဒါပဲရှိတာပဲလေ ဒါ့အပြင် သူက ဘာလုပ်တတ်လို့လဲ''

ကြားထဲကသွေးထိုးကာပြောလိုက်ခြင်းကိုPark Jiminက နည်းနည်းလေးပင်အရေးမစိုက်ခဲ့။

ကော်ဖီကိုသာ ခပ်မြန်မြန်သောက်ပီး အရေးကြီးကိစ္စရှိသည်ဟုဆိုကာ ထပြန်သွားတော့သည်။

လူမှုရေးမှာဆရာကျမယ်ထင်ထားပေမယ့် Park Jiminက အင်မတန်မှ လူမှူရေးခေါင်းပါးတဲ့သူပင်။

သူကတော့အစီစဥ်တွေချကာ တစ်ယောက်ထဲ လေးထောင့်ဆန်ဆန်အပြုံးတစ်ခုဖြင့်ကျန်ရစ်ခဲ့လေသည်​။

.........................

စိတ်ကုန်နေပီတဲ့....ဆေးလိပ်တိုကို ဖွာရှိုက်နေရင်းမှ ထိုစကားသည် စိတ်အာရုံထဲပျံ့နှံ့။

မထင်ထားခဲ့ပါဘူး။

သူ့ရဲ့အကြောက်လွန်ရောဂါဟာ ကိုယ့်ကြောင့်တဲ့။

စတွေ့ထဲက ချစ်မိခဲ့ခြင်းတွေမှာ ဘယ်လိုအကြောင်းတရားမျိုးမှ ပါဝင်ခဲ့ခြင်းမရှိပါဘူး ကိုကိုရယ်။

အရမ်းလှလွန်းလို့ လိုချင်တပ်မက်ခဲ့ခြင်းတော့ အနည်းနဲ့အများရှိသွားတာ။

မပိုင်ဆိုင်ရလည်းဖြစ်တယ်လို့ ရူးဆန်ဆန်အတွေးသမားတွေထဲ Jung Kook မပါဝင်ဘူးဆိုတာတော့သိသင့်သည်။

သိပ်ချစ်မိတာအမှားလား။

ဟုတ်ကဲ့ ဒါဆို ကျွန်တော် ဆက်မှားဦးမှာ။

ကိုကို့မှာ ဘာရောဂါပဲ ရှိနေပါစေ ကျွန်တော့်ရဲ့ချစ်ခြင်းရောဂါကိုတော့ တုပလို့မရပါဘူး။

ရှေ့ဆက်ချစ်မှာ။

လူကိုသာကြောက်ချင်ကြောက်ပါ။

ကျွန်တော့်ရဲ့မေတ္တာတရားကိုတော့ မကြောက်လန့်သင့်ကြောင်း ရှင်းပြချင်ပါရဲ့။

''Hello Tae ပြောလေ ဘာကိစ္စ''

''...''

''လာမယ့် တနဂ်နွေ ကိုယ်မအားဘူး''

''...''

''ဘာ....ဘယ်လို Jiminက လာမယ် ဟုတ်လား သူနေမှမကောင်းပဲ မဖိတ်ပါနဲ့လား Taeရယ် သူအဆင်ပြေမှာ မဟုတ်ဘူး''

''...''

''ဟုတ်လား...အင်း အတာဆို ကိုယ်လည်းလာမယ်လေ Jiminကတော့ ခဏပဲနော်Tae ''

''...''

''ok okဒါဆို Bye Bye''

Taeရဲ့ Party တဲ့။

သိပ်မအားပေမယ့် ကိုယ့်အချစ်လေး လာမယ်ဆိုတော့ ပြေးကြိုလို့ ချော့ရုံပဲပေါ့။

အခွင့်အရေးကတစ်ခါမှရမှာလေ။

သူ့အကိုက ချော့ဖို့တောင် အိမ်အရိပ်ပေးနင်းတဲ့သူမဟုတ်ပေ။

_________________________________

Tae's Party Night🥂

သူငယ်ချင်းအနည်းငယ်သာ လာကြသော Party တွင် Party ပြုလုပ်သူ Taeသည် ကြွရွစွာ။

အစိမ်းရင့်ရောင် boyfriend Shirt ကို အနက်ရောင် Coatနှင့်တွဲဝတ်ထားသူ။

ဆံနွယ်တွေကိုငွေမှင်ရောင်ပြောင်းကာ တိုလီမိုလီ တွဲလိတွဲလောင်းတွေက လည်း ငွေရောင်ခြယ်ကာဖြင့်။

ငှက်မွှေးတောင်နားဆွဲရှည်ဖြင့် နတ်သားတမျှကျော့ရှင်းသူဟာ Kim Tae Hyungပင်။

ပွဲမစခင်ထဲက စားပွဲတစ်ခုကိုနေရာယူထားသူဟာ သူ့ရဲ့မျှော်လင့်ချက်လေးကိုမတွေ့ရသေး၍ ခုံမှမထသေးပေ။

သေချာပေါက် Black Kingကတော့ အနက်ရောင်ခြေဆုံးခေါင်းဆုံးဖြင့်ဆွေး​မြေ့စွာ။

ပွဲရဲ့အဓိက လူတစ်ယောက်လည်း Party အလယ်တစ်နေရာတွင် ကျက်စားနေသည်။

အနီရင့်ရောင်ဂါဝန်ရှည်ကြီးနှင့်ယောက်ျားလေးအများစုတက်ရောက်ကြသောနေရာမှာ သူမသာ ထင်ထင်ရှားရှား။

အမှောင်ရိပ်တွင်ထိုင်နေသောJung Kookအား မသိမသာရော သိသိသာသာ ပါ အကဲခတ်နေတတ်သည်။

''Hi Tae''

သို့သော် ချိုမြသော အသံပိုင်ရှင်လေးကြောင့် သူမ ဦးတည်ချက်တို့ပြောင်းသွားတော့သည်။

Taeက ဂရုတစိုက် လက်ဆွဲနှုတ်ဆက်နေပီး သူမအားတစ်ချက်ကြည့်ကာ မျက်စပစ်ပြလေသည်။

ဒါ သူမရဲ့ သားကောင်ပါပေါ့။

သားကောင်လေးသည် မထိရက်နိုင်စရာ အလှတရားတွေနှင့်။

ဘာရောင်မှဆေးဆိုးထားခြင်းမရှိလေသော နှုတ်ခမ်းဖူးလေသည် ရီဝေလေနေပြီဖြစ်သော သူမအားဆွဲဆောင်လျက်။

သူမသည် စားပွဲဝိုင်းမှ ထကာ အနီရောင်ဝိုင်တစ်ခွက်ကို သားကောင်အားလက်ဆင့်ကမ်းရင်း

''Hello Jimin တို့က Bellaပါ အင်း...Taeရဲ့ မိတ်ဆွေ''

''အာ....ကိုယ်က Park Jiminပါ''

''မိတ်ဖြစ်ဆွေဖြစ်တစ်ခွက်လောက်သောက်ပါလား''

''မဖြစ်ဘူးဗျ အိမ်အပြန်ကားမောင်းရမှာမို့ ဒီနေ့တော့ မသောက်တော့ဘူးHoseokလည်းမပါတာမို့လေ''

''Jiminကလည်း ပွဲရောက်မှတော့ တစ်ခွက်လေးသောက်တာ မမူးလောက်ပါဘူး ''

''ဟုတ်ပါပီ တစ်ခွက်ပဲနော်''

Jiminဟာ သူမ ကမ်းပေးလိုက်သော ဝိုင်အား အဆက်မပြတ်မော့ချလိုက်လေသည်။

ထို့နောက်Taeနှင့်သူမ တပြိုင်ထဲ ပြုံးမိလိုက်သည်။

''ဒီမှာထိုင်လေ...ကိုယ်တစ်ယောက်ထဲ ''

''အင်းအင်း''

''အာ့ဆို ဟိုနားဒီနား လိုက်နှုတ်ဆက်ဦးမယ်Jiminနေနှင့်ဦး''

''ok''

Jiminတစ်ယောက်Bellaနဲ့ ကျန်ခဲ့ပီး စကားလက်ဆုံကျနေတော့သည်။

Taeရဲ့ပထမစက်ကွင်းသည် အောင်မြင်သလောက်ရှိနေပြီမို့ နောက်ထပ်သားကောင်Jeon ဆီသို့။
Jeonဟာ အတော်မူးနေပြီဖြစ်ကာ Jiminလာတာကိုပင်သတိမထားမိခဲ့။

''Jeonမင်းJiminရောက်နေပြီ''

မျက်လုံးစင်းနေသည့်ကြားထဲမှ အသံကြားရာသို့သူကြည့်မိသည်။

ဒီနေ့သောက်ရသေးတာ နည်းနည်းလေးပင်ရှိသေးသည်။မျက်လုံးများက ထိန်းမရအောင်ပင် မှေးစင်းနေတော့သည်။

''ဘယ်မှာလဲ...ငါ....ငါ သွားချော့ရမယ်''

''နေစမ်းပါ Jiminက သူ့ကောင်မလေး နဲ့''

''ဘာ....ဘယ်တုန်းက ကောင်မလေးရသွားတာလဲ သူ...သူ နေမကောင်းဘူးလေ''

''မယုံလည်းဟို့ကိုကြည့်....တစ်ယောက်ထဲ
ကွဲမနေနဲ့ ပတ်ဝန်းကျင်လည်း လေ့လာမှပေါ့''

14.9.2023





Continue Reading

You'll Also Like

294K 7.2K 53
what will happen to ayasha (🐶) after their marriage contract with mikael (🦊) ended? Knowing that she's pregnant with the billionaire? This story a...
788K 47.4K 119
Y/N L/N is an enigma. An outgoing, cheerful, smiley teenage boy. Happy, sociable, excitable. A hidden gem in the rough of Japan's younger soccer pl...
364K 31.9K 90
Sequel to my MHA fanfiction: •.°NORMAL°.• (So go read that one first)
124K 7.4K 91
"Great news! Wei WuXian has died!" "Wait- WHAT?!" "But I'm still here." The juniors (Lan Sizhui, Lan Jingyi, Jin Ling, and Ouyang Zizhen) accidentall...